ရုပ်တည်ကြီးဖြင့်ထိုင်နေသည့် ရှင်းမင်းသန့်ကို လီလီ၀င်းရှိန်က
ကိုကို...ဟိုမှာ အော်ဒါကောက်နေပြီလေ...
ဘာမှာမလဲ...
အတွေးထဲနစ်မြောနေတုန်း သူ့နာမည်ကိုမကြာခဏခေါ်နေသည့်အတွက် သူ့အရှေ့မှာထိုင်နေသည့် လီလီ၀င်းရှိန်နှင့် နဘေးမှာမတ်တပ်ရပ်ကာ အော်ဒါမှတ်ဖို့ရပ်နေသည့်
Restaurant waiter ကိုမြင်လိုက်ရတော့သည်။
အ့...ရတယ်လေ...မင်းကြိုက်တာ မှာလိုက်...
ကိုကိုကလည်း ကိုယ်စားချင်တာတော့ ကိုယ့်ဘာသာ မှာလေ...တော်ကြာ လီလီမှာပေးတဲ့အရာကို ကိုကိုမကြိုက်မှာဆိုးလို့....
Menu bookကို သေချာလှန်လှော်ကြည့်ပြီးမှ
Local premium Ribeye beef steak
ပြီးတော့ sauce ကို mushroom
ဟုတ်ကဲ့ပါဗျ...
အင်းးးး လီလီကတော့ chicken steak
Sauceကို black pepper
ဟုတ်ကဲ့ပါဗျ...တစ်ခုခုသောက်စရာရွေးချယ်အုံးမလား...
လီလီ၀င်းရှိန်က ရွေးချင်သေးပေမဲ့
တော်ပါပြီ....
ဟုတ်ကဲ့ပါဗျ...အော်ဒါရရင် အမြန်ဆုံးလာပို့ပေးပါ့မယ်...
Restaurant ဆိုပေမဲ့ မီးတွေမှောင်မဲပြီး
ရောင်စုံမီးအလင်းရောင်တွေကြောင့် မည်သူမည်ဝါဆိုတာတောင် အဝေးကကြည့်လျှင်
မသဲမကွဲအခြေအနေမျိုး။လီလီ၀င်းရှိန်ကတော့ သူမအလုပ်ကအကြောင်းတွေရယ်
အခက်အခဲတွေကို ပြောပြနေပေမဲ့ တစ်စုံတစ်ယောက်ကလည်း ကြောင်တောင်တောင်ကြီးဖြစ်နေရလေသည်။
Restaurantက စင်မြင့်ပေါ်က အဆိုတော်ကလည်း အသံပါဝါကောင်းကောင်းဖြင့် သီဆိုနေသော်လည်းးးးးးးးးးးးသူ မကြားနိုင်။
မျက်စိထဲမှာ သူမလေးရဲ့ လည်တိုင်ရှင်းရှင်းလေးနဲ့ မထိတထိဖွင့်ဟတတ်သည့် နှုတ်ခမ်းလေးးးးးးသူလုပ်ခဲ့လို့ ထွက်ပေါ်လာသည့်
ချွေးစက်လေးတွေရယ်....ပြန်ယောင်နေကာ
ပူစပ်ပူလောင်ဖြစ်နေရနေသည်။ပိုဆိုးတာက
ဒီအရာတွေကို hunter က ထိတွေ့ပြီးလောက်ပြီဆိုသည့် အသိကြီးကြောင့် သူ
အနည်းငယ် ရူးချင်နေသလိုဖြစ်နေရခြင်းဖြစ်သည်။Companyမှာလည်း လတ်မှတ်ထိုးရမည့်ကိစ္စတွေကို မလုပ်ပဲ ဘောပင်ကြီးကိုင်လျက် ငြိမ်သက်နေခဲ့တာ နေ့တ၀က်နီးပါး။
အစည်းအဝေးမှာလည်း company ရဲ့
ဥက္ကဌဖြစ်သူက အရမ်းငြိမ်သက်နေလို့ အားလုံးကတောင် အံ့ဩနေကြသေးသည်။
သူ့ရဲ့ ကြွေရုပ်လေးကို တစ်စုံတစ်ယောက်က
လုယူသွားခဲ့ပြီလားးးးဟု တွေးမိကာ
သောက ရောက်နေရခြင်းဖြစ်သည်။
ဘာကြောင့် ကက်ရှန်းစံ ဖြစ်နေရတာလဲ.....
