Kit "ဟင် Ming"
အားနာစရာကြီး
မဟုတ်ပါဘူးနော်။
Kit"ဟုတ်
ဟင်း.....
Kit"ပြောတတ်တယ်
ဆုပ်ကိုင်ကာ သဘောင်္တစ်စင်းပေါ်ကို ခေါ်သွားလိုက်တယ်။
Kit"ဟင်
Kit"ဟူး......
Kit"ဟေး
Kit"ဘာကို
Ming"မရှိပါဘူး ......
postတစ်ခုတက်လာလေသည်။
_______________________________
သန်းခေါင်ယံအချိန်ထိ အိပ်ယာထက်ပေါ်တွင် အပေါ်မျက်နှာကျက်အား ကြည့်ကာ Kitစဉ်းစားနေခဲ့တယ်။
အဖြစ်သင့်ဆုံးသောအရာတွေနဲ့ အဖြစ်ချင်ဆုံးအရာတွေကိုလည်း
နှိုင်းယှဉ်မိခဲ့တယ်။ထိုကောင်မလေးပြောတဲ့ ကူညီမှုဆိုတာတွေလည်း သူတွေးခဲ့တယ်။တစ်ချိန်ချိန်ကျရင်Mingက ထိုအကြောင်းကို
ပြောပြမယ်လို့လည်း တွေးနေမိတယ်။ကိုယ့်ဖက်ကနေ
လုပ်နိုင်တာကတော့ အတတ်နိုင်ဆုံးစိတ်ရှည်လက်ရှည်
စောင့်ပေးရမယ်ဆိုတာပဲ။စဉ်းစားစရာတွေ များနေလို့လားမသိ
တော်တော်နှင့်အိပ်မပျော်။ညတာတော်တော်ရှည်သည်
မိုးလင်းခါနီးတော့မှသာ သူအိပ်ပျော်သွားတော့သည်။
Kit'sP' " Kit ဘာဖြစ်နေတာလဲ မျက်နှာက သုန်မှုန်လို့"
မနက်ခင်း ထမင်းစားပွဲတွင် သုန်မှုန်သည့်မျက်နှာနဲ့ ထိုင်နေတဲ့Kitကို မမကြီးဖြစ်သူကမေးလိုက်လေသည်။သို့သော် သူ့လေသံမတိုး ဟိုက စိတ်နဲ့လူနဲ့မကပ်ပုံဖြစ်နေတယ်။
Kit'sP' "Kitရေ Kit ဒီမှာနင့်ဧည့်သည်ရောက်နေတယ်။ဂျူနီယာဆိုလား?"
အပြင်က မမလေး၏အသံကြောင့် အနည်းငယ်လှုပ်ရှားသွားသည်။ပိတ်ရက်ကြီးမှာ ဘယ်ကဂျူနီယာပါလိမ့်...ပြီးတော့မနက်၇နာရီထိုးကြီးကို သူများအိမ်လာရလားပေါ့။
Kit'sP' "သားငယ် သွားလိုက်အုံးလေ ဟိုအပြင်မှာ နင့်ဧည့်သည်တဲ့"
မမကြီး၏ တိုက်တွန်းချက်အရ ထမင်းစားခန်းကနေ အပြင်ထွက်သွားလိုက်သည်။ဧည့်ခန်းသို့ ကာထားသည့်လိုက်ကာ
ဆွဲဖွင့်လိုက်တော့ မမလေးနဲ့ပြုံးပြီး စကားပြောနေသည့်Mingကိုတွေ့ပါတော့သည်။
Kit "ဟင် Ming"
Kit'sP' " ဒီကိုမြန်မြန်လာလေ သူများကိုစောင့်ခိုင်းနေရတာ
အားနာစရာကြီး
Kitဧည့်ခန်းထဲက ခုံတစ်နေရာတွင်ဝင်ထိုင်လိုက်သည်။စိတ်ထဲတွင် ဒီကောင်လေး အိမ်ဘာလာလုပ်ပါလိမ့်....
ရောက်တာခဏလေးပဲရှိသေးတယ်မမလေးနဲ့ ရယ်မောနေကြတဲ့
အခြေအနေကိုလည်း တွေးမရ။
Ming " P'ကျွန်တော်တို့သွားစရာရှိတယ်လေ။မေ့နေတာတော့
မဟုတ်ပါဘူးနော်။
Kit's p.o.v>>>ဟင် သွားစရာ ဘယ်သွားမှာလဲ?
Ming's p.o.v>>>ကျွန်တော်ပြောလိုက်လို့ ကြောင်သွားတဲ့
P'ရဲ့မျက်နှာလေးက ချစ်စရာလေး....ဒီတလော P'ကို ကြည့်ရတာ စိတ်ညစ်နေတဲ့ ပုံဖြစ်နေလို့ surpriseလုပ်ခြင်းပင်။အမှန်အတိုင်းမပြောရဲတဲ့ ကျွန်တော့်ရဲ့အပြစ်အတွက်
တိတ်ဆိတ်စွာ တောင်းပန်ခြင်းလို့လည်း သတ်မှတ်လို့ရတယ်။
Kit's P' "Beamတို့နဲ့သွားစရာရှိတယ်ဆို...Beamက လာခေါ်လို့
မရလို့ N'Mingကိုလွှတ်လိုက်တာတဲ့လေ။သွားတော့ အဝတ်အစား သွားလဲ။
Kit"ဟုတ်
Kit's p.o.v>>>လူညာကြီးပဲ....ဘာBeamနဲ့သွားစရာရှိလို့လဲ။
ဟင်း.....
