ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်

By EnaEnaWin

585K 34.4K 1.4K

#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီ... More

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁)
ကြင်နာသူသာကြည်ဖြူမယ်ဆိုရင် အပိုင်း(၂)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၃)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၄)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၅)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၆)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၈)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၉)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၀)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၁)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၂)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၃)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၄)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၅)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၆)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၇)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် (အပိုင်း၁၈)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၉)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း (၂၀)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း (၂၁)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၂၂)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း (၂၃)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၂၄)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၂၅)
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁) ဇာတ်သိမ်း
Book Announcement

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၇)

13.2K 853 20
By EnaEnaWin

#Unicode
အချစ်ဆိုတာ
ကိုယ်က ချစ်နေရရင်ကို
ပြည့်စုံတယ် အေးချမ်းတယ်
ဆိုပေမဲ့ ယွန်းအတွက်တော့
မမကို အပိုင်လိုချင်စိတ်က
တနေ့တခြား ကြီးထွားလာခဲ့တယ်
မမသာ တခြားတစ်ယောက်နောက်
ပါသွားရင်ဆိုတာကို
တွေးကြည့်လိုက်တာနဲ့တင်
ယွန်းနှလုံးသားက နာကျင်လာတယ်

ဒီနေ့က ကိုကိုအိမ်ပြန်လာမဲ့နေ့
ယွန်းမှာ အကိုတစ်ယောက်ရှိပါတယ်
ကိုကိုက သူ့စီးပွားရေးသူ
ဦးဆောင်နေတဲ့ သူတစ်ယောက်
သူအခြေချတဲ့စီးပွားရေးက
တခြားမြို့မှာဆိုတော့ အိမ်ကိုသုံးလေးလမှ
တခေါက်သာ ပြန်လာနိုင်သည်

ကျောင်းပိတ်တဲ့နေ့လဲ ဖြစ်တာကြောင့်
ယွန်းအပြင်မသွားပဲ
ကိုကိုအလာကိုသာ စောင့်နေလိုက်သည်

"မေမေ ဘာတွေချက်နေတာလဲ"

"သမီးကိုကိုကြိုက်တဲ့
ကြက်သားဆီပြန်လေး
ချက်နေတာ"

"မေမေတို့များ ကိုကိုပြန်လာမယ်ဆိုတာနဲ့
ယွန်းအကြိုက်ကို မချက်ပေးတော့ဘူး"

ယွန်းနှုတ်ခမ်းလေးထော် ပြောလိုက်တော့
မေမေက နှာခေါင်းလေးကို လာညှစ်ကာ

"မေ့သမီးလေးအကြိုက်ကိုက
ချက်ပြီးပါပြီ အရင်ဆုံးကိုချက်ထားတာ
ဟိုအုပ်ဆောင်းအောက်မှာ သွားလှန်ကြည့်"

ယွန်းအုပ်ဆောင်းကို လှန်လိုက်တော့
"ဟာ ဝက်သားကြော်လေးတွေ
မေမေ ကိုကိုက ခုထိလဲမ‌ရောက်သေးဘူး"

"လာခါနီးမှအလုပ်ပေါ်လာလို့
နောက်ကျမယ်တဲ့
မေမေ့ကိုဖုန်းဆက်ထားတယ်"

"အဲ့ကိုကိုက အလုပ်ပဲ
သူနဲ့ရတဲ့မိန်းမကတော့ ကံဆိုးမှာပဲ
ဂရုစိုက်မခံရလို့"

"အဲ့လိုလဲ ဘယ်ဟုတ်ပါ့မလဲ သမီးရဲ့
စီးပွားရေး သိတတ်တော့
သူနဲ့ယူမဲ့မိန်းမလဲ အေးအေးဆေးဆေး
နေရတာပေါ့"

"မေမေတို့များ သူ့သားဆို
ပြောလို့ကိုမရဘူးနော်"

ကိုကိုကလဲမလာသေး
ယွန်းလဲ ပျင်းတာကြောင့်
ဖုန်းယူကာ လိုင်းကောက်ဖွင့်လိုက်တော့
စည်သူလိုင်းပေါ်ရှိနေတာနဲ့
Video callကောက်ခေါ်လိုက်သည်

"ဘာလဲ ယွန်းမ"

"ငါ့အသည်းလေး ဘာလုပ်နေလဲလို့
နင့်ကိုလှမ်းမေးတာ"

"အမလေး နင်လဲနော်
ဒါနဲ့သေမယ်
နင့်အသည်း နေမကောင်းဖြစ်နေတယ်
ထမင်းတောင် မစားဘူး"