( Hunterနာမည်အရင်းပါနော် ...💩 )
ဒီကောင့်ကို အသေရှင်းပစ်ဖို့ကလည်း ထင်သလောက်မလွယ်ကူပေမဲ့ နည်းလမ်းမရှိတာတော့ မဖြစ်နိုင်ဘူးးးးး
တနည်းပြောရရင် hunter ရဲ့နောက်ခံကလည်း ပေါ့သေးသေးမဟုတ်တာကြောင့်
ရှင်တို့ရဲ့ ဘာဖြစ်ချင်မှန်းမသိတဲ့ ကိုကိုရှင်းမင်းသန့်က ပုရွတ်ဆိတ်တကောင်လိုဖိသတ်လို့မရဖြစ်နေရတာပါ။ရှင်းမင်းသန့်ကို မြွေဟောက်လို့ပြောလို့ hunter ကို ကင်းမြီးကောက်လို့ ခေါ်လို့ရပါတယ်။
Steak ကိုသာ သေချာလှီးဖြတ်ကာ စားရင်း
စကားတခွန်းမှ မပြောသည့်ရှင်းမင်းသန့်ကြောင့်
ကိုကို....ဘာဖြစ်နေတာလဲ.....
ဘာဖြစ်လို့လဲ....
လီလီကို အမြဲမပေးဖြစ်တဲ့အချိန်ခဏလေးမှာ ကိုကို တခြားအကြောင်းတွေ တွေးမနေလို့ရမလား....
ငါ ဘာတွေးနေမိလို့လဲ....
ကိုကို....
မင်း ငါ့ကိုအတင်းခေါ်နေလို့ အခု မင်းနဲ့ဒီစိတ်ရှုပ်စရာကောင်းတဲ့နေရာမှာ ညစာအတူလိုက်စားပေးနေတာပဲလေ....မင်းတို့ မိန်းမတွေ အရမ်းစကားများတာပဲ...စတွေ့ကတည်းက မင်းပါးစပ်က စစ်သေနတ်လိုမျိုး
မနားတမ်းပြောနေတာ...မသိရင် မကြာခင်သေတော့မှာမိုလို့ စကားအကုန်ပြောနေရသလိုပဲ...
ဟာ....ကိုကို...အရမ်းလွန်သွားပြီနော်....
ပိုက်ဆံအိတ်ထဲက ငွေထုတ်ကာ သူ့ပန်ကန်အောက်ဖိထားပြီး ထိုင်ခုံမှ ထလိုက်သည့်အခါ
ကိုကို....
ငွေရှင်းပေးထားခဲ့ပြီ...ကိုယ်ပြန်နှင့်တော့မယ်
လီလီက ဘယ်လိုပြန်ရမှာလဲ ကားလဲ ပါမလာဘူးလေ....
taxiငှားပြီး ပြန်ရင်ပြန်လိုက် မဟုတ်ရင်လည်း မင်း မန်နေဂျာကိုဖုန်းဆက်ခေါ်ပြီး
အိမ်ပြန်ပို့ခိုင်းလိုက်....
ကိုကို.....
