Unicode
ဝမ်လျိုကျား ခရစ်ပြောသွားတာတွေကိုစဉ်းစားရင်း အကိုဖြစ်သူထံဖုန်းဆက်လိုက်သည်။
"Hello...ကော"
"အင်းဘာကိစ္စလဲ"
"သားလေးကိစ္စတိုင်ပင်ချင်လို့ ဖုန်းဆက်လိုက်တာ...မာမီရောနေကောင်းရဲ့လား"
"အင်း...ရိပေါ်ကိုတော့မေးနေတယ် သူ့ဆီဖုန်းမဆက်လို့တဲ့"
"အင်း ကော. ကျွန်တော်အသိDr.ကပြောတယ် ရိပေါ်ရောဂါကို သူအနေများတဲ့ပတ်ဝန်းကျင် အမှတ်တရတွေရှိတဲ့နေရာဆီမှာ ကုတာပိုကောင်းမယ်တဲ့.."
"အင်း..ဒီမှာဆိုသူအမှတ်တရတွေပိုများမယ်ထင်တယ်..ဆိုင်ကယ်ပြိုင်ပွဲတွေ စကိတ်ပြိုင်ပွဲတွေ.."
"အင်း ကျွန်တော်လဲထင်တယ် အဲဒါကြောင့် သားကိုအဲမှာဆက်ကုရမလားလို့ပါ ပြီးတော့ ကျွန်တော့်အပြစ်တွေကို မာမီရော ကော ဆီမှာပါ ဝန်ချတောင်းပန်ချင်တယ်"
"........."
"ကျွန်တော်တို့မိသားစုလေးတကွဲတပြားဖြစ်မနေချင်တော့ဘူး...ကော ကျွန်တော်မှားခဲ့ပါတယ် ခွင့်လွှတ်ပေးပါ"
"......"
"ကျွန်တော် သားကိုခေါ်ပြီး လာခဲ့မယ်နော်"
"အင်း..လာခဲ့လေ"
အကိုဖြစ်ရဲ့လက်ခံစကားကြောင့် ဝမ်လျိုကျားဝမ်းသာစွာမျက်ရည်ကျမိတော့သည်။
"ကျေးဇူးပါ ကော"
ဒေါက်...ဒေါက်
"ဉီးလေး"
"အော် ချန်ယွိ"
"ရိပေါ်နဲ့ ရှောင်ကျန့် အိမ်ရောက်နေတယ်တဲ့"
"ဟုတ်လား အစ်မအန်းဆီဖုန်းဆက်လိုက် ရိပေါ်ရော ရှောင်ကျန့်ပါ အိမ်မှာညစာစားမှာမို့ နဲနဲပါးပါးကြည့်ချက်ထားလိုက်ပါလို့"
"ဟုတ်ကဲ့"
"အင်း အရေးကြီးကိစ္စမရှိရင် ဉီးလေးသွားစရာနေရာရှိသေးတယ် မင်းပြီးရင်ပိမ်တန်းပြန်လိုက်တော့ ဟုတ်ပြီလား "
"ဟုတ်ကဲ့"
ဝမ်လျိုကျားလိုအပ်တာတွေယူပြီး စန်းချန်ကိုချန်ယွိနဲ့ပြန်ရန်ပြောကာ ကားပါကင်ဆင်းလာလိုက်သည်။
..................
ခြံတစ်ခုကိုရောက်တော့ဟွမ်း၂ချက်တီးလိုက်ပြီး ခြံစောင့်တံခါးလာဖွင့်တာစောင့်နေလိုက်သည်။
"ဟွာရှင်း ရှိလား"
"ဟုတ်ကဲ့ မမကြီးအထဲမှာရှိပါတယ်"
ဝမ်လျိုကျားကားကို အိမ်ရှေ့ထိမောင်းပြီးရပ်လိုက်သည်။ ကားသံကြား၍ထင် အိမ်ထဲမှအန်တီကြီးပြေးထွက်လာပြီး....