"ဟင် ဘာဖြစ်တာလဲ
ဘယ်လိုဖြစ်ပြီး ဖျားတာလဲ
ခုရော သက်သာရဲ့လား
သေချာပြောစမ်းပါ"

"မသိဘူးဟေ့ ငါသွားတောင်မကြည့်ဘူး
သိချင်ရင် ကိုယ်တိုင်လာကြည့်လိုက်"

စည်သူဖုန်းချသွားတော့
ယွန်းတကယ်သွားဖို့ ပြင်လိုက်သည်

ရေခဲသေတ္တာထဲက ပန်းသီးထုတ်ယူပြီး
မေမေ့ဆီသွားကာ

"မေမေ ယွန်းစည်သူတို့အိမ်
ခဏသွားဦးမယ်နော်
ကိုကိုလာရင်လဲ ပြောထားလိုက်ဦး
ယွန်းပြန်လာမှတွေ့မယ်လို့"

"သမီးအကိုက ရောက်တော့မှာလေ
တမနက်လုံး ထိုင်စောင့်နေပြီး
ခုမှ ဘာသွားလုပ်မလို့လဲ"

"ခဏလေးပါ မေမေရဲ့
ယွန်းသိပ်မကြာဘူးနော်
သွားပြီ မေမေရေ့"

ဆက်ပြောနေရင် မလွှတ်မှာစိုးလို့
ယွန်းပြောချင်ရာပြောပြီး
ပြေးထွက်လာခဲ့လိုက်သည်

အိမ်ရှေ့ရောက်တော့
သော့မခတ်ထားတာနဲ့
တံခါးဖွင့် ဝင်လိုက်တော့
ဧည့်ခန်းမှာ ဖုန်းထိုင်သုံးနေတဲ့
စည်သူ့ကို တွေ့လိုက်ရသည်

"ဟယ် ယွန်း
တကယ်ကြီးကို ချက်ချင်းရောက်ချလာတာပဲ
လေးစားပါတယ်"

"ရောက်လာရမှာပေါ့
နင်က ဘာမှမှအားကိုးမရတာ
တအိမ်ထဲနေပြီး ဘာဖြစ်မှန်းတောင်
သေချာမေးမရဘူး"

"ငါ့ကိုပွစိပွစိ လာပြောမနေနဲ့
အပေါ်ထပ်မှာ ရှိတယ်
တက်သွား"

အိမ်ကချက်ချင်းထွက်လာပေမဲ့
မမအခန်းရှေ့ ရောက်တော့
ဝင်ဖို့ကို ခြေတုံချတုံဖြစ်နေပြန်သည်
မဝင်လို့ကလဲ မဖြစ်တော့ အားတင်းပြီး
တံခါးခေါက်လိုက်ကာ

"မမ ယွန်းပါ
ဝင်ခဲ့လို့ရမလားဟင်"

"အင်း ညီမလေး ဝင်ခဲ့လေ
ဘယ်ချိန်ကရောက်နေတာလဲ"

"ခုပဲ မမရဲ့
စည်သူနဲ့ ဖုန်းပြောတော့
မမနေမကောင်းဘူးဆိုလို့"

"အငယ်ကောင်ကတော့
လျှောက်ပြောနေတယ်"

ယွန်း နဖူးကိုသွားစမ်းကြည့်တော့
ကိုယ်ကတော်တော်ကို ပူနေသည်

"ဟာ မမ ကိုယ်တော်တော်ပူနေတာပဲ
ဘာလို့ ဒီတိုင်းနေနေရတာလဲ
ဆေးခန်းသွားမယ်လေ
ယွန်းနဲ့စည်သူလိုက်ပို့မယ်"

"ဟင့်အင်း ဆေးခန်းမသွားချင်ဘူး
ဆေးထိုးမှာကြောက်လို့"

တကယ်ကို မျက်နှာငယ်လေးနဲ့
ပြောလိုက်တာပါ
မမဆေးထိုးအပ်ကို
အရမ်းကြောက်တတ်တာ
ယွန်းလဲသိထားတော့ ဆက်မပြောတော့

နေမကောင်းအားမရှိတဲ့
ပုံစံလေးကို မြင်ရတာတော့
ယွန်းစိတ်မကောင်းဖြစ်နေမိသည်

"ခြေဖျားလက်ဖျားတွေလဲ
အေးစက်နေတာပဲ မမရယ်
စည်သူကလဲ မမတစ်ယောက်လုံး
ခုလိုဖြစ်နေတာ နဲနဲလေးတောင်
လာမကြည့်ဘူးလား"

