တွယ်နှောင်ရစ်ငင်
အပိုင်း(၁၄)
#တွယ်နှောင်ရစ်ငင်
11010516
"မိလုံးရေ....ငါ ရုံးကို သွားဦးမယ်...နင် တံခါးပိတ်ပြီး အပြင်က စောင့်နေနော်.."
"အမ်း..."
အလုံး စက္ကူတွေကို ဘုံးတွေထဲ စီထည့်ပေးရသည့် အလုပ်တွေကို လုပ်ပေးရသည်။
မနက်စာ ထမင်းလည်း ကျွေးသလို မုန့်ဖိုးငါးရာလည်း ရတာကြောင့်အဆင်ပြေသည်။
ပထမ ရက်ပိုင်းတုန်းက အလုံး အလုပ်လာရင် သားကို ထားခဲ့ပါသေးသည်။
သား က တစ်နေ့ကုန် ငိုပြီး မေကြီးကလည်း စိတ်မရှည်တော့ သားကို စိတ်မချဖြစ်သည်။
နောက်ပိုင်းရက်တွေမှာ တော့ သားကို ငြိမ်ငြိမ်နေဖို့မှာပြီး ခေါ်ခဲ့မိသည်။
"မေ့...အင့်..."
"သားက လိမ်မာလိုက်တာ....အူးမွား.."
"ဟီး.."
သား က ရယ်ပြီး စက္ကူတွေကို ဘုံးထဲ လာထည့်ပေးတော့ အလုံး ကို ကူညီပေးတဲ့ သားကြောင့် ပျော်ပါသည်။
အိမ်အကြီးကြီးကို မနေဖူးသည့် သားက ဦးစိုးမြင့်အိမ်ကို ရောက်တာနဲ့ လှေကားကို အတက်အဆင်း လုပ်ကာ ဆော့သည်။
အိမ်ရှေ့က ဒန်းပေါ်မှာလည်း အကြာကြီး ဆော့တက်သည်။
အလုံးကလည်း မျက်စိရှေ့မှာ သားရှိနေတော့ အလုပ်လုပ်ရတာ စိတ်ဖြောင့်သလို သားကလည်း ဆော့ချင်သလို ဆော့ရတာ မို့ အဆင်ပြေနေသည်။
"ဟာ...ဒီလုပ်အားပေးလေး က သေးသေးလေးပါလားဟ..."
"ဟင်.."
အလုံး ကျောပေးပြီး စက္ကူတွေ ထည့်နေတာမို့ ဦးစိုးမြင့် အသံကြားပြီး တုန်သွားသည်။
သားကလည်း စက္ကူ ကိုင်ထားရင်း မျက်လုံးပြူးကာ မော့ကြည့်နေသည်။
အလုံး ကပျာကယာ မတ်တတ်ရပ်လိုက်ကာ ဘာပြောရမှန်း မသိလို့ စိတ်ပူလာသည်။
သူ့ခြံထဲ ကလေး ခေါ်လာတာ မကြိုက်ရင်တော့ ဒုက္ခပါပဲ..။
"အစ်ကို့ကို စားပွဲပေါ်က အိတ်ယူခဲ့ပေးပါလား..."
"ဟင်..ဟုတ်.."
အလုံး သားကို တစ်ချက်ကြည့်ပြီး ထားခဲ့လိုက်ကာ အိမ်ထဲကို ဝင်သွားလိုက်သည်။
စားပွဲပေါ်က အိတ်ကို ကပျာကယာ ယူပြီး ထွက်လာတော့ သား ရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး လက်ကို ကိုင်ရင်း စကားပြောနေသည်။
"ဒီ..ဒီမှာ...ကိုကြီး..."
"သား က ဘယ်သူနဲ့လာတာလဲ...နုကြည်နဲ့လား.."
အလုံး လက်ထဲက အိတ်ကို လှမ်းယူပြီး မေးနေတော့သားက အလုံးကို မော့ကြည့်သည်။
ဦးစိုးမြင့်က ထရပ်လိုက်ပြီး သား ဆံပင်တွေကို ပွတ်ကာ ....
"ဒီကလေးက.."
"အလုံးရဲ့ သားလေးပါ..."
"သြော်..."
သားက မော့ကြည့်တော့ ပါးလေးကို ကိုင်ကာ နှာခေါင်းရှုံ့ပြသည်။
သားက ရယ်ပြလိုက်တော့ သူ့ဘောင်းဘီ အိတ်ထဲက သကြားလုံး ထုတ်ပေးသည်။
"ပေး....ဦးဦး ဖောက်ပေးမယ်နော်..."
သား က အလုံးကို တစ်ချက်ကြည့်ပြီး သကြားလုံးကို လှမ်းပေးတော့ ဦးစိုးမြင့်က ရယ်ပြီး သကြားလုံးဖောက်ကာ ခွံ့ပေးသည်။
"ကောင်းလား.."
သား က သကြားလုံး ငုံ့ထားရင်း ခေါင်းကို ညိတ်ပြတော့ ဦးစိုးမြင့် က ခေါင်းကိုပုတ်ပြီး အလုံး ကို တစ်ချက် ကြည့်လို့ ရယ်ပြလိုက်ရသည်။
"ကလေးပေမဲ့လည်း လူကြီးကို ကူရကောင်းမှန်းသိတာပဲ...လိမ်မာတဲ့ ကလေးပဲ...စောနကထဲက သဘောကျလို့ ကြည့်နေတာ...မိလုံး ရဲ့ သားလေးမှန်း မသိဘူး..."
'ဟုတ်.."
"ကလေးမ က ကလေး မွေးထားတော့ ညည်း အိမ်ထောင်ကျတာ စောတယ်ဖြစ်မယ်..."
"ဟီး..ဟုတ်..."
အလုံး ဇက်ပုလိုက်ပြိး လုပ်လက်စ အလုပ် ကိုပဲ ပြန်လုပ်နေမိသည်။
"ကလေး အဖေက ဘာလုပ်လဲ...အလုပ်ပေးမယ်လေ..."
"ဟင်.."
အလုံး လက်ထဲက စက္ကူတွေကို စီနေရင်း မျက်လုံးပြူးဖြင့် မော့ကြည့်မိသည်။
'ဟို..ဟို....သားအဖေ က မရှိပါဘူး.."
သူစိမ်း တစ်ယောက်ကို ပထမဆုံး နှုတ်က ဖွင့်ပြောရတာမို့ အလုံးရဲ့ ရင်ဘတ်ကော နှုတ်ခမ်းကော တုန်ယင်နေသည်။
ပတ်ဝန်းကျင်က သူ့ဟာသူ ရိပ်မိပြီး မမေးကြပေမဲ့ ခုတော့ မေ့နေတဲ့ အမှန်တရားကို သတိရပြီး အနားမှာ ရပ်နေတဲ့ သားလေးကို သနားမိသည်။
"သြော် ဆောရီး..."
သားလေးက ဘာမှ နားမလည်သေးလို့ အနားမှာ သကြားလုံးစားရင်း မတ်တက်ရပ်နေပေမဲ့ အလုံး ခေါင်းမဖော်မိတော့ပါ..။
ဦးစိုးမြင့် ထွက်သွားတော့မှ မျက်ရည်ဝဲလာသည်။
သား မှာ အဖေ မရှိဘူးလို့ ပြောရတာ စိတ်မကောင်းဖြစ်သလို ဝမ်းနည်းသည်။
"သား....ပြန်ကြမယ်နော်..."
"အွင်း..."
အလုံး စက္ကူဘုံးကို မလိုက်တော့ သားကလည်း အလုံးနောက်ကနေ လိုက်လာသည်။
ဆေးလိပ်ထက်စာရင် ပိုက်ဆံလည်းရပြီး ထမင်းလည်းကျွေးလို့ နုကြည်နဲ့အတူတူ ကူလုပ်နေတာပါ။
"မိလုံး ကြည့်ရတာ ဒီနေ့ မလန်းပါလားဟေ့...ဘာဖြစ်လို့တုန်း.."
"ဟင့်အင်း..."
အလုံး သားလက်ကို တွဲပြိး လမ်းလျှောက်ရင်း သက်ပြင်းခိုးချမိသည်။
သားကတော့ ဦးစိုးမြင့်ပေးလိုက်တဲ့ဝေဖာမုန့်တွေကို စားရင်း ပျော်နေသည်။
.