"ဘယ်သူလဲမသိဘူးရှင့်"
"ဝမ်လျိုကျားပါ ဟွာရှင်းနဲ့တွေ့ချင်လို့"
"ဟုတ်ကဲ့ ထိုင်ပါဉီးရှင့် သွားခေါ်ပေးပါမယ်နော်"
ခဏကြာတော့ ဟွာရှင်းဆင်းလာခဲ့သည်။
"လျိုကျား..အရေးကြီးကိစ္စရှိလို့လား"
"အင်း သားကိစ္စ နင်နဲ့တိုင်ပင်ချင်လို့"
"အင်းပြောလေ"
"USမှာ ငါ့အသိဆေးပညာရှင်တစ်ယောက်က အကြံပေးတယ် သားရောဂါကို သူအမှတ်တရအများဆုံးနေရာမှာကုရင် ပိုကောင်းမယ်တဲ့ အဲဒါ ငါသားကို USခေါ်သွားမလို့"
ဟွာရှင်း လျိုကျားရဲ့စကားကိုကြားတော့ အနည်းငယ်ဝမ်းနည်းသွားပေမဲ့ မှန်နေတာမို့ ငြိမ်နေလိုက်သည်။
"ပြီးတော့...ငါမာမီ့ကိုပြန်တောင်းပန်ရမဲ့အချိန်ရောက်ပြီ ငါ...ငါ့မိသားစုအတူပြန်နေချင်ပြီ.."
"အင်း...နင့်လုပ်ရပ်မှန်ပါတယ် တခုတော့တောင်းဆိုပါရစေ သားပြန်ကောင်းလာတဲ့အခါ ငါသားရဲ့မိခင်အဖြစ်နေချင်တယ် ဒါလေးတခုပဲ"
"အင်း...ငါလက်ခံပါတယ် ငါကုမ္ပဏီကိစ္စတွေချန်ယွိကိုလွှဲပြီးတာနဲ့ သွားဖို့ပြင်တော့မယ် နင့်လဲသိထားသင့်တယ်ထင်လို့ပါ"
"အင်းပါ ကျေးဇူးပါပဲ "
"အော..အခု ရေှာင်ကျန့်နဲ့သား အိမ်မှာရောက်နေတယ် ညစာစားပြီးမှပြန်လွှတ်မလို့ အဟမ့်...နင်.. နင်လိုက်ခဲ့မလား"
"ဟမ်...အော အင်း လိုက်ခဲ့လို့ရလား"
"အင်း"
ဝမ်လျိုကျား ဟွာရှင်းကိုခေါ်ကာ အိမ်ပြန်လာခဲ့လိုက်သည်။
လိလုနဲ့ဖန်ရှင်းလဲ ကျောင်းဆင်းချိန်မို့ အိမ်မှာစုကာ ရိပေါ်ဖုန်းအသစ်ကို gameတွေထည့် ဖုန်းနံပါတ်တွေထည့်ပြီးသင်ပေးနေကြသည်။
ရှောင်ကျန့်နဲ့ချန်ယွိကတော့ခုံမှာထိုင်ရင်း ကလေးတွေကိုကြည့်ကာရယ်မောနေကြသည်။
ဝမ်လျိုကျားနဲ့ဟွာရှင်းရောက်တော့ ခဏစကားပြောကြပြီး ညစာအဆင်သင့်ဖြစ်တော့ ပျော်ရွှင်စွာပဲစားသောက်ကြသည်။
ထုံးစံအတိုင်းရှောင်ကျန့်ကတော့ ရိပေါ်ကိုခွံ့ရင်းနဲ့ပေါ့...
ညစာစားပြီး ဧည့်ခန်းမှာထိုင်ကာ အသီးမျိုးစုံအချိုတည်းရင်း...
"ရှောင်ကျန့် သားကိုအန်ကယ်ပြောစရာရှိတယ်"
ဝမ်လျိုကျားထံ အကြည့်တွေဆုံကာရောက်လာကြသည်။
"သားလဲ ဆရာဝန်တယောက်ပဲ ရိပေါ်ရောဂါအကြောင်းသိမှာပေါ့ သူ့ရဲ့ပုံရိပ်အမှတ်တရတွေများတဲ့နေရာမှာဆို သူပြန်မှတ်မိဖို့ရာခိုင်နှုန်များတယ်ဆိုတာလေ"
"သားက Usမှာအနေများတယ် သူ့ဝါသနာ သူ့ပညာတွေအကုန် Usမှာစတင်ခဲ့တာ ပြိုင်ပွဲတွေ အဖွဲ့အစည်းတွေ.. အဲဒါကြောင့် အန်ကယ် သားလေးကို USခေါ်သွားမလို့"
"ဟင် "အန်ကယ်ဝမ်စကားကြောင့် ရှောင်ကျန့်ဝမ်းနည်းသွားသည်။ရိပေါ်ဘက်က ဘာမှမသိပေမဲ့ သူ့ဘက်ကဒီနေ့မှချစ်သူဖြစ်တာမလား အကယ်၍ အတိတ်ကိုသတိရပြီး သူကိုမေ့သွားခဲ့ရင်.......
