Oh my god!!!!(Completed)

By Park_Byun_6104

2.8M 324K 30.1K

Oh my god!!!! More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
43
44
45
46
47
48
Final
​ေက်းဇူးတင္​လႊာ
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra (End)
Book
Book (Sec Ver)
Book Order

42

31.6K 4.8K 648
By Park_Byun_6104

တစ္လမ္းလုံး လြန္းမာန္ကသာ စကားရွာႀကံေျပာေပမယ့္ ေကာင္းထက္ကေတာ့ ႏႈတ္ခမ္းေထာ္ထားကာ ေခါင္းယမ္း၊ေခါင္းညိတ္သာ အေျဖျပန္ေပးသည္။ အခုလည္း ေကာင္းထက္က သင္တန္းသို႔သြားသည့္တစ္ေလွ်ာက္ လူတစ္ေယာက္စာျခားသည့္အေနအထားျဖင့္ လြန္းမာန္ေဘးကေန လိုက္လာသည္။ 

“ဒီဘက္တိုးေလ တိုက္ပုံ”

တိုက္ပုံက ေခါင္းယမ္းျပသည္။ လြန္းမာန္မ်က္ေမွာင္ကုတ္မိသြားသည္။ တကယ္ကို တိုက္ပုံတစ္ခုခုျဖစ္ေနသည္ဆိုတာ ေသခ်ာပါသည္။ သို႔ေပမယ့္ ဘာျဖစ္တာလဲ။ ဘာျဖစ္တာလဲဆိုတာမသိဘဲ ဘယ္လိုေျဖရွင္းေပးရမည္နည္း။ မေကာင္းတဲ့ကိစၥတစ္ခုခုရွိပါကလည္း ေခ်ာ့ေမာ့မည္ႀကံ၍ တိုက္ပုံအနားသို႔ကပ္ကာ ပခုံးကိုဖက္မည္ႀကံလိုက္သည္။ သို႔ေသာ္ သူက ေျခတစ္လွမ္းပဲ တိုက္ပုံဘက္တိုးကာရွိေသးသည္ တိုက္ပုံက ေျခငါးလွမ္းေလာက္ ဆန႔္က်င္ဘက္သို႔ ဆုတ္သြားသည္။

“တိုက္ပုံဘာျဖစ္ေနတာလဲ ကိုယ္ကသရဲမဟုတ္ဘူးေလ မင္းခ်စ္သူ ”

လြန္းမာန္က သြားေနတာကိုရပ္လိုက္ၿပီး ေကာင္းထက္အား လက္ေမာင္းကေနဆြဲယူလိုက္သည္။ မ်က္လုံးျပဴးလာသည့္ေကာင္းထက္က သူ႕လက္ေမာင္းကိုကိုင္ထားသည့္ လြန္းမာန္လက္ကို သူ႕လက္တစ္ဖက္က ကိုင္ထားသည့္ထီး၏ ထီးထိပ္ရိုးျဖင့္ ဖယ္ေနသည္။ တကယ္ကို ေကာင္းထက္အျပဳအမူေတြက ထူးဆန္းလြန္းသည္။

“ဘာျဖစ္ေနတာလဲ လူႀကီးစကားကိုအေလးမထားတာလား၊ ရိုင္းတာလား”

ေအာ္လိုက္ေတာ့လည္း တိုက္ပုံက ႏႈတ္ခမ္းကိုေထာ္ထားလွ်က္ပင္...

“မရိုင္းပါဘူးဗ် ၊ ကြၽန္ေတာ္အကိုလြန္းမာန္ကို စိတ္ဆိုးေနတယ္ဗ် အဲ့တာေၾကာင့္ စကားမေျပာေတာ့ဘူးဗ် ၊ လႊတ္ေပးပါေတာ့ဗ်”

ေကာင္းထက္ဘက္က စကားမေျပာသည့္အေၾကာင္းအရင္းကို တင္ျပသည္။ စိတ္ဆိုးေနတုန္းမို႔ ေကာင္းထက္က သူ႕ႏႈတ္ခမ္းကိုျပန္ေထာ္ကာ သူ႕လက္ေမာင္းကိုဆုပ္ကိုင္ထားသည့္လြန္းမာန္လက္ကိုဖယ္ၿပီး ဘုဆတ္ဆတ္ႏွင့္ထြက္သြားသည္။ စိတ္ဆိုးတာတဲ့။ စကားမေျပာလို႔ စိတ္ကသိကေအာက္ ျဖစ္တာကလြဲလွ်င္ေတာ့ ေကာင္းထက္အမူအရာေတြက စိတ္ဆိုးစိတ္ေကာက္သည့္အခ်ိန္ လုပ္ရသည့္အျပဳအမူမ်ိဳးမဟုတ္ဘဲ အနည္းငယ္ လြန္းမာန္ကိုမ်ား ျမဴ ဆြယ္ေနသလားလို႔ထင္မိသည္။

“အဲ့ေထာ္ေနတဲ့ႏႈတ္ခမ္းေလးကို နမ္းခ်င္လိုက္တာ ေဟ့ တိုက္ပုံ ”

ေရွ႕သို႔ အေတာ္ေရာက္ေနသည့္တိုက္ပုံအား အမွီလိုက္ကာ လက္ကေလးကို ဆြဲတားလိုက္မိသည္။ ၾကည့္ဦး ႏႈတ္ခမ္းက အခုခ်ိန္ထိေထာ္ထားတုန္း။ 

“မကိုင္နဲ႕ဗ် ကြၽန္ေတာ္စိတ္ဆိုးေနပါတယ္ဆို အဲ့လိုႀကီးလာမကိုင္နဲ႕ေလဗ်”

ေကာင္းထက္က သူ႕လက္ကေလးကိုကိုင္ထားသည့္ လြန္းမာန္လက္ကို ထီးထိပ္ရိုးေလးနဲ႕ အသာတို႔ကာ ဖယ္ခိုင္းေနသည္။ လုပ္ၾကပါဦး။ လြန္းမာန္မွာ အဲ့ကေလးကိုအူယားလြန္းလို႔ ေသေတာ့မယ္လို႔ေတာင္ ထင္ရတယ္။ ဘာလို႔ဒီေလာက္ခ်စ္ဖို႔ေကာင္းေနတာလဲ။

“ကိုယ္ေတာ့ ခ်စ္သူကိုအူယားလြန္ၿပီးေသမယ့္ ကမာၻ႔ပထမဆုံးျဖစ္မယ္ထင္တယ္၊ ေျပာပါဦး ဘာလို႔စိတ္ဆိုးတာလဲ”

“စိတ္ဆိုးေနပါတယ္ဆို စကားမေျပာရဘူးေလဗ်”

“ဪ ကိုယ္ကစိတ္ဆိုးရတဲ့အေၾကာင္းအရင္းကိုေမးၿပီး တိုက္ပုံကိုျပန္ေခ်ာ့ရမယ္ေလ”

တိုက္ပုံက တအံ့တၾသေမာ့ၾကည့္လာသည္။

“ဗ်ာ ေခ်ာ့ဦးမွာလားဗ် ကြၽန္ေတာ္ပဲစိတ္ဆိုးရမယ္မွတ္ေနတာဗ် ဟီးဟီး”

“တိုက္ပုံရာ”

တကယ္ကို တကယ္ကို ရိုးလြန္းတာေတာ့ လက္တင္မဟုတ္ေျခပါေျမာက္သည္။ ပါးေဖာင္းေလးကို ဖ်စ္လိုက္ကာ စိတ္ဆိုးရသည့္အေၾကာင္းအရင္းကိုေတာ့ ေမးရေပမည္။ ဒါမွ ျဖစ္ဖို႔ဖန္သည့္အေၾကာင္းအရင္းကိုေသခ်ာေျပာ၍ ရွင္းျပနိုင္မည္ျဖစ္သည္။

“ဘာလို႔စိတ္ဆိုးတာလဲ ကိုယ့္ကိုေျပာေလ”

“မေန႕က ဟိုအမနဲ႕ကတဲ့videoကို shareထားလို႔ စိတ္ဆိုးပါတယ္ဗ်”

ဪ အဲ့တာေၾကာင့္ေပးကိုး။

“အဲ့တာက အရင္ႏွစ္ကပြဲတစ္ခုမွာ အတူတြဲကရတုန္းက ပရိသတ္ေတြက တင္ေပးပါဆိုလို႔ တင္ေပးထားတာ၊ အခုတစ္ႏွစ္ျပည့္ေတာ့ သူက shareေပးပါဦးဆိုလို႔ ေက်နပ္ေအာင္ shareလိုက္တာရယ္”

“ကြၽန္ေတာ္မနာလိုတယ္ဗ်”

“တရားသမားေလးက မနာလိုတတ္ေသးတာလား ဟင္”

