(U)
စာမေးပွဲ ...
Baekhyun ဘဝမှာ သခွားသီးပြီးရင် အမုန်းဆုံးအရာကိုပြောပါဆိုလျှင် စာမေးပွဲပင်ဖြစ်သည်။
ငယ်ငယ်လေးတည်းကနေ အခုချိန်ထိကို ခါးခါးသီးသီးမုန်းတဲ့အရာနှစ်ခု။
Henry Fischel သည်ဘယ်လိုအတွေးနဲ့များ စာမေးပွဲဆိုတာကိုစတီထွင်ခဲ့သလဲ။
သခွားသီးကို India နိုင်ငံမှာ ဘာကြောင့်များရှာဖွေတွေ့ရှိခဲ့ရသလဲ။
စာမေးပွဲခန်းထဲမှာ Baekhyun ခေါင်းကိုပဲကုတ်နေမိသည်။
လူကငြိမ်သက်နေသော်ငြား သူ့အတွေးတွေကတော့ ပြာယာခတ်နေသည်။
ကျက်ခဲ့သောစာတွေအကုန်လုံးက ရောထွေးကုန်ကာဘာမှ ဆွဲထုတ်လို့မရ။ ဟင်းလင်းပြင်ဖြစ်နေတဲ့ ဦးနှောက်ထဲမှာ ရှောင်ပြေးကာပုန်းနေသည့် မှတ်ဉာဏ်တွေကို ဘယ်လိုနည်းဖြင့်အမိဖမ်းရပါ့။
အပ်ချည်ကြိုးတို့ဖြင့် ရှုပ်ထွေးနေသော အပ်ချည်လုံးတစ်လုံးလို လမ်းစကိုရှာမရ။
ကောက်ရိုးပုံထဲ အပ်ပျောက်ရှာဆိုတဲ့စကားပုံအတိုင်း ယောင်ဝါးဝါးစာတွေအကြား သူတော့လမ်းပျောက်နေပြီ။
" ငါလည်း အပ်တောထဲကနေကိုမထွက်တော့ဘူး ''
ကိုယ့်ခေါင်းကိုထုပြီး ခပ်တိုးတိုးပြောလိုက်တော့ အတန်းစောင့်ဆရာကမကြားဘဲ အရှေ့ဆုံးတန်းမှာထိုင်နေသည့် Chanyeolထံသို့အသံလှိုင်းကပျံ့နှံ့သွားပုံရပြီး လှည့်ကြည့်လာသည်။
စာမေးပွဲခန်းထဲမှာ သူများတွေအကုန်လုံးကကိုယ်စီကိုယ်စီ Extra Answer Papers တွေ မြိုင်မြိုင်ဆိုင်ဆိုင်တောင်းနေကြတော့ Baekhyunမှာ အားကျရုံမှတပါးမတတ်နိုင်တော့။
သူကတော့ အတွေးထဲပေါ်လာသမျှကိုသာ Answer Paper ပေါ်ကောက်ရေးလိုက်သည်။ အမှတ်ပေးတာ၊မပေးတာ တီချယ်တို့အပိုင်း။
ဖြေရင်းဖြေရင်း အချိန်စေ့ဖို့ ဆယ့်ငါးမိနစ်လောက်အလိုမှ ခေါင်းထဲမှာ ဒက်ခနဲပေါ်လာသည့်အတွေးကြောင့်Baekhyun အတန်းစောင့်ဆရာကို စာရွက်အပိုလှမ်းတောင်းလိုက်သည်။
" Extra Paper "
" Extra Answer Paper ''
ဇာတ်တိုက်ထားခြင်းမရှိဘဲ အရာရာထပ်တူညီနေသည့် Soulmate နှစ်ယောက်ရဲ့ပြိုင်တူထွက်လာသော အသံနှစ်သံကြောင့် စာရွက်တစ်ရွက်ပဲ လက်ထဲမှာကိုင်ထားသည့်ဆရာတောင် ယောင်နနဖြစ်သွားရ၏။
စာရွက်အပိုတောင်းတဲ့ နှစ်ဦးကလည်း Chanyeol နှင့် Baekhyun ။
ဘယ်သူ့ကိုပေးရမလဲ ဆရာကိုယ်တိုင်တောင်ဝေခွဲမရ။
" စာရွက်ကတစ်ရွက်ပဲကျန်တော့တာ ..အချိန်က ဆယ့်ငါးမိနစ်ပဲ ကျန်တော့တာဆိုတော့ ရုံးခန်းမှာ သွားယူမယ်ဆိုရင် အချိန်မလောက်ဘူးထင်တယ် ''
" Baekhyunကိုပဲ ပေးလိုက်ပါ၊ ကျွန်တော်မယူတော့ဘူး ''
Baekhyunအတွက် မဆိုင်းမတွ ဦးစားပေးလိုက်သည်။
ဆရာက သူ့ကိုနားမလည်သောအကြည့်တို့ဖြင့်ကြည့်နေတာသိပေမယ့် Chanyeol ဂရုမစိုက်။ သူဂရုစိုက်တာက Baekhyunအတွက်၊ သူတတ်နိုင်သမျှ အကုန်ဖြည့်ဆည်းပေးဖို့အတွက်ပင်။
ဆရာပေးတဲ့စာရွက်ကိုယူပြီး Chanyeolကို လှမ်းကြည့်လိုက်တော့ နူးညံ့စွာပြုံးပြလာသည်။
" အကောင်းဆုံးဖြေ ''
ပါးစပ်ကလေးလှုပ်ရုံ ပြောလိုက်တာဖြစ်ပေမယ့် နှလုံးသားချင်းရင်းနှီးပြီးသား လူနှစ်ယောက်ဖြစ်တာကြောင့် Baekhyun ကတော့နားလည်သည်။
အရေးကြီးတဲ့အချိန်မှာတောင် သူ့အတွက်မတွေးဘဲ ကိုယ့်ကိုပဲဦးစားပေးတဲ့ ဒီလိုကောင်လေးမျိုးကို ဒီတစ်သက်လုံး ထပ်တွေ့နိုင်မည်မထင်။
...