"ဒယ်ဒီ...ကောကောတစ်ယောက်ထဲအဆင်ပြေပါ့မလား"
"ဒယ်ဒီပါလိုက်သွားဖို့လုပ်ထားတယ်.."
"ဖြစ်..ဖြစ်ပါ့မလား ဒယ်ဒီ"
"သမီးလေးလေးကတော့ ခွင့်ပြုပေးခဲ့ပြီ ဒယ်ဒီသမီးဘွားဘွားကိုခွင့်လွှတ်ပေးဖို့တောင်းပန်မယ် ဒယ်ဒီတို့တူတူပြန်နေဖို့တောင်းဆိုမယ်"
"ဟင့် လုလု ဝမ်းသာလိုက်တာ ဒယ်ဒီရယ်"
"ဉီးလေး သွားမယ်ဆို ဒီကလုပ်ငန်းတွေအားလုံး စိတ်ချထားခဲ့ ကျွန်တော်တာဝန်ယူတယ် "
ချန်ယွိကလဲဝမ်းသာစွာပဲ ထောက်ခံခဲ့သည်။
ရှောင်ကျန့်မသိမသာလက်သီးဆုပ်ထားမိလျက်.....
အားလုံးပျော်နေကြတဲ့အချိန်
ငါတစ်ယောက်ပဲဝမ်းနည်းကျန်ခဲ့ရမှာလား..
ရိပေါ်ကရောငါ့ကိုမှတ်မိပါ့မလား..
ငါဘာလုပ်ရမလဲ မာမီရောသိပြီးပြီလားလက်ခံလား....
ရှောင်ကျန့်ဟွာရှင်းကိုကြည့်လိုက်တော့ တည်ငြိမ်စွာပဲ အသီးစားလျက်...
"ရှောင်ကျန့် ရှောင်ကျန့်..."
"ဟမ်...အော့...ချန်ယွိ"
"ဘာတွေတွေးနေတာလဲ ဉီးလေးပြောလိုက်တာကြားလား"
"ဟမ် ဘာပြောလိုက်တာလဲ... အန်ကယ်ဆောရီးပါဗျာ ကျွန်တော်အတွေးလွန်သွားတယ်"
"အန်ကယ်ပြောတာ နောက်တစ်ပတ်ထဲသွားဖို့ပြင်ဆင်မယ်လို့ ဒီကြားထဲ ရိပေါ်ကိုနားဝင်အောင်ပြောပြပေးထားပါနော်"
"အော်..ဟုတ်ကဲ့ ကျွန်တော်ပြောပြပေးထားပါမယ်အန်ကယ် စိတ်ချပါ"
"ကဲ ကဲ မိုးအရမ်းချုပ်သွားမယ် ချန်ယွိ ဟွာရှင်းကိုပြန်ပို့ပေးလိုက်နော်"
"ရှောင်ကျန့်နဲ့ရိပေါ်ရော ကားဖြေးဖြေးမောင်းပြန်နော်"
"ဟုတ်ကဲ့အန်ကယ်..."
ချန်ယွိကားအရင်ထွက်သွားပြီး ရှောင်ကျန့်ကားပေါ်အရင်တက်ကာစက်နှိုးလိုက်သည်။ ရိပေါ်ကားပေါ်တက်မယ်လုပ်တော့....
