တော်ဝင်မောင်းမဆောင်မှ ဝိုးတဝါ...

By BlackLily_WhiteLily

118K 10.7K 384

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)" MM Translation "မွားယြင္းေသ... More

Description
🎆🎆🎆Happy New Year!🎆🎆🎆
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41
Chapter 42.1
Chapter 42.2
Chapter 43
About Mistaken Marriage Match Series
Chapter 44
Chapter 45
Chapter 46 (part 1)
Chapter 46 (Part 2)
No Update... Just Say Somethings
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51.1
Chapter 51.2
Chapter 52
Chapter 54
Chapter 54
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61.1
Chapter 61.2
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Paid GP is Completed

Chapter 53

928 95 8
By BlackLily_WhiteLily

အခန်း ၅၃ အရှက်တရားကို ထမ်းရွက်ပြီး ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်ရမယ်

အထဲမှာ ဘယ်သူလဲ?

မြက်ပင်များနှင့်သစ်ပင်များ ယိမ်းယိုင်နေသည့်နေရာကို စိုက်ကြည့်နေရင်း ချင်းဖုန့်၏ နှလုံးခုန်သံက ကျယ်လောင်လာသည်။ သူမက သူမ၏လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် လက်သီးဆုပ်ထားသော်လည်း သူမ၏မသိစိတ်က အနည်းငယ် တုန်လှုပ်နေမိသည်။ မူလကတည်းက လူသူကင်းမဲ့နေသောနေရာက ယခုအချိန်တွင် ပို၍ပင် အေးစက်နေပုံရသည်။ သူမက သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး၊ ဒါပေမယ့်လည်း ဒါက နန်းတော်ရဲ့နယ်ပယ်ထဲမှာဖြစ်နေတာကြောင့် သူမ မကြောက်ဘူးလို့ ပြောရင် အဲ့တာက လိမ်တာပါပဲ။ ချင်းဖုန့်က အသက်ကို ခပ်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် ကြိုးစားနေရင်း ဆူညံသံကို ဖန်တီးပေးနေသော ပရမ်းပတာဖြစ်နေသည့်နေရာကို ဂရုတစိုက် လှမ်းကြည့်နေသည်။

"မလုပ်နဲ့.... အဲ့ဒီလိုမလုပ်ပါနဲ့... တစ်ယောက်ယောက်တွေ့သွားရင်... သတိထားပါဦး.." ခြုံပုတ်ထဲမှ အမျိုးသမီးတစ်ယောက်၏ မရေမရာအသံက ပြတ်တောင်းပြတ်တောင်း ထွက်လာသည်။ ချင်းဖုန့်က သူမ နားကြားလွဲနေသည်ဟု ထင်ကာ အနားသို့ တိုးကပ်တော့မည့်အချိန်တွင် စိတ်မရှည်ပုံရသည့် ယောက်ျားသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ "ဘာလို့လဲ? ဒီနေရာမှာ ဘာလို့ တစ်ယောက်ယောက်ရှိနေမှာလဲ?"

ချင်းဖုန့်က အံ့အားသင့်သွားပြီး သူမ၏ခြေလှမ်းများကို အမြန်ရပ်လိုက်သည်။ ခဏအကြာတွင် မိန်းခလေးတစ်ယောက်၏ ညုတုတုအသံနှင့် ယောက်ျားတစ်ယောက်၏ အသက်ပြင်းပြင်းရှုသံတို့များ ထွက်ပေါ်လာပြီး တိုးရာမှ ပို၍ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ချင်းဖုန့်က ဘာဖြစ်နေကြောင်းကို နားလည်သွားပြီး သူမ၏မျက်နှာက နီမြန်းလာကာ ချက်ချင်း လှည့်ထွက်လိုက်သည်။ သို့သော်လည်း မှောင်လွန်းသောနေရာတွင် သူမက ခပ်မြန်မြန် လှုပ်ရှားလိုက်သဖြင့် သစ်ကိုင်းခြောက်တစ်ခုကို နင်းမိသွားပြီး "ချောက်"ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူလဲ?!" အထဲမှ လူက တော်တော်သတိရှိပုံပေါ်ပြီး ထိုအသံတိုးတိုးလေးကိုပင် သတိပြုမိသွားသည်။ ချင်းဖုန့်က ထိုနေရာတွင် တောင့်တင်းစွာ ရပ်နေမိပြီး လုံးဝ မလှုပ်ဝံ့ပေ။ အတွင်းမှလူကည်း အပြင်ဘက်မှ အခြေအနေကို နားထောင်နေပုံရသည်။ ထိုခဏတာမျှအချိန်တွင် ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းသဖြင့် သစ်ပင်များကို ဖြတ်သန်းတိုက်ခတ်လာသော လေတိုက်သံများကိုသာ ကြားနေရသည်။

ထိုလူက ကိုယ်ခံပညာ ကျွမ်းကျင်ကြောင်း သိသာထင်ရှားနေပြီး အနီးအနားတွင် ဘယ်သူမှ မရှိကြောင်း ချင်းဖုန့်က တွေးလိုက်မိသည်။

သူတို့ကို ချောင်ပိတ်ဖမ်းလိုက်ရင်...

ချင်းဖုန့်က သူမကိုယ်သူမ ပြန်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ခပ်ကျယ်ကျယ်အော်လိုက်သည်။ "ပန်ကုန်းရှေ့မှာ ဘယ်သူက လာအော်နေတာလဲ? ဒီရှေ့ကို ထွက်ခဲ့စမ်း"

အေးစက်စက် အော်ငေါက်သံက ည၏ တိတ်ဆိတ်မှုကို သိသိသာသာ ချိုးဖျက်လိုက်ပြီး အတွင်းမှလူများက ထိတ်လန့်သွားကြသည်။ သစ်ပင်များရှိ အကိုင်းအခက်များက ပို၍ပင် ပြင်းထန်စွာ တုန်ခါသွားပြီး အဝတ်အစားများ ပွတ်တိုက်သံများနှင့် အမျိုးသမီးတစ်ဦး၏ ရှိုက်သံများက ရောထွေးလာသည်။

"မင်း ထွက်မလာရင် ပန်ကုန်းက မင်းကို ဖမ်းဖို့ လူတွေကို စေလွှတ်ရမှာလား?" အတွင်းရှိလူများ ထိတ်လန့်တုန်လှုပ်နေသည်ကို ရိပ်မိသောကြောင့် ချင်းဖုန့်က ဆက်လက်ဟန်ဆောင်လိုက်ပြီး ယောင်ဝါးဝါး ပြောလိုက်သည်။ "တစ်ယောက်ယောက် လာစမ်း!"

ချင်းဖုန့်၏ စကားဆုံးသွားချိန်တွင် ချုံပုတ်ထဲမှ အရိပ်တစ်ခု ထွက်လာပြီး ထိုလူက အနီရင့်ရောင် သက်တော်စောင့်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူ့ဦးထုပ်၏ အနားသားက ခပ်နိမ့်နိမ့်စိုက်ကျနေသောကြောင့် သူ့၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူက အချိန်တိုအတွင်း တစ်ကျန်း(ဆယ်ပေ)အကွာအထိ ခုန်သွားကာ လျှင်မြန်စွာ ပြေးသွားသောကြောင့် ညအဖုံးအောက်တွင် ချင်းဖုန့်၏ မြင်ကွင်းအတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူက နောက်သို့ လုံးဝ ပြန်လှည့်မကြည့်ခဲ့ပေ။

သူ အခု ထွက်ပြေးသွားတာလား? ချင်းဖုန့်က ဘေးဒုက္ခကြုံသောအခါ အဝေးသို့ ထွက်ပြေးသွားသည့်လူကို သူမ၏စိတ်ထဲမှ လေးလေးနက်နက် မထီမဲ့မြင်ပြုလိုက်ပြီး တစ်ချိန်တည်းတွင် အနည်းငယ် စိတ်သက်သာရာရသွားသည်။ ချင်းဖုန့်က ချုံပုတ်ထဲ စူးစူးစိုက်စိုက် ကြည့်နေရင်း အေးစက်စွာ ထပ်ပြောလိုက်သည်။ "မင်း အခုထိ ထွက်မလာသေးဘူးလား? သူက ပြေးနိုင်ပေမယ့် မင်းက ပြေးနိုင်မယ်ထင်နေလား?"