" ဖြေနိုင်လားခင်ဗျ ''
အနားကို ပျင်းတွဲတွဲလျှောက်လာသည့် Baekhyunရဲ့ ဆံပင်လေးတွေကို လှန်သပ်ကာမေးလိုက်တော့ ချစ်ရသူက မျက်နှာမသာမယာနဲ့ခေါင်းခါပြသည်။
" မဖြေနိုင်ဘူး ''
Baekhyun အသံက စိတ်ပျက်လက်ပျက် ပြောတယ်ဆိုတာထက် ဝမ်းနည်းမှုပါရောယှက်နေတာကြောင့် Chanyeol ဒီကောင်လေးကိုနှစ်သိမ့်ရန် ကြိုးစားရတော့သည်။
" အောင်မှာပါ။ မအောင်ရင်ဒီကျောင်းကိုမီးရှို့ပစ်မယ် ''
" အောင်ရင်တောင်မှ Grade ကကောင်းပါ့မလား။ ဒီလိုပုံစံမျိုးနဲ့သာဆိုရင် ဘွဲ့ရပြီးတာတောင် ဘယ်ကုမ္ပဏီကမှ လက်ခံမှာမဟုတ်ဘူး ''
ထိုနေရာမှာတင် Baekhyun ဆောင့်ကြောင့်ထိုင်ချလိုက်တော့သည်။
" စာမေးပွဲကျရင် ဖေဖေနဲ့မေမေကဆူမှာ ... ''
မောင့်ကလေးလေးဟာ တကယ့်ကိုငါးနှစ်သားလေးပါ။
" ဖေဖေနဲ့မေမေ့ဆူရင် မောင့်ဆီပြေးလာခဲ့ကွာ ''
ပါးဖောင်းဖောင်းလေးကို ရွှတ်ခနဲနမ်းရှိုက်ချင်နေတဲ့စိတ်တို့ကို အတတ်နိုင်ဆုံးချိုးနှိမ်ကာ ဆောင့်ကြောင့်ထိုင်နေသည့် Baekhyun ရဲ့ကိုယ်လေးကို အနောက်ကနေပွေ့ချီလိုက်သည်။
" ဘာလုပ်တာလဲ ''
" ဆူရှီသွားစားမယ် ''
" ဆူရှီမစားချင်ဘူး ''
" ဂေါ်လီလုံးတွေကို မန်ကျည်းရည်စိမ်ထားတဲ့ဟာသောက်မလား ''
" ဟမ် .. ဘာကြီးကိုပြောနေတာလဲ ဪ .. Bubble Tea လား ဟားဟား..''
ပေါက်ကရတွေ လျှောက်ပြောတော့မှ ရယ်မောလာသောချစ်ရသူကြောင့် Chanyeol လည်းအသက်ရှူချောင်တော့သည်။
စိတ်ညစ်နေသော ချစ်ရသူအတွက် ဒီနေ့တစ်ရက်တော့ လူရွှင်တော်လုပ်ရဦးမည်။
ရုပ်ဘယ်လောက်တည်ပြီး cool guy ကြီးဖြစ်နေလည်း ချစ်သူနဲ့တွေ့ရင် ငပေါကြီးလည်းဖြစ်ပေးရတာပဲ။
...
" အရသာရှိသားပဲ ''
တစ်ခုပြီးတစ်ခု ပလုပ်ပလောင်းစားနေတဲ့ Baekhyun ကစာမေးပွဲကိစ္စကိုတောင် မေ့ပျောက်ပျောက်ဖြစ်သွားသည်။
" ကျောင်းပြီးရင် ဘယ်မှာအလုပ်ဝင်ဖို့စိတ်ကူးထားလဲ ''
" ကိုယ်က အလုပ်ရှိပြီးသား ''
" ဟင်''
" Suho Hyung ရဲ့အဖေ၊ ကိုယ့်ဦးလေးရဲ့ကုမ္ပဏီမှာ အလုပ်ဝင်နေတာကြာပြီ။ ပညာတော်သင်တစ်နှစ်ဆိုပြီး ခွင့်တင်ပြီး မင်းနဲ့အတူကျောင်းပြန်တက်နေတာ ''
Chanyeolစကားကြောင့် Baekhyun အစာမကြေတော့သလိုပင် ခံစားသွားရပြီး လက်ထဲမှာကိုင်ထားသည့် တူကို စားပွဲပေါ်သို့ပြန်ချလိုက်တော့သည်။
ကိုယ်နဲ့အတူ ကျောင်းပြန်တက်ချင်လို့ အလုပ်တောင် ခဏနားထားတယ်ဆိုပဲ။ မောင့်ကို အလုပ်အကိုင်မရှိသေးဘူးလို့ ထင်နေတာ။
" တော်လိုက်တာ Park Chanyeol က ''
" များပြားလှတဲ့ အလုပ်တွေကိုပလစ်ပြီး တိတ်တခိုးချစ်ရတဲ့ကောင်လေးကို စောင့်ရှောက်ဖို့ ကျောင်းပြန်တက်နေတဲ့ကိုယ်က တော်တာပေါ့ ဟုတ်တယ်မလား ''