လီလီ၀င်းရှိန်ကလည်း စားလျက်စကို ချက်ချင်းရပ်ပြီး ရှင်းမင်းသန့်အနောက်သို့ပြေးလိုက်လေသည်။
ရတယ်...လီလီလည်းဗိုက်၀နေပြီ....မစားတော့ဘူး
လီလီ၀င်းရှိန်က ကားရှေ့မှာ ၀င်ထိုင်လေတော့သည်။သူကလည်း ရှင်းမင်းသန့်ကို
ဘယ်လိုမှမလွတ်ပေးနိုင်ဘူးလေ။
စကားအပိုတွေ မပြောချင်တော့လောက်အောင်ကို စိတ်ရှုပ်လာလို့ ဒီတိုင်းပဲ ခေါ်ခဲ့လိုက်ရတော့သည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖
ကားကို မြို့တပတ် ပတ်ပြီးမောင်းနေတာ
ဘယ်နှစ်ခေါက်မှန်းတောင်မသိတော့ချေ။
ကားအပေါ်ဖုံးကို ဖွင့်ပြီး လက်မှာလည်း
Cigarette ကိုင်လျက် လက်တဖက်တည်းဖြင့် ကားမောင်းနေသည့် ရှင်းမင်းသန့်ကို
ဘေးကနေ တစိမ့်စိမ့်ကြည့်ရင်း သဘောကျနေမိသည်။
မိုးချုပ်နေပြီဆိုတော့ ကားလမ်းမပေါ်မှာ
လူသွားလူလာတောင် သိပ့်မရှိတော့ချေ။အရာအားလုံးက ရှင်းလင်းနေသလို လေအေးတွေနဲ့အတူ cigarette သောက်လိုက်ရသည့်အရသာက ဘာနဲ့ကို လဲမရသလို သူရင်ထဲခံစားနေရသည့်အရာတွေကို ခဏမေ့ထားနိုင်သလို ခံစားရစေသည့်အတွက် စိတ်ရှုပ်တိုင်း
သူ အခုလိုမျိုးပဲလုပ်လေ့ရှိသည်။
သဘောအကျဆုံးကတော့ ကိုကို့ရဲ့
Ocean eyesတွေပဲ..... ယောင်္ကျားလေးဖြစ်ပြီး မျက်တောင်လေးတွေ ကော့ညွတ်နေတာလေးက ပျိုတိုင်းရင်ကို ခုန်စေမည်မှာလည်းအမှန်။
ဘာလို့ ကြည့်နေတာလဲ....ဘာလုပ်ချင်နေတာလဲ....
တစ်ခုခုပေါ့....ဟင်းဟင်း...
နှုတ်ခမ်းတဖက်ကို မဲ့ပြုံးကာ သူမ၏ခေါင်းက အောက်သို့တဖြည်းဖြည်းငုံ့ဆင်းသွားလေသည်။သူမ မည်မျှပဲ အာခေါင်အတွင်းထဲထိ
ငုံ့ပေးပါစေ....သူ၏ မြွေခေါင်းကတော့ တစက်ကလေးမှ မနိုးထလာချေ။မြွေခေါင်းထောင်လာစေရန် ၁၅မိနစ်ကျော်သည်အထိ
နိုးဆွနေခဲ့သော်လည်း ဘယ်လိုမှ မထလာသည့်အတွက် စိတ်ညစ်သွားရသည်။ရုပ်ချောချောလေးနဲ့ ပန်းသေနေတာများလား....မဖြစ်နိုင်ပါဘူး...တကယ်လို့ ပန်းသေနေရင်လည်း
ခေတ်မီဆေးဝါးတွေနဲ့ သေချာကုသခိုင်းရမယ်။ထိုသို့တွေးကာ စိတ်ရှည်ရှည်ဖြင့်
နည်းလမ်းမျိုးစုံသုံးကာ နိုးထလာအောင် ကြိုးစားနေလေသည်။
( သူ ပန်းမသေပါဘူးနော်...ညီမလေးလီလီ..
မင်းဖြစ်နေလို့ကို မထောင်လာတာပါ...💩 )
ထို့စဉ် ဖုန်း၀င်လာသည့်အတွက် ဖုန်းကိုကြည့်လိုက်သည့်အခါ သူမလေးဆီကဖြစ်နေသည့်အတွက် ကားကို ဆက်မမောင်းတော့ပဲ လမ်းဘေးချရပ်ထားလိုက်လေသည်။
ညနက်နေပြီကို ၀င်လာသည့်ဖုန်းကြောင့်ရော်
ကိုကိုက ဘယ်သူ့ဖုန်းမိုလို့ ကားတောင်ဆက်မမောင်းနိုင်တော့ပဲ လမ်းဘေးတောင်ဆင်းရပ်လိုက်ရတာလဲဟု တွေးမိကာ သံသယဖြစ်မိသွားတော့သည်။
Hello....
ဦးရှင်းမင်းသန့်....ပြောစရာရှိတယ်...
ဘာပြောမှာလဲ....