“ဪ အကိုလြန္းမာန္ဗ် တရားသမားဆိုေပမယ့္ ပုထုဇဥ္လူသားဆိုေတာ့ တဏွာကို မက္တုန္းပါပဲဗ်၊ တဏွာကိုမက္မွေတာ့ တဏွာရဲ႕အက်ိဳးဆက္ေတြကေတာ့ ပါလာစၿမဲပါေလဗ်”

“ဟုတ္ပါၿပီကြာ ဟုတ္ပါၿပီ ဒါဆိုစိတ္ဆိုးေနဦး ကိုယ္မေခ်ာ့ေသးဘူး၊ သင္တန္းက အျပန္မွေခ်ာ့မယ္”

“ဟုတ္ကဲ့ စိတ္ဆိုးၿပီဗ် ၊ အျပန္က်ေခ်ာ့ေနာ္ ကြၽန္ေတာ္အကိုလြန္းမာန္ကို စကားမေျပာဘဲမေနနိုင္ဘူးဗ်”

“မရေတာ့ဘူးကြာ”

လြန္းမာန္က တကယ္ကို သူ႕စိတ္ကိုမထိန္းနိုင္ေတာ့။ တိုက္ပုံရဲ႕ပါးေဖာင္းေလးကို နစ္ဝင္သြားမတတ္ နမ္းလိုက္မိသည္။ စိတ္ျပန္ဆိုးေနသည့္တိုက္ပုံကေတာ့ အနမ္းခံၿပီးတာႏွင့္ ႏႈတ္ခမ္းေထာ္ကာ ေရွ႕ကေန ဆတ္ေကာ့ေကာ့ေလွ်ာက္သြားေလသည္။ မေခ်ာ့ေသးတာက တိုက္ပုံရဲ႕စိတ္ဆိုးပုံခ်စ္စရာေလးမို႔ ခဏတာေလး ျမင္ခ်င္ေသးလို႔ေပ။

လြန္းမာန္က ေကာင္းထက္ေနာက္ကေနသာ လိုက္သြားရၿပီး ၾကမ္းျပင္ကို ထီးထိပ္ေလးတစ္ေထာက္ေထာက္ ေထာက္သြားေနသည့္ ေကာင္းထက္ေနာက္ေက်ာကိုသာ ၾကည့္ေနမိသည္။ ေက်ာျပင္ေလးက အစခ်စ္စရာေလးေပ။

......................................................................

အကိုေဝလြန္းတို႔ကိုၾကည့္ေနရင္း ေကာင္းထက္မ်က္ႏွာက တစ္ျဖည္းျဖည္းစူပုပ္လာတာကို နိုးနိုင္မွာ ရယ္ခ်င္စိတ္ကိုထိန္း၍ ၾကည့္ေနရသည္။ ေငြႏွင္းဆိုသည့္အမကို အကိုလြန္းမာန္က romance danceသင္ေပးေနရသည္။ ရိုမန႔္ဆိုတဲ့အတိုင္း ကကြက္ေတြက အနည္းငယ္ၾကမ္းသည္။ မ်က္ႏွာႏွစ္ခုက တစ္ခါတစ္ရံ အေတာ္ေလးနီးကပ္သြားသည့္အခ်ိန္ေတာ့ ေကာင္းထက္ႏႈတ္ခမ္းက ပိုေထာ္ထြက္လာသည္။

“မင္းငါေျပာသလိုစိတ္ဆိုးလား”

နိုးနိုင္ကေမးေတာ့ ေကာင္းထက္က နိုးနိုင္ဘက္လွည့္ၾကည့္လာၿပီး ေခါင္းညိတ္ျပသည္။

“အင္း စိတ္ဆိုးထားတယ္”

“ဟုတ္ၿပီ ေတာင္းပန္လည္းမူေနာ္”

“ဟင္ ဘယ္လိုမူရမွာလဲ”

နိုးနိုင္က မေန႕က 'ဘယ္လိုစိတ္ဆိုးရမွာလဲ´ဟု ေျပာတဲ့အတြက္ေကာ အခုေျပာလိုက္တဲ့ စကားအတြက္ပါ အတိုးေရာအရင္းေကာေပါင္း၍ ေကာင္းထက္ေခါင္းကို ႏွစ္ခ်က္တိတိ ရိုက္လိုက္သည္။

“အာ့ ငါကမသိလို႔ကို နိုးနိုင္ကလည္း"

ေကာင္းထက္က ေခါင္းကိုပြတ္သပ္လွ်က္ ေထာ္ေနသည့္ႏႈတ္ခမ္းကိုပိုေထာ္ကာ ေျပာလာသည္။

“အခုလုပ္တဲ့အတိုင္းလုပ္ အဲ့တာမူတာပဲ”

“ဒီလိုပဲလုပ္ရမွာလား”

ေကာင္းထက္က သူ႕မ်က္ႏွာသူလက္ညိုးထိုးကာ ေထာက္ခံမႈယူသျဖင့္ နိုးနိုင္က ဟုတ္ေၾကာင္း ေခါင္းညိတ္ျပလိုက္သည္။ ေကာင္းထက္က ေခါင္းတညိတ္ညိတ္ျဖင့္ သူ႕လြယ္အိတ္ထဲက ဖုန္းကိုထုတ္ကာ ဖုန္းကင္မရာကိုၾကည့္၍ ႏႈတ္ခမ္းေထာ္သည္။ ၿပီးလွ်င္ ႏႈတ္ခမ္းေထာ္လ်က္ မ်က္လုံးကိုေမွးသည္။ ၿပီးလွ်င္မ်က္ႏွာတည္သည္။ ထပ္ၿပီး ႏႈတ္ခမ္းေထာ္ကာ မ်က္ေမွာင္ကုတ္သည္။ ၾကာေတာ့ ၾကည့္ေနရသူနိုးနိုင္ပင္ ေကာင္းထက္မ်ား ခ်က္ခ်င္း႐ူးသြားေလသလားလို႔ ထင္မိသည္။

“ေကာင္းထက္ မင္းဘာျဖစ္ေနတာလဲ”

“ဟင္ မင္းပဲ ခုနကလိုမူဆို၊ ေမ့သြားမွာစိုးလို႔ ေလ့က်င့္ေနတာေလ”

နိုးနိုင္ပါးစပ္ဟလ်က္သားျဖစ္သြားကာ လက္ဖ၀ါးကိုနဖူး၌ အပ္လိုက္မိသည္။ ငဒူေရ ငဒူရဲ႕လို႔သာ ေအာ္ေခၚလိုက္ခ်င္ေတာ့သည္။ တကယ္ကို ဘာလို႔ဒီေလာက္ဒူမွန္း စဥ္းစားလို႔မရေတာ့ပါ။ ဆက္လက္၍သာ ဒူပာေတာ့ဆိုသည့္သေဘာျဖင့္...

“ေအးေအး ေတာ္တယ္ ဆက္ေလ့က်င့္ေန”

“ငါက မင္းသူငယ္ခ်င္းပါကြ အဲ့ဒါေၾကာင့္ေတာ္တာ”

“ေအးပါကြာ ေအးပါ”

နိုးနိုင္မွာ မရယ္ခ်င္ရယ္ခ်င္ႏွင့္ ရယ္ျပလိုက္ကာ ကိုယ့္ကိုပါ သူ႕ဒူပုံဒူနည္းေတြ ကူးသြားမည္မို႔ ပါလာသည့္လြယ္အိတ္ေပၚေခါင္းအုံးကာ ဂိမ္းေဆာ့ေနလိုက္ေတာ့သည္။ ေကာင္းထက္ကေတာ့ မူပုံမူနည္းကို က်င့္ေနတုန္းပင္။ 

“အင္း ဟုတ္တယ္ ဒီေလာက္နီးရင္ျဖစ္တယ္”

အနည္းငယ္က်ယ္သည့္ အကိုလြန္းမာန္အသံေၾကာင့္ ေကာင္းထက္က စိတ္ဆိုးေသာ္ျငားလည္း အကိုလြန္းမာန္အား ခဏေလာက္ငဲ့ၾကည့္မိသည္။ အကိုလြန္းမာန္က အမေငြႏွင္းရဲ႕ခါးကို ဖက္ထားကာ ႏွစ္ေယာက္သားမ်က္ႏွာက အတန္ငယ္နီးေနသည္။ စိတ္တူကိုယ္တူလို႔ေျပာရေလမလား သူၾကည့္ေနသည္ကို ခံစားမိလို႔ရယ္လားမသိပါ အကိုလြန္းမာန္က သူ႕ဘက္လွည့္ၾကည့္လာသည္။ သူကလည္း နိုးနိုင္သင္ေပးထားသလို အကိုလြန္းမာန္အား ႏႈတ္ခမ္းကိုေထာ္၍မ်က္လုံးေမွးျပကာ ဆန႔္က်င္ဘက္သို႔လွည့္ေနလိုက္သည္။

