(Zawgyi)
ေဂဟာဝန္းထဲကို ကားတစ္စီးဝင္လာတဲ့အခ်ိန္ ကြၽန္ေတာ္ သင္ရိုးၫႊန္းတမ္းစာအုပ္တစ္အုပ္ကို ဖတ္ေနတာျဖစ္တယ္။ကြၽန္ေတာ့္စက္ဘီးေလး နင္းလာရင္ေတာင္ ဖုန္ေတြထတတ္တဲ့ ေျမျပင္အေနအထားေၾကာင့္ ကားတစ္စီးလံုးေမာင္းဝင္လာတဲ့အခါ ထိုနားတစ္ဝိုက္မွာ ဖုန္လံုးအႀကီးႀကီးေတြ ျဖစ္သြားတယ္။
အစ္မမီဆိုက ေဂဟာထဲကေန sisterႀကီးနဲ႔အတူထြက္လာၿပီး ကားဆီကိုေျပးသြားတယ္။ခေလးေတြကလည္း ေဆာ့ေနရာကေန ရုတ္ရုတ္ရုတ္ရုတ္ျဖစ္ကုန္တယ္။
ကားေပၚက ဆင္းလာတဲ့သူက အစ္မမီဆိုေျပာထားသလို လက္ထပ္ကာစ လင္မယားမဟုတ္ပဲ ငယ္ငယ္ေခ်ာေခ်ာေကာင္ေလးသံုးေယာက္ ျဖစ္ေနတဲ့အခါ ကြၽန္ေတာ္ၿပံဳးရင္း ေခါင္းခါလိုက္မိတယ္။အဲ့ဒီ အစ္မကေတာ့ေလ သတင္းအမွားေတြေျပာျပန္ၿပီ။
ကြၽန္ေတာ္ ထိုလူေတြကိုေရာ အစ္မတို႔ကိုပါ လ်စ္လ်ူရႈၿပီး လက္ထဲကစာအုပ္မွာပဲ အာရံုစိုက္ထားလိုက္တယ္။ဘာလို႔ဆို ကြၽန္ေတာ္ကအသည္းမမာဘူးေလ။တယုတယပ်ိဳးေထာင္ခဲ့ရတဲ့ ခေလးတစ္ေယာက္ကို အျခားသူလက္ထဲအၿပီးအပိုင္ ထၫ့္ေပးလိုက္ရမယ့္ ခံစားခ်က္။
အရင့္အရင္က ခေလးေတြကို နယ္ခံေတြကပဲေမြးစားခဲ့တာမို႔ လြမ္းရင္ေျပးေတြ့လို႔ရေသးတယ္။အခုေတာ့ နာအြန္းေလးက ဆိုးလ္အထိပါသြားေတာ့မွာ။ေတြ့ခ်င္ရင္ေတာင္ မလြယ္ကူဘူး။
စူးစမ္းတတ္လြန္းတဲ့ ခေလးေတြကေတာ့ ကားနားမွာတဝိုးဝိုးတဝါးဝါးျဖစ္ေနတာကို ကြၽန္ေတာ္စာဖတ္ေနရင္းနဲ႔ပဲ ၾကားေနရတယ္။ေန့လည္၁နာရီေက်ာ္မို႔ ေလပူေတြတိုက္ေနတာေၾကာင့္ မနက္ကတည္းက စာဖတ္မိေနတဲ့ကြၽန္ေတာ္ မ်က္လံုးေတြကသိသိသာသာ က်ိမ္းစက္လာတယ္။
"Sehun~မင္းအဲ့မွာ ဘာသြားရပ္လုပ္ေနတာလဲ"
မ်က္ရိုးကိုႏိွပ္နယ္ေနတဲ့ ကြၽန္ေတာ့္လက္ေတြ ရပ္တန႔္သြားတယ္။ကေလးေတြရဲ့ ေအာ္ဟစ္ေနသံေတြကို ကြၽန္ေတာ္ၾကားေနရတုန္းပဲ။ကြၽန္ေတာ့္ေရ႔ွက ေျမျပင္ေပၚမွာ ေလတိုက္လို႔ သစ္ရြက္ေႂကြေတြ လူးလိမ့္ေရြ့လ်ားေနတယ္။
ကြၽန္ေတာ္ ေခါင္းကိုေမာ့လိုက္တဲ့အခါ ကြၽန္ေတာ္ထိုင္ေနတဲ့ကြပ္ျပစ္အနားကို ဘယ္တုန္းကေရာက္ေနသလဲမသိတဲ့ လူစိမ္းတစ္ေယာက္။သူက ကြၽန္ေတာ့္ကို ခပ္ေတြေတြ စိုက္ၾကၫ့္ေနတယ္။ ထင္ရွားျပတ္သားတဲ့ မ်က္ခံုးေတြ ႏွာတံေတြ ေမးရိုးေတြ။ၿပီးေတာ့ သူ႔ရဲ့ညာဘက္ပါးျပင္ေပၚက အမာရြတ္ေရးေရး။
ကြၽန္ေတာ္ မရည္ရြယ္ပဲ စာအုပ္ကို အားနဲ႔ဆုတ္ေခ်မိသလိုျဖစ္သြားတယ္။မနက္ကမွ သပ္သပ္ရပ္ရပ္ဖီသင္ထားတဲ့ ဆံပင္ေတြက ေလဒဏ္ေၾကာင့္ ရႈပ္ပြေနၿပီဆိုတာသိေပမယ့္ ကြၽန္ေတာ္ျပန္မသပ္မိေတာ့ဘူး။
"Oh Sehun!!ဒီကိုလာလို႔!"
သူက ကြၽန္ေတာ့္ဆီက အၾကၫ့္မခြာေသးတာမို႔ ကြၽန္ေတာ္ကပဲ သူ႔ဆီကေနအၾကၫ့္ေတြအျမန္ရုတ္သိမ္းျပစ္လိုက္ၿပီး ေခါင္းထဲဝင္မွာမဟုတ္ေတာ့တဲ့ စာေတြကိုပဲဖတ္ေနလိုက္တယ္။က်ိမ္းစက္ေနတဲ့ မ်က္လံုးကိုလည္း ဥေပကၡာျပဳရင္း။
ခေလးေတြရဲ့ အသံကလည္း ၾကားတစ္ခ်က္မၾကားတစ္ခ်က္။အခုတိုက္ေနတာ ေလပူလား ေလေအးလားလည္း ကြၽန္ေတာ္မသိေတာ့ဘူး။ေနာက္တစ္ႀကိမ္ေခါင္းျပန္ေမာ့ၾကၫ့္မိတဲ့အခါ ေဂဟာအေဆာက္အဦးထဲ ဝင္သြားၿပီျဖစ္တဲ့ ထိုလူ႔ေၾကာျပင္ကိုပဲေတြ့ရတယ္။
ကြၽန္ေတာ္ ကြပ္ျပစ္ေပၚကေနအျမန္ဆင္းကာ ေရအုတ္ကန္နားအျမန္ ေျပးသြားလိုက္တယ္။ေရတစ္ခြက္ကို အျမန္ခပ္ယူၿပီး မ်က္ႏွာကိုခပ္ျမန္ျမန္သစ္လိုက္ေပမယ့္ ျမင္ကြင္းေတြက ေပ်ာက္မသြားေသးဘူး။
မၿငိမ္သက္ေတာ့တဲ့ ေရမ်က္ႏွာျပင္မွာ ကြၽန္ေတာ့္မ်က္ႏွာက ဝိုးဝဝါးေပၚေနတယ္။ကန္ေဘာင္ေပၚ လက္ႏွစ္ဖက္ေထာက္ရင္း ေရထဲငံု႔ၾကၫ့္မိတဲ့အခါ မ်က္ရည္ေတြဝဲေနတဲ့ ကြၽန္ေတာ့္ကိုကြၽန္ေတာ္ ျပန္ေတြ့ရတယ္။
"ေတာ္ၿပီKim Jongin~ဒါက ဒီအတိုင္း နာမည္တူတဲ့လူတစ္ေယာက္ပဲ။အခုမင္းေတြ့လိုက္ရတဲ့ Oh Sehunနဲ႔ လြန္ခဲ့တဲ့၁၅ႏွစ္က Min Sehunက ဘာမွမသက္ဆိုင္ဘူး။"
ကြၽန္ေတာ့္ပါးဆီကမ်က္ရည္စက္က တည္ၿငိမ္စျဖစ္ေနတဲ့ ေရျပင္ေပၚက်သြားၿပီး လိႈင္းၾကပ္ခြက္ေသးေသးေလးထသြားတယ္။ဘာလို႔လဲ ၁၅ႏွစ္ဆိုတဲ့အခ်ိန္က ကြၽန္ေတာ့္ဘဝထဲက လူတစ္ေယာက္ကို ေမ့ပစ္ဖို႔ မလံုေလာက္ဖူးလား။
"ေက်းဇူးျပဳျပီး နာမည္တူယံုေလးနဲ႔ အသက္ရွင္ေနတဲ့လူတစ္ေယာက္ကို ေသသြားတဲ့လူတစ္ေယာက္နဲ႔ အထင္မမွားစမ္းနဲ႔Kim Jongin"
ကြၽန္ေတာ့္အသံေတြတုန္ေနတာ ကြၽန္ေတာ္သိတယ္။ကြၽန္ေတာ့္အတြက္ သူဟာေသလူဆိုတဲ့အျဖစ္မွန္ကို လက္ခံရတာ အခုထိက်င့္သားမရေသးေပမယ့္ သူကတကယ္ေသသြားခဲ့ၿပီပဲေလ။
ေနြရဲ့အပူရိွန္ေၾကာင့္ ကြၽန္ေတာ့္မ်က္ႏွာေပၚက ေရစက္ေတြက အလ်င္အျမန္ပဲ ေျခာက္ေသြ့သြားတယ္။က်ဆင္းေနဆဲ မ်က္ရည္ေတြကေတာ့ အခုထိရိွေနေသးေပမယ့္။
ကြၽန္ေတာ္ လက္ဖဝါးနဲ႔ ပါးေပၚကိုဖိကပ္ရင္း မ်က္ရည္ေတြကို သုတ္ပစ္လိုက္တယ္။ထိုင္ေနက်ေနရာေလးဆီ ျပန္လွမ္းလာတဲ့အခါ စာဖတ္ဖို႔စိတ္မပါေတာ့တာမို႔ သစ္ပင္ရင္းမွာေထာင္ထားတဲ့ တံျမတ္စည္းကိုယူရင္း ကြပ္ျပစ္ေပၚထိုင္လိုက္တယ္။
တံျမတ္စည္းက မနက္ကအထိအေကာင္းႀကီးဆိုေပမယ့္ လီမင္ေယာ့လက္ခ်က္နဲ႔ ခ်ည္ထားတဲ့ႀကိဳးေျပသြားလို႔ အုန္းဆံေခ်ာင္းေတြဖရိုဖရဲျဖစ္ေနၿပီ။
သူကေသသြားၿပီ
သူမရိွေတာ့ဘူး
သူကြၽန္ေတာ့္ဆီျပန္မလာဘူး
