Chapter: 086 – အဆုံးသတ်ကို ပြောင်းလဲနိုင်တယ်–၁
ဂျီမိန် သည် သူမ၏လည်ပင်းနောက်တွင် အေးစိမ့်သွားတာ ခံစားလိုက်ရသည်။ ဘေးကလူက အရမ်းဆွဲဆောင်မှုရှိတဲ့ အပြုံးမျိုးရှိပေမယ့် မြွေတစ်ကောင်က သူမရဲ့လည်ပင်းကို ပတ်နေသလို ခံစားရတယ်။
သူမ ဘာသာအိပ်ဖို့ လှည့်လိုက်သည်။ လောလောဆယ်တော့ သူဘာတွေတွေးနေမှန်း မခန့်မှန်းနိုင်သေးပေမဲ့ အဆင်ပြေတယ်။ သူ၏ ယုတ်မာသော အကြံအစည်များကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ထင်ရှားလာလိမ့်မည်။
ရက်အနည်းငယ်ကြာသောအခါ ဧကရာဇ် တောင်ဘက်သို့ သွားလိုသည့်သတင်း ပျံ့နှံ့သွားခဲ့သည်။ လိုက်ပါမယ့် ဧည့်သည်စာရင်းတွေလည်း ထွက်လာခဲ့သည်။ ဧကရီ သည် မောင်းမဆောင်ကို ကြီးကြပ်ဖို့ ကျန်နေခဲ့ရသည်။ အထက်တန်းလွှာကြင်ယာတော်မြန့် သည် ဧကရာဇ်၏တောင်ဘက်ခရီးစဉ်တွင် လိုက်ပါသွားမည် ဖြစ်သည်။ အိမ်ရှေ့မင်းသား၊ တတိယမင်းသားနှင့် မြို့စားမိုယုတို့ က ဧကရာဇ် ကို လိုက်ပါ စောင့်ရှောက်ပေးမည်ဖြစ်သည်။ ဤလူများ အားလုံးသည် ဧကရာဇ် နှင့်အတူလိုက်ပါခြင်းမှာ မထူးဆန်းပေ။ သို့သော် အစောင့်အကြပ်စာရင်းတွင် အခြားအမည်တစ်ခုရှိသေးသည်။ တကယ်ပဲ နင်းမင်ကျဲ၏နာမည်ပင်။
—
"အရှင့်ဝမ်းကွဲ က ကိုယ်ခံပညာတက်လား?" ဂျီမိန် က စပ်စုသည်။
နင်းယုယွမ် က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ပြောလာသည်။ 'မင်ကျဲရဲ့ကိုယ်ခံပညာ ကျွမ်းကျင်မှုနဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုက သိပ်မကွာဘူး၊ မင်း ဘယ်လိုထင်လဲ?"
ဂျီမိန် အံ့ဩသွားသည်။ နင်းမင်ကျဲ က တကယ်ကို အံ့သြစရာကောင်းတာကို သူမ မအံ့သြပါ။ သို့သော် သူမရှေ့က ပျော့ပျောင်းပြီး အားနည်းသောသူက ကိုယ်ခံပညာကို ဘယ်လိုလုပ်သိနိုင်မှာလဲ?