“ကြၽန္ေတာ္အကိုလြန္းမာန္ကို စိတ္ဆိုးတယ္ဗ်”

ခပ္တိုးတိုးေရ႐ြတ္လိုက္သည္။ လြန္းမာန္မွာလည္း တိုက္ပုံရဲ႕ စိတ္ဆိုးသြားသည့္ မ်က္ႏွာထားေလးကို ျမင္လိုက္ရသည္ေၾကာင့္ အသဲတယားယား။ gymေရာက္မွသာ အားရပါးရ ဖက္နမ္းပစ္မည္ဟု ႀကိမ္းထားလွ်က္ အခုေတာ့ စိတ္ထိန္းေနရပါသည္။ ေငြႏွင္းအား အကသင္ေပးခ်ိန္က တစ္ပတ္ထဲမို႔ ဒီေန႕တစ္ရက္တည္းမွာ ကကြက္အားလုံးအၿပီးသင္ေပးရကာ ေနာက္ရက္ေတြေတာ့ သံစဥ္ႏွင့္ကြက္တိလိုက္ကနိုင္ေအာင္ အဖန္ဖန္ေလ့က်င့္ရမည္ျဖစ္သည္။ တစ္နာရီတိတိ ကကြက္တစ္ခုခ်င္းစီ သင္ေပးအၿပီးမွာေတာ့ တာဝန္ၿပီးဆုံးသြားၿပီျဖစ္သည္။

“ေက်းဇူးပါ ကိုမာန္ ေမာေနၿပီလား ေခြၽးေတြခ်ည္းပဲ”

‌ေငြႏွင္းက လြန္းမာန္မ်က္ႏွာေပၚက ေခြၽးစက္ေတြကိုသုတ္ေပးလိုက္သည္။ လွဲေနသည့္ နိုးနိုင္ကလည္း ေငြႏွင္းတို႔ကို မ်က္လုံးတေထာက္ေထာက္ၾကည့္ေနသည္မို႔ ေငြႏွင္းရဲ႕အျပဳအမူေၾကာင့္ ဆတ္ခနဲထလိုက္ကာ ေႏြသစ္ကိုျပဖို႔ ဓာတ္ပုံခိုးရိုက္သည္။ ေႏြသစ္က သူ႕အေမအလုပ္ကိစၥနဲ႕ ကိစၥရႈပ္ေနတုန္း လြန္းမာန္အား ပ်ိဳမဒီတို႔ကလာလာညွိေနသည္ထင္ပါသည္။ ေႏြသစ္သာရွိၾကည့္ပါလား ပထမရက္ကတည္းက ေငြႏွင္းကို ေစ့ေစ့ေထာက္ေထာက္ၾကည့္ေနမွာပင္။

နိုးနိုင္က ေကာင္းထက္ ဘယ္လိုမ်ားျဖစ္ေနမလဲလို႔လွည့္ၾကည့္ေတာ့ ေကာင္းထက္က ႏႈတ္ခမ္းကို အေထာ္ဆုံးေထာ္ထားကာ မ်က္ေမွာင္ကုတ္ထားသည္။

“ဟားဟား မင္း႐ုပ္ႀကီးကလည္း ခ်ီးစားမိလို႔ျဖစ္ေနတဲ့႐ုပ္ႀကီးက်လိဳ႕”

ေကာင္းထက္က နိုးနိုင္ေခါင္းကို သူ႕လက္ဖဝါးျဖင့္ ဖိလိုက္သည္။ နိုးနိုင္က ရိုက္လိုက္မယ္လို႔ လက္႐ြယ္လိုက္ေတာ့ ေကာင္းထက္က နိုးနိုင္ကိုေတာင္ ျပန္စိတ္ဆိုးတယ္ဆိုသည့္သေဘာျဖင့္ေခါင္းကိုခ်ာခနဲလွည့္သြားသည္။

“မနာလိုပါတယ္လို႔ ေျပာထားတာကိုဗ်”

ေကာင္းထက္က ခပ္တိုးတိုးေရ႐ြတ္ရင္း ေခြၽးသုတ္တာခံယူေနသည့္အကိုလြန္းမာန္ကို ေတြေတြေငးၾကည့္ေနလိုက္သည္။ သူ႕ဘက္သို႔ အကိုလြန္းမာန္လွည့္လာခ်ိန္ေတာ့ သူစိတ္ဆိုးေနပါေၾကာင္း သိရွိေစရန္သာ ႏႈတ္ခမ္းေထာ္၍ ဆတ္ခနဲမ်က္ႏွာလႊဲလိုက္သည္။

“စိတ္ဆိုးေနာ္ ၾကားလားေကာင္းထက္၊ ငါ့ကိုစိတ္ပ်က္ေအာင္ မလုပ္ေနာ္”

“ဟုတ္ စိတ္ခ်ပါ”

နိုးနိုင္က ေကာင္းထက္အား ေျမာက္ေပးခဲ့ကာ အလုပ္ရႈပ္၍ေမာေနၿပီျဖစ္ေသာ noahဆီသို႔သာ သြားလိုက္ေတာ့သည္။ယခုအခ်ိန္၌ သူ႕ခ်စ္ရသူႀကီးnoahသည္ သူ႕အနမ္းေလးကို လိုအပ္ေနေလာက္ေလၿပီ။ 

“တိုက္ပုံ ကိုယ့္ကိုေခြၽးသုတ္ေပးဦး”

သင္ခ်ိန္ၿပီးသြားသည္ေၾကာင့္ တိုက္ပုံေရွ႕မွာထိုင္၍ ေခြၽးသုတ္ေစရန္ ပုဝါကိုေပးလိုက္ေတာ့ ေခါင္းယမ္းျပသည္။

“အယ္ ကိုယ္ခိုင္းတာကိုျငင္းတယ္ေပါ့”

“ဟိုအမသုတ္ေပးသြားၿပီေလဗ် ဘယ္ကေခြၽးကရွိေတာ့မွာလဲဗ်”

လြန္းမာန္က တိုက္ပုံစိတ္ဆိုးတာေလးကခ်စ္စရာေလးမို႔ ပိုစိတ္ဆိုးေအာင္ ေငြႏွင္းေခြၽးသုတ္ေပးတာကို တမင္ခံလိုက္ျခင္းအား အခုေတာ့ လိုခ်င္သည့္အတိုင္း တိုက္ပုံရဲ႕စိတ္ေကာက္ျခင္း ခပ္စူစူမ်က္ႏွာထားေလးကို ျမင္ရေလၿပီ။ 

“ၾကည့္စမ္း စိတ္ဆိုးတာေလးက ခ်စ္စရာေလး”

ပါးကိုဖ်စ္ဖို႔လက္႐ြယ္လိုက္ေပမယ့္ တိုက္ပုံက ေခါင္းေရွာင္ေလသည္။ ပါးမဖ်စ္ရေတာ့ ဆံပင္ေလးကိုသာ ဆြဲဖြရေတာ့သည္။

“ကိုယ္နဲ႕ေအာက္ထပ္လိုက္ခဲ့ဦး ဒီေန႕ကကိုယ္gymေဆာ့ရက္၊ ေပး လြယ္အိတ္နဲ႕ထီး ကိုယ္သယ္ခဲ့မယ္”

တိုက္ပုံရဲ႕လြယ္အိတ္ႏွင့္ထီးကို လက္တစ္ဖက္တည္းႏွင့္ ယူခဲ့ကာ က်န္တစ္ဖက္ကေတာ့ ေ႐ႊစိတ္ေတာ္ညိုးေနပါေသာ တိုက္ပုံအား ဖက္ထားရသည္။ ယခုေခတ္ရည္စားေတြ၏ စိတ္ဆိုးသည့္နည္းလမ္းက မ်က္ႏွာကိုခပ္တည္တည္ႏွင့္ တစ္ေလာကလုံး သူ႕လုပ္စာထိုင္စားေနသည့္ပုံဆိုေပမယ့္လို႔ တိုက္ပုံကႏႈတ္ခမ္းေထာ္႐ုံမွအပ ဘာမွထူးျခားတာမရွိပါေပ။ ဒီေန႕က gymေဆာ့ရက္မို႔ အကသင္တန္းရဲ႕ ေအာက္ထပ္မွာရွိသည့္gymသို႔ သြားရသည္။

“ဘဲႏႈတ္ခမ္းေလး”

“စိတ္ဆိုးေနတယ္ေနာ္ဗ် ေခ်ာ့ေတာ့ေနာ္ဗ်”

“ဟုတ္ပါၿပီကြာ သိပါတယ္”

fox gymသို႔ ႏွစ္ဦးသားဝင္လာခဲ့သည္။ gymဆိုသည့္အတိုင္းတစ္ခ်ိဳ႕ေသာမိန္းကေလးေတြက ကိုယ္ၾကပ္အားကစားအကၤ်ီေတြႏွင့္ ဗိုက္ေပၚေနသည့္အဝတ္အစားေတြ ဝတ္ထားတာမို႔ ေကာင္းထက္က ၾကမ္းခင္းေပၚသို႔သာအၾကည့္ပို႔၍ လြန္းမာန္ေခၚရာေနာက္လိုက္သြားသည္။