စိတ္ထဲကေန စကားတစ္ေၾကာင္း ေရရြတ္မိတိုင္း ႀကိဳးေတြကိုျပန္ခ်ည္ေနတဲ့ ကြၽန္ေတာ့္လက္ လႈပ္ရွားမႈကျမန္လာတယ္။
"ဒါက နာအြန္းရဲ့ကစားစရာေလးေတြကိုစုထားေပးတာ"
ေဂဟာထဲကေန အစ္မမီဆိုတို႔ ျပန္ထြက္လာၾကတဲ့အခါ ကြၽန္ေတာ္တစ္ခ်က္သာၾကၫ့္လိုက္ၿပီး မသိခ်င္ေယာင္ေဆာင္လိုက္တယ္။အစ္မက အိတ္ေလးနဲ႔ေသခ်ာထၫ့္ထားတဲ့ သိပ္မမ်ားတဲ့ကစားစရာအိတ္ေလးကို အရပ္ရွည္ရွည္နဲ႔ေကာင္ေလးကို လွမ္းေပးတဲ့အခါ ထိုေကာင္ေလးက ပါးခ်ိဳင့္ေတြေပၚေအာင္ၿပံဳးရင္း လွမ္းယူတယ္။
"ဒါနဲ႔ sisterႀကီးေျပာတုန္းက လက္ထပ္ခါစစံုတြဲလို႔ေျပာတာ။အခု ဇနီးျဖစ္သူမပါပဲ ညီအစ္ကိုေတြပဲေရာက္လာၾကတယ္ထင္တယ္။"
ကြၽန္ေတာ္ထိုင္ေနတဲ့ေနရာနဲ႔ အစ္မတို႔ထြက္လာတဲ့ေဂဟာအေဆာက္အဦးက မ်က္ႏွာခ်င္းဆိုင္နီးနီးေလးမို႔ ေျပာေနတဲ့စကားေတြကို နားမေထာင္ပါပဲ ၾကားေနရတယ္။
"အာ~မဟုတ္ပါဘူး။လက္ထပ္ခါစစံုတြဲဆိုတာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုေျပာတာ"
ကြၽန္ေတာ္ အျပင္ပန္းမွာဘာမွမျပေပမယ့္ စိတ္ထဲမွာေတာ့ ေတာ္ေတာ္အံ့ဩသြားရတယ္။ဘာလို႔ဆို ဒီလိုကိစၥမ်ိဳးကို ဘာမွမျဖစ္သလိုထုတ္ေျပာႏိုင္တာ ေတာ္ယံုသတၲိမွမဟုတ္ပဲ။
"အာ~အစ္မကနည္းနည္းေခတ္ေနာက္က်တယ္။စိတ္မရိွနဲ႔ေနာ္"
ကြၽန္ေတာ္ ျပန္ျပင္လို႔ၿပီးသြားတဲ့ တံျမတ္စည္းကို သစ္ပင္ရင္းမွာ ျပန္သြားေထာင္လိုက္တယ္။
"အစ္မ ခေလးနာမည္က ကင္မ္နာအြန္းေနာ္။ေနာက္ဆိုရင္ေတာ့ ေျဗာင္နာအြန္းေပါ့"
"ဟာ အဓိပၸာယ္မရိွတာကြာ ပတ္နာအြန္းျဖစ္ရမွာေပါ့"
နာအြန္းကိုခ်ီထားတဲ့ပုေသးေသးေကာင္ေလးနဲ႔ ပါးခ်ိဳင့္နဲ႔ေကာင္ေလးရဲ့ေျပာသံေတြၾကားေတာ့ ကြၽန္ေတာ္အျမတ္တႏိုးနဲ႔ေပးထားခဲ့တဲ့ ကြၽန္ေတာ့္မ်ိဳးရိုးေလး ေပ်ာက္သြားေတာ့မယ္ဆိုတာ အခုမွသတိရသြားတယ္။
"နားညည္းတယ္ ေျဗာင္ပတ္ နာအြန္းလို႔ေပးလိုက္"
ရွတတအသံ စိတ္မရွည္မႈအျပၫ့္နဲ႔ တစြတ္ထိုးဆန္တဲ့အသံ။ေတာ္ေသးတယ္ ကြၽန္ေတာ္ ကြပ္ျပစ္ေပၚျပန္ထိုင္ၿပီးၿပီမို႔လို႔။မဟုတ္ရင္ ဒူးေတြေခြက်သြားမယ္ထင္တယ္။
"ya!!!Oh Sehun!!"
က်န္တဲ့ႏွစ္ေယာက္ဆီက တၿပိဳင္တည္းထြက္လာတဲ့ သူ႔နာမည္။အင္း Oh Sehunပါ Min Sehunမဟုတ္ဘူး။
"ထားလိုက္ေတာ့ နာအြန္းနဲ႔ေတြ့ခြင့္ရခဲ့တာ မင္းေၾကာင့္မို႔လို႔ ဒီတစ္ခါခြင့္လႊတ္ေပးလိုက္မယ္"
"အို~အဲ့ဒါေလးလည္း ေမးၾကၫ့္ခ်င္ေနတာ။အစ္မတို႔ေဂဟာက ဆိုးလ္ၿမိဳ႔မွာသိတဲ့လူသိပ္မရိွဘူး။ေဂဟာက ထြက္သြားၾကတဲ့ ခေလးတခ်ိဳ႕ကလြဲရင္ေလ။အခု ဘယ္ကေနဘယ္လို~"
ကြၽန္ေတာ္ မဖတ္ေတာ့ဘူးလို႔ဆံုးျဖတ္ထားတဲ့ သင္ရိုးစာအုပ္ကိုျပန္ကိုင္မိျပန္ၿပီ။ဖတ္ဖို႔ေတာ့ ရည္ရြယ္ခ်က္မပါဘူးေပါ့။
"အဲ့ဒါ ဒီေကာင္Oh Sehunေျပာတာေလ။လင္းေရာင္အိမ္ မိဘမဲ့ေဂဟာဆိုၿပီး"
စာရြက္လွန္ေနတဲ့ ကြၽန္ေတာ့္လက္ေတြရပ္တန႔္သြားတယ္။
လင္း ေရာင္ အိမ္
အစ္မမီဆိုကို လွမ္းၿပီးအကဲခတ္မိတဲ့အခါ အစ္မကလည္း ပါးစပ္အေဟာင္းသားနဲ႔။
"ဘာလို႔လဲ အစ္မ ဘာမွားေနလို႔လဲ"
အစ္မက အျမန္ပဲမ်က္ႏွာကိုျပန္ျပင္ၿပီး ၿပံဳးလိုက္တယ္။
"ဘာမွမမွားပါဘူး အဲ့နာမည္မသံုးေတာ့တာ ေတာ္ေတာ္ၾကာေနၿပီ။ရုတ္တရပ္ျပန္ၾကားရေတာ့ အံ့ဩမိသြားလို႔။ေဟာဒီကSehunကေရာ ဒီေဂဟာအေၾကာင္းဘယ္ကၾကားတာလဲဟင္"
"ကြၽန္ေတာ့္အေမရဲ့ ဒိုင္ယာရီစာအုပ္ထဲက"
အပိုအလိုမရိွတဲ့အေျဖတစ္ခုကိုရတဲ့အခါ အစ္မပံုစံက ေမးခ်င္တာေတြ အမ်ားႀကီးရိွေနေသးေပမယ့္ ရပ္တန႔္သင့္တဲ့အခ်ိန္ကို နားလည္လို႔ ဆက္မေမးေတာ့တဲ့ပံုပဲ။ကြၽန္ေတာ္ ဘာမွန္းမသိေတာ့တဲ့ စာလံုးေတြကို အေၾကာင္းမဲ့စိုက္ၾကၫ့္ေနမိတယ္။အစ္မတို႔ကို ေနာက္တစ္ခါထပ္မၾကၫ့္ဖို႔ဆံုးျဖတ္ရင္း။
လင္း ေရာင္ အိမ္
အစ္မမီဆိုနဲ႔အရမ္းခင္တဲ့ အခုဆိုးလ္မွာအလုပ္လုပ္ေနတဲ့ အစ္ကိုဂ်င္ဝူးေပးခဲ့တဲ့နာမည္ေလး။အဲ့နာမည္က အျပင္ကလူေတြမသိဘူး။ရွင္းရွင္းေျပာရရင္ sisterႀကီးေတာင္မသိဘူး။
ကြၽန္ေတာ္အပါအဝင္ အဲ့ဒီတုန္းကေဂဟာမွာအတူေနခဲ့တဲ့ ခေလး၄၀ေက်ာ္ပဲ သိတဲ့နာမည္။ၿပီးေတာ့ ေဂဟာက လုပ္အားေပးဆရာမရဲ့သားေလး Min Sehunရယ္ေပါ့။
"ကိုယ္တို႔ ျပန္ၾကေတာ့မလားBaekhyun"
ကြၽန္ေတာ္ စာမ်က္ႏွာဆံုးေအာင္ မဖတ္ရေသးေပမယ့္ အျခားတစ္ရြက္ကိုလွန္လိုက္တယ္။
"နာအြန္းေလး ဟိုေရာက္ရင္ေပ်ာ္ေပ်ာ္ေနေနာ္~
လွလွပပေလး ႀကီးျပင္းလာၿပီး အေကာင္းဆံုးရွင္သန္ေနာ္"
အစ္မမီဆိုရဲ့ ငိုသံပါေနတဲ့စကားေတြက ကြၽန္ေဝာ့္နားထဲဝင္လာတဲ့အခါ မၾကၫ့္ပါဘူးလို႔ဆံုးျဖတ္ထားေပမယ့္ ကြၽန္ေတာ္ နာအြန္းေလးဆီတစ္ေခါက္ၾကၫ့္မိတယ္။ခေလးက ငိုေနတယ္။ဒါေပမယ့္ အသံမထြက္ဘူး။
ခေလးက သူ႔ကို တယုတယေထြးေပြ့ထားတဲ့ အေကာင္ေသးေသး ခ်စ္စရာေကာင္ေလးရဲ့ ရင္ခြင္ထဲကေန ကြၽန္ေတာ္ထိုင္ေနရာ ကြပ္ျပစ္စီလွမ္းၾကၫ့္ေနတယ္။
ကြၽန္ေတာ္မ်က္ႏွာလႊဲလိုက္တဲ့အခါ နာအြန္းဆီကငိုသံက စၿပီးက်ယ္က်ယ္ေလာင္ေလာင္ထြက္လာတယ္။ကြၽန္ေတာ္ မေပးေတာ့ဘူးဆိုၿပီး ခေလးကိုျပန္ဆြဲလုခ်င္စိတ္ကို မနည္းခ်ိဳးႏိွမ္ထားရတယ္။ဒီေဂဟာမွာ ဆက္ေနေနလို႔ ခေလးအတြက္ ဘာမွမထူးဘူးဆိုတဲ့အေတြးေၾကာင့္သာ။မဟုတ္ရင္....