လူကြီးတစ်ယောက်လို တဖျစ်တောက်တောက်
ပြောနေပြီး ခေါင်းစခြေဆုံး
လိုက်စမ်းနေတဲ့ ယွန်းကို
သိမ့်လဲ မျက်လုံးအဝိုင်းသားနဲ့သာ
ကြည့်နေမိသည်

"မမ ဘာစားထားလဲ
ဆေးရောသောက်ထားလား
မေမေတို့ရော သိဘူးလား
မမ ဖျားနေတာကို"

"မေမေတို့အလုပ်သွားတော့
အစ်မက ဒီလောက်မဆိုးသေးဘူး
ခုမှ အဖျားတက်လာလို့
အငယ်ကောင်ကိုပြောရင်လဲ
ဆေးခန်းအတင်းခေါ်မှာစိုးလို့
အစ်မတမင်မပြောတာ"

"မမ ဘာမှမစားရသေးဘူးမလား
ယွန်းဆန်ပြုတ် ပြုတ်ပေးမယ်နော်
ပြီးရင်ဆေးသောက်လိုက်"

"မလုပ်ပါနဲ့ ညီမလေးရယ်
အစ်မအဆင်ပြေပါတယ်
ခဏနေ သက်သာသွားလိမ့်မယ်"

"အားနာတဲ့ အပြုအမူတွေ
လုပ်မနေပါနဲ့ မမရယ်
ယွန်းတို့က သူစိမ်းတွေမှမဟုတ်တာ
ဒီလောက်လေးက ယွန်းအတွက်လဲ
ဘာမှအပန်းမကြီးဘူး
ခဏပဲစောင့်နော်"

မမကို စောင်သေချာခြုံပေးခဲ့ပြီး
ဆန်ပြုတ်ပြုတ်ပေးဖို့
ယွန်းအောက်ထပ်ကို ဆင်းလာခဲ့သည်

"စည်သူ ဆန်ပြုတ်ထုတ်ရှိလား
ငါ မမအတွက် ပြုတ်ပေးမလို့"

"ရှိတယ် ယွန်း
ငါ စောစောကပဲသွားဝယ်ထားတာ"

"နင်ကလဲ ရှိရင်ပြုတ်ပေးတာမဟုတ်ဘူး
နေမကောင်းဖြစ်နေတာကို
နဲနဲပါးပါး တက်ကြည့်ဦးမှပေါ့
ခုကိုယ်တွေ အရမ်းပူနေတာနင်သိလား"

"ငါကြည့်တယ် အစောက
နင့်မမက ရတယ်ဆိုလို့
မသောက်ဖူးလဲ ပြောလို့ဟဲ့"

"ဆေးရှိတယ်မလား
ထုတ်ထားဦး ငါဆန်ပြုတ်
ပြုတ်လိုက်ဦးမယ်"

သေချာလေးပြုတ်လိုက်ပြီးတော့
စည်သူ့ကိုလှမ်းခေါ်ကာ

"စည်သူရေ ဆန်ပြုတ်ပန်းကန်
ယူသွားပေးဦး
မမကိုရေပတ်တင်ပေးဖို့
လုပ်လိုက်ဦးမယ်"

ယွန်းအခန်းထဲဝင်လာတော့
မမက ဆန်ပြုတ်ကိုသောက်နေသည်

"မမ ဆန်ပြုတ်သောက်
ဆေးသာက်ပြီးရင်
ယွန်းရေပတ်တင်ပေးမယ်နော်"

"ရပါတယ် ညီမလေးရယ်
ဒီလောက်လုပ်ပေးတာပဲ
အားနာနေပြီ
ကျေးဇူးတင်ပါတယ်"

"ရမနေနဲ့ နင်ကိုယ်တွေ
ဒီလောက်ပူနေတာကို
ဆေးခန်းသွားရမှာကျ
သေအောင်ကြောက်ပြီး
ယွန်းလုပ်ပေးတာကို
ငြိမ်ငြိမ်နေလိုက် ငါကတော့
အောက်ပြန်ဆင်းတော့မယ်"

ယွန်းအတွက် စည်သူတမင်
ရှောင်ပေးလိုက်ခြင်း ဖြစ်သည်
စည်သူက ဒီလိုအလိုက်သိတဲ့
နေရာမှာတော့ အရမ်းချစ်ဖို့ကောင်း😁

"အငယ်ကောင်ကတော့
ညီမလေးကိုဆို အနိုင်ကျင့်ဖို့ပဲတွေးနေတယ်
အကျင့်ကိုမကောင်းဘူး"