ကြီးမြတ်သောစုန့်မင်းဆက်ရှိ မင်းမျိုးမင်းနွယ်အများစုသည် နူးညံ့သိမ်မွေ့ကြသည်။ သူမသည် နင်းယုရွမ် ကို ကြည့်လိုက်သည်။ နှင်းများကဲ့သို့ ရိုးဖြောင့်သော ဘရိုကိတ်အင်္ကျီကို အမြဲဝတ်ထားကာ ပတ်ပတ်လည်တွင် လွင့်နေပုံရသည်။ သူက မင်းသားလေးလို ကြီးပြင်းလာခဲ့ပြီး နူးညံ့သိမ်မွေ့တဲ့ ယောကျာ်းမျိုးဖြစ်မည်ဟု ဂျီမိန် ထင်တယ်။
"အရှင့်ဝမ်းကွဲ က စစ်လက်နက်ဆိုင်ရာ ဆဋ္ဌမအဆင့် ကြီးကြပ်ရေးမှူးဆိုတာ ဒီအစေခံ မှတ်မိပါတယ်၊ သူ က အင်ပါယာမိသားစုအရေးနဲ့ဘာမှမဆိုင်ဘူးလေ..အင်း.."ဂျီမိန် က တိတ်တိတ်ဆိတ်ဆိတ် ပြောလိုက်တယ်။
နင်းယုရွမ် သည် တံစက်မြိတ်အောက်ရှိ ညောင်စောင်းတွင် လဲလျောင်းနေသည်။ သူသည် သူ၏သားမွေးအဝတ်အစားများကို အနည်းငယ်ဆွဲ၍ မျက်လုံးကျဉ်းမြောင်းလျက် နှင်းထူထပ်သောရူခင်းကို ကြည့်နေခဲ့သည်။ "မင်ကျဲ က အရည်အချင်းရှိတဲ့သူတစ်ယောက်ပါ။ ဧကရာဇ် က ယမန်နှစ်က သူ့ကို ရာထူးတိုးပေးဖို့ ကြံထားပေမဲ့ နာမကျန်းဖြစ်နေတဲ့ သူ့မိခင်ကြောင့် သူက မြို့တော်ကို မလာချင်ခဲ့ဘူး။ သူ့အမေက ဒီနှစ်အစမှာ ဆုံးပါးသွားတယ်၊ အချိန်အတော်ကြာအောင် ဝမ်းနည်းပူဆွေးနေကြပြီး မကြာသေးခင်ကမှ ဝမ်းနည်းပူဆွေးခြင်းကာလကို အပြီးသတ်ခဲ့တာ၊ မြို့စားကျင်းဝမ်က သူ့ကို အင်ပါယာတရားရုံးမှာ အရာရှိဖြစ်လာဖို့ မြို့တော်ကို လာခွင့်ပေးဖို့ ရည်ရွယ်ချက်ရှိတယ်။ ဧကရာဇ် က ဤကိစ္စအတွက် အလွန်ပျော်ရွှင်ပြီး တောင်ဘက်သို့ခရီးထွက်ရာမှာ သူ့ကိုပါ လိုက်စေချင်တယ်။ ဧကရာဇ် က မင်ကျဲ ကို ရာထူးတိုးပေးဖို့အတွက် ကြီးမားသောလုပ်ရပ်တစ်ခုကို လုပ်ဖို့ အခွင့်အရေးပေးချင်နေတာ"
ဂျီမိန် ခေါင်းညိတ်လိုက်သည်။ နင်းမင်ကျဲ သည် လောကအရေးများနှင့် ကင်းကွာနေသူတစ်ဦးဖြစ်သည်။ မူရင်းဝတ္ထုတွင်မူ ဧကရာဇ် သည် သူ့ကိုရာထူးတိုးရန် အလျင်စလိုလုပ်ရန်ပင် မလိုအပ်ပေ။ ဤမင်းဆက်သည် ဝေ နှင့် ကျင်း မင်းဆက်၏ ရှေးထုံးတမ်းစဉ်လာများကို လိုက်နာပြီး အရာရှိများအား ကိုယ်ရည်ကိုယ်သွေးပေါ်အခြေခံ၍ ရာထူးတိုးမြှင့်သည်။ မဟုတ်ပါက၊ ဧကရာဇ် သည် သူ နှစ်သက်သော မင်းသားများနှင့် လက်အောက်ခံအရာများအားလုံးအတွက် ကောင်းကင်ဘုံရှိမသေမျိုးများအသွင်အပြင်လို ရှိမည်မဟုတ်ပေ။
ဂျီမိန် သည် ဤကိစ္စအတွက် သက်ပြင်းချနေချိန်တွင် လျိုမော့မော့ သည် ဤဝင်းအတွင်းဝင်ပေါက်မှ ဝင်လာသည်ကို မြင်လိုက်ရပြီး မြန့်စန်းယု လည်း ဤနေရာတွင် ရှိနေကြောင်းကို မြင်လိုက်ရသောအခါ သူမ တခဏမျှ တုံ့ဆိုင်းသွားသည်။