ကြၽန္ေတာ္ စာအုပ္သိမ္းၿပီး ထိုင္ရာကေနထကာ သစ္ပင္ရင္းကစက္ဘီးကို အျမန္ယူရင္း အိမ္အျမန္ျပန္ဖို႔ပဲေတြးလိုက္တယ္။ဒီေနရာမွာ ၾကာၾကာဆက္မေနႏိုင္ေတာ့ဘူး။ကားနားကျဖတ္ၿပီး တြန္းလာတဲ့အခါ အစ္မမီဆိုက စက္ဘီးလက္ကိုင္ကို လွမ္းဆြဲတယ္။
"ျပန္ေတာ့မလို႔လား"
"အြန္း"
ကြၽန္ေတာ္အတက္ႏိုင္ဆံုး အစ္မတို႔ဘက္ကိုမၾကၫ့္ရင္း ေျဖလိုက္ေပမယ့္ နာအြန္းဆီကရိႈက္သံသဲ့သဲ့ကို ကြၽန္ေတာ္ၾကားရတဲ့အခါ စက္ဘီးလက္ကိုင္ကို ပိုၿပီးအားစိုက္ကာ စုတ္ကိုင္လိုက္မိတယ္။
"နာအြန္းက ဒီေဂဟာမွာ နင့္ကိုအခ်စ္ဆံုးဆိုတာ သိတယ္မို႔လား။သူနင့္ဆီက ေပြ့ဖက္တာကိုလိုခ်င္ေနတယ္ထင္တယ္"
ကြၽန္ေတာ္ ေခါင္းကိုအျမန္ပဲခါလိုက္ၿပီး စက္ဘီးကိုဆက္တြန္းလာလိုက္တယ္။
"ဆရာေလး"
မပီမသ ခေလးမေလးရဲ့အသံ။ငိုသံေတြနဲ႔ လံုးေထြးေနတဲ့ ေလးႏွစ္အရြယ္ခေလးမေလးရဲ့အသံ။သူကြၽန္ေတာ္တို႔ဆီ စစေရာက္ကာစက အႏွီးထုတ္ထဲက နီတာရဲေလး။ကြၽန္ေတာ္ကိုယ္တိုင္ ေန့မအိပ္ညမအိပ္ျပဳစုခဲ့ရတဲ့ ခေလးေသးေသးေလး။
သူစကားေျပာတတ္စအရြယ္မွာ အစ္ကိုေတြအစ္မေတြဆီကေန နားရည္ဝေနခဲ့တဲ့ ဆရာေလးဆိုတဲ့နာမည္ကို သူမပီမသရြတ္ခဲ့တာ။
ကြၽန္ေတာ္ စက္ဘီးကို ဒီအတိုင္းတြန္းလွဲပစ္လိုက္ၿပီး ေနာက္ေၾကာင္းျပန္လွၫ့္ကာ ေကာင္ေလးလက္ထဲက နာအြန္းကိုယူၿပီး ေပြ့ခ်ီပစ္လိုက္တယ္။စက္ဘီလဲက်သြားတဲ့ေနရာမွာေတာ့ ဖုန္ေတြထလို႔။
ကြၽန္ေတာ့္မ်က္ရည္ေတြက တားမရစီးမရပါပဲ။နာအြန္းေလးဆီက ရိႈက္သံေတြကလည္း ပိုပိုစိတ္လာတယ္။ကြၽန္ေတာ့္လည္ပင္းကို ဖက္တြယ္ထားတဲ့ လက္ေသးေသးေလးေတြ။ကြၽန္ေတာ္ ျမတ္ႏိုးရပါေသာ ခေလးေလးေတြရဲ့ ကိုယ္သင္းနံ႔ေလး။
"မလိုက္သြားခ်င္ဘူး"
စကားတစ္ခြန္းမွာ ရင္ေတြကြဲေၾကရပါေသာပဲ။
ဘယ္သူကေရာ ေပးလိုက္ခ်င္ပါ့မလဲ။ကြၽန္ေတာ္မ်က္စိစံုမိွတ္ၿပီး ခေလးကို ေကာင္ေလးလက္ထဲ ျပန္ေပးလိုက္ေပမယ့္ နာအြန္းက အတင္းေကာ့ထိုးကာ ထိုေကာင္ေလးလက္ထဲကေနေျမေပၚဆင္းတယ္။
ကြၽန္ေတာ့္ေဘာင္းဘီကို သူ႔လက္ခေလးနဲ႔ လာဆုတ္ကိုင္တဲ့အခါ လက္သီးစုတ္ေသးေသးေလးကအသဲယားဖြယ္ပဲ။ကြၽန္ေတာ့္ပါးဆီက မ်က္ရည္ေတြက အေပၚကိုေမာ့ၾကၫ့္ေနတဲ့ နာအြန္းရဲ့မ်က္ႏွာေပၚက်တဲ့အခါ မ်က္ေတာင္စိတ္ပိစိေလးေတြလႈပ္ရွားသြားတယ္။
"မင္ေယာ့oppa"
နာအြန္းက ေမာ့ၾကၫ့္ရာကေန ကြၽန္ေတာ့္အေနာက္ကေနလာေနတဲ့ မင္ေယာ့ကို လက္ယက္လွမ္းေခၚတယ္။မင္ေယာ့မ်က္ႏွာက နီရဲေနတယ္။အနားေရာက္တာနဲ႔ မင္ေယာ့က ခ်က္ခ်င္းပဲ နာအြန္းကိုေကာက္ခ်ီလိုက္ၿပီး ေဂဟာဝင္ေပါက္ဆီတန္းေနေအာင္ေျပးသြားတယ္။မႏိုင္မနင္းနဲ႔။
"လီမင္ေယာ့ နင္အခုခ်က္ခ်င္းျပန္မလာဘူးလား"
အစ္မမီဆိုက ေအာ္ရင္းလိုက္သြားတဲ့အခါ မင္ေယာ့ကေျပးေနရာကေနရပ္ကာ ျပန္လွၫ့္ၾကၫ့္တယ္။ၿပီးေတာ့ ဂ်စ္ကန္ကန္မ်က္ႏွာေပးနဲ႔
"ပစ္ခ်လိုက္မွာေနာ္ ေျမေပၚက်လို႔မေသဘူးမထင္နဲ႔
နာအြန္းေလာက္ကေတာ့ ပန္းသီးနဲ႔ေပါက္ေတာင္ေသတယ္"
အစ္မက ခ်က္ခ်င္းပဲေျခလွမ္းေတြကိုရပ္လိုက္တယ္။သူ႔အခ်စ္ဆံုး လီမင္ေယာ့က ဘာမဆိုလုပ္ရဲတဲ့အေၾကာင္း အစ္မကသတိရေသးပံုပါပဲ။ကြၽန္ေတာ္ ေခါင္းခါရင္း အေရ႔ွကိုတစ္လွမ္းလွမ္းေတာ့ မင္ေယာ့က လမ္းကိုေနာက္ျပန္ေလ်ွာက္ရင္း ကြၽန္ေတာ့္ကိုေခါင္းခါျပေနတယ္။မလာနဲ႔ဆိုတဲ့သေဘာေပါ့
"အားးးးJonginကလည္းကြာ~နာအြန္းကမလိုက္ခ်င္တာသိသားနဲ႔။"
"Jongin??"
မင္ေယာ့ရဲ့အသံေၾကာင့္ ကြၽန္ေတာ္ၿပံဳးေယာင္ေယာင္ျဖစ္သြားေပမယ့္ ေနာက္ထပ္ထပ္ၾကားရတဲ့ ကြၽန္ေတာ့္နာမည္ေၾကာင့္ ႏႈတ္ခမ္းေတြကျပန္တည္သြားတယ္။ကြၽန္ေတာ့္နာမည္ကို ဒီအတိုင္း သံေယာင္လိုက္ၿပီးေရရြတ္လိုက္တဲ့ပံုပါပဲ။အသံပိုင္ရွင္ကို လွၫ့္ၾကၫ့္မိေတာ့ သူက တကယ္ပဲကြၽန္ေတာ့္ကိုစိုက္ၾကၫ့္ေနတယ္။
"နာမည္ကJonginလား"
ေဖာ္ေဖာ္ေရြေရြပံုစံမဟုတ္ဖူး။ေဈးသည္ဆီကေန ဒါဘယ္ေလာက္လဲလို႔ ေမးေနတဲ့အတိုင္းပဲ။ႂကြတ္ဆတ္ဆတ္နဲ႔။ကြၽန္ေတာ္ ေခါင္းညိတ္ျပယံုသာတံု႔ျပန္လိုက္ၿပီး ေခါင္းျပန္လွၫ့္လိုက္တယ္။မင္ေယာ့က နာအြန္းကိုခ်ီထားရာကေန ကုန္းဘယ္လိုပိုးလိုက္မွန္းေတာင္ ကြၽန္ေတာ္မသိလိုက္ဖူး။
နာအြန္းကိုေၾကာမွာပိုးရင္း ေျခလွမ္းစိတ္စိတ္ေတြနဲ႔ ေနာက္ေၾကာင္းျပန္လွၫ့္လာတဲ့မင္ေယာ့ေၾကာင့္ အစ္မမီဆိုက ၿပံဳးကာ မုဆိုးဒူးေထာက္ထိုင္ၿပီး လက္ႏွစ္ဖက္ကမ္းေပးလိုက္တယ္။
"သိတာေပါ့ ငါတို႔ရဲ့မင္ေယာ့ကလိမၼာ~"
"မလိမၼာဘူး"
ဝမ္းသာအားရ ခ်ီးက်ူးေနတဲ့ အစ္မရဲ့စကားေတြပင္မဆံုးလိုက္ မင္ေယာ့ကျဖတ္ေျပာတယ္။အစ္မကို ေလလိုပဲျဖတ္သန္းလာတဲ့ မင္ေယာ့ေၾကာင့္ အစ္မက လက္ႏွစ္ဖက္ျဖန႔္လ်က္နဲ႔ အဲ့အတိုင္းႀကီးပဲ အူေၾကာင္ေၾကာင္က်န္ခဲ့တယ္။
မင္ေယာ့က ကြၽန္ေတာ့္အနားထိေလ်ွာက္လာၿပီး ကြၽန္ေတာ့္လက္ကိုလွမ္းကိုင္ကာ Oh Sehunဆိုသူကို မ်က္လံုးလွန္ၿပီး ဘုၾကၫ့္ၾကၫ့္တယ္။
"Jonginပါလိုက္ခဲ့။"