"အဲလူကြီး အဲလို ကြီးကျယ်လို့ မိန်းမမရတာ သိလား.."
"ဟီး.."
"အလုပ်လုပ်တာကိုပဲ အဝတ်အစား အစုတ်တွေ မဝတ်ရဘူး သနပ်ခါးလူးရဦးမယ်တဲ့လေ...ဟွန့်..."
အလုံး ကတော့ အကျီ င်္ဝတ်စုံ သုံးစုံတောင် ရလို့ ပျော်ပါသည်။
နုကြည်ကတော့ ပွစိပွစိ ပြောရင်း အလုပ်လုပ်နေသည်။
သားက ပန်းပင်လေးတွေနားမှာ ရှိသည် ဒန်းဆီကို ပြေးသွားသည်။
"သား...ဘယ်မှ လျှောက်မသွားနဲ့နော်...''
"အွင်း.."11010632KEYNEW
သားက ဒန်းပေါ် ကို ကုန်းတက်ပြီး ကိုင်ထားတော့ အလုံးလွဲပေးလိုက်တာကို ရယ်ပြီး ပျော်နေသည်။
နေ့ခင်း ထမင်း စားချိန် ကျတော့ ရုံးမှာ ထမင်းသွားယူရသည်။
ဟင်းက စားကောင်းသလို ထမင်းကလည်း ကောင်းတော့ အိမ်မှာဆို အစားမမက်တဲ့ သားလေးတောင် တစ်ပန်းကုန်အောင် စားသည်..။
"နက်ဖြန် လာဦးနော်....အလုပ်တွေ များကာမှ မလာလို့ကတော့ အိမ်လာခေါ်မှာပဲ...နင်တို့ဟာ ငါက အလွန်ဆုံးနေ သုံးလပေါ့ လူပျိုကြီးကို ကူညီသင့်ပါတယ်ဟာ..."
"ဟီး..ဟုတ်...လာခဲ့ပါမယ်...."
အလုံး ပိုက်ဆံငါးရာ ကိုင်ပြီး စောင့်နေချိန် သားကို မုန့်ထုတ်တွေ ပေးနေသည်။
သား က မုန့်ကို တွေ့တော့ အလုံးတို့ကို ပိုက်ဆံပေးပြီးတာနဲ့ ဦးစိုးမြင့်ရှေ့ကို အလိုလို တိုးသွားသည်။
မေကြီးပြောတဲ့ ကြီးမှ ဆုံးမရခက်မယ်လို့ ပြောခဲ့တာကို သတိရသည်။
အလုံးမှာ အလုပ်မရှိလို့ လုပ်နေရပေမဲ့လည်း သားကို သနားသလိုလို နဲ့ မုန့်ကျွေးတာကိုတော့ မကြိုက်ပါ..။
နောက်ဆို မုန့်မတောင်းဖို့လည်းဆုံး မထားရဦး မည်.။
.
"မောင်...ဦးဦး...မုန့်ကျွေးရင် စားဘူးလို့ ပြောနော်..."
"ဟဲ့..ဘာတွေ လျှောက်ပြောနေတာလည်း ကြားရင် စိတ်မကောင်းဖြစ်ဦးမယ်.."
"အားနာလို့ပါ .."
"ဘာမှ အားမနာနဲ့ ကလေး စားတဲ့ မုန့်တစ်ခု က ဘာဖြစ်သွားမှာ မို့လို့လည်း သူက ကလေး ကို ချစ်လို့ကျွေးတာပါဟ.."
"........."
အလုံး ဘာမှ မပြောတော့ ပဲ သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဦးဦး.."
"အေး..သား.."
ခြံတံခါးကို ရောက်တာနဲ့ ပြေးသွားပြီး လက်ကို ကိုင်ကာ ဝင်လာတော့ အလုံး စိတ်တိုမိသည်။
သားကနေ့တိုင်း မုန့်စားရသလို သူ့ကို အလိုလိုက်ပြီး အရုပ်တွေ အကျီ င်္တွေ ဝယ်ပေးတာ သိတော့ ဖားတက်နေပြီ..။
သား လုပ်ပုံက နုကြည် ရှေ့မှာမို့ ရှက်လည်း ရှက်သွားသည်။
သားကို ရိုက်ချင်လိုက်တာ..။
မရိုက်ရက်တာက ခက်လှသည်။
"ဦးစိုးမြင့်က အလုပ်ပြန်တာတောင် ချောသန့်နေတာပဲနော်..သူ့လို လူကြီး က ဘာလို့များ မိန်းမ မရှိတာလည်း ငါ စဉ်းစားလို့ကို မရဘူး..."
နုကြည်က သူပြောချင်ရာ ပြောနေပေမဲ့ အလုံးကတော့ အိမ်ရောက်ရင် သားကို ပြောရမဲ့စကားတွေ စဉ်းစားနေမိသည်။
"နင်တို့နေဦး...ငါ့သားလေးကို ပေးစရာရှိတယ်.."
"ဟင်..."
သူ့အခန်းထဲ ခေါ်သွားတော့ အလုံးနဲ့ နုကြည် အိမ်ဝမှာ ရပ်စောင့်နေရင်း ဘာပေးမလဲဆိုတာတွေးကြည့်နေမိသည်။
ခဏကြာတော့ သားက သေနတ်ကြီးနဲ့ အိတ်တစ်လုံး ပိုက်ပြီး ပြေးထွက်လာသည်။
"မေ့...အင့်...အင့်..."
အလုံး လက်ထဲအိတ်ကို အတင်းထိုးထည့်ပေးနေတော့ အနားမှာ ရပ်နေတဲ့ နုကြည်ကို အားနာသလို မျက်နှာလည်း ပူပါသည်။
"အစ်ကို ကလည်း သမီးကျ မပေးဘူး.."
"ဟဲ့...ကလေး အကျီ င်္ တွေ နင်ဝတ်ချင်ရင် ယူသာ ဝတ်..."
"အမြဲတမ်း အဲ့ကလေးကိုပဲ ဝယ်ပေးနေတယ်..."
"နင်က ကလေးလို ချစ်ဖို့ကောင်းအောင်နေလေ..."
"ဟွန့်.."
နုကြည်က မျက်စောင်းထိုးပြီး ထွက်သွားတော့ အလုံး အားနာပြီး ကြည့်လိုက်ချိန် အလုံးကို ပြုံးပြတော့ ရယ်ပြလိုက်ရသည်။
သားကတော့သူ့အရပ်လောက် ရှိတဲ့ သေနတ်ကို ပိုက်ပြီး ဦးစိုးမြင့် ပါးကို နမ်းပေးနေသေးသည်။
"သားသား ကြိုက်လား.."
"အွင်း.."
"ဟုတ်ကဲ့ လို့ပြောလေ..သားရဲ့..."
"ဟုတ်ကဲ့....ဦးဦး.."
ဦးစိုးမြင့် လည်ပင်းကို ဖက်ပြီး တစ်ခါ ထပ်နမ်းကာ တာ့တာ ပြနေတော့ အလုံး စိတ်ထဲ တမျိုးဖြစ်သွားသည်။
အလုံး လက်ကိုဆွဲပြီး ထွက်လာခဲ့ပေမဲ့ လှည့်ကြည့် လှည့်ကြည့်ဖြင့် လက်ပြနေသေးသည်။
နုကြည်ကတော့ သားချည်းပဲ တစ်ခုပြီး တစ်ခု ရနေတာကို မကျေနပ်လို့ ထင်ပါရဲ့...။
အလုံးတို့ကို မစောင့်တော့ပဲ ရှေ့ကနေ သွားနေတော့သည်။
.
"ကိုယ် မိန်းကလေးပါ🎼 ကံတွေဆိုးဆိုး မင်း မျက်လုံးက ရိုးရိုး....မင်းရင်ခုန်သံတိုးတိုး🎼..ဘယ်လိုလုပ် ကိုယ်ရှေ့ဆက်ရမလဲ...ဆိုးဆိုး တစ်ဖက်သတ် ချစ်တာမျိုးမို့ ကိုယ်ငိုချင်နေပြီ🎼....ဂရုမစိုက်တော့ ကိုယ့်ရဲ့ အကြောင်းတွေ မင်းနားမလည်.....မင်းလှည့်မကြည့်..."