"အဲ့လိုလဲ မဟုတ်ပါဘူး မမရဲ့
ပြီးရင် ဆေးသောက်မယ်နော်
ဒီမှာ ဆေးနဲ့ရေ"

သိမ့် ဆေးသောက်ပြီးလှဲလိုက်တော့
ယွန်းစောင်ကိုသေချာချုံပေးကာ
ရေပတ်တိုက်ပေးနေသည်

မျက်လုံးလေးမှိတ်ပြီး အိပ်နေပုံလေးက
တကယ်ကို အပြစ်ကင်းလွန်းတဲ့
မျက်နှာပိုင်ရှင်လေးမှန်း သိသာစေသည်
ဆွဲစရာမလိုတဲ့ မျက်ခုံးရှည်ရှည်လေး
နှာတံစင်းစင်းလေးနဲ့
နှုတ်ခမ်းမွေးရေးရေးလေးပါတဲ့
ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေး

ယွန်းရေပတ်တင်ပေးရင်း
မျက်နှာလေးကို အဝထိုင်ကြည့်နေတုန်း
သိမ့်မျက်လုံးပွင့်လာပြီး

"ရပါပြီ ညီမလေးရယ်
အစ်မ သက်သာပြီနော်"

"မမကလဲ ရပါတယ်ဆို
ယွန်းဒါလေးလုပ်ပေးရတာ
ပင်ပန်းတာမှ မဟုတ်ပဲ
အိပ်ပျော်အောင် အိပ်လိုက်နော်
မမအိပ်ပျော်တော့ ယွန်းပြန်ပါ့မယ်"

သိမ့်လဲ ပြောမရတဲ့အဆုံးထားလိုက်ပြီး
ရေပတ်တင်ပေးနေ‌ရင်းက
ခေါင်းစခြေဆုံး လိုက်စမ်းနေပြန်တဲ့
ယွန်းကိုကြည့်ကာ တွေးနေမိသည်

ဒီကလေး တော်တော်ဂရုစိုက်ပေးတတ်တာပဲ
အစတည်းက ဒီလိုပဲ
လူတိုင်းကို ဂရုစိုက်‌ပေးတတ်တာလား
တစ်ခုခုကြောင့်ပဲ
ကိုယ့်ကိုဂရုစိုက်ပေးနေတာလား

အငယ်ကောင်ကြောင့်လား
အဲ့ဒါလဲ မဖြစ်နိုင်ပါဘူး
အငယ်ကောင့်အကြောင်းကို
ယွန်းရောသိမ့်ရောသိနေတာပဲ
ဒါမှမဟုတ်သူ့မှာအစ်မ မရှိလို့
ကိုယ့်ကိုအစ်မတစ်ယောက်လို
ဂရုစိုက်ပေး ချစ်ပေးနေတာလား

အင်းဟုတ်တာပေါ့
ဒါကြောင့်ပဲနေမယ်
သိမ့်လဲသူ့ကို ညီမအရင်းလေးလို
တကယ်ချစ်နေပါပြီ

သိမ့်တွေးရင်း မျက်လုံးကိုပိတ်ပြီး
အိပ်လိုက်သည်
ယွန်းဘက်ကတော့ သိမ့်အပေါ်
1500မေတ္တာတွေနဲ့
နက်နက်ရှိုင်းရှိုင်းချစ်နေမိပြီဆိုတာ
သိမ့်တစ်ယောက်ဘက်ကတော့
မြူမှုန်လေးတမှုန်စာလောက်တောင်
မရိပ်မိသေးပါ

အပိုင်း (၇) The End

#Zawgyi
အခ်စ္ဆိုတာ
ကိုယ္က ခ်စ္ေနရရင္ကို
ျပည့္စုံတယ္ ေအးခ်မ္းတယ္
ဆိုေပမဲ့ ယြန္းအတြက္ေတာ့
မမကို အပိုင္လိုခ်င္စိတ္က
တေန႕တျခား ႀကီးထြားလာခဲ့တယ္
မမသာ တျခားတစ္ေယာက္ေနာက္
ပါသြားရင္ဆိုတာကို ေတြးၾကည့္လိုက္တာနဲ႕တင္
ယြန္းႏွလုံးသားက နာက်င္လာတယ္

ဒီေန႕က ကိုကိုအိမ္ျပန္လာမဲ့ေန႕
ယြန္းမွာ အကိုတစ္ေယာက္ရွိပါတယ္
ကိုကိုက သူ႕စီးပြားေရးသူ
ဦးေဆာင္ေနတဲ့ သူတစ္ေယာက္
သူအေျခခ်တဲ့စီးပြားေရးက
တျခားၿမိဳ႕မွာဆိုေတာ့ အိမ္ကိုသုံးေလးလမွ
တေခါက္သာ ျပန္လာနိုင္သည္