အတင္းဆြဲေခၚေနတဲ့ မင္ေယာ့ေၾကာင့္ ကြၽန္ေတာ္ဟန္ခ်က္ပ်က္ကာ အေရ႔ွကိုယိုင္သြားတယ္။
"လီမင္ေယာ့"
"Jonginမလိုက္ရင္ ဘံုဘံု႔ကိုလယ္ကြင္းထဲမွာေျမသြားျမဳတ္ပစ္မွာ"
ခပ္လွမ္းလွမ္းမွာကစားေနတဲ့ ဘံုဘံုက အတိုင္းသားၾကားေနရတဲ့ မင္ေယာ့ရဲ့အသံေၾကာင့္ လက္ထဲကအရုပ္မေလးကိုပစ္ခ်ၿပီး ေဂဟာထဲေျပးဝင္သြားတယ္။
"လာလို႔ဆိုေန"
ကြၽန္ေတာ္ သက္ပ်င္းခ်ၿပီးေခါင္းခါလိုက္ကာ သူ႔သေဘာအတိုင္းလိုက္သြားလိုက္တယ္။တစြတ္ထိုးအရမ္းႏိုင္တယ္ ဒီခေလးက။
ကြၽန္ေတာ္ေျခလွမ္းသံုးလွမ္းေလာက္ပဲ လွမ္းရေသးတယ္။အေနာက္ကတရွပ္ရွပ္ေျခသံၾကားရၿပီး မင္ေယာ့ေၾကာေပၚကနာအြန္းကို ဂုတ္ကေနဆြဲမလိုက္တာကို ကြၽန္ေတာ္ျမင္လိုက္ရတယ္။
"ya!ya!Oh Sehun!အဲ့ဒါငါ့သမီးေနာ္။ျပဳတ္က်မယ္ ya!!!ျပဳတ္က်မယ္လို႔ဆိုေန"
အထိတ္တလန႔္လွမ္းေအာ္တဲ့ ခ်စ္စရာေကာင္ေလးရဲ့စကားကို သူက ဂရုမစိုက္ပဲ နာအြန္းကိုေလထဲကေနတဆင့္ ပါးခ်ိဳင့္နဲ႔ေကာင္ေလးဆီလွမ္းပစ္တယ္။ဘုရားေရ။ကြၽန္ေတာ့္ရင္ထဲလွပ္ခနဲျဖစ္သြားၿပီး ေျခဖ်ားလက္ဖ်ားေတြပါ ေအးစက္သြားတယ္။
"ya!! Park Chanyeol!!!မင္းတို႔ႏွစ္ေယာက္လံုး အားးး ငါ့သမီးေလး နာအြန္းေလးအမ်ားႀကီးလန္႔သြားလား"
နာအြန္းက မ်က္လံုးအေၾကာင္သားနဲ႔ အသံေတာင္မထြက္ေတာ့ဘူး။ဟိုခ်စ္စရာေကာင္ေလးက နာအြန္းကိုေခ်ာ့ျမဴရင္း သူ႔ေဘးကေကာင္ေလးကို လက္သီးနဲ႔တဖုန္းဖုန္းထုေနတယ္။
Oh Sehunဆိုသူက သူ႔ကိုစူးစူးရဲရဲၾကၫ့္ေနတဲ့ မင္ေယာ့ရဲ့နဖူးကို လက္ညိုးနဲ႔အားစိုက္ၿပီးတြန္းလိုက္တဲ့အခါ မင္ေယာ့က အေနာက္ကိုလန္သြားၿပီးမွ ေျခႏွစ္လွမ္းေလာက္အျမန္ဆုတ္ၿပီး ဟန္ခ်က္ျပန္ထိန္းတယ္။
"ငါငယ္ငယ္တုန္းကအတိုင္းပဲ တစြတ္ထိုး တေစာက္ကန္း"
မင္ေယာ့က လက္သီးကို က်စ္က်စ္ပါေအာင္စုတ္ရင္း ေျခေထာက္တစ္ခ်က္ေဆာင့္ကာ ေနရာကေနထြက္သြားတယ္။အခု ေနရာမွာ သူနဲ႔ကြၽန္ေတာ္ႏွစ္ေယာက္တည္းရယ္။
ျဖဴႏုၿပီးၾကည္လင္ေနတဲ့သူ႔အသားအရည္က ေနေရာင္ေၾကာင့္ ပိုၿပီးေတာက္ပေနတယ္။သူ႔ပံုစံက ဆိုးလ္ၿမိဳ႔ေပၚက သူေဌးသားေလးမွန္း ျမင္တာနဲ႔ေျပာႏိုင္တယ္။သူကမင္ေယာ့ရဲ့ ဆူေဆာင့္ထြက္သြားတဲ့ပံုစံကို လိုက္ၾကၫ့္ရင္း ၿပံဳးလိုက္တယ္။
ကြၽန္ေတာ့္မ်က္လံုးေတြ ခ်က္ခ်င္းပဲျပာတက္သြားတယ္။အဲ့ဒီအၿပံဳး~
"ya!!တက္ေတာ့။"
ကြၽန္ေတာ့္ေဘးကို ေရာက္လာတဲ့ကားေၾကာင့္ ေဘးဘက္ကိုအသာတိုးေပးရင္း လြတ္ရာကိုေရွာင္လိုက္တယ္။နာအြန္းေလးက ေခါင္းခန္းမွာ သူ႔အေဖအသစ္ေပါင္ေပၚမွာထိုင္ၿပီး မ်က္ရည္ေတြနဲ႔ကြၽန္ေတာ့္ကို စိုက္ၾကၫ့္ေနတယ္။
"က်စ္!"
Sehunဆိုသူက စုတ္တစ္ခ်က္သတ္ၿပီး ကားေနာက္ခန္းကိုေျခလွမ္းသြားတယ္။ကားတံခါးဆီသူလက္လွမ္းတဲ့အခ်ိန္ ကြၽန္ေတာ္ေျမေပၚမွာလဲက်ေနဆဲျဖစ္တဲ့ ကြၽန္ေတာ့္စက္ဘီးေလးဆီ ျပန္သြားဖို႔ေျခလွမ္းလိုက္တယ္။
"ဒါနဲ႔~"
သူ႔ဆီကအသံ~ကြၽန္ေတာ္ေနာက္ျပန္လွၫ့္ၾကၫ့္ခ်ိန္ သူက ကားတံခါးကိုလက္တစ္ဖက္နဲ႔ဖြင့္ထားၿပီး ေျခတစ္ဖက္ပင္ ကားေပၚတင္ၿပီးေနၿပီ။သူ႔အၾကၫ့္ေတြက ကြၽန္ေတာ့္ထံၿမဲျမံေနတယ္
"အသက္ကဘယ္ေလာက္လဲ"
ျပန္ေျဖဖို႔ျပင္လိုက္ခ်ိန္ နာအြန္းက ေခါင္းခန္းကေန ေခါင္းေလးျပဴၾကၫ့္ရင္း ငိုမဲ့မဲ့နဲ႔လက္ျပလာတာမို႔ ကြၽန္ေတာ္ၿပံဳးလိုက္မိတယ္။ထိုသူက ခ်က္ခ်င္းပဲ ကားထဲကေျခေထာက္ကို ျပန္ထုတ္ၿပီး ေခါင္းခန္းနားျပန္ေလ်ွာက္သြားကာ နာအြန္းရဲ့ေခါင္းကို အထဲအတင္းတြန္းထည့္လိုက္တယ္။
"ya!!ငါ့သမီးကိုအၾကမ္းပတမ္းမလုပ္နဲ႔!!!"
ကြၽန္ေတာ္ ထပ္ၿပီး ေျခဖ်ားလက္ဖ်ားေတြေအးသြားျပန္တယ္။Sehunဆိုတဲ့ နာမည္ပိုင္ရွင္တိုင္းက ဒီလို ဂ်စ္ကန္ကန္ပဲလား။
"အျမန္ေျဖေလ ~"
"ေလးႏွစ္"
"က်စ္!!ဒီေပါက္စအသက္ကိုေမးတာမဟုတ္ဖူး ခင္မ်ားအသက္ကိုေမးတာ"
ကြၽန္ေတာ္ အဲ့ေတာ့မွ အာခနဲအသံျပဳျပီး ေခါင္းညိတ္လိုက္တယ္။
"၂၆"
"ဘာႀကီးလဲကြာ~hyungလို႔မေခၚခ်င္တာကို"
သူက သူ႔ဟာသူေရရြတ္ရင္း ကားထဲဝင္ထိုင္သြားတယ္။တျဖည္းျဖည္းေမာင္းထြက္သြားတဲ့ကားေနာက္မွာ ဖုန္ေတြကအလံုးလိုက္ႀကီးကပ္ပါသြားျပန္တယ္။
ဖုန္ေတျြမင္ကြင္းထဲကရွင္းသြားတဲ့အခ်ိန္ ကားေလးက ေတာ္ေတာ္ေဝးေဝးကိုေရာက္သြားၿပီ။
ကြၽန္ေတာ္ ဆက္ၾကၫ့္မေနေတာ့ပဲ စက္ဘီးေလးကိုအျမန္ျပန္သြားထူကာ ေဂဟာဝန္းထဲက နင္းထြက္လာလိုက္တယ္။အိမ္ျပန္ေရာက္ရင္ေတာ့
အရင္ေန့ေတြလိုပဲ ေဒၚေလးနဲ႔အတူ ပင္လယ္နားသြားရဦးမယ္။
~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'
"Jongin~Jongin ဒီနားမွာပဲေနခဲ့ေနာ္။ငါအျမန္ျပန္လာခဲ့မယ္"
"Sehun!!!!!ဘယ္သြားမလို႔လဲ။Sehun!!"
သူ႔လက္ကို အမိအရဆြဲထားတဲ့ ကြၽန္ေတာ့္လက္ကို ဆြဲဖယ္ရင္း ခပ္လွမ္းလွမ္းကမီးေတြၾကား ေျပးဝင္သြားတဲ့ ေကာင္ငယ္ေလး။ပတ္ဝန္းက်င္တစ္ခုလံုးက မီးေတြနဲ႔မီးခိုးေတြအျပၫ့္ပဲ။ေၫွာ္နံ႔ေတြရယ္ မီးေလာင္သံ တေျဖာက္ေျဖာက္ရယ္။
"Sehun!!ငါေၾကာက္တယ္!!!Sehun!!!"