"မီးဖိုချောင်သွားပြီး ကိုယ့်အတွက် အဆာပြေစားစရာတွေ ယူလာပေး" မြို့စားမိုယု က ခေါင်းလှည့်၍ မြန့်စန်းယု ကို ပြောလိုက်သည်။
"နားလည်ပါပြီ" ဂျီမိန် က ခေါင်းညိတ်ပြီး ချက်ချင်း ထွက်သွားသည်။ မြို့စားမိုယု က သူမကို ထွက်သွားဖို့ ဆင်ခြေရှာတာဖြစ်သည်။ သူမ ကို မကြားစေချင်သော အရာတစ်ခု ရှိကောင်းရှိနိုင်သည်။
ခြံဝင်းအဝင်ဝကို ကျော်ဖြတ်ပြီးနောက် နားထောင်ရန် ဝင်ပေါက်ဘေးရှိ နံရံတွင် ကပ်ထားသည်။
"မြို့စား၊ သခင်မက မြို့စားအတွက် စာတစ်စောင်ရေးထားလို့ပါ"
"အိုး? ငါ ဒီမှာနေမှာ နေထိုင်နေတာကို သူမ က ဘာလို့ စာတစ်စောင်ရေးတာလဲ?" မြို့စားမိုယု ရယ်လိုက်သည်။ သူ့မျက်ခုံးများ ပြေလျော့သွားကာ သူ့မျက်လုံးထဲတွင် အနိုင်ရသွားသောကလေးတစ်ယောက်နှင့်တူသော ပျော်ရွှင်မှုတစ်ခုရှိနေသည်။
'ဒီအစေခံ မသိပါဘူး။ မြို့စား၊ စာကို ကျေးဇူးပြု၍ ဖတ်ပါ" လျိုမော့မော့ က သူ့ကို စာတစ်စောင် ပေးလိုက်တယ်။
*'နှင်းခဲနှင့် နှင်းများကဲ့သို့ ကြည်လင်သန့်စင်သောချီ မှ အသစ်ဖြတ်ထားသော အဖြူရောင်ပိုးသား..တောက်ပသောလ ကဲ့သို့ ပျော်ရွှင်စေဖို့ ယပ်တောင် အဖြစ် ပြုလုပ်ထားတယ်၊..ကျွန်မရဲ့အရှင်၏ ချစ်လှစွာသော အင်္ကျီလက်ထဲမှ အတွင်းအပြင်၊ လေနုအေးကို ရရန် အနောက်ကို လှုပ်ယမ်းလိုက်တယ်၊ ဆောင်းဦးရာသီရောက်လာတော့ နွေရာသီရဲ့ အပူဒဏ်ကို ကျော်လွှားပြီး အေးမြတဲ့လေတွေ တိုက်ခတ်လာမှာကို မကြာခဏ ကြောက်ရွံ့မိပါတယ်၊ မပြည့်စုံမီ သေတ္တာတစ်ခုထဲသို့ စွန့်ပစ်ပြီး ချစ်ခင်တွယ်တာမှုကို ဖြတ်တောက်ပစ်လိုက်တယ်။*'
T/N- ဤကဗျာ၏ ရှည်လျားသော ရှင်းလင်းချက်နှင့် သမိုင်းကြောင်းလည်း ရှိပါတယ်။ အခြေခံအားဖြင့် ဧကရာဇ်မင်း၏မျက်နှာသာကို ဆုံးရှုံးလိုက်ရသောကြောင့် စိတ်ဓာတ်ကျနေသော ဧကရာဇ်ကိုယ်လုပ်တော် တစ်ပါးအကြောင်း ရေးသားထားတဲ့ကဗျာပါ)
ဒီကဗျာဟာ အမျိုးသမီးတစ်ယောက်ရဲ့ နစ်နာချက်နဲ့ ပတ်သက်တဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။ စကားလုံးများနှင့် စကားစုတစ်ခုစီသည် မျက်နှာသာဆုံးရှုံးခြင်းအတွက် ဝမ်းနည်းခြင်းနှင့် ကြောက်ရွံ့မှုကို ပြသသည်။ သူမ သည် သစ္စာမဲ့ခြင်းကြောင့် ချစ်သူကို ဒေါသတကြီး ပြစ်တင်ချင်သော်လည်း သူမသည် ယက်တောင် တစ်ချောင်းနှင့်ကိုယ့်ကိုကိုယ် ဝမ်းနည်းပူဆွေးစွာ နှိုင်းယှဉ်ကာ ခင်ပွန်းဖြစ်သူ၏အချစ်ကို ပြန်လည်ရယူရန် ကြိုးစားနေသည်ဟု ဆိုလိုခြင်းပင်။