ေက်ာင္းပိတ္တဲ့ေန႕လဲ ျဖစ္တာေၾကာင့္
ယြန္းအျပင္မသြားပဲ
ကိုကိုအလာကိုသာ ေစာင့္ေနလိုက္သည္

"ေမေမ ဘာေတြခ်က္ေနတာလဲ"

"သမီးကိုကိုႀကိဳက္တဲ့ ၾကက္သားဆီျပန္ေလး
ခ်က္ေနတာ"

"ေမေမတို႔မ်ား ကိုကိုျပန္လာမယ္ဆိုတာနဲ႕
ယြန္းအႀကိဳက္ကို မခ်က္ေပးေတာ့ဘူး"

ယြန္းႏႈတ္ခမ္းေလးေထာ္ ေျပာလိုက္ေတာ့
ေမေမက ႏွာေခါင္းေလးကို လာညွစ္ကာ

"ေမ့သမီးေလးအႀကိဳက္ကိုက
ခ်က္ၿပီးပါၿပီ အရင္ဆုံးကိုခ်က္ထားတာ
ဟိုအုပ္ေဆာင္းေအာက္မွာ သြားလွန္ၾကည့္"

ယြန္းအုပ္ေဆာင္းကို လွန္လိုက္ေတာ့
"ဟာ ဝက္သားေၾကာ္ေလးေတြ
ေမေမ ကိုကိုက ခုထိလဲမ‌ေရာက္ေသးဘူး"

"လာခါနီးမွအလုပ္ေပၚလာလို႔ ေနာက္က်မယ္တဲ့
ေမေမ့ကိုဖုန္းဆက္ထားတယ္"

"အဲ့ကိုကိုက အလုပ္ပဲ
သူနဲ႕ရတဲ့မိန္းမကေတာ့ ကံဆိုးမွာပဲ
ဂ႐ုစိုက္မခံရလို႔"

"အဲ့လိုလဲ ဘယ္ဟုတ္ပါ့မလဲ သမီးရဲ႕
စီးပြားေရး သိတတ္ေတာ့
သူနဲ႕ယူမဲ့မိန္းမလဲ ေအးေအးေဆးေဆး
ေနရတာေပါ့"

"ေမေမတို႔မ်ား သူ႕သားဆို
ေျပာလို႔ကိုမရဘူးေနာ္"

ကိုကိုကလဲမလာေသး
ယြန္းလဲ ပ်င္းတာေၾကာင့္
ဖုန္းယူကာ လိုင္းေကာက္ဖြင့္လိုက္ေတာ့
စည္သူလိုင္းေပၚရွိေနတာနဲ႕
Video callေကာက္ေခၚလိုက္သည္

"ဘာလဲ ယြန္းမ"

"ငါ့အသည္းေလး ဘာလုပ္ေနလဲလို႔
နင့္ကိုလွမ္းေမးတာ"

"အမေလး နင္လဲေနာ္
ဒါနဲ႕ေသမယ္
နင့္အသည္း ေနမေကာင္းျဖစ္ေနတယ္
ထမင္းေတာင္ မစားဘူး"

"ဟင္ ဘာျဖစ္တာလဲ
ဘယ္လိုျဖစ္ၿပီး ဖ်ားတာလဲ
ခုေရာ သက္သာရဲ႕လား
ေသခ်ာေျပာစမ္းပါ"

"မသိဘူးေဟ့ ငါသြားေတာင္မၾကည့္ဘူး
သိခ်င္ရင္ ကိုယ္တိုင္လာၾကည့္လိုက္"

စည္သူဖုန္းခ်သြားေတာ့
ယြန္းတကယ္သြားဖို႔ ျပင္လိုက္သည္

ေရခဲေသတၱာထဲက ပန္းသီးထုတ္ယူၿပီး
ေမေမ့ဆီသြားကာ

"ေမေမ ယြန္းစည္သူတို႔အိမ္
ခဏသြားဦးမယ္ေနာ္
ကိုကိုလာရင္လဲ ေျပာထားလိုက္ဦး
ယြန္းျပန္လာမွေတြ႕မယ္လို႔"

"သမီးအကိုက ေရာက္ေတာ့မွာေလ
တမနက္လုံး ထိုင္ေစာင့္ေနၿပီး
ခုမွ ဘာသြားလုပ္မလို႔လဲ"