ပျားရည်ကို အချိုဆုံးလို့ထင်နေတာ Chanyeol က Baekhyun ကိုကြည့်တဲ့ အချစ်မျက်ဝန်းနဲ့ ယှဉ်လိုက်ရင် ပျားရည်ကလည်း အချိုမရှိသည့် ရေအတိုင်းပင်ဖြစ်သွားသည်။
" စားလို့ဝပြီလား ပိုက်ဆံရှင်းလိုက်တော့မယ် ''
ဘာမှထပ်မစားတော့သော Baekhyun ကြောင့် Chanyeol ပိုက်ဆံရှင်းရန်ပြင်လိုက်သည်။
ငွေရှင်းကောင်တာကိုရောက်တော့ ကောင်တာကမိန်းကလေးက Baekhyun မျက်နှာကိုသေချာကြည့်နေတာကြောင့်
Chanyeol ကBaekhyunရဲ့လက်ကို တမင်ဆုပ်ကိုင်ပြကာ ပိုက်ဆံရှင်းလိုက်သည်။
" ညီအစ်ကိုနှစ်ယောက်လား ''
" ဟုတ်တယ်၊ အဖေမတူအမေကွဲတွေ ''
" နာမည်ဘယ်လိုခေါ်လဲ ''
Baekhyun ပြန်ဖြေရန်ကြံနေတုန်းမှာပဲ Chanyeol ကဟန့်တားလိုက်ကာ ကောင်တာကကောင်မလေးကို ဘုကြည့်ကြည့်ပြီး လက်ထဲကပြန်အမ်းသည့်ပိုက်ဆံကို ဆွဲယူလိုက်သည်။
" နောက်ဘယ်တော့မှ မလာဘူး! ''
မကြားတကြားပြောကာ Baekyunလက်ကိုကိုင်ပြီး ဆိုင်ထဲမှထွက်သွားသည့် Chanyeolကြောင့် သူမ အသံထွက်ကာရယ်မောလိုက်တော့သည်။
" နှစ်ယောက်လုံးက တွဲဖက်ညီလိုက်ကြတာ ''
တလှုပ်လှုပ်ရွေ့လျားနေသော အနိမ့်အမြင့်မတူသည့် ကျောပြင်နှစ်ခုကိုကြည့်ကာ သူမခပ်တိုးတိုးလေးရေရွတ်မိလိုက်သည်။
ရုပ်ချောချောကောင်လေးနှစ်ယောက်။
တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေတဲ့မျက်ဝန်းတွေက ဘေးလူတွေအမြင်မှာတောင် ကြည်နူးစရာအတိ။
နှစ်ယောက်သား ဘေးချင်းကပ်ယှဉ်ရပ်နေတာတောင် လိုက်ဖက်မှုတွေက ပြည့်လျှံနေတာမျိုး။
...
" ဘာလို့လဲ၊ အဲ့ဆိုင်ကဆူရှီကစားကောင်းတဲ့ဟာကို ''
Baekhyun မကျေနပ်သလိုပြောတော့ Chanyeol လျှောက်လက်စခြေလှမ်းတို့ကိုနှေးလိုက်သည်။
" အဲ့ထက်ပိုကောင်းတဲ့ဟာကို ကိုယ်တိုင်လုပ်ကျွေးမယ် ''
Chanyeolရဲ့ချော့ပုံချော့နည်းက သက်ရောက်သည်ထင်၏။ Baekhyun ဘာမှဆက်မပြောတော့။
" ဘေဘီ ... Queen of the Night ပန်းအကြောင်းကိုသိလား ''
" ဟင့်အင်း ''
" Queen of the Night ပန်းတွေက နေ့ဘက်မှာမပွင့်ဘူး။ ညဘက်မှာမှပွင့်တယ်တဲ့..ညဘက်ဆိုလို့လည်း ညတိုင်းမပွင့်ဘူးနော်၊ တစ်နှစ်မှာမှ တစ်ခါတည်းပွင့်တာ .. ''
" ဪ ''
" မောင့်အချစ်တွေကလည်း Queen of the Night
ပန်းတွေလိုပဲ ''
ပြုံးစစနဲ့ကောင်းကင်ကို မော့ကြည့်ကာပြောနေသည့် Chanyeol မျက်နှာကို Baekhyunမော့ကြည့်ကာ ဆက်ပြောမည့် စကားလုံးတို့ကို နားစွင့်နေလိုက်သည်။
" မောင့်ဘဝမှာလေ မိန်းကလေးတွေထဲက တစ်ယောက်ကိုမှရင်မခုန်ဖူးဘူး။ ဒါပေမဲ့ ယောကျာ်းလေးတစ်ယောက်ကိုတော့ချစ်မိသွားတယ်။ တစ်သက်မှာ တစ်ခါပဲပုံအောပြီး ချစ်မယ့်အချစ်မျိုးနဲ့ ''
Chanyeol ဆက်ပြောမည့်စကားတွေကို ခဏရပ်လိုက်ပြီး Baekhyun ကိုငုံ့ကြည့်လိုက်သည်။