ဖ်တ္ခနဲပြင့္သြားတဲ့ မ်က္ဝန္းေတြေနာက္ ရင္ထဲမွာေမာဟိုက္ၿပီး ကြၽန္ေတာ္က်န္ခဲ့တယ္။ကြၽန္ေတာ့္တစ္ကိုယ္လံုး ေခြၽးေတြရႊဲနစ္ေနတယ္။ပါးစပ္ကိုဟရင္း အသက္ကိုအလုအယက္ ကြၽန္ေတာ္ရႈေနရတယ္။
စိတ္ၿငိမ္သြားေတာ့မွ ကြၽန္ေတာ္ပတ္ဝန္းက်င္ကို ေသခ်ာျပန္ၾကည့္္မိတယ္။ကြၽန္ေတာ္ စာၾကၫ့္စားပြဲက ထိုင္ခံုေပၚမွာ အိပ္ေပ်ာ္သြားခဲ့တာပဲ။စာၾကၫ့္စားပြဲေပၚမွာေတာ့ အေရာင္လြင့္ေနၿပီျဖစ္တဲ့ မတိမ္းမယိမ္း ေကာင္ငယ္ေလးႏွစ္ေယာက္ရဲ့ဓာတ္ပံု။ဓာတ္ပံုေလးက ေဆးေတြပါျပယ္ၿပီး မ်က္ႏွာေတြကိုပါ ေသခ်ာမျမင္ရေတာ့ဘူး။၁၅ႏွစ္ေတာင္ရိွေနခဲ့တာမို႔။
ကြၽန္ေတာ္ ထိုင္ခံုေနာက္မွီမွာ ျပန္မွီခ်လိုက္ၿပီး မ်က္လံုးေတြကိုျပန္မိွတ္လိုက္တယ္။ဘာလို႔လဲ အိမ္မက္ဆိုးေတြမမက္ေတာ့တာ ဘယ္ေလာက္ၾကာေနၿပီလဲ။ၾကၫ့္ရတာ နာမည္တူတဲ့လူကိုေတြ့ခဲ့ရတာမို႔ ကြၽန္ေတာ္ စိတ္အစြဲလြန္သြားတာမ်ားလား။
ညဉ့္နက္ပိုင္းမို႔ ပရစ္ေအာ္သံေတြကို တစြန္းတစၾကားရတဲ့အျပင္ ေလတိုက္သံေတြ သစ္ရြက္ေတြတစ္ခုနဲ႔တစ္ခုပြတ္တိုက္သံေတြ။
ကြၽန္ေတာ္ စိတ္ကိုေလ်ာ့ခ်လိုက္ၿပီး အတတ္ႏိုင္ဆံုး ဘာကိုမွမေတြးမိေအာင္ ေနေနမိတယ္။ျပန္လည္း အိပ္ေပ်ာ္မယ္မထင္ေတာ့။အမွန္က အိပ္ေပ်ာ္ဖို႔လည္း သတၲိမရိွေတာ့ဘူး။
အဲ့ဒီအတိတ္ေတြကို ကြၽန္ေတာ္ေၾကာက္တာမို႔လို႔။
~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'
~Tbc~
🌹 Rosebud🌹
ဇာတ္လမ္းက ပ်င္းစရာေကာင္းခ်င္ေကာင္းေနပါလိမ့္မယ္။ဒါေပမယ့္ ညီမ ဒါေလးကိုအရမ္းေရးခ်င္ခဲ့တာပါ။
ဘယ္လိုေျပာရမလဲ ဇာတ္အိမ္ခိုင္ခိုင္ေလးနဲ႔
ေအးေအးခ်မ္းခ်မ္း ၿငိမ့္ၿငိမ့္ေညာင္းေညာင္းပံုစံေလးကို တကယ္ဖန္တီးခ်င္မိတာပါ။
(Unicode)
ဂေဟာဝန်းထဲကို ကားတစ်စီးဝင်လာတဲ့အချိန် ကျွန်တော် သင်ရိုးညွှန်းတမ်းစာအုပ်တစ်အုပ်ကို ဖတ်နေတာဖြစ်တယ်။ကျွန်တော့်စက်ဘီးလေး နင်းလာရင်တောင် ဖုန်တွေထတတ်တဲ့ မြေပြင်အနေအထားကြောင့် ကားတစ်စီးလုံးမောင်းဝင်လာတဲ့အခါ ထိုနားတစ်ဝိုက်မှာ ဖုန်လုံးအကြီးကြီးတွေ ဖြစ်သွားတယ်။
အစ်မမီဆိုက ဂေဟာထဲကနေ sisterကြီးနဲ့အတူထွက်လာပြီး ကားဆီကိုပြေးသွားတယ်။ခလေးတွေကလည်း ဆော့နေရာကနေ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ကုန်တယ်။
ကားပေါ်က ဆင်းလာတဲ့သူက အစ်မမီဆိုပြောထားသလို လက်ထပ်ကာစ လင်မယားမဟုတ်ပဲ ငယ်ငယ်ချောချောကောင်လေးသုံးယောက် ဖြစ်နေတဲ့အခါ ကျွန်တော်ပြုံးရင်း ခေါင်းခါလိုက်မိတယ်။အဲ့ဒီ အစ်မကတော့လေ သတင်းအမှားတွေပြောပြန်ပြီ။
ကျွန်တော် ထိုလူတွေကိုရော အစ်မတို့ကိုပါ လျစ်လျူရှုပြီး လက်ထဲကစာအုပ်မှာပဲ အာရုံစိုက်ထားလိုက်တယ်။ဘာလို့ဆို ကျွန်တော်ကအသည်းမမာဘူးလေ။တယုတယပျိုးထောင်ခဲ့ရတဲ့ ခလေးတစ်ယောက်ကို အခြားသူလက်ထဲအပြီးအပိုင် ထည့်ပေးလိုက်ရမယ့် ခံစားချက်။
အရင့်အရင်က ခလေးတွေကို နယ်ခံတွေကပဲမွေးစားခဲ့တာမို့ လွမ်းရင်ပြေးတွေ့လို့ရသေးတယ်။အခုတော့ နာအွန်းလေးက ဆိုးလ်အထိပါသွားတော့မှာ။တွေ့ချင်ရင်တောင် မလွယ်ကူဘူး။
စူးစမ်းတတ်လွန်းတဲ့ ခလေးတွေကတော့ ကားနားမှာတဝိုးဝိုးတဝါးဝါးဖြစ်နေတာကို ကျွန်တော်စာဖတ်နေရင်းနဲ့ပဲ ကြားနေရတယ်။နေ့လည်၁နာရီကျော်မို့ လေပူတွေတိုက်နေတာကြောင့် မနက်ကတည်းက စာဖတ်မိနေတဲ့ကျွန်တော် မျက်လုံးတွေကသိသိသာသာ ကျိမ်းစက်လာတယ်။
"Sehun~မင်းအဲ့မှာ ဘာသွားရပ်လုပ်နေတာလဲ"
မျက်ရိုးကိုနှိပ်နယ်နေတဲ့ ကျွန်တော့်လက်တွေ ရပ်တန့်သွားတယ်။ကလေးတွေရဲ့ အော်ဟစ်နေသံတွေကို ကျွန်တော်ကြားနေရတုန်းပဲ။ကျွန်တော့်ရှေ့က မြေပြင်ပေါ်မှာ လေတိုက်လို့ သစ်ရွက်ကြွေတွေ လူးလိမ့်ရွေ့လျားနေတယ်။
ကျွန်တော် ခေါင်းကိုမော့လိုက်တဲ့အခါ ကျွန်တော်ထိုင်နေတဲ့ကွပ်ပြစ်အနားကို ဘယ်တုန်းကရောက်နေသလဲမသိတဲ့ လူစိမ်းတစ်ယောက်။သူက ကျွန်တော့်ကို ခပ်တွေတွေ စိုက်ကြည့်နေတယ်။ ထင်ရှားပြတ်သားတဲ့ မျက်ခုံးတွေ နှာတံတွေ မေးရိုးတွေ။ပြီးတော့ သူ့ရဲ့ညာဘက်ပါးပြင်ပေါ်က အမာရွတ်ရေးရေး။
ကျွန်တော် မရည်ရွယ်ပဲ စာအုပ်ကို အားနဲ့ဆုတ်ချေမိသလိုဖြစ်သွားတယ်။မနက်ကမှ သပ်သပ်ရပ်ရပ်ဖီသင်ထားတဲ့ ဆံပင်တွေက လေဒဏ်ကြောင့် ရှုပ်ပွနေပြီဆိုတာသိပေမယ့် ကျွန်တော်ပြန်မသပ်မိတော့ဘူး။
"Oh Sehun!!ဒီကိုလာလို့!"
သူက ကျွန်တော့်ဆီက အကြည့်မခွာသေးတာမို့ ကျွန်တော်ကပဲ သူ့ဆီကနေအကြည့်တွေအမြန်ရုတ်သိမ်းပြစ်လိုက်ပြီး ခေါင်းထဲဝင်မှာမဟုတ်တော့တဲ့ စာတွေကိုပဲဖတ်နေလိုက်တယ်။ကျိမ်းစက်နေတဲ့ မျက်လုံးကိုလည်း ဥပေက္ခာပြုရင်း။
ခလေးတွေရဲ့ အသံကလည်း ကြားတစ်ချက်မကြားတစ်ချက်။အခုတိုက်နေတာ လေပူလား လေအေးလားလည်း ကျွန်တော်မသိတော့ဘူး။နောက်တစ်ကြိမ်ခေါင်းပြန်မော့ကြည့်မိတဲ့အခါ ဂေဟာအဆောက်အဦးထဲ ဝင်သွားပြီဖြစ်တဲ့ ထိုလူ့ကြောပြင်ကိုပဲတွေ့ရတယ်။
ကျွန်တော် ကွပ်ပြစ်ပေါ်ကနေအမြန်ဆင်းကာ ရေအုတ်ကန်နားအမြန် ပြေးသွားလိုက်တယ်။ရေတစ်ခွက်ကို အမြန်ခပ်ယူပြီး မျက်နှာကိုခပ်မြန်မြန်သစ်လိုက်ပေမယ့် မြင်ကွင်းတွေက ပျောက်မသွားသေးဘူး။
မငြိမ်သက်တော့တဲ့ ရေမျက်နှာပြင်မှာ ကျွန်တော့်မျက်နှာက ဝိုးဝဝါးပေါ်နေတယ်။ကန်ဘောင်ပေါ် လက်နှစ်ဖက်ထောက်ရင်း ရေထဲငုံ့ကြည့်မိတဲ့အခါ မျက်ရည်တွေဝဲနေတဲ့ ကျွန်တော့်ကိုကျွန်တော် ပြန်တွေ့ရတယ်။
"တော်ပြီKim Jongin~ဒါက ဒီအတိုင်း နာမည်တူတဲ့လူတစ်ယောက်ပဲ။အခုမင်းတွေ့လိုက်ရတဲ့ Oh Sehunနဲ့ လွန်ခဲ့တဲ့၁၅နှစ်က Min Sehunက ဘာမှမသက်ဆိုင်ဘူး။"
ကျွန်တော့်ပါးဆီကမျက်ရည်စက်က တည်ငြိမ်စဖြစ်နေတဲ့ ရေပြင်ပေါ်ကျသွားပြီး လှိုင်းကြပ်ခွက်သေးသေးလေးထသွားတယ်။ဘာလို့လဲ ၁၅နှစ်ဆိုတဲ့အချိန်က ကျွန်တော့်ဘဝထဲက လူတစ်ယောက်ကို မေ့ပစ်ဖို့ မလုံလောက်ဖူးလား။
"ကျေးဇူးပြုပြီး နာမည်တူယုံလေးနဲ့ အသက်ရှင်နေတဲ့လူတစ်ယောက်ကို သေသွားတဲ့လူတစ်ယောက်နဲ့ အထင်မမှားစမ်းနဲ့Kim Jongin"
