Triangle {Completed}

By SebaekVkook9461

297K 22.4K 2.7K

Xiao Zhan - များစွာသော အတုအယောင်တွေကြား စစ်မှန်တဲ့မင်းကိုသာ ငါအချစ်ဆုံး Yibo - ချစ်စရာလူများနေရင်တောင် ကျွန်တ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Not Update
Part-7
No Update
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Apologize
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part_23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Not Update
Part-32
Part-33
Sorry
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50(Final)
EXTRA
Extra-2
Final Extra
❗❗

Part-41

4K 324 20
By SebaekVkook9461

Unicode

တိတ်ဆိတ်လွန်းတဲ့ ထမင်းဝိုင်းမှာ ကိုယ်နဲ့မင်းက မျက်နှာချင်းဆိုင်ထိုင်တယ်။ ငြိမ်သက်သွားလိုက်တာ အချစ်ရယ်။ မင်းကို ဒီလိုဖြစ်အောင် လုပ်လိုက်တဲ့ တရားခံက  ကိုယ်တဲ့လား ခံရခက်လိုက်တာ။ မင်းကို အရင်လို ပြန်ဖြစ်လာအောင် ကိုယ်ဘယ်လိုလုပ်ရမလဲ ဆိုတာ မင်းပြောပြလို့ မရဘူးလားကွာ။

အချိိန်တော်တော် ကြာသည်ထိ စိုက်ကြည့်ခံနေရတာကြောင့် Yibo မနေတတ်တော့။ Xiao Zhanကလည်း လက်ဖဝါးကို မေးစေ့မှာထောက်ပြီး သူ့ကို အားရပါးရကြည့်နေတာကြောင့် Yibo Xiao Zhanကို မျက်လုံးလန်ကြည့်ပြီး~~~

"ခင်များမစားဘူးလား? ကျွန်တော့်ကိုပဲ စိုက်ကြည့်မနေနဲ့ စား"

"အင် ဟုတ်ကဲ့ ခလေးအမိန့်အတိုင်းပါ"

သူထိုသို့ပြောမှအသိဝင်လာပုံရတဲ့ Xiao Zhanက သူ့ကို "အမိန့်အတိုင်းပါ" လာပြောနေတော့ Yibo မျက်မှောင် ကြုံ့သွားမိလေသည်။

"ခင်များ~~~"

Yibo စကားပင်မဆုံးလိုက် သူ့ကို ပြုံးပြုံးလေးနဲ့ နားထောင်နေတဲ့ Xiao Zhanကြောင့် သက်ပြင်းတိုးတိုးလေးချလို့ မနိုင်ဘူး ဆိုတဲ့ သဘောနဲ့ ခေါင်းတွေ ခါနေလိုက်လေသည်။
Xiao Zhanကတော့ သူ့ကို သွားတွေဖြဲပြပြီး ပြုံးနေတုန်း။

တိတ်ဆိတ်တယ်။ အနည်းငယ်မွန်းကြပ်တယ် လို့ ဆိုကြပေမဲ့ တကယ့်တကယ် ရင်ထဲက အနွေးလှိုင်းလေးကိုတော့ နှစ်ယောက်သား သတိမထားမိခဲ့။