ရှင့်ကို တာ၀န်ယူခိုင်းစရာရှိတယ်...အဲ့ဒါကြောင့် ယိမ်းနေတဲ့ တိုက်ခန်းကို လာခဲ့ပေးလို့ရမလား။။။။
ဘာလို့ လာခဲ့ပေးရမှာလဲ...အလုပ်ကိစ္စဆိုရင်
မနက်ဖြန်မှ ပြော...
အလုပ်ကိစ္စမဟုတ်ဘူး။။။။။
ဘာကိစ္စလဲ....
ရှင် ရောက်ရင် ပြောပြပေးမယ်...ဖုန်းနဲ့ပြောလို့သိပ့်မကောင်းဘူး.....ယိမ်းနေတဲ့ တိုက်ခန်းကို ရှင်သိပါတယ်...လာခဲ့လိုက်....
ပြောချင်တာပြောပြီးဖုန်းချသွားသည့် သူမလေးကြောင့် သူစိတ်ထဲတမျိုးဖြစ်သွားရသည်။တာ၀န်ယူခိုင်းမည်ဟု ပြောခံလိုက်ရလို့
rapeလုပ်ခဲ့တာ သူဆိုတာများ သိသွားခဲ့တာများလားးးးးးရင်ထဲ တထိတ်ထိတ်ဖြစ်သွားကာ အသက်ရှုသံနည်းနည်းပြင်းသွားရတော့သည်။အဲ့ကိစ္စကိုလည်း သိသွားစရာအကြောင်းလည်း မရှိပဲနဲ့ကို......ဘာကို တာ၀န်ယူခိုင်းမှာပါလဲ......
(သူတောင်းဇားလေးက လုပ်တုန်းကတော့
လူလိုသူလို မလုပ်ပဲနဲ့ သူဆိုတာ သိမှာတော့
သေအောင်ကြောက်တတ်တာနော်...)
ကိုကို....ကိုကို....ဘယ်သူဆက်တာလဲလို့.....
အင်း....ကောင်မလေး....
ဘာ.....
ကောင်မလေးတစ်ယောက်ဆက်တာ....
သူနဲ့ ကိုကိုက ဘာတွေလဲ....သူက ဘာမိုလို့လဲ
မင်းနဲ့ကိုယ့်လိုမျိုးပဲလေ.....
ဘာ။။။။။
ကဲကဲ...ကားပေါ်က ဆင်းတော့....သွားစရာရှိသေးလို့....
ကိုကို...လီလီကို အခုလို သစ်စိမ်းချိုး ချိုးလို့မရဘူး ကိုကို့လုပ်ငန်းတွေပျက်ဆီးသွားအောင်အထိ လီလီ လုပ်ပစ်လို့ရတယ်နော်
ကိုကို့ company နာမည်ပျက်သွားအောင်
လုပ်လိုက်ရမလား....
ချိန်းခြောက်စကားကိုပြောလိုက်သည့် လီလီ၀င်းရှိန်ကိုကြည့်ပြီး ဟက်ဟက်ပက်ပက်
ရယ်လိုက်သူကတော့ ရှင်းမင်းသန့်။
မင်းက ဘယ်အချက်ကို အသုံးချပြီး နာမည်ဖျက်မှာလဲဆိုတာ ပြောပါအုံး....
ရှင် စိတ်မထင်ရင် မထင်သလို ရိုက်ခဲ့လို့
နှာခေါင်းအရိုးအက်သွားခဲ့ရတာ မေ့သွားပြီလား လီလီမှာ အဲ့ဆေးစာရွက်ရှိတယ်နော်...
ဪ....အဲ့ဒါကလည်း ဆေးရုံမှာ ကုသတုန်းက ရေချိုးခန်းမှာ ချော်လဲတယ်ဆိုတဲ့အချက်နဲ့ ပြီးသွားခဲ့သလို မင်းကိုလည်း ဆေးကုသစရိတ်ရော် နစ်နာကြေးရော် ပေးပြီးသားမိုလို့
မင်း ကိုယ့်ကို ဘာမှလုပ်လို့မရဘူးးးးးး
အလိုမတူပဲ ကာမ ရယူမှုနဲ့ လုပ်ကြံစွပ်စွဲပစ်မယ်
ဟားဟားဟားးးးးးးးး ကိုယ် မင်းကို ဘယ်တုန်းက ုိးရသေးလို့လဲ...ဟာသတွေ
မင်းရဲ့ *ပကြီးကို ဒီကောင်နဲ့မထိုးရသေးဘူးကွ အာ....လက်ချောင်းနဲ့ကို မင်းက တရားဆွဲချင်တာလားးးး ဟားဟား အဲ့လိုပြောကြေးဆိုရင် မင်းလည်း အိမ်ထောင်ရှိသူဌေးကြီးတွေနဲ့
အတူအိပ်ဆက်ဆံရေးရှိပြီး စပွန်ဆာယူနေတဲ့ကိစ္စတွေကရော်
ပြီးတော့ ဒီတခေါက် ဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသမီးနေရာမှာ သရုပ်ဆောင်ခွင့်ရဖို့ ဒါရိုက်တာနဲ့လည်း သွားအိပ်ခဲ့တယ်ဆိုတာ ကိုယ်သိပြီးသားပါနော်
လီလီလေးးးးး
သူ့အကြောင်းတွေကို ကိုကိုစိတ်မ၀င်စားလောက်ဘူးဟု ထင်ကာ ဖုံးကွယ်ထားသည့်အရာမှန်သမျှကို သိနေသည့်အတွက်
အနည်းငယ်တုန်လှုပ်မိသွားရသည်။
ကဲ....ဆင်းတော့.....မြန်မြန်ဆင်း.....
သူ့အကြောင်းတွေကို အသေးစိတ်ပြောပြပြီး
ခွေးမောင်းချသလို မောင်းချနေသည့်အတွက် လီလီ၀င်းရှိန်တစ်ယောက်
ကားပေါ်ကနေ အမြန်ဆင်းခဲ့ရသည်။လီလီဆင်းပြီးသည်နှင့် ကားကို အရှိန်ဖြင့်မောင်းထွက်သွားလိုက်တာ တချက်ကလေးတောင်
လှည့်မကြည့်ခဲ့ချေ။လမ်းမကြီးပေါ်မှာ
တစ်ယောက်တည်းကျန်ခဲ့သည့် လီလီတစ်ယောက် ကိုကို့ကား မြင်ကွင်းကနေ ပျောက်သွားတော့မှ ဒူးထောက်ထိုင်ချလိုက်ကာ ငိုနေမိတော့သည်။
နေရာတစ်ခုကို ရဖို့အတွက် အလဲအလှယ်လုပ်ခဲ့ရတာက ကိုကို့အတွက် ရွံ့စရာဖြစ်ခဲ့ပြီလားးးးး
➖➖➖➖➖➖➖➖➖➖➖➖➖➖
အဲ့ဆို...နင်အခု တစ်ယောက်တည်းအဆောင်ငှားနေတာပေါ့...
ဟုတ်တယ်...
နင့်ဒေါ်လေးကလည်း တူမချောကို ရန်ကုန်မြို့ကြီးမှာ တစ်ယောက်တည်းထားခဲ့တာက
မမိုက်ပါဘူးဟာ....
အင်းးးးးသူက လှိုင့်ကို နယ်မှာပဲ အခြေချစေချင်နေတာလေ....မင်းခန့်ရယ်...နင်သိတဲ့အတိုင်းပဲ...လေ...လှိုင်ကလည်း တနေရာမှာ နေသားကျနေပြီးသားဆိုရင် ပြန်မသွားချင်တော့ဘူး
ငါ နားလည်ပါတယ်....
မြို့လယ်ခေါင်မှာ အခန်းကျယ်ကို တလ ၁သိန်းနဲ့ ငှားနေလို့ရတာ နင်တို့ကံကောင်းတာပဲ...ငါ့အဆောင်တောင် ၅သောင်းပေးရတယ်
၅သောင်းတောင် ပေးရတာလား ဈေးကြီးလိုက်တာ
ဟုတ်တယ် လှိုင်က လူအများကြီးနဲ့လည်း အတူမနေချင်ဘူးလေ...ပြီးတော့ Aircon လေးဖွင့်ချင်သေးတာဆိုတော့ လမ်း၅၀က အဆောင်က Aircon ဖွင့်လို့ရတယ်ဆိုတော့
ငှားနေလိုက်တာ
ဪ....သိပြီ...သိပြီ....
နေအုံး မင်းခန့် ကလေးတွေအတွက် မုန့်၀ယ်လိုက်အုံးမယ်
ရတယ် မ၀ယ်ပါနဲ့ အားနာစရာကြီး
ဟာ....ဘယ်ကလားးးး မတွေ့တာလည်း ကြာပြီဟာကို....
ဤသို့ဖြင့် နှင်းအိလှိုင်က မာလာအကင်သုပ်သုံးပွဲ၀ယ်လေသည်။ထို့စဉ် စက်ဘီးနင်းလာသည့် ယိမ်းကိုမြင်လိုက်ရသဖြင့်
ယိမ်း ဘယ်သွားမလို့လဲ....
လမ်းထိပ်မှာ ကြက်ကင်သွား၀ယ်မလို့....
ခုမှ အလုပ်က ပြန်လာတာလား....
ဟုတ်တယ် ခုမှ ပြန်ရောက်တာ....
လက်တလုံးကြိုးအင်္ကျီအနက်ရောင်လေးနှင့်
ပေါင်တိုအစင်းဘောင်းဘီတို၀တ်ထားသည့်
ကောင်မလေးက ခန္ဓာကိုယ်သေးသေးလေးဖြင့် သက်ရှိအရုပ်မလေးတစ်ယောက်နဲ့ တကယ်ကို တူနေတာကိုကြည့်တာနှင့်ကို
သူက မင်းခန့်ရဲ့ အရင်ရည်းစားဟောင်းဖြစ်ဖို့များပါသည်။
ယိမ်း....ဒါက ကိုယ့်ငယ်သူငယ်ချင်း နှင်းအိလှိုင်တဲ့....
သူမက ပြုံးပြကာ နှုတ်ဆက်သော်လည်း
အသက်မပါဘူးဆိုတာကို လှိုင် သတိထားမိသည်။
လှိုင်...ဒါက....
လှိုင်သိပါတယ်...နင်အရင်က အရမ်းချစ်ခဲ့တဲ့
ကောင်မလေးမလား။။။။
အာ...နင်ကလည်း .....
အစ်ကို...သွားတော့မယ် နောက်မှ အေးဆေးစကားပြောကြမယ်လေနော်...တော်ကြာ ကြက်ကင်မရတော့မှာဆိုးလို့...သွားပြီနော်
အစ်မ....
ထိုသို့ဖြင့် ချက်ချင်းကို စကားစကိုဖြတ်ချကာ စက်ဘီးနင်းထွက်သွားသည့်ကောင်မလေးကို မင်းခန့်ကတော့ အနောက်မှ ပြုံးပြုံးကြီးကြည့်လျက် ငေးရင်းကျန်ရစ်ခဲ့တာပေါ့။စိတ်ထဲဘာရယ်တော့ မဟုတ်
မိမိ၏ လက်ကိုပြန်ငုံ့ကြည့်ကာ သူမရဲ့
ကြည်လင်နေသည့်အသားအရေနဲ့ နှိုင်းယှဉ်ကြည့်မိခဲ့သည်။လှိုင်သာ အသားအရေ မညိုပဲ အဲ့တစ်ယောက်လို ဖြူနေမယ်ဆိုရင်
မင်းခန့်က သတိထားမိခဲ့မှာလား။လှိုင့်ရဲ့
ခန္ဓာကိုယ်က အရိုးအဆစ်တွေသာ မကြီးထွားခဲ့ရင် သူ သဘောကျမှာလား။အားနွဲ့တဲ့
မိန်းမသားဆိုပြီး အရှေ့ကနေ ကာကွယ်ပေးမှာလား.....
မသိမသာဖြင့် သက်ပြင်းမောကြီးကို
ချလိုက်မိပါတော့သည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖
မင်းခန့်တို့ငှားနေသည့် တိုက်ခန်းက တကယ်ကိုကောင်းလွန်းနေလို့ လှိုင်တောင် အံ့ဩနေရပါသည်။အိမ်တံခါးလာဖွင့်သည်နှင့် ကလေးများက လက်ထဲက မာလာအကင်သုပ်များကို
အလုအယှက်ယူသွကြလေသည်။
ထိုင်....သမီး....မုန့်တွေ၀ယ်လာရတယ်လို့ကွယ်...အားနာစရာကြီး
ရပါတယ် အဒေါ်....
အိမ်၏ နေရာအစုံကို ငေးမောကြည့်နေသည့်
လှိုင့်ကို ကြည့်ပြီး ကြွားချင်စိတ်များတဖွားဖွားပေါ်လာကာ
ဒီတိုက်ခန်းကို ၀ယ်နိုင်ဖို့ အဒေါ်တို့အများကြီး ကြိုးစားထားရတာလေ....ဟင်းဟင်းးးး
အခုတော့လည်း ၀ယ်နိုင်သွားလို့ ပင်ပန်းခံရကျိုးနပ်သွားရပါတယ်အေ....
ရှင်....
ဟုတ်တယ် အဒေါ်တို့လင်မယားဆိုရင် ရတဲ့လခငွေလေးကို မစားရက်မသုံးရက်နဲ့ စုဆောင်းခဲ့ရတာလေ...အဲ့တုန်းက ကြက်ဥတစ်လုံးကို အပ်ချည်ကြိုးလေးနဲ့ အပိုင်းသေးသေးလေးစိတ်ပြီး စားခဲ့ရတာ။ငရုတ်သီးတောင့်နဲ့ဆားလေး တို့စားလိုက်နဲ့ အပင်ပန်းခံခဲ့ရတာ...
သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ရယ်ပြီး
စကားကို အာဘောင်အာရင်း သန်သန်ဖြင့်
ကြွားနေသည့် မင်းခန့်၏ မိခင်ဒေါ်နီလာအေးကိုကြည့်ပြီး လှိုင့်စိတ်ထဲ တမျိုးကြီးခံစားလိုက်ရတာတော့ အမှန်ပဲ။မင်းခန့်ပြောခဲ့သည်က တလကို တသိန်းဖြင့်ငှားနေကြသည်လို့သေချာပြောပြထားတာတောင် သူ့အမေက သူတို့ကိုယ်ပိုင်တိုက်ခန်းဟုပြောနေသဖြင့်
ဘယ်ဟာ အမှန်လဲဟု တွေးနေတုန်း
မာလာအကင်သုပ်ပန်ကန်လာချပေးသည့် သမီးဖြစ်သူ ရတီအေးက
ဒီအိမ်က ကိုကြီးရဲ့အရင်ကောင်မလေး အိမ်လေ...သူက သမီးတို့ကို ငှားပေးထားတာ
အို...ဟဲ့ကလေးမ...ဘာမဟုတ်တာတွေ လာပြောနေတာလဲ....
ဟင်...ဟုတ်တယ်လေ...မေမေတောင် ၁သိန်းပေးရတာ မကြိုက်လို့ ၅သောင်းနဲ့ ဈေးဆစ်နေတာမလား....
မျက်နှာကြီးမဲတက်သွားသည့်အပြင် အလိုက်ကမ်းဆိုးမသိသည့် သမီးဖြစ်သူ ခေါင်းကိုလည်း အသံမြည်အောင် ခေါက်ချလိုက်သည်ကိုတော့ လှိုင် မျက်မြင်တွေ့ခဲ့ရပါသည်။ဒေါသထွက်နေသလိုလို မျက်နှာကြီးက မဲညစ်သွားရသည့် ဒေါ်နီလာအေးက
မာလာအကင်သုပ်ပင် မစားတော့ပဲ နောက်ဖေးသို့၀င်သွားခဲ့တာ လှိုင်ပြန်သည်အထိပါပဲ။
မိုးချုပ်နေပြီ နင်ပြန်လို့ဖြစ်ပါ့မလား
ဖြစ်ပါတယ် လှိုင့်ကို လမ်းထိပ်အထိ လိုက်ပို့ပေးလေ....လမ်းထိပ်ရောက်မှ Taxiငှားလိုက်မယ်လေ...
အေးအေး...
မင်းခန့်နှင့်နှစ်ယောက်သားလမ်းအတူလျှောက်ရင်း စပ်မိစပ်ရာအကြောင်းရာများကိုပြောကြလေသည်။အလုပ်က လူတွေအကြောင်း၊ငယ်ငယ်တုန်းက ငယ်ကျွမ်းဆွေအကြောင်းတွေ စသဖြင့်ပြောနေရင်းမှ
မင်းခန့်ကို လှိုင်က သူ့ညီမလေးခေါင်းခေါက်ခံလိုက်ရသည့်ကိစ္စကိုပြောပြလိုက်လေသည်။
ဟုတ်တယ်...အမေက ဘာလို့အဲ့လိုတွေပြောတတ်တာလဲဆိုတာ ငါလည်း နားမလည်တော့ပါဘူးဟာ...အဖေကတော့ အဲ့လိုတွေ လျှောက်မပြောရဘူးလို့ ပြောပါတယ်။ကြည့်ရတာ ငါ့အမေရဲ့ ၀စီကိုက အဲ့အကျင့်ထင်တယ်။ကြွားချင် ဝါချင်စိတ်က စိုးမိုးနေတာမျိုး။ညီမလေးရတီအေးနေရာမှာ ကေသွယ်အေးဖြစ်ကြည့်ပါလား နင့်ကို သားအမိနှစ်ယောက်ပေါင်းပြီး ကြွားလုံးတွေထုတ်ပေးလိုက်လို့ လေလုံးပိပြီးနင်သေသွားလိမ့်မယ်
အဲ့ဆို ညီမလေးရတီအေးက လူရိုးလေးပေါ့နော်
ဟုတ်တယ် ငါ့ညီမလေးနှစ်ယောက်နဲ့ညီလေးမှာ ရတီအေးက အလိမ္မာဆုံးပဲ...မိဘကိုလည်း ဒုက္ခမပေးဘူး။ငါ့ကိုလည်း မုန့်ဖိုးအတင်းလိုက်မတောင်းတတ်ဘူး
သူက လူကြီးစိတ်ကလေးနဲ့ နေတတ်တာဖြစ်မယ်
ဟုတ်တယ် သူ အရွယ်မြန်မြန်ရောက်ပါစေလို့ ငါဆုတောင်းတယ်
ဘာလို့လဲ....
အခုငါတစ်ယောက်တည်း အကုန်ထမ်းပိုးထားရတာအသက်တောင် ဖြောင့်ဖြောင့်မရှုနိုင်လို့ ညီမလေးရတီအေးအရွယ်ရောက်လာရင် ငါနည်းနည်းအသက်ရှုချောင်သွားမယ်လို့ တွေးမိလို့ပါ....
ဪ....မင်းခန့်ရယ်.....
သူ့ဒေါ်လေးပြောပြသည့် စကားများကိုနားထဲပြန်ကြားယောင်မိလာသည်။
ညည်းကြိုက်စရာ ယောင်္ကျားလေးအဲ့လောက်ရှားသလားးးးသူ့အမေမအေးရဲ့ စရိုက်ကို မသိသေးလို့နော် ၀ မရှိပဲ ဝိလုပ်ချင်နေတဲ့အတန်းစား။သူများပစ္စည်း အမြဲအချောင်လိုချင်နေတာ။ညည်း သူ့ကို သနားပြီး မေတ္တာပိုမိလို့ကတော့ သူတို့တမိသားစုလုံး ညည်းလည်ပင်းတက်ညစ်ကြလိမ့်မယ်....
ဒေါ်လေးပြောသည့် လည်ပင်းညစ်ခံရမယ်ဆိုသည့်စကားကို မင်းခန့်နှုတ်ကထွက်လာတော့မှ ဘာကိုဆိုလိုမှန်း နားလည်တော့သည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖
ဆက်ရန်...
စာရေးသူ - ညူ
ရှင်းမင်းသန့်တို့အပိုင်းက ညဘက်အပိုင်းမိုလို့ဆက်စပ်တွေးကြည့်မယ်ဆိုရင် ညနေခင်းပိုင်းက မင်းခန်းတို့အပိုင်းဖြစ်ပါသည်။စာအပေါ်အောက်လွဲသွားလို့ပါ။
နောက်ရက်တွေ update မှန်ပေးတော့မယ်နော် အချစ်တို့ရေ....