ခဏၾကာေတာ့ taxi က ဟိုတယ္တစ္ခုေ႐ွ႕မွာ ရပ္လိုက္တယ္။ရီမင္ ပိုက္ဆံေပးမလို႔ wallet ကိုဖြင့္တုန္း အထဲမွာ လံုးေခ်ထားတဲ့ မွတ္စုစာရြက္တခ်ိဳ႕ကို ႐ွာေတြ႔လိုက္တယ္။
သူ taxiခကို ရင္နာနာနဲ႔ ႐ွင္းလိုက္ရေလတယ္။ဘက္ဂ်က္အေျခအေနအရ ဟိုတယ္မွာလည္း ျကာၾကာေနဖို႔ မတတ္ႏိုင္ဘူး။
ရီမင္က မုဖင္ကို ရင္ခြင္ထဲေပြ႔ထားရင္းနဲ႔ လမ္းေဘးက ခံုတန္းေလးမွာ ထိုင္လိုက္တယ္။
ေကာင္းကင္ကိုေမာ့ၾကည့္ၿပီး သူ႔ကိုယ္သူ ျဖတ္႐ိုက္ခ်င္စိတ္ေတြ ေပါက္ေနေလရဲ႕။
ရီမင္ မင္းက ေသာက္အပဲ!
သူ က်ီးဟန္နဲ႔အတူ အခ်ိန္ငါးႏွစ္ကို ကုန္ဆံုးခဲ့တယ္။
အဲ့ဒီရက္ေတြတုန္းက သူဟာ က်ီးဟန္ရဲ႕ ပုဂၢိဳလ္ေရးလက္ေထာက္တစ္ေယာက္။
အလုပ္ၿပီးတာနဲ႔ က်ီးဟန္စားဖို႔ ခ်က္ျပဳတ္ေပးေတာ့တယ္။
ညေရာက္ေတာ့လည္း က်ီးဟန္ရဲ႕ အိပ္ယာကို ေႏြးေထြးေစခဲ့ၿပီး သူ႔ရဲ႕ အားအင္အကုန္စိုက္ထုတ္ၿပီး
ထိုလူကို ေက်နပ္ေစခဲ့တယ္။
အဲ့ဒါက အဲ့ဒါပဲ ဆိုေပမယ့္ အရမ္းမိုက္မဲတဲ႔သူက သူ႔ရဲ႕ဝင္ေငြနဲ႔ အခ်ိန္ေတြအားလံုး က်ီးဟန္စီမွာပဲ ျမႇဳပ္ႏွံထားခဲ့တယ္။
သူက ငါးႏွစ္လံုးလံုး စစ္စစ္စီစီနဲ႔ ေနခဲ့တယ္။
က်ီးဟန္အတြက္ တန္ဖိုးႀကီးၿပီး ေစ်းႀကီးတဲ့ လက္ေဆာင္ေတြ ျပင္ဆင္ခဲ့တယ္။
က်ီီးဟန္ရဲ႕ villa အတြက္ အိမ္တြင္းအလွဆင္ပစၥည္းေတြ ၊
ဆန္ ၊ စြပ္ျပဳတ္အတြက္ အသားငါးမ်ိဳးစံု ၊
အသီးအႏွံ ၊ ဟင္းသီးဟင္းရြက္ ၊ ထိုလူအတြက္ေန႔စဥ္လိုအပ္မယ့္ တိုလီမိုလီေလးေတြကအစ သူစုထားတဲ့ပိုက္ဆံေတြနဲ႔ပဲ ဝယ္ျခမ္းခဲ့တယ္။
သူက ခံလည္းခံရေသး နံလည္းနံရေသးဆိုသလိုပါပဲ။
သူက သူ႕ကိုယ္သူ က်ီးဟန္ရဲ႕ မယားငယ္အျဖစ္သာ အျမဲတမ္း မွတ္ယူထားခဲ့တာပါ။
အခု က်ီးဟန္ရဲ႕ ပထမဆံုးခ်စ္သူက ျပန္ေရာက္လာခဲ့ၿပီဆိုေတာ့ ဒီမယားငယ္ေလးက
အမိႈက္တစ္စလို လႊင့္ပစ္ခံရၿပီေပါ့။
နစ္နာေၾကးေလးေတာင္ မရဘဲနဲ႔ တံျမက္စည္းနဲ႔လွည္းသလို လွည္းထုတ္ခံလိုက္ရတယ္ေလ။
ဘယ္လိုေတာင္ ဆိုးရြားစုတ္ျပတ္လြန္းတဲ့ ဘဝလဲ!