နင်းယုရွမ်၏နှုတ်ခမ်းထောင့်များ အပေါ်သို့ ကွေးတက်သွားသည်။ သူ က မတ်တပ်ထရပ်လိုက်သည်။ "သွားရအောင်။ ရာသီဥတုက အေးလို့ ယပ်တောင် က အသုံးမဝင်ပေမယ့် သေတ္တာနဲ့သူမကို သွားကြည့်ချင်တုန်းပဲ"
ဂျီမိန် သည် အမြန်လှည့်ကာ လမ်းကြောင်းဆီသို့ ပြေးလာသည်။ မြို့စားမိုယု ထွက်လာပြီး သူမကို မြင်သွားရင် သူမ ပြီးသွားလိမ့်မယ်။
ဒီလူရဲ့ နှလုံးသားအစစ်က ပိတ်စအလွှာပေါ်မှာ အလွှာနဲ့ ပတ်ထားသလိုပင်။ ရှင်းရှင်းလင်းလင်း မမြင်နိုင် သို့မဟုတ် နားမလည်နိုင်ပေ။ သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲရှိတော့တယ်။ ဒီလူကို သူမရဲ့နှလုံးသား မပေးဖို့ပင်။ မဟုတ်ရင် အဆုံးမှာ အကြွင်းအကျန်တောင် ရှိမှာမဟုတ်ဘူး။
ဂျီမိန် သည် ရှေ့လမ်းဆုံသို့ ရောက်သောအခါ သူမသည် ညာဘက်သို့ ပြတ်ပြတ်သားသား လှည့်ကာ တောင်ဘက်ခြံဝင်းဆီသို့ ဦးတည်သွားခဲ့သည်။ ၎င်းသည် ရှန့်ဝေခြံဝင်း၏ဆန့်ကျင်ဘက်သို့ ဦးတည်သည်။ မြို့စားမိုယု ထွက်သွားကတည်းက သူမ ဒီည မြို့စားကို အလုပ်အကျွေးပြုဖို့ မလိုတော့ဘူးလို့ ဆိုလိုတာ ဖြစ်သည်။ သူမ သူ့ကို တခဏမျှ ရှောင်ဖို့ပဲ လိုတယ်။
ဂျီမိန် သည် ပန်းခင်းတစ်ခု၏ဘေးတွင် ခဏရပ်ပြီး အဝေးမှ မြို့စားမိုယု အဝေးသို့ လျှောက်သွားသည်ကိုမြင်ပြီးနောက် သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။ သို့သော် သူမ လှည့်လိုက်ရာ တစ်စုံတစ်ယောက်ကို ဝင်တိုက်လုနီးပါး ဖြစ်သွားသည်။
နင်းမင်ကျဲ သည် ငွေစပါးအုံမြွေ ပန်းထိုးထားသော အဖြူရောင် ၀တ်စုံကို ဝတ်ဆင်ထားပြီး ကြွေပုလင်းကို ကိုင်ဆောင်ထားသည်။ သူမကို အံ့အားသင့်စွာကြည့်ရင်း သူ့မျက်ခုံးတွေ ပင့်တက်သွားပေမယ့် သူဘာမှ မမေးချေ။
ဂျီမိန် လှည့်ကြည့်လိုက်သည်။ တခြားမည်သူမှ မဟုတ်ပါ။ ဧကရာဇ်၏တန်ဖိုးကြီးမားသော သခင်လေးနင်း သည် ယခုအချိန်တွင် အတော်လေးကို သိက္ခာမဲ့နေပုံရသည်။ သူသည် ပန်းခင်းတွင် ဝပ်နေပြီး ပန်းပွင့်များပေါ်ရှိ နှင်းများကို ထပ်မံစုဆောင်းနေပုံပေါ်သည်။
ဂျီမိန် က ယဉ်ယဉ်ကျေးကျေး ခြေတစ်လှမ်းဆုတ်ပြီး တိတ်တဆိတ် မေးလိုက်သည်။ "သခင်လေး၊ နှင်းတွေအများကြီးကို စုဆောင်းတာ ဘာအတွက် အသုံးပြုမလို့လဲ?"