ညနေခင်းကြီးက အထီးကျန်နေပါတယ်။ ဒါပေမဲ့ နွေးထွေးတယ်။

~~~~

"ဟင်"

Seoun Youn ညစာ စားဖို့ချက်ရပျင်းနေတာနဲ့ အပြင်ထွက်စားမယ်လုပ်တော့ တံခါးပေါက်ရှေ့မှာ ရပ်နေတဲ့ လူတစ်ယောက် အထူးသဖြင့် သူသိပ်ကို လွမ်းနေမိတဲ့ ကောင်မလေးတစ်ယောက်ကြောင့် တံခါးဝမှာတင် တောင့်တောင့်ကြီးရပ်လို့ ငေးနေမိလေသည်။

"အိုက်ယား အစ်ကို Hae အေးနေပြီလို့ အိမ်ထဲ မခေါ်တော့ဘူးလား ဘာလို့ ရပ်ပြီးငေးနေတာလဲ"

စူအောင့်အာင့် အသံလေးကိုကြားမှ Seoun Younအသိကပ်လာပြီး သူ့ကို စူပုတ်ပြနေတဲ့ Haeကို အရည်ရွမ်းနေတဲ့ မျက်ဝန်းနဲ့ ကြည့်လို့ မရည်ရွယ်ပါပဲ Hae ကိုဆွဲဖက်လိုက်လေသည်။

"ခလေးမ"

"အင့်"

Hae ကိုယ်တိုင်လည်း ရုတ်တရက်မို့ ဘာမှ မစဥ်းစားနိုင်တော့ပဲ Seoun Younရင်ခွင်ထဲမှာတင် မျက်လုံးလေးပြူးလို့ တောင့်တောင့်ကြီး ဖြစ်သွားလေသည်။

တစ်ချို့အချစ်တွေက ဖော်ပြရခက်သည်။
သူရှိနေတယ်လို့ ပြောပြမနေပဲ တည်ရှိပေးနေတတ်တာမျိုး။

~~~~

"ဒါဆို အစ်ကိုလည်း သူနဲ့ အဆက်အသွယ်မရဘူးပေါ့"

"အင်း"

ညစာစားဝိုင်းမှာ အရမ်းလွမ်းခဲ့ရတဲ့ အကြောင်းတွေ ဖွင့်ရခွင့်မရခဲ့ပေမဲ့ ကျွန်တော်တို့ မရပ်မနား စကားပြောနေမိတယ်။ သေချာပေါက် သူမ သိပ်ချစ်ရတဲ့ ကျွန်တော့်ရဲ့ သွေးသောက်ညီငယ်လေး အကြောင်းဖြစ်တယ်။

သူမ ဖွင့်ဟသမျှစကားလုံးကို နားနဲ့ နားထောင်လို့ နှလုံးသားနဲ့ မှတ်ယူတယ်။ ကိုယ့်အတွက် မဟုတ်ပေမဲ့ သူမရဲ့ မြတ်နိုးရာဖြစ်တယ်။