“လာ လာ ဒီဘက္ေဆာ့မယ္ ဒီဘက္မွာလူမရွိဘူး”

လြန္းမာန္က ေကာင္းထက္အတြက္စဥ္းစားၿပီး လူအေဆာ့နည္းသည့္ဘက္ ေ႐ြးလိုက္သည္။ ေကာင္းထက္ကေတာ့ ထိုင္ခုံေပၚမွာထိုင္ကာ ကစားရသည့္စက္ေတြကို စပ္စပ္စုစုၾကည့္ေနသည္။ လြန္းမာန္က ေကာင္းထက္ေဘးမွာဝင္ထိုင္ၿပီး မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ေကာင္းထက္မ်က္ႏွာအား ပါးေလးကေနဆြဲယူလိုက္သည္။ ေကာင္းထက္က လြန္းမာန္ကိုျမင္ျမင္ခ်င္း  ႏႈတ္ခမ္းေထာ္ျပသည္။

“ကိုယ္ေတာင္းပန္တယ္ အခု ကိုယ္shareထားတာကို ဖ်က္ေပးမယ္ေနာ္၊ ဒါေပမယ့္ စိတ္ဆိုးမေျပရေသးဘူး”

ဖ်က္ေပးမယ္ဆိုေတာ့ ေကာင္းထက္မွာ ၿပဳံးမေယာင္ေယာင္ျဖစ္သြားေပမယ့္ စိတ္ဆိုးမေျပရေသးဘူးဆိုေတာ့ ႏႈတ္ခမ္းကိုျပန္ေထာ္ထားလိုက္သည္။ နိုးနိုင္ကလည္း မူရမယ္လို႔ေျပာထားတယ္မလား။ အဲ့ေတာ့ ေလ့က်င့္လာသည့္အတိုင္း ႏႈတ္ခမ္းကို ေထာ္သလိုလိုႏွင့္စူထားၿပီး မ်က္ေမွာင္ကုတ္ထားလိုက္သည္။

“ဒီမယ္ေနာ္ ကိုယ္ဖ်က္လိုက္ၿပီ”

တိုက္ပုံေရွ႕တင္ ဖုန္းထုတ္ကာ ဖ်က္ျပလိုက္သည္။ 

“ကိုယ္အခုတေလာ ခႏၶာကိုယ္ေတြ အရမ္းကိုက္ေနတာ တိုက္ပုံရာ”

“ေနမေကာင္းတာလားဗ်”

ေကာင္းထက္လက္ကေလးက လြန္းမာန္ဖူးေပၚခ်က္ခ်င္းေရာက္လာပါသည္။ အခုေတာ့လည္း စိတ္ဆိုးေနသည့္မ်က္ႏွာေလးမွ စိတ္ပူေနသည့္မ်က္ႏွာေလးသို႔ ေျပာင္းသြားသည္။

“မဟုတ္ပါဘူး ခႏၶာကိုယ္ေတြကိုက္ေနတာ အခုေတာင္ gymတစ္ေယာက္တည္းမေဆာ့နိုင္လို႔ ကိုယ့္ကိုကူေဆာ့ေပးပါလား”

“ဟုတ္ ကူေပးမယ္ေလဗ် ၊ ေနမေကာင္းရင္လည္း မေဆာ့ပါနဲ႕လားဟင္ဗ်”

“ကိုယ့္ကိုကူေဆာ့ေပးမွာဆို”

“ဟုတ္ကဲ့ဗ်”

“အဲ့တာဆိုလွဲေနေခ် ဟိုခင္းထားတဲ့ေပၚလွဲေနာ္”

“ဟုတ္ကဲ့ဗ်”

ေကာင္းထက္က လြန္းမာန္စကားအတိုင္း လူတစ္ေယာက္စာအိပ္လို႔ရသည့္ အခင္းေပၚမွာလွဲအိပ္လိုက္သည္။ 

အႀကံေအာင္သြားသည့္ လြန္းမာန္ကေတာ့ ၿပဳံးလို႔ေနသည္။ လြန္းမာန္က လွဲအိပ္ေနသည့္ေကာင္းထက္ကို အုပ္မိုးလိုက္ကာ လက္ႏွစ္ဖက္ကို ေကာင္းထက္ေခါင္းရဲ႕ ေဘးတစ္ဖက္တစ္ခ်က္စီမွာ ေထာက္ထား၍ ဒိုက္ထိုးသည့္အေနအထားမွာ ေနလိုက္သည္။

“ကြၽန္ေတာ္ဘာလုပ္ရမွာလဲဗ်”

“ကိုယ္ဘာမွမျဖစ္ပါဘူး မင္းေလးကို စေနတာ၊ အခု မေန႕ကကိစၥအတြက္ေခ်ာ့မွာမလို႔ စိတ္ဆိုးေျပေနာ္”

“ဘာကိုလဲဗ်”

“ဒီကိုအလာတုန္းကလိုစိတ္ဆိုးေနတဲ့မ်က္ႏွာထားလုပ္ထား”

“ဟုတ္ကဲ့ဗ်”

စူထြက္လာသည့္ တိုက္ပုံႏႈတ္ခမ္းေလး။ လြန္းမာန္က ၿပဳံးမိသြားကာ ပထမဆုံးအႀကိမ္ တံေတာင္ကိုေကြး၍ တိုက္ပုံႏႈတ္ခမ္းေလးအား ထိ႐ုံမွ် အသာကပ္ကာ တံေတာင္ကိုျပန္ဆန႔္လိုက္သည္။ ၿပီးေနာက္ ေနာက္တစ္ႀကိမ္ တံေတာင္ကိုျပန္ေကြးကာ တိုက္ပုံႏႈတ္ခမ္းကို ထိ႐ုံသာထိ၍ ျပန္ဆန႔္သည္။ ဘာလုပ္မွန္းရိပ္မိသြားသည့္တိုက္ပုံကေတာ့ ပါးႏွစ္ဖက္ႏွင့္မ်က္လုံးကို လက္ဖဝါးျဖင့္ အုပ္ထားေတာ့သည္။

“စိတ္ဆိုးေသးလား ဟမ္ တစ္ခါးစိတ္ဆိုးရင္ ဆယ္ခါျပန္ေခ်ာ့မယ္”

ေျပာၿပီး တံေတာင္ေကြးကာ တိုက္ပုံႏႈတ္ခမ္းကို တစ္ခါျပန္နမ္းလိုက္သည္။

“စိတ္မဆိုးေတာ့ဘူးဗ် ရၿပီဗ်”

ဒီတစ္ခါေတာ့ တိုက္ပုံက သူ႕မ်က္ႏွာတစ္ျပင္လုံးကို သူ႕လက္ဖဝါးေလးျဖင့္ အုပ္ထားေတာ့သည္။ သို႔ေပမယ့္လည္း လြန္းမာန္ေခ်ာ့ခ်င္ေနေသးသည္။

“စိတ္ဆိုးပါဦး”

“မဆိုးေတာ့ဘူးဗ် ရၿပီဗ် မေခ်ာ့နဲ႕ေတာ့ဗ်”

တိုက္ပုံရဲ႕အသံအေနအထားအရ အေတာ္ေလးရွက္ေနသည့္ပုံမို႔ အေနရမခက္ေစရန္သာ သူ႕အေပၚအုပ္္မိုးထားရာမွ ဖယ္ေပးလိုက္သည္။ ခ်က္ခ်င္းထရပ္သည့္တိုက္ပုံမ်က္ႏွာက အေတာ္နီေနသည္။ ပုံပ်က္သြားသည့္ တိုက္ပုံအကၤ်ီႏွင့္ပုဆိုးကို ျပန္ျပင္ဝတ္ကာ ထိုင္ခုံမွာ သြားထိုင္ေနသည္။

“ရွက္သြားတာလား မ်က္ႏွာေလးကို နီလို႔”

“ဟုတ္ ရွက္တယ္ဗ် ဒါေပမယ့္လည္း ေပ်ာ္တယ္ဗ်”

“ေအးပါကြာ ကိုယ္ကစားတာၾကည့္လို႔ရတယ္ေနာ္ တိုက္ပုံ”

“ဟုတ္ကဲ့ဗ်”

