Unicode
မနက်မိုးလင်းနေပေမဲ့ ဝမ်လျိုကျား မာမီကိုစောင့်ရင်းအိပ်ပျော်သွားခဲ့သည်။ ရုတ်တရက် ခေါင်းပေါ်ပွတ်သပ်လာတဲ့ လက်ကြောင့် လန့်နိုးသွားပြီး ကြည့်လိုက်တော့...
"ဟင် မာမီသတိရလာပြီလား"
"အင်း သားငယ် မာမီ အိမ်မက်မက်တယ်"
"ဘာကိုလဲမာမီ"
"မြေးက မာမီကိုထားသွားတယ်တဲ့ အဟင့်.."
"မာမီရယ် အိမ်မက်သက်သက်ပါ ရိပေါ်မာမီကိုထားမသွားပါဘူး."
"သားငယ် မာမီအရမ်းတကိုယ်ကောင်းဆန်နေမိပြီလားဟင် အရင်ကသားတွေကိုကောင်းစားစေချင်နဲ့အတ္တ အခုကြတော့ မြေးအလှည့် မာမီအရမ်းအတ္တကြီးမိနေပြီလား"
"မာမီသားတို့ကိုချစ်တာ သားတို့သိပါတယ် ဒါပေမဲ့ မာမီချစ်တဲ့ပုံကလွဲနေယုံလေးပါ ရိပေါ်ကမာမီကိုအရမ်းချစ်ပါတယ် မာမီသာစိတ်လျော့ပြီး အမှန်ကိုမြင်ကြည့်လိုက်ပါ ပြီးတော့စိတ်ရင်းနဲ့လက်ခံပေးလိုက်ပါနော်"
မာမီပါးပြင်ပေါ်မျက်ရည်စီးကျသွားသည်ကို မြင်လိုက်၍ လက်နဲ့ဖွဖွလေးသုပ်ပေးမိသည်။
"မာမီတစ်ယောက်ထဲနေချင်တယ် သားငယ်"
လျိုကျားသက်ပြင်းချကာ မာမီကိုစောင်သေချာခြုံပေးပြီး ထွက်လာခဲ့လိုက်သည်။
..................
ရှောင်ကျန့်မနက်နိုးတော့ ရိပေါ်ကိုမနှိုးတော့ပဲဆေးရုံထွက်လာခဲ့လိုက်သည်။
သူဘွားဘွားနဲ့အဆင်ပြေချင်သည် သူကြိုးစားရမယ်မဟုတ်လား...
သူ့ရုံးခန်းထဲဝင်မယ်လုပ်တော့ သူ့caseကိုင်တဲ့ဆရာမနဲ့တိုးတော့သည်။
"Dr.ရှောင် အစောကြီးပဲ မနက်စာရောစားခဲ့ပြီလား"
"မစားရသေးဘူး ဆရာမ"
ဖြေပြီးအခန်းထဲဝင်ဖို့လုပ်ပေမဲ့ သူ့ကလေးစကားတွေးမိကာ တစ်ချက်ပြုံးလိုက်ပြီး...
"ဆရာမ လမ်းကြုံရင် ကိတ်နဲ့ကော်ဖီလေး ဝယ်ခဲ့ပေးပါ ပြီးရင်အခန်းထဲပဲထားပေးနော်"
"ရတာပေါ့ ကျမအခုပဲဆိုင်သွားလိုက်မယ်"
ဆရာမလေးကိုင်ထားတဲ့ဖိုင်ကိုချပြီး ဆိုင်တွေဘက်ကိုပြေးသွားတော့သည်။ တစ်သက်နဲ့တစ်ကိုယ် ပထမဉီးဆုံး ကိုယ့်အတွက်မုန့်ဝယ်ခိုင်းခြင်းပင်...
သူအခန်းထဲ အိတ်ချပြီးဂျူတီကုတ်ဝတ်ကာ အထွေထွေဌာနဘက်ထွက်လာခဲ့လိုက်သည်။
ဘွားအခန်းကိုရောက်တော့ တံခါးအသာဖွင့်ကြည့်လိုက်သည်။ ဒယ်ဒီကိုမတွေ့ ဘွားကိုကြည့်လိုက်တော့ မှိန်းနေသည်မို့ သူအခန်းထဲဝင်လိုက်သည်။
တံခါးဖွင့်သံကြား၍ထင် ဘွား သူ့ကိုကြည့်လာသည်။ ဘာစကားမှတော့မပြောပဲ တဖက်ကိုအနည်းငယ်လှည့်သွားတော့သည်။
သူဝင်သွားပြီး ဘွားကုတင်ဘေးမှာရပ်ကာ..
"ဘွား ကျွန်တော်ကိုအမြင်မကြည်တာသိပါတယ် နားလဲလည်ပါတယ်"
"........"
"တကယ်တော့ မာမီကဘွားထင်သလိုမဟုတ်ပါဘူး အဲဒိတုန်းကမာမီလဲငယ်သေးတဲ့အရွယ်မို့ ဘွားနဲ့အတ္တတွေပြိုင်ခဲ့ကြတယ် ထင်ချင်သလိုထင်ဆိုပြီး အနိုင်မခံအရှုံးမပေးတွေဖြစ်ခဲ့ကြတာပါ.."
"....."
"ပြီးတော့ ဘွားထင်သလို ရိပေါ်တို့သားအဖကို ထားခဲ့ပြီး ကျွန်တော်ဒယ်ဒီနဲ့ယူပြီး ကလေးမရနိုင်တော့လို့ ကျွန်တော့ကိုမွေးစားခဲ့တာမဟုတ်ပါဘူး"
သူ့စကားကြားတော့ ဘွားကနားစွင့်ဟန် မျက်လုံးလေးစောင်းကြည့်လာသည်။ သူအားတက်သွားကာ..
"မာမီမှာလက်ထပ်ထားခဲ့တဲ့ယောက်ျားဆိုလို့ အန်ကယ်ဝမ်တစ်ယောက်ပဲရှိတာပါ... မာမီအလုပ်ကိစ္စနဲ့ နယ်ဘက်ကိုလာရင်း ကျွန်တော့်ကိုတွေ့ပြီး တရားဝင်မွေးစားခဲ့တာပါ"
"ဒါဆို သူ့သူဌေးနဲ့ယူသွားတယ်ဆိုတာ"
"မဟုတ်ပါဘူး တမင်ပြောခဲ့တာပါ"
ဘွားမျက်နှာ အရိပ်တချို့ပြောင်းလဲသွားခဲ့သည်။ သေချာပါသည် ဘွားထင်ခဲ့တာ မာမီကသားနဲ့ယောကျ်ားကိုပြစ်ပြီး အလုပ်ရှင်သူဌေးနဲ့လက်ထပ်တယ် ပြီးတော့ကလေးမွေးစားကြတယ်ပေါ့...
"ဘွား အခုကျွန်တော်လာတွေ့တာ မာမီအပေါ်ထားတဲ့ ဘွားရဲ့ အငြိုးတွေပြေစေချင်လို့ပါ မာမီကသနားဖို့ကောင်းပါတယ် သူသားကိုတွေ့ချင်ပေမဲ့ ဘွားတို့Usပြောင်းသွားတယ်လို့သိပြီး ဝမ်းနည်းစွာဖြတ်သန်းခဲ့ရတာ... ဟိုတလောမှ ချန်ယွိအဆက်သွယ်နဲ့ ပြန်တွေခဲ့ရတယ် ကံမကောင်းတော့ အဲဒိနေ့ပဲ ရိပေါ်ကား accidentဖြစ်သွားခဲ့တယ်"
ဘွားကဘာစကားမှပြန်မပြောပေ..သူလဲပြောစရာကုန်ပြီမို့ အခန်းလေးတိတ်ဆိတ်လို့သွားခဲ့သည်။
ခဏကြာတော့ဘွားက....
"တစ်ယောက်ထဲနေချင်တယ်"
"ဟုတ်ကဲ့ ကျွန်တော်ထွက်သွားပေးပါ့မယ်"
သူနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်တော့သည်။
ရုံးခန်းထဲပြန်ရောက်တော့ ဆရာမဝယ်ပေးတဲ့ကိတ်နဲ့ကော်ဖီစားလိုက်ပြီး လူနာလှည့်ကြည့်ရန်ထွက်လာခဲ့လိုက်သည်။
နေ့လည်ရောက်တော့ ရိပေါ်နဲ့ချန်ယွိဘွားဆီလာရင်း သူ့ဆီပါရောက်ချလာသည်။
"ကော...လွမ်းလိုက်တာ..ပြွတ်"
အခုတလောရိပေါ်ရဲ့အပြုမူအသစ်ပင် ဘယ်မှာတွေ့တွေ့ လွမ်းလိုက်တာဆိုပြီးပါးနှစ်ညှစ်ကာနှုတ်ခမ်းကိုနမ်းသည်။
"ချန်ယွိရောဆိုတော့ ဘွားဆီလာကြတာလား"
"ဟုတ်တယ် တွေ့ပြီးပြီ မင်းဆီခဏဝင်လာတာ"
"အင်း ဘာလို့"
"သန်ဘက်ခါ ပိတ်ရက်လေ သွားဖို့အစီစဉ်ပြောမလို့"
ချန်ယွိပြောတော့ ရှောင်ကျန့်က..
"အော်အေး အိမ်မှာမတွေ့ရဘူးဆိုတော့..."
"ဒီမှာဆိုတော့ ရှီကောရော လင်းယီရောတိုင်ပင်လို့ရတယ်လေ"
"အော် သိပီ သိပီ တနည်းအားဖြင့် လင်းယီကိုခေါ်လိုက်ပါပေါ့ ဟုတ်လား"
"မင်းကလဲ"
"ဟားဟား.."
သူတို့၂ယောက် ဆိုဖာမှာစကားထိုင်ပြောနေပြီး ရိပေါ်ကတော့ အလုပ်စားပွဲက သူ့laptopသုံးနေသည်။
ရှောင်ကျန့်လင်းယီကိုဖုန်းဆက်ခေါ်လိုက်သည်။
ရှီကောကတော့ ခွဲစိတ်ခန်းဝင်နေရလို့ခေါ်မရပေ..
လင်းယီရောက်လာတော့ ခရီးစဉ်အတွက်ဆွေးနွေးပြီး လိုအပ်တာတွေစာရင်းလုပ်ကြသည်။ ကား၁စီးထဲသွားကြမည်ဖြစ်ပြီး ရွာဘက်မို့ အဝတ်စားတွေသိပ်မလိုပေ....
ခဏကြာတော့ နေ့လည်စာအတူစားကြပြီး လမ်းခွဲခဲ့ကြသည်။
................................
ဝမ်လျိုကျားအိမ်ခဏပြန်လာကာ ရေချိုးပြင်ဆင်ပြီးမှ ဆေးရုံပြန်သွားရန်ပြင်လိုက်တော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဟွာရှင်းကိုတွေ့လိုက်ရသည်။
"ဟွာရှင်း... ဘယ်လိုလုပ်ရောက်လာတာလဲ ကြာပြီလား"
"မကြာသေးဘူး ခဏပဲ နင့်ဆီလာတာ"
"အင်း ဘာဖြစ်လို့လဲ"
"မာမီ ဆေးရုံတင်ထားရတယ်ကြားလို့ အခြေနေလေး"
"သက်သာပါတယ် အနားယူရအောင်လို့ ဆေးရုံမဆင်းခိုင်းသေးတာပါ"
"ငါ့ကြောင့်ဖြစ်သွားတာ ငါတောင်းပန်ပါတယ်"
ဟွာရှင်းစကားကို လျိုကျားခဏစဉ်းစားပြီး..
"နင့်ကြောင့်မဟုတ်ပါဘူး.. မာမီရဲ့အတ္တတွေ မာန်မာနတွေကြောင့်ပါ ကဲပါငါအခုမာမီဆီသွားမလို့"
"ဖြစ်ပါ့မလား"
"တနေ့ရင်ဆိုင်ရမှာပဲလေ"
"အင်း လိုက်ခဲ့မယ်"
ထို့နောက် လျိုကျားနဲ့ဟွာရှင်း ဆေးရုံကိုထွက်လာခဲ့ကြသည်။
ဆေးရုံရောက်တော့ မာမီအခန်းထဲကို လျိုကျားအရင်ဝင်ကာ..
"မာမီ.."
"သားငယ်ပြန်လာပြီလား"
"ဟုတ် မာမီ ဟိုလေဧည့်သည်ပါလာတယ်"
"ဘယ်သူလဲ ခေါ်လိုက်လေ.."
ထူးဆန်းလိုက်တာ..မာမီက ဟွာရှင်းဝင်လာတာမြင်ပေမဲ့ သူတို့ထင်ထားသလိုမဟုတ်ခဲ့..
"မာမီ ဆေးရုံတင်ထားတယ်ဆိုလို့ လျိုကျားဆီမေးရင်သူခေါ်လို့လိုက်လာတာ"
"အင်း.."
မာမီကတည်ငြိမ်နေတယ် ဟွာရှင်းနဲ့သူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ပြီးမှဟွာရှင်းက သတိရကာ...
"အော ဒီမှာ မာမီကြိုက်တဲ့ လိမ္မော်သီးတွေဝယ်လာခဲ့တယ် ဟွာရှင်းဆေးပြီးနွှာပေးမယ်နော်"
ဟွာရှင်းပိုက်ဆံအိတ်ကိုချကာ အသီးထုပ်ကိုယူရေဆေးရန် ဘေစင်ရှိရာအခန်းထဲဝင်သွားသည်။
"သားငယ်"
"ဟုတ်မာမီ"
"မာမီ ဟွာရှင်းနဲ့၂ယောက်ထဲစကားပြောချင်တယ်"
"မာမီ.."သူစိုးရိမ်သည် မာမီတခုခုထပ်ဖြစ်မှာရော ဟွာရှင်းအတွက်ရော..
"ဘာမှစိုးရိမ်မနေနဲ့ စကားပြောယုံလေးတင်"
"ဟုတ်ကဲ့ပါ"
ဟွာရှင်းထွက်လာတော့ လျိုကျားအပြင်ထွက်သွားတာမြင်လိုက်သည်။ ဟွာရှင်းကုတင်ဘေးမှာထိုင်ကာ အသီးနွှာပေးလိုက်သည်။
"ဟွာရှင်း... ဘာလို့အမှန်တိုင်းမပြောခဲ့တာလဲ"
"ဘာကိုလဲ မာမီ"
"နောက်အိမ်ထောင်ပြုကဲ့ကိစ္စ"
ဟွာရှင်းလက်တွေရပ်တန့်သွားသည်။ပြီးမှဆက်နွှာကာ...
"ပြောပြခဲ့ရင်ရော မာမီကယုံမှာလား"
"အားလုံးက မာမီအမှားတွေကြီးပါပဲလေ.."
မာမီတဲ့ အခုမာမီက သူ့ကိုယ်သူမာမီလို့ပြောလိုက်တယ်...
"မာမီအမှားတွေကြီးပါပဲ..."
"ဟင့်အင်း မဟုတ်ပါဘူးမာမီရယ် ဟွာရှင်းလဲမှားခဲ့ပါတယ် မပြိုင်သင့်ပဲ အတ္တတွေပြိုင်ခဲ့တယ် မလုပ်သင့်တာတွေလုပ်ခဲ့တယ် ဟွာရှင်းအမှားလဲအများကြီးပါပဲ ဟင့်...ဟင့်"
"မာမီမှားတာပါ မာမီရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေေကြောင့် မာမီသားဘဝပျက်မလိုဖြစ်ခဲ့ရတာ မာမီမြေးလေး မိတကွဲ ဖတကွဲနဲ့ကြီးပြင်းခဲ့ရတာ မာမီမကောင်းလို့ပါ သမီးရယ် မာမီအပြစ်တွေပါ.."
"မာမီရယ်.."
ဟွာရှင်းမာမီကိုဖက်ထားလိုက်သည်။ သူမထင်ထားခဲ့ မာမီဘက်ကနေဒီလိုတွေပြောလာလိမ့်မယ်လို့ တကယ်ပင်မထင်ထားခဲ့.....
အခုဆို ဟွာရှင်းရော မာမီပါ ကိုယ့်အမှားတွေကိုသိပြီမို့ ဝန်ချတောင်းပန်ပြီးပြီမို့ အရာရာအေးချမ်းသွားသလိုပင်....စီးကျနေတဲ့မျက်ရည်ကတော့ဝမ်းသာကြောင်းသက်သေတွေပေါ့
ထိုခံစားချက်က အခန်းထဲကလူ၂ယောက်အပြင်...တံခါးအပြင်ကနားထောင်နေတဲ့ ဝမ်လျိုကျားကိုပါကူးစက်စေသည်....
..........................................
အဟမ်း နောက်ပိုင်းတွေအချိုတွေပဲကျွေးမယ်နော်
Zawgyi
"ဟင် မာမီသတိရလာပြီလား"
"ဘာကိုလဲမာမီ"
..................
"မစားရသေးဘူး ဆရာမ"
"........"
"....."
ခဏကြာတော့ဘွားက....
"တစ်ယောက်ထဲနေချင်တယ်"
"အင်း ဘာလို့"
"မင်းကလဲ"
"ဟားဟား.."
................................
"အင်း ဘာဖြစ်လို့လဲ"
"ဖြစ်ပါ့မလား"
"အင်း လိုက်ခဲ့မယ်"
"မာမီ.."
"သားငယ်ပြန်လာပြီလား"
"ဘယ်သူလဲ ခေါ်လိုက်လေ.."
"အင်း.."
"သားငယ်"
"ဟုတ်မာမီ"
"ဟုတ်ကဲ့ပါ"
"ဘာကိုလဲ မာမီ"
"မာမီမှားတာပါ မာမီရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေကွေောငျ့ မာမီသားဘဝပျက်မလိုဖြစ်ခဲ့ရတာ မာမီမြေးလေး မိတကွဲ ဖတကွဲနဲ့ကြီးပြင်းခဲ့ရတာ မာမီမကောင်းလို့ပါ သမီးရယ် မာမီအပြစ်တွေပါ.."
"မာမီရယ်.."
..........................................