ကျွန်တော် သူမကို ဘယ်ချိန်ကတည်းက ချစ်တာလည်းဆိုတာ ကျွန်တော် မသိဘူး။ ကိုယ့်ကိုယ်နားလည်ချိန်မှာတော့ နှလုံးသားက သူမကို ရွေးချယ္သွားခဲ့နင့်ပြီ။

~~~~

"ဟင်ဟိုမှာ လူတစ်ယောက် ရေနစ်နေတာလား"

"ဆင်းကူကြလေ"

"ဟာ ရေက ကြမ်းတယ်"

မြေပိုင်ရှင်နဲ့ ဘယ်လိုညှိညှိ ညှိမရတာကြောင့် Yiboနဲ့ Xiao Zhan စိတ်ညစ်ညစ်နဲ့ ချောင်းဘေးမှာ လမ်းလျှောက်ကြည့်နေတုန်း လူသံတွေကြောင့် အထူးအဆန်း လုပ်ပြီး နှစ်ယောက်သား ကြည့်လိုက်တော့ ချောင်းထဲမှာ ကလေးမလေးတစ်ယောက် မြုပ်လိုက်ပေါ်လိုက်ဖြစ်နေပေမဲ့ ဘယ်သူမှလည်း ဆင်းမကယ်ရဲ။

"ကျစ်! ခလေးသေတော့မှာပဲ"

ဗွမ်း!!

"ဟယ် ဟိုကောင်လေး!"

"ခလေး!"

ခလေးသေမည်စိုးသဖြင့် ကိုယ့်အရပ်ဒေသမဟုတ်ပေမဲ့ Yibo တွေးမနေပဲ ရေထဲခုန်ဆင်းလို့ ခလေးမဆီ ကူးသွားလေသည်။

အားလုံးအထိတ်ထိတ်အလန့်လန့် ဖြစ်နေချိန်မှာ  Xiao Zhanကိုယ်တိုင်လည်း တုန်ရီနေမိသည်။ သူကိုယ်ဝင်ကူချင်ပေမဲ့ ခြေထောက်တို့က လှုပ်လို့မရ။

Yibo ခုန်ဆင်းတာမြင်သွားတော့ သူ့ရင်ထဲ ချက်ချင်းကိုဟာလို့ အသက်တောင် ဝဝမရှူနိုင်တော့။ သူ့မျက်လုံးထဲမှာ ရေနစ်နေတဲ့ ခလေးငယ် တစ်ယောက်က ပေါ်လိုက်ပျောက်လိုက်နဲ့။

"ဟင့်အင်း မဖြစ်ရဘူး ခလေး မဖြစ်ဘူး"

"အဟွတ် အဟွတ်!!"

Yiboက ခလေးမလေးကို ကယ်လိုက်နိုင်ပြီ ဖြစ်ပေမဲ့ Xiao Zhanက ခုထိ အတွေးကမ္ဘာထဲ ရောက်နေတုန်း။

တုန်လှုပ်နေပေမဲ့ သူကိုယ်တိုင် မစွမ်းဆောင်နိုင်ခဲ့။ နေရာမှာတင် တောင့်တောင့်ကြီးရပ်လို့ ငြိမ်သက်နေလေသည်။

"မြေးလေး မြေးလေး ဖိုးမြေးလေး"

ဖြစ်ချင်တော့ ခလေးမလေးက သူတို့လိုက်ညှိနေတဲ့ မြေပိုင်ရှင်ရဲ့ မြေးလေးဖြစ်နေတာကြောင့် ထိုလူက Yiboကို ကျေးဇူးတင် မျက်လုံးနဲ့ ကြည့်နေလေသည်။

"ခင်များ မြေးကို အိမ်အရင်ခေါ်ပြန်အုံး အရမ်းလန့်နေတာ"

"ကျေးဇူးပါ လူလေးရယ်"

Yibo Xiao Zhan မူမမှန်တာကို တွေ့မိတာကြောင့် အားလုံးကို အမြန်ပြန်ခိုင်းပြီး Xiao Zhanကို လာကြည့်ရလေသည်။

မျက်လုံးသေနဲ့ ရပ်နေတဲ့့ Xiao Zhanက ကျောက်ရုပ်အလား။ Yibo ရင်ထဲ ဟာသွားရလေသည်။

"Xiao Zhan ခင်များ ဘာဖြစ်သွားတာလဲ? Xiao Zhan မနောက်နဲ့နော် ခလေးမလေး ဘေးကင်းပါပြီ Xiao Zhan!"

သူမေးနေတာကို ကြားပုံမပေါ်တာကြောင့် Yibo Xiao Zhan ကိုယ္လုံးကိုပါ ဆုပ်ကိုင်ပြီး လှုပ်လိုက်တော့မှ Xiao Zhanအကြည့်က သူ့ဆီရောက်လာလေသည်။

"နောက်တစ်ခါ အဲ့လိုမလုပ်ပါနဲ့"

"အင့်~~~"

Xiao Zhanထိုသို့ပြောပြီးတာနဲ့ မျက်ရည်တွေကလည်း တဆက်တည်းကို တာကျိုးသလို စီးကျလာလေသည်။ Yiboမှာတော့ အံ့သြချိန်တောင်မရလိုက် Xiao Zhanရင်ခွင်ထဲ မြုပ်နေအောင် ရောက်သွားလေပြီဖြစ်သည်။

"Xiao Zhan ခင်များဘာဖြစ်တာလဲ"

Yibo အသံတို့က စိုးရိမ်တဲ့ဘက်ရောက်နေလေသည်။

"ကြောက်တယ်~~"

"ဟင်"

"ပျောက်သွားမှာကြောက်တယ်။ မတွေ့ရတော့ရင် ဘယ်လိုလုပ်မလဲ။ ရေနစ် နစ် သွားရင် သေ သေ သွားမှာပေါ့။ မရဘူး။ မဖြစ်ရဘူး ပေကျင်းပြန်မယ်။ ဒီမှါ မနေဘူး။ ခလေးလည်း နောက်ထပ်မလုပ်ရဘူး"

အစီအစဥ်မကျတဲ့ စကားတွေနဲ့အတူ တုန်ယင်နေတဲ့ Xiao Zhanက အသိစိတ်တို့ လုံးဝ ပျောက်ကွယ်သွားတဲ့ လူတစ်ယောက်လိုဖြစ်နေလေသည်။

တင်းတင်းကြပ်ကြပ်ဖက်ထားခြင်းခံရတဲ့ Yiboကလည်း အံ့သြခြင်းများစွာနဲ့ ဖြစ်ပျက်သမျှကို ချက်ချင်းနားမလည်နိုင်တော့။