ရီမင္ ေလးပင္စြာ သက္ျပင္းခ်လိုက္ေလတယ္။
မုဖင္ကလည္း ေညႇာင္သံတစ္သံကို သံ႐ွည္စြဲေအာ္တယ္။
အဲ့ဒီေနာက္ လူတစ္ေယာက္နဲ႔ ေၾကာင္တစ္ေကာင္ဟာ အၾကည့္ခ်င္းဆံုမိၾကျပန္တယ္။
မုဖင္ရဲ႕ ေခါင္းေလးကို ေမွ်ာ္လင့္ခ်က္ကင္းမဲ့စြာ တစ္ခ်က္ပုတ္လိုက္ေလတယ္။
"မင္းေရာ ဗိုက္ဆာေနၿပီလား"
"ေညႇာင္"
ေၾကာင္ေလးက သူ႔ကို အထင္အျမင္ေသးသလို စိုက္ၾကည့္ေနတယ္။
သူ မုဖင္ကို ေကာက္ေပြ႔ၿပီး suitcase ကို တရြတ္ဆြဲကာ ႏုန္းခ်ည့္ေနတဲ့ ေျခေထာက္ေတြနဲ႔
အနားက စတိုးဆိုင္ေလးတစ္ခုစီ ေလ်ွာက္သြားလိုက္ေလတယ္။
အသင့္စားေခါက္ဆြဲတစ္ဘူးဝယ္ၿပီး ေရေႏြးထည့္လိုက္တယ္။ၿပီးေတာ့ လူတစ္ေယာက္နဲ႔ေၾကာင္တစ္ေကာင္က သူတို႔ထိုင္ခဲ့တဲ့ ခံုတန္းေလးကို ျပန္လာခဲ့ၾကၿပီး
စတင္စားေသာက္ေတာ့တယ္။
မုဖင္က ေညႇာင္လို႔ ေအာ္ဖို႔လည္း မေမ့ဘူး။
သူ႔ရဲ႕ စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့ အမူအယာကို
ရီမင့္ကို ျပခ်င္လြန္းလို႔။
ရီမင္က သက္ျပင္းကို ေလးပင္စြာခ်လိုက္တယ္။
ဒါေပမယ့္ ခ်က္ခ်င္းပဲ ေခါက္ဆြဲဘူးမွာ ၾကက္ဥတစ္လံုး ႐ွိေနတာေတြ႔လိုက္ရတယ္။
သူ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ စတိုးဆိုင္ပိုင္႐ွင္အမ်ိဳးသမီးရဲ႕ ဂရုဏာသက္ေနတဲ့မ်က္ဝန္းနဲ႔ အၾကည္ခ်င္းဆံုတယ္။
"အားမေလ်ာ့ပါနဲ႔ ကေလး! ခက္ခဲတဲ့ေန႔ေတြျဖတ္ေက်ာ္ၿပီးရင္ အနာဂတ္မွာ ပိုေကာင္းတဲ့ဘဝကို ပိုင္ဆိုင္ရမွာပါ"
ရီမင္ သူမကို ေမာ့ၾကည့္ၿပီး ျပံဳးျပ လိုက္တယ္။
"ေက်းဇူးတင္ပါတယ္ခင္ဗ်ာ"
သူမထြက္သြားမွ ေက်နပ္စြာနဲ႔ ေခါက္ဆြဲဘူးထဲ ျပန္ငံု႔ျကည့္လိုက္ေလတယ္။
သူ႔အေတြးထဲ သူ႔အေမကို ျမင္ေယာင္လာမိတယ္။
သူက အေမတစ္ခု သားတစ္ခုဘဝနဲ႕ ႀကီးျပင္းခဲ႕ရတယ္။သူ႔ရဲ႕ အခက္ခဲဆံုးအခ်ိန္ေတြမွာ သူမကပဲ ေထာက္ပံ့ေပးခဲ့ၿပီး သူမကပဲ အားေပးခဲ့တယ္။
အျမဲတမ္းပဲဆိုပါေတာ့။
သူမေၾကာင့္ပဲ ဘဝမွာ ေမွ်ာ္လင့္ခ်က္ေတြ႐ွိလာခဲ့ရတယ္။
သူ႔ေမ်ွာ္လင့္ခ်က္ေတြရဲ႕ ျမစ္ဖ်ားခံရာက သူ႔အေမပဲ။