ေကာင္းထက္က ရွက္ေပမယ့္လည္း စေတြ႕ကတည္းက ထည္ဝါလြန္းသည့္ အကိုလြန္းမာန္သည္ ယခုလည္း ထည္ဝါလ်က္ဆိုေတာ့ ေငးၾကည့္ေနမိပါသည္။ ေကာင္းထက္အေနျဖင့္ အကိုလြန္းမာန္၏ လမ္းေလွ်ာက္ပုံကိုႀကိဳက္သည္၊ ဖုန္းၾကည့္ေနပုံကိုလည္းႀကိဳက္သည္၊ ကေနပုံကိုလည္းႀကိဳက္သည္၊ အခုလိုအားကစားလုပ္ေနပုံကိုလည္းႀကိဳက္သည္၊ သူ႕ကိုအခ်စ္မ်ားစြာႏွင့္ေငးၾကည့္ေနတာကို ပိုေတာင္ႀကိဳက္ရပါသည္။

“Oh my god ”

ေကာင္းထက္ခပ္တိုးတိုးေရ႐ြတ္မိလိုက္သည္။ ထည္ဝါလြန္းသူကေတာ့ ဆက္လက္ေတာက္ပလ်က္ပါေလ။ 

“Oh my godလို႔ အကိုလြန္းမာန္ကို အျခားသူေတြေခၚရင္ မနာလိုတယ္ဗ် ဘာလို႔godလို႔ နာမည္ေပးရတာလဲဗ်”

ေကာင္းထက္က ခပ္တိုးတိုးေရ႐ြတ္ၿပီး ေပါင္ေပၚတံေတာင္တင္ေမးေထာက္ကာ ေရွ႕တည့္တည့္၌ လွလွပပအားကစားလုပ္ေနသည့္ အကိုလြန္းမာန္အား ပါမစ္မရွိ ေငးၾကည့္ေနေတာ့သည္။ ႀကိဳက္လိုက္တာ။

...............................................................

တစ်လမ်းလုံး လွန်းမာန်ကသာ စကားရှာကြံပြောပေမယ့် ကောင်းထက်ကတော့ နှုတ်ခမ်းထော်ထားကာ ခေါင်းယမ်း၊ခေါင်းညိတ်သာ အဖြေပြန်ပေးသည်။ အခုလည်း ကောင်းထက်က သင်တန်းသို့သွားသည့်တစ်လျှောက် လူတစ်ယောက်စာခြားသည့်အနေအထားဖြင့် လွန်းမာန်ဘေးကနေ လိုက်လာသည်။ 

“ဒီဘက်တိုးလေ တိုက်ပုံ”

တိုက်ပုံက ခေါင်းယမ်းပြသည်။ လွန်းမာန်မျက်မှောင်ကုတ်မိသွားသည်။ တကယ်ကို တိုက်ပုံတစ်ခုခုဖြစ်နေသည်ဆိုတာ သေချာပါသည်။ သို့ပေမယ့် ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲဆိုတာမသိဘဲ ဘယ်လိုဖြေရှင်းပေးရမည်နည်း။ မကောင်းတဲ့ကိစ္စတစ်ခုခုရှိပါကလည်း ချော့မော့မည်ကြံ၍ တိုက်ပုံအနားသို့ကပ်ကာ ပခုံးကိုဖက်မည်ကြံလိုက်သည်။ သို့သော် သူက ခြေတစ်လှမ်းပဲ တိုက်ပုံဘက်တိုးကာရှိသေးသည် တိုက်ပုံက ခြေငါးလှမ်းလောက် ဆန့်ကျင်ဘက်သို့ ဆုတ်သွားသည်။

“တိုက်ပုံဘာဖြစ်နေတာလဲ ကိုယ်ကသရဲမဟုတ်ဘူးလေ မင်းချစ်သူ ”

လွန်းမာန်က သွားနေတာကိုရပ်လိုက်ပြီး ကောင်းထက်အား လက်မောင်းကနေဆွဲယူလိုက်သည်။ မျက်လုံးပြူးလာသည့်ကောင်းထက်က သူ့လက်မောင်းကိုကိုင်ထားသည့် လွန်းမာန်လက်ကို သူ့လက်တစ်ဖက်က ကိုင်ထားသည့်ထီး၏ ထီးထိပ်ရိုးဖြင့် ဖယ်နေသည်။ တကယ်ကို ကောင်းထက်အပြုအမူတွေက ထူးဆန်းလွန်းသည်။

“ဘာဖြစ်နေတာလဲ လူကြီးစကားကိုအလေးမထားတာလား၊ ရိုင်းတာလား”

အော်လိုက်တော့လည်း တိုက်ပုံက နှုတ်ခမ်းကိုထော်ထားလျှက်ပင်...

“မရိုင်းပါဘူးဗျ ၊ ကျွန်တော်အကိုလွန်းမာန်ကို စိတ်ဆိုးနေတယ်ဗျ အဲ့တာကြောင့် စကားမပြောတော့ဘူးဗျ ၊ လွှတ်ပေးပါတော့ဗျ”

ကောင်းထက်ဘက်က စကားမပြောသည့်အကြောင်းအရင်းကို တင်ပြသည်။ စိတ်ဆိုးနေတုန်းမို့ ကောင်းထက်က သူ့နှုတ်ခမ်းကိုပြန်ထော်ကာ သူ့လက်မောင်းကိုဆုပ်ကိုင်ထားသည့်လွန်းမာန်လက်ကိုဖယ်ပြီး ဘုဆတ်ဆတ်နှင့်ထွက်သွားသည်။ စိတ်ဆိုးတာတဲ့။ စကားမပြောလို့ စိတ်ကသိကအောက် ဖြစ်တာကလွဲလျှင်တော့ ကောင်းထက်အမူအရာတွေက စိတ်ဆိုးစိတ်ကောက်သည့်အချိန် လုပ်ရသည့်အပြုအမူမျိုးမဟုတ်ဘဲ အနည်းငယ် လွန်းမာန်ကိုများ မြူ ဆွယ်နေသလားလို့ထင်မိသည်။

“အဲ့ထော်နေတဲ့နှုတ်ခမ်းလေးကို နမ်းချင်လိုက်တာ ဟေ့ တိုက်ပုံ ”

ရှေ့သို့ အတော်ရောက်နေသည့်တိုက်ပုံအား အမှီလိုက်ကာ လက်ကလေးကို ဆွဲတားလိုက်မိသည်။ ကြည့်ဦး နှုတ်ခမ်းက အခုချိန်ထိထော်ထားတုန်း။ 

“မကိုင်နဲ့ဗျ ကျွန်တော်စိတ်ဆိုးနေပါတယ်ဆို အဲ့လိုကြီးလာမကိုင်နဲ့လေဗျ”

ကောင်းထက်က သူ့လက်ကလေးကိုကိုင်ထားသည့် လွန်းမာန်လက်ကို ထီးထိပ်ရိုးလေးနဲ့ အသာတို့ကာ ဖယ်ခိုင်းနေသည်။ လုပ်ကြပါဦး။ လွန်းမာန်မှာ အဲ့ကလေးကိုအူယားလွန်းလို့ သေတော့မယ်လို့တောင် ထင်ရတယ်။ ဘာလို့ဒီလောက်ချစ်ဖို့ကောင်းနေတာလဲ။

“ကိုယ်တော့ ချစ်သူကိုအူယားလွန်ပြီးသေမယ့် ကမ္ဘာ့ပထမဆုံးဖြစ်မယ်ထင်တယ်၊ ပြောပါဦး ဘာလို့စိတ်ဆိုးတာလဲ”

“စိတ်ဆိုးနေပါတယ်ဆို စကားမပြောရဘူးလေဗျ”

“ဪ ကိုယ်ကစိတ်ဆိုးရတဲ့အကြောင်းအရင်းကိုမေးပြီး တိုက်ပုံကိုပြန်ချော့ရမယ်လေ”

တိုက်ပုံက တအံ့တသြမော့ကြည့်လာသည်။

“ဗျာ ချော့ဦးမှာလားဗျ ကျွန်တော်ပဲစိတ်ဆိုးရမယ်မှတ်နေတာဗျ ဟီးဟီး”

“တိုက်ပုံရာ”

တကယ်ကို တကယ်ကို ရိုးလွန်းတာတော့ လက်တင်မဟုတ်ခြေပါမြောက်သည်။ ပါးဖောင်းလေးကို ဖျစ်လိုက်ကာ စိတ်ဆိုးရသည့်အကြောင်းအရင်းကိုတော့ မေးရပေမည်။ ဒါမှ ဖြစ်ဖို့ဖန်သည့်အကြောင်းအရင်းကိုသေချာပြော၍ ရှင်းပြနိုင်မည်ဖြစ်သည်။

“ဘာလို့စိတ်ဆိုးတာလဲ ကိုယ့်ကိုပြောလေ”

“မနေ့က ဟိုအမနဲ့ကတဲ့videoကို shareထားလို့ စိတ်ဆိုးပါတယ်ဗျ”