ခဏအကြာ ချုံပုတ်များက လှုပ်ခါသွားပြီး နန်းတွင်းအစေခံတစ်ယောက်က မဝံ့မရဲဖြင့် ထွက်လာလေသည်။ သူမ၏အဝတ်အစားများက သပ်သပ်ရပ်ရပ် ရှိနေသော်လည်း သူမ၏ဆံပင်များက ရှုပ်ပွနေသည်။ သူမက ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးသည်နှင့်တပြိုင်နက် ရုတ်တရက် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ချင်းဖုန့်ရှေ့သို့ ဖြည်းဖြည်းချင်း တိုးလာခဲ့သည်။ သူမက ခေါင်းကိုပင် မမော့ဝံ့တော့ဘဲ မျက်စိမှိတ်ကာ ခေါင်းငုံ့ထားရင်း တုန်ယင်နေသော အသံဖြင့် "မယ်မယ်၊ ခွင့်လွှတ်တော်မူပါ၊ ဒီအစေခံက နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး"

"ခေါင်းကို မော့လိုက်" အမျိုးသမီးက သူမ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ သူမက အသက်နှစ်ဆယ်ကျော်အရွယ် လှပနေသော်လည်း သူမ၏ မျက်နှာတွင် မျက်ရည်များဖြင့် စွန်းထင်းနေသည်။ ချင်းဖုန့်က အလင်းရောင်ကို ကျောပေးထားသောကြောင့် ထိုအစေခံက သူမ၏အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူမ၏ ပါးပြင်ပေါ်ရှိ အမာရွတ်များကိုသာ ယောင်ဝါးဝါး မြင်နေရသောကြောင့် နန်းတွင်းအစေခံ၏ သွေးရောင်မဲ့နေ‌သော မျက်နှာက ပို၍ အရောင်ဖျော့သွားခဲ့သည်။ သူမ၏ မျက်လုံးများမှ ကြောက်ရွံ့မှုက တစ္ဆေကို မြင်လိုက်ရသကဲ့လိုဖြစ်နေသည်။

သူ(မ)က... ချင်းဖေး...

ချင်းဖုန့်က သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ ဒါက ဘယ်လို အမူအရာမျိုးလဲ? သူမ အရမ်းကြောက်ဖို့ ကောင်းနေတာလား?

ချင်းဖုန့်က သူမ၏လက်ဖြင့် သူမပါးပြင်ပေါ်မှ အမာရွတ်ကို အမှတ်တမဲ့ ပြန်ထိကြည့်လိုက်မိပြီး ဘာကြောင့်မှန်းမသိ စိတ်မသက်မသာ ဖြစ်လာသလို ခံစားလိုက်ရသည်။ သူမ၏လေသံက ပို၍အေးစက်လာကာ "မင်း နာမည်က ဘာလဲ? မင်းက ဘယ်နန်းဆောင်ကလဲ?"

ထိုမိန်းခလေးက တုန်တုန်ယင်ယင် ဖြစ်နေပြီး သူမ၏ ခန္ဓာကိုယ်က ဆန်ကောကဲ့သို့ တုန်ခါနေသည်။ ချင်းဖုန့်က မျက်မှောင်ကြုတ်ကာ "မင်း မပြောချင်ဘူးဆိုလဲ ထားလိုက်တော့၊ မင်းကို နန်းတွင်းရေးရာဌာနကို လွှဲပေးလိုက်မယ်။ ပန်ကုန်းမှာ ဒီလို ညစ်ပတ်တဲ့အရာတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူး"

"မလုပ်ပါနဲ့!" ချင်းဖုန့် လှည့်ထွက်သွားတာကို မြင်လိုက်သောကြောင့် အစေခံမိန်းခလေးက ချင်းဖုန့်၏ခြေဖဝါးပေါ်တွင် တင်နေသော စကတ်၏ထောင့်စွန်းကို တင်းတင်းဆုပ်ကိုင်ကာ အသံတုန်တုန်ယင်ယင်ဖြင့် တောင်းပန်လာသည်။ "ဒီအစေခံရဲ့နာမည်က... ယောင်ချန်းပါ၊ ရှီးရှ နန်းဆောင်ကပါ၊ နောက်နှစ်နှစ်ကြာရင် အသက်ပြည့်ပြီး နန်းတော်ကနေ ထွက်ခွာခွင့်ရတော့မှာပါ။ သူက ဒီအစေခံ နန်းတော်မှာ ရှိနေတဲ့အချိန်အတောအတွင်း ဒီအစေခံကို စောင့်ရှောက်ပေးခဲ့တဲ့သူပါ။ နန်းတော်ကနေ ထွက်သွားပြီးတာနဲ့ လက်ထပ်ဖို့ သဘောတူထားပြီးပါပြီ။ အဲ့ဒါကြောင့် ကျွန်တော်မျိုးမတို့ရဲ့ခံစားချက်တွေကို မထိန်းနိုင်ခဲ့တာပါ... မယ်မယ်က ခွင့်လွှတ်ပေးတော်မှုပါ!"

သူမကို နန်းတွင်းရေးရာဌာနကို လွှဲပြောင်းပေးလိုက်ရင် သူမ သေမှာ သေချာနေတယ်။

နောက်ဆုံးတော့ အနောက်ဆောင်မယ်တော်မိဖုရားကြီးရဲ့နန်းဆောင်က လူပေါ့။ သူမကို သရဲတစ္ဆေလို ကဲ့ရဲ့ရှုတ်ချချင်နေပုံရတာက အံ့ဩစရာ မဟုတ်တော့ပါဘူး။

ချင်းဖုန့်က "မင်း နန်းတော်ကနေ ထွက်ခွာဖို့ နှစ်နှစ်ကျန်သေးတယ်၊ ဒီနေ့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုက မင်းမှာ ဦးခေါင်း နှစ်လုံးရှိရင်တောင် မလုံလောက်သေးဘူး"

"ဒီအစေခံက မှားမှန်းသိပါတယ်။ နောက် ဘယ်တော့မှ ထပ်မလုပ်ရဲတော့ပါဘူး။ ခွင့်လွှတ်ပေးတော်မှုပါ"

အစေခံမိန်းခလေးက တုန်တုန်ယင်ယင် အသံဖြင့် ကရုဏာထားပေးရန် ဦးတိုက်တောင်းပန်နေသည်။ သူမ၏နဖူးနှင့် မြေကြီးထိသွားသော "ဒုတ်"ဟူသည့်အသံက ချင်းဖုန့်ကို တုန်လှုပ်သွားစေခဲ့သည်။ နောက်ပြန်မလှည့်တမ်း ပြေးထွက်သွားသော ပုံရိပ်ကို ပြန်တွေးလိုက်မိပြီး ချင်းဖုန့်က "အဲဒီလူက ဘယ်သူလဲ?"

"သူ..." ထိုနန်းတွင်းအစေခံမလေးက အချိန်အတော်ကြာ စကားမပြောဘဲ သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို ကိုက်ထားရာမှ နောက်တစ်ကြိမ် ဦးတိုက်နေပြန်ကာ "ဒါတွေအားလုံးက ဒီအစေခံရဲ့အပြစ်ပါပဲ၊ မယ်မယ် အပြစ်ပေးချင်ရင် ဒီအစေခံကိုပဲ ပြစ်ဒဏ်ပေးတော်မူပါ"

မြေပြင်က သစ်ကိုင်းသစ်ခက်များ၊ ကျောက်စရစ်များဖြင့် ပြည့်နှက်နေပြီး သူမက ခေါင်းမထောင်လာသော်လည်း ဤကဲ့သို့ ဦးတိုက်နေသောကြောင့် သူမ မည်မျှ ဒဏ်ရာ ရနေမည်ကို ချင်းဖုန့်က ခန့်မှန်းနိုင်သည်။ အကြင်နာကင်းမဲ့သော ထိုလူက သူမကို ချန်ထားရစ်ကာ ထွက်ပြေးသွားသော်လည်း သူမက သူ့ကို မိုက်မဲစွာ ကာကွယ်ပေးနေပြီး တန်ဖိုးမရှိသော အရာများကို ဆက်လက်လုပ်ဆောင်နေသေးသည်။

အချိန်အတော်ကြာပြီးနောက် ချင်းဖုန့်က "ဒီနေ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ မေ့လိုက်တော့၊ မင်း နောက်ပြန်ဆုတ်လို့ ရပြီ"

ယောင်ချန်းက သူမ၏နားကိုတောင် သူမ မယုံနိုင်သေးပေ။ မယ်မယ်က ဒီကိစ္စကို ဆက်မမေးတော့ဘူးလား? သူမက ချင်းဖုန့်ကို စိုက်ကြည့်နေသော်လည်း အမှောင်ရိပ်အောက်တွင် မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ "မယ်မယ့်ကို ကျေးဇူးတင်ပါတယ် ၊ ကျေးဇူးတင်ပါတယ် မယ်မယ်!" သူမ အသိပြန်ဝင်လာသည်နှင့်တပြိုင်နက် ချင်းဖုန့် စိတ်ပြောင်းသွားမည်ကို စိုးရိမ်တာကြောင့် ယောင်ချန်းက အမြန်ထရပ်ကာ ရှက်ရွံ့စွာ ထွက်ပြေးသွားသည်။

အလျင်အမြန် ထွက်ပြေးသွားသော ပုံရိပ်ကို ကြည့်လိုက်ပြီး ချင်းဖုန့်က သူမ၏နူတ်ခမ်းထောင့်ကို အနည်းငယ် မြှောက်လိုက်သည်။

ရှီးရှနန်းဆောင်၊ ယောင်ချန်း... သူမ မှတ်ထားရလိမ့်မယ်။

"သခင်မ? သခင်မ!"

စိုးရိမ်နေပုံရသော ဖူလင်း၏ တီးတိုးသံများ ထွက်လာသောကြောင့် ချင်းဖုန့်က သူမ၏အသံကို ပြန်ပေးလိုက်သည်။ "ငါ ဒီမှာပါ"

"သခင်မက ဘာလို့ ချုံပုတ်ထဲ ရောက်နေတာလဲ?" မဝေးလှသော ချုံပုတ်ထဲတွင် နစ်မြုပ်လုနီးပါး ဖြစ်နေသော ပုံရိပ်ကို မြင်လိုက်ရသောကြောင့် ဖူလင်းက ချင်းဖုန့်ကို ကူညီပေးရန် အလျင်စလို လှမ်းလာပြီး "အဲဒီမှာ ပိုးကောင်တွေ အများကြီး ရှိတယ်၊ မြန်မြန် ထွက်လာပါ"

နောက်ဆုံးတွင် သူမတို့နှစ်ဦးက ချုံပုတ်ထဲမှ ထွက်လာခဲ့ကြသည်။ ဖူလင်းက ထိုင်ချလိုက်ပြီး သူမစကတ်ပေါ်ရှိ မြက်ပင်များကို သန့်ရှင်းပေးနေသည်။ ချင်းဖုန့်က သူမ၏ လက်ကို ဆွဲကာ ထူပေးလိုက်ပြီး "ကျန်းကျန်း၊ သူ(မ) အဆင်ပြေလား?"

ချင်းဖုန့်က ဖူလင်း၏တောင့်တင်းသွားမှုကို ခံစားလိုက်ရသော်လည်း ညဘက်ဖြစ်နေသောကြောင့် သူမ၏အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ချင်းဖုန့်က ရယ်မောပြီး "မကောင်းဘူးလား?"

ဖြစ်သင့်ပါတယ်လေ၊ အအေးနန်းဆောင်မှာ စွန့်ပစ်ခံထားရတဲ့ ကိုဘ်လုပ်တော်ဘဝကို လူတော်တော်များများက သည်းမခံနိုင်ကြပါဘူး။ အတိတ်မှာလည်း မြင့်မြတ်တဲ့လူတွေအတွက် ဒီလိုအနေအထားမျိုးတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အေးအေးဆေးဆေး ရင်ဆိုင်နိုင်တဲ့သူက အများကြီး မရှိပါဘူး။ တခါတရံမှာ နိမ့်ကျတဲ့ဘဝက ကြောက်မက်ဖွယ်ကောင်းတာ မဟုတ်ပါဘူး။ တကယ်ကြောက်စရာကောင်းတာက လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာ ကွာဟချက်နဲ့ နှလုံးသားထဲကနေ ထွက်ပေါ်လာတဲ့ အဆုံးမဲ့ စိတ်ပျက်အားငယ်မှုပါပဲ။

အချိန်အတော်ကြာအောင် အပြင်ထွက်လာခဲ့သောကြောင့် ချင်းဖုန့်က ဗိုက်ဆာနေပြီး သူမ၏နန်းဆောင်သို့ ပြန်ခါနီးတွင် ဖူလင်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ရုတ်တရက် သူမနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ဘာလဲ?!" ချင်းဖုန့်က ဖူလင်းကို ထိတ်လန့်စွာ စိုက်ကြည့်နေပြီး ခဏအကြာတွင် သူမလေသံကို လျှော့ချကာ မေးလိုက်သည်။ "မင်း အမှန်တိုင်းပြောနေတာလား?"

"ဒီအစေခံက မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တာပါ"

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?

"ငါ ကိုယ်တိုင်ကြည့်ချင်တယ်" သူမ လုံးဝ မယုံနိုင်ဘူး။

****

အအေးနန်းဆောင်လို့ ခေါ်တဲ့ နန်းဆောင်က မောင်းမဆောင်ရဲ့နက်နဲတဲ့ နေရာတစ်ခုပါပဲ။ တကယ်ကို ဘယ်သူကမှ ဂရုမစိုက်၊ သိက္ခာမရှိ၊ မျှော်လင့်ချက်မရှိတဲ့ နေရာပါပဲ။

ဒါပေမယ့် သူမတို့ရှေ့က "အအေးနန်းဆောင်" ကတော့ သူမတို့ စိတ်ကူးထားသလောက် မပျက်စီးသေးပါဘူး။ အနည်းဆုံးတော့ ထူထဲနက်မှောင်တဲ့ အနီရောင်တံခါးကြီးက မြင့်မားလွန်းနေပြီး ခိုင်ခံ့မြဲမြံနေသေးတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့် တံခါးမှာ ကမ္ပည်းပြားတောင် မရှိဘဲ ဗလာဖြစ်နေတဲ့အပြင် တံခါးပေါက်ကြားကနေ စကားစမြည်ပြောသံတွေတောင် ထွက်နေသေးတယ်။

"မယ်မယ်၊ ကျေးဇူးပြုပြီး အရှိန်လျှော့ပါ၊ အပူလောင်မှာကို ဂရုစိုက်ပါ" ယခင်က ကျန်းကျန်း၏ လက်သွယ်သွယ်လေးများက ယခုအခါ သစ်သားချောင်းကဲ့သို့ ပိန်ပါးနေပြီး သူမ၏ မျက်နှာက ပါးလွှာနေကာ မျက်လုံးအောက်ရှိနေရာများက ခရမ်းရောင်ဖျော့ဖျော့ဖြစ်နေသောကြောင့် သူမကို ညှိုးနွမ်းနေစေသည်။ ဝူအာက သူမကိုယ်သူမ မထိန်းနိုင်ဘဲ သူမ၏မျက်လုံးများက နီရဲလာသည်။

"မိုက်မဲတဲ့ ကောင်မလေး၊ မင်းက ဘာလို့ ငိုနေတာလဲ" ကျန်းကျန်းက စွပ်ပြုတ်ပန်းကန်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း အနည်းငယ် ပြုံးနေရာမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမက "တကယ်တော့ အခုလို နေရတာက ကောင်းပါတယ်။ အရင်တုန်းက အဝတ်အစားကောင်းကောင်းနဲ့ အစားအစာ ကောင်းကောင်းတွေကို ရပြီး ဇိမ်ခံနေနိုင်ပေမယ့် နေ့စဥ်နေ့တိုင်း အဲ့လူ လုပ်နေတာတွေ တွေးနေတာတွေကို လိုက်တွေးနေရပြီး စောင့်ကြည့်နေရတယ်၊ မနာလိုစိတ်ကြောင့် ပူးပေါင်းကြံစည်တာတွေကိုလည်း စိတ်ပူနေရတယ်၊ ဒါပေမယ့် အခုတော့ ပိုကောင်းလာပြီ။ အဲဒါတွေကို တွေးစရာမလိုတော့ဘဲ ဘာမှလည်း စိတ်ပူစရာ မလိုတော့ဘူးပေါ့၊ လက်ရှိမှာ ငါက အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်တယ်လေ"

"တကယ်ကို အေးချမ်းနေတာပဲ" လေးလံသော သစ်သားတံခါး၏ အပြင်ဘက်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာပြီး တံခါးက အတင်းတွန်းဖွင့်ခံလိုက်ရသည်။

"ဗန်း"

တံခါးအပြင်ဘက်မှ လူကို မြင်လိုက်ရချိန်တွင် အခန်းထဲမှ လူနှစ်ယောက်၊ အထူးသဖြင့် ကျန်းကျန်းက ထိတ်လန့်တကြား ဖြစ်သွားပြီး သူမလက်ထဲမှ ပန်းကန်လုံးကို အလန့်တကြား လွှတ်ချလိုက်ပြီး ပန်းကန်လုံးက မြေပြင်ပေါ်သို့ ကျသွားသည်ကိုပင် သူမ မသိနိုင်တော့ပေ။

ချင်းဖုန့်က တစ်ချိန်က လှပပြေပြစ်ပြီး မြင့်မြတ်ကာ တော်ဝင်ဆန်သည့် အမျိုးသမီးကို အေးတိအေးစက် စိုက်ကြည့်နေသည်။ ကျန်းကျန်း၏ မျက်နှာတွင် သူမ တစ်ခါမှ မမြင်ဖူးသော ကြောက်ရွံ့မှုကို ပြသနေသည်။ သူမ စွပ်စွဲခံရခြင်း၊ ချောက်ချခံရခြင်း သို့မဟုတ် အအေးနန်းဆောင်ထဲသို့ ပစ်ချခြင်းခံရသည့်တိုင် သူမက ထိတ်လန့်နေခြင်းမျိုး မရှိဘဲ ခေါင်းမငုံခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူမက အလွန်ထိတ်လန့်နေသည်။ ချင်းဖုန့်က ကျန်းကျန်း၏ဗိုက်ပေါ်ကို စိုက်ကြည့်နေရင်း သူမ၏မျက်ခုံးများကိုပင် ပင့်တင်လိုက်သေးသည်။

ဖုံးကွယ်ထားတဲ့ ကြီးမားထူထဲတဲ့ အင်္ကျီသာ ရှိမနေရင် သူမရဲ့ဝမ်းဗိုက်က ခြောက်လကနေ ခုနစ်လခန့်ရှိတယ်ဆိုတာ သိသာနေနိုင်တယ်။

စူးစူးရဲရဲ စိုက်ကြည့်ခံလိုက်ရပြီး မီးစနှင့် ထိုးသလို ခံစားလိုက်ရသောကြောင့် ကျန်းကျန်း၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားကာ သူမက ဝမ်းဗိုက်က ရုတ်တရက် အဆင်မပြေသလို ခံစားလိုက်ရပြီး သူမက သူမဗိုက်ကို ဆုပ်ကိုင်လိုက်ကာ မသိစိတ်ဖြင့် နောက်ပြန်ဆုပ်လိုက်မိသည်။

"နင်... နင်တို့ ဒီကိုဘာလုပ်​​နေတာလဲ? ငါ့သခင်မ​က ဒီလို အ​ခြေအ​နေ​ရောက်​​နေပြီ၊ နင်က ဘာကို လိုချင်နေသေးတာလဲ?" ဝူအာက ကျန်းကျန်း​ရှေ့တွင် ရပ်လိုက်​ပြီး ချင်းဖုန့်ကို မထီမဲ့မြင် ​အော်မေး​လိုက်​သော်လည်း​ ကံမ​ကောင်းစွာပဲ သူမအသံက ကြည်လင်မနေဘဲ သူမ၏လက်များကဲ့သို့ တုန်ယင်နေသည်။

"ဘာလို့လဲ?" ချင်းဖုန့်၏ မျက်လုံးများက ဝူအာ၏နောက်ကွယ်တွင် ပုန်းနေသော ကျန်းကျန်းကိုသာ စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။ သူမ တကယ်ကို နားမလည်ပါဘူး။ ကျန်းကျန်းရဲ့အသွင်အပြင်ကို ကြည့်ရင် ကလေးက အနည်းဆုံး ခြောက်လ ဒါမှမဟုတ် ခုနစ်လရှိနေပြီ။ အချိန်ကို တွက်ချက်ကြည့်ရင် မတော်တဆမှု မဖြစ်ခင်မှာကတည်းက သူမမှာ ကိုယ်ဝန်ရှိနေပြီ၊ ဘာလို့ သူမမှာ ကိုယ်ဝန်ရှိနေတဲ့အကြောင်းကို ထုတ်မပြောခဲ့တာလဲ? ဘာလို့ ဘာမှ မပြောဘဲ အအေးနန်းဆောင်ထဲကို တန်းဝင်ဖို့ကို ရွေးချယ်ရတာလဲ? ဘာလို့လဲ?

ကျန်းကျန်းက သူမ၏စိတ်ထဲမှ တိုးတိုးလေး သက်ပြင်းချလိုက်သည်။ သူမ ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ ရောက်လာမယ့်အရာတွေကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

ချင်းဖုန့်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသော အချိန်တွင် ကျန်းကျန်းက ထိတ်လန့်သွားသေည်လည်း နောက်ပိုင်းတွင် သူမက တဖြည်းဖြည်း ပြန်ငြိမ်သက်သွားသည်။ သူမက ချင်းဖုန့်ကို ကြောက်နေသေးသော်လည်း သူမ၏ မျက်နှာက မူလငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူမက ဝူအာ၏လက်ကို ပွတ်သပ်ပေးလိုက်ပြီး ဝူအာကို သူမနောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။ စိတ်ခံစားချက် သို့မဟုတ် ဒေါသကို လုံးဝမပြသည့် ချင်းဖုန့်၏မျက်လုံးများကို ကြည့်ရင်း ကျန်းကျန်းက တိုးတိုးလေး ပြန်ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့... ငါက ငါ့ကလေးကို အသက်ရှင်စေချင်လို့ပေါ့"

ချင်းဖုန့်၏ မျက်လုံးများမှ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာပြီး "မင်းက မင်းရဲ့ကလေးကို အသက်ရှင်စေချင်ပေမယ့် တခြားသူတွေရဲ့ ကလေးတွေကိုတော့ သေစေချင်တယ်လား?"

ချင်းဖုန့်က သူမ၏ခေါင်းအုံးအောက်မှ အမွှေးအိတ်ကို ပြန်တွေးရင်း ကျန်းကျန်းကို ဆွဲဖြဲပစ်ချင်နေခဲ့သည်။

ကျန်းကျန်းက ခဏလောက် အံ့အားသင့်နေပြီးမှ "နင် ဘာတွေပြောနေလဲဆိုတာကို ငါ မသိဘူး"

မသိဘူးတဲ့လား? ကျန်းကျန်းရဲ့ ရှုပ်ယှက်ခတ်နေတဲ့ အမူအရာက အတုအယောင်လုပ်နေတဲ့ပုံ မပေါ်ပေမယ့် ဖူလင်းက ညသန်းခေါင်ယံမှာ ရှန့်ယင်တစ်ယောက်တည်း လင်းယွင်နန်းဆောင်ထဲကို ဝင်ရောက်သွားတာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ဖူးတယ်။ အဲ့တာကိုရော ဘယ်လို ရှင်းပြမှာလဲ? ဒီ​နေ့​တော့ ရှင်းရှင်း​ပြောရမယ်။

ချင်းဖုန့်က ပြုံးလိုက်ပြီး "မင်းက အခုထိ တုံးအသလို ဟန်ဆောင်နေသေးတာလား? မင်းက ပန်ကုန်းကို ဆေးခပ်ဖို့ ရှန့်ယင်ကို အမိန့်ပေးခဲ့တယ်၊ ပန်ကုန်း ဘယ်တော့မှ ကလေးမရနိုင်ဖို့ မျှော်လင့်ထားတယ်ပေါ့လေ။ မင်းက အဲ့လိုရက်စက်တဲ့မိန်းမဆိုမှတော့ မင်း ကလေးယူဖို့ မထိုက်တန်ဘူး"

ကျန်းကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ တစ်စုံတစ်ယောက်က သူမကို ထပ်ကာ ထပ်ကာ ချောက်ချခဲ့ပုံရသည်။ အရင်တုန်းကဆိုရင်တော့ သူမ ရှင်းပြဖို့ စိတ်မ၀င်စားပေမယ့် ဒီနေ့မှာတော့ သူမကိုယ်သူမ ခုခံကာကွယ်ရတော့မယ်။ "ရှန့်ယင်ကို ချင်ဖုန်းနန်းဆောင်မှာ ထားဖို့ စီစဉ်တာက ငါ မဟုတ်ဘူး၊ သူ(မ)ကို ဆေးခပ်ဖို့ ညွှန်ကြားပြီး မင်းနဲ့ မင်းရဲ့ကလေးကို ထိခိုက်စေတာက ဘယ်သူ့ကိုမဆို ဖြစ်နိုင်တယ်"

သူမမှာ ကိုယ်ဝန်ရှိမှန်း သိပြီးတဲ့နောက်မှာ ဧကရီက သူမကို တစ်ခုခု လုပ်မှာကို သူမ စိုးရိမ်ခဲ့တယ်။ အဲ့တာကြောင့် ချင်းဖုန့်နဲ့ ဧကရီကို ရန်တိုက်ပေးဖို့ သူမ တွေးနေခဲ့တယ်။ အဲ့နှစ်ယောက် ရန်ဖြစ်နေသရွေ့၊ ဘယ်သူကမှ သူမကို သိပ်ဂရုမစိုက်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ချင်းဖုန့်ဘက်မှာ အဲ့လိုကိစ္စတွေ ရှိနေမယ်ဆိုတာကို သူမ လုံးဝ မစဉ်းစားခဲ့မိဘူး။ ဧကရီ ပိုတောင် ရက်စက်နေသေးတယ်။ သူမက ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနဲ့ သတ်ပစ်ချင်နေတယ်။

ချင်းဖုန့်၏ မယုံကြည်မှုကို ရင်ဆိုင်နေရသောကြောင့် ကျန်းကျန်းက မချိပြုံး ပြုံးလိုက်ပြီး "အခု ငါက ဒီလိုဖြစ်နေပြီ၊ ဘာအတွက် တိုက်ခိုက်နေရဦးမှာလဲ? နင့်ကို ဘာအတွက် လိမ်နေရမှာလဲ?"

"ကောင်းပြီလေ" ချင်းဖုန့်က ရွှင်မြူးစွာ ပြန်ပြောလိုက်ပြီး ကျန်းကျန်း၏မို့ဖောင်းနေသော ဗိုက်ကို နောက်တစ်ကြိမ် ထပ်ကြည့်ကာ "မင်းရဲ့ ဗိုက်ထဲက ကလေးနဲ့ ကျိန်ဆိုဝံ့လား?"

"သခင်မ အဲ့လို လုပ်လို မဖြစ်ပါဘူး!" ဝူအာက ကျန်းကျန်း၏အင်္ကျီလက်ဝကျယ်ကို ဆွဲကိုင်ပြီး တားဆီးလိုက်သည်။ "သခင်မက ဘာမှ မလုပ်ခဲ့ဘူး၊ ဘာလို့ သခင်မက ကျိန်ဆိုရမှာလဲ!"

ဒီကလေးက သူမသခင်မရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ပါ။ လွဲချော်မှုတွေ ရှိခဲ့ရင် သူမရဲ့သခင်မက ရှင်သန်နိုင်ပါတော့မလား?

လင်းယုန်ကဲ့သို့ စူးရှထက်မြက်သော မျက်လုံးများက သူမ၏ဗိုက်ပေါ်သို့ ကျရောက်လာပြန်သည်။ ကျန်းကျန်းက မသိစိတ်မှ တုန်လှုပ်သွားနေပြီး သူမတွင် ရွေးချယ်စရာ မရှိတော့ပေ။ သူမ မကျိန်ဆိုပါက သူမကို သတ်ပစ်ချင်သူဟု ချင်းဖုန့်က သေချာပေါက် တွေးနေမည် ဖြစ်သည်။ အခုအချိန်မှာ ချင်းဖုန့်က သူမကို သေစေချင်ရင် သူမ အသက်ရှင်ဖို့ နည်းလမ်းမရှိနိုင်တော့ပါဘူး။ ကျန်းကျန်းက စားပွဲထောင့်ကို ကိုင်ထားရင်း မတ်မတ်ရပ်လိုက်ကာ သူမ၏ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မှောင်မိုက်နေသော ကောင်းကင်ကို မော့ကြည့်ကာ စကားတစ်လုံးချင်း ရေရွက်လိုက်သည်။ "မိုးကောင်ကင်နတ်မင်းကြီး၊ ဒီနေ့ ကျန်းကျန်းပြောတဲ့ထဲမှာ တစ်ခုခု မှားတာပါနေခဲ့ရင် ကျန်းကျန်းကို သားသမီး မပေးပါနဲ့တော့... သူ ဒီလောကကြီးထဲ မရောက်လာပါစေနဲ့..." သူမ၏မျက်လုံးထောင့်မှ မျက်ရည်တစ်စက် တိတ်တိတ်လေး စီးကျလာပြီး မို့ဖောင်းနေသော ဝမ်းဗိုက်ပေါ်သို့ ကျဆင်းသွားသည်။

ချင်းဖုန့်က ကျန်းကျန်း၏ မျက်နှာကို စူးစူးစိုက်စိုက်စိုက် ကြည့်နေရင်း သူမ၏ခံစားချက်တစ်စုံတစ်ရာမှ လွတ်သွားခြင်း မရှိအောင် သတိထားနေခဲ့သည်။ သူမ၏မျက်နှာတွင် ဝမ်းနည်းမှုနှင့် ကြေကွဲမှုအချို့ရှိနေသော်လည်း အပြစ်ရှိစိတ်ကြောင့် ထိတ်လန့်ကြောက်ရွံ့မှုမျိုး ရှိမနေခဲ့ပေ။

တကယ်ပဲ သူမ မဟုတ်ဘူးလား?

ချင်းဖုန့်က သူမကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ ရလဒ်အနေဖြင့် ချင်းဖုန့်က ပိုစိတ်ရှုပ်လာပြီး "ဒီကလေးက မင်းကို ဒီဒုက္ခကနေ လွတ်မြောက်ဖို့ မင်း မမျှော်လင့်ထားဘူးဆိုရင် မင်း ဘာလို့ သူ့ကို ကယ်တင်ဖို့ မင်းကိုယ်မင်း အန္တရာယ်ပြုခဲ့တာလဲ?"

သူမမှာ ကိုယ်ဝန်ရှိမှန်း လူတိုင်းသိသွားရင် သူမကိုယ်သူမ ကယ်တင်ဖို့ ကလေးကို အသုံးချလို့ရတယ်။ သူမမှာ ကိုယ်ဝန်ရှိနေပေမယ့် သူမက ဘာလို့ မပြောခဲ့တာလဲ? အခုနေ တစ်စုံတစ်ယောက်က သူမကို သတ်ချင်နေတယ်ဆိုရင် ပိုလွယ်မှာ မဟုတ်ဘူးလား?

"ငါ​... သူ့အတွက်​ ကလေးတစ်​​ယောက်​ကို ​မွေးပေးချင်​တယ်​၊ အာဏာအတွက်​ အကြံအစည်အတွက် မဟုတ်​ဘဲ သူ့အတွက်​​ရော ငါ့​အတွက်​​ရော ဖြစ်မယ့် ငါတို့ရဲ့နှစ်ယောက်ရဲ့ ​သွေးသား​ဖြစ်တဲ့ ကလေးတစ်​​ယောက်​​လောက်​​တော့ ​မွေးပေးချင်တယ်" သူမ၏မို့ဖောင်းနေသော ဝမ်းဗိုက်ကို ကိုင်းထားရင်း စကားပြောနေသော ကျန်းကျန်း၏နှုတ်ခမ်းထောင့်များမှ နွေးထွေးသောအပြုံးက ချင်းဖုန့်အတွက် လွန်စွာမှင်သက်ဖွယ်ကောင်းနေခဲ့သည်။

သွေးသားအနေနဲ့ ဆက်လက်တည်ရှိစေချင်တာလား?

ချင်းဖုန့်က အထင်အမြင် သေးစွာဖြင့် လှောင်ပြောင်ရယ်မောလိုက်ပြီး ထပ်မေးလိုက်သည်။ "စုန်းအတတ်ပညာလိုမျိုး အဓိပ္ပါယ်မရှိတာကို တစ်ချက်လေးတောင် မစူးစမ်းဘဲ မင်းကို အအေးနန်းဆောင်ထဲကို ပစ်ချလိုက်တယ်၊ အဲ့နောက်မှာလည်း မင်းကို လျစ်လျူရှုထားတယ်။ ဒီလိုလူမျိုးအတွက် မင်းက ကူညီပြီး ကလေးမွေးပေးချင်နေတာလား? အဲ့တာက ထိုက်တန်လို့လား?"

အဲဒီနေ့ ပင်မခန်းမက အေးစက်မှုက သူမကို စိတ်ပျက်စေခဲ့တယ်။

ချင်းဖုန့်၏ကြမ်းတမ်းသော စကားများနှင့် နှိုင်းယှဉ်လျှင် ကျန်းကျန်းက ခပ်ဖျော့ဖျော့ ပြုံးနေပြီး "ချင်းဖုန့်၊ နင်က ဒီမောင်းမဆောင်အကြောင်းကို နားမလည်သေးပါဘူး၊ မင်းက သူ့ကို နားမလည်သလို အချစ်ကိုလည်း နားမလည်ဘူး"

တကယ်တော့ သူမလည်း သူ့လည်း မုန်းတီးပြီး အပြစ်တင်မိပေမယ့် ဒီအတောအတွင်း အအေးနန်းဆောင်ထဲမှာ နေခဲ့ပြီးတဲ့နောက်မှာတော့ အများကြီးတွေးပြီး တဖြည်းဖြည်း နားလည်လာခဲ့တယ်။

သူမက ဘာကို ဆိုလိုတာလဲ? ချင်းဖုန့်က ခဏလောက် တွေးတောနေပြီး သူမ အဖြေရှာမရသေးခင်မှာပဲ သူမရှေ့က ပိန်ပိန်ပါးပါးနဲ့ လူက ရုတ်တရက် သူမရှေ့မှာ ဒူးထောက်လိုက်တယ်။

"ချင်းဖုန့် ကျေးဇူးပြုပြီး ဒီနေ့ အဖြစ်အပျက်ကို ဘယ်သူ့ကိုမှ မပြောပါနဲ့၊ ကျန်းကျန်းက တောင်းဆိုပါတယ်!"

ချင်းဖုန့်က အနည်းငယ် ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်လိုက်သည်။

"သခင်မ!" ဝူအာက ပြင်းထန်စွာ ငိုကြွေးနေသည်။ သူမ၏သခင်မက အသည်းကွဲပြီး ဝမ်းနည်းပူဆွေးနေသော်လည်း သူမက ထိုအတွက် ဘာမှ မလုပ်ပေးနိုင်ဘဲ ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။

မြေပြင်ပေါ်တွင် နှိမ့်ချစွာ ဒူးထောက်နေသော တချိန်က တင့်တယ်စွာ ချောမောလှပခဲ့ဖူးသော အမျိုးသမီးကို တိတ်တဆိတ် ကြည့်နေရင်း ချင်းဖုန့်က သူမ၏လက်ကို မြှောက်ကာ သူမ၏ဗိုက်ကို ဖြည်းညှင်းစွာ ပြန်တို့ထိလိုက်မိသည်။ နောက်ဆုံးတွင် သူမက သဘောတူသည် မတူသည်ကို မပြောဘဲ အအေးနန်းဆောင်မှ ပြန်ထွက်သွားလေသည်။

ချင်းဖုန့်က ထိုအေးစက်နေသော အအေးနန်းဆောင်မှ ပြန်ထွက်လာခဲ့ပြီး တလျှောက်လုံး စကားမပြောနိုင်သေးပေ။ လက တိမ်များနှင့် မြူခိုးများအောက်တွင် ဖုံးလွှမ်းခံနေပုံရပြီး စိမ်းလန်းသော သစ်ပင်များ၏အရိပ်ဖြင့် ဖုံးလွှမ်းခံနေရသော နန်းတော်လမ်းမကြီးက လုံးဝ မှောင်မိုက်နေသည်။ ဖူလင်းက အသံ မထွက်ဝံ့သော်လည်း သူမ၏သခင်မကို ဂရုတစိုက် ကူတွဲပေးနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် နန်းတော်ထဲမှာ ဆယ်နှစ်ကြာအောင်နေခဲ့တဲ့ သူမအတွက်တောင် ဒီညရဲ့အဖြစ်အပျက်တွေက အရမ်း ထိတ်လန့်စေသေးတယ်။ နန်းတော်ထဲမှာ နှစ်ဝက်ကျော်ကျော်လောက်ပဲနေခဲ့ရတဲ့ သူမရဲ့သခင်မက အရမ်းအံ့သြထိတ်လန့်နေပြီး အသိစိတ်ပြန် မဝင်နိုင်သေးတာ ပုံမှန်ပါပဲ။

"ဖူလင်း" ရုတ်တရက် အသံနက်ကြီး ထွက်ပေါ်လာသောကြောင့် ဖူလင်းက တိုးတိုးလေး ပြန်ဖြေလလိုက်သော်လည်း အချိန်အတော်ကြာအောင် လှုပ်ရှားမှု မရှိသေးပေ။ ပတ်ဝန်းကျင်က မှောင်မိုက်နေပြီး မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရသောကြောင့် ချင်းဖုန့်၏မျက်နှာတွင် ဖော်ပြနေသော အမူအရာများကို ဖူလင်းက မသိနိုင်ခဲ့ပေ။

"တစ်စုံတစ်ယောက်က ငါတို့ကို တစ်ချိန်လုံး ကစားနေခဲ့တာပဲ"

ထိုပြင်းပြသော အသံက ကြောက်စရာကောင်းနေခြင်း မဟုတ်သော်လည်း သူမ၏သခင်မကို ကူတွဲပေးထားသော လက်ဆီမှ ခံစားလိုက်ရသော နာကျင်မှု အနည်းငယ်က ဖူလင်း၏နှလုံးသားကို အကြောင်းပြချက်မရှိ တုန်လှုပ်စေခဲ့သည်။ သို့သော်လည်း မည်ကဲ့သို့ ပြန်ဖြေရမည်ကို မသိသောကြောင့် ဖူလင်းက တိတ်ဆိတ်နေရုံသာ တက်နိုင်ခဲ့သည်။

ရှင်း.... ယွဲ့.... နဥ်..... နင်က တိုင်းပြည်ရဲ့မိခင်ဖြစ်နေပြီ၊ နင့်ရဲ့သားကလည်း အိမ်ရှေ့စံမင်းသားတစ်ပါး ဖြစ်နေပြီ၊ နင်က ဘာကို လိုချင်သေးတာလဲ? နင်က ဒီလို တိုက်ခိုက်ရတာကို အရမ်းကြိုက်တာလား?

ချင်းဖုန့်က သူမ၏အံသွားများကို တိတ်တဆိတ် ကြိတ်နေမိသည်။ သူမ ကျန်းကျန်းနဲ့ သူမရဲ့ကလေးကို သေချာပေါက် ကာကွယ်ပေးရမယ်။ အဆုံးမှာ သူမ ရှင်းယွဲ့နဥ်ကို အနိုင်မယူနိုင်ခဲ့ရင်တောင် သူမအတွက် ကြီးမားတဲ့ ဒုက္ခကို ချန်ထားပေးခဲ့မယ်။

ချင်းဖုန့်က သူမ ရှေ့ဆက်သွားရမည့်လမ်းက သူမအတွက် သူမရှေ့မှ မှောင်မိုက်နေသော နန်းတော်လမ်းထက်ပင် နက်ရှိုင်းကြောင်း နားလည်လာခဲ့သည်။ ရှေ့ဆက်ရမယ့်လမ်းက ဘယ်လိုမျိုးတွေ ဖြစ်လာမလဲဆိုတာကို သူမကိုယ်တိုင်လည်း သေချာမသိသလို ဘယ်တွေက သူမကို စောင့်မျှော်နေမယ်ဆိုတာကိုလည်း သူမ မသိပါဘူး။ ဒါပေမယ့် သူမမှာလည်း ကျန်းကျန်းလိုပဲ ရွေးချယ်စရာ မရှိဘူးဆိုမှတော့ ရှေ့ဆက်လျှောက်ဖို့ပဲ တက်နိုင်တော့တယ်။

(T/N ; ချင်းဖုန့်ကို ဘာသာပြန်ရတာ တကယ်ကို ရင်မောတယ်၊ မွန်းကျပ်သလိုမျိုးကို ခံစားရတာ.... သေချာတာကတော့ မလွတ်လပ်တဲ့ ကောင်းကင်က အသက်ရှူရတာတောင် အဆင်ပြေမနေဘူး) 

💜💜💜Thank you so much for your reading Time, Votes , comments, and supports💜💜💜

အခန္း ၅၃ အရွက္တရားကို ထမ္း႐ြက္ၿပီး ဝန္ထုပ္ဝန္ပိုးကို သယ္ေဆာင္ရမယ္

အထဲမွာ ဘယ္သူလဲ?

ျမက္ပင္မ်ားႏွင့္သစ္ပင္မ်ား ယိမ္းယိုင္ေနသည့္ေနရာကို စိုက္ၾကည့္ေနရင္း ခ်င္းဖုန္႔၏ ႏွလုံးခုန္သံက က်ယ္ေလာင္လာသည္။ သူမက သူမ၏လက္ႏွစ္ဖက္ကို တင္းတင္းၾကပ္ၾကပ္ လက္သီးဆုပ္ထားေသာ္လည္း သူမ၏မသိစိတ္က အနည္းငယ္ တုန္လႈပ္ေနမိသည္။ မူလကတည္းက လူသူကင္းမဲ့ေနေသာေနရာက ယခုအခ်ိန္တြင္ ပို၍ပင္ ေအးစက္ေနပုံရသည္။ သူမက သရဲတေစၦေတြနဲ႔ နတ္ဘုရားေတြကို ဘယ္တုန္းကမွ မယုံၾကည္ခဲ့ပါဘူး၊ ဒါေပမယ့္လည္း ဒါက နန္းေတာ္ရဲ႕နယ္ပယ္ထဲမွာျဖစ္ေနတာေၾကာင့္ သူမ မေၾကာက္ဘူးလို႔ ေျပာရင္ အဲ့တာက လိမ္တာပါပဲ။ ခ်င္းဖုန႔္က အသက္ကို ခပ္ျပင္းျပင္းရႉကာ စိတ္တည္ၿငိမ္ေအာင္ ႀကိဳးစားေနရင္း ဆူညံသံကို ဖန္တီးေပးေနေသာ ပရမ္းပတာျဖစ္ေနသည့္ေနရာကို ဂ႐ုတစိုက္ လွမ္းၾကည့္ေနသည္။

"မလုပ္နဲ႔.... အဲ့ဒီလိုမလုပ္ပါနဲ႔... တစ္ေယာက္ေယာက္ေတြ႕သြားရင္... သတိထားပါဦး.." ၿခဳံပုတ္ထဲမွ အမ်ိဳးသမီးတစ္ေယာက္၏ မေရမရာအသံက ျပတ္ေတာင္းျပတ္ေတာင္း ထြက္လာသည္။ ခ်င္းဖုန႔္က သူမ နားၾကားလြဲေနသည္ဟု ထင္ကာ အနားသို႔ တိုးကပ္ေတာ့မည့္အခ်ိန္တြင္ စိတ္မရွည္ပုံရသည့္ ေယာက္်ားသံတစ္သံ ႐ုတ္တရက္ ထြက္ေပၚလာသည္။ "ဘာလို႔လဲ? ဒီေနရာမွာ ဘာလို႔ တစ္ေယာက္ေယာက္ရွိေနမွာလဲ?"

ခ်င္းဖုန႔္က အံ့အားသင့္သြားၿပီး သူမ၏ေျခလွမ္းမ်ားကို အျမန္ရပ္လိုက္သည္။ ခဏအၾကာတြင္ မိန္းခေလးတစ္ေယာက္၏ ညဳတုတုအသံႏွင့္ ေယာက္်ားတစ္ေယာက္၏ အသက္ျပင္းျပင္းရႈသံတို႔မ်ား ထြက္ေပၚလာၿပီး တိုးရာမွ ပို၍က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။ ေနာက္ဆုံးတြင္ ခ်င္းဖုန႔္က ဘာျဖစ္ေနေၾကာင္းကို နားလည္သြားၿပီး သူမ၏မ်က္ႏွာက နီျမန္းလာကာ ခ်က္ခ်င္း လွည့္ထြက္လိုက္သည္။ သို႔ေသာ္လည္း ေမွာင္လြန္းေသာေနရာတြင္ သူမက ခပ္ျမန္ျမန္ လႈပ္ရွားလိုက္သျဖင့္ သစ္ကိုင္းေျခာက္တစ္ခုကို နင္းမိသြားၿပီး "ေခ်ာက္"ဟူေသာ အသံတစ္ခု ထြက္ေပၚလာသည္။

"ဘယ္သူလဲ?!" အထဲမွ လူက ေတာ္ေတာ္သတိရွိပုံေပၚၿပီး ထိုအသံတိုးတိုးေလးကိုပင္ သတိျပဳမိသြားသည္။ ခ်င္းဖုန႔္က ထိုေနရာတြင္ ေတာင့္တင္းစြာ ရပ္ေနမိၿပီး လုံးဝ မလႈပ္ဝံ့ေပ။ အတြင္းမွလူကည္း အျပင္ဘက္မွ အေျခအေနကို နားေထာင္ေနပုံရသည္။ ထိုခဏတာမွ်အခ်ိန္တြင္ ပတ္ဝန္းက်င္က တိတ္ဆိတ္လြန္းသျဖင့္ သစ္ပင္မ်ားကို ျဖတ္သန္းတိုက္ခတ္လာေသာ ေလတိုက္သံမ်ားကိုသာ ၾကားေနရသည္။

ထိုလူက ကိုယ္ခံပညာ ကြၽမ္းက်င္ေၾကာင္း သိသာထင္ရွားေနၿပီး အနီးအနားတြင္ ဘယ္သူမွ မရွိေၾကာင္း ခ်င္းဖုန္႔က ေတြးလိုက္မိသည္။

သူတို႔ကို ေခ်ာင္ပိတ္ဖမ္းလိုက္ရင္...

ခ်င္းဖုန႔္က သူမကိုယ္သူမ ျပန္တည္ၿငိမ္ေအာင္ ထိန္းလိုက္ၿပီး ခပ္က်ယ္က်ယ္ေအာ္လိုက္သည္။ "ပန္ကုန္းေရွ႕မွာ ဘယ္သူက လာေအာ္ေနတာလဲ? ဒီေရွ႕ကို ထြက္ခဲ့စမ္း"

ေအးစက္စက္ ေအာ္ေငါက္သံက ည၏ တိတ္ဆိတ္မႈကို သိသိသာသာ ခ်ိဳးဖ်က္လိုက္ၿပီး အတြင္းမွလူမ်ားက ထိတ္လန႔္သြားၾကသည္။ သစ္ပင္မ်ားရွိ အကိုင္းအခက္မ်ားက ပို၍ပင္ ျပင္းထန္စြာ တုန္ခါသြားၿပီး အဝတ္အစားမ်ား ပြတ္တိုက္သံမ်ားႏွင့္ အမ်ိဳးသမီးတစ္ဦး၏ ရႈိက္သံမ်ားက ေရာေထြးလာသည္။

"မင္း ထြက္မလာရင္ ပန္ကုန္းက မင္းကို ဖမ္းဖို႔ လူေတြကို ေစလႊတ္ရမွာလား?" အတြင္းရွိလူမ်ား ထိတ္လန႔္တုန္လႈပ္ေနသည္ကို ရိပ္မိေသာေၾကာင့္ ခ်င္းဖုန္႔က ဆက္လက္ဟန္ေဆာင္လိုက္ၿပီး ေယာင္ဝါးဝါး ေျပာလိုက္သည္။ "တစ္ေယာက္ေယာက္ လာစမ္း!"

ခ်င္းဖုန႔္၏ စကားဆုံးသြားခ်ိန္တြင္ ခ်ဳံပုတ္ထဲမွ အရိပ္တစ္ခု ထြက္လာၿပီး ထိုလူက အနီရင့္ေရာင္ သက္ေတာ္ေစာင့္ဝတ္စုံကို ၀တ္ဆင္ထားသည္။ သူ႔ဦးထုပ္၏ အနားသားက ခပ္နိမ့္နိမ့္စိုက္က်ေနေသာေၾကာင့္ သူ႔၏အသြင္အျပင္ကို ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ေပ။ သူက အခ်ိန္တိုအတြင္း တစ္က်န္း(ဆယ္ေပ)အကြာအထိ ခုန္သြားကာ လွ်င္ျမန္စြာ ေျပးသြားေသာေၾကာင့္ ညအဖုံးေအာက္တြင္ ခ်င္းဖုန႔္၏ ျမင္ကြင္းအတြင္းမွ လ်င္ျမန္စြာ ေပ်ာက္ကြယ္သြားခဲ့သည္။ သူက ေနာက္သို႔ လုံးဝ ျပန္လွည့္မၾကည့္ခဲ့ေပ။

သူ အခု ထြက္ေျပးသြားတာလား? ခ်င္းဖုန႔္က ေဘးဒုကၡႀကဳံေသာအခါ အေဝးသို႔ ထြက္ေျပးသြားသည့္လူကို သူမ၏စိတ္ထဲမွ ေလးေလးနက္နက္ မထီမဲ့ျမင္ျပဳလိုက္ၿပီး တစ္ခ်ိန္တည္းတြင္ အနည္းငယ္ စိတ္သက္သာရာရသြားသည္။ ခ်င္းဖုန႔္က ခ်ဳံပုတ္ထဲ စူးစူးစိုက္စိုက္ ၾကည့္ေနရင္း ေအးစက္စြာ ထပ္ေျပာလိုက္သည္။ "မင္း အခုထိ ထြက္မလာေသးဘူးလား? သူက ေျပးႏိုင္ေပမယ့္ မင္းက ေျပးႏိုင္မယ္ထင္ေနလား?"

ခဏအၾကာ ခ်ဳံပုတ္မ်ားက လႈပ္ခါသြားၿပီး နန္းတြင္းအေစခံတစ္ေယာက္က မဝံ့မရဲျဖင့္ ထြက္လာေလသည္။ သူမ၏အဝတ္အစားမ်ားက သပ္သပ္ရပ္ရပ္ ရွိေနေသာ္လည္း သူမ၏ဆံပင္မ်ားက ရႈပ္ပြေနသည္။ သူမက ေျခလွမ္းႏွစ္လွမ္းခန႔္ လွမ္းၿပီးသည္ႏွင့္တၿပိဳင္နက္ ႐ုတ္တရက္ ေျမျပင္ေပၚသို႔ ဒူးေထာက္ခ်လိုက္ၿပီး ခ်င္းဖုန႔္ေရွ႕သို႔ ျဖည္းျဖည္းခ်င္း တိုးလာခဲ့သည္။ သူမက ေခါင္းကိုပင္ မေမာ့ဝံ့ေတာ့ဘဲ မ်က္စိမွိတ္ကာ ေခါင္းငုံ႔ထားရင္း တုန္ယင္ေနေသာ အသံျဖင့္ "မယ္မယ္၊ ခြင့္လႊတ္ေတာ္မူပါ၊ ဒီအေစခံက ေနာက္တစ္ခါ ထပ္မလုပ္ရဲေတာ့ပါဘူး"

"ေခါင္းကို ေမာ့လိုက္" အမ်ိဳးသမီးက သူမ၏ေခါင္းကို ျဖည္းညႇင္းစြာ ေမာ့လိုက္သည္။ သူမက အသက္ႏွစ္ဆယ္ေက်ာ္အ႐ြယ္ လွပေနေသာ္လည္း သူမ၏ မ်က္ႏွာတြင္ မ်က္ရည္မ်ားျဖင့္ စြန္းထင္းေနသည္။ ခ်င္းဖုန႔္က အလင္းေရာင္ကို ေက်ာေပးထားေသာေၾကာင့္ ထိုအေစခံက သူမ၏အမူအရာကို ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ေပ။ သူမ၏ ပါးျပင္ေပၚရွိ အမာ႐ြတ္မ်ားကိုသာ ေယာင္ဝါးဝါး ျမင္ေနရေသာေၾကာင့္ နန္းတြင္းအေစခံ၏ ေသြးေရာင္မဲ့ေန‌ေသာ မ်က္ႏွာက ပို၍ အေရာင္ေဖ်ာ့သြားခဲ့သည္။ သူမ၏ မ်က္လုံးမ်ားမွ ေၾကာက္႐ြံ႕မႈက တေစၦကို ျမင္လိုက္ရသကဲ့လိုျဖစ္ေနသည္။

သူ(မ)က... ခ်င္းေဖး...

ခ်င္းဖုန႔္က သူမ၏မ်က္ခုံးကို အနည္းငယ္ ပင့္တင္လိုက္သည္။ ဒါက ဘယ္လို အမူအရာမ်ိဳးလဲ? သူမ အရမ္းေၾကာက္ဖို႔ ေကာင္းေနတာလား?

ခ်င္းဖုန႔္က သူမ၏လက္ျဖင့္ သူမပါးျပင္ေပၚမွ အမာ႐ြတ္ကို အမွတ္တမဲ့ ျပန္ထိၾကည့္လိုက္မိၿပီး ဘာေၾကာင့္မွန္းမသိ စိတ္မသက္မသာ ျဖစ္လာသလို ခံစားလိုက္ရသည္။ သူမ၏ေလသံက ပို၍ေအးစက္လာကာ "မင္း နာမည္က ဘာလဲ? မင္းက ဘယ္နန္းေဆာင္ကလဲ?"

ထိုမိန္းခေလးက တုန္တုန္ယင္ယင္ ျဖစ္ေနၿပီး သူမ၏ ခႏၶာကိုယ္က ဆန္ေကာကဲ့သို႔ တုန္ခါေနသည္။ ခ်င္းဖုန႔္က မ်က္ေမွာင္ၾကဳတ္ကာ "မင္း မေျပာခ်င္ဘူးဆိုလဲ ထားလိုက္ေတာ့၊ မင္းကို နန္းတြင္းေရးရာဌာနကို လႊဲေပးလိုက္မယ္။ ပန္ကုန္းမွာ ဒီလို ညစ္ပတ္တဲ့အရာေတြကို ဂ႐ုစိုက္ဖို႔ အခ်ိန္မရွိဘူး"

"မလုပ္ပါနဲ႔!" ခ်င္းဖုန႔္ လွည့္ထြက္သြားတာကို ျမင္လိုက္ေသာေၾကာင့္ အေစခံမိန္းခေလးက ခ်င္းဖုန႔္၏ေျခဖဝါးေပၚတြင္ တင္ေနေသာ စကတ္၏ေထာင့္စြန္းကို တင္းတင္းဆုပ္ကိုင္ကာ အသံတုန္တုန္ယင္ယင္ျဖင့္ ေတာင္းပန္လာသည္။ "ဒီအေစခံရဲ႕နာမည္က... ေယာင္ခ်န္းပါ၊ ရွီးရွ နန္းေဆာင္ကပါ၊ ေနာက္ႏွစ္ႏွစ္ၾကာရင္ အသက္ျပည့္ၿပီး နန္းေတာ္ကေန ထြက္ခြာခြင့္ရေတာ့မွာပါ။ သူက ဒီအေစခံ နန္းေတာ္မွာ ရွိေနတဲ့အခ်ိန္အေတာအတြင္း ဒီအေစခံကို ေစာင့္ေရွာက္ေပးခဲ့တဲ့သူပါ။ နန္းေတာ္ကေန ထြက္သြားၿပီးတာနဲ႔ လက္ထပ္ဖို႔ သေဘာတူထားၿပီးပါၿပီ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္မ်ိဳးမတို႔ရဲ႕ခံစားခ်က္ေတြကို မထိန္းႏိုင္ခဲ့တာပါ... မယ္မယ္က ခြင့္လႊတ္ေပးေတာ္မႈပါ!"

သူမကို နန္းတြင္းေရးရာဌာနကို လႊဲေျပာင္းေပးလိုက္ရင္ သူမ ေသမွာ ေသခ်ာေနတယ္။

ေနာက္ဆုံးေတာ့ အေနာက္ေဆာင္မယ္ေတာ္မိဖုရားႀကီးရဲ႕နန္းေဆာင္က လူေပါ့။ သူမကို သရဲတေစၦလို ကဲ့ရဲ႕ရႈတ္ခ်ခ်င္ေနပုံရတာက အံ့ဩစရာ မဟုတ္ေတာ့ပါဘူး။

ခ်င္းဖုန႔္က "မင္း နန္းေတာ္ကေန ထြက္ခြာဖို႔ ႏွစ္ႏွစ္က်န္ေသးတယ္၊ ဒီေန႔ က်ဴးလြန္ခဲ့တဲ့ ရာဇ၀တ္မႈက မင္းမွာ ဦးေခါင္း ႏွစ္လုံးရွိရင္ေတာင္ မလုံေလာက္ေသးဘူး"

"ဒီအေစခံက မွားမွန္းသိပါတယ္။ ေနာက္ ဘယ္ေတာ့မွ ထပ္မလုပ္ရဲေတာ့ပါဘူး။ ခြင့္လႊတ္ေပးေတာ္မႈပါ"

အေစခံမိန္းခေလးက တုန္တုန္ယင္ယင္ အသံျဖင့္ က႐ုဏာထားေပးရန္ ဦးတိုက္ေတာင္းပန္ေနသည္။ သူမ၏နဖူးႏွင့္ ေျမႀကီးထိသြားေသာ "ဒုတ္"