Unicode
အပိုင်း - (၄၃) : Horror Variety (8)
တံခါးဖွင့်သံကို ကြားလိုက်ရချိန် ချန်ကျစ်ချူးမှာ အလွန်ထိတ်လန့်သွားပြီး ကျိုးလော့ချန် ပြန်ရောက်လာပြီအထင်ဖြင့် ဗီရိုတစ်ခုထဲ ဝင်ပုန်းရန် ကြိုးစားခဲ့သည်။ သို့သော် စိတ်လျော့လိုက်ချိန်တွင် ခြေလက်များက အားကုန်သလို ပျော့ခွေသွားသဖြင့် တံခါးပွင့်လာသည့်တိုင် ဗီရိုထဲ မဝင်နိုင်သေးပေ။
“ကျွီ….”
တံခါးပွင့်သံနှင့်အတူ အပြင်ဘက်မှလူ၏ မျက်နှာအမှန်ကို ထုတ်ဖော်ပြလာသည်။ ချန်ကျစ်ချူးမှာ ဗီရိုကို ကျောပေးရင်း အသက်ရှူအောင့်ထားမိပြီး နှလုံးခုန်ရပ်လုမတတ် ဖြစ်သွားရ၏။ ပြီးမှ ကျိုးလော့ချန်မဟုတ်ကြောင်း သတိပြုမိသွားသည်။
တံခါးဝတွင် အရပ်ရှည်ပြီး ရုပ်ချောသော ဆယ်ကျော်သက်ကောင်လေးတစ်ဦး ပေါ်လာသည်။ သူက အခန်းထဲကို ဝေ့ကြည့်လိုက်ချိန်တွင် အခန်းထောင့်၌ အတုန်တုန်အယင်ယင်ဖြင့် ပုန်းအောင်းရန် ကြိုးစားနေရှာသော ချန်ကျစ်ချူးကို မြင်သွားသည်။ ဆယ်ကျော်သက်လေး၏ မျက်ဝန်းအိမ်က ကျဉ်းမြောင်းသွားပြီး သူ့အလိုလို ရှေ့တစ်လှမ်းတိုးမိသွားသည်။
ဒါက အသက်ငယ်သေးတဲ့ ပိုင်ရိလား..?
ချန်ကျစ်ချူးသည် ထိုလူငယ်လေးကို မှတ်မိသွားသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း ကြမ်းပြင်ပေါ်သို့ ပုံလဲကျသွားသည်။ ပြီးနောက် ရင်ဘတ်ဖိကာ အသက်လုရှူနေတော့သည်။
ဟိုလူယုတ်မာမဟုတ်လို့ တော်သေးတယ်..!
ဂိမ်းပြီးသွားသည့်တိုင် ချန်ကျစ်ချူးမှာ ကျိုးလော့ချန် ဆောင်ယူလာသည့် အကြောက်တရားထဲမှ ရုန်းမထွက်နိုင်သေး။ ထိုလူကို ထပ်မြင်ရမှာ ကြောက်နေမိသည်။
ဒါနဲ့ သူ ဘာလို့ ပန်းချီကားအပြင်ကို ပြန်မရောက်သေးတာလဲ။ သရဲက ကတိမတည်တော့ဘူးလို့ လာမပြောနဲ့နော်..!
ချန်ကျစ်ချူး၏စိတ်ထဲ လှည့်စားခံလိုက်ရသလို ခံစားလာရ၏။ အတော်ကြာသည်အထိ သွေးစာလုံးက ထပ်မပေါ်လာပေ။ ထိုအစား ဆယ်ကျော်သက်လေးက သူ့အနားကို ဖြည်းညင်းစွာ လျှောက်လာသည်။ ပြီးနောက် ဒူးထောက်ကာ ခံစားချက်များစွာ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူ့ကို ငေးကြည့်လာသည်။
ပိုင်ရိက ချန်ကျစ်ချူး၏ ပါးပြင်ကို အသာထိတွေ့လိုက်သည်။
“………”
ချန်ကျစ်ချူးက အမှုမဲ့အမှတ်မဲ့ နောက်ဆုတ်လိုက်သဖြင့် ဆယ်ကျော်သက်လေးသည် ချက်ချင်း လက်ပြန်ရုတ်သွားပြီး ချန်ကျစ်ချူးကို ထပ်မထိရဲတော့ပေ။
သူ၏မျက်ဝန်းထဲမှ အေးစက်မှောင်မိုက်ခြင်းများ လွင့်ပြယ်သွားပြီး ချန်ကျစ်ချူးအား အလှမ်းဝေးပြီး ထိခိုက်ပျက်စီးလွယ်သည့် အိပ်မက်လေးပမာ နူးညံ့ကြင်နာစွာ ငေးကြည့်နေသည်။ ချန်ကျစ်ချူး ပျောက်ကွယ်သွားမှာကို စိုးထိတ်နေသည့်အလား သူ၏အကြည့်က အလွန်သတိထားပြီး နူးညံ့နေတော့သည်။
“……. တောင်းပန်ပါတယ်..”
ဆယ်ကျော်သက်လေးက မျက်လွှာချလိုက်သည်။ သူ၏အသံက အက်ရှကာ အတန်ငယ် တုန်ယင်နေလေသည်။
“ငါ့အမှားပါ..”
“ငါ့ကြောင့် မင်း ဒီကို ရောက်လာရတာ..”
“တကယ် တောင်းပန်ပါတယ်..”
ချန်ကျစ်ချူးမှာ ကြောင်အမ်းသွားရသည်။ တစ်ခဏကြာပြီးမှ ဆယ်ကျော်သက်လေး၏ စကားကို သဘောပေါက်လာ၏။ သူဆွဲခဲ့သည့် ပန်းချီကားကြောင့်၊ ကျိုးလော့ချန်က ထိုပန်းချီကားကိုမြင်ပြီး ချန်ကျစ်ချူးကို ပြန်ပေးဆွဲခဲ့သည်ဟု ဆိုလိုနေခြင်းပင်။
သို့သော် အဘယ်သို့ ပိုင်ရိကို အပြစ်တင်နိုင်မည်နည်း။ ဆရာတစ်ယောက်က ဤသို့ရွံမုန်းဖွယ် လူယုတ်မာကောင်ဖြစ်နေမည်ဟု မည်သူကြိုသိနိုင်မည်နည်း။ ယခုလည်း ပိုင်ရိက သူ့ကိုကယ်တင်ရန် အန္တရာယ်ထဲ တိုးဝင်လာပုံပေါ်သည်။
အရွယ်ရောက်ပြီးသား ပိုင်ရိက သူ၏သူငယ်ချင်းကောင်းဖြစ်နေတာကို အသာထား၊ မရင်းနှီးသည့် ကလေးတစ်ယောက်ဖြစ်နေလျှင်ပင် တစ်ဖက်လူကို အပြစ်တင်မည်မဟုတ်ပေ။
“ရပါတယ်.. သား ကိုကြီးကို (ငါ မင်းကို) အပြစ်မတင်ပါဘူး.. ပြီးတော့ လာကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..”
လူငယ်လေး၏ မျက်နှာလှလှလေးပေါ်မှ နောင်တအရိပ်အယောင်ကို မြင်လိုက်ရတော့ ချန်ကျစ်ချူး၏ရင်ထဲ စိတ်မကောင်း ဖြစ်သွားသည်။ သို့နှင့် မနေနိုင်အောင် နှစ်သိမ့်ပေးမိရင်း လက်ကိုဆန့်ကာ တစ်ဖက်လူ၏ဦးခေါင်းကို ပွတ်သပ်မိသည်အထိ။ ပိုင်ရိ၏ဆံပင်က ပွတ်လို့ကောင်းသဖြင့် အကြိမ်အနည်းငယ်ခန့် မထိန်းနိုင်အောင် ဆက်ပွတ်နေမိသည်။
ပိုင်ရိအငယ်လေးက အလွန်ချစ်စရာကောင်းသည်။ ဤမျှအကျင့်စရိုက်ကောင်းပြီး ချောမောလွန်းသည့် ကလေးတစ်ဦးကို မည်သူကများ စိတ်ဆိုးနိုင်မည်နည်း။
ဦးခေါင်းပေါ်မှ အထိအတွေ့ကြောင့် ဆယ်ကျော်သက်လေးက ဆတ်ခနဲ မော့ကြည့်လာ၏။ သူ၏မျက်ဝန်းက အတန်ငယ် ပြူးကျယ်နေပြီး အတော်လေး အံ့အားသင့်သွားဟန်။ တစ်ဖက်လူက သူ့ကို စိတ်မဆိုးသည့်အပြင် နှစ်သိမ့်ပေးလာသည့်အတွက် မယုံကြည်နိုင်ဖြစ်နေပုံပေါ်သည်။
ချန်ကျစ်ချူး၏စိတ်ထဲ အနည်းငယ် ဘဝင်ခိုက်သွားသည်။ မည်သို့ဆိုစေ ယနေ့မတိုင်ခင်အထိ ပိုင်ရိက သူ၏ဦးခေါင်းကို ပွတ်သတ်ပေးခဲ့သည်ချည်း။ သူ့ဘက်က ပြန်ပြီးပွတ်သပ်ရန် အခွင့်အရေးမရခဲ့ပေ။ ယခုတော့ ပိုင်ရိအငယ်လေးက သူခေါင်းပွတ်ပေးတာကို အတော်လေး သဘောကျပုံရသည်။
ချန်ကျစ်ချူးတစ်ယောက် သူ၏လက်ရှိအခြေအနေက ပိုင်ရိထက်ငယ်သော ကလေးဆိုတာကို လုံးဝမေ့သွားလေသည်။ မေတ္တာကြီးမားသည့် ဖခင်တစ်ဦးပမာ ပြုံးလိုက်ရင်း လူငယ်လေးကို ရင်ခွင်ထဲပွေ့ဖက်ကာ စိတ်ဓာတ်ခွန်အားပေးရန်၊ နှစ်သိမ့်ပေးရန် ရည်ရွယ်ချက်တို့ဖြင့် လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။
သို့သော် ဆယ်ကျော်သက်လေး၏ မြင်လွှာထဲတွင် မျက်ရည်လည်ရွှဲဖြင့် ကြောက်လန့်တုန်ယင်နေရှာသော၊ အရည်လဲ့နေသော မျက်ဝန်းဝိုင်းကြီးများဖြင့် ပွေ့ဖက်ပေးရန် တောင်းဆိုနေရှာသော ချစ်စဖွယ်ကောင်လေးကိုသာ မြင်နေရသည်။
“……….”
ချန်ကျစ်ချူးက လူငယ်လေးကို ပွေ့ဖက်တော့မည့်အချိန် သူ၏မျက်စိရှေ့မှ မြင်ကွင်းတစ်ခုလုံး မှောင်အတိကျသွားပြီး လူငယ်လေးက သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကြောင်း ခံစားမိလိုက်၏။ ခန္ဓာကိုယ်နှစ်ခုက ကြားလေသွေးစရာမရှိအောင် ထပ်တူကျလျက်၊ အင်္ကျီမှတဆင့် ခန္ဓာကိုယ်အနွေးဓာတ်တို့ ကူးလူးနေသည်။ ထို့အပြင် လက်တစ်ဖက်က သူ၏ကျောပြင်ကို ခပ်ဖွဖွလေး ပွတ်သပ်ပေးနေလေသည်။
“မကြောက်နဲ့နော်.. ဘာမှမဖြစ်တော့ဘူး..”
ချန်ကျစ်ချူးခမျာ လူငယ်လေး၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ခံလိုက်ရသည့်အပြင် ကျောပုတ်နှစ်သိမ့်ပေးတာကိုပါ ခံလိုက်ရသဖြင့် စကားမပြောနိုင်အောင် ဆွံ့အသွားရသည်။ ပါးစပ်ဖွင့်လိုက်၊ ပြန်ပိတ်လိုက်ဖြင့် အသံပင်မထွက်နိုင်ဘဲ တောင့်တင်းနေတော့သည်။
မဟုတ်သေးပါဘူး။ သူက ပိုင်ရိကို ထွေးပွေ့နှစ်သိမ့်ပေးရမယ့်လူ မဟုတ်ဘူးလား..? ဘယ်လိုလုပ် ပြောင်းပြန်ဖြစ်ကုန်တာလဲ..?
သို့သော် လူငယ်လေး၏ရင်ခွင်က အလွန်နွေးထွေးပြီး ကိုယ်သင်းနံ့လည်း ကောင်းသည်။ ယခုလို ပွေ့ဖက်ခံလိုက်ရချိန်တွင် သူ၏စိတ်ထဲ ပိုပြီးနေရကောင်းလာတာကို ချန်ကျစ်ချူး ဝန်ခံမိသည်။ သို့နှင့် သူ၏မျက်နှာပေါ်မှ ဖခင်တစ်ဦး၏ဟန်ပန်ကို လွှင့်ပစ်လိုက်ပြီး နာနာခံခံဖြင့် လူငယ်လေး၏ရင်ခွင်ထဲ ခိုဝင်လိုက်တော့သည်။
အတော်ကြာအောင် ပွေ့ဖက်နေပြီးနောက် အပြင်ဘက်မှ ထူးထူးဆန်းဆန်းအသံတစ်ခု ကြားလိုက်ရ၏။ လူချောလေးက အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ၏ပုံစံက အသံ၏လားရာကို လုံးဝဂရုစိုက်ပုံမပေါ်ချေ။ သို့သော် ရင်ခွင်ထဲမှ ကလေးငယ်ကို အသာလွှတ်ပေးပြီး နူးညံ့ပျော့ပျောင်းစွာ ပြောသည်။
“လာ.. အပြင်ခေါ်သွားပေးမယ်..”
ချန်ကျစ်ချူးသည် အပြင်ဘက်တွင် ကျိုးလော့ချန်ရှိနေမည်စိုး၍ အနည်းငယ် တုံ့ဆိုင်းနေသည်။ လူငယ်က ထိုအခြင်းအရာကိုမြင်ပြီး ပြောလာသည်။ : “စိတ်မပူနဲ့.. သူမရှိဘူး.. သူနဲ့မတွေ့ပါဘူး..”
ထိုသို့ပြောပြီးနောက် ကောင်လေး ခြေဗလာဖြစ်နေတာကို သတိပြုမိသွားသည်။ အသားဖြူဖြူပေါ်တွင် ပွန်းပဲ့ရာတချို့ ရှိနေပြီး လက်ဖျားလေးများတွင်လည်း သွေးစွန်းနေသည်။ ထိုအခိုက် လူငယ်၏ မျက်ဝန်းနက်နက်ထဲတွင် ရေခဲလွှာတစ်ခု ဖြစ်တည်လာပြီး လူသတ်ငွေ့များ ထုတ်လွှတ်လာသည်။
သို့သော် သူ၏အပြုအမူက ညင်သာနေဆဲ။ ကလေးငယ် ဖိနပ်မစီးထားတာကို မြင်လိုက်ရတော့ သူက ဒူးထောက်ပြီး လက်ဆန့်ကာ မင်းသမီးလေးလို ပွေ့ချီလိုက်သည်။ ပြီးနောက် အခန်းအပြင်သို့ ထွက်လာခဲ့သည်။
“!!!”
ချန်ကျစ်ချူးမှာ မသိစိတ်အရ လူငယ်၏လည်ပင်းကို ဖက်တွယ်လိုက်မိ၏။ မျက်နှာတစ်ပြင်လုံး နီရဲတက်လာပြီး အသံငယ်လေးဖြင့် ပြောလိုက်သည်။ : “မချီလည်း ရပါတယ်.. သား(ငါ့)ဘာသာ လမ်းလျှောက်နိုင်ပါတယ်..”
မင်းသမီးလို ပွေ့ချီခံထားရတယ်..! ရှက်ဖို့ကောင်းလိုက်တာ..!
“မဟုတ်တာ.. ခြေဗလာနဲ့ လမ်းလျှောက်လို့မဖြစ်ဘူးလေ.. ဒီအတိုင်း ပွေ့ချီသွားပေးမယ်..” လူငယ်က ခေါင်းအသာငုံ့ပြီး ချန်ကျစ်ချူးကို ပြုံးပြလာသည်။ : “မင်းက ပေါ့ပေါ့လေးပဲ.. ကိုကြီး သယ်နိုင်ပါတယ်ကွ.. အောက်ပြုတ်မကျစေရဘူး..”
ဒါပေမဲ့ ပြုတ်ကျတာ၊ မပြုတ်ကျတာက ပြဿနာမဟုတ်ဘူးဟ..!
ချန်ကျစ်ချူးမှာ ပွေ့ချီခံရမည့်အစား လမ်းလျှောက်သွားချင်မိသည်။ သို့သော် ကံဆိုးစွာဖြင့် ပိုင်ရိ၏လက်မောင်းက အလွန်သန်မာပြီး သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ချီကာ အောက်ထပ်သို့ ဆင်းသွားလေသည်။
ပိုင်ရှီရှင်းက အောက်ထပ်ဆိုဖာပေါ်တွင် ထိုင်နေသည်။ ခြေသံကြားရသဖြင့် မော့ကြည့်လိုက်ချိန်တွင် အလွန်နူးညံ့ကြင်နာသော အမူအရာဖြင့် ကောင်လေးကို ဂရုတစိုက်ပွေ့ချီကာ လှေကားပေါ်မှဆင်းလာသော လူငယ်လေးကို မြင်လိုက်ရသည်။
သူ၏ဝမ်းကွဲသည် အမြဲတစေ အေးစက်တည်ငြိမ်ပြီး ယခုလိုမျက်နှာအမူအရာမျိုး လုံးဝမလုပ်ဖူးပေ။ သိုဖြစ်၍ ပိုင်ရှီရှင်းမှာ ဆိုဖာပေါ်ထိုင်နေရာမှ ခါးမတ်သွားပြီး အောက်ဆင်းလာသည့်နှစ်ယောက်ကို တစ္ဆေသရဲမြင်ရသလို ပြူးပြူးပြဲပြဲ ငေးကြည့်နေမိသည်။
ပိုင်ရှီရှင်းက မယုံကြည်နိုင်သလို ငေးကြည့်နေသဖြင့် ချန်ကျစ်ချူးမှာ အနည်းငယ် ရှက်ရွံ့သွားသည်။ သို့နှင့် ဘာမှအထွန့်မတက်နိုင်တော့ဘဲ လူငယ်လေး၏ရင်ခွင်ထဲ ခေါင်းအပ်ကာ ဘာမှမမြင်သလို ဟန်ဆောင်နေလိုက်တော့သည်။
“အစ်ကို.. မင်း….”
ပိုင်ရှီရှင်းက စိတ်ရှုပ်ထွေးစွာ ငေးကြည့်နေမိရင်း တစ်ခုခုပြောရန်ပြင်၏။ ထိုအခိုက် အပေါ်ထပ်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကြမ်းခင်ပေါ်သို့ တစ်ခုခုပြုတ်ကျသွားသလိုလို၊ ကြမ်းခင်းပေါ်တွင် ထိုင်ခုံကို တရွတ်တိုက်ဆွဲသွားသလိုလို အသံမျိုးပင်။
“ဘာကြီးလဲ..?”
ချန်ကျစ်ချူးမှာ ရင်ထိတ်သွားပြီး ပိုင်ရိအား မော့ကြည့်ကာ ခပ်တိုးတိုးမေးသည်။ : “အဲတာ….. သား(ငါ့)ကို ဖမ်းခဲ့တဲ့လူလား..?”
ကျိုးလော့ချန်ကို ဒုတိယထပ်မှာ မတွေ့ခဲ့ရဘူး။ ဒီအသံက အဲ့လူယုတ်မာဆီကလား..? ပိုင်ရိက သူ့ကို ကြိုးချည်ထားတာလား..?
“စိတ်မပူနဲ့နော်..”
လူငယ်လေးက ချန်ကျစ်ချူးကို ဆိုဖာပေါ်တင်ပေးပြီး နူးညံ့စွာ ပြုံးပြလာသည်။ ပြီးနောက် ပိုင်ရှီရှင်းကို တစ်ချက်လှည့်ကြည့်လိုက်သည်။
ပိုင်ရှီရှင်းသည် ထိုအကြည့်၏အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်လိုက်၏။ သူက ချက်ချင်း ပြန်ပြောသည်။ : “ဘာမှစိတ်မပူနဲ့.. ငါ သွားကြည့်လိုက်မယ်..” ထိုသို့ပြောပြီးနောက် ဒုတိယထပ်သို့ ပြေးတက်သွားပြီး အခန်းတစ်ခုထဲ ဝင်သွားသည်။ ချက်ချင်းဆိုသလို ထူးဆန်းသည့်အသံလည်း ပျောက်ကွယ်သွားလေသည်။
“မင်းရဲ့မိသားစုနဲ့ ဆက်သွယ်ထားပြီးပြီ.. သူတို့ မကြာခင် ရောက်လာလိမ့်မယ်.. စိတ်အေးအေးထားပြီး စောင့်နေနော်..”
လူငယ်လေးက ထိုသို့ပြောကာ ပြုံးလိုက်ရင်း ချန်ကျစ်ချူး၏ခေါင်းကို ပွတ်သပ်ပေးသည်။ : “ပင်ပန်းနေပြီလား..? ခဏလောက် အိပ်မလား..?”
ချန်ကျစ်ချူးက ခေါင်းယမ်းလိုက်သည်။ ဘယ်အချိန် ဂိမ်းပြီးသွားမလဲမသိသဖြင့် အဘယ်သို့ အိပ်ပျော်နိုင်မည်နည်း။
သို့သော် လူငယ်လေး၏လက်တွင် မှော်အစွမ်းရှိနေသလား ထင်ရ၏။ သိပ်မကြာခင်မှာပင် အိပ်ငိုက်လာသဖြင့် လူငယ်လေး၏ ပေါင်ပေါ် လှဲအိပ်လိုက်သည်။ လူငယ်လေးက သူ့ကို ခပ်ဖွဖွပုတ်ပေးနေသလို သူလည်း မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။
***
ချန်ကျစ်ချူး မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် မူလဗီလာကြီးထဲ ပြန်ရောက်နေကြောင်း တွေ့လိုက်ရသည်။ အပြင်ဘက်တွင် ညအမှောင်သမ်းနေချေပြီ။ အခန်းထဲတွင်လည်း ဘာကိုမှမမြင်ရဘဲ သွေးညှီနံ့များသာ ပျံ့လွင့်နေသည်။
သရဲက သူ့ကို ပန်းချီကားအပြင်ဘက် ပြန်ပို့ပေးလိုက်ပြီလား..?
ချန်ကျစ်ချူးသည် တစ်ခဏကြောင်အမ်းနေပြီးမှ သရဲ စကားတည်ကြောင်း သဘောပေါက်လိုက်သဖြင့် စိုးရိမ်စိတ်ကို လျော့ချကာ သက်ပြင်းချနိုင်ခဲ့သည်။
သို့နှင့် နံရံအတိုင်း စမ်းတဝါးဝါးလျှောက်သွားရင်း မီးဖွင့်လိုက်သည်။ အရာအားလုံး ပြောင်းလဲမှုမရှိသလို ထင်ရပါသော်ငြား အနောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် နံရံပေါ်မှ ပုံတူပန်းချီကားသည် ပျောက်ကွယ်သွားပြီး ပစ္စည်းတစ်ခုခုကို အကြာကြီး ချိတ်ဆွဲထားသလိုမျိုး အဖြူရောင်အကွက်တစ်ခုသာ ကျန်ရစ်ခဲ့သဖြင့် အံ့ဩသွားရသည်။
“……….”
ကလေးသရဲများစွာသည် သူ့ကို ခုတင်အနောက်မှ လှမ်းကြည့်နေလေ၏။ အသံတိတ်လေး ချောင်းကြည့်နေကြသော်လည်း သူနှင့် အကြည့်ချင်းစုံချိန်တွင် ချက်ချင်း ဇက်ပုသွားပြီး သိချင်စိတ်ပြင်းပြသည့် မျက်လုံးလေးများသာ ပေါ်တော့သည်။
ထိုကလေးငယ်များ၏ အဖြစ်ဆိုးကို တွေးမိလိုက်တော့ ချန်ကျစ်ချူးမှာ စိတ်မကောင်းဖြစ်သွားရသည်။ ထို့ကြောင့် အားတင်းကာ ပြုံးလိုက်ရင်း သူတို့ကို လက်ယမ်းပြလိုက်သည်။ ထိုအခြင်းအရာကိုမြင်တော့ သရဲလေးများသည် မျက်လုံးတောက်ပလာပြီး ချန်ကျစ်ချူးအနားကို လာချင်ဟန်ဖြင့် ခေါင်းပြန်ထွက်လာသည်။
[ နောက်ပြန်ဆုတ် ]
သို့သော် ကြမ်းပြင်ပေါ်တွင် သွေးစာလုံးများ ရုတ်တရက် ပေါ်လာသဖြင့် သရဲလေးများမှာ ကြောက်လန့်သွားပြီး နံရံကိုဖြတ်ကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ချက်ချင်းဆိုသလို အခန်းတစ်ခုလုံး ဗလာကျင်းသွားသည်။
[ ဂိမ်းဆော့တာ မင်းနိုင်သွားပြီ.. ]
[ သဘောတူထားတဲ့အတိုင်း ဒီနေရာကနေ ထွက်သွားလို့ရပြီ.. ]
“ငါတို့ကို တကယ်သွားခွင့်ပြုတာလား..?”
သွေးစာလုံးများကိုဖတ်ရင်း ချန်ကျစ်ချူး၏စိတ်ထဲ သံသယဝင်လာသည်။ ‘ငါ မင်းကို ချစ်တယ်’ ဟူသည့်စာသားများ တစ်ခန်းလုံး ပြည့်နှက်သွားသည့်အချိန်ကို မှတ်မိနေသေး၏။ ထိုစာလုံးများထဲတွင် ရူးသွပ်စွဲလမ်းစိတ်တို့ ပြည့်နှက်နေသော်ငြား ယခုတော့ သရဲက သူ,မဟုတ်သလို တည်တည်ငြိမ်ငြိမ်ဖြင့် သွားခွင့်ပြုနေသည်။
တစ်ခုခုကြံနေတာများလား..?
ချန်ကျစ်ချူးမှာ စိတ်မချနိုင်သေးသဖြင့် ထိုအခန်းထဲတွင် ရပ်စောင့်နေသော်လည်း သွေးစာလုံးများက ထပ်ပြီးပေါ်မလာတော့ချေ။
အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းပြင်ပေါ် လဲလျောင်းနေသည့် အလောင်းရှိနေသေး၍သာ သရဲပေါ်လာခြင်းက သူ၏စိတ်ကူးယဉ်သပ်သပ်မဟုတ်ကြောင်း သက်သေပြနေသည်။ သို့သော် သရဲက ချန်ကျစ်ချူးနှင့် မဆက်သွယ်ချင်တော့သလို လုံးဝငြိမ်ကျသွားသည်။
လောလောဆယ်တော့ စီနီယာပိုင်နှင့် တခြားလူများကို အရင်သွားရှာမှဖြစ်မည်။
သရဲက တခြားလူများကို အခန်းတစ်ခုထဲတွင် ပိတ်ထားကြောင်း ပြောခဲ့ဖူးတာကို ချန်ကျစ်ချူး သတိရသွားသည်။ အခန်းတစ်ခုချင်းစီကို လိုက်ရှာပြီးနောက် စာကြည့်ခန်းထဲတွင် ဒဏ်ရာရထားသော ရှောင်လျိုနှင့် တခြားဝန်ထမ်းနှစ်ဦးကို ရှာတွေ့ခဲ့သည်။
ထိုသုံးယောက်သည် ထူးဆန်းသည့် ဖြစ်ရပ်များစွာ ကြုံတွေ့ခဲ့ရပြီးနောက် သရဲပေါ်လာမှာကို ကြောက်ရွံ့နေကြလေ၏။ သို့နှင့် ချန်ကျစ်ချူးပေါ်လာပြီး အပြင်ထွက်နိုင်ပြီဖြစ်ကြောင်း ပြောလာသောအခါ သူတို့၏စိတ်ထဲတွင် ချန်ကျစ်ချူးအား ဗီလာထဲရှိ မကောင်းဆိုးဝါးဝိဉာဉ်ကို နှိမ်နင်းပြီး သူတို့ကိုကယ်တင်ရန် ရောက်လာသည့် အလွန်အစွမ်းထက်သော ပယောဂဆရာဟူ၍ ထင်မှတ်သွားသည်။
“ဆရာချန်.. ကျေးဇူးတင်ပါတယ်.. ကျေးဇူးအများကြီးတင်ပါတယ်..”
သေခြင်းတရားမှ လွတ်မြောက်လာသည့် ပျော်ရွှင်မှုကြောင့် ထိုလူသုံးဦးမှာ ဆို့နင့်နေလေပြီး ချန်ကျစ်ချူးကို လက်ဆွဲကာ ‘ဆရာချန်’ ဟူ၍ ခေါ်ဝေါ်ကြတော့သည်။ ချန်ကျစ်ချူးလည်း အနည်းငယ် ရှက်အမ်းအမ်းဖြစ်သွားပြီး သူက ပယောဂဆရာမဟုတ်ကြောင်း ရှင်းပြရန် ကြိုးစားခဲ့သော်လည်း ထိုသုံးယောက်က ယုံကြည်ပုံမရချေ။
“ခင်ဗျားတို့ သွားလို့ရပြီ.. အောက်ထပ်ရောက်ရင် ကျီယွင်ရှောင်နဲ့ စီနီယာပိုင်ကိုလည်း အရင်သွားနှင့်လို့ ပြောပေးပါနော်..”
အခေါ်အဝေါ်ပြောင်းရန် စိတ်ကူးရှိပုံမရသော လူသုံးယောက်ကိုကြည့်ပြီး ချန်ကျစ်ချူးလည်း စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဆရာ မပြန်သေးဘူးလား..?” ကင်မရာမန်းက အံ့အားသင့်သွားဟန်ဖြင့်.. “ကျွန်တော်တို့နဲ့ ဘာလို့ပြန်မလိုက်တာလဲ..?”
“လုပ်စရာလေး ရှိသေးလို့..” ချန်ကျစ်ချူးက မရေမရာ ပြောလိုက်သည်။ “… အမ်း.. ဝိဉာဉ်တွေကို ဘဝကူးလို့ရအောင် ကူညီပေးတာမျိုးလေ..”
“ဝိဉာဉ်တွေကို ဘဝကူးပေးတာ…. ဆရာက အရမ်းစိတ်ထားကောင်းတာပဲ..! အဲတာကို ဆရာသခင်မဟုတ်ဘူးလို့ ပြောနေသေးတယ်..!”
ထိုသုံးယောက်က ချန်ကျစ်ချူးကို အလွန်လေးစားဟန်ဖြင့် စိုက်ကြည့်လာသည်။ အလွန်အံ့ဩဖွယ်ကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာသလို သူတို့၏မျက်လုံးထဲတွင် ရိုသေလေးစားခြင်းများဖြင့် ပြည့်နှက်နေတော့သည်။
“………..”
ချန်ကျစ်ချူး၏ မျက်နှာအမူအရာက ပြောင်းလဲမှုမရှိသော်လည်း စိတ်ထဲတွင် အတော်လေး ရှက်ရွံ့လာသဖြင့် တွင်းတူးပြီးသာ ပုန်းနေချင်တော့သည်။
ဘာကို ဘဝကူးပေးမှာလဲ..? သူက သရဲကိုသွားရှာပြီး နမ်းရမှာလေ..!
ဒါပေမဲ့ နမ်းတယ်ဆိုတဲ့စကားက သရဲကို ဘဝကူးပေးတာထက် ပိုလန့်စရာကောင်းတယ်..!
သုံးယောက်သား ချန်ကျစ်ချူးကို ကျေးဇူးအထပ်ထပ်တင်နေပြီး ပိုင်ရှီရှင်းနှင့် တခြားလူများကိုခေါ်ကာ ဤဗီလာကြီးထဲမှ အတူထွက်သွားမည်ဖြစ်ကြောင်း ကတိပေးသွားသည်။
တစ်ခဏကြာပြီးနောက် အောက်ထပ်မှ အသံဗလံများ ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ လမ်းလျှောက်နေသံများ၊ အိမ်ရှေ့တံခါးဖွင့်ပြီး ပြန်ပိတ်သံပါ ကြားလိုက်ရသည်။ ချန်ကျစ်ချူးသည် လှေကားထိပ်တွင် မတ်တပ်ရပ်ပြီး လူတိုင်း ဗီလာထဲမှ အန္တရာယ်ကင်းကင်း ထွက်သွားနိုင်သလားဆိုတာ အတည်ပြုလိုက်သည်။
ယခုတော့ ဤနေရာတွင် သူတစ်ဦးတည်း ကျန်ရစ်ခဲ့တော့သည်။
ချန်ကျစ်ချူးက သက်ပြင်းရှိုက်လိုက်၏။ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ယခင်ထက်စာလျှင် တော်သေးသည်။ တစ်ဖက်လူက သရဲဖြစ်သော်လည်း ကျိုးလော့ချန်လောက် ကြောက်စရာမကောင်းပေ။
ယခုတော့ ချန်ကျစ်ချူး၏စိတ်ထဲတွင် ထိုသရဲဟာ ကျိုးလော့ချန်မဟုတ်ကြောင်း သေချာသွားပြီဖြစ်သည်။ ကလေးသရဲများက ထိုသရဲကို ကြောက်သော်လည်း မုန်းတီးစိတ်နှင့် နာကျည်းစိတ်တို့ ရှိဟန်မပေါ်။ ဤအခြေအနေက မတရားသေဆုံးခဲ့ရသည့် ကလေးတစ်ယောက် လူသတ်သမားပေါ် ပြုမူဆက်ဆံတတ်သည့် ပုံစံမျိုးမဟုတ်ပေ။
ထို့အပြင် သရဲက သူ့ကို ချစ်ကြောင်းပြောသော်လည်း ကျိုးလော့ချန်ကတော့ ထိုသို့မဟုတ်။ သူက လူသတ်ချင်စိတ်ပြင်းပြသည့် အရူးတစ်ယောက်သာ။
ကျိုးလော့ချန် မဟုတ်ဘူးဆိုတော့ သရဲက ဘယ်သူလဲ..? ကျိုးလော့ချန်သတ်ခဲ့တဲ့ ကလေးတစ်ယောက်များလား..?
ပိုင်ရိနဲ့ စီနီယာပိုင်က အသက်ရှင်နေသေးလို့သာပေါ့။ မဟုတ်ရင် သူတို့နှစ်ယောက်ထဲက တစ်ယောက်လို့ ထင်မိမှာ..!
ချန်ကျစ်ချူးသည် အတော်ကြာအောင် စဉ်းစားကြည့်သော်လည်း သရဲဖြစ်နိုင်ခြေရှိသူကို ရှာမတွေ့ချေ။ သူ၏ အဓိကတာဝန်က ဗီလာထဲမှ အောင်အောင်မြင်မြင် ထွက်ခွာရန်နှင့် Boss ကိုနမ်းရန်သာ ဖြစ်ပြီး သရဲအကြောင်း အသေးစိတ်ရှာဖွေရန် မပါ၍သာ ကံကောင်းသွားသည်။
နေစမ်းပါဦး..! System က သူ့ကို Reality Instance နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဝင်တိုးမိတာလို့ ပြောခဲ့သလားလို့.? အဲတာကို ဘယ်လိုဖြစ်လို့ Boss ရဲ့ဓာတ်ပုံကို စုဆောင်းဖို့ လိုအပ်နေသေးတာလဲ..? ဧကန္တ ဒါက တိုက်ဆိုင်မှုမဟုတ်ဘဲ အစကတည်းက ဒီ Reality Instance မှာပါဝင်ဖို့ ကံကြမ္မာပါနေပြီးသားလား..?
[ သတိထားမိသွားပြီပဲ.. ]
အတော်ကြာအောင် ပျောက်နေသည့် System က ရုတ်တရက် အသံထွက်လာသည်။ : [ Player တွေအတွက် Reality Instance ထဲ ရောက်နိုင်ခြေ အရမ်းနည်းပေမယ့် မင်းကတော့ မတူဘူး။ ဟုတ်တယ်။ Boss ရဲ့ဓာတ်ပုံကို စုဆောင်းဖို့ မင်းဝင်ရမယ့် Reality Instance တွေ တစ်ခုထက်မက ရှိနေသေးတယ်.. ]
ချန်ကျစ်ချူးခမျာ မျက်နှာပျက်ယွင်းသွားသည်။ : [ ဘာလို့ စောစောကကြိုမပြောတာလဲ..?! ]
အနည်းဆုံးတော့ ကြိုပြီး စိတ်ပြင်ဆင်ထားလို့ရတာပေါ့..!
[ ဟေး.. ငါလည်း အဲ့လိုမဖြစ်ချင်ပါဘူး။ မင်းအတွက် Boss ရဲ့ဓာတ်ပုံကို စုဆောင်းဖို့ Reality Instance တွေ ဝင်ဖို့လိုတယ်ဆိုတာ ငါလည်း သေချာမသိခဲ့ဘူး။ ငါသိတာက Reality Instance တစ်ခုရှိလာပြီဆိုရင် နောက်ထပ်အများကြီး ထပ်ရှိနိုင်သေးတယ် ဆိုတာပဲ.. အရေအတွက်တိတိကျကျတော့ မသိဘူး.. ]
System က တတွတ်တွတ် ဆက်ပြောသည်။ : [ ထားပါတော့။ မင်းတတ်နိုင်သလောက်သာ ဆက်လုပ်တော့။ ဘာပဲပြောပြော Boss ရဲ့ဓာတ်ပုံကို စုဆောင်းရမှာပဲလေ။ အဲ့တော့ ဘယ် Instance ဖြစ်ဖြစ် အရေးမကြီးပါဘူး.. ]
အရေးကြီးတယ်ကွ..!!!
ချန်ကျစ်ချူးမှာ အသံတိတ် ဆဲရေးလိုက်မိ၏။ လက်တွေ့ဘဝထဲ ပြန်ရောက်သည့်တိုင် မငြိမ်းချမ်းနိုင်သေးသည့် သူ၏ဘဝကိုတွေးရင်း အနာဂတ်က မှောင်မိုက်လာသလို ခံစားလိုက်ရသည်။ ကျင်းတူးပြီးသာ ကိုယ့်ကိုယ်ကို မြေမြှုပ်ပစ်ချင်တော့သည်။
သို့သော် အတွေးသပ်သပ်သာ၊ တကယ်တော့ သူလည်း မသေချင်သေးပေ။ ယခုလောလောဆယ် ဤ Instance ကို ရှင်းလင်းရမည့်ကိစ္စက ပိုပြီးအရေးကြီးသည်။
[ ဘာလို့မသွားသေးတာလဲ..? ]
ချန်ကျစ်ချူးသည် System နှင့်ဆက်သွယ်နေချိန်တွင် အသံထွက်ပြီးစကားပြောရန် မလိုအပ်ချေ။ ထို့ကြောင့် အပြင်လူအမြင်တွင် မတ်တပ်ရပ်ပြီး ငေးငိုင်နေသလို ထင်ရသည်။ သူက အတော်ကြာအောင် သည်အတိုင်း မတ်တပ်ရပ်နေသဖြင့် နံရံပေါ်တွင် သွေးစာလုံးများ ထပ်ပေါ်လာပြီး စကားသံထဲတွင် အေးစက်ရိပ်တချို့ ထင်ဟပ်နေသည်။
“မင်းကို တွေ့ချင်တယ်..”
သွေးစာလုံးများ ပေါ်လာသဖြင့် ချန်ကျစ်ချူးက ပြောလိုက်သည်။ : “မင်းရဲ့မျက်နှာကို တွေ့ခွင့်ပေးပါ..”
သွေးစာလုံးက ပြောင်းလဲခြင်းမရှိသလို မှိန်ဖျော့မသွားပေ။ သရဲက အနည်းငယ် အံ့ဩသွားပုံပေါ်သည်။
“မင်း ငါ့ကို ချစ်တယ်လို့ ပြောခဲ့တယ်မလား..? ငယ်ငယ်လေးထဲက ရည်းစားစကားအပြောမခံရဖူးတော့ ငါလည်း စိတ်လှုပ်ရှားမိတယ်..” ချန်ကျစ်ချူးက ပေါက်ကရ လျှောက်ပြောပစ်လိုက်သည်။ : “အဲတာကြောင့် ထွက်မသွားခင် မင်းနဲ့တွေ့ဖူးချင်တယ်..”
ဤတစ်ကြိမ်တော့ သရဲက တုံ့ပြန်လာသည်။
[ ငါ မင်းကို မတွေ့ချင်ဘူး.. မြန်မြန်ထွက်သွားတော့.. ]
“ငါ့ကိုချစ်တယ်လို့ မင်းပဲ ပြောခဲ့တာလေ.. ဘာလို့မောင်းထုတ်နေတာလဲ..?”
သရဲက မတွေ့ချင်ကြောင်း ပြောလာသဖြင့် ချန်ကျစ်ချူးမှာ အနည်းငယ် စိတ်လောသွားပြီး ဘာမှမစဉ်းစားဘဲ အော်ပြောလိုက်သည်။ : “မင်း ငါ့ကိုချစ်ရင် ထွက်လာခဲ့.. မထွက်လာရင် တကယ်မချစ်လို့ပဲ..!”
နံရံပေါ်မှ သွေးစာလုံးများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။
ချန်ကျစ်ချူးက အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း သရဲကို မမြင်ရသေးပေ။
“………”
သူ၏စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။
…. သူ သရဲကို ခြောက်လှန့်လိုက်မိပြီထင်တယ်..?!
***
ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 43)
အဖြစ်အပျက်တွေအများကြီး ကြုံတွေ့ခဲ့ရလို့ထင်တယ်၊ ဗီလာကနေ သူ့မိဘတွေ လာခေါ်သွားပြီးနောက်မှာ ကျစ်ချူး အသည်းအသန် ဖျားခဲ့တယ်။ ပြန်သတိရလာတော့ C မြို့မှာ ဖြစ်ပျက်ခဲ့သမျှကို မေ့သွားတယ်။ ငါ့ကိုရော၊ ဟိုလူကိုရော မမှတ်မိတော့ဘူး။
ကောင်းတော့လည်း ကောင်းပါတယ်..
အဲ့အကြောင်းတွေကို မေ့ပစ်လိုက်တာ သူ့အတွက် အကောင်းဆုံးပဲ။
***
ပိုင်ရှီရှင်း၏ ဒိုင်ယာရီမှတ်တမ်း (ကောက်နုတ်ချက်)
ချန်ကျစ်ချူးဆိုတဲ့ကလေးက ကျိုးလော့ချန် သူ့ကို ပြန်ပေးဆွဲခဲ့တဲ့ကိစ္စကို မမှတ်မိတော့ဘူး။ ဒါလည်း ကောင်းတာပဲ။
ဒါပေမဲ့ ချန်ကျစ်ချူး ဘာမှမမှတ်မိတော့ဘူးဆိုတာကို ငါ့ဝမ်းကွဲ သိသွားတော့ တစ်လလောက် စိတ်ဓာတ်ကျသွားတယ်။
အစကနေ ပြန်စလို့ရတယ်၊ ကျစ်ချူးနဲ့ သိကျွမ်းခွင့်ရအောင် ထပ်လုပ်လို့ရတယ်လို့ ငါလည်း သူ့ကိုပြောပါတယ်။ ဒါပေမဲ့ ငါ့ဝမ်းကွဲက တုတ်တုတ်မလှုပ်သေးဘူး။ ငါ ခန့်မှန်းကြည့်ရသလောက် သူ ကြောက်နေတာထင်တယ်။
ကျိုးလော့ချန်ကိုတောင် သတ်ခဲ့တဲ့လူက ချန်ကျစ်ချူးနဲ့ သွားတွေ့ဖို့ ကြောက်နေသတဲ့။
… ဘာပြောရမှန်းတောင် မသိတော့ဘူး။
……………………………….
Zawgyi
အပိုင္း - (၄၃) : Horror Variety (8)
တံခါးဖြင့္သံကို ၾကားလိုက္ရခ်ိန္ ခ်န္က်စ္ခ်ဴးမွာ အလြန္ထိတ္လန႔္သြားၿပီး က်ိဳးေလာ့ခ်န္ ျပန္ေရာက္လာၿပီအထင္ျဖင့္ ဗီ႐ိုတစ္ခုထဲ ဝင္ပုန္းရန္ ႀကိဳးစားခဲ့သည္။ သို႔ေသာ္ စိတ္ေလ်ာ့လိုက္ခ်ိန္တြင္ ေျခလက္မ်ားက အားကုန္သလို ေပ်ာ့ေခြသြားသျဖင့္ တံခါးပြင့္လာသည့္တိုင္ ဗီ႐ိုထဲ မဝင္ႏိုင္ေသးေပ။
“ကြၽီ….”
တံခါးပြင့္သံႏွင့္အတူ အျပင္ဘက္မွလူ၏ မ်က္ႏွာအမွန္ကို ထုတ္ေဖာ္ျပလာသည္။ ခ်န္က်စ္ခ်ဴးမွာ ဗီ႐ိုကို ေက်ာေပးရင္း အသက္ရႉေအာင့္ထားမိၿပီး ႏွလုံးခုန္ရပ္လုမတတ္ ျဖစ္သြားရ၏။ ၿပီးမွ က်ိဳးေလာ့ခ်န္မဟုတ္ေၾကာင္း သတိျပဳမိသြားသည္။
တံခါးဝတြင္ အရပ္ရွည္ၿပီး ႐ုပ္ေခ်ာေသာ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ဦး ေပၚလာသည္။ သူက အခန္းထဲကို ေဝ့ၾကည့္လိုက္ခ်ိန္တြင္ အခန္းေထာင့္၌ အတုန္တုန္အယင္ယင္ျဖင့္ ပုန္းေအာင္းရန္ ႀကိဳးစားေနရွာေသာ ခ်န္က်စ္ခ်ဴးကို ျမင္သြားသည္။ ဆယ္ေက်ာ္သက္ေလး၏ မ်က္ဝန္းအိမ္က က်ဥ္းေျမာင္းသြားၿပီး သူ႔အလိုလို ေရွ႕တစ္လွမ္းတိုးမိသြားသည္။
ဒါက အသက္ငယ္ေသးတဲ့ ပိုင္ရိလား..?
ခ်န္က်စ္ခ်ဴးသည္ ထိုလူငယ္ေလးကို မွတ္မိသြားသျဖင့္ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္ရင္း ၾကမ္းျပင္ေပၚသို႔ ပုံလဲက်သြားသည္။ ၿပီးေနာက္ ရင္ဘတ္ဖိကာ အသက္လုရႉေနေတာ့သည္။
ဟိုလူယုတ္မာမဟုတ္လို႔ ေတာ္ေသးတယ္..!
ဂိမ္းၿပီးသြားသည့္တိုင္ ခ်န္က်စ္ခ်ဴးမွာ က်ိဳးေလာ့ခ်န္ ေဆာင္ယူလာသည့္ အေၾကာက္တရားထဲမွ ႐ုန္းမထြက္ႏိုင္ေသး။ ထိုလူကို ထပ္ျမင္ရမွာ ေၾကာက္ေနမိသည္။
ဒါနဲ႔ သူ ဘာလို႔ ပန္းခ်ီကားအျပင္ကို ျပန္မေရာက္ေသးတာလဲ။ သရဲက ကတိမတည္ေတာ့ဘူးလို႔ လာမေျပာနဲ႔ေနာ္..!
ခ်န္က်စ္ခ်ဴး၏စိတ္ထဲ လွည့္စားခံလိုက္ရသလို ခံစားလာရ၏။ အေတာ္ၾကာသည္အထိ ေသြးစာလုံးက ထပ္မေပၚလာေပ။ ထိုအစား ဆယ္ေက်ာ္သက္ေလးက သူ႔အနားကို ျဖည္းညင္းစြာ ေလွ်ာက္လာသည္။ ၿပီးေနာက္ ဒူးေထာက္ကာ ခံစားခ်က္မ်ားစြာ ျပည့္ႏွက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ သူ႔ကို ေငးၾကည့္လာသည္။
ပိုင္ရိက ခ်န္က်စ္ခ်ဴး၏ ပါးျပင္ကို အသာထိေတြ႕လိုက္သည္။
“………”
ခ်န္က်စ္ခ်ဴးက အမႈမဲ့အမွတ္မဲ့ ေနာက္ဆုတ္လိုက္သျဖင့္ ဆယ္ေက်ာ္သက္ေလးသည္ ခ်က္ခ်င္း လက္ျပန္႐ုတ္သြားၿပီး ခ်န္က်စ္ခ်ဴးကို ထပ္မထိရဲေတာ့ေပ။
သူ၏မ်က္ဝန္းထဲမွ ေအးစက္ေမွာင္မိုက္ျခင္းမ်ား လြင့္ျပယ္သြားၿပီး ခ်န္က်စ္ခ်ဴးအား အလွမ္းေဝးၿပီး ထိခိုက္ပ်က္စီးလြယ္သည့္ အိပ္မက္ေလးပမာ ႏူးညံ့ၾကင္နာစြာ ေငးၾကည့္ေနသည္။ ခ်န္က်စ္ခ်ဴး ေပ်ာက္ကြယ္သြားမွာကို စိုးထိတ္ေနသည့္အလား သူ၏အၾကည့္က အလြန္သတိထားၿပီး ႏူးညံ့ေနေတာ့သည္။
“……. ေတာင္းပန္ပါတယ္..”
ဆယ္ေက်ာ္သက္ေလးက မ်က္လႊာခ်လိုက္သည္။ သူ၏အသံက အက္ရွကာ အတန္ငယ္ တုန္ယင္ေနေလသည္။
“ငါ့အမွားပါ..”
“ငါ့ေၾကာင့္ မင္း ဒီကို ေရာက္လာရတာ..”
“တကယ္ ေတာင္းပန္ပါတယ္..”
ခ်န္က်စ္ခ်ဴးမွာ ေၾကာင္အမ္းသြားရသည္။ တစ္ခဏၾကာၿပီးမွ ဆယ္ေက်ာ္သက္ေလး၏ စကားကို သေဘာေပါက္လာ၏။ သူဆြဲခဲ့သည့္ ပန္းခ်ီကားေၾကာင့္၊ က်ိဳးေလာ့ခ်န္က ထိုပန္းခ်ီကားကိုျမင္ၿပီး ခ်န္က်စ္ခ်ဴးကို ျပန္ေပးဆြဲခဲ့သည္ဟု ဆိုလိုေနျခင္းပင္။
သို႔ေသာ္ အဘယ္သို႔ ပိုင္ရိကို အျပစ္တင္ႏိုင္မည္နည္း။ ဆရာတစ္ေယာက္က ဤသို႔႐ြံမုန္းဖြယ္ လူယုတ္မာေကာင္ျဖစ္ေနမည္ဟု မည္သူႀကိဳသိႏိုင္မည္နည္း။ ယခုလည္း ပိုင္ရိက သူ႔ကိုကယ္တင္ရန္ အႏၲရာယ္ထဲ တိုးဝင္လာပုံေပၚသည္။
အ႐ြယ္ေရာက္ၿပီးသား ပိုင္ရိက သူ၏သူငယ္ခ်င္းေကာင္းျဖစ္ေနတာကို အသာထား၊ မရင္းႏွီးသည့္ ကေလးတစ္ေယာက္ျဖစ္ေနလွ်င္ပင္ တစ္ဖက္လူကို အျပစ္တင္မည္မဟုတ္ေပ။
“ရပါတယ္.. သား ကိုႀကီးကို (ငါ မင္းကို) အျပစ္မတင္ပါဘူး.. ၿပီးေတာ့ လာကယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္..”
လူငယ္ေလး၏ မ်က္ႏွာလွလွေလးေပၚမွ ေနာင္တအရိပ္အေယာင္ကို ျမင္လိုက္ရေတာ့ ခ်န္က်စ္ခ်ဴး၏ရင္ထဲ စိတ္မေကာင္း ျဖစ္သြားသည္။ သို႔ႏွင့္ မေနႏိုင္ေအာင္ ႏွစ္သိမ့္ေပးမိရင္း လက္ကိုဆန႔္ကာ တစ္ဖက္လူ၏ဦးေခါင္းကို ပြတ္သပ္မိသည္အထိ။ ပိုင္ရိ၏ဆံပင္က ပြတ္လို႔ေကာင္းသျဖင့္ အႀကိမ္အနည္းငယ္ခန႔္ မထိန္းႏိုင္ေအာင္ ဆက္ပြတ္ေနမိသည္။
ပိုင္ရိအငယ္ေလးက အလြန္ခ်စ္စရာေကာင္းသည္။ ဤမွ်အက်င့္စ႐ိုက္ေကာင္းၿပီး ေခ်ာေမာလြန္းသည့္ ကေလးတစ္ဦးကို မည္သူကမ်ား စိတ္ဆိုးႏိုင္မည္နည္း။
ဦးေခါင္းေပၚမွ အထိအေတြ႕ေၾကာင့္ ဆယ္ေက်ာ္သက္ေလးက ဆတ္ခနဲ ေမာ့ၾကည့္လာ၏။ သူ၏မ်က္ဝန္းက အတန္ငယ္ ျပဴးက်ယ္ေနၿပီး အေတာ္ေလး အံ့အားသင့္သြားဟန္။ တစ္ဖက္လူက သူ႔ကို စိတ္မဆိုးသည့္အျပင္ ႏွစ္သိမ့္ေပးလာသည့္အတြက္ မယုံၾကည္ႏိုင္ျဖစ္ေနပုံေပၚသည္။
ခ်န္က်စ္ခ်ဴး၏စိတ္ထဲ အနည္းငယ္ ဘဝင္ခိုက္သြားသည္။ မည္သို႔ဆိုေစ ယေန႔မတိုင္ခင္အထိ ပိုင္ရိက သူ၏ဦးေခါင္းကို ပြတ္သတ္ေပးခဲ့သည္ခ်ည္း။ သူ႔ဘက္က ျပန္ၿပီးပြတ္သပ္ရန္ အခြင့္အေရးမရခဲ့ေပ။ ယခုေတာ့ ပိုင္ရိအငယ္ေလးက သူေခါင္းပြတ္ေပးတာကို အေတာ္ေလး သေဘာက်ပုံရသည္။
ခ်န္က်စ္ခ်ဴးတစ္ေယာက္ သူ၏လက္ရွိအေျခအေနက ပိုင္ရိထက္ငယ္ေသာ ကေလးဆိုတာကို လုံးဝေမ့သြားေလသည္။ ေမတၱာႀကီးမားသည့္ ဖခင္တစ္ဦးပမာ ၿပဳံးလိုက္ရင္း လူငယ္ေလးကို ရင္ခြင္ထဲေပြ႕ဖက္ကာ စိတ္ဓာတ္ခြန္အားေပးရန္၊ ႏွစ္သိမ့္ေပးရန္ ရည္႐ြယ္ခ်က္တို႔ျဖင့္ လက္ႏွစ္ဖက္ကို ျဖန႔္လိုက္သည္။
သို႔ေသာ္ ဆယ္ေက်ာ္သက္ေလး၏ ျမင္လႊာထဲတြင္ မ်က္ရည္လည္႐ႊဲျဖင့္ ေၾကာက္လန႔္တုန္ယင္ေနရွာေသာ၊ အရည္လဲ့ေနေသာ မ်က္ဝန္းဝိုင္းႀကီးမ်ားျဖင့္ ေပြ႕ဖက္ေပးရန္ ေတာင္းဆိုေနရွာေသာ ခ်စ္စဖြယ္ေကာင္ေလးကိုသာ ျမင္ေနရသည္။
“……….”
ခ်န္က်စ္ခ်ဴးက လူငယ္ေလးကို ေပြ႕ဖက္ေတာ့မည့္အခ်ိန္ သူ၏မ်က္စိေရွ႕မွ ျမင္ကြင္းတစ္ခုလုံး ေမွာင္အတိက်သြားၿပီး လူငယ္ေလးက သူ႔ကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လိုက္ေၾကာင္း ခံစားမိလိုက္၏။ ခႏၶာကိုယ္ႏွစ္ခုက ၾကားေလေသြးစရာမရွိေအာင္ ထပ္တူက်လ်က္၊ အက်ႌမွတဆင့္ ခႏၶာကိုယ္အေႏြးဓာတ္တို႔ ကူးလူးေနသည္။ ထို႔အျပင္ လက္တစ္ဖက္က သူ၏ေက်ာျပင္ကို ခပ္ဖြဖြေလး ပြတ္သပ္ေပးေနေလသည္။
“မေၾကာက္နဲ႔ေနာ္.. ဘာမွမျဖစ္ေတာ့ဘူး..”
ခ်န္က်စ္ခ်ဴးခမ်ာ လူငယ္ေလး၏ ရင္ခြင္ထဲတြင္ ေပြ႕ဖက္ခံလိုက္ရသည့္အျပင္ ေက်ာပုတ္ႏွစ္သိမ့္ေပးတာကိုပါ ခံလိုက္ရသျဖင့္ စကားမေျပာႏိုင္ေအာင္ ဆြံ႕အသြားရသည္။ ပါးစပ္ဖြင့္လိုက္၊ ျပန္ပိတ္လိုက္ျဖင့္ အသံပင္မထြက္ႏိုင္ဘဲ ေတာင့္တင္းေနေတာ့သည္။
မဟုတ္ေသးပါဘူး။ သူက ပိုင္ရိကို ေထြးေပြ႕ႏွစ္သိမ့္ေပးရမယ့္လူ မဟုတ္ဘူးလား..? ဘယ္လိုလုပ္ ေျပာင္းျပန္ျဖစ္ကုန္တာလဲ..?
သို႔ေသာ္ လူငယ္ေလး၏ရင္ခြင္က အလြန္ေႏြးေထြးၿပီး ကိုယ္သင္းနံ႔လည္း ေကာင္းသည္။ ယခုလို ေပြ႕ဖက္ခံလိုက္ရခ်ိန္တြင္ သူ၏စိတ္ထဲ ပိုၿပီးေနရေကာင္းလာတာကို ခ်န္က်စ္ခ်ဴး ဝန္ခံမိသည္။ သို႔ႏွင့္ သူ၏မ်က္ႏွာေပၚမွ ဖခင္တစ္ဦး၏ဟန္ပန္ကို လႊင့္ပစ္လိုက္ၿပီး နာနာခံခံျဖင့္ လူငယ္ေလး၏ရင္ခြင္ထဲ ခိုဝင္လိုက္ေတာ့သည္။
အေတာ္ၾကာေအာင္ ေပြ႕ဖက္ေနၿပီးေနာက္ အျပင္ဘက္မွ ထူးထူးဆန္းဆန္းအသံတစ္ခု ၾကားလိုက္ရ၏။ လူေခ်ာေလးက အျပင္ဘက္ကို လွည့္ၾကည့္လိုက္သည္။ သူ၏ပုံစံက အသံ၏လားရာကို လုံးဝဂ႐ုစိုက္ပုံမေပၚေခ်။ သို႔ေသာ္ ရင္ခြင္ထဲမွ ကေလးငယ္ကို အသာလႊတ္ေပးၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းစြာ ေျပာသည္။
“လာ.. အျပင္ေခၚသြားေပးမယ္..”
ခ်န္က်စ္ခ်ဴးသည္ အျပင္ဘက္တြင္ က်ိဳးေလာ့ခ်န္ရွိေနမည္စိုး၍ အနည္းငယ္ တုံ႔ဆိုင္းေနသည္။ လူငယ္က ထိုအျခင္းအရာကိုျမင္ၿပီး ေျပာလာသည္။ : “စိတ္မပူနဲ႔.. သူမရွိဘူး.. သူနဲ႔မေတြ႕ပါဘူး..”
ထိုသို႔ေျပာၿပီးေနာက္ ေကာင္ေလး ေျခဗလာျဖစ္ေနတာကို သတိျပဳမိသြားသည္။ အသားျဖဴျဖဴေပၚတြင္ ပြန္းပဲ့ရာတခ်ိဳ႕ ရွိေနၿပီး လက္ဖ်ားေလးမ်ားတြင္လည္း ေသြးစြန္းေနသည္။ ထိုအခိုက္ လူငယ္၏ မ်က္ဝန္းနက္နက္ထဲတြင္ ေရခဲလႊာတစ္ခု ျဖစ္တည္လာၿပီး လူသတ္ေငြ႕မ်ား ထုတ္လႊတ္လာသည္။
သို႔ေသာ္ သူ၏အျပဳအမူက ညင္သာေနဆဲ။ ကေလးငယ္ ဖိနပ္မစီးထားတာကို ျမင္လိုက္ရေတာ့ သူက ဒူးေထာက္ၿပီး လက္ဆန႔္ကာ မင္းသမီးေလးလို ေပြ႕ခ်ီလိုက္သည္။ ၿပီးေနာက္ အခန္းအျပင္သို႔ ထြက္လာခဲ့သည္။
“!!!”
ခ်န္က်စ္ခ်ဴးမွာ မသိစိတ္အရ လူငယ္၏လည္ပင္းကို ဖက္တြယ္လိုက္မိ၏။ မ်က္ႏွာတစ္ျပင္လုံး နီရဲတက္လာၿပီး အသံငယ္ေလးျဖင့္ ေျပာလိုက္သည္။ : “မခ်ီလည္း ရပါတယ္.. သား(ငါ့)ဘာသာ လမ္းေလွ်ာက္ႏိုင္ပါတယ္..”
မင္းသမီးလို ေပြ႕ခ်ီခံထားရတယ္..! ရွက္ဖို႔ေကာင္းလိုက္တာ..!
“မဟုတ္တာ.. ေျခဗလာနဲ႔ လမ္းေလွ်ာက္လို႔မျဖစ္ဘူးေလ.. ဒီအတိုင္း ေပြ႕ခ်ီသြားေပးမယ္..” လူငယ္က ေခါင္းအသာငုံ႔ၿပီး ခ်န္က်စ္ခ်ဴးကို ၿပဳံးျပလာသည္။ : “မင္းက ေပါ့ေပါ့ေလးပဲ.. ကိုႀကီး သယ္ႏိုင္ပါတယ္ကြ.. ေအာက္ျပဳတ္မက်ေစရဘူး..”
ဒါေပမဲ့ ျပဳတ္က်တာ၊ မျပဳတ္က်တာက ျပႆနာမဟုတ္ဘူးဟ..!
ခ်န္က်စ္ခ်ဴးမွာ ေပြ႕ခ်ီခံရမည့္အစား လမ္းေလွ်ာက္သြားခ်င္မိသည္။ သို႔ေသာ္ ကံဆိုးစြာျဖင့္ ပိုင္ရိ၏လက္ေမာင္းက အလြန္သန္မာၿပီး သူ႔ကို တင္းတင္းက်ပ္က်ပ္ ေပြ႕ခ်ီကာ ေအာက္ထပ္သို႔ ဆင္းသြားေလသည္။
ပိုင္ရွီရွင္းက ေအာက္ထပ္ဆိုဖာေပၚတြင္ ထိုင္ေနသည္။ ေျခသံၾကားရသျဖင့္ ေမာ့ၾကည့္လိုက္ခ်ိန္တြင္ အလြန္ႏူးညံ့ၾကင္နာေသာ အမူအရာျဖင့္ ေကာင္ေလးကို ဂ႐ုတစိုက္ေပြ႕ခ်ီကာ ေလွကားေပၚမွဆင္းလာေသာ လူငယ္ေလးကို ျမင္လိုက္ရသည္။
သူ၏ဝမ္းကြဲသည္ အၿမဲတေစ ေအးစက္တည္ၿငိမ္ၿပီး ယခုလိုမ်က္ႏွာအမူအရာမ်ိဳး လုံးဝမလုပ္ဖူးေပ။ သိုျဖစ္၍ ပိုင္ရွီရွင္းမွာ ဆိုဖာေပၚထိုင္ေနရာမွ ခါးမတ္သြားၿပီး ေအာက္ဆင္းလာသည့္ႏွစ္ေယာက္ကို တေစၦသရဲျမင္ရသလို ျပဴးျပဴးၿပဲၿပဲ ေငးၾကည့္ေနမိသည္။
ပိုင္ရွီရွင္းက မယုံၾကည္ႏိုင္သလို ေငးၾကည့္ေနသျဖင့္ ခ်န္က်စ္ခ်ဴးမွာ အနည္းငယ္ ရွက္႐ြံ႕သြားသည္။ သို႔ႏွင့္ ဘာမွအထြန႔္မတက္ႏိုင္ေတာ့ဘဲ လူငယ္ေလး၏ရင္ခြင္ထဲ ေခါင္းအပ္ကာ ဘာမွမျမင္သလို ဟန္ေဆာင္ေနလိုက္ေတာ့သည္။
“အစ္ကို.. မင္း….”
ပိုင္ရွီရွင္းက စိတ္ရႈပ္ေထြးစြာ ေငးၾကည့္ေနမိရင္း တစ္ခုခုေျပာရန္ျပင္၏။ ထိုအခိုက္ အေပၚထပ္မွ ထူးဆန္းေသာ အသံတစ္ခု ထြက္ေပၚလာသည္။ ၾကမ္းခင္ေပၚသို႔ တစ္ခုခုျပဳတ္က်သြားသလိုလို၊ ၾကမ္းခင္းေပၚတြင္ ထိုင္ခုံကို တ႐ြတ္တိုက္ဆြဲသြားသလိုလို အသံမ်ိဳးပင္။
“ဘာႀကီးလဲ..?”
ခ်န္က်စ္ခ်ဴးမွာ ရင္ထိတ္သြားၿပီး ပိုင္ရိအား ေမာ့ၾကည့္ကာ ခပ္တိုးတိုးေမးသည္။ : “အဲတာ….. သား(ငါ့)ကို ဖမ္းခဲ့တဲ့လူလား..?”
က်ိဳးေလာ့ခ်န္ကို ဒုတိယထပ္မွာ မေတြ႕ခဲ့ရဘူး။ ဒီအသံက အဲ့လူယုတ္မာဆီကလား..? ပိုင္ရိက သူ႔ကို ႀကိဳးခ်ည္ထားတာလား..?
“စိတ္မပူနဲ႔ေနာ္..”
လူငယ္ေလးက ခ်န္က်စ္ခ်ဴးကို ဆိုဖာေပၚတင္ေပးၿပီး ႏူးညံ့စြာ ၿပဳံးျပလာသည္။ ၿပီးေနာက္ ပိုင္ရွီရွင္းကို တစ္ခ်က္လွည့္ၾကည့္လိုက္သည္။
ပိုင္ရွီရွင္းသည္ ထိုအၾကည့္၏အဓိပၸါယ္ကို ေကာင္းေကာင္းနားလည္လိုက္၏။ သူက ခ်က္ခ်င္း ျပန္ေျပာသည္။ : “ဘာမွစိတ္မပူနဲ႔.. ငါ သြားၾကည့္လိုက္မယ္..” ထိုသို႔ေျပာၿပီးေနာက္ ဒုတိယထပ္သို႔ ေျပးတက္သြားၿပီး အခန္းတစ္ခုထဲ ဝင္သြားသည္။ ခ်က္ခ်င္းဆိုသလို ထူးဆန္းသည့္အသံလည္း ေပ်ာက္ကြယ္သြားေလသည္။
“မင္းရဲ႕မိသားစုနဲ႔ ဆက္သြယ္ထားၿပီးၿပီ.. သူတို႔ မၾကာခင္ ေရာက္လာလိမ့္မယ္.. စိတ္ေအးေအးထားၿပီး ေစာင့္ေနေနာ္..”
လူငယ္ေလးက ထိုသို႔ေျပာကာ ၿပဳံးလိုက္ရင္း ခ်န္က်စ္ခ်ဴး၏ေခါင္းကို ပြတ္သပ္ေပးသည္။ : “ပင္ပန္းေနၿပီလား..? ခဏေလာက္ အိပ္မလား..?”
ခ်န္က်စ္ခ်ဴးက ေခါင္းယမ္းလိုက္သည္။ ဘယ္အခ်ိန္ ဂိမ္းၿပီးသြားမလဲမသိသျဖင့္ အဘယ္သို႔ အိပ္ေပ်ာ္ႏိုင္မည္နည္း။
သို႔ေသာ္ လူငယ္ေလး၏လက္တြင္ ေမွာ္အစြမ္းရွိေနသလား ထင္ရ၏။ သိပ္မၾကာခင္မွာပင္ အိပ္ငိုက္လာသျဖင့္ လူငယ္ေလး၏ ေပါင္ေပၚ လွဲအိပ္လိုက္သည္။ လူငယ္ေလးက သူ႔ကို ခပ္ဖြဖြပုတ္ေပးေနသလို သူလည္း မ်က္လုံးမွိတ္ကာ အိပ္ေပ်ာ္သြားေတာ့သည္။
***
ခ်န္က်စ္ခ်ဴး မ်က္လုံးျပန္ဖြင့္လိုက္ခ်ိန္တြင္ မူလဗီလာႀကီးထဲ ျပန္ေရာက္ေနေၾကာင္း ေတြ႕လိုက္ရသည္။ အျပင္ဘက္တြင္ ညအေမွာင္သမ္းေနေခ်ၿပီ။ အခန္းထဲတြင္လည္း ဘာကိုမွမျမင္ရဘဲ ေသြးညႇီနံ႔မ်ားသာ ပ်ံ႕လြင့္ေနသည္။
သရဲက သူ႔ကို ပန္းခ်ီကားအျပင္ဘက္ ျပန္ပို႔ေပးလိုက္ၿပီလား..?
ခ်န္က်စ္ခ်ဴးသည္ တစ္ခဏေၾကာင္အမ္းေနၿပီးမွ သရဲ စကားတည္ေၾကာင္း သေဘာေပါက္လိုက္သျဖင့္ စိုးရိမ္စိတ္ကို ေလ်ာ့ခ်ကာ သက္ျပင္းခ်ႏိုင္ခဲ့သည္။
သို႔ႏွင့္ နံရံအတိုင္း စမ္းတဝါးဝါးေလွ်ာက္သြားရင္း မီးဖြင့္လိုက္သည္။ အရာအားလုံး ေျပာင္းလဲမႈမရွိသလို ထင္ရပါေသာ္ျငား အေနာက္သို႔ လွည့္ၾကည့္လိုက္ခ်ိန္တြင္ နံရံေပၚမွ ပုံတူပန္းခ်ီကားသည္ ေပ်ာက္ကြယ္သြားၿပီး ပစၥည္းတစ္ခုခုကို အၾကာႀကီး ခ်ိတ္ဆြဲထားသလိုမ်ိဳး အျဖဴေရာင္အကြက္တစ္ခုသာ က်န္ရစ္ခဲ့သျဖင့္ အံ့ဩသြားရသည္။
“……….”
ကေလးသရဲမ်ားစြာသည္ သူ႔ကို ခုတင္အေနာက္မွ လွမ္းၾကည့္ေနေလ၏။ အသံတိတ္ေလး ေခ်ာင္းၾကည့္ေနၾကေသာ္လည္း သူႏွင့္ အၾကည့္ခ်င္းစုံခ်ိန္တြင္ ခ်က္ခ်င္း ဇက္ပုသြားၿပီး သိခ်င္စိတ္ျပင္းျပသည့္ မ်က္လုံးေလးမ်ားသာ ေပၚေတာ့သည္။
ထိုကေလးငယ္မ်ား၏ အျဖစ္ဆိုးကို ေတြးမိလိုက္ေတာ့ ခ်န္က်စ္ခ်ဴးမွာ စိတ္မေကာင္းျဖစ္သြားရသည္။ ထို႔ေၾကာင့္ အားတင္းကာ ၿပဳံးလိုက္ရင္း သူတို႔ကို လက္ယမ္းျပလိုက္သည္။ ထိုအျခင္းအရာကိုျမင္ေတာ့ သရဲေလးမ်ားသည္ မ်က္လုံးေတာက္ပလာၿပီး ခ်န္က်စ္ခ်ဴးအနားကို လာခ်င္ဟန္ျဖင့္ ေခါင္းျပန္ထြက္လာသည္။
[ ေနာက္ျပန္ဆုတ္ ]
သို႔ေသာ္ ၾကမ္းျပင္ေပၚတြင္ ေသြးစာလုံးမ်ား ႐ုတ္တရက္ ေပၚလာသျဖင့္ သရဲေလးမ်ားမွာ ေၾကာက္လန႔္သြားၿပီး နံရံကိုျဖတ္ကာ ခ်က္ခ်င္း ေပ်ာက္ကြယ္သြားေတာ့သည္။ ခ်က္ခ်င္းဆိုသလို အခန္းတစ္ခုလုံး ဗလာက်င္းသြားသည္။
[ ဂိမ္းေဆာ့တာ မင္းႏိုင္သြားၿပီ.. ]
[ သေဘာတူထားတဲ့အတိုင္း ဒီေနရာကေန ထြက္သြားလို႔ရၿပီ.. ]
“ငါတို႔ကို တကယ္သြားခြင့္ျပဳတာလား..?”
ေသြးစာလုံးမ်ားကိုဖတ္ရင္း ခ်န္က်စ္ခ်ဴး၏စိတ္ထဲ သံသယဝင္လာသည္။ ‘ငါ မင္းကို ခ်စ္တယ္’ ဟူသည့္စာသားမ်ား တစ္ခန္းလုံး ျပည့္ႏွက္သြားသည့္အခ်ိန္ကို မွတ္မိေနေသး၏။ ထိုစာလုံးမ်ားထဲတြင္ ႐ူးသြပ္စြဲလမ္းစိတ္တို႔ ျပည့္ႏွက္ေနေသာ္ျငား ယခုေတာ့ သရဲက သူ,မဟုတ္သလို တည္တည္ၿငိမ္ၿငိမ္ျဖင့္ သြားခြင့္ျပဳေနသည္။
တစ္ခုခုႀကံေနတာမ်ားလား..?
ခ်န္က်စ္ခ်ဴးမွာ စိတ္မခ်ႏိုင္ေသးသျဖင့္ ထိုအခန္းထဲတြင္ ရပ္ေစာင့္ေနေသာ္လည္း ေသြးစာလုံးမ်ားက ထပ္ၿပီးေပၚမလာေတာ့ေခ်။
အခန္းထဲတြင္ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး ၾကမ္းျပင္ေပၚ လဲေလ်ာင္းေနသည့္ အေလာင္းရွိေနေသး၍သာ သရဲေပၚလာျခင္းက သူ၏စိတ္ကူးယဥ္သပ္သပ္မဟုတ္ေၾကာင္း သက္ေသျပေနသည္။ သို႔ေသာ္ သရဲက ခ်န္က်စ္ခ်ဴးႏွင့္ မဆက္သြယ္ခ်င္ေတာ့သလို လုံးဝၿငိမ္က်သြားသည္။
ေလာေလာဆယ္ေတာ့ စီနီယာပိုင္ႏွင့္ တျခားလူမ်ားကို အရင္သြားရွာမွျဖစ္မည္။
သရဲက တျခားလူမ်ားကို အခန္းတစ္ခုထဲတြင္ ပိတ္ထားေၾကာင္း ေျပာခဲ့ဖူးတာကို ခ်န္က်စ္ခ်ဴး သတိရသြားသည္။ အခန္းတစ္ခုခ်င္းစီကို လိုက္ရွာၿပီးေနာက္ စာၾကည့္ခန္းထဲတြင္ ဒဏ္ရာရထားေသာ ေရွာင္လ်ိဳႏွင့္ တျခားဝန္ထမ္းႏွစ္ဦးကို ရွာေတြ႕ခဲ့သည္။
ထိုသုံးေယာက္သည္ ထူးဆန္းသည့္ ျဖစ္ရပ္မ်ားစြာ ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ သရဲေပၚလာမွာကို ေၾကာက္႐ြံ႕ေနၾကေလ၏။ သို႔ႏွင့္ ခ်န္က်စ္ခ်ဴးေပၚလာၿပီး အျပင္ထြက္ႏိုင္ၿပီျဖစ္ေၾကာင္း ေျပာလာေသာအခါ သူတို႔၏စိတ္ထဲတြင္ ခ်န္က်စ္ခ်ဴးအား ဗီလာထဲရွိ မေကာင္းဆိုးဝါးဝိဉာဥ္ကို ႏွိမ္နင္းၿပီး သူတို႔ကိုကယ္တင္ရန္ ေရာက္လာသည့္ အလြန္အစြမ္းထက္ေသာ ပေယာဂဆရာဟူ၍ ထင္မွတ္သြားသည္။
“ဆရာခ်န္.. ေက်းဇူးတင္ပါတယ္.. ေက်းဇူးအမ်ားႀကီးတင္ပါတယ္..”
ေသျခင္းတရားမွ လြတ္ေျမာက္လာသည့္ ေပ်ာ္႐ႊင္မႈေၾကာင့္ ထိုလူသုံးဦးမွာ ဆို႔နင့္ေနေလၿပီး ခ်န္က်စ္ခ်ဴးကို လက္ဆြဲကာ ‘ဆရာခ်န္’ ဟူ၍ ေခၚေဝၚၾကေတာ့သည္။ ခ်န္က်စ္ခ်ဴးလည္း အနည္းငယ္ ရွက္အမ္းအမ္းျဖစ္သြားၿပီး သူက ပေယာဂဆရာမဟုတ္ေၾကာင္း ရွင္းျပရန္ ႀကိဳးစားခဲ့ေသာ္လည္း ထိုသုံးေယာက္က ယုံၾကည္ပုံမရေခ်။
“ခင္ဗ်ားတို႔ သြားလို႔ရၿပီ.. ေအာက္ထပ္ေရာက္ရင္ က်ီယြင္ေရွာင္နဲ႔ စီနီယာပိုင္ကိုလည္း အရင္သြားႏွင့္လို႔ ေျပာေပးပါေနာ္..”
အေခၚအေဝၚေျပာင္းရန္ စိတ္ကူးရွိပုံမရေသာ လူသုံးေယာက္ကိုၾကည့္ၿပီး ခ်န္က်စ္ခ်ဴးလည္း စကားလမ္းေၾကာင္းေျပာင္းလိုက္သည္။
“ဆရာ မျပန္ေသးဘူးလား..?” ကင္မရာမန္းက အံ့အားသင့္သြားဟန္ျဖင့္.. “ကြၽန္ေတာ္တို႔နဲ႔ ဘာလို႔ျပန္မလိုက္တာလဲ..?”
“လုပ္စရာေလး ရွိေသးလို႔..” ခ်န္က်စ္ခ်ဴးက မေရမရာ ေျပာလိုက္သည္။ “… အမ္း.. ဝိဉာဥ္ေတြကို ဘဝကူးလို႔ရေအာင္ ကူညီေပးတာမ်ိဳးေလ..”
“ဝိဉာဥ္ေတြကို ဘဝကူးေပးတာ…. ဆရာက အရမ္းစိတ္ထားေကာင္းတာပဲ..! အဲတာကို ဆရာသခင္မဟုတ္ဘူးလို႔ ေျပာေနေသးတယ္..!”
ထိုသုံးေယာက္က ခ်န္က်စ္ခ်ဴးကို အလြန္ေလးစားဟန္ျဖင့္ စိုက္ၾကည့္လာသည္။ အလြန္အံ့ဩဖြယ္ေကာင္းသည့္ ပုဂၢိဳလ္တစ္ဦး ေပၚထြက္လာသလို သူတို႔၏မ်က္လုံးထဲတြင္ ႐ိုေသေလးစားျခင္းမ်ားျဖင့္ ျပည့္ႏွက္ေနေတာ့သည္။
“………..”
ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာအမူအရာက ေျပာင္းလဲမႈမရွိေသာ္လည္း စိတ္ထဲတြင္ အေတာ္ေလး ရွက္႐ြံ႕လာသျဖင့္ တြင္းတူးၿပီးသာ ပုန္းေနခ်င္ေတာ့သည္။
ဘာကို ဘဝကူးေပးမွာလဲ..? သူက သရဲကိုသြားရွာၿပီး နမ္းရမွာေလ..!
ဒါေပမဲ့ နမ္းတယ္ဆိုတဲ့စကားက သရဲကို ဘဝကူးေပးတာထက္ ပိုလန႔္စရာေကာင္းတယ္..!
သုံးေယာက္သား ခ်န္က်စ္ခ်ဴးကို ေက်းဇူးအထပ္ထပ္တင္ေနၿပီး ပိုင္ရွီရွင္းႏွင့္ တျခားလူမ်ားကိုေခၚကာ ဤဗီလာႀကီးထဲမွ အတူထြက္သြားမည္ျဖစ္ေၾကာင္း ကတိေပးသြားသည္။
တစ္ခဏၾကာၿပီးေနာက္ ေအာက္ထပ္မွ အသံဗလံမ်ား ထြက္ေပၚလာသည္။ ထိုအသံႏွင့္အတူ လမ္းေလွ်ာက္ေနသံမ်ား၊ အိမ္ေရွ႕တံခါးဖြင့္ၿပီး ျပန္ပိတ္သံပါ ၾကားလိုက္ရသည္။ ခ်န္က်စ္ခ်ဴးသည္ ေလွကားထိပ္တြင္ မတ္တပ္ရပ္ၿပီး လူတိုင္း ဗီလာထဲမွ အႏၲရာယ္ကင္းကင္း ထြက္သြားႏိုင္သလားဆိုတာ အတည္ျပဳလိုက္သည္။
ယခုေတာ့ ဤေနရာတြင္ သူတစ္ဦးတည္း က်န္ရစ္ခဲ့ေတာ့သည္။
ခ်န္က်စ္ခ်ဴးက သက္ျပင္းရႈိက္လိုက္၏။ အနည္းငယ္ စိတ္လႈပ္ရွားေနေသာ္လည္း ယခင္ထက္စာလွ်င္ ေတာ္ေသးသည္။ တစ္ဖက္လူက သရဲျဖစ္ေသာ္လည္း က်ိဳးေလာ့ခ်န္ေလာက္ ေၾကာက္စရာမေကာင္းေပ။
ယခုေတာ့ ခ်န္က်စ္ခ်ဴး၏စိတ္ထဲတြင္ ထိုသရဲဟာ က်ိဳးေလာ့ခ်န္မဟုတ္ေၾကာင္း ေသခ်ာသြားၿပီျဖစ္သည္။ ကေလးသရဲမ်ားက ထိုသရဲကို ေၾကာက္ေသာ္လည္း မုန္းတီးစိတ္ႏွင့္ နာက်ည္းစိတ္တို႔ ရွိဟန္မေပၚ။ ဤအေျခအေနက မတရားေသဆုံးခဲ့ရသည့္ ကေလးတစ္ေယာက္ လူသတ္သမားေပၚ ျပဳမူဆက္ဆံတတ္သည့္ ပုံစံမ်ိဳးမဟုတ္ေပ။
ထို႔အျပင္ သရဲက သူ႔ကို ခ်စ္ေၾကာင္းေျပာေသာ္လည္း က်ိဳးေလာ့ခ်န္ကေတာ့ ထိုသို႔မဟုတ္။ သူက လူသတ္ခ်င္စိတ္ျပင္းျပသည့္ အ႐ူးတစ္ေယာက္သာ။
က်ိဳးေလာ့ခ်န္ မဟုတ္ဘူးဆိုေတာ့ သရဲက ဘယ္သူလဲ..? က်ိဳးေလာ့ခ်န္သတ္ခဲ့တဲ့ ကေလးတစ္ေယာက္မ်ားလား..?
ပိုင္ရိနဲ႔ စီနီယာပိုင္က အသက္ရွင္ေနေသးလို႔သာေပါ့။ မဟုတ္ရင္ သူတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္လို႔ ထင္မိမွာ..!
ခ်န္က်စ္ခ်ဴးသည္ အေတာ္ၾကာေအာင္ စဥ္းစားၾကည့္ေသာ္လည္း သရဲျဖစ္ႏိုင္ေျခရွိသူကို ရွာမေတြ႕ေခ်။ သူ၏ အဓိကတာဝန္က ဗီလာထဲမွ ေအာင္ေအာင္ျမင္ျမင္ ထြက္ခြာရန္ႏွင့္ Boss ကိုနမ္းရန္သာ ျဖစ္ၿပီး သရဲအေၾကာင္း အေသးစိတ္ရွာေဖြရန္ မပါ၍သာ ကံေကာင္းသြားသည္။
ေနစမ္းပါဦး..! System က သူ႔ကို Reality Instance နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ဝင္တိုးမိတာလို႔ ေျပာခဲ့သလားလို႔.? အဲတာကို ဘယ္လိုျဖစ္လို႔ Boss ရဲ႕ဓာတ္ပုံကို စုေဆာင္းဖို႔ လိုအပ္ေနေသးတာလဲ..? ဧကႏၲ ဒါက တိုက္ဆိုင္မႈမဟုတ္ဘဲ အစကတည္းက ဒီ Reality Instance မွာပါဝင္ဖို႔ ကံၾကမၼာပါေနၿပီးသားလား..?
[ သတိထားမိသြားၿပီပဲ.. ]
အေတာ္ၾကာေအာင္ ေပ်ာက္ေနသည့္ System က ႐ုတ္တရက္ အသံထြက္လာသည္။ : [ Player ေတြအတြက္ Reality Instance ထဲ ေရာက္ႏိုင္ေျခ အရမ္းနည္းေပမယ့္ မင္းကေတာ့ မတူဘူး။ ဟုတ္တယ္။ Boss ရဲ႕ဓာတ္ပုံကို စုေဆာင္းဖို႔ မင္းဝင္ရမယ့္ Reality Instance ေတြ တစ္ခုထက္မက ရွိေနေသးတယ္.. ]
ခ်န္က်စ္ခ်ဴးခမ်ာ မ်က္ႏွာပ်က္ယြင္းသြားသည္။ : [ ဘာလို႔ ေစာေစာကႀကိဳမေျပာတာလဲ..?! ]
အနည္းဆုံးေတာ့ ႀကိဳၿပီး စိတ္ျပင္ဆင္ထားလို႔ရတာေပါ့..!
[ ေဟး.. ငါလည္း အဲ့လိုမျဖစ္ခ်င္ပါဘူး။ မင္းအတြက္ Boss ရဲ႕ဓာတ္ပုံကို စုေဆာင္းဖို႔ Reality Instance ေတြ ဝင္ဖို႔လိုတယ္ဆိုတာ ငါလည္း ေသခ်ာမသိခဲ့ဘူး။ ငါသိတာက Reality Instance တစ္ခုရွိလာၿပီဆိုရင္ ေနာက္ထပ္အမ်ားႀကီး ထပ္ရွိႏိုင္ေသးတယ္ ဆိုတာပဲ.. အေရအတြက္တိတိက်က်ေတာ့ မသိဘူး.. ]
System က တတြတ္တြတ္ ဆက္ေျပာသည္။ : [ ထားပါေတာ့။ မင္းတတ္ႏိုင္သေလာက္သာ ဆက္လုပ္ေတာ့။ ဘာပဲေျပာေျပာ Boss ရဲ႕ဓာတ္ပုံကို စုေဆာင္းရမွာပဲေလ။ အဲ့ေတာ့ ဘယ္ Instance ျဖစ္ျဖစ္ အေရးမႀကီးပါဘူး.. ]
အေရးႀကီးတယ္ကြ..!!!
ခ်န္က်စ္ခ်ဴးမွာ အသံတိတ္ ဆဲေရးလိုက္မိ၏။ လက္ေတြ႕ဘဝထဲ ျပန္ေရာက္သည့္တိုင္ မၿငိမ္းခ်မ္းႏိုင္ေသးသည့္ သူ၏ဘဝကိုေတြးရင္း အနာဂတ္က ေမွာင္မိုက္လာသလို ခံစားလိုက္ရသည္။ က်င္းတူးၿပီးသာ ကိုယ့္ကိုယ္ကို ေျမျမႇဳပ္ပစ္ခ်င္ေတာ့သည္။
သို႔ေသာ္ အေတြးသပ္သပ္သာ၊ တကယ္ေတာ့ သူလည္း မေသခ်င္ေသးေပ။ ယခုေလာေလာဆယ္ ဤ Instance ကို ရွင္းလင္းရမည့္ကိစၥက ပိုၿပီးအေရးႀကီးသည္။
[ ဘာလို႔မသြားေသးတာလဲ..? ]
ခ်န္က်စ္ခ်ဴးသည္ System ႏွင့္ဆက္သြယ္ေနခ်ိန္တြင္ အသံထြက္ၿပီးစကားေျပာရန္ မလိုအပ္ေခ်။ ထို႔ေၾကာင့္ အျပင္လူအျမင္တြင္ မတ္တပ္ရပ္ၿပီး ေငးငိုင္ေနသလို ထင္ရသည္။ သူက အေတာ္ၾကာေအာင္ သည္အတိုင္း မတ္တပ္ရပ္ေနသျဖင့္ နံရံေပၚတြင္ ေသြးစာလုံးမ်ား ထပ္ေပၚလာၿပီး စကားသံထဲတြင္ ေအးစက္ရိပ္တခ်ိဳ႕ ထင္ဟပ္ေနသည္။
“မင္းကို ေတြ႕ခ်င္တယ္..”
ေသြးစာလုံးမ်ား ေပၚလာသျဖင့္ ခ်န္က်စ္ခ်ဴးက ေျပာလိုက္သည္။ : “မင္းရဲ႕မ်က္ႏွာကို ေတြ႕ခြင့္ေပးပါ..”
ေသြးစာလုံးက ေျပာင္းလဲျခင္းမရွိသလို မွိန္ေဖ်ာ့မသြားေပ။ သရဲက အနည္းငယ္ အံ့ဩသြားပုံေပၚသည္။
“မင္း ငါ့ကို ခ်စ္တယ္လို႔ ေျပာခဲ့တယ္မလား..? ငယ္ငယ္ေလးထဲက ရည္းစားစကားအေျပာမခံရဖူးေတာ့ ငါလည္း စိတ္လႈပ္ရွားမိတယ္..” ခ်န္က်စ္ခ်ဴးက ေပါက္ကရ ေလွ်ာက္ေျပာပစ္လိုက္သည္။ : “အဲတာေၾကာင့္ ထြက္မသြားခင္ မင္းနဲ႔ေတြ႕ဖူးခ်င္တယ္..”
ဤတစ္ႀကိမ္ေတာ့ သရဲက တုံ႔ျပန္လာသည္။
[ ငါ မင္းကို မေတြ႕ခ်င္ဘူး.. ျမန္ျမန္ထြက္သြားေတာ့.. ]
“ငါ့ကိုခ်စ္တယ္လို႔ မင္းပဲ ေျပာခဲ့တာေလ.. ဘာလို႔ေမာင္းထုတ္ေနတာလဲ..?”
သရဲက မေတြ႕ခ်င္ေၾကာင္း ေျပာလာသျဖင့္ ခ်န္က်စ္ခ်ဴးမွာ အနည္းငယ္ စိတ္ေလာသြားၿပီး ဘာမွမစဥ္းစားဘဲ ေအာ္ေျပာလိုက္သည္။ : “မင္း ငါ့ကိုခ်စ္ရင္ ထြက္လာခဲ့.. မထြက္လာရင္ တကယ္မခ်စ္လို႔ပဲ..!”
နံရံေပၚမွ ေသြးစာလုံးမ်ားသည္ ခ်က္ခ်င္းဆိုသလို ေပ်ာက္ကြယ္သြား၏။
ခ်န္က်စ္ခ်ဴးက အေတာ္ၾကာေအာင္ ေစာင့္ဆိုင္းေနေသာ္လည္း သရဲကို မျမင္ရေသးေပ။
“………”
သူ၏စိတ္ထဲတြင္ အေတြးတစ္ခု ဝင္လာသည္။
…. သူ သရဲကို ေျခာက္လွန႔္လိုက္မိၿပီထင္တယ္..?!
***
ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 43)
အျဖစ္အပ်က္ေတြအမ်ားႀကီး ႀကဳံေတြ႕ခဲ့ရလို႔ထင္တယ္၊ ဗီလာကေန သူ႔မိဘေတြ လာေခၚသြားၿပီးေနာက္မွာ က်စ္ခ်ဴး အသည္းအသန္ ဖ်ားခဲ့တယ္။ ျပန္သတိရလာေတာ့ C ၿမိဳ႕မွာ ျဖစ္ပ်က္ခဲ့သမွ်ကို ေမ့သြားတယ္။ ငါ့ကိုေရာ၊ ဟိုလူကိုေရာ မမွတ္မိေတာ့ဘူး။
ေကာင္းေတာ့လည္း ေကာင္းပါတယ္..
အဲ့အေၾကာင္းေတြကို ေမ့ပစ္လိုက္တာ သူ႔အတြက္ အေကာင္းဆုံးပဲ။
***
ပိုင္ရွီရွင္း၏ ဒိုင္ယာရီမွတ္တမ္း (ေကာက္ႏုတ္ခ်က္)
ခ်န္က်စ္ခ်ဴးဆိုတဲ့ကေလးက က်ိဳးေလာ့ခ်န္ သူ႔ကို ျပန္ေပးဆြဲခဲ့တဲ့ကိစၥကို မမွတ္မိေတာ့ဘူး။ ဒါလည္း ေကာင္းတာပဲ။
ဒါေပမဲ့ ခ်န္က်စ္ခ်ဴး ဘာမွမမွတ္မိေတာ့ဘူးဆိုတာကို ငါ့ဝမ္းကြဲ သိသြားေတာ့ တစ္လေလာက္ စိတ္ဓာတ္က်သြားတယ္။
အစကေန ျပန္စလို႔ရတယ္၊ က်စ္ခ်ဴးနဲ႔ သိကြၽမ္းခြင့္ရေအာင္ ထပ္လုပ္လို႔ရတယ္လို႔ ငါလည္း သူ႔ကိုေျပာပါတယ္။ ဒါေပမဲ့ ငါ့ဝမ္းကြဲက တုတ္တုတ္မလႈပ္ေသးဘူး။ ငါ ခန႔္မွန္းၾကည့္ရသေလာက္ သူ ေၾကာက္ေနတာထင္တယ္။
က်ိဳးေလာ့ခ်န္ကိုေတာင္ သတ္ခဲ့တဲ့လူက ခ်န္က်စ္ခ်ဴးနဲ႔ သြားေတြ႕ဖို႔ ေၾကာက္ေနသတဲ့။
… ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး။
……………………………….