နင်းမင်ကျဲ သည် သူ့လက်ထဲက ပုလင်းကို ဖြည့်ပြီးသောအခါ ရယ်သည်။ "အအေးရနံ့ဆေးပြား၊ ဆောင်းဦးနှင်းနှင့် ဆောင်းနှင်းတွေ လိုအပ်တယ်လို့ သမားတော်က ပြောတယ်၊ ပန်းတွေပေါ်က နှင်းတွေက အကောင်းဆုံးပဲ၊ ဒီဆောင်းရာသီကုန်ပြီးရင် အအေးရနံ့ဆေးပြားလုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေ ငါ့မှာ ရှိလာလိမ့်မယ်"
ဂျီမိန် သည် 'အနီရောင်အခန်းထဲက အိမ်မက်* တွင် ဖော်ပြထားသော အအေးရနံ့ဆေးပြားများကို သာ ကြားဖူးသည်။ ဒီကမ္ဘာကြီးမှာ ရှိနေမယ်လို့လည်း သူမ မမျှော်လင့်ထားခဲ့ပါ။ ဆောင်း ၁၂ အောင်စ၊ ဆောင်းဦးနှင်းရည် ၁၂ အောင်စ စသည်တို့ဖြင့် ပြုလုပ်ရသည်။ ၎င်းသည် အမှန်တကယ်ပြသာနာပင်။
"ဘယ်သူဖျားနေလို့လဲ?' ဂျီမိန် က နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။
နင်းမင်ကျဲ က မတ်တပ်ထရပ်ပြီး သူ့ဝတ်ရုံကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ "ငါ့အမေ နေမကောင်းဖြစ်နေတာ ကြာပြီ၊ ဒီဆေးက သူမကို ကုသပေးနိုင်တယ်လို့ နယ်လှည့်ဘုန်းကြီးတစ်ပါးက ပြောတယ်၊ ဒီနှစ်မှာ ဆေးစာရထားပေမယ့် အမေက ဒီနှစ်အစမှာ ထွက်သွားခဲ့တယ်"
တစ်နည်းဆိုရသော် ကွယ်လွန်သူမိခင်အတွက် ဤပစ္စည်းများကို သူစုဆောင်းနေတာလား?
ဤဇာတ်ပို့မင်းသားကို ဒုတိယဇာတ်လိုက်မင်းသားဟု ခေါ်ထိုက်ပါပေတယ်။ လိမ္မာပါးနပ်ပြီး သစ္စာမဲ့ပြီး စိတ်ကို မှန်းဆလို့မရတဲ့ နင်းယုရွမ် နှင့် ယှဉ်ရင် သူမအရှေ့က လူက တန်တောင်ပေါ်က နှင်းကြာပန်းတစ်ပွင့်ပင်။ သူက မျက်နှာဖုံးတပ်ထားသော်လည်း ဆွဲဆောင်မှုရှိဆဲဖြစ်လို့ လူတွေက သူ့ကို တိုက်ရိုက်ကြည့်ဖို့တောင် ခံနိုင်ရည်မရှိကြဘူး!!!