သူ႔ဘဝရဲ႕ တစ္ခုတည္းေသာေမ်ွာ္လင့္ခ်က္က သူမေပ်ာ္ရႊင္ဖို႔။ဒါေပမယ့္ လြန္ခဲ့တဲ့ ငါးႏွစ္ကပဲ နာမက်န္းျဖစ္ၿပီး ေသဆံုးသြားခဲ့တယ္။
သူမက ၿငိမ္းခ်မ္းစြာပဲ ထြက္ခြာသြားခဲ့တာ။
တျခားလူနာေတြလို ေဆးရံု ေဆးခန္း မသြားခဲ့တာမို႔
တစ္ျပားတစ္ခ်ပ္မွ ကုန္စရာမလိုဘဲ အိမ္မွာေနရင္းနဲ႔
ကံစီမံရာကိုသာ လက္ခံသြားခဲ့တယ္။
သူမထြက္ခြာမသြားခင္မွာ ရီမင့္ကို ဘဝမွာ႐ွင္သန္ေအာင္ေနႏိုင္မယ့္နည္းလမ္းေတြ အၾကံျပဳေပးခဲ့တယ္။သူမထြက္ခြာသြားရင္ ရီမင္တစ္ေယာက္တည္းခ်န္ခဲ့ရမွာမို႔။
အဆံုးသတ္မွာေတာ့ သူမသြားရေတာ့မယ့္အေၾကာင္းကို မ်က္ရည္ေတြနဲ႔ ေျပာျပခဲ့တယ္။
"ရီမင္ ေနာက္လက်ရင္ သားရဲ႕ ေမြးေန႔ေရာက္ၿပီေနာ္"
သူမရဲ႕ မ်က္ရည္ေတြ အဆက္မျပတ္စီးက်ေနၿပီး မ်က္ဝန္းမွာေတာ့ စိုးရိမ္ပူပန္မႈေတြအျပည့္နဲ႔။
"အေမသာ ႐ွိေနေသးရင္ သားအတြက္ ေခါက္ဆြဲျပဳတ္ေပးႏိုင္တယ္..ဒါေပမယ့္ အေမထြက္သြားၿပီးရင္ သားကို ကာကြယ္ေစာင့္ေ႐ွာက္ေပးမယ့္သူ သားမွာ႐ွိလား"
သူမက ေသရမွာမေၾကာက္ပါဘူး။သူမသားေလးတစ္ေယာက္တည္း ေလာကႀကီးထဲက်န္ခဲ့ရမွာကိုသာ ေၾကာက္တာပါ။
ရီမင္ ေခါင္းငိုက္စိုက္ခ်ၿပီး ေခါက္ဆြဲစားေနခဲ့တယ္။
ၾကက္ဥကို ပါးစပ္ထဲထည့္ေနရင္းနဲ႔ မ်က္ရည္စက္ေတြက ပါးျပင္ေပၚကို တလိမ့္ခ်င္း စီးက်လာေလတယ္။
သူ႔အေပၚမွာ သူ႔အေမလို ခ်စ္ခင္ေပးမယ့္သူမ်ိဳး ႐ွာမေတြ႔ႏိုင္ဘူးဆိုတာ သူသိခဲ့သင့္တယ္။
ခ်က္ခ်င္းပဲ သူ႔ႏွလံုးသားေလးက နာက်င္လာေတာ့တယ္။ေခါက္ဆြဲတစ္ခ်ိဳ႕ကို မုဖင္ကို သူေကြၽးလိုက္တယ္။မုဖင္စားၿပီးေတာ့မွ ဘူးခြံကို အမိႈက္ပံုးထဲ ထည့္လိုက္ေလတယ္။
"သြားၾကစို႔ မုဖင္..ေလႏွင္ရာ လြင့္လိုက္ၾကစို႔"
သူ မုဖင္ကို ဖက္ၿပီး ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ျပန္တယ္။မ်က္ရည္ေတြ သုတ္ၿပီး လမ္းမရဲ႕ ဆန႔္က်င္ဘက္အရပ္ကို ဦးတည္ေလ်ွာက္သြားေတာ့တယ္။
"ေညႇာင္"
မုဖင္ရဲ႕ အသံက စူးစူး႐ွ႐ွထြက္လာတယ္။
ရီမင္လွည့္ၾကည့္လိုက္ေတာ့ အ႐ွိန္ျပင္းျပင္းနဲ႔ကားတစ္စီးက သူ႔စီဦးတည္ၿပီးလာေနေလရဲ႕။
🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕
ခဏကြာတော့ taxi က ဟိုတယ်တစ်ခုရှေ့မှာ ရပ်လိုက်တယ်။ရီမင် ပိုက်ဆံပေးမလို့ wallet ကိုဖွင့်တုန်း အထဲမွာ လုံးချေထားတဲ့ မှတ်စုစာရွက်တချို့ကို ရှာတွေ့လိုက်တယ်။
သူ taxiခကို ရင်နာနာနဲ့ ရှင်းလိုက်ရလေတယ်။ဘက်ဂျက်အခြေအနေအရ ဟိုတယ်မှာလည်း ကြာကြာနေဖို့ မတတ်နိုင်ဘူး။
ရီမင်က မုဖင်ကို ရင်ခွင်ထဲပွေ့ထားရင်းနဲ့ လမ်းဘေးက ခုံတန်းလေးမှာ ထိုင်လိုက်တယ်။
ကောင်းကင်ကိုမော့ကြည့်ပြီး သူ့ကိုယ်သူ ဖြတ်ရိုက်ချင်စိတ်တွေ ပေါက်နေလေရဲ့။
ရီမင် မင်းက သောက်အပဲ!
သူ ကျီးဟန်နဲ့အတူ အချိန်ငါးနှစ်ကို ကုန်ဆုံးခဲ့တယ်။
အဲ့ဒီရက်တွေတုန်းက သူဟာ ကျီးဟန်ရဲ့ ပုဂ္ဂိုလ်ရေးလက်ထောက်တစ်ယောက်။
အလုပ်ပြီးတာနဲ့ ကျီးဟန်စားဖို့ ချက်ပြုတ်ပေးတော့တယ်။
ညရောက်တော့လည်း ကျီးဟန်ရဲ့ အိပ်ယာကို နွေးထွေးစေခဲ့ပြီး သူ့ရဲ့ အားအင်အကုန်စိုက်ထုတ်ပြီး
ထိုလူကို ကျေနပ်စေခဲ့တယ်။
အဲ့ဒါက အဲ့ဒါပဲ ဆိုပေမယ့် အရမ်းမိုက်မဲတဲ့သူက သူ့ရဲ့ဝင်ငွေနဲ့ အချိန်တွေအားလုံး ကျီးဟန်စီမှာပဲ မြှုပ်နှံထားခဲ့တယ်။
သူက ငါးနှစ်လုံးလုံး စစ်စစ်စီစီနဲ့ နေခဲ့တယ်။
ကျီးဟန်အတွက် တန်ဖိုးကြီးပြီး ဈေးကြီးတဲ့ လက်ဆောင်တွေ ပြင်ဆင်ခဲ့တယ်။
ကျီီးဟန်ရဲ့ villa အတွက် အိမ်တွင်းအလှဆင်ပစ္စည်းတွေ ၊
ဆန် ၊ စွပ်ပြုတ်အတွက် အသားငါးမျိုးစုံ ၊
အသီးအနှံ ၊ ဟင်းသီးဟင်းရွက် ၊ ထိုလူအတွက်နေ့စဉ်လိုအပ်မယ့် တိုလီမိုလီလေးတွေကအစ သူစုထားတဲ့ပိုက်ဆံတွေနဲ့ပဲ ဝယ်ခြမ်းခဲ့တယ်။
သူက ခံလည်းခံရသေး နံလည်းနံရသေးဆိုသလိုပါပဲ။
သူက သူ့ကိုယ်သူ ကျီးဟန်ရဲ့ မယားငယ်အဖြစ်သာ အမြဲတမ်း မှတ်ယူထားခဲ့တာပါ။
အခု ကျီးဟန်ရဲ့ ပထမဆုံးချစ်သူက ပြန်ရောက်လာခဲ့ပြီဆိုတော့ ဒီမယားငယ်လေးက
အမှိုက်တစ်စလို လွှင့်ပစ်ခံရပြီပေါ့။
နစ်နာကြေးလေးတောင် မရဘဲနဲ့ တံမြက်စည်းနဲ့လှည်းသလို လှည်းထုတ်ခံလိုက်ရတယ်လေ။
ဘယ်လိုတောင် ဆိုးရွားစုတ်ပြတ်လွန်းတဲ့ ဘဝလဲ!