သူပြောပြီး အင်္ကျီသွားလဲလိုက်တယ်။Mingက အဖြူရောင်လက်ရှည်လေးကိုဝတ်လာတယ်လေ။ထို့ကြောင့်
အမဲရောင်လက်ရှည်လေးကို ဝတ်ဖို့တွေးလိုက်တယ်။
ဆံပင်အား လက်နှင့်ပဲ တစ်ချက်ထိုးဖွကာ ကြည့်ကောင်းအောင် လုပ်လိုက်တယ်။ထို့နောက် မှန်ကိုကြည့်ကာ
"Black and white couple....ခ်ခ်
ငါစောင့်နေပေးမယ် မင်းငါ့ကိုအမှန်ပြောတဲ့အထိ"
သူအောက်ဆင်းသွားတော့ မမလေးကောမမကြီးနဲ့ပါ ရင်းနှီးစွာစကားပြောနေတဲ့ Mingကြောင့်
မျက်လုံးပြူးရပြန်တယ်။သူ့ချစ်သူလေးက အပေါင်းအသင်း
ဆန့်လှချည်လားပေါ့။Mingနဲ့Kitတို့ အမတွေကိုနှုတ်ဆက်ကာ
ကားထဲကို ဝင်သွားလိုက်တယ်။
Kit"လူညာကြီး ဘယ်သွားမှာလဲပြော
Mingက Kitရဲ့ပါးလေးအား ဖွဖွလေးဆွဲလိုက်ကာ
Ming"ရောက်ရင်သိမှာပေါ့ Baeရဲ့
Kit"အချိန်ခဏလေးအတွင်း P'တို့နှင့် ရင်းနှီးသွားတယ်နော်...
တော်တော်လည်း တတ်နိုင်တဲ့လူညာကြီး
Ming"ဩော် အဲ့တာက ရင်းနှီးအောင်လုပ်ရမယ်လေ....
နောက်ကျရင် ကိုယ့်မရီးတွေဖြစ်မှာပဲဥစ္စာ
Kit"ပြောတတ်တယ်
Kit's p.o.v>>>ကိုယ့်မရီးတဲ့လားMing....
မင်းနဲ့သဘောတူထားတဲ့ကောင်မလေးကကော
ကားကိုအချိန်အတော်ကြာမောင်းလိုက်ပြီးတဲ့နောက် ဆိပ်ကမ်းတစ်ခုကိုရောက်သွားတယ်။အပျော်စီးသင်္ဘောတွေ ရပ်ထားတဲ့ဆိပ်ကမ်းလေးတစ်ခု။MingကKitရဲ့လက်ကို
ဆုပ်ကိုင်ကာ သင်္ဘောတစ်စင်းပေါ်ကို ခေါ်သွားလိုက်တယ်။
သင်္ဘောပေါ်မှာ ဘယ်သူမှရှိမနေဘဲ တအောင့်ကြာတော့မှ
သင်္ဘောက ဆိပ်ကမ်းကနေ ထွက်ခွာသွားတယ်။ဝေးသွားတဲ့
ဆိပ်ကမ်းအား ကြည့်ကာKitက
Kit"Oh!!တကယ်ကြီးလား?၂ယောက်တည်း ဒီသင်္ဘောပေါ်မှာ
Ming"ဒါပေါ့ ၂ယောက်တည်းလေ
Kit"ဟင်
Ming"ခ်ခ် အစားအသောက်ပြင်ဆင်ပေးမဲ့ လူတွေလည်းရှိပါသေးတယ်။ပြီးတော့ မောင်းတဲ့လူလည်းရှိတယ်
Kit"ဟူး......