မှောင်ရီပျိုးစအချိန်ဆိုပေမယ့် Baekhyunရဲ့မျက်နှာလေးက တောက်ပနေသလို။
" 6' 1'' ရှည်တဲ့ကိုယ်က ဘယ်သူ့ကိုမှ ငုံ့မကြည့်ဖူးဘူး။ 5' 9'' ရှိတဲ့မင်းကလွဲရင်.. ရှုံးနိမ့်ရမှာ မနှစ်သက်တဲ့ကိုယ်က မင်းကိုတော့ အမြဲတမ်းအနိုင်ပေးချင်မိတယ်။ဘယ်သူ့ကိုမှ ခခယယ မဆက်ဆံဖူးတဲ့ကိုယ်က မင်းအတွက်ဆို အချိန်မရွေး ဒူးထောက်ရဲတယ်''
" ရည်း .. ရည်းစားစကား ပြောနေတာလား ''
အနည်းငယ်ရှက်နေပုံရတဲ့ Baekhyun မျက်နှာက ပန်းရောင်သန်းနေတာကြောင့် Chanyeol ဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်တော့သည်။
" ငါ့ဘဝမှာအချစ်ဆုံးက မောင်၊ အမုန်းဆုံးက သခွားသီး ပြီးတော့ Henry Fischel ''
" ဘယ်သူ ''
" စာမေးပွဲဆိုတာချည်းကို ပထမဦးဆုံးလုပ်ခဲ့တဲ့သူ ''
နောက်ဆုံးတော့ စာမေးပွဲဆိုသည့်ဘူတာကိုပဲ ပြန်ဆိုက်သည့် ချစ်သူလေးပါလေ။
" အဲ့တစ်ယောက်ကို မောင်သွားပြောပေးမယ်၊စာမေးပွဲတွေကို ပြန်ရုတ်သိမ်းပေးဖို့ ''
" သူက 2008တည်းကဆုံးသွားပြီ ''
မျက်စောင်းဟု မခေါ်ထိုက်သော အကြည့်လေးဖြင့်ပြောကာ ကိုယ်ပေါ်ကို အနောက်ကနေ ချက်ချင်းပြေးတက်လာတဲ့ Baekhyunကြောင့် Chanyeol အလိုက်သင့်ပြန်ထိန်းထားလိုက်သည်။
" မောင် ငါ့ကိုချစ်လား၊ ဘယ်လောက်ချစ်လဲ ''
Chanyeol မဖြေဘဲ သူ့ကိုကျောပိုးထားလျက် ကောင်းကင်ကိုပဲ မော့ကြည့်နေတာကြောင့် Chanyeolရဲ့နားရွက်တစ်ဖက်ကို ကိုက်ပစ်လိုက်သည်။
" ဟေ့ ဘေဘီ ''
နာတယ်ဟုလည်းမပြော။ မလုပ်နဲ့လို့လည်းတစ်ခွန်းမှမဟ။ စိတ်တိုခြင်းလည်းမရှိ။ ချစ်စနိုးဖြင့်ပေးထားသည့် နာမည်လေးကိုပဲခေါ်ရုံပင်။
Chanyeolနည်းတူ သူလည်းကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်တွေပင်တော်တော်စုံနေပြီ။
" ကြယ်တွေရေတွက်ချင်တယ် .. တစ် နှစ် သုံး ''
Chanyeol ကျောပေါ်ကနေ လက်ညှိုးတထိုးထိုးနဲ့ ကြယ်တွေကိုရေတွက်ပြီး လိုက်ပါလာသည့်ကောင်လေးက နောက်ဆုံးတော့မောသွားပြီထင်သည်။ Chanyeolပခုံးပေါ်မှာပဲ အိပ်ပျော်သွားတော့လေသည်။
ကျောပြင်ပေါ်က အသက်ရှူသံခပ်နွေးနွေးလေသည် Chanyeol ရဲ့နှလုံးသားထဲသို့ နူးနူးညံ့ညံ့စီးဝင်လာသည်။
" ကြယ်တွေကိုတောင် မရေတွက်နိုင်တာ၊ မောင့်အချစ်တွေကို ရေတွက်လို့ရမယ်တဲ့လားဘေဘီဟျွန်း ''
အိပ်ပျော်သွားပြီဖြစ်တဲ့ ကောင်လေးက မကြားတော့သော်လည်း သူခပ်တိုးတိုးလေးပြောလိုက်သည်။
Baekhyunကို တစ်သက်လုံး သူ့ကိုယ်ပေါ်မှာပဲချီပိုးထားလို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ခြေရာတွေက လမ်းမထက်တွင်ကျန်ရစ်ခဲ့ပေမဲ့ လှပတဲ့ချစ်ခြင်းတစ်စုံကတော့ သူတို့နှလုံးအိမ်ထဲတွင်ကျမပျောက်ဘဲ လုံခြုံစွာရှိနေဆဲပင်ဖြစ်သည်။
(Z)
စာေမးပြဲ ...