"ငြိမ်းချမ်း တစ်ချက်တော့ ကြည့်လိုက်စမ်းပါကွာ...တို့တောင် အားနာလာပြီ..ဟီး..."
ငြိမ်းချမ်း ဘေးက လင်းလင်းက တံတောင်နဲ့ တွတ်နေတော့ ဘာမှ မပြောပဲ မြေကြီးကိုပဲ ကြည့်နေမိသည်။
သူငယ်ချင်းတွေနဲ့ အတူတူ ခရီးထွက်လာရင်း မီးပုံပွဲ လုပ်ကာ သီချင်းဆိုကြသည်။
ငြိမ်းချမ်းကို သဘောကျကြောင်း ဖွင့်ပြောထားတဲ့ ရွှေနဒီဦး လည်း ပါလာတော့ နေရခက်ပါသည်။
သူငယ်ချင်းတွေ အကုန်လုံး သိနေတော့ ရွှေနဒီဦး သီချင်းဆိုပေမဲ့ ငြိမ်းချမ်းကိုပဲ ကြည့်ကာ ပြုံးစေ့စေ့ လုပ်နေကြသည်။
သူကလည်း သီချင်းဆိုတာ မျက်နှာချင်းဆိုင်မှာ လာပြီး သေချာ ကြည့်ဆိုနေတော့ ပိုရန်စ ကြသည်။
ရွှေနဒီဦး ဆိုတာ ချမ်းသာသလို ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်ပါပဲ..။
ငြိမ်းချမ်း အေးစက်စက်လုပ်နေတာကို ဘေးက သူငယ်ချင်းတွေအကုန်လုံး အားမလို အားမရ ဖြစ်ကြသည်။
ကျောင်းက ပွဲတစ်ခုမှာလည်း အရပ်ညီလို့ နှစ်ယောက်တွဲပြီး ဧည့်ကြို လုပ်ပေးခဲ့ရဖူးသည်။
အဲဒီ့ကတည်းက ငြိမ်းချမ်း နဲ့ ရွှေနဒီဦး ကို တွဲစေချင်တဲ့ သူတွေ များလာသည်။
ယောက်ျားတစ်ယောက် အနေနဲ့ကြည့်ရင်တော့ လက်မလွှတ်သင့်တဲ့ နတ်မိမယ်လေးပေါ့လေ..။
ဒါပေမဲ့...။
ရှေ့က မီးပုံကို ငေးဆိုက်ကြည့်နေရင်း ရွှေနဒီဦးရဲ့ မိန်းကလေးပါ ဆိုတဲ့ သီချင်းသံကိုလည်း မကြားရတော့ပါ..။
"ချမ်းချမ်း...နင်ရှာနေတာ ကြာလှပြီ...တွေ့လို့လား...ပြီးတော့ အဲလို အခြေအနေနဲ့ ဆင်းရဲတဲ့ မိန်းကလေးတွေက စောစောစီးစီး အိမ်ထောင်ပြုသွားမှာပဲ...ကျောင်းပိတ်တာနဲ့ အဲ့ဒီရွာကို ဆယ်ရက် ဆယ့်ငါးရက်သွားနေတာ မကြီးက လုံးဝ မကြိုက်ဘူး...မလေးလည်း စိတ်မချဘူး...ဒီတစ်ခေါက် မသွားရတော့ဘူး.."
"........."
"ဒီတစ်ခေါက်တော့ Trip လိုက်သွား..ကျောင်းသား ဘ၀ ကုန်သွားရင်တောင် အပျော်ဆိုတာ ဘာမှန်း သိမှာ မဟုတ်ဘူး..."
"မသွားချင်ပါဘူး..."
"ဒီတစ်ခါတော့ ငါ့စကား နားထောင်စမ်းပါ..."
ရွာကို နှစ်တိုင်းသွားနေရပေမဲ့လည်း ရွာမှာချည်းပဲ နေတာ မဟုတ်ပါဘူး..။
ငြိမ်းချမ်း တစ်ယောက်တည်း နီးစပ်ရာ ရွာတွေကို သွားပြီး စုံစမ်းသည်။
တစ်ခါတလေတော့ အိမ်ဟောင်းကြီးရဲ့ သစ်ပင်အောက်မှာ တစ်နေ့ကုန် သွားထိုင်နေတက်သည်။
အချစ်ဆိုတာ ထူးဆန်းလိုက်တာ..။
ကြာရင် မေ့မယ်လို့ တွေးမိပေမဲ့ ငြိမ်းချမ်းရဲ့စိတ်ကတော့ ပြောင်းပြန် ဖြစ်နေသည်။
အလုံးနဲ့ သူငယ်ချင်း ဖြစ်ပြီး ချစ်သူဖြစ်ခဲ့တာ ငယ်ရွယ် စိတ်ကစားသည့် အရွယ်လေးမှာပါ...။
တကယ်တော့ မေ့သွားဖို့ကောင်းပါပြီ..။
မလေး ပြောသလို သူ့ဘဝနဲ့ သူဖြစ်ပြီဆိုတာ ငြိမ်းချမ်း မတွေးရဲပါ..။
အလုံးက ငြိမ်းချမ်းကိုပဲ ချစ်ပြီး ငြိမ်းချမ်းဆီကိုပဲ ပြန်ရောက်လာမည်လို့ ယုံကြည်သည်။
ငိုကြွေးလွမ်းဆွေးနေတာမျိုး မဟုတ်ပေမဲ့ မိန်းကလေး တစ်ယောက်ယောက်က ကိုယ့်ကို သဘောကျသလို လုပ်တိုင်း သူ့တစ်ယောက်ထဲကို ခင်ပါဆိုပြီး ငိုပြောခဲ့တဲ့ အလုံးကို ပိုသတိရမိသည်။
"အဟမ်း..ဟမ်း...ဒီတစ်ခါတော့ ချမ်းချမ်း..."
"ဟင်..."
"လုပ်လိုက်...လုပ်လိုက်..."
"မဆိုချင်ပါဘူးကွာ..."
"မင်း ဂစ်တာလည်း ရသားပဲ...လုပ်စမ်းပါ..."
ငြိမ်းချမ်း ငြင်းနေချိန် လက်ထဲကို ဂစ်တာ ထိုးထည့်ပြီး လက်ခုပ်တီးနေကြတော့ သက်ပြင်းချမိသည်။
ရှေ့မှာ ရွှေနဒီဦးက မေးထောက်ပြီး ပြုံး၍ ကြည့်နေတော့ အလုံးကို မြင်ယောင်လာသည်။
နင် ငါ့ကို မေ့သွားပြီလား..။
ငါတော့ မယုံဘူး.။
နင် ငါ့ကို မမေ့ဘူး ချစ်နေတုန်းလို့ ငါယုံထားတယ်..။
မလေးပြောသလို နင့်ကို ပြန်တွေ့ချိန် နင့်ဘ၀ ပြောင်းလဲနေမှာ နင့်အချစ်တွေ ပြောင်းလဲနေမှာကို ငါ အရမ်းကြောက်တယ် အလုံးရယ်..။
ငြိမ်းချမ်း ဂစ်တာကို ခပ်လိုက်တော့ အကုန်လုံးရဲ့ အသံတွေ တိတ်ကျသွားသည်။
တစ်ခါတလေ နားထောင်ပြီး ငိုမိသည့် သီချင်းပဲ ခေါင်းထဲ ရောက်လာသည်။
"အဝေးဆုံးက🎼 အကြင်နာဆုံးရေ 🎼
တို့နစ်ယောက်အချစ် အတူဆုံနိုင်ဖို့လေ
ကြိုးစားရင်း ငါပျံနေဆဲမှာလေ
ရိုင်းစိုင်းတဲ့ ကံကြမ္မာဆိုးတွေ
တံတိုင်းများအဖြစ်
ကာရံနေတော့လေ
အရှုံးပေးရင်း ငါငိုနေရပြီလေ
ငါ့အလွမ်းတွေ မဖွင့်ဟနိုင်
နင့်အလွမ်းတွေ မနှစ်သိမ့်နိုင်
ငါဒီသီချင်းတွေသာ ဆိုညည်းခွင့်ရတာ
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အသည်းတွေ ကြေကွဲနေ
ငိုစရာသီချင်းလေး အမြဲတမ်းဆို
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အလွမ်းတွေ နင်သိနိုင်ဖို့
ဒီသီချင်းတွေ ငါလေအချိန်တိုင်းဆို
အရှေ့နဲ့အနောက် ဘယ်လိုကွာဝေးစေ
မိုးနဲ့အောက် မဆုံနိုင်လည်းလေ
အသည်းနှလုံးတို့ တစ်နေရာထဲမှာလေ
သီချင်းများက အကြင်နာသက်သေ
မင်းအတွက်ပေါ့ ငါဆိုနေဆဲလေ
ခွင့်လွှတ်တော့ ပြန်မဆုံနိုင်တဲ့သူရေ
ငါ့အလွမ်းတွေ မဖွင့်ဟနိုင်
နင့်အလွမ်းတွေ မနှစ်သိမ့်နိုင်
ငါဒီသီချင်းတွေသာ ဆိုညည်းခွင့်ရတာ
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အသည်းတွေ ကြေကွဲနေ
ငိုစရာသီချင်းလေး အမြဲတမ်းဆို
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အလွမ်းတွေ နင်သိနိုင်ဖို့
ဒီသီချင်းတွေ ငါလေအချိန်တိုင်းဆို
ငါ့အလွမ်းတွေ နင်သိနိုင်ဖို့
ဒီသီချင်းတွေ ငါလေအချိန်တိုင်းဆို
https://www.youtube.com/watch?v=l9kp4S29160
https://fb.watch/1y67xk6tiZ/
"ဖြောင်း...ဖြောင်း..."