Ming"ဘာ ဟူး.....လဲ?အဲ့လူတွေက ကျွန်တော်တို့ကို မမြင်နိုင်ဖူးနော်။
Kit"ဟေး
Mingက သူ့ကိုကြည့်ပြီး ရယ်နေတော့ မျက်နှာတစ်ချက်မဲ့ပြကာ
သင်္ဘောဘောင်နားကို သွားလိုက်တယ်။ကမ်းစပ်နဲ့ အတော်လှမ်းနေပြီဖြစ်တဲ့ အပျော်စီးသင်္ဘောကတော့ သူကျောက်ချမည့် သူ့သတ်မှတ်နေရာသို့ သွားနေသည်။
သန့်ရှင်းတဲ့လေအား တစ်ချက်ရှူရှိက်ကာ မျက်နှာသို့ကျီစယ်နေသော
လေညင်းလေးကို မျက်လုံးမှိတ်လျက် Kitခံစားနေမိသည်။
ထို့နောက် သူ့ခါးလေးအား တင်းကျပ်စွာလာဖက်သော
လက်လေးကြောင့် မျက်လုံးကို ပြန်ဖွင့်လိုက်သည်။
လေးလာသော ပုခုံးတစ်ဖက်ကြောင့် Mingသူ့ပုခုံးပေါ်သို့
မေး လာတင်ထားမှန်း သူသိသွားသည်။
Ming"ကျွန်တော် ညာတယ် ဆိုတာ P'စိတ်ချမ်းသာဖို့ပါ။
Ming's p.o.v>>>တကယ်ပြောတာပါ P'စိတ်ချမ်းသာဖို့ပါ
တစ်နေ့ကို အကြိမ်ပေါင်းများစွာတွေးမိခဲ့တယ်
ဒီလိုလုပ်တာ မှန်ရဲ့လားပေါ့ ကျွန်တော့်ကိုပစ်သွားလိမ့်မယ်ဆိုတဲ့အတွေးနဲ့ တစ်ကိုယ်ကောင်းဆန်နေမိတယ်ဗျာ
ဘယ်အကြောင်းအရာကို ပြောနေမှန်း သူမသိလေတော့
Mingမေးတင်ထားတဲ့ဖက်သို့ ခေါင်းလှည့်လျက်
လေသံတိုးတိုးနှင့် မေးလိုက်တယ်။
Kit"ဘာကို
Ming"အိမ်ကနေ ညာခေါ်လာတာလေ
Kit"ဩော် Ming မင်း ငါ့ကိုတခြားပြောစရာရှိလား?
သူ့ဖက်လှည့်လာတဲ့Kitရဲ့ခေါင်းကြောင့် သူ့နှုတ်ခမ်းနားသို့
Kitရဲ့ပါးပြင်လေးက ပိုကပ်လာသည်။ထိုပါးပြင်လေးအား
အနမ်းနုနုတစ်ချက်လှမ်းပေးကာ
Ming"မရှိပါဘူး ......
Kitရေပြင်ကြီးအားကြည့်ကာ စိတ်မကောင်းဖြစ်နေပြန်သည်။ "ကျွန်တော် ညာတာ P'စိတ်ချမ်းသာဖို့ပါ"ဆိုတဲ့ အသံလေးကိုလည်း ပြန်စဉ်းစားနေတယ်။Kaewဆိုတဲ့ ကောင်မလေးရဲ့စကားသံတွေကိုလည်း ပြန်စဉ်းစားနေတယ်။
သူ့စိတ်တွေ ရှုပ်ထွေးကာ အတော်လေး စိတ်ညစ်သွားသည်။
ဒီလိုစိတ်ကူးယဉ်ဆန်တဲ့ ချစ်သူလေးကိုချစ်နေတာက တကြောင်း၊
ချစ်သူရဲ့သိက္ခာတွေကလည်း ရှိနေသေးတယ်။တတ်နိုင်သမျှ
သူ့အတွေးဆိုးတွေကို မောင်းထုတ်လိုက်သည်။ဒီလို ၂ယောက်တည်းရှိနေတဲ့အချိန်ကလေးမှာတော့ ထိုအကြောင်းတွေကို မတွေးချင်။အဆုံးသတ်ကိုကြိုမသိနိုင်တော့ အရာရာတိုင်းကို အသေးစိတ်ရင်ထဲမှာ မှတ်တမ်းတင်ထားလိုက်ချင်သည်။သူ့အား ဖက်ထားသော
Mingရဲ့လက်တွေကြား bodyကိုMingဖက်သို့ ရောက်အောင်လှည့်လိုက်တယ်။ထို့နောက် Ming ရဲ့မျက်နှာအား
သူ့လက်တို့နှင့် ဆွဲယူကာ နမ်းလိုက်တယ်။ပထမဆုံးKitဖက်က
စနမ်းတဲ့အနမ်းဖြစ်နေသောကြောင့်Mingပြုံးမိသည်။ထို့နောက်
Mingက ပြန်နမ်းကာ ချိုမြိန်စွာအဆုံးသတ်လိုက်သည် ။
တိုးဝှေ့နေသော လေညင်းများ သူတို့ကြားမှာမရှိနေအောင်
ဖက်ထားသောKitနဲ့Mingမှာ တူညီသောအတွေးတို့နှင့်
Kit'p.o.v>>>သိပ်ချစ်တယ်Mingရယ်
Ming'p.o.v>>>P'ကို အရမ်းချစ်တယ်ဗျာ
သင်္ဘောပေါ်တွင် သူတို့၂ယောက်တည်း အေးအေးဆေးဆေးဒိတ်လုပ်နေတဲ့အချိန် ကျောင်းPage၌
The whole moonရဲ့ချစ်သူ ဆိုတဲ့ခေါင်းစဉ်လေး နဲ့
postတစ်ခုတက်လာလေသည်။
_______________________________