Baekhyun ဘဝမွာ သခြားသီးၿပီးရင္ အမုန္းဆံုးအရာကိုေျပာပါဆိုလ်ွင္ စာေမးပြဲပင္ျဖစ္သည္။
ငယ္ငယ္ေလးတည္းကေန အခုခ်ိန္ထိကို ခါးခါးသီးသီးမုန္းတဲ့အရာႏွစ္ခု။
Henry Fischel သည္ဘယ္လိုအေတြးနဲ႔မ်ား စာေမးပြဲဆိုတာကိုစတီထြင္ခဲ့သလဲ။
သခြားသီးကို India ႏိုင္ငံမွာ ဘာေၾကာင့္မ်ား႐ွာေဖြေတြ႔႐ွိခဲ့ရသလဲ။
စာေမးပြဲခန္းထဲမွာ Baekhyun ေခါင္းကိုပဲကုတ္ေနမိသည္။
လူကၿငိမ္သက္ေနေသာ္ျငား သူ႔အေတြးေတြကေတာ့ ျပာယာခတ္ေနသည္။
က်က္ခဲ့ေသာစာေတြအကုန္လံုးက ေရာေထြးကုန္ကာဘာမွ ဆဲြထုတ္လို႔မရ။ ဟင္းလင္းျပင္ျဖစ္ေနတဲ့ ဦးေႏွာက္ထဲမွာ ေ႐ွာင္ေျပးကာပုန္းေနသည့္ မွတ္ဥာဏ္ေတြကို ဘယ္လိုနည္းျဖင့္အမိဖမ္းရပါ့။
အပ္ခ်ည္ႀကိဳးတို႔ျဖင့္ ႐ႈပ္ေထြးေနေသာ အပ္ခ်ည္လံုးတစ္လံုးလို လမ္းစကို႐ွာမရ။
ေကာက္႐ုိးပံုထဲ အပ္ေပ်ာက္႐ွာဆိုတဲ့စကားပံုအတိုင္း ေယာင္ဝါးဝါးစာေတြအၾကား သူေတာ့လမ္းေပ်ာက္ေနၿပီ။
" ငါလည္း အပ္ေတာထဲကေနကိုမထြက္ေတာ့ဘူး ''
ကိုယ့္ေခါင္းကိုထုၿပီး ခပ္တိုးတိုးေျပာလိုက္ေတာ့ အတန္းေစာင့္ဆရာကမၾကားဘဲ အေ႐ွ႕ဆံုးတန္းမွာထိုင္ေနသည့္ Chanyeolထံသို႔အသံလိႈင္းကပ်ံ႕ႏွံ႔သြားပံုရၿပီး လွည့္ၾကည့္လာသည္။
စာေမးပြဲခန္းထဲမွာ သူမ်ားေတြအကုန္လံုးကကိုယ္စီကိုယ္စီ Extra Answer Papers ေတြ ျမိဳင္ၿမိဳင္ဆိုင္ဆိုင္ေတာင္းေနၾကေတာ့ Baekhyunမွာ အားက်႐ုံမွတပါးမတတ္ႏိုင္ေတာ့။
သူကေတာ့ အေတြးထဲေပၚလာသမ်ွကိုသာ Answer Paper ေပၚေကာက္ေရးလိုက္သည္။ အမွတ္ေပးတာ၊မေပးတာ တီခ်ယ္တို႔အပိုင္း။
ေျဖရင္းေျဖရင္း အခ်ိန္ေစ့ဖို႔ ဆယ့္ငါးမိနစ္ေလာက္အလိုမွ ေခါင္းထဲမွာ ဒက္ခနဲေပၚလာသည့္အေတြးေၾကာင့္Baekhyun အတန္းေစာင့္ဆရာကို စာရြက္အပိုလွမ္းေတာင္းလိုက္သည္။
" Extra Paper "
" Extra Answer Paper ''
ဇာတ္တိုက္ထားျခင္းမ႐ွိဘဲ အရာရာထပ္တူညီေနသည့္ Soulmate ႏွစ္ေယာက္ရဲ႕ၿပိဳင္တူထြက္လာေသာ အသံႏွစ္သံေၾကာင့္ စာရြက္တစ္ရြက္ပဲ လက္ထဲမွာကိုင္ထားသည့္ဆရာေတာင္ ေယာင္နနျဖစ္သြားရ၏။
စာရြက္အပိုေတာင္းတဲ့ ႏွစ္ဦးကလည္း Chanyeol ႏွင့္ Baekhyun ။
ဘယ္သူ႔ကိုေပးရမလဲ ဆရာကိုယ္တိုင္ေတာင္ေဝခဲြမရ။
" စာရြက္ကတစ္ရြက္ပဲက်န္ေတာ့တာ ..အခ်ိန္က ဆယ့္ငါးမိနစ္ပဲ က်န္ေတာ့တာဆိုေတာ့ ႐ုံးခန္းမွာ သြားယူမယ္ဆိုရင္ အခ်ိန္မေလာက္ဘူးထင္တယ္ ''
" Baekhyunကိုပဲ ေပးလိုက္ပါ၊ ကြၽန္ေတာ္မယူေတာ့ဘူး ''
Baekhyunအတြက္ မဆိုင္းမတြ ဦးစားေပးလိုက္သည္။
ဆရာက သူ႔ကိုနားမလည္ေသာအၾကည့္တို႔ျဖင့္ၾကည့္ေနတာသိေပမယ့္ Chanyeol ဂ႐ုမစိုက္။ သူဂ႐ုစိုက္တာက Baekhyunအတြက္၊ သူတတ္ႏိုင္သမ်ွ အကုန္ျဖည့္ဆည္းေပးဖို႔အတြက္ပင္။
ဆရာေပးတဲ့စာရြက္ကိုယူၿပီး Chanyeolကို လွမ္းၾကည့္လိုက္ေတာ့ ႏူးညံ့စြာျပံဳးျပလာသည္။
" အေကာင္းဆံုးေျဖ ''
ပါးစပ္ကေလးလႈပ္႐ုံ ေျပာလိုက္တာျဖစ္ေပမယ့္ ႏွလံုးသားခ်င္းရင္းႏွီးၿပီးသား လူႏွစ္ေယာက္ျဖစ္တာေၾကာင့္ Baekhyun ကေတာ့နားလည္သည္။
အေရးႀကီးတဲ့အခ်ိန္မွာေတာင္ သူ႔အတြက္မေတြးဘဲ ကိုယ့္ကိုပဲဦးစားေပးတဲ့ ဒီလိုေကာင္ေလးမ်ိဳးကို ဒီတစ္သက္လံုး ထပ္ေတြ႔ႏိုင္မည္မထင္။
...