"ခဏေလးပါ ေမေမရဲ႕
ယြန္းသိပ္မၾကာဘူးေနာ္
သြားၿပီ ေမေမေရ႕"

ဆက္ေျပာေနရင္ မလႊတ္မွာစိုးလို႔
ယြန္းေျပာခ်င္ရာေျပာၿပီး
ေျပးထြက္လာခဲ့လိုက္သည္

အိမ္ေရွ႕ေရာက္ေတာ့
ေသာ့မခတ္ထားတာနဲ႕
တံခါးဖြင့္ ဝင္လိုက္ေတာ့
ဧည့္ခန္းမွာ ဖုန္းထိုင္သုံးေနတဲ့
စည္သူ႕ကို ေတြ႕လိုက္ရသည္

"ဟယ္ ယြန္း
တကယ္ႀကီးကို ခ်က္ခ်င္းေရာက္ခ်လာတာပဲ
ေလးစားပါတယ္"

"ေရာက္လာရမွာေပါ့
နင္က ဘာမွမွအားကိုးမရတာ
တအိမ္ထဲေနၿပီး ဘာျဖစ္မွန္းေတာင္
ေသခ်ာေမးမရဘူး"

"ငါ့ကိုပြစိပြစိ လာေျပာမေနနဲ႕
အေပၚထပ္မွာ ရွိတယ္
တက္သြား"

အိမ္ကခ်က္ခ်င္းထြက္လာေပမဲ့
မမအခန္းေရွ႕ ေရာက္ေတာ့
ဝင္ဖို႔ကို ေျခတုံခ်တဳံျဖစ္ေနျပန္သည္
မဝင္လို႔ကလဲ မျဖစ္ေတာ့ အားတင္းၿပီး
တံခါးေခါက္လိုက္ကာ

"မမ ယြန္းပါ
ဝင္ခဲ့လို႔ရမလားဟင္"

"အင္း ညီမေလး ဝင္ခဲ့ေလ
ဘယ္ခ်ိန္ကေရာက္ေနတာလဲ"

"ခုပဲ မမရဲ႕
စည္သူနဲ႕ ဖုန္းေျပာေတာ့
မမေနမေကာင္းဘူးဆိုလို႔"

"အငယ္ေကာင္ကေတာ့
ေလွ်ာက္ေျပာေနတယ္"

ယြန္း နဖူးကိုသြားစမ္းၾကည့္ေတာ့
ကိုယ္ကေတာ္ေတာ္ကို ပူေနသည္

"ဟာ မမ ကိုယ္ေတာ္ေတာ္ပူေနတာပဲ
ဘာလို႔ ဒီတိုင္းေနေနရတာလဲ
ေဆးခန္းသြားမယ္ေလ
ယြန္းနဲ႕စည္သူလိုက္ပို႔မယ္"

"ဟင့္အင္း ေဆးခန္းမသြားခ်င္ဘူး
ေဆးထိုးမွာေၾကာက္လို႔"

တကယ္ကို မ်က္ႏွာငယ္ေလးနဲ႕
ေျပာလိုက္တာပါ
မမေဆးထိုးအပ္ကို
အရမ္းေၾကာက္တတ္တာ
ယြန္းလဲသိထားေတာ့ ဆက္မေျပာေတာ့

ေနမေကာင္းအားမရွိတဲ့
ပုံစံေလးကို ျမင္ရတာေတာ့
ယြန္းစိတ္မေကာင္းျဖစ္ေနမိသည္

"ေျခဖ်ားလက္ဖ်ားေတြလဲ
ေအးစက္ေနတာပဲ မမရယ္
စည္သူကလဲ မမတစ္ေယာက္လုံး
ခုလိုျဖစ္ေနတာ နဲနဲေလးေတာင္
လာမၾကည့္ဘူးလား"

လူႀကီးတစ္ေယာက္လို တဖ်စ္ေတာက္ေတာက္
ေျပာေနၿပီး ေခါင္းစေျခဆုံး
လိုက္စမ္းေနတဲ့ ယြန္းကို
သိမ့္လဲ မ်က္လုံးအဝိုင္းသားနဲ႕သာ
ၾကည့္ေနမိသည္

"မမ ဘာစားထားလဲ
ေဆးေရာေသာက္ထားလား
ေမေမတို႔ေရာ သိဘူးလား
မမ ဖ်ားေနတာကို"