ဪ အဲ့တာကြောင့်ပေးကိုး။

“အဲ့တာက အရင်နှစ်ကပွဲတစ်ခုမှာ အတူတွဲကရတုန်းက ပရိသတ်တွေက တင်ပေးပါဆိုလို့ တင်ပေးထားတာ၊ အခုတစ်နှစ်ပြည့်တော့ သူက shareပေးပါဦးဆိုလို့ ကျေနပ်အောင် shareလိုက်တာရယ်”

“ကျွန်တော်မနာလိုတယ်ဗျ”

“တရားသမားလေးက မနာလိုတတ်သေးတာလား ဟင်”

“ဪ အကိုလွန်းမာန်ဗျ တရားသမားဆိုပေမယ့် ပုထုဇဉ်လူသားဆိုတော့ တဏှာကို မက်တုန်းပါပဲဗျ၊ တဏှာကိုမက်မှတော့ တဏှာရဲ့အကျိုးဆက်တွေကတော့ ပါလာစမြဲပါလေဗျ”

“ဟုတ်ပါပြီကွာ ဟုတ်ပါပြီ ဒါဆိုစိတ်ဆိုးနေဦး ကိုယ်မချော့သေးဘူး၊ သင်တန်းက အပြန်မှချော့မယ်”

“ဟုတ်ကဲ့ စိတ်ဆိုးပြီဗျ ၊ အပြန်ကျချော့နော် ကျွန်တော်အကိုလွန်းမာန်ကို စကားမပြောဘဲမနေနိုင်ဘူးဗျ”

“မရတော့ဘူးကွာ”

လွန်းမာန်က တကယ်ကို သူ့စိတ်ကိုမထိန်းနိုင်တော့။ တိုက်ပုံရဲ့ပါးဖောင်းလေးကို နစ်ဝင်သွားမတတ် နမ်းလိုက်မိသည်။ စိတ်ပြန်ဆိုးနေသည့်တိုက်ပုံကတော့ အနမ်းခံပြီးတာနှင့် နှုတ်ခမ်းထော်ကာ ရှေ့ကနေ ဆတ်ကော့ကော့လျှောက်သွားလေသည်။ မချော့သေးတာက တိုက်ပုံရဲ့စိတ်ဆိုးပုံချစ်စရာလေးမို့ ခဏတာလေး မြင်ချင်သေးလို့ပေ။

လွန်းမာန်က ကောင်းထက်နောက်ကနေသာ လိုက်သွားရပြီး ကြမ်းပြင်ကို ထီးထိပ်လေးတစ်ထောက်ထောက် ထောက်သွားနေသည့် ကောင်းထက်နောက်ကျောကိုသာ ကြည့်နေမိသည်။ ကျောပြင်လေးက အစချစ်စရာလေးပေ။

......................................................................

အကိုဝေလွန်းတို့ကိုကြည့်နေရင်း ကောင်းထက်မျက်နှာက တစ်ဖြည်းဖြည်းစူပုပ်လာတာကို နိုးနိုင်မှာ ရယ်ချင်စိတ်ကိုထိန်း၍ ကြည့်နေရသည်။ ငွေနှင်းဆိုသည့်အမကို အကိုလွန်းမာန်က romance danceသင်ပေးနေရသည်။ ရိုမန့်ဆိုတဲ့အတိုင်း ကကွက်တွေက အနည်းငယ်ကြမ်းသည်။ မျက်နှာနှစ်ခုက တစ်ခါတစ်ရံ အတော်လေးနီးကပ်သွားသည့်အချိန်တော့ ကောင်းထက်နှုတ်ခမ်းက ပိုထော်ထွက်လာသည်။

“မင်းငါပြောသလိုစိတ်ဆိုးလား”

နိုးနိုင်ကမေးတော့ ကောင်းထက်က နိုးနိုင်ဘက်လှည့်ကြည့်လာပြီး ခေါင်းညိတ်ပြသည်။

“အင်း စိတ်ဆိုးထားတယ်”

“ဟုတ်ပြီ တောင်းပန်လည်းမူနော်”

“ဟင် ဘယ်လိုမူရမှာလဲ”

နိုးနိုင်က မနေ့က 'ဘယ်လိုစိတ်ဆိုးရမှာလဲ´ဟု ပြောတဲ့အတွက်ကော အခုပြောလိုက်တဲ့ စကားအတွက်ပါ အတိုးရောအရင်းကောပေါင်း၍ ကောင်းထက်ခေါင်းကို နှစ်ချက်တိတိ ရိုက်လိုက်သည်။

“အာ့ ငါကမသိလို့ကို နိုးနိုင်ကလည်း"

ကောင်းထက်က ခေါင်းကိုပွတ်သပ်လျှက် ထော်နေသည့်နှုတ်ခမ်းကိုပိုထော်ကာ ပြောလာသည်။

“အခုလုပ်တဲ့အတိုင်းလုပ် အဲ့တာမူတာပဲ”

“ဒီလိုပဲလုပ်ရမှာလား”

ကောင်းထက်က သူ့မျက်နှာသူလက်ညိုးထိုးကာ ထောက်ခံမှုယူသဖြင့် နိုးနိုင်က ဟုတ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ကောင်းထက်က ခေါင်းတညိတ်ညိတ်ဖြင့် သူ့လွယ်အိတ်ထဲက ဖုန်းကိုထုတ်ကာ ဖုန်းကင်မရာကိုကြည့်၍ နှုတ်ခမ်းထော်သည်။ ပြီးလျှင် နှုတ်ခမ်းထော်လျက် မျက်လုံးကိုမှေးသည်။ ပြီးလျှင်မျက်နှာတည်သည်။ ထပ်ပြီး နှုတ်ခမ်းထော်ကာ မျက်မှောင်ကုတ်သည်။ ကြာတော့ ကြည့်နေရသူနိုးနိုင်ပင် ကောင်းထက်များ ချက်ချင်းရူးသွားလေသလားလို့ ထင်မိသည်။

“ကောင်းထက် မင်းဘာဖြစ်နေတာလဲ”

“ဟင် မင်းပဲ ခုနကလိုမူဆို၊ မေ့သွားမှာစိုးလို့ လေ့ကျင့်နေတာလေ”

နိုးနိုင်ပါးစပ်ဟလျက်သားဖြစ်သွားကာ လက်ဖဝါးကိုနဖူး၌ အပ်လိုက်မိသည်။ ငဒူရေ ငဒူရဲ့လို့သာ အော်ခေါ်လိုက်ချင်တော့သည်။ တကယ်ကို ဘာလို့ဒီလောက်ဒူမှန်း စဉ်းစားလို့မရတော့ပါ။ ဆက်လက်၍သာ ဒူပာတော့ဆိုသည့်သဘောဖြင့်...

“အေးအေး တော်တယ် ဆက်လေ့ကျင့်နေ”

“ငါက မင်းသူငယ်ချင်းပါကွ အဲ့ဒါကြောင့်တော်တာ”

“အေးပါကွာ အေးပါ”

နိုးနိုင်မှာ မရယ်ချင်ရယ်ချင်နှင့် ရယ်ပြလိုက်ကာ ကိုယ့်ကိုပါ သူ့ဒူပုံဒူနည်းတွေ ကူးသွားမည်မို့ ပါလာသည့်လွယ်အိတ်ပေါ်ခေါင်းအုံးကာ ဂိမ်းဆော့နေလိုက်တော့သည်။ ကောင်းထက်ကတော့ မူပုံမူနည်းကို ကျင့်နေတုန်းပင်။ 

“အင်း ဟုတ်တယ် ဒီလောက်နီးရင်ဖြစ်တယ်”

အနည်းငယ်ကျယ်သည့် အကိုလွန်းမာန်အသံကြောင့် ကောင်းထက်က စိတ်ဆိုးသော်ငြားလည်း အကိုလွန်းမာန်အား ခဏလောက်ငဲ့ကြည့်မိသည်။ အကိုလွန်းမာန်က အမငွေနှင်းရဲ့ခါးကို ဖက်ထားကာ နှစ်ယောက်သားမျက်နှာက အတန်ငယ်နီးနေသည်။ စိတ်တူကိုယ်တူလို့ပြောရလေမလား သူကြည့်နေသည်ကို ခံစားမိလို့ရယ်လားမသိပါ အကိုလွန်းမာန်က သူ့ဘက်လှည့်ကြည့်လာသည်။ သူကလည်း နိုးနိုင်သင်ပေးထားသလို အကိုလွန်းမာန်အား နှုတ်ခမ်းကိုထော်၍မျက်လုံးမှေးပြကာ ဆန့်ကျင်ဘက်သို့လှည့်နေလိုက်သည်။

“ကျွန်တော်အကိုလွန်းမာန်ကို စိတ်ဆိုးတယ်ဗျ”