~~~~

တစ်ချို့အတိတ်တွေက တစ်ခါတစ်လေတော့လည်း အိမ်မက်ဆိုးတစ်ခုလိုပါပဲ

~~~~~~~~~~~~~~~~~~~~~~~
Zawgyi

တိတ္ဆိတ္လြန္းတဲ့ ထမင္းဝိုင္းမွာ ကိုယ္နဲ႔မင္းက မ်က္ႏွာခ်င္းဆိုင္ထိုင္တယ္။ ၿငိမ္သက္သြားလိုက္တာ အခ်စ္ရယ္။ မင္းကို ဒီလိုျဖစ္ေအာင္ လုပ္လိုက္တဲ့ တရားခံက  ကိုယ္တဲ့လား ခံရခက္လိုက္တာ။ မင္းကို အရင္လို ျပန္ျဖစ္လာေအာင္ ကိုယ္ဘယ္လိုလုပ္ရမလဲ ဆိုတာ မင္းေျပာျပလို႔ မရဘူးလားကြာ။

အခ်ိန္ေတာ္ေတာ္ ၾကာသည္ထိ စိုက္ၾကည့္ခံေနရတာေၾကာင့္ Yibo မေနတတ္ေတာ့။ Xiao Zhanကလည္း လက္ဖဝါးကို ေမးေစ့မွာေထာက္ၿပီး သူ႔ကို အားရပါးရၾကည့္ေနတာေၾကာင့္ Yibo Xiao Zhanကို မ်က္လံုးလန္ၾကည့္ၿပီး~~~

"ခင္မ်ားမစားဘူးလား? ကြၽန္ေတာ့္ကိုပဲ စိုက္ၾကည့္မေနနဲ႔ စား"

"အင္ ဟုတ္ကဲ့ ခေလးအမိန္႔အတိုင္းပါ"

သူထိုသို႔ေျပာမွအသိဝင္လာပံုရတဲ့ Xiao Zhanက သူ႔ကို "အမိန္႔အတိုင္းပါ" လာေျပာေနေတာ့ Yibo မ်က္ေမွာင္ ႀကံဳ႔သြားမိေလသည္။

"ခင္မ်ား~~~"

Yibo စကားပင္မဆံုးလိုက္ သူ႔ကို ၿပံဳးၿပံဳးေလးနဲ႔ နားေထာင္ေနတဲ့ Xiao Zhanေၾကာင့္ သက္ျပင္းတိုးတိုးေလးခ်လို႔ မႏိုင္ဘူး ဆိုတဲ့ သေဘာနဲ႔ ေခါင္းေတြ ခါေနလိုက္ေလသည္။
Xiao Zhanကေတာ့ သူ႔ကို သြားေတြၿဖဲျပၿပီး ၿပံဳးေနတုန္း။

တိတ္ဆိတ္တယ္။ အနည္းငယ္မြန္းၾကပ္တယ္ လို႔ ဆိုၾကေပမဲ့ တကယ့္တကယ္ ရင္ထဲက အေနြးလိႈင္းေလးကိုေတာ့ ႏွစ္ေယာက္သား သတိမထားမိခဲ့။

ညေနခင္းႀကီးက အထီးက်န္ေနပါတယ္။ ဒါေပမဲ့ ေနြးေထြးတယ္။