ကျွန်တော့်အသံတွေတုန်နေတာ ကျွန်တော်သိတယ်။ကျွန်တော့်အတွက် သူဟာသေလူဆိုတဲ့အဖြစ်မှန်ကို လက်ခံရတာ အခုထိကျင့်သားမရသေးပေမယ့် သူကတကယ်သေသွားခဲ့ပြီပဲလေ။
နွေရဲ့အပူရှိန်ကြောင့် ကျွန်တော့်မျက်နှာပေါ်က ရေစက်တွေက အလျင်အမြန်ပဲ ခြောက်သွေ့သွားတယ်။ကျဆင်းနေဆဲ မျက်ရည်တွေကတော့ အခုထိရှိနေသေးပေမယ့်။
ကျွန်တော် လက်ဖဝါးနဲ့ ပါးပေါ်ကိုဖိကပ်ရင်း မျက်ရည်တွေကို သုတ်ပစ်လိုက်တယ်။ထိုင်နေကျနေရာလေးဆီ ပြန်လှမ်းလာတဲ့အခါ စာဖတ်ဖို့စိတ်မပါတော့တာမို့ သစ်ပင်ရင်းမှာထောင်ထားတဲ့ တံမြတ်စည်းကိုယူရင်း ကွပ်ပြစ်ပေါ်ထိုင်လိုက်တယ်။
တံမြတ်စည်းက မနက်ကအထိအကောင်းကြီးဆိုပေမယ့် လီမင်ယော့လက်ချက်နဲ့ ချည်ထားတဲ့ကြိုးပြေသွားလို့ အုန်းဆံချောင်းတွေဖရိုဖရဲဖြစ်နေပြီ။
သူကသေသွားပြီ
သူမရှိတော့ဘူး
သူကျွန်တော့်ဆီပြန်မလာဘူး
စိတ်ထဲကနေ စကားတစ်ကြောင်း ရေရွတ်မိတိုင်း ကြိုးတွေကိုပြန်ချည်နေတဲ့ ကျွန်တော့်လက် လှုပ်ရှားမှုကမြန်လာတယ်။
"ဒါက နာအွန်းရဲ့ကစားစရာလေးတွေကိုစုထားပေးတာ"
ဂေဟာထဲကနေ အစ်မမီဆိုတို့ ပြန်ထွက်လာကြတဲ့အခါ ကျွန်တော်တစ်ချက်သာကြည့်လိုက်ပြီး မသိချင်ယောင်ဆောင်လိုက်တယ်။အစ်မက အိတ်လေးနဲ့သေချာထည့်ထားတဲ့ သိပ်မများတဲ့ကစားစရာအိတ်လေးကို အရပ်ရှည်ရှည်နဲ့ကောင်လေးကို လှမ်းပေးတဲ့အခါ ထိုကောင်လေးက ပါးချိုင့်တွေပေါ်အောင်ပြုံးရင်း လှမ်းယူတယ်။
"ဒါနဲ့ sisterကြီးပြောတုန်းက လက်ထပ်ခါစစုံတွဲလို့ပြောတာ။အခု ဇနီးဖြစ်သူမပါပဲ ညီအစ်ကိုတွေပဲရောက်လာကြတယ်ထင်တယ်။"
ကျွန်တော်ထိုင်နေတဲ့နေရာနဲ့ အစ်မတို့ထွက်လာတဲ့ဂေဟာအဆောက်အဦးက မျက်နှာချင်းဆိုင်နီးနီးလေးမို့ ပြောနေတဲ့စကားတွေကို နားမထောင်ပါပဲ ကြားနေရတယ်။
"အာ~မဟုတ်ပါဘူး။လက်ထပ်ခါစစုံတွဲဆိုတာ ကျွန်တော်တို့နှစ်ယောက်ကိုပြောတာ"
ကျွန်တော် အပြင်ပန်းမှာဘာမှမပြပေမယ့် စိတ်ထဲမှာတော့ တော်တော်အံ့ဩသွားရတယ်။ဘာလို့ဆို ဒီလိုကိစ္စမျိုးကို ဘာမှမဖြစ်သလိုထုတ်ပြောနိုင်တာ တော်ယုံသတ္တိမှမဟုတ်ပဲ။
"အာ~အစ်မကနည်းနည်းခေတ်နောက်ကျတယ်။စိတ်မရှိနဲ့နော်"
ကျွန်တော် ပြန်ပြင်လို့ပြီးသွားတဲ့ တံမြတ်စည်းကို သစ်ပင်ရင်းမှာ ပြန်သွားထောင်လိုက်တယ်။
"အစ်မ ခလေးနာမည်က ကင်မ်နာအွန်းနော်။နောက်ဆိုရင်တော့ ဗြောင်နာအွန်းပေါ့"
"ဟာ အဓိပ္ပာယ်မရှိတာကွာ ပတ်နာအွန်းဖြစ်ရမှာပေါ့"
နာအွန်းကိုချီထားတဲ့ပုသေးသေးကောင်လေးနဲ့ ပါးချိုင့်နဲ့ကောင်လေးရဲ့ပြောသံတွေကြားတော့ ကျွန်တော်အမြတ်တနိုးနဲ့ပေးထားခဲ့တဲ့ ကျွန်တော့်မျိုးရိုးလေး ပျောက်သွားတော့မယ်ဆိုတာ အခုမှသတိရသွားတယ်။
"နားညည်းတယ် ဗြောင်ပတ် နာအွန်းလို့ပေးလိုက်"
ရှတတအသံ စိတ်မရှည်မှုအပြည့်နဲ့ တစွတ်ထိုးဆန်တဲ့အသံ။တော်သေးတယ် ကျွန်တော် ကွပ်ပြစ်ပေါ်ပြန်ထိုင်ပြီးပြီမို့လို့။မဟုတ်ရင် ဒူးတွေခွေကျသွားမယ်ထင်တယ်။
"ya!!!Oh Sehun!!"
ကျန်တဲ့နှစ်ယောက်ဆီက တပြိုင်တည်းထွက်လာတဲ့ သူ့နာမည်။အင်း Oh Sehunပါ Min Sehunမဟုတ်ဘူး။
"ထားလိုက်တော့ နာအွန်းနဲ့တွေ့ခွင့်ရခဲ့တာ မင်းကြောင့်မို့လို့ ဒီတစ်ခါခွင့်လွှတ်ပေးလိုက်မယ်"
"အို~အဲ့ဒါလေးလည်း မေးကြည့်ချင်နေတာ။အစ်မတို့ဂေဟာက ဆိုးလ်မြို့မှာသိတဲ့လူသိပ်မရှိဘူး။ဂေဟာက ထွက်သွားကြတဲ့ ခလေးတချို့ကလွဲရင်လေ။အခု ဘယ်ကနေဘယ်လို~"
ကျွန်တော် မဖတ်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့ သင်ရိုးစာအုပ်ကိုပြန်ကိုင်မိပြန်ပြီ။ဖတ်ဖို့တော့ ရည်ရွယ်ချက်မပါဘူးပေါ့။
"အဲ့ဒါ ဒီကောင်Oh Sehunပြောတာလေ။လင်းရောင်အိမ် မိဘမဲ့ဂေဟာဆိုပြီး"
စာရွက်လှန်နေတဲ့ ကျွန်တော့်လက်တွေရပ်တန့်သွားတယ်။
လင်း ရောင် အိမ်
အစ်မမီဆိုကို လှမ်းပြီးအကဲခတ်မိတဲ့အခါ အစ်မကလည်း ပါးစပ်အဟောင်းသားနဲ့။
"ဘာလို့လဲ အစ်မ ဘာမှားနေလို့လဲ"
အစ်မက အမြန်ပဲမျက်နှာကိုပြန်ပြင်ပြီး ပြုံးလိုက်တယ်။
"ဘာမှမမှားပါဘူး အဲ့နာမည်မသုံးတော့တာ တော်တော်ကြာနေပြီ။ရုတ်တရပ်ပြန်ကြားရတော့ အံ့ဩမိသွားလို့။ဟောဒီကSehunကရော ဒီဂေဟာအကြောင်းဘယ်ကကြားတာလဲဟင်"
"ကျွန်တော့်အမေရဲ့ ဒိုင်ယာရီစာအုပ်ထဲက"
အပိုအလိုမရှိတဲ့အဖြေတစ်ခုကိုရတဲ့အခါ အစ်မပုံစံက မေးချင်တာတွေ အများကြီးရှိနေသေးပေမယ့် ရပ်တန့်သင့်တဲ့အချိန်ကို နားလည်လို့ ဆက်မမေးတော့တဲ့ပုံပဲ။ကျွန်တော် ဘာမှန်းမသိတော့တဲ့ စာလုံးတွေကို အကြောင်းမဲ့စိုက်ကြည့်နေမိတယ်။အစ်မတို့ကို နောက်တစ်ခါထပ်မကြည့်ဖို့ဆုံးဖြတ်ရင်း။
လင်း ရောင် အိမ်
အစ်မမီဆိုနဲ့အရမ်းခင်တဲ့ အခုဆိုးလ်မှာအလုပ်လုပ်နေတဲ့ အစ်ကိုဂျင်ဝူးပေးခဲ့တဲ့နာမည်လေး။အဲ့နာမည်က အပြင်ကလူတွေမသိဘူး။ရှင်းရှင်းပြောရရင် sisterကြီးတောင်မသိဘူး။
ကျွန်တော်အပါအဝင် အဲ့ဒီတုန်းကဂေဟာမှာအတူနေခဲ့တဲ့ ခလေး၄၀ကျော်ပဲ သိတဲ့နာမည်။ပြီးတော့ ဂေဟာက လုပ်အားပေးဆရာမရဲ့သားလေး Min Sehunရယ်ပေါ့။
"ကိုယ်တို့ ပြန်ကြတော့မလားBaekhyun"
ကျွန်တော် စာမျက်နှာဆုံးအောင် မဖတ်ရသေးပေမယ့် အခြားတစ်ရွက်ကိုလှန်လိုက်တယ်။
"နာအွန်းလေး ဟိုရောက်ရင်ပျော်ပျော်နေနော်~
လှလှပပလေး ကြီးပြင်းလာပြီး အကောင်းဆုံးရှင်သန်နော်"
အစ်မမီဆိုရဲ့ ငိုသံပါနေတဲ့စကားတွေက ကျွန်ဝောာ့်နားထဲဝင်လာတဲ့အခါ မကြည့်ပါဘူးလို့ဆုံးဖြတ်ထားပေမယ့် ကျွန်တော် နာအွန်းလေးဆီတစ်ခေါက်ကြည့်မိတယ်။ခလေးက ငိုနေတယ်။ဒါပေမယ့် အသံမထွက်ဘူး။
ခလေးက သူ့ကို တယုတယထွေးပွေ့ထားတဲ့ အကောင်သေးသေး ချစ်စရာကောင်လေးရဲ့ ရင်ခွင်ထဲကနေ ကျွန်တော်ထိုင်နေရာ ကွပ်ပြစ်စီလှမ်းကြည့်နေတယ်။
ကျွန်တော်မျက်နှာလွှဲလိုက်တဲ့အခါ နာအွန်းဆီကငိုသံက စပြီးကျယ်ကျယ်လောင်လောင်ထွက်လာတယ်။ကျွန်တော် မပေးတော့ဘူးဆိုပြီး ခလေးကိုပြန်ဆွဲလုချင်စိတ်ကို မနည်းချိုးနှိမ်ထားရတယ်။ဒီဂေဟာမှာ ဆက်နေနေလို့ ခလေးအတွက် ဘာမှမထူးဘူးဆိုတဲ့အတွေးကြောင့်သာ။မဟုတ်ရင်....