"မင်း အဆိုတော် လုပ်လို့ရပြီနော်...."
"......."
ငြိမ်းချမ်း ပြုံးပြပြီး ဂစ်တာ ပြန်ပေးလိုက်ကာ ထလာခဲ့လိုက်သည်။
အားလုံးကို ကျောခိုင်းလိုက်ပြီးတော့ အခန်းကို ပြန်လာချိန် ပါး တစ်ဖက်ပေါ် မျက်ရည်ပူ တချို့ လှိမ့်ဆင်းလာသည်။
အဖေတို့ကိုသာ မကြောက်ရရင် ဇနီးပျောက်ဆုံးမှု ဆိုပြီး သတင်းစာထဲ ထည့်ကာ ရှာဖွေချင်ပါသည်။
ခုချိန်ထိလည်း ကိုယ့်ကိုယ်ကို မပိုင်သေးပါဘူး..။
ငြိမ်းချမ်း သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ ပါးကို လက်ဝါးနဲ့ ပွတ်သုတ်ပစ်လိုက်သည်။
ငါတို့ ပြန်တွေ့မှာပါ..အလုံးရယ်..။
.
"အီး....ပြန်ဘူး.."
"ဟယ်...သား....မောင်...အဲဒါ ဘာလုပ်တာလဲ..ဟမ်..."
"လာဦး...ဦးဦးပြောမယ်...ခုပြန်ပြီး မနက် ပြန်လာမယ်လေကွာ..."
"ဟင့်အွင်း..."
"သား ကြိုက်တဲ့ မုန့်တွေ အများကြီး ပေးလိုက်မယ်လေ..."
"မုန့်ယူဘူး..."
"ဟား.ဟား...ဦးဦးနဲ့ပဲ နေချင်တာပေါ့..."
"အွင်း.."
"ကဲ..ဘယ်လိုလဲ..မိလုံး ပေးမလား...အစ်ကိုက ပြောမထွက်လို့နော်...သားက တောင်းဆိုလာပြီ.."
"ဟင်..."
အလုံး မျက်လုံး ပြူးသွားပေမဲ့ ဦးစိုးမြင့်က သားကို ချီပြီး ချော့နေသလို သားကလည်း ဦးစိုးမြင့် ချီလိုက်တာနဲ့ တိတ်သွားသည်။
"တစ်ညတော့ ထားခဲ့ပါလား.."
"ဟင့်အင်း..သူငိုမှာ ကိုကြီးရဲ့..."
"မငိုပါဘူးနော်...မငိုဘူးမလား.."
"အွင်း..."
"ထားကြည့်ပါကွာ...နော်...."
အလုံး ခေါင်းရမ်းနေပေမဲ့ သားက ဦးစိုးမြင့် လည်ပင်းကို ဖက်ထားတော့ မတက်နိုင်တော့ပါ..။
သားက ဒီအိမ်ကို ရောက်တာနဲ့ အလုံး အနားမှာတောင် မနေတော့ပဲ ဦးစိုးမြင့်နဲ့ အလုပ်ထဲ အထိ လိုက်သွားသည်။
အရင်လို အဝတ်ဟောင်းဟောင်းတွေ မဝတ်ရပဲ သားကို အဝတ်အသစ်လေးတွေ ဆင်ပေးသည်။
သနပ်ခါးလူးပေးလိုက်တော့ သားက ရုပ်ကလေးထွက်လာသည်။
အလုပ်က မသိတဲ့သူတွေက သူ့သားလားလို့ မေးတော့ သူကလည်း ဟုတ်တယ်လို့ ပြောလိုက်သည်တဲ့..။
အစတုန်းကတော့ ရယ်နေမိပေမဲ့ ပြန်တွေးကြည့်တော့ ရှက်မိသည်။
ခုတော့ သားက သူနဲ့ တူတူ အိပ်ဖို့ပင် ပူဆာလာပြီ..။
"သား ညကျ မေ့ကို သတိရမှာ...နော်...မနက် ပြန်လာမယ်လေ..."
နုကြည်က သားပြဿနာရှာနေတာကို မစောင့်နိုင်လို့ ပြန်သွားပြီ..။
နေလည်းစောင်းလာပြီမို့ အလုံး စိတ်တွေလည်း မောလာရသည်။
သားကလည်း ဘယ်လို ပြောပြော လက်မခံပဲ ဦးစိုးမြင့် လည်ပင်းကိုသာ ဖက်ထားသည်။
အလုံး အတင်းဆွဲလွဲပြီး ခေါ်ဖို့ကျတော့လည်း ဦးစိုးမြင့် စိတ်ဆိုးမှာ ကြောက်သည်။
"ထားခဲ့လိုက်ပါ...မိလုံးရယ်... အဲလောက်မရက်စက်ပါနဲ့..သားလေး သနားပါတယ်..."
အလုံးစိတ်ထဲမှာတော့ ရှင့်သားမဟုတ်ဘူး ကျွန်မသား လို့ အော်နေပေမဲ့ လက်တွေ့မှာတော့ ဘာမှ မပြောနိုင်..။
သားငယ်ငယ်တုန်းက သူများတွေ မွေးစားခံလိုက်ရမှာစိုးလို့ ဘယ်သွားသွား ချီပိုးပြီး သွားခဲ့သည်။
ခုတော့ သားကိုယ်တိုင်က မေ နဲ့ မနေချင်ဘူးလို့ ပြောလာပြီ..။
အလုံး မျက်ရည်ဝဲလာကာ သားကို ဆွဲခေါ်တော့ လူးလွန့်ပြီး ငိုပြန်သည်။
"မနေရင် အစ်ကို လာပို့ပါမယ်... ပြန်ဖို့ နောက်ကျနေပြီ.."
"......."
အလုံး လက်လျော့ပြီး ပြန်ခဲ့ရပေမဲ့ တစ်လမ်းလုံး ငိုရင်းရှိုက်ရင်းဖြင့် အိမ်ကို ရောက်တော့ မိုးချုပ်နေပြီ.။
"ဟဲ့..ကလေးကော.."
"ကျန်...ကျန်ခဲ့တယ်...မေကြီး.."
"ဟင်...ဘယ်မှာတုန်း.."
"သား က ဦးစိုးမြင့်နဲ့ အိပ်ချင်တယ်ဆိုပြီး ငိုနေလို့ ထားခဲ့ရတယ်..."
"အဲဒါကို နင်က ဘာကိစ္စ ငိုနေရတာတုန်း...ကျက်သရေမရှိ.."
အလုံး ဘာမှ မပြောတော့ပဲ အခန်းထဲ ဝင်ကာ အသံ မထွက်ဖို့ ကြိုးစားရင်း ငိုရှိုက်နေမိသည်။
ဘယ်အချိန်များ ရောက်လာမလဲ လို့ စောင့်ကြည့်နေပမဲ့ ညကိုးနာရီအထိ ရောက်မလာတော့ ရင်တွေ ပူလာသည်။
သားက အလုံး မရှိပဲ တကယ်နေနိုင်သွားပြီလား..။
"အင့်..."