"ေမေမတို႔အလုပ္သြားေတာ့
အစ္မက ဒီေလာက္မဆိုးေသးဘူး
ခုမွ အဖ်ားတက္လာလို႔
အငယ္ေကာင္ကိုေျပာရင္လဲ
ေဆးခန္းအတင္းေခၚမွာစိုးလို႔
အစ္မတမင္မေျပာတာ"

"မမ ဘာမွမစားရေသးဘူးမလား
ယြန္းဆန္ျပဳတ္ ျပဳတ္ေပးမယ္ေနာ္
ၿပီးရင္ေဆးေသာက္လိုက္"

"မလုပ္ပါနဲ႕ ညီမေလးရယ္
အစ္မအဆင္ေျပပါတယ္
ခဏေန သက္သာသြားလိမ့္မယ္"

"အားနာတဲ့ အျပဳအမူေတြ
လုပ္မေနပါနဲ႕ မမရယ္
ယြန္းတို႔က သူစိမ္းေတြမွမဟုတ္တာ
ဒီေလာက္ေလးက ယြန္းအတြက္လဲ
ဘာမွအပန္းမႀကီးဘူး
ခဏပဲေစာင့္ေနာ္"

မမကို ေစာင္ေသခ်ာၿခဳံေပးခဲ့ၿပီး
ဆန္ျပဳတ္ျပဳတ္ေပးဖို႔
ယြန္းေအာက္ထပ္ကို ဆင္းလာခဲ့သည္

"စည္သူ ဆန္ျပဳတ္ထုတ္ရွိလား
ငါ မမအတြက္ ျပဳတ္ေပးမလို႔"

"ရွိတယ္ ယြန္း
ငါ ေစာေစာကပဲသြားဝယ္ထားတာ"

"နင္ကလဲ ရွိရင္ျပဳတ္ေပးတာမဟုတ္ဘူး
ေနမေကာင္းျဖစ္ေနတာကို
နဲနဲပါးပါး တက္ၾကည့္ဦးမွေပါ့
ခုကိုယ္ေတြ အရမ္းပူေနတာနင္သိလား"

"ငါၾကည့္တယ္ အေစာက
နင့္မမက ရတယ္ဆိုလို႔
မေသာက္ဖူးလဲ ေျပာလို႔ဟဲ့"

"ေဆးရွိတယ္မလား
ထုတ္ထားဦး ငါဆန္ျပဳတ္
ျပဳတ္လိုက္ဦးမယ္"

ေသခ်ာေလးျပဳတ္လိုက္ၿပီးေတာ့
စည္သူ႕ကိုလွမ္းေခၚကာ

"စည္သူေရ ဆန္ျပဳတ္ပန္းကန္
ယူသြားေပးဦး
မမကိုေရပတ္တင္ေပးဖို႔
လုပ္လိုက္ဦးမယ္"

ယြန္းအခန္းထဲဝင္လာေတာ့
မမက ဆန္ျပဳတ္ကိုေသာက္ေနသည္

"မမ ဆန္ျပဳတ္ေသာက္
ေဆးသာက္ၿပီးရင္
ယြန္းေရပတ္တင္ေပးမယ္ေနာ္"

"ရပါတယ္ ညီမေလးရယ္
ဒီေလာက္လုပ္ေပးတာပဲ
အားနာေနၿပီ
ေက်းဇူးတင္ပါတယ္"

"ရမေနနဲ႕ နင္ကိုယ္ေတြ
ဒီေလာက္ပူေနတာကို
ေဆးခန္းသြားရမွာက်
ေသေအာင္ေၾကာက္ၿပီး
ယြန္းလုပ္ေပးတာကို
ၿငိမ္ၿငိမ္ေနလိုက္ ငါကေတာ့
ေအာက္ျပန္ဆင္းေတာ့မယ္"

ယြန္းအတြက္ စည္သူတမင္
ေရွာင္ေပးလိုက္ျခင္း ျဖစ္သည္
စည္သူက ဒီလိုအလိုက္သိတဲ့
ေနရာမွာေတာ့ အရမ္းခ်စ္ဖို႔ေကာင္း😁

"အငယ္ေကာင္ကေတာ့
ညီမေလးကိုဆို အနိုင္က်င့္ဖို႔ပဲေတြးေနတယ္
အက်င့္ကိုမေကာင္းဘူး"

"အဲ့လိုလဲ မဟုတ္ပါဘူး မမရဲ႕
ၿပီးရင္ ေဆးေသာက္မယ္ေနာ္
ဒီမွာ ေဆးနဲ႕ေရ"