~~~~

"ဟင္"

Seoun Youn ညစာ စားဖို႔ခ်က္ရပ်င္းေနတာနဲ႔ အျပင္ထြက္စားမယ္လုပ္ေတာ့ တံခါးေပါက္ေရ႔ွမွာ ရပ္ေနတဲ့ လူတစ္ေယာက္ အထူးသျဖင့္ သူသိပ္ကို လြမ္းေနမိတဲ့ ေကာင္မေလးတစ္ေယာက္ေၾကာင့္ တံခါးဝမွာတင္ ေတာင့္ေတာင့္ႀကီးရပ္လို႔ ေငးေနမိေလသည္။

"အိုက္ယား အစ္ကို Hae ေအးေနၿပီလို႔ အိမ္ထဲ မေခၚေတာ့ဘူးလား ဘာလို႔ ရပ္ၿပီးေငးေနတာလဲ"

စူေအာင့္အာင့္ အသံေလးကိုၾကားမွ Seoun Younအသိကပ္လာၿပီး သူ႔ကို စူပုတ္ျပေနတဲ့ Haeကို အရည္ရြမ္းေနတဲ့ မ်က္ဝန္းနဲ႔ ၾကည့္လို႔ မရည္ရြယ္ပါပဲ Hae ကိုဆြဲဖက္လိုက္ေလသည္။

"ခေလးမ"

"အင့္"

Hae ကိုယ္တိုင္လည္း ရုတ္တရက္မို႔ ဘာမွ မစဥ္းစားႏိုင္ေတာ့ပဲ Seoun Younရင္ခြင္ထဲမွာတင္ မ်က္လံုးေလးျပဴးလို႔ ေတာင့္ေတာင့္ႀကီး ျဖစ္သြားေလသည္။

တစ္ခ်ိဳ႕အခ်စ္ေတြက ေဖာ္ျပရခက္သည္။
သူရိွေနတယ္လို႔ ေျပာျပမေနပဲ တည္ရိွေပးေနတတ္တာမ်ိဳး။

~~~~

"ဒါဆို အစ္ကိုလည္း သူနဲ႔ အဆက္အသြယ္မရဘူးေပါ့"

"အင္း"

ညစာစားဝိုင္းမွာ အရမ္းလြမ္းခဲ့ရတဲ့ အေၾကာင္းေတြ ဖြင့္ရခြင့္မရခဲ့ေပမဲ့ ကြၽန္ေတာ္တို႔ မရပ္မနား စကားေျပာေနမိတယ္။ ေသခ်ာေပါက္ သူမ သိပ္ခ်စ္ရတဲ့ ကြၽန္ေတာ့္ရဲ့ ေသြးေသာက္ညီငယ္ေလး အေၾကာင္းျဖစ္တယ္။

သူမ ဖြင့္ဟသမ်ွစကားလံုးကို နားနဲ႔ နားေထာင္လို႔ ႏွလံုးသားနဲ႔ မွတ္ယူတယ္။ ကိုယ့္အတြက္ မဟုတ္ေပမဲ့ သူမရဲ့ ျမတ္ႏိုးရာျဖစ္တယ္။

ကြၽန္ေတာ္ သူမကို ဘယ္ခ်ိန္ကတည္းက ခ်စ္တာလည္းဆိုတာ ကြၽန္ေတာ္ မသိဘူး။ ကိုယ့္ကိုယ္နားလည္ခ်ိန္မွာေတာ့ ႏွလံုးသားက သူမကို ေရြးခ်ယ္သြားခဲ့နင့္ၿပီ။