"............"
"မိလုံးရေ..."
"ဟင်..."
"အီး...မေ့..."
အလုံး အိမ်ထဲက ထွက်သွားတာနဲ့ သားက ပြေးဖက်ပြီး ငိုနေတော့သည်။
သားကို ကောက်ချီလိုက်ပြီး ဖက်ထားရင်း ကျောလေး ကို ပုတ်ပေးမိသည်။
"ထမင်းစားပြီး အိပ်တဲ့အထိ အကောင်း..... ငါ စာဖတ်နေချိန် တရေးနိုးပြီး သူ့အနားမှာ မတွေ့လို့ဖြစ်မယ် ငိုတာ ချော့မရတော့ဘူး.."
"ဆရာကြီးရယ်...အားနာလိုက်တာရှင်..."
"ရပါတယ်ဗျာ..ကျွန်တော်က သားကို ချစ်လို့ ခေါ်ထားမိတာပါ....မိလုံး ကို တောင် အားနာမိတယ်...."
"............"
"ကဲ...ဒါဖြင့် ပြန်ဦးမယ်...သားရေ...ဦးဦး ပြန်ပြီ..."
"ဦးဦး...လာအိပ်..."
"ဟင်..."
"ဒီမှာ အိပ်..."
"အဟွင်း...မနက်မှ လာခဲ့ကွာ...ဦးဦး အလုပ်လုပ်ရဦးမယ်နော်...ပြန်တော့မယ်..."
"ဦးဦး...အီး.."
အလုံး လက်ထဲက နေ ပြန်ငိုပြန်တော့ မျက်နှာတွေပူလာသည်။
မေကြီး နဲ့ ဦးလေး က လည်း ရှိတော့ နောက်ဖေးခန်းကိုသာ ကပျာကယာ ခေါ်သွားရသည်။
"ဖြစ်နေလိုက်တာ ပတ်ဝန်းကျင် မြင်မကောင်းဘူး...မိလုံး နင့်သားကို နင် ကြပ်ကြပ် အလိုလိုက်သလား...ပတ်ဝန်းကျင်က ဘာပြောနေပြီလဲ သိရဲ့လား..ဟမ်..."
"............."
အလုံး သားကို ဖက်ကာ အသံမထွက်အောင် ရှိုက်ရင်း ငိုမိသည်။
အလုံး က ဘယ်လိုပဲ နေနေ ပတ်ဝန်းကျင်က ကဲ့ရဲ့ ပြောဆို နေကြဦးမှာ သိပါသည်။
သားက ခဏကြာတော့ ရင်ဘတ်ထဲမှာ တိုးဝင်ပြီး အလုံး အကျီ င်္စကို ကိုင်ထားရင်း အိပ်ပျော်သွားတော့သည်။
အလုံးမှာသာ မအိပ်နိုင်ပဲ သားလေး ကို သနားတဲ့စိတ်..။
ကိုယ့်ဘဝကို ကိုယ် အားငယ်တဲ့စိတ်တွေဖြင့် ညနက်အထိ အိပ်မပျော်ဖြစ်ခဲ့ရသည်။
.
"မိလုံး.....ဘီဒိုထဲက ဟာတွေ ကုန်ပြီလား...."
"ဟုတ်ကဲ့..."
အလုံး စာအုပ်တွေကို အိတ်ထဲ ထည့်နေရင်း ခေါင်းညိတ်လိုက်ပေမဲ့ နာရီကို အကြည့်ရောက်တော့ မျက်လုံးပြူးသွားသည်။
နကြည်က အိမ်မပြောခဲ့လို့ ဆိုပြီး ပြန်သွားပေမဲ့ အလုံးမှာတော့ သား အတွက် ပေးကျွေးထားတာတွေ များတော့ အားနာလို့ အလုပ်ဆက်လုပ်ပေးနေတာ ညဆယ်နာရီ ဖြစ်နေပြီ..။
တခြား အလုပ်သမား နှစ်ယောက်လည်း ရှိပေမဲ့ လို့ စိတ်ထဲ မသက်မသာ ခံစားရသည်။
ပတ်ဝန်းကျင်ကလည်း သား နဲ့ ခင်နေတာကို ဟိုလိုလို ဒီလိုလို တွေ ထင်ကြေးပေးနေတာ ကိုယ်က ရိုးသားပေမဲ့လည်း တစ်ခါတလေ အလုံး ရှက်သည်။
"ပြန်ရင် လိုက်ပို့ခိုင်းမယ်နော်..ဖြစ်တယ်မလား.."
"ဟုတ်..."
"လှကျော်တို့ ဂိုဒေါင်ပစ္စည်းပို့ပြီးရင် မိလုံးကို အရင်ပို့ပေးလိုက်..."
"ဟုတ်ကဲ့..."
သားကတော့ ဦးစိုးမြင့် အခန်းထဲမှာ အိပ်နေပြီမို့ အလုံး လက်တွေက မြန်မြန် ပြီးချင်တဲ့ဇောကပ်ပြီးကပျာကယာ လုပ်နေမိသည်။
"ထားလိုက်တော့...မိလုံး...သား ကို သွားခေါ်လိုက်ဦး..."
"ဟုတ်ကဲ့.."
အလုံး လက်ထဲက စာအုပ်တွေကို ထားခဲ့လိုက်ပြီး အခန်းထဲဝင်သွားတော့ သားက အိပ်ရာ ကောင်းကောင်းမှာမို့ အတော်လေး အိပ်မောကျနေသည်။
နှုတ်ခမ်းစူနေတဲ့ သားရဲ့ ပါးလေးကို ငုံ့နမ်းပြီး အလုံး ကောက်ချီလိုက်သည်။
အပြင်က စကားသံတွေ ကြားရလို့ သားကို ချီပြီး ထွက်လာချိန် အမေနဲ့ဦးလေးရယ် လူကြီး တစ်ယောက်ကိုလည်း တွေ့တော့ အံသြသွားသည်။
"ကျွန်တော်က မိကောင်းဖခင် သားသမီး တစ်ယောက်ပါ ဒေါ်လေး..."
"ဒါတော့ ဒါပေါ့ကွယ်..သိတဲ့အတိုင်း ပတ်ဝန်းကျင်မှာ ထိခိုက်တော့ မိန်းကလေးပဲမလား..မိလုံးက ပထမ တစ်ကြိမ် မှားခဲ့ဖူးတော့ ပြောခံရတာပေါ့...မရှိတဲ့ အခြေအနေကျတော့လည်း ဘာဖြစ်ဖြစ် ပြောစရာ ဖြစ်တယ်လေ...ဆရာကြီးလည်း နားလည်မှာပါ..."
"ဟုတ်ကဲ့...ကျွန်တော် တကယ် စိတ်မကောင်းပါဘူး...ပြောခဲ့သလိုပဲ ...လုပ်ပေးပါမယ်.."
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်...ကျွန်မတို့က ဘာမှ မက်မောလို့ မဟုတ်ပါဘူး..မရှိတဲ့သူတွေမို့ အရှက်သိက္ခာလေး အတွက်ပဲ မျှော်လင့်ထားတာပါ...ခုလို တာဝန်သိစိတ်ရှိတာ မိလုံး ကံကောင်းတာပေါ့...ဟဲ့...လာလေ...မြန်မြန်..."
အလုံး နားမလည်စွာဖြင့် မေကြီး နောက်ကို လိုက်လာခဲ့ရပေမဲ့ စိတ်ထဲမှာတော့ တမျိုးခံစားရသည်။
ဘာတွေ ဖြစ်လို့လဲ..။
.
"ဟင့်အင်း.."
"မသာမရဲ့ ငါက လက်နဲ့ရေးတာကို နင်က ခြေနဲ့ဖျက်ချင်ပြန်ပြီပေါ့...နင့်တစ်သက်လုံးရှာရင်တောင် ဒီလို ယောက်ျားတွေ့မှာ မဟုတ်ဘူး.....နင့်ကိုကောနင့်ကလေးကိုကော တာဝန်ယူတဲ့ ယောက်ျားတစ်ယောက်...နင့်နဲ့ နင့်ကလေး နပ်မှန်အောင် ကျွေးထားနိုင်တယ်ဟဲ့...နားလည်လား..."