ခပ်တိုးတိုးရေရွတ်လိုက်သည်။ လွန်းမာန်မှာလည်း တိုက်ပုံရဲ့ စိတ်ဆိုးသွားသည့် မျက်နှာထားလေးကို မြင်လိုက်ရသည်ကြောင့် အသဲတယားယား။ gymရောက်မှသာ အားရပါးရ ဖက်နမ်းပစ်မည်ဟု ကြိမ်းထားလျှက် အခုတော့ စိတ်ထိန်းနေရပါသည်။ ငွေနှင်းအား အကသင်ပေးချိန်က တစ်ပတ်ထဲမို့ ဒီနေ့တစ်ရက်တည်းမှာ ကကွက်အားလုံးအပြီးသင်ပေးရကာ နောက်ရက်တွေတော့ သံစဉ်နှင့်ကွက်တိလိုက်ကနိုင်အောင် အဖန်ဖန်လေ့ကျင့်ရမည်ဖြစ်သည်။ တစ်နာရီတိတိ ကကွက်တစ်ခုချင်းစီ သင်ပေးအပြီးမှာတော့ တာဝန်ပြီးဆုံးသွားပြီဖြစ်သည်။

“ကျေးဇူးပါ ကိုမာန် မောနေပြီလား ချွေးတွေချည်းပဲ”

‌ငွေနှင်းက လွန်းမာန်မျက်နှာပေါ်က ချွေးစက်တွေကိုသုတ်ပေးလိုက်သည်။ လှဲနေသည့် နိုးနိုင်ကလည်း ငွေနှင်းတို့ကို မျက်လုံးတထောက်ထောက်ကြည့်နေသည်မို့ ငွေနှင်းရဲ့အပြုအမူကြောင့် ဆတ်ခနဲထလိုက်ကာ နွေသစ်ကိုပြဖို့ ဓာတ်ပုံခိုးရိုက်သည်။ နွေသစ်က သူ့အမေအလုပ်ကိစ္စနဲ့ ကိစ္စရှုပ်နေတုန်း လွန်းမာန်အား ပျိုမဒီတို့ကလာလာညှိနေသည်ထင်ပါသည်။ နွေသစ်သာရှိကြည့်ပါလား ပထမရက်ကတည်းက ငွေနှင်းကို စေ့စေ့ထောက်ထောက်ကြည့်နေမှာပင်။

နိုးနိုင်က ကောင်းထက် ဘယ်လိုများဖြစ်နေမလဲလို့လှည့်ကြည့်တော့ ကောင်းထက်က နှုတ်ခမ်းကို အထော်ဆုံးထော်ထားကာ မျက်မှောင်ကုတ်ထားသည်။

“ဟားဟား မင်းရုပ်ကြီးကလည်း ချီးစားမိလို့ဖြစ်နေတဲ့ရုပ်ကြီးကျလို့”

ကောင်းထက်က နိုးနိုင်ခေါင်းကို သူ့လက်ဖဝါးဖြင့် ဖိလိုက်သည်။ နိုးနိုင်က ရိုက်လိုက်မယ်လို့ လက်ရွယ်လိုက်တော့ ကောင်းထက်က နိုးနိုင်ကိုတောင် ပြန်စိတ်ဆိုးတယ်ဆိုသည့်သဘောဖြင့်ခေါင်းကိုချာခနဲလှည့်သွားသည်။

“မနာလိုပါတယ်လို့ ပြောထားတာကိုဗျ”

ကောင်းထက်က ခပ်တိုးတိုးရေရွတ်ရင်း ချွေးသုတ်တာခံယူနေသည့်အကိုလွန်းမာန်ကို တွေတွေငေးကြည့်နေလိုက်သည်။ သူ့ဘက်သို့ အကိုလွန်းမာန်လှည့်လာချိန်တော့ သူစိတ်ဆိုးနေပါကြောင်း သိရှိစေရန်သာ နှုတ်ခမ်းထော်၍ ဆတ်ခနဲမျက်နှာလွှဲလိုက်သည်။

“စိတ်ဆိုးနော် ကြားလားကောင်းထက်၊ ငါ့ကိုစိတ်ပျက်အောင် မလုပ်နော်”

“ဟုတ် စိတ်ချပါ”

နိုးနိုင်က ကောင်းထက်အား မြောက်ပေးခဲ့ကာ အလုပ်ရှုပ်၍မောနေပြီဖြစ်သော noahဆီသို့သာ သွားလိုက်တော့သည်။ယခုအချိန်၌ သူ့ချစ်ရသူကြီးnoahသည် သူ့အနမ်းလေးကို လိုအပ်နေလောက်လေပြီ။ 

“တိုက်ပုံ ကိုယ့်ကိုချွေးသုတ်ပေးဦး”

သင်ချိန်ပြီးသွားသည်ကြောင့် တိုက်ပုံရှေ့မှာထိုင်၍ ချွေးသုတ်စေရန် ပုဝါကိုပေးလိုက်တော့ ခေါင်းယမ်းပြသည်။

“အယ် ကိုယ်ခိုင်းတာကိုငြင်းတယ်ပေါ့”

“ဟိုအမသုတ်ပေးသွားပြီလေဗျ ဘယ်ကချွေးကရှိတော့မှာလဲဗျ”

လွန်းမာန်က တိုက်ပုံစိတ်ဆိုးတာလေးကချစ်စရာလေးမို့ ပိုစိတ်ဆိုးအောင် ငွေနှင်းချွေးသုတ်ပေးတာကို တမင်ခံလိုက်ခြင်းအား အခုတော့ လိုချင်သည့်အတိုင်း တိုက်ပုံရဲ့စိတ်ကောက်ခြင်း ခပ်စူစူမျက်နှာထားလေးကို မြင်ရလေပြီ။ 

“ကြည့်စမ်း စိတ်ဆိုးတာလေးက ချစ်စရာလေး”

ပါးကိုဖျစ်ဖို့လက်ရွယ်လိုက်ပေမယ့် တိုက်ပုံက ခေါင်းရှောင်လေသည်။ ပါးမဖျစ်ရတော့ ဆံပင်လေးကိုသာ ဆွဲဖွရတော့သည်။

“ကိုယ်နဲ့အောက်ထပ်လိုက်ခဲ့ဦး ဒီနေ့ကကိုယ်gymဆော့ရက်၊ ပေး လွယ်အိတ်နဲ့ထီး ကိုယ်သယ်ခဲ့မယ်”

တိုက်ပုံရဲ့လွယ်အိတ်နှင့်ထီးကို လက်တစ်ဖက်တည်းနှင့် ယူခဲ့ကာ ကျန်တစ်ဖက်ကတော့ ရွှေစိတ်တော်ညိုးနေပါသော တိုက်ပုံအား ဖက်ထားရသည်။ ယခုခေတ်ရည်စားတွေ၏ စိတ်ဆိုးသည့်နည်းလမ်းက မျက်နှာကိုခပ်တည်တည်နှင့် တစ်လောကလုံး သူ့လုပ်စာထိုင်စားနေသည့်ပုံဆိုပေမယ့်လို့ တိုက်ပုံကနှုတ်ခမ်းထော်ရုံမှအပ ဘာမှထူးခြားတာမရှိပါပေ။ ဒီနေ့က gymဆော့ရက်မို့ အကသင်တန်းရဲ့ အောက်ထပ်မှာရှိသည့်gymသို့ သွားရသည်။

“ဘဲနှုတ်ခမ်းလေး”

“စိတ်ဆိုးနေတယ်နော်ဗျ ချော့တော့နော်ဗျ”

“ဟုတ်ပါပြီကွာ သိပါတယ်”

fox gymသို့ နှစ်ဦးသားဝင်လာခဲ့သည်။ gymဆိုသည့်အတိုင်းတစ်ချို့သောမိန်းကလေးတွေက ကိုယ်ကြပ်အားကစားအင်္ကျီတွေနှင့် ဗိုက်ပေါ်နေသည့်အဝတ်အစားတွေ ဝတ်ထားတာမို့ ကောင်းထက်က ကြမ်းခင်းပေါ်သို့သာအကြည့်ပို့၍ လွန်းမာန်ခေါ်ရာနောက်လိုက်သွားသည်။

“လာ လာ ဒီဘက်ဆော့မယ် ဒီဘက်မှာလူမရှိဘူး”

လွန်းမာန်က ကောင်းထက်အတွက်စဉ်းစားပြီး လူအဆော့နည်းသည့်ဘက် ရွေးလိုက်သည်။ ကောင်းထက်ကတော့ ထိုင်ခုံပေါ်မှာထိုင်ကာ ကစားရသည့်စက်တွေကို စပ်စပ်စုစုကြည့်နေသည်။ လွန်းမာန်က ကောင်းထက်ဘေးမှာဝင်ထိုင်ပြီး မျက်နှာချင်းဆိုင်ဖြစ်အောင် ကောင်းထက်မျက်နှာအား ပါးလေးကနေဆွဲယူလိုက်သည်။ ကောင်းထက်က လွန်းမာန်ကိုမြင်မြင်ချင်း  နှုတ်ခမ်းထော်ပြသည်။