~~~~

"ဟင္ဟိုမွာ လူတစ္ေယာက္ ေရနစ္ေနတာလား"

"ဆင္းကူၾကေလ"

"ဟာ ေရက ၾကမ္းတယ္"

ေျမပိုင္ရွင္နဲ႔ ဘယ္လိုၫွိၫွိ ၫွိမရတာေၾကာင့္ Yiboနဲ႔ Xiao Zhan စိတ္ညစ္ညစ္နဲ႔ ေခ်ာင္းေဘးမွာ လမ္းေလ်ွာက္ၾကည့္ေနတုန္း လူသံေတြေၾကာင့္ အထူးအဆန္း လုပ္ၿပီး ႏွစ္ေယာက္သား ၾကည့္လိုက္ေတာ့ ေခ်ာင္းထဲမွာ ကေလးမေလးတစ္ေယာက္ ျမဳပ္လိုက္ေပၚလိုက္ျဖစ္ေနေပမဲ့ ဘယ္သူမွလည္း ဆင္းမကယ္ရဲ။

"က်စ္! ခေလးေသေတာ့မွာပဲ"

ဗြမ္း!!

"ဟယ္ ဟိုေကာင္ေလး!"

"ခေလး!"

ခေလးေသမည္စိုးသျဖင့္ ကိုယ့္အရပ္ေဒသမဟုတ္ေပမဲ့ Yibo ေတြးမေနပဲ ေရထဲခုန္ဆင္းလို႔ ခေလးမဆီ ကူးသြားေလသည္။

အားလံုးအထိတ္ထိတ္အလန္႔လန္႔ ျဖစ္ေနခ်ိန္မွာ  Xiao Zhanကိုယ္တိုင္လည္း တုန္ရီေနမိသည္။ သူကိုယ္ဝင္ကူခ်င္ေပမဲ့ ေျခေထာက္တို႔က လႈပ္လို႔မရ။

Yibo ခုန္ဆင္းတာျမင္သြားေတာ့ သူ႔ရင္ထဲ ခ်က္ခ်င္းကိုဟာလို႔ အသက္ေတာင္ ဝဝမရႉႏိုင္ေတာ့။ သူ႔မ်က္လံုးထဲမွာ ေရနစ္ေနတဲ့ ခေလးငယ္ တစ္ေယာက္က ေပၚလိုက္ေပ်ာက္လိုက္နဲ႔။

"ဟင့္အင္း မျဖစ္ရဘူး ခေလး မျဖစ္ဘူး"

"အဟြတ္ အဟြတ္!!"

Yiboက ခေလးမေလးကို ကယ္လိုက္ႏိုင္ၿပီ ျဖစ္ေပမဲ့ Xiao Zhanက ခုထိ အေတြးကမ႓ာထဲ ေရာက္ေနတုန္း။

တုန္လႈပ္ေနေပမဲ့ သူကိုယ္တိုင္ မစြမ္းေဆာင္ႏိုင္ခဲ့။ ေနရာမွာတင္ ေတာင့္ေတာင့္ႀကီးရပ္လို႔ ၿငိမ္သက္ေနေလသည္။

"ေျမးေလး ေျမးေလး ဖိုးေျမးေလး"

ျဖစ္ခ်င္ေတာ့ ခေလးမေလးက သူတို႔လိုက္ၫွိေနတဲ့ ေျမပိုင္ရွင္ရဲ့ ေျမးေလးျဖစ္ေနတာေၾကာင့္ ထိုလူက Yiboကို ေက်းဇူးတင္ မ်က္လံုးနဲ႔ ၾကည့္ေနေလသည္။

"ခင္မ်ား ေျမးကို အိမ္အရင္ေခၚျပန္အံုး အရမ္းလန္႔ေနတာ"

"ေက်းဇူးပါ လူေလးရယ္"

Yibo Xiao Zhan မူမမွန္တာကို ေတြ့မိတာေၾကာင့္ အားလံုးကို အျမန္ျပန္ခိုင္းၿပီး Xiao Zhanကို လာၾကည့္ရေလသည္။

မ်က္လံုးေသနဲ႔ ရပ္ေနတဲ့႔ Xiao Zhanက ေက်ာက္ရုပ္အလား။ Yibo ရင္ထဲ ဟာသြားရေလသည္။

"Xiao Zhan ခင္မ်ား ဘာျဖစ္သြားတာလဲ? Xiao Zhan မေနာက္နဲ႔ေနာ္ ခေလးမေလး ေဘးကင္းပါၿပီ Xiao Zhan!"