"သိမ့္ ေဆးေသာက္ၿပီးလွဲလိုက္ေတာ့
ယြန္းေစာင္ကိုေသခ်ာခ်ဳံေပးကာ
ေရပတ္တိုက္ေပးေနသည္

မ်က္လုံးေလးမွိတ္ၿပီး အိပ္ေနပုံေလးက
တကယ္ကို အျပစ္ကင္းလြန္းတဲ့
မ်က္ႏွာပိုင္ရွင္ေလးမွန္း သိသာေစသည္
ဆြဲစရာမလိုတဲ့ မ်က္ခုံးရွည္ရွည္ေလး
ႏွာတံစင္းစင္းေလးနဲ႕
ႏႈတ္ခမ္းေမြးေရးေရးေလးပါတဲ့
ကိုယ္သိပ္ခ်စ္ရတဲ့ ေကာင္မေလး

ယြန္းေရပတ္တင္ေပးရင္း
မ်က္ႏွာေလးကို အဝထိုင္ၾကည့္ေနတုန္း
သိမ့္မ်က္လုံးပြင့္လာၿပီး

"ရပါၿပီ ညီမေလးရယ္
အစ္မ သက္သာၿပီေနာ္"

"မမကလဲ ရပါတယ္ဆို
ယြန္းဒါေလးလုပ္ေပးရတာ
ပင္ပန္းတာမွ မဟုတ္ပဲ
အိပ္ေပ်ာ္ေအာင္ အိပ္လိုက္ေနာ္
မမအိပ္ေပ်ာ္ေတာ့ ယြန္းျပန္ပါ့မယ္"

သိမ့္လဲ ေျပာမရတဲ့အဆုံးထားလိုက္ၿပီး
ေရပတ္တင္ေပးေန‌ရင္းက
ေခါင္းစေျခဆုံး လိုက္စမ္းေနျပန္တဲ့
ယြန္းကိုၾကည့္ကာ ေတြးေနမိသည္

ဒီကေလး ေတာ္ေတာ္ဂ႐ုစိုက္ေပးတတ္တာပဲ
အစတည္းက ဒီလိုပဲ
လူတိုင္းကို ဂ႐ုစိုက္‌ေပးတတ္တာလား
တစ္ခုခုေၾကာင့္ပဲ ကိုယ့္ကိုဂ႐ုစိုက္ေပးေနတာလား

အငယ္ေကာင္ေၾကာင့္လား
အဲ့ဒါလဲ မျဖစ္နိုင္ပါဘူး
အငယ္ေကာင့္အေၾကာင္းကို
ယြန္းေရာသိမ့္ေရာသိေနတာပဲ
ဒါမွမဟုတ္သူ႕မွာအစ္မ မရွိလို႔
ကိုယ့္ကိုအစ္မတစ္ေယာက္လို
ဂ႐ုစိုက္ေပး ခ်စ္ေပးေနတာလား

အင္းဟုတ္တာေပါ့
ဒါေၾကာင့္ပဲေနမယ္
သိမ့္လဲသူ႕ကို ညီမအရင္းေလးလို
တကယ္ခ်စ္ေနပါၿပီ

သိမ့္ေတြးရင္း မ်က္လုံးကိုပိတ္ၿပီး
အိပ္လိုက္သည္
ယြန္းဘက္ကေတာ့ သိမ့္အေပၚ
1500ေမတၱာေတြနဲ႕
နက္နက္ရွိုင္းရွိုင္းခ်စ္ေနမိၿပီဆိုတာ
သိမ့္တစ္ေယာက္ဘက္ကေတာ့
ျမဴမႈန္ေလးတမႈန္စာေလာက္ေတာင္
မရိပ္မိေသးပါ

အပိုင္း (၇) The End

Continue Reading

You'll Also Like

566K 25K 28
ကိုယ္ crushေနတဲ့ ေကာင္မေလးက ကိုယ့္ကို ခ်စ္ေၾကာင္းဖြင့္ေျပာေသာအခါ (Both Zawgyi amd Unicode)
418K 24.9K 38
မျှော်လင့်မထားတဲ့ အချိန်မှာလည်း အချစ်က ရုတ်တရက်ရောက်လာတတ်တယ် 🌸Love is accident 🌸
1M 77.5K 26
တစ္ခ်ိန္က အခ်ိဴးမေျပလို႔ လမ္းခြဲခဲ့တဲ့ ကိုယ့္ Ex အစုတ္ပလုတ္ေလးဟာလည္း ကိုယ့္ေယာက္်ားျဖစ္လာႏိုင္ပါတယ္ ။ တစ်ချိန်က အချိူးမပြေလို့ လမ်းခွဲခဲ့တဲ့ ကိုယ့် E...