ကျွန်တော် စာအုပ်သိမ်းပြီး ထိုင်ရာကနေထကာ သစ်ပင်ရင်းကစက်ဘီးကို အမြန်ယူရင်း အိမ်အမြန်ပြန်ဖို့ပဲတွေးလိုက်တယ်။ဒီနေရာမှာ ကြာကြာဆက်မနေနိုင်တော့ဘူး။ကားနားကဖြတ်ပြီး တွန်းလာတဲ့အခါ အစ်မမီဆိုက စက်ဘီးလက်ကိုင်ကို လှမ်းဆွဲတယ်။
"ပြန်တော့မလို့လား"
"အွန်း"
ကျွန်တော်အတက်နိုင်ဆုံး အစ်မတို့ဘက်ကိုမကြည့်ရင်း ဖြေလိုက်ပေမယ့် နာအွန်းဆီကရှိုက်သံသဲ့သဲ့ကို ကျွန်တော်ကြားရတဲ့အခါ စက်ဘီးလက်ကိုင်ကို ပိုပြီးအားစိုက်ကာ စုတ်ကိုင်လိုက်မိတယ်။
"နာအွန်းက ဒီဂေဟာမှာ နင့်ကိုအချစ်ဆုံးဆိုတာ သိတယ်မို့လား။သူနင့်ဆီက ပွေ့ဖက်တာကိုလိုချင်နေတယ်ထင်တယ်"
ကျွန်တော် ခေါင်းကိုအမြန်ပဲခါလိုက်ပြီး စက်ဘီးကိုဆက်တွန်းလာလိုက်တယ်။
"ဆရာလေး"
မပီမသ ခလေးမလေးရဲ့အသံ။ငိုသံတွေနဲ့ လုံးထွေးနေတဲ့ လေးနှစ်အရွယ်ခလေးမလေးရဲ့အသံ။သူကျွန်တော်တို့ဆီ စစရောက်ကာစက အနှီးထုတ်ထဲက နီတာရဲလေး။ကျွန်တော်ကိုယ်တိုင် နေ့မအိပ်ညမအိပ်ပြုစုခဲ့ရတဲ့ ခလေးသေးသေးလေး။
သူစကားပြောတတ်စအရွယ်မှာ အစ်ကိုတွေအစ်မတွေဆီကနေ နားရည်ဝနေခဲ့တဲ့ ဆရာလေးဆိုတဲ့နာမည်ကို သူမပီမသရွတ်ခဲ့တာ။
ကျွန်တော် စက်ဘီးကို ဒီအတိုင်းတွန်းလှဲပစ်လိုက်ပြီး နောက်ကြောင်းပြန်လှည့်ကာ ကောင်လေးလက်ထဲက နာအွန်းကိုယူပြီး ပွေ့ချီပစ်လိုက်တယ်။စက်ဘီလဲကျသွားတဲ့နေရာမှာတော့ ဖုန်တွေထလို့။
ကျွန်တော့်မျက်ရည်တွေက တားမရစီးမရပါပဲ။နာအွန်းလေးဆီက ရှိုက်သံတွေကလည်း ပိုပိုစိတ်လာတယ်။ကျွန်တော့်လည်ပင်းကို ဖက်တွယ်ထားတဲ့ လက်သေးသေးလေးတွေ။ကျွန်တော် မြတ်နိုးရပါသော ခလေးလေးတွေရဲ့ ကိုယ်သင်းနံ့လေး။
"မလိုက်သွားချင်ဘူး"
စကားတစ်ခွန်းမှာ ရင်တွေကွဲကြေရပါသောပဲ။
ဘယ်သူကရော ပေးလိုက်ချင်ပါ့မလဲ။ကျွန်တော်မျက်စိစုံမှိတ်ပြီး ခလေးကို ကောင်လေးလက်ထဲ ပြန်ပေးလိုက်ပေမယ့် နာအွန်းက အတင်းကော့ထိုးကာ ထိုကောင်လေးလက်ထဲကနေမြေပေါ်ဆင်းတယ်။
ကျွန်တော့်ဘောင်းဘီကို သူ့လက်ခလေးနဲ့ လာဆုတ်ကိုင်တဲ့အခါ လက်သီးစုတ်သေးသေးလေးကအသဲယားဖွယ်ပဲ။ကျွန်တော့်ပါးဆီက မျက်ရည်တွေက အပေါ်ကိုမော့ကြည့်နေတဲ့ နာအွန်းရဲ့မျက်နှာပေါ်ကျတဲ့အခါ မျက်တောင်စိတ်ပိစိလေးတွေလှုပ်ရှားသွားတယ်။
"မင်ယော့oppa"
နာအွန်းက မော့ကြည့်ရာကနေ ကျွန်တော့်အနောက်ကနေလာနေတဲ့ မင်ယော့ကို လက်ယက်လှမ်းခေါ်တယ်။မင်ယော့မျက်နှာက နီရဲနေတယ်။အနားရောက်တာနဲ့ မင်ယော့က ချက်ချင်းပဲ နာအွန်းကိုကောက်ချီလိုက်ပြီး ဂေဟာဝင်ပေါက်ဆီတန်းနေအောင်ပြေးသွားတယ်။မနိုင်မနင်းနဲ့။
"လီမင်ယော့ နင်အခုချက်ချင်းပြန်မလာဘူးလား"
အစ်မမီဆိုက အော်ရင်းလိုက်သွားတဲ့အခါ မင်ယော့ကပြေးနေရာကနေရပ်ကာ ပြန်လှည့်ကြည့်တယ်။ပြီးတော့ ဂျစ်ကန်ကန်မျက်နှာပေးနဲ့
"ပစ်ချလိုက်မှာနော် မြေပေါ်ကျလို့မသေဘူးမထင်နဲ့
နာအွန်းလောက်ကတော့ ပန်းသီးနဲ့ပေါက်တောင်သေတယ်"
အစ်မက ချက်ချင်းပဲခြေလှမ်းတွေကိုရပ်လိုက်တယ်။သူ့အချစ်ဆုံး လီမင်ယော့က ဘာမဆိုလုပ်ရဲတဲ့အကြောင်း အစ်မကသတိရသေးပုံပါပဲ။ကျွန်တော် ခေါင်းခါရင်း အရှေ့ကိုတစ်လှမ်းလှမ်းတော့ မင်ယော့က လမ်းကိုနောက်ပြန်လျှောက်ရင်း ကျွန်တော့်ကိုခေါင်းခါပြနေတယ်။မလာနဲ့ဆိုတဲ့သဘောပေါ့
"အားးးးJonginကလည်းကွာ~နာအွန်းကမလိုက်ချင်တာသိသားနဲ့။"
"Jongin??"
မင်ယော့ရဲ့အသံကြောင့် ကျွန်တော်ပြုံးယောင်ယောင်ဖြစ်သွားပေမယ့် နောက်ထပ်ထပ်ကြားရတဲ့ ကျွန်တော့်နာမည်ကြောင့် နှုတ်ခမ်းတွေကပြန်တည်သွားတယ်။ကျွန်တော့်နာမည်ကို ဒီအတိုင်း သံယောင်လိုက်ပြီးရေရွတ်လိုက်တဲ့ပုံပါပဲ။အသံပိုင်ရှင်ကို လှည့်ကြည့်မိတော့ သူက တကယ်ပဲကျွန်တော့်ကိုစိုက်ကြည့်နေတယ်။
"နာမည်ကJonginလား"
ဖော်ဖော်ရွေရွေပုံစံမဟုတ်ဖူး။ဈေးသည်ဆီကနေ ဒါဘယ်လောက်လဲလို့ မေးနေတဲ့အတိုင်းပဲ။ကြွတ်ဆတ်ဆတ်နဲ့။ကျွန်တော် ခေါင်းညိတ်ပြယုံသာတုံ့ပြန်လိုက်ပြီး ခေါင်းပြန်လှည့်လိုက်တယ်။မင်ယော့က နာအွန်းကိုချီထားရာကနေ ကုန်းဘယ်လိုပိုးလိုက်မှန်းတောင် ကျွန်တော်မသိလိုက်ဖူး။
နာအွန်းကိုကြောမှာပိုးရင်း ခြေလှမ်းစိတ်စိတ်တွေနဲ့ နောက်ကြောင်းပြန်လှည့်လာတဲ့မင်ယော့ကြောင့် အစ်မမီဆိုက ပြုံးကာ မုဆိုးဒူးထောက်ထိုင်ပြီး လက်နှစ်ဖက်ကမ်းပေးလိုက်တယ်။
"သိတာပေါ့ ငါတို့ရဲ့မင်ယော့ကလိမ္မာ~"
"မလိမ္မာဘူး"
ဝမ်းသာအားရ ချီးကျူးနေတဲ့ အစ်မရဲ့စကားတွေပင်မဆုံးလိုက် မင်ယော့ကဖြတ်ပြောတယ်။အစ်မကို လေလိုပဲဖြတ်သန်းလာတဲ့ မင်ယော့ကြောင့် အစ်မက လက်နှစ်ဖက်ဖြန့်လျက်နဲ့ အဲ့အတိုင်းကြီးပဲ အူကြောင်ကြောင်ကျန်ခဲ့တယ်။
မင်ယော့က ကျွန်တော့်အနားထိလျှောက်လာပြီး ကျွန်တော့်လက်ကိုလှမ်းကိုင်ကာ Oh Sehunဆိုသူကို မျက်လုံးလှန်ပြီး ဘုကြည့်ကြည့်တယ်။
"Jonginပါလိုက်ခဲ့။"
အတင်းဆွဲခေါ်နေတဲ့ မင်ယော့ကြောင့် ကျွန်တော်ဟန်ချက်ပျက်ကာ အရှေ့ကိုယိုင်သွားတယ်။
"လီမင်ယော့"
"Jonginမလိုက်ရင် ဘုံဘုံ့ကိုလယ်ကွင်းထဲမှာမြေသွားမြုတ်ပစ်မှာ"
ခပ်လှမ်းလှမ်းမှာကစားနေတဲ့ ဘုံဘုံက အတိုင်းသားကြားနေရတဲ့ မင်ယော့ရဲ့အသံကြောင့် လက်ထဲကအရုပ်မလေးကိုပစ်ချပြီး ဂေဟာထဲပြေးဝင်သွားတယ်။
"လာလို့ဆိုနေ"
ကျွန်တော် သက်ပျင်းချပြီးခေါင်းခါလိုက်ကာ သူ့သဘောအတိုင်းလိုက်သွားလိုက်တယ်။တစွတ်ထိုးအရမ်းနိုင်တယ် ဒီခလေးက။
ကျွန်တော်ခြေလှမ်းသုံးလှမ်းလောက်ပဲ လှမ်းရသေးတယ်။အနောက်ကတရှပ်ရှပ်ခြေသံကြားရပြီး မင်ယော့ကြောပေါ်ကနာအွန်းကို ဂုတ်ကနေဆွဲမလိုက်တာကို ကျွန်တော်မြင်လိုက်ရတယ်။
"ya!ya!Oh Sehun!အဲ့ဒါငါ့သမီးနော်။ပြုတ်ကျမယ် ya!!!ပြုတ်ကျမယ်လို့ဆိုနေ"