"အော်ခုမှသတိရတယ် ကောကောနေဉီး"
လုလုအခန်းဆီပြေးပြီး အထုပ်၁ထုပ်ယူကာပြန်ထွက်လာသည်။
"ဒီမှာ ရှီကောကကောကောမှာထားတာလို့ပြောပြီး ထားသွားတာ ကောကောဒီမှာမနေတာသူမသိလို့ လုလုဆီမှာပဲထားသွားတာ"
"ဟမ်..အော ပေးပေး"
ရိပေါ်လျင်မြန်စွာဆွဲလုပြီးကားနောက်ခန်းထိုင်ခံနောက်ထဲထည့်လိုက်သည်။ရှောင်ကျန့်မြင်ပေမဲ့ ဘာမှမပြောမိ သူ့အတွေ့နဲ့သူလေ....
ရှောင်ကျန့်တိတ်ဆိတ်စွာပဲကားမောင်းနေမိသည်။ ခဏကြာတော့ သူတို့ရဲ့အိမ်လေးကိုရောက်လာပြီးရိပေါ်ကအထုပ်တခုယူကာအရင်တက်သွားသည်။ ရှောင်ကျန့် နေ့လည်ကဝယ်သမျှအထုပ်တွေဆွဲကာ နောက်ကလိုက်တက်လာတော့သည်။
အခန်းထဲရောက်တော့ အထုပ်တွေချကာ ထိုင်ခုံပေါ်ထိုင်ရင်းနောက်မှီထားမိသည်။
ရိပေါ်ကတော့ အိပ်ခန်းထဲတန်းဝင်ကာသူ့အဝတ်တွေကြားထဲအထုပ်ဖွက်လိုက်တော့သည်။
"အာ့ရှီကောကတော့လေ ကောမသိအောင်ပေးဆိုတော့ လုလုလက်ထဲထည့်ပေးခဲ့တယ် ဟိဟိ ဒါကိုစူးစူးဆီပြရမယ် ဟွန့်.. အဲဒါမှငါ့ကောကောကိုလာမလုမှာ ဟွင့်.."
ရိပေါ်အဝတ်ဗီရိုနားရင်ရင်းတစ်ယောက်ထဲရေရွတ်နေတုန်း. အနောက်မှရှောင်ကျန့်လာဖက်တာခံလိုက်ရသည်။
"ကော..."
"ခဏလေးပါရိပေါ် ဒီအတိုင်းလေးခဏနေမယ်နော်"
ရှောင်ကျန့်ရိပေါ်ခါးကိုဖက်ရင်း လည်တိုင်နားမျက်နာအပ်ထားမိသည်။
ရိပေါ်လဲဘာလုပ်ရမှန်းမသိ ငြိမ်နေပေးလိုက်တော့သည်..
ခဏကြာတော့ရိပေါ်တစ်ခုခုကိုခံစားလိုက်ရသည်။
"အ.."
ရှောင်ကျန့်ရိပေါ်လည်တိုင်ကို ကိုက်ပြီး အမှတ်သားလုပ်လိုက်ခြင်းပင်.....
"ဟင့် ကော..သားကို ကိုက်တယ်..ပေါက်သွားပြီလားမသိဘူး ဟင့်.."
"အာ ရိပေါ်မငိုရဘူးလေ ချစ်လို့ကိုက်တာကိုကွာ.. သွေးလေးစို့သွားရုံပါပဲ"
"ဟင့်..သားဆေးထိုးရမှာလားဟင် သားကြောက်တယ်နော်"
"ဟမ် ဘာဆိုင်လို့လဲ ကလေးလေးရဲ့ "
"ဆေးရုံမှာတုန်းက ခွေးကိုက်ခံရလို့ဆေးလာထိုးတဲ့လူတွေရှိတယ်လေလို့ ဟင့်..အများကြီးပဲထိုးရတာလေ သားမထိုးချက်ဘူးနော်"
"ဟား ခွေးပေါက်လေး အဲဒါကခွေးကိုက်လို့ ကာကွယ်ဆေးထိုးတာလေကွာ အခုကလိုကိုက်တာကမထိုးရဘူးလေ "
*သူလုပ်မှ ငါလဲခွေးလုံးလုံးဖြစ်ပြီ*
"တကယ်မထိုးရဘူးလား"
"အင်းမထိုးရဘူး..ဒီမှာကြည့်"
ရှောင်ကျန့် ရိပေါ်ကိုယ်လေးဆွဲလှည့်ကာ မှန်ရှေ့ရပ်လိုက်သည်။
သူ့ကိုက်ထားတဲ့အမှတ်လေးက ခရမ်းရောင်သန်းနေလျက်...
"တွေ့လား ချစ်သူတွေကို အာ့လိုအမှတ်လေးလုပ်ရတယ်ကလေးလေးရဲ့ ဒီကောင်လေးမှာချစ်သူရှိပါတယ် ဘယ်သူမှလာမကြိုက်ကြပါနဲ့ဆိုတဲ့ အဓိပ္ပါယ်ပေါ့..."
"အဲ့လိုလား..အဲဒါဆိုရင် ကောကိုလဲကိုက်မယ်"
"ဟမ်.."
"ကောကိုလဲကိုက်မယ်လို့ အဲဒါမှသားချစ်သူကောမှန် လူတိုင်းသိမှာ.."
"ဟာ....အ"
ရိပေါ်ရှောင်ကျန့်လည်ပင်းကိုဆွဲဖက်ကာ ကိုက်ချလိုက်တော့သည်။
"ဟိဟိ လှသွားပြီ ပြွတ်"
"ဟာ လူကိုနမ်းတယ်"
"ကောက သားရဲ့ချစ်သူ...ပြွတ်"
"သားက ကောရဲ့ချစ်သူ...ပြွတ်"
"သားနဲ့ကောက ချစ်သူတွေ....ပြွတ် ခြေလက်ဆေးတော့မယ် ဟိဟိ"
ရိပေါ်ကတော့လုပ်ချင်တာလုပ်ပြီး ရေချိုးခန်းထဲပြေးဝင်သွားလေသည်။
ရှောင်ကျန့်ကတော့မှန်ရှေ့ရပ်နေရင် မှန်ထဲမှသူ့ပုံကိုပြန်ကြည့်ကာ မျက်ရည်ကျနေမိတော့သည်။
*မင်းကိုယ့်ကိုမှတ်မိနေပါစေ..ရိပေါ်
ကိုယ်မင်းပြန်လာတာကိုမျှော်နေမယ်
အကယ်၍များ မင်းမေ့သွားခဲ့ရင်..
မင်းအချစ်ကိုရဖို့ကိုယ်ကြိုးစားမယ်
၂ဉီးသဘောတူ ချစ်သူလုပ်ကြမယ်နော်*
..................................
ရိပေါ်ရှီကောကိုတိုးတိုးတိတ်တိတ်မှာခဲ့တာမှတ်မိကြတယ်မလား အခုရလာပြီ... ဘာလဲတော့မသိဘူး သူ့ကောကိုလုလို့မရအောင် စူးစူးကိုပြမယ်တဲ့နော် 😁😁😁
စာလုံးပေါင်းမစစ်ရသေးဘူးအမှားပါရင်ပြင်ဖတ်ပေးပါနော်Love You All....
Zawgyi
"Hello...ကော"
"အင်းဘာကိစ္စလဲ"
"........."
"......"
"အင်း..လာခဲ့လေ"
"ကျေးဇူးပါ ကော"
ဒေါက်...ဒေါက်
"ဉီးလေး"
"အော် ချန်ယွိ"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့"
..................
"ဟွာရှင်း ရှိလား"
"ဘယ်သူလဲမသိဘူးရှင့်"
"အင်းပြောလေ"
"အင်းပါ ကျေးဇူးပါပဲ "
"အင်း"
"ဟမ်...အော့...ချန်ယွိ"
"ဟုတ်ကဲ့အန်ကယ်..."
"ဟမ်..အော ပေးပေး"
"ကော..."
"အ.."
"တကယ်မထိုးရဘူးလား"
"တွေ့လား ချစ်သူတွေကို အာ့လိုအမှတ်လေးလုပ်ရတယ်ကလေးလေးရဲ့ ဒီကောင်လေးမှာချစ်သူရှိပါတယ် ဘယ်သူမှလာမကြိုက်ကြပါနဲ့ဆိုတဲ့ အဓိပ်ပါယျပေါ့..."
"ဟမ်.."
"ဟာ....အ"
"ဟိဟိ လှသွားပြီ ပြွတ်"
"ဟာ လူကိုနမ်းတယ်"
..................................