ရီမင် လေးပင်စွာ သက်ပြင်းချလိုက်လေတယ်။
မုဖင်ကလည်း ညှောင်သံတစ်သံကို သံရှည်စွဲအော်တယ်။
အဲ့ဒီနောက် လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်ဟာ အကြည့်ချင်းဆုံမိကြပြန်တယ်။
မုဖင်ရဲ့ ခေါင်းလေးကို မျှော်လင့်ချက်ကင်းမဲ့စွာ တစ်ချက်ပုတ်လိုက်လေတယ်။
"မင်းရော ဗိုက်ဆာနေပြီလား"
"ညှောင်"
ကြောင်လေးက သူ့ကို အထင်အမြင်သေးသလို စိုက်ကြည့်နေတယ်။
သူ မုဖင်ကို ကောက်ပွေ့ပြီး suitcase ကို တရွတ်ဆွဲကာ နုန်းချည့်နေတဲ့ ခြေထောက်တွေနဲ့
အနားက စတိုးဆိုင်လေးတစ်ခုစီ လျှောက်သွားလိုက်လေတယ်။
အသင့်စားခေါက်ဆွဲတစ်ဘူးဝယ်ပြီး ရေနွေးထည့်လိုက်တယ်။ပြီးတော့ လူတစ်ယောက်နဲ့ကြောင်တစ်ကောင်က သူတို့ထိုင်ခဲ့တဲ့ ခုံတန်းလေးကို ပြန်လာခဲ့ကြပြီး
စတင်စားသောက်တော့တယ်။
မုဖင်က ညှောင်လို့ အော်ဖို့လည်း မေမ့ဘူး။
သူ့ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အမူအယာကို
ရီမင့်ကို ပြချင်လွန်းလို့။
ရီမင်က သက်ပြင်းကို လေးပင်စွာချလိုက်တယ်။
ဒါပေမယ့် ချက်ချင်းပဲ ခေါက်ဆွဲဘူးမှာ ကြက်ဥတစ်လုံး ရှိနေတာတွေ့လိုက်ရတယ်။
သူ ခေါင်းမော့ကြည့်လိုက်တော့ စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့ ဂရုဏာသက်နေတဲ့မျက်ဝန်းနဲ့ အကြည်ချင်းဆုံတယ်။
"အားမလျော့ပါနဲ့ ကေလး! ခက်ခဲတဲ့နေ့တွေဖြတ်ကျော်ပြီးရင် အနာဂတ်မှာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ရမှာပါ"
ရီမင် သူမကို မော့ကြည့်ပြီး ပြုံးပြ လိုက်တယ်။
"ကျေးဇူးတင်ပါတယ်ခင်ဗျာ"
သူမထြက္သြားမွ ကျေနပ်စွာနဲ့ ခေါက်ဆွဲဘူးထဲ ပြန်ငုံ့ကြည့်လိုက်လေတယ်။
သူ့အတွေးထဲ သူ့အမေကို မြင်ယောင်လာမိတယ်။
သူက အမေတစ်ခု သားတစ်ခုဘဝနဲ့ ကြီးပြင်းခဲ့ရတယ်။သူ့ရဲ့ အခက်ခဲဆုံးအချိန်တွေမှာ သူမကပဲ ထောက်ပံ့ပေးခဲ့ပြီး သူမကပဲ အားပေးခဲ့တယ်။
အမြဲတမ်းပဲဆိုပါတော့။
သူမကြောင့်ပဲ ဘဝမွာ မျှော်လင့်ချက်တွေရှိလာခဲ့ရတယ်။
သူ့မျှော်လင့်ချက်တွေရဲ့ မြစ်ဖျားခံရာက သူ့အမေပဲ။