အထိတ်တလန့်လှမ်းအော်တဲ့ ချစ်စရာကောင်လေးရဲ့စကားကို သူက ဂရုမစိုက်ပဲ နာအွန်းကိုလေထဲကနေတဆင့် ပါးချိုင့်နဲ့ကောင်လေးဆီလှမ်းပစ်တယ်။ဘုရားရေ။ကျွန်တော့်ရင်ထဲလှပ်ခနဲဖြစ်သွားပြီး ခြေဖျားလက်ဖျားတွေပါ အေးစက်သွားတယ်။
"ya!! Park Chanyeol!!!မင်းတို့နှစ်ယောက်လုံး အားးး ငါ့သမီးလေး နာအွန်းလေးအများကြီးလန့်သွားလား"
နာအွန်းက မျက်လုံးအကြောင်သားနဲ့ အသံတောင်မထွက်တော့ဘူး။ဟိုချစ်စရာကောင်လေးက နာအွန်းကိုချော့မြူရင်း သူ့ဘေးကကောင်လေးကို လက်သီးနဲ့တဖုန်းဖုန်းထုနေတယ်။
Oh Sehunဆိုသူက သူ့ကိုစူးစူးရဲရဲကြည့်နေတဲ့ မင်ယော့ရဲ့နဖူးကို လက်ညိုးနဲ့အားစိုက်ပြီးတွန်းလိုက်တဲ့အခါ မင်ယော့က အနောက်ကိုလန်သွားပြီးမှ ခြေနှစ်လှမ်းလောက်အမြန်ဆုတ်ပြီး ဟန်ချက်ပြန်ထိန်းတယ်။
"ငါငယ်ငယ်တုန်းကအတိုင်းပဲ တစွတ်ထိုး တစောက်ကန်း"
မင်ယော့က လက်သီးကို ကျစ်ကျစ်ပါအောင်စုတ်ရင်း ခြေထောက်တစ်ချက်ဆောင့်ကာ နေရာကနေထွက်သွားတယ်။အခု နေရာမှာ သူနဲ့ကျွန်တော်နှစ်ယောက်တည်းရယ်။
ဖြူနုပြီးကြည်လင်နေတဲ့သူ့အသားအရည်က နေရောင်ကြောင့် ပိုပြီးတောက်ပနေတယ်။သူ့ပုံစံက ဆိုးလ်မြို့ပေါ်က သူဌေးသားလေးမှန်း မြင်တာနဲ့ပြောနိုင်တယ်။သူကမင်ယော့ရဲ့ ဆူဆောင့်ထွက်သွားတဲ့ပုံစံကို လိုက်ကြည့်ရင်း ပြုံးလိုက်တယ်။
ကျွန်တော့်မျက်လုံးတွေ ချက်ချင်းပဲပြာတက်သွားတယ်။အဲ့ဒီအပြုံး~
"ya!!တက်တော့။"
ကျွန်တော့်ဘေးကို ရောက်လာတဲ့ကားကြောင့် ဘေးဘက်ကိုအသာတိုးပေးရင်း လွတ်ရာကိုရှောင်လိုက်တယ်။နာအွန်းလေးက ခေါင်းခန်းမှာ သူ့အဖေအသစ်ပေါင်ပေါ်မှာထိုင်ပြီး မျက်ရည်တွေနဲ့ကျွန်တော့်ကို စိုက်ကြည့်နေတယ်။
"ကျစ်!"
Sehunဆိုသူက စုတ်တစ်ချက်သတ်ပြီး ကားနောက်ခန်းကိုခြေလှမ်းသွားတယ်။ကားတံခါးဆီသူလက်လှမ်းတဲ့အချိန် ကျွန်တော်မြေပေါ်မှာလဲကျနေဆဲဖြစ်တဲ့ ကျွန်တော့်စက်ဘီးလေးဆီ ပြန်သွားဖို့ခြေလှမ်းလိုက်တယ်။
"ဒါနဲ့~"
သူ့ဆီကအသံ~ကျွန်တော်နောက်ပြန်လှည့်ကြည့်ချိန် သူက ကားတံခါးကိုလက်တစ်ဖက်နဲ့ဖွင့်ထားပြီး ခြေတစ်ဖက်ပင် ကားပေါ်တင်ပြီးနေပြီ။သူ့အကြည့်တွေက ကျွန်တော့်ထံမြဲမြံနေတယ်
"အသက်ကဘယ်လောက်လဲ"
ပြန်ဖြေဖို့ပြင်လိုက်ချိန် နာအွန်းက ခေါင်းခန်းကနေ ခေါင်းလေးပြူကြည့်ရင်း ငိုမဲ့မဲ့နဲ့လက်ပြလာတာမို့ ကျွန်တော်ပြုံးလိုက်မိတယ်။ထိုသူက ချက်ချင်းပဲ ကားထဲကခြေထောက်ကို ပြန်ထုတ်ပြီး ခေါင်းခန်းနားပြန်လျှောက်သွားကာ နာအွန်းရဲ့ခေါင်းကို အထဲအတင်းတွန်းထည့်လိုက်တယ်။
"ya!!ငါ့သမီးကိုအကြမ်းပတမ်းမလုပ်နဲ့!!!"
ကျွန်တော် ထပ်ပြီး ခြေဖျားလက်ဖျားတွေအေးသွားပြန်တယ်။Sehunဆိုတဲ့ နာမည်ပိုင်ရှင်တိုင်းက ဒီလို ဂျစ်ကန်ကန်ပဲလား။
"အမြန်ဖြေလေ ~"
"လေးနှစ်"
"ကျစ်!!ဒီပေါက်စအသက်ကိုမေးတာမဟုတ်ဖူး ခင်များအသက်ကိုမေးတာ"
ကျွန်တော် အဲ့တော့မှ အာခနဲအသံပြုပြီး ခေါင်းညိတ်လိုက်တယ်။
"၂၆"
"ဘာကြီးလဲကွာ~hyungလို့မခေါ်ချင်တာကို"
သူက သူ့ဟာသူရေရွတ်ရင်း ကားထဲဝင်ထိုင်သွားတယ်။တဖြည်းဖြည်းမောင်းထွက်သွားတဲ့ကားနောက်မှာ ဖုန်တွေကအလုံးလိုက်ကြီးကပ်ပါသွားပြန်တယ်။
ဖုန်တွေမြင်ကွင်းထဲကရှင်းသွားတဲ့အချိန် ကားလေးက တော်တော်ဝေးဝေးကိုရောက်သွားပြီ။
ကျွန်တော် ဆက်ကြည့်မနေတော့ပဲ စက်ဘီးလေးကိုအမြန်ပြန်သွားထူကာ ဂေဟာဝန်းထဲက နင်းထွက်လာလိုက်တယ်။အိမ်ပြန်ရောက်ရင်တော့
အရင်နေ့တွေလိုပဲ ဒေါ်လေးနဲ့အတူ ပင်လယ်နားသွားရဦးမယ်။
~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'
"Jongin~Jongin ဒီနားမှာပဲနေခဲ့နော်။ငါအမြန်ပြန်လာခဲ့မယ်"
"Sehun!!!!!ဘယ်သွားမလို့လဲ။Sehun!!"
သူ့လက်ကို အမိအရဆွဲထားတဲ့ ကျွန်တော့်လက်ကို ဆွဲဖယ်ရင်း ခပ်လှမ်းလှမ်းကမီးတွေကြား ပြေးဝင်သွားတဲ့ ကောင်ငယ်လေး။ပတ်ဝန်းကျင်တစ်ခုလုံးက မီးတွေနဲ့မီးခိုးတွေအပြည့်ပဲ။ညှော်နံ့တွေရယ် မီးလောင်သံ တဖြောက်ဖြောက်ရယ်။
"Sehun!!ငါကြောက်တယ်!!!Sehun!!!"
ဖျတ်ခနဲပွင့်သွားတဲ့ မျက်ဝန်းတွေနောက် ရင်ထဲမှာမောဟိုက်ပြီး ကျွန်တော်ကျန်ခဲ့တယ်။ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေတယ်။ပါးစပ်ကိုဟရင်း အသက်ကိုအလုအယက် ကျွန်တော်ရှုနေရတယ်။
စိတ်ငြိမ်သွားတော့မှ ကျွန်တော်ပတ်ဝန်းကျင်ကို သေချာပြန်ကြည့််မိတယ်။ကျွန်တော် စာကြည့်စားပွဲက ထိုင်ခုံပေါ်မှာ အိပ်ပျော်သွားခဲ့တာပဲ။စာကြည့်စားပွဲပေါ်မှာတော့ အရောင်လွင့်နေပြီဖြစ်တဲ့ မတိမ်းမယိမ်း ကောင်ငယ်လေးနှစ်ယောက်ရဲ့ဓာတ်ပုံ။ဓာတ်ပုံလေးက ဆေးတွေပါပြယ်ပြီး မျက်နှာတွေကိုပါ သေချာမမြင်ရတော့ဘူး။၁၅နှစ်တောင်ရှိနေခဲ့တာမို့။
ကျွန်တော် ထိုင်ခုံနောက်မှီမှာ ပြန်မှီချလိုက်ပြီး မျက်လုံးတွေကိုပြန်မှိတ်လိုက်တယ်။ဘာလို့လဲ အိမ်မက်ဆိုးတွေမမက်တော့တာ ဘယ်လောက်ကြာနေပြီလဲ။ကြည့်ရတာ နာမည်တူတဲ့လူကိုတွေ့ခဲ့ရတာမို့ ကျွန်တော် စိတ်အစွဲလွန်သွားတာများလား။
ညဉ့်နက်ပိုင်းမို့ ပရစ်အော်သံတွေကို တစွန်းတစကြားရတဲ့အပြင် လေတိုက်သံတွေ သစ်ရွက်တွေတစ်ခုနဲ့တစ်ခုပွတ်တိုက်သံတွေ။
ကျွန်တော် စိတ်ကိုလျော့ချလိုက်ပြီး အတတ်နိုင်ဆုံး ဘာကိုမှမတွေးမိအောင် နေနေမိတယ်။ပြန်လည်း အိပ်ပျော်မယ်မထင်တော့။အမှန်က အိပ်ပျော်ဖို့လည်း သတ္တိမရှိတော့ဘူး။
အဲ့ဒီအတိတ်တွေကို ကျွန်တော်ကြောက်တာမို့လို့။
~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'
~Tbc~
🌹 Rosebud🌹
ဇာတ်လမ်းက ပျင်းစရာကောင်းချင်ကောင်းနေပါလိမ့်မယ်။ဒါပေမယ့် ညီမ ဒါလေးကိုအရမ်းရေးချင်ခဲ့တာပါ။
ဘယ်လိုပြောရမလဲ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့
အေးအေးချမ်းချမ်း ငြိမ့်ငြိမ့်ညောင်းညောင်းပုံစံလေးကို တကယ်ဖန်တီးချင်မိတာပါ။