"အလုံးလည်း သားကို ကျွေးထားနိုင်ပါတယ်..."
"ကျွေးထားနိုင်တယ်ဟလား..လူတန်းစေ့ထားနိုင်လား..နင့်သား အခုမှ လူရုပ်ထွက်လာတာမလား..ဟမ်..."
သေနတ်တွေနဲ့ဆော့နေတဲ့သားကို တစ်ချက်ကြည့်ပြီး အလုံးမျက်ရည်ဝဲလာသည်။
ဦးစိုးမြင့်နဲ့ စေ့စပ်ပြီး လက်ထပ်ရဦးမည်တဲ့..။
အလုံးက ဦးစိုးမြင့်နဲ့ မယူချင်ပေမဲ့ သားလေး ကို သတိရတော့ မောသွားသည်။
ခုဆို သားလေး လိုချင်တာရသည် စားချင်တာ စားရသည်။
"ပတ်ဝန်းကျင်ကလည်း ပြောနေကြပြီ...ယူလိုက်စမ်းပါအေ...နင်က ဘာနစ်နာလို့...ငါက နင်တို့ သားအမိ ကောင်းစားဖို့ လူကြမ်းလုပ်ခဲ့ပြီ"
"..............."
"ငါ ကောင်းသလို စီစဉ်ပေးနေတာ...လက်ခံလိုက်နော်...လက်မခံရင် နင်လမ်းနင်လျှောက်ပေတော့...ငါက နင့်ဦးလေး ရွာကို လိုက်သွားမှာ နင်တို့ သားအမိ ဖြစ်ချင်ရာ ဖြစ်ပဲ..."
".........."
အလုံး တစ်ချက်တွန့်သွားကာ ငြိမ်သက်နေမိသည်။
ဘာပဲဖြစ်ဖြစ် သားကို အမြဲရိုက်နေတဲ့ မေကြီးထက် စာရင် သားကို ချစ်တဲ့ ဦးစိုးမြင့်က ပိုလို့ကောင်းတာပဲ အလုံးသိသည်။
အလုံးမှာ မေးစရာ လူမရှိတော့ အနားမှာ ဆော့နေတဲ့ သားအနားကို တိုးသွားမိသည်။
"သားလေး.."
"အွင်.."
"ဦးဦးနဲ့ နေချင်လားဟင်.."
"အွင်း..မေ့ရယ်..ဦးဦးရယ်..မောင်ရယ်...တူတူနေကြမယ်လေ..."
"အဲလိုဆို သားက ပျော်မှာလားဟင်.."
"အင်း.."
"သားက ဒီမှာနေရတာ မပျော်တော့ဘူးလားဟင်.."
"အွင်း...ဦးဦးဆီမှာ သေနတ်တွေ လည်း ရှိတယ်...ဦးဦးကိုချစ်တယ်....ဘွားကြီးကို ချစ်ဘူး..."
သားက သေနတ်ကို ခလုတ်နှိပ်ရင်း နှုတ်ခမ်းစူကာ ပြောတော့ အလုံး သက်ပြင်းချမိသည်။
ဟုတ်ပါတယ်...သားပျော်တဲ့နေရာမှာ နေတာ အကောင်းဆုံးပါပဲ.။
သား ပျော်ဖို့က အလုံးအတွက် အဓိကပါပဲ.။
.
"နှင်းမှုံ.."
"ရှင်.."
အလုံး နာမည်ကို ခေါ်လိုက်တဲ့ ဦးစိုးမြင့်က တိုက်ပုံအဖြူဝတ်ထားသည်။
"အစ်ကို ပြောခဲ့သလိုပဲ....ပြောင်းရတော့မှာ ဆိုတော့ ဟိုမှာပဲ မင်္ဂလာပွဲ လုပ်ကြမယ်နော်..."
".........."
အလုံး ဘာပြန်ပြောရမှန်း မသိလို့ ခေါင်းသာ ညိတ်ပြလိုက်သည်။
သားကတော့ ယူလာသည့် မုန့်တွေကိုစားရင်း ဝယ်ပေးထားသည့် သေနတ်ဖြင့် ဆော့နေသည်။
လူကြီးတွေနဲ့ အတူ ရောက်လာကတည်းက "ဦးဦး လာတယ်"ဆိုပြီး ဦးစိုးမြင့် ကိုယ်ပေါ်က လုံးဝမဆင်းပဲ ထိုင်နေတာလေ..။
အလုံး အတွက်တော့ ဘယ်လို နေမလဲ မသိပေမဲ့ သားပျော်နေတော့ ကျေနပ်ပါသည်။
"အစ်ကို နှင်းမှုံကို စတွေ့ကတည်းက စိတ်ဝင်စားနေခဲ့တာပါ.."
"ဟင်..."
"နှင်းမှုံက ရိုးသားတယ်...ပွင့်လင်းတယ်...ကြောက်တက် ရှက်တက်တယ်...ဒါကို အစ်ကို သဘောကျတယ်....သားလေး ကိုလည်း အရမ်းချစ်ပါတယ်....သား အမေ နှင်းမှုံကိုလည်း ချစ်တယ်.."
"ရှင်.."
အလုံး မျက်လုံးပြူးသွားတော့ ဦးစိုးမြင့်က ဟက်ခနဲ့ ရယ်ပြီး အလုံး လက်ကို လှမ်းယူသည်။
ချမ်းသာတဲ့ လူကြီး တစ်ယောက်မို့ ကြောက်စိတ်နဲ့ ငြိမ်နေရပေမဲ့ ရင်တွေခုန်ကာ တုန်ယင်နေသည်။
"အစ်ကို နှင်းမှုံကို ချစ်တာ ကြာပါပြီ...ဖွင့်ပြောဖို့ ခက်နေလို့ပါ...ခုလို နှင်းမှုံက လက်ထပ်ဖို့ လက်ခံတော့ အရမ်းပျော်ရတယ်..ဒေါ်လေး တို့အပြောအဆို ကို မကြိုက်ပေမဲ့လည်း နှင်းမှုံလေးကို တကယ်သဘောကျတာပါ.... လက်ထပ်တဲ့အခါ နှုင်းမှုံ စိတ်ကြိုက်ဖြစ်စေရပါမယ်....ပတ်ဝန်းကျင်က ဘာပြောပြော အစ်ကို ဂရုမစိုက်ပါဘူး....အစ်ကို မိဘတွေကိုလည်း သားက အစ်ကိုနဲ့ရထားတာပါလို့ ပြောထားတယ်...သူတို့ကလည်း ဝမ်းသာကြပါတယ်...အစ်ကိုက တစ်ဦးတည်းသောသားဆိုတော့ မိသားစုမက်မောတယ်..နှင်းမှုံ နဲ့ သားလေးကို ကိုယ့်ရဲ့သွေးသားရင်းလိုပဲ ချစ်ရပါတယ်... အစ်ကို လေ နှင်းမှုံ နဲ့ သားလေးကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်ပေးပါမယ်...နှင်းမှုံက အစ်ကို့ ညီမလေးလိုပါပဲ..."
အလုံး နားမလည်ပေမဲ့ သူ ရှင်းပြသွားတာတွေမှာ သားလေး ကို ချစ်တဲ့ အကြောင်းပါတော့ နည်းနည်း စိတ်သက်သာသွားသည်။
ဦးစိုးမြင့်က အလုံးကို ကြည့်ရင်း ပြုံးနေသည်။
အလုံး အချစ်ခံရတာ မပျော်သလို သူ့ကိုလည်း မချစ်ပါဘူး..။
အလုံးချစ်တာ....။
အလုံး မျက်ရည်တစ်စက် ကျသွားတော့ ဦးစိုးမြင့်က လက်မနဲ့ ဖွဖွ သုတ်ပေးပြီး ပခုံးကို ဖက်သည်။
အလုံး ရဲ့ အစ်ကိုကြီးလို အားကိုးစိတ်ဖြင့်သာ မေကြီးပြောသလို ခေါင်းညိတ်ခဲ့သည်။
.