သူ့ဘဝရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်က သူမပျော်ရွှင်ဖို့။ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်ကပဲ နာမကျန်းဖြစ်ပြီး သေဆုံးသွားခဲ့တယ်။
သူမက ငြိမ်းချမ်းစွာပဲ ထြက္ခြာသြားခဲ့တာ။
တခြားလူနာတွေလို ဆေးရုံ ဆေးခန်း မသွားခဲ့တာမို့
တစ်ပြားတစ်ချပ်မှ ကုန္စရာမလိုဘဲ အိမ်မှာနေရင်းနဲ့
ကံစီမံရာကိုသာ လက်ခံသွားခဲ့တယ်။
သူမထွက်ခွာမသွားခင်မှာ ရီမင့်ကို ဘဝမှာရှင်သန်အောင်နေနိုင်မယ့်နည်းလမ်းတွေ အကြံပြုပေးခဲ့တယ်။သူမထွက်ခွာသွားရင် ရီမင်တစ်ယောက်တည်းချန်ခဲ့ရမှာမို့။
အဆုံးသတ်မှာတော့ သူမသွားရတော့မယ့်အကြောင်းကို မျက်ရည်တွေနဲ့ ပြောပြခဲ့တယ်။
"ရီမင် နောက်လကျရင် သားရဲ့ မွေးနေ့ရောက်ပြီနော်"
သူမရဲ့ မျက်ရည်တွေ အဆက်မပြတ်စီးကျနေပြီး မျက်ဝန်းမှာတော့ စိုးရိမ်ပူပန်မှုတွေအပြည့်နဲ့။
"အေမသာ ရှိနေသေးရင် သားအတွက် ခေါက်ဆွဲပြုတ်ပေးနိုင်တယ်..ဒါပေမယ့် အမေထွက်သွားပြီးရင် သားကို ကာကွယ်စောင့်ရှောက်ပေးမယ့်သူ သားမှာရှိလား"
သူမက သေရမှာမကြောက်ပါဘူး။သူမသားလေးတစ်ယောက်တည်း လောကကြီးထဲကျန်ခဲ့ရမှာကိုသာ ကြောက်တာပါ။
ရီမင် ခေါင်းငိုက်စိုက်ချပြီး ခေါက်ဆွဲစားနေခဲ့တယ်။
ကြက်ဥကို ပါးစပ်ထဲထည့်နေရင်းနဲ့ မျက်ရည်စက်တွေက ပါးပြင်ပေါ်ကို တလိမ့်ချင်း စီးကျလာလေတယ်။
သူ့အပေါ်မှာ သူ့အမေလို ချစ်ခင်ပေးမယ့်သူမျိုး ရှာမတွေ့နိုင်ဘူးဆိုတာ သူသိခဲ့သင့်တယ်။
ချက်ချင်းပဲ သူ့နှလုံးသားလေးက နာကျင်လာတော့တယ်။ခေါက်ဆွဲတစ်ချို့ကို မုဖင်ကို သူကျွေးလိုက်တယ်။မုဖင်စားပြီးတော့မှ ဘူးခြံကို အမှိုက်ပုံးထဲ ထည့်လိုက်လေတယ်။
"သွားကြစို့ မုဖင်..လေနှင်ရာ လွင့်လိုက်ကြစို့"
သူ မုဖင်ကို ဖက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပြန်တယ်။မျက်ရည်တွေ သုတ်ပြီး လမ်းမရဲ့ ဆန့်ကျင်ဘက်အရပ်ကို ဦးတည်လျှောက်သွားတော့တယ်။
"ညှောင်"
မုဖင်ရဲ့ အသံက စူးစူးရှရှထွက်လာတယ်။
ရီမင်လှည့်ကြည့်လိုက်တော့ အရှိန်ပြင်းပြင်းနဲ့ကားတစ်စီးက သူ့စီဦးတည်ပြီးလာနေလေရဲ့။