" ေျဖႏိုင္လားခင္ဗ် ''
အနားကို ပ်င္းတဲြတဲြေလ်ွာက္လာသည့္ Baekhyunရဲ႕ ဆံပင္ေလးေတြကို လွန္သပ္ကာေမးလိုက္ေတာ့ ခ်စ္ရသူက မ်က္ႏွာမသာမယာနဲ႔ေခါင္းခါျပသည္။
" မေျဖႏိုင္ဘူး ''
Baekhyun အသံက စိတ္ပ်က္လက္ပ်က္ ေျပာတယ္ဆိုတာထက္ ဝမ္းနည္းမႈပါေရာယွက္ေနတာေၾကာင့္ Chanyeol ဒီေကာင္ေလးကိုႏွစ္သိမ့္ရန္ ႀကိဳးစားရေတာ့သည္။
" ေအာင္မွာပါ။ မေအာင္ရင္ဒီေက်ာင္းကိုမီး႐ႈိ႕ပစ္မယ္ ''
" ေအာင္ရင္ေတာင္မွ Grade ကေကာင္းပါ့မလား။ ဒီလိုပံုစံမ်ိဳးနဲ႔သာဆိုရင္ ဘဲြ႔ရၿပီးတာေတာင္ ဘယ္ကုမၸဏီကမွ လက္ခံမွာမဟုတ္ဘူး ''
ထိုေနရာမွာတင္ Baekhyun ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ေတာ့သည္။
" စာေမးပြဲက်ရင္ ေဖေဖနဲ႔ေမေမကဆူမွာ ... ''
ေမာင့္ကေလးေလးဟာ တကယ့္ကိုငါးႏွစ္သားေလးပါ။
" ေဖေဖနဲ႔ေမေမ့ဆူရင္ ေမာင့္ဆီေျပးလာခဲ့ကြာ ''
ပါးေဖာင္းေဖာင္းေလးကို ရႊတ္ခနဲနမ္း႐ႈိက္ခ်င္ေနတဲ့စိတ္တို႔ကို အတတ္ႏိုင္ဆံုးခ်ိဳးႏွိမ္ကာ ေဆာင့္ေၾကာင့္ထိုင္ေနသည့္ Baekhyun ရဲ့ကိုယ္ေလးကို အေနာက္ကေနေပြ႔ခ်ီလိုက္သည္။
" ဘာလုပ္တာလဲ ''
" ဆူ႐ွီသြားစားမယ္ ''
" ဆူ႐ွီမစားခ်င္ဘူး ''
" ေဂၚလီလံုးေတြကို မန္က်ည္းရည္စိမ္ထားတဲ့ဟာေသာက္မလား ''
" ဟမ္ .. ဘာႀကီးကိုေျပာေနတာလဲ ဪ .. Bubble Tea လား ဟားဟား..''
ေပါက္ကရေတြ ေလ်ွာက္ေျပာေတာ့မွ ရယ္ေမာလာေသာခ်စ္ရသူေၾကာင့္ Chanyeol လည္းအသက္႐ွဴေခ်ာင္ေတာ့သည္။
စိတ္ညစ္ေနေသာ ခ်စ္ရသူအတြက္ ဒီေန႔တစ္ရက္ေတာ့ လူရႊင္ေတာ္လုပ္ရဦးမည္။
႐ုပ္ဘယ္ေလာက္တည္ၿပီး cool guy ၾကီးျဖစ္ေနလည္း ခ်စ္သူနဲ႔ေတြ႔ရင္ ငေပါႀကီးလည္းျဖစ္ေပးရတာပဲ။
...
" အရသာ႐ွိသားပဲ ''
တစ္ခုၿပီးတစ္ခု ပလုပ္ပေလာင္းစားေနတဲ့ Baekhyun ကစာေမးပဲြကိစၥကိုေတာင္ ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားသည္။
" ေက်ာင္းၿပီးရင္ ဘယ္မွာအလုပ္ဝင္ဖို႔စိတ္ကူးထားလဲ ''
" ကိုယ္က အလုပ္႐ွိၿပီးသား ''
" ဟင္''
" Suho Hyung ရဲ႕အေဖ၊ ကိုယ့္ဦးေလးရဲ႕ကုမၸဏီမွာ အလုပ္ဝင္ေနတာၾကာၿပီ။ ပညာေတာ္သင္တစ္ႏွစ္ဆိုၿပီး ခြင့္တင္ၿပီး မင္းနဲ႔အတူေက်ာင္းျပန္တက္ေနတာ ''
Chanyeolစကားေၾကာင့္ Baekhyun အစာမေၾကေတာ့သလိုပင္ ခံစားသြားရျပီး လက္ထဲမွာကိုင္ထားသည့္ တူကို စားပဲြေပၚသို႔ျပန္ခ်လိုက္ေတာ့သည္။
ကိုယ္နဲ႔အတူ ေက်ာင္းျပန္တက္ခ်င္လို႔ အလုပ္ေတာင္ ခဏနားထားတယ္ဆိုပဲ။ ေမာင့္ကို အလုပ္အကိုင္မ႐ွိေသးဘူးလို႔ ထင္ေနတာ။
" ေတာ္လိုက္တာ Park Chanyeol က ''
" မ်ားျပားလွတဲ့ အလုပ္ေတြကိုပလစ္ၿပီး တိတ္တခိုးခ်စ္ရတဲ့ေကာင္ေလးကို ေစာင့္ေ႐ွာက္ဖို႔ ေက်ာင္းျပန္တက္ေနတဲ့ကိုယ္က ေတာ္တာေပါ့ ဟုတ္တယ္မလား ''
ပ်ားရည္ကို အခ်ိဳဆံုးလို႔ထင္ေနတာ Chanyeol က Baekhyun ကိုၾကည့္တဲ့ အခ်စ္မ်က္ဝန္းနဲ႔ ယွဥ္လိုက္ရင္ ပ်ားရည္ကလည္း အခ်ိဳမ႐ွိသည့္ ေရအတိုင္းပင္ျဖစ္သြားသည္။
" စားလို႔ဝၿပီလား ပိုက္ဆံ႐ွင္းလိုက္ေတာ့မယ္ ''
ဘာမွထပ္မစားေတာ့ေသာ Baekhyun ေၾကာင့္ Chanyeol ပိုက္ဆံ႐ွင္းရန္ျပင္လိုက္သည္။
ေငြရွင္းေကာင္တာကိုေရာက္ေတာ့ ေကာင္တာကမိန္းကေလးက Baekhyun မ်က္နွာကိုေသခ်ာၾကည့္ေနတာေၾကာင့္
Chanyeol ကBaekhyunရဲ႕လက္ကို တမင္ဆုပ္ကိုင္ျပကာ ပိုက္ဆံ႐ွင္းလိုက္သည္။
" ညီအစ္ကိုႏွစ္ေယာက္လား ''
" ဟုတ္တယ္၊ အေဖမတူအေမကဲြေတြ ''
" နာမည္ဘယ္လိုေခၚလဲ ''
Baekhyun ျပန္ေျဖရန္ၾကံေနတုန္းမွာပဲ Chanyeol ကဟန္႔တားလိုက္ကာ ေကာင္တာကေကာင္မေလးကို ဘုၾကည့္ၾကည့္ၿပီး လက္ထဲကျပန္အမ္းသည့္ပိုက္ဆံကို ဆဲြယူလိုက္သည္။
" ေနာက္ဘယ္ေတာ့မွ မလာဘူး! ''
မၾကားတၾကားေျပာကာ Baekyunလက္ကိုကိုင္ၿပီး ဆိုင္ထဲမွထြက္သြားသည့္ Chanyeolေၾကာင့္ သူမ အသံထြက္ကာရယ္ေမာလိုက္ေတာ့သည္။
" ႏွစ္ေယာက္လံုးက တဲြဖက္ညီလိုက္ၾကတာ ''
တလႈပ္လႈပ္ေရြ႕လ်ားေနေသာ အနိမ့္အျမင့္မတူသည့္ ေက်ာျပင္ႏွစ္ခုကိုၾကည့္ကာ သူမခပ္တိုးတိုးေလးေရရြတ္မိလိုက္သည္။
႐ုပ္ေခ်ာေခ်ာေကာင္ေလးႏွစ္ေယာက္။
တစ္ေယာက္ကိုတစ္ေယာက္ ေငးၾကည့္ေနတဲ့မ်က္ဝန္းေတြက ေဘးလူေတြအျမင္မွာေတာင္ ၾကည္ႏူးစရာအတိ။
ႏွစ္ေယာက္သား ေဘးခ်င္းကပ္ယွဥ္ရပ္ေနတာေတာင္ လိုက္ဖက္မႈေတြက ျပည့္လ်ွံေနတာမ်ိဳး။
...
" ဘာလို႔လဲ၊ အဲ့ဆိုင္ကဆူ႐ွီကစားေကာင္းတဲ့ဟာကို ''
Baekhyun မေက်နပ္သလိုေျပာေတာ့ Chanyeol ေလ်ွာက္လက္စေျခလွမ္းတို႔ကိုေႏွးလိုက္သည္။
" အဲ့ထက္ပိုေကာင္းတဲ့ဟာကို ကိုယ္တိုင္လုပ္ေကြၽးမယ္ ''
Chanyeolရဲ႕ေခ်ာ့ပံုေခ်ာ့နည္းက သက္ေရာက္သည္ထင္၏။ Baekhyun ဘာမွဆက္မေျပာေတာ့။
" ေဘဘီ ... Queen of the Night ပန္းအေၾကာင္းကိုသိလား ''
" ဟင့္အင္း ''
" Queen of the Night ပန္းေတြက ေန႔ဘက္မွာမပြင့္ဘူး။ ညဘက္မွာမွပြင့္တယ္တဲ့..ညဘက္ဆိုလို႔လည္း ညတိုင္းမပြင့္ဘူးေနာ္၊ တစ္ႏွစ္မွာမွ တစ္ခါတည္းပြင့္တာ .. ''
" ဪ ''
" ေမာင့္အခ်စ္ေတြကလည္း Queen of the Night
ပန္းေတြလိုပဲ ''
ျပံဳးစစနဲ႔ေကာင္းကင္ကို ေမာ့ၾကည့္ကာေျပာေနသည့္ Chanyeol မ်က္ႏွာကို Baekhyunေမာ့ၾကည့္ကာ ဆက္ေျပာမည့္ စကားလံုးတို႔ကို နားစြင့္ေနလိုက္သည္။
" ေမာင့္ဘဝမွာေလ မိန္းကေလးေတြထဲက တစ္ေယာက္ကိုမွရင္မခုန္ဖူးဘူး။ ဒါေပမဲ့ ေယာက်ာ္းေလးတစ္ေယာက္ကိုေတာ့ခ်စ္မိသြားတယ္။ တစ္သက္မွာ တစ္ခါပဲပံုေအာၿပီး ခ်စ္မယ့္အခ်စ္မ်ိဳးနဲ႔ ''
Chanyeol ဆက္ေျပာမည့္စကားေတြကို ခဏရပ္လိုက္ၿပီး Baekhyun ကိုငံု႔ၾကည့္လိုက္သည္။
ေမွာင္ရီပ်ိဳးစအခ်ိန္ဆိုေပမယ့္ Baekhyunရဲ႕မ်က္ႏွာေလးက ေတာက္ပေနသလို။
" 6' 1'' ရွည္တဲ့ကိုယ္က ဘယ္သူ႔ကိုမွ ငံု႔မၾကည့္ဖူးဘူး။ 5' 9'' ႐ွိတဲ့မင္းကလဲြရင္.. ႐ႈံးနိမ့္ရမွာ မႏွစ္သက္တဲ့ကိုယ္က မင္းကိုေတာ့ အျမဲတမ္းအႏိုင္ေပးခ်င္မိတယ္။ဘယ္သူ႔ကိုမွ ခခယယ မဆက္ဆံဖူးတဲ့ကိုယ္က မင္းအတြက္ဆို အခ်ိန္မေရြး ဒူးေထာက္ရဲတယ္''
" ရည္း .. ရည္းစားစကား ေျပာေနတာလား ''
အနည္းငယ္႐ွက္ေနပံုရတဲ့ Baekhyun မ်က္ႏွာက ပန္းေရာင္သန္းေနတာေၾကာင့္ Chanyeol ဆက္မေျပာေတာ့ဘဲ ႏႈတ္ဆိတ္ေနလိုက္ေတာ့သည္။
" ငါ့ဘဝမွာအခ်စ္ဆံုးက ေမာင္၊ အမုန္းဆံုးက သခြားသီး ၿပီးေတာ့ Henry Fischel ''
" ဘယ္သူ ''
" စာေမးပြဲဆိုတာခ်ည္းကို ပထမဦးဆံုးလုပ္ခဲ့တဲ့သူ ''
ေနာက္ဆံုးေတာ့ စာေမးပြဲဆိုသည့္ဘူတာကိုပဲ ျပန္ဆိုက္သည့္ ခ်စ္သူေလးပါေလ။
" အဲ့တစ္ေယာက္ကို ေမာင္သြားေျပာေပးမယ္၊စာေမးပြဲေတြကို ျပန္႐ုတ္သိမ္းေပးဖို႔ ''
" သူက 2008တည္းကဆံုးသြားၿပီ ''
မ်က္ေစာင္းဟု မေခၚထိုက္ေသာ အၾကည့္ေလးျဖင့္ေျပာကာ ကိုယ္ေပၚကို အေနာက္ကေန ခ်က္ခ်င္းေျပးတက္လာတဲ့ Baekhyunေၾကာင့္ Chanyeol အလိုက္သင့္ျပန္ထိန္းထားလိုက္သည္။
" ေမာင္ ငါ့ကိုခ်စ္လား၊ ဘယ္ေလာက္ခ်စ္လဲ ''
Chanyeol မေျဖဘဲ သူ႔ကိုေက်ာပိုးထားလ်က္ ေကာင္းကင္ကိုပဲ ေမာ့ၾကည့္ေနတာေၾကာင့္ Chanyeolရဲ႕နားရြက္တစ္ဖက္ကို ကိုက္ပစ္လိုက္သည္။
" ေဟ့ ေဘဘီ ''
နာတယ္ဟုလည္းမေျပာ။ မလုပ္နဲ႔လို႔လည္းတစ္ခြန္းမွမဟ။ စိတ္တိုျခင္းလည္းမ႐ွိ။ ခ်စ္စႏိုးျဖင့္ေပးထားသည့္ နာမည္ေလးကိုပဲေခၚ႐ုံပင္။
Chanyeolနည္းတူ သူလည္းေကာင္းကင္ကို ေမာ့ၾကည့္လိုက္ေတာ့ ၾကယ္ေတြပင္ေတာ္ေတာ္စံုေနၿပီ။
" ၾကယ္ေတြေရတြက္ခ်င္တယ္ .. တစ္ ႏွစ္ သံုး ''
Chanyeol ေက်ာေပၚကေန လက္ညႇိဳးတထိုးထိုးနဲ႔ ၾကယ္ေတြကိုေရတြက္ၿပီး လိုက္ပါလာသည့္ေကာင္ေလးက ေနာက္ဆံုးေတာ့ေမာသြားၿပီထင္သည္။ Chanyeolပခံုးေပၚမွာပဲ အိပ္ေပ်ာ္သြားေတာ့ေလသည္။
ေက်ာျပင္ေပၚက အသက္႐ွဴသံခပ္ေႏြးေႏြးေလသည္ Chanyeol ရဲ႕ႏွလံုးသားထဲသို႔ ႏူးႏူးညံ့ညံ့စီးဝင္လာသည္။
" ၾကယ္ေတြကိုေတာင္ မေရတြက္ႏိုင္တာ၊ ေမာင့္အခ်စ္ေတြကို ေရတြက္လို႔ရမယ္တဲ့လားေဘဘီဟြၽန္း ''
အိပ္ေပ်ာ္သြားၿပီျဖစ္တဲ့ ေကာင္ေလးက မၾကားေတာ့ေသာ္လည္း သူခပ္တိုးတိုးေလးေျပာလိုက္သည္။
Baekhyunကို တစ္သက္လံုး သူ႔ကိုယ္ေပၚမွာပဲခ်ီပိုးထားလို႔ရရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ။
ေျခရာေတြက လမ္းမထက္တြင္က်န္ရစ္ခဲ့ေပမဲ့ လွပတဲ့ခ်စ္ျခင္းတစ္စံုကေတာ့ သူတို႔ႏွလံုးအိမ္ထဲတြင္က်မေပ်ာက္ဘဲ လံုျခံဳစြာ႐ွိေနဆဲပင္ျဖစ္သည္။
...