"နှင်းမှုံ....ဒီနေ့ကစပြီး ဆရာမ သင်ပေးတဲ့အတိုင်း လေ့ကျင့်ရမယ်နော်.....ဒါမှ အချိုးအစား ကျကျ နဲ့ လှသွားမှာ..."
"ဟုတ်ကဲ့.."
"ညနေ ကျ အကျီ င်္ချုပ်ထည် တွေရရင် အသေးမ ကို လျှော်ခိုင်းလိုက်ဦး.."
"ဟုတ်ကဲ့.."
"သား အတွက် ကျောင်းဝတ်စုံလည်း ထပ်အပ်ရမယ်...ကိုယ်တိုင်း တစ်ခါတည်း ယူသွားခိုင်းလိုက်နော်..."
အလုံး ခေါင်းကိုဖြည်းဖြည်း ညိတ်လိုက်တော့ ဦးစိုးမြင့်က အလုံးရဲ့ ပါးကို ဖွဖွ ဆွဲပြီး ပြန်ထွက်သွားသည်။
ဘဝဆိုးနေတဲ့ အလုံးက အခုတော့ နှစ်ထပ် တိုက်ကြီးပေါ်ကို ရောက်လာခဲ့သည်။
အလုံးကို အများကြီး ပြင်ဆင်ပေးနေတဲ့ဦးစိုးမြင့်ကို အားနာမိသည်။
ကိုယ်ခန္ဓာ ပိန်လွန်း သည့် အလုံးက သုံးလအတွင်း ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်လာသည်။
မနက် နဲ့ ညတိုင်း လိမ်းနေရတဲ့ သနပ်ခါးကြောင့် မဲနေတဲ့ အသားတွေက ဝါလာပြီ..။
ဆံပင်ကိုလည်း ခေတ်ပုံစံ ညှပ်ပြီး အနားလေးတွေကို ကောက်ပေးထားသည်။
မှန်ရှေ့မှာ ရပ်လိုက်ရင် တစ်ချိန်တုန်းက ပေစုတ်စုတ် အလုံးပုံစံလေးပင် ပျောက်နေပြီ..။
သားကော ဘာထူးသေးလဲ..။
ကာကွယ်ဆေးလိုက်ထိုးပေးလိုက် ကျောင်းတွေ စုံစမ်းလိုက် နေ့ခင်းဆို ကားတစ်စီးဖြင့် ထွက်သွားကြသည်။
အလုံးနဲ့ သားကို အထူးဂရုစိုက်လွန်းသည့် ဦးစိုးမြင့်ကို အလုံး အစ်ကိုကြီး တစ်ယောက်လို ချစ်ခင် တွယ်တာ မိသည်။
ဝန်ထမ်းတွေ အားလုံးက မမနှင်းမှုံလို့ ခေါ်ပြီး ပြုစုကြတိုင်း အလုံး ရင်ခုန်သည်။
မင်္ဂလာအခန်းမှာ ပစ္စည်း အသစ်တွေချည်း ထည့်ပြီး သားအတွက်တောင် ဘီဒိုလေး တစ်ခု ပါသေးသည်။
အလုံးနဲ့ သားခဏနေရတဲ့ အခန်းထဲက ဘီဒိုကြီးထဲမှာလည်း အလုံး ကိုယ်နဲ့ တိုင်းချုပ်ထားသည့် အကျီ င်္အသစ်တွေသာရှိနေသည် ။
အဟောင်းအနွမ်း ဝတ်တာကို ဦးစိုးမြင့်က မကြိုက်လို့ အသစ်စက်စက်တွေကို နေ့တိုင်း ချဝတ်နေရာ အလုံးသမျောမိသည်။
ဦးစိုးမြင့်ရဲ့အဖေ နဲ့ အမေကိုလည်း ဖုန်းပြောရတော့ အလုံး တွန့်ဆုပ်ပေမဲ့ သူတို့လည်း သဘောကောင်းကြပါသည်။
သားကိုလည်း သူတို့မြေးလေးဆိုပြီး ချစ်ကြသည်။
အလုံးမှာ ဘ၀ အခြေအနေ ချက်ချင်းပြောင်းလဲသွားသလို ခံစားရပြီး အရာရာမှာ မထင်ထားတာတွေ ချည်းသာ။
.
"မေ့.."
"ဟော..သား...လာပါဦး..မေ့ဆီကို.."
အလုံး ပွေ့ချီလိုက်တော့ သားကိုယ်က ရေမွှေးနံ့လေး ရနေသည်။
အရင်လို နှာချေးလေး တရှုံရှုံ ဖြစ်နေတက်တဲ့ သားမျက်နှာလေး က ခုတော့ ကြည်စင်ကာ ချစ်စရာကောင်းနေသည်။
"မေ့....ဦးဦးက ပြောတယ်...မောင် ကျောင်းတက်ရမယ်တဲ့....နှစ်ရက်နေရင် ကျောင်းသွားရမယ်တဲ့..."
"ဟလား..သားက ကျောင်းတက်ရမှာ ပျော်လား..."
"အွင်း....လွယ်အိတ်သစ်လည်း ရတယ်.."
"ဒီ သားအမိတွေ ဘာပြောနေကြတာလဲကွ..."
ဦးစိုးမြင့်က ဘောင်းဘီအိတ်ထဲလက်ထည့်ပြီး အခန်းထဲဝင်လာတော့ အလုံး ပြုံးပြလိုက်သည်။
"မောင် ကျောင်းတက်ရတော့မယ်ဆိုလို့ပါ...ကိုကြီး..."
"ဟုတ်တယ်...ပျော်တယ်မလား သား...သား ဝယ်လာတဲ့ အိတ်ကော မေ့ကို ပြပြီးလား.."
"ဟင့်အွင်း...မေ့ချ.."
အလုံး ချပေးလိုက်တော့ သားက အခန်းထဲက ပြေးထွက်သွားသည်။
သား ကို လိုက်ငေးကြည့်နေပြီးမှ ဦးစိုးမြင့် ဆီကို အကြည့်ရောက်သွားတော့ အလုံးကို ကြည့်ပြီး ပြုံးနေတာမို့ နေရခက်သွားသည်။
အလုံး မျက်လွှာချလိုက်တော့ ရှေ့ကို တိုးလာပြီး မှန်တင်ထားတဲ့ ခုံဘေးက ကုလားထိုင်ကို ဆွဲထုတ်ကာ ထိုင်လိုက်သည်။
"ဘယ်လိုလဲ...နှင်းမှုံ..."
"ရှင်..."
"အစ်ကို့ အကြိုက်တွေ လိုက်နေပေးရတာ ပင်ပန်းနေပြီလား..."
"အို...မပင်ပန်းပါဘူး...ကိုကြီးရဲ့..."
တကယ်ဆို မိလုံးဆိုတဲ့ စုတ်ပြတ်ပြတ် မိန်းမ တစ်ယောက်ကနေ နှင်းမှုံ ဆိုတဲ့ ကောင်မလေး အဖြစ်ပြောင်းလဲပေးလို့ ကျေးဇူးတင်ပြီး ဆုတောင်းပေးနေရတာပါ..။
"ဟင်း...အစ်ကို က ရာထူးကလည်း ရှိတယ်...လူပျိုကြီးဆိုတော့ကွာ...သိတယ်မလား...ကြွားချင်တာပေါ့...အဟွင်း...သူငယ်ချင်းတော်တော် များများက အိမ်ထောင်ကျကုန်ပြီလေ...သားသမီးတွေတောင် ရနေပြီ...အဲ...နှင်းမှုံ့အသက်ကိုလည်း နှစ်ဆယ့်သုံးလို့ လိမ်ထားရတယ်...မဟုတ်ရင် အသက်အရမ်းကွာတယ်ဆိုပြီး စ ကြလိမ့်မယ်...တော်သေးတာပေါ့...ကျန်းမာရေး လိုက်စားပြီး နုနေတာ မဟုတ်လို့ကတော့ အဖေ နဲ့ သမီး အရွယ်ပဲ"
"အဟီး..."
အလုံး ရယ်လိုက်ပြီးမှ ဦးစိုးမြင့်ကို တစ်ချက်ကြည့်မိသည်။
မနက် ညနေတိုင်း လမ်းလျှောက်တက်တာကြောင့် လူငယ်တစ်ယောက်လို ခန္ဓာကိုယ်သာ ရှိပါသေးသည်။
ဆံပင်ကို သပ်သပ်ရပ်ရပ် နဲ့ အမြဲ ထားတော့ ကြည့်ကောင်း သည်။
ဟင်း...အလုံးနဲ့တောင် မလိုက်ဖက်ပါဘူး..။
ဒါကြောင့်လည်း အလုံးကို သားနားအောင် ပုံစံပြောင်း ပေးနေတာပေါ့ လေ..။
"အစ်ကို က မင်္ဂလာပွဲ အမှီတွန်းနေရတော့ နှင်းမှုံ ပင်ပန်းနေမှာ စိုးလို့ပါ..."
"မပင်ပန်းပါဘူး ကိုကြီးရဲ့.."
"အိုကေ...အိုကေ...မဂံလာဝတ်စုံ ကိစ္စလည်း စီစဉ်ရဦးမယ်...သြော်...သား ကို ကျောင်းအပ်ရင် နာမည်လိုတယ်လေ....ဘာပေးမလဲ.."
"ဟင်...."
"အဒေါ်ပြောတာ သား အဖေ က ဆုံးသွားတယ်ဆို....အစ်ကို စိတ်မကောင်းပါဘူး..ဒါပေမဲ့ သားက အစ်ကို့သားပါပဲ ...အဖေ နေရာမှာ အစ်ကို့နာမည်ပဲ ထည့်လိုက်မယ်....သားနာမည်ကိုတော့ နှင်းမှုံ စိတ်ကြိုက်ရွေးပေါ့လေ..."
"ဟို..."
"ဘာလဲ မရွေးတက်ပြန်ဘူးလား...စိုးကျော်ကျော် ဆိုရင် ကောင်းမလား..."
"ချမ်း...ချမ်းမြေ့သူ ဆိုရင်ကော ကိုကြီး..."
"အင်း...ကောင်းသားပဲ...ရိုးရိုးရှင်းရှင်းလေး နဲ့ ကောင်းတယ်.."
"ဟုတ်..."
"ဒါဆို...ချမ်းမြေ့သူပေါ့..."
".........."
တကယ်တော့ သားရဲ့ နာမည်ကို အလုံး တစ်ခါမှ မတွေးခဲ့ဖူးပါ.။
ကျောင်းတက်သင့်တာ သိပေမဲ့ ကျောင်းမှ မထားနိုင်ခဲ့သေးတာပဲ..။
သူငယ်တန်းစတက်ရတော့မည့် သား အတွက် နာမည်ပေးရတာ ဘာလို့ လွယ်နေတာလဲ..။
ကိုချမ်း နာမည်နဲ့ ဆင်တူအောင် နှုတ် နဲ့ စိတ်က အလိုလို ထွက်လာခဲ့တာ အမြဲသတိရနေလို့ပေါ့လေ..။
ဟင်း...သားကြောင့် ယောက်ျားယူ ရပေမဲ့ ကိုချမ်းကိုပဲ အမြဲချစ်နေမှာပါ..။
.
"နှင်းမှုံရေ...သားကို ကျောင်းပို့ရမယ်လေ..."
ပေါင်ဒါဘူးကို ယူကာ ဖြည်းဖြည်းချင်း ဖိကပ်လိုက်သည်။
မျက်ရည်တွေ မခြောက်သေးလို့ သေချာ လိမ်းရသည်။
သား နဲ့ အခုလို ခွဲရမယ်လို့ မတွေးမိခဲ့..။
ကျောင်းတက်စေချင်ပေမဲ့ ပညာတက် ဖြစ်စေချင်ပေမဲ့ လည်း အလုံး ငိုချင်နေသည်။
သားက ကျောင်းစိမ်း အသစ်ကလေးနဲ့ သနပ်ခါးလူးပြီး လွယ်အိတ်တောင် လွယ်ထားပြီ..။
အမေ နဲ့ ခွဲရမှာထက် ကျောင်းသွားရမှာကိုသာ ပျော်နေပုံရသည်။
"သား...ကျောင်းမှာ မေ့ကို သတိရပြီး ငိုနေနဲ့နော်..."
"ငိုပါဘူး...ကျောင်းဆင်းရင် မေ့နဲ့ တွေ့ ရမယ်လို့ ဦးဦး က ပြောတယ်..."
"အွင်း...ချစ်စရာလေး..ကျောင်းသားကြီးတောင် ဖြစ်နေပြီပေါ့..."
"ဟီး..."
"လာပါဦး...မေ့ ဖိနပ်စီးပေးမယ်နော်..."
သားရဲ့ ဖိနပ်အကောင်းစားလေးကို ဝတ်ပေးရင်း ငယ်ငယ်တုန်းက ခြေထောက်သေးသေးလေးတွေကို သတိရသည်။
ခုတော့ ကျောင်းစတက်တော့မည်..။
အလုံးပြုံးပြီး သားရဲ့ ဆံပင်တွေကို ဖိသပ်ပေးလိုက်တော့ သားက အလုံး ပါးကို နမ်းသည်။
"..........."
"..........."
"ဟင်...ကားနဲ့သွားမှာလား.."
"အင်းလေ...လာ...တက်..."
သားကို ချီပြီး ဦးစိုးမြင့်ရဲ့ ကားပေါ် ရောက်တော့ အလုံးသက်ပြင်းခိုးချမိသည်။
တော်ပါသေးရဲ့ မေကြီးပြောတာ လက်ခံလိုက်ပေလို့..။
မဟုတ်ရင် ခုချိန်ထိ သားလေး ကို ကျောင်းမထားနိုင်သေးသလို အခုလို ကားနဲ့လည်း ကျောင်းလိုက်ပို့ပေးနိုင်မှာ မဟုတ်ဘူး..။
ကျောင်းကိုရောက်တော့ သားက အမေ နဲ့ သူ့ဦးဦး ကို လက်ဆွဲပြီး လျှောက်သည်။
ကျောင်းသားအမေတွေကလည်း ဦးစိုးမြင့်ကို တော်တော်လေး ဖော်ရွေ စကားပြောကြသည်။
သားကတော့အလုံး ငယ်ငယ်ကလို မငိုပဲ ဆရာမချီထားတဲ့အချိန် လက်ပြ နှုတ်ဆက်သည်။
"မငိုပါနဲ့ နှင်းမှုံရယ်..."
"အင့်..အလုံး ပျော်လို့ပါ....သားလေးကို ခုလို ကျောင်းထားပေးတာ ကျေးဇူးတင်ပါတယ်...ကိုကြီး..."
"ဟင်း...အစ်ကို့သားပါဆိုတာ နှင်းမှုံက လက်မခံနိုင်သေးဘူးလား..."
"အလုံး... ကိုကြီးနဲ့ တွေ့ရတာ ကံကောင်းတာပဲ...အင့်..."
အလုံး လက်ဝါးပေါ် မျက်နှာမှောက်ပြီး ငိုရှိုက်နေမိတော့ ဦးစိုးမြင့်က အလုံး ပခုံးကို ဖက်ပြီး သူ့ရင်ခွင်ထဲ ထည့်ကာ ကျောကို ပုတ်ပေးသည်။
ကိုချမ်း ကို သတိရသွားတော့ အလုံး မျက်ရည်ပိုကျလာပြီး သက်ပြင်း တစ်ချက် ရှိုက်မိသည်။
━━━━━━༺♡༻━━━━━━
ဖတ်ရတာ အဆက်မမိ အဆင်မပြေရင် ခွင့်လွှတ်ပါနော်။
စာအဆိပ် ဖြစ်သွားရင် တောင်းပန်ပါတယ်။
စာတွေ အဆင့်အတန်းမရှိသလို ဖြစ်သွားတာ ကျွန်တော့်ရဲ့ ညံဖျင်းလှတဲ့ စာအရေးအသား အရည်အချင်းကြောင့်ပါ တောင်းပန်ပါတယ်။
ကျန်းမာရေး အထူး ဂရုစိုက်ကြပါ။
အဆင်မပြေ ဖတ်မကောင်း စိတ်ညစ်စရာ စာတွေ ဖတ်ပြီး အားပေးတာ ကျေးဇူးအထူးတင်ပါတယ်နော်။
အရေးအသား နဲ့ စာလုံးပေါင်း မမှန်တာလည်း
ခွင့်လွှတ်ပါ။
Love U All ❤
Spica Lin
#စပိုက်ကာလင်း