သူေမးေနတာကို ၾကားပံုမေပၚတာေၾကာင့္ Yibo Xiao Zhan ကိုယႅံုးကိုပါ ဆုပ္ကိုင္ၿပီး လႈပ္လိုက္ေတာ့မွ Xiao Zhanအၾကည့္က သူ႔ဆီေရာက္လာေလသည္။

"ေနာက္တစ္ခါ အဲ့လိုမလုပ္ပါနဲ႔"

"အင့္~~~"

Xiao Zhanထိုသို႔ေျပာၿပီးတာနဲ႔ မ်က္ရည္ေတြကလည္း တဆက္တည္းကို တာက်ိဳးသလို စီးက်လာေလသည္။ Yiboမွာေတာ့ အံ့ၾသခ်ိန္ေတာင္မရလိုက္ Xiao Zhanရင္ခြင္ထဲ ျမဳပ္ေနေအာင္ ေရာက္သြားေလၿပီျဖစ္သည္။

"Xiao Zhan ခင္မ်ားဘာျဖစ္တာလဲ"

Yibo အသံတို႔က စိုးရိမ္တဲ့ဘက္ေရာက္ေနေလသည္။

"ေၾကာက္တယ္~~"

"ဟင္"

"ေပ်ာက္သြားမွာေၾကာက္တယ္။ မေတြ့ရေတာ့ရင္ ဘယ္လိုလုပ္မလဲ။ ေရနစ္ နစ္ သြားရင္ ေသ ေသ သြားမွာေပါ့။ မရဘူး။ မျဖစ္ရဘူး ေပက်င္းျပန္မယ္။ ဒီမွါ မေနဘူး။ ခေလးလည္း ေနာက္ထပ္မလုပ္ရဘူး"

အစီအစဥ္မက်တဲ့ စကားေတြနဲ႔အတူ တုန္ယင္ေနတဲ့ Xiao Zhanက အသိစိတ္တို႔ လံုးဝ ေပ်ာက္ကြယ္သြားတဲ့ လူတစ္ေယာက္လိုျဖစ္ေနေလသည္။

တင္းတင္းၾကပ္ၾကပ္ဖက္ထားျခင္းခံရတဲ့ Yiboကလည္း အံ့ၾသျခင္းမ်ားစြာနဲ႔ ျဖစ္ပ်က္သမ်ွကို ခ်က္ခ်င္းနားမလည္ႏိုင္ေတာ့။

~~~~

တစ္ခ်ိဳ႕အတိတ္ေတြက တစ္ခါတစ္ေလေတာ့လည္း အိမ္မက္ဆိုးတစ္ခုလိုပါပဲ

~~~~~~~~~~~~~~~~~~~~~~~



Continue Reading

You'll Also Like

2.9K 90 11
Mafia au! "And that's how little kitten-being caught in the hands of N109 zone leader ,poor little kitty"-SYLUS. -in which she found an injured attra...
149K 12.3K 51
BOOK #3 He's like a storm-unpredictable and dangerous. I knew he was a sick bastard when he smiled after I hit him the first time. Annoying and obses...
1M 38.3K 116
"We're with you! Hyung!" The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! In a heartwarming tale of...
278K 15.8K 109
Reborn in the Naruto world, Shin Uzumaki finds himself in the doomed Land of Whirlpools. As a member of the Uzumaki Clan! Trapped in a world filled w...