Unicode
ရှောင်ကျန့်ပြန်သွားပြီး.....ဘေးကပ်ရပ်နေသည့်ဖန်ရှင်းလဲပြန်သွားလေသည်။ ခန်ယွိနဲ့ လုလုကတော့ လုပ်စရာရှိတာလုပ်နေကြသည်။
ထိုအချိန်အထိရိပေါ် စကားတစ်ခွန်းမှမပြောသေးပဲငိုင်နေသည်။ ဝမ်လျိုကျားသားဖြစ်သူကိုကြည့်ကာ..
"သား ဘာဖြစ်လို့လဲ နေလို့မကောင်းဘူးလား ဒယ်ဒီကိုပြောလေ"
"ဒယ်ဒီ.."
"အင်း ပြောလေ"
"သား ကျန့်ကောနဲ့သွားနေချင်တယ်"
"ဟင်..."
"သားကိုလိုက်ပို့နော် ကျန့်ကောလိပ်စာပေးထားတယ်"
"သား အဲဒါက သားကနေကောင်းသေးတာမဟုတ်ဘူး ဒီမှာပဲအနားယူပါလားသားရယ် "
"ဟင့်အင်း သားကောနဲ့ပဲနေချင်တာ ဒီမှာနေချင်ဘူး"
"သားရယ် ရှောင်ကျန့်ကတစ်ယောက်ထဲနေတာ သူဆေးရုံသွားတဲ့အချိန်ဆိုသားတယောက်ထဲ ဘယ်လိုနေမလဲ"
"အဲဒါဆို သားကျန့်ကောဆီသွားနေမယ် ကျန့်ကောဆေးရုံသွားရင် ကောမာမီဆီသွားမယ်ဒယ်ဒီဆီလာမယ် နော်နော်"
"ဟင်း...သားရယ်"
"ဒယ်ဒီ ကောကောကိုတားမနေပါနဲ့ လုလုတို့လဲ သွားလည်လို့ရတာပဲ အဝေးကြီးမှမဟုတ်တာ"
"အဲဒါဆိုလဲပြီးရော..သားလိမ်လိမ်မာမာနေနော်
တိုက်ခန်းဆိုတော့နဲနဲကျဉ်းတယ် အရုပ်တွေယူမသွားနဲ့တော့ ရှောက်ကျန့်အပေါ်မဆိုးရဘူးနော်"
"ဟုတ် ယွိကော..သားကိုလိုက်ပို့ သွားမယ်"
"ဟင်..အခုလား"
"ဟုတ် ကောအိမ်ရောက်ရင် ကောကိုအံ့သြသွားအောင်လုပ်မလို့ ဟိဟိ"
"အမလေးနော် လုလုက ကောကောပြန်လာလို့ ပျော်ရမလား အောက်မေ့တယ် သူကရှောင်ကောကောဆီသွားနေမယ်တဲ့ ဟွန့်..."
"ကဲပါ ပြောမနေနဲ့တော့ သွားတော့မယ် ဒယ်ဒီ တာ့တာ လုလုတာ့တာ.."
မသွားရမှာစိုးရိန်တာကြောင့် အလျင်အမြန်ပဲနှုတ်ဆက်ကာကားပေါ်တက်ထိုင်နေသည်။
"ဒယ်ဒီ လုလုပြောတယ်မလား ကောကောကမနေဘူးလို့"
"အင်း ဒယ်ဒီသမီးမှန်တယ်"
အခြေနေတွေ့ကိုကြိုတင်မှန်းထားပြီးသားမို့သဘောတူပေးလိုက်သည်။
ချန်ယွိ ရိပေါ်အင်္ကျီအိတ်ကိုကားပေါ်တင်ကာ ရှောင်ကျန့်တိုက်ခန်းသို့ဉီးတည်လိုက်လေသည်။
....................
ရှောင်ကျန့်ဆေးရုံရောက်လာခဲ့ပေမဲ့ ရိပေါ်စီပဲစိတ်ရောက်နေသည်။
ရိပေါ်နဲ့အတူနေခဲ့တဲ့အချိန်တစ်ပါတ်လုံးကိုယ့်အပေါ်တွယ်ငြိလွန်းတဲ့ကလေးကြောင့် စိတ်အနှောက်ယှက်မဖြစ်ခဲ့ပေ...
ဘာကြောင့်မှန်းမသိ...သူရိပေါ်ရဲ့နှုတ်ခမ်းကိုအမြဲကြည့်ဖြစ်သည်။ သူ့ကိုယ်သူလဲနားမလည်။ သူကြည့်ချင်တာပဲသိသည်။ အခုတော့ နှုတ်ခမ်းလေးနဲ့ဝေးရဉီးမှာပေါ့....