“ကိုယ်တောင်းပန်တယ် အခု ကိုယ်shareထားတာကို ဖျက်ပေးမယ်နော်၊ ဒါပေမယ့် စိတ်ဆိုးမပြေရသေးဘူး”

ဖျက်ပေးမယ်ဆိုတော့ ကောင်းထက်မှာ ပြုံးမယောင်ယောင်ဖြစ်သွားပေမယ့် စိတ်ဆိုးမပြေရသေးဘူးဆိုတော့ နှုတ်ခမ်းကိုပြန်ထော်ထားလိုက်သည်။ နိုးနိုင်ကလည်း မူရမယ်လို့ပြောထားတယ်မလား။ အဲ့တော့ လေ့ကျင့်လာသည့်အတိုင်း နှုတ်ခမ်းကို ထော်သလိုလိုနှင့်စူထားပြီး မျက်မှောင်ကုတ်ထားလိုက်သည်။

“ဒီမယ်နော် ကိုယ်ဖျက်လိုက်ပြီ”

တိုက်ပုံရှေ့တင် ဖုန်းထုတ်ကာ ဖျက်ပြလိုက်သည်။ 

“ကိုယ်အခုတလော ခန္ဓာကိုယ်တွေ အရမ်းကိုက်နေတာ တိုက်ပုံရာ”

“နေမကောင်းတာလားဗျ”

ကောင်းထက်လက်ကလေးက လွန်းမာန်ဖူးပေါ်ချက်ချင်းရောက်လာပါသည်။ အခုတော့လည်း စိတ်ဆိုးနေသည့်မျက်နှာလေးမှ စိတ်ပူနေသည့်မျက်နှာလေးသို့ ပြောင်းသွားသည်။

“မဟုတ်ပါဘူး ခန္ဓာကိုယ်တွေကိုက်နေတာ အခုတောင် gymတစ်ယောက်တည်းမဆော့နိုင်လို့ ကိုယ့်ကိုကူဆော့ပေးပါလား”

“ဟုတ် ကူပေးမယ်လေဗျ ၊ နေမကောင်းရင်လည်း မဆော့ပါနဲ့လားဟင်ဗျ”

“ကိုယ့်ကိုကူဆော့ပေးမှာဆို”

“ဟုတ်ကဲ့ဗျ”

“အဲ့တာဆိုလှဲနေချေ ဟိုခင်းထားတဲ့ပေါ်လှဲနော်”

“ဟုတ်ကဲ့ဗျ”

ကောင်းထက်က လွန်းမာန်စကားအတိုင်း လူတစ်ယောက်စာအိပ်လို့ရသည့် အခင်းပေါ်မှာလှဲအိပ်လိုက်သည်။ 

အကြံအောင်သွားသည့် လွန်းမာန်ကတော့ ပြုံးလို့နေသည်။ လွန်းမာန်က လှဲအိပ်နေသည့်ကောင်းထက်ကို အုပ်မိုးလိုက်ကာ လက်နှစ်ဖက်ကို ကောင်းထက်ခေါင်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ထောက်ထား၍ ဒိုက်ထိုးသည့်အနေအထားမှာ နေလိုက်သည်။

“ကျွန်တော်ဘာလုပ်ရမှာလဲဗျ”

“ကိုယ်ဘာမှမဖြစ်ပါဘူး မင်းလေးကို စနေတာ၊ အခု မနေ့ကကိစ္စအတွက်ချော့မှာမလို့ စိတ်ဆိုးပြေနော်”

“ဘာကိုလဲဗျ”

“ဒီကိုအလာတုန်းကလိုစိတ်ဆိုးနေတဲ့မျက်နှာထားလုပ်ထား”

“ဟုတ်ကဲ့ဗျ”

စူထွက်လာသည့် တိုက်ပုံနှုတ်ခမ်းလေး။ လွန်းမာန်က ပြုံးမိသွားကာ ပထမဆုံးအကြိမ် တံတောင်ကိုကွေး၍ တိုက်ပုံနှုတ်ခမ်းလေးအား ထိရုံမျှ အသာကပ်ကာ တံတောင်ကိုပြန်ဆန့်လိုက်သည်။ ပြီးနောက် နောက်တစ်ကြိမ် တံတောင်ကိုပြန်ကွေးကာ တိုက်ပုံနှုတ်ခမ်းကို ထိရုံသာထိ၍ ပြန်ဆန့်သည်။ ဘာလုပ်မှန်းရိပ်မိသွားသည့်တိုက်ပုံကတော့ ပါးနှစ်ဖက်နှင့်မျက်လုံးကို လက်ဖဝါးဖြင့် အုပ်ထားတော့သည်။

“စိတ်ဆိုးသေးလား ဟမ် တစ်ခါးစိတ်ဆိုးရင် ဆယ်ခါပြန်ချော့မယ်”

ပြောပြီး တံတောင်ကွေးကာ တိုက်ပုံနှုတ်ခမ်းကို တစ်ခါပြန်နမ်းလိုက်သည်။

“စိတ်မဆိုးတော့ဘူးဗျ ရပြီဗျ”

ဒီတစ်ခါတော့ တိုက်ပုံက သူ့မျက်နှာတစ်ပြင်လုံးကို သူ့လက်ဖဝါးလေးဖြင့် အုပ်ထားတော့သည်။ သို့ပေမယ့်လည်း လွန်းမာန်ချော့ချင်နေသေးသည်။

“စိတ်ဆိုးပါဦး”

“မဆိုးတော့ဘူးဗျ ရပြီဗျ မချော့နဲ့တော့ဗျ”

တိုက်ပုံရဲ့အသံအနေအထားအရ အတော်လေးရှက်နေသည့်ပုံမို့ အနေရမခက်စေရန်သာ သူ့အပေါ်အုပ်မိုးထားရာမှ ဖယ်ပေးလိုက်သည်။ ချက်ချင်းထရပ်သည့်တိုက်ပုံမျက်နှာက အတော်နီနေသည်။ ပုံပျက်သွားသည့် တိုက်ပုံအင်္ကျီနှင့်ပုဆိုးကို ပြန်ပြင်ဝတ်ကာ ထိုင်ခုံမှာ သွားထိုင်နေသည်။

“ရှက်သွားတာလား မျက်နှာလေးကို နီလို့”

“ဟုတ် ရှက်တယ်ဗျ ဒါပေမယ့်လည်း ပျော်တယ်ဗျ”

“အေးပါကွာ ကိုယ်ကစားတာကြည့်လို့ရတယ်နော် တိုက်ပုံ”

“ဟုတ်ကဲ့ဗျ”

ကောင်းထက်က ရှက်ပေမယ့်လည်း စတွေ့ကတည်းက ထည်ဝါလွန်းသည့် အကိုလွန်းမာန်သည် ယခုလည်း ထည်ဝါလျက်ဆိုတော့ ငေးကြည့်နေမိပါသည်။ ကောင်းထက်အနေဖြင့် အကိုလွန်းမာန်၏ လမ်းလျှောက်ပုံကိုကြိုက်သည်၊ ဖုန်းကြည့်နေပုံကိုလည်းကြိုက်သည်၊ ကနေပုံကိုလည်းကြိုက်သည်၊ အခုလိုအားကစားလုပ်နေပုံကိုလည်းကြိုက်သည်၊ သူ့ကိုအချစ်များစွာနှင့်ငေးကြည့်နေတာကို ပိုတောင်ကြိုက်ရပါသည်။

“Oh my god ”

ကောင်းထက်ခပ်တိုးတိုးရေရွတ်မိလိုက်သည်။ ထည်ဝါလွန်းသူကတော့ ဆက်လက်တောက်ပလျက်ပါလေ။ 

“Oh my godလို့ အကိုလွန်းမာန်ကို အခြားသူတွေခေါ်ရင် မနာလိုတယ်ဗျ ဘာလို့godလို့ နာမည်ပေးရတာလဲဗျ”

ကောင်းထက်က ခပ်တိုးတိုးရေရွတ်ပြီး ပေါင်ပေါ်တံတောင်တင်မေးထောက်ကာ ရှေ့တည့်တည့်၌ လှလှပပအားကစားလုပ်နေသည့် အကိုလွန်းမာန်အား ပါမစ်မရှိ ငေးကြည့်နေတော့သည်။ ကြိုက်လိုက်တာ။

...............................................................


Continue Reading

You'll Also Like

127K 10.6K 35
လွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိ...
667K 13.4K 46
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
1M 46.2K 50
Warning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.2022 To finish this story , I spent 4 mont...
173K 4.7K 58
{Zawgyi Uni} Start-[ 16/Oct/2021 ] End .-[ 1/April/2022] "ငွေနှင်းမြူ၏နှောင်ကြိုးငယ်" (A little bond of the silver snow) "မြူနှိုင်းဆက် ဆိုတဲ့ကောင်လေ...