"ရှောင်ကျန့်...ဝေ့..ရှောင်ကျန့်"
"ဟမ်း...အော..လင်း လင်းယီ"
"အမလေးဟယ် မှိုင်နေလိုက်တာ မသိရင် ရည်းစားကထားခဲ့တဲ့အတိုင်းပဲ"
"လင်းယီ နင်ကတော့လေ...ထားပါ ပြောဘာကိစ္စလဲ"
"ငါ..ငါနင့်ကိုမေးစရာရှိလို့"
"အင်းမေး"
"နင်.....နင်သူ့ကိုသတိရသေးလား"
လင်းယီမေးတာကို နားမလည်တဲ့ပုံနဲ့ရှောင်ကျန့်စိုက်ကြည့်နေလိုက်တော့...
"ငါ ငါသိချင်တာက တကယ်မေ့သွားပြီလားလို့ပါ နင့်ကိုသတိရသွားစေချင်လို့မဟုတ်ပါဘူး ဒီအတိုင်းမေ့သွားတယ်ဆိုရင် အကောင်းဆုံးပဲလို့ပြောမလို့ပါ.."
"ဟူး....လင်းယီ နင်ကငါ့အကြောင်းအတွင်းသိအဆင်းသိ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ပါ.."
"ငါသိပါတယ် အဲတုန်းကလဲ နင်ဘယ်လောက်ခံစားခဲ့ရလဲငါသိတယ် နင့်ကိုလုံးဝမေ့ပြစ်ဖို့မပြောပါဘူး နင်တစ်ယောက်ယောက်နဲ့တွဲကြည့်ပါလား နှင့်နှလုံးသားကလက်မခံလဲ အရင်း လက်ခံတော့အမြတ်ပေါ့"
"ငါ ဒီအတိုင်းပဲ အေးဆေးနေချင်သေးတယ်"
"အိုက်ယား...ပြောရဆိုရခက်လိုက်တာ...ဟွန်း
ဒီလိုဆေးရုံကြီးမှာ များပြားလှတဲ့ ချောတဲ့ လှတဲ့ ဆရာဝန်မတွေ ဆရာမတွေ ထဲမှာ နင် ရင်ခုန်တဲ့သူတစ်ယောက်မှမရှိတော့ဘူးလား ဟင်း... နင်.."
"ကဲပါ..တော်ပါတော့ဟာ သွားတော့သွားသွား ငါနားဉီးမယ် ပြီးရင်လူနာလိုက်ကြည့်ရမယ်"
"ဟွန်း...အေးပါ အေးပါ သွားပြီ"
လင်းယီထွက်သွားတော့ ရှောင်ကျန့်သက်ပြင်းချကာ စားပွဲဘေးရှိအံဆွဲထည့်မှ ဓာတ်ပုံတစ်ပုံထုတ်ကာ...
"ငါ နင့်ကိုမေ့လို့မရသေးဘူး...ဒါ ဒါပေမဲ့ငါ...ကျစ်...."
ပုံကိုအံဆွဲထဲပြန်ထည့်ပြီးထိုင်ခုံပေါ်မှီချလိုက်ကာ
မျက်လုံးမှိတ်အနားယူလိုက်သည်....
*ကျန့်ကျန့်.....ကျန့်ကျန့်လာမြန်မြန်လာ.....*
*စုရင်း..မပြေးနဲ့ စုရင်း*
*ကျန့်ကျန့်..ဟား.ဟား..*
ရှောင်ကျန့်အိမ်မက်ထဲကကောင်မလေးတစ်ယောက်ပြေးနေပြီး သူကလိုက်ဖမ်းနေသည်။
*စုရင်း...စုရင်း....အား...*
ရှောင်ကျန့်အော်ရင်းလန့်နိုးလာသည်။
"ဟင်း..အိမ်မက်မက်နေတာပဲ"
ကိုယ်လက်သန့်စင်လိုက်ပြီး လူနာလိုက်ကြည့်ရန်ထွက်လာခဲ့လိုက်သည်။သူ့စိတ်ထဲတွင်တော့ ဘာကို အလိုမကျမှန်းမသိ ရင်ဘတ်တစ်ခုလုံး လစ်ဟာလျှက်.....
..........................
ချစ်ဖို့ကောင်းတဲ့ အချစ် ၂ပိုင်းတောင်တင်တာနော်😜😜😜
၂ပိုင်းဖြတ်လိုက်တာမို့ နဲနဲတော့တိုတယ်နော်
😘😘😘
Zawgyi
"ဒယ်ဒီ.."
"အင်း ပြောလေ"
"ဟင်..."
"ဟင်း...သားရယ်"
"ဟင်..အခုလား"
....................
"ဟမ်း...အော..လင်း လင်းယီ"
"အင်းမေး"
*ကျန့်ကျန့်..ဟား.ဟား..*
*စုရင်း...စုရင်း....အား...*
..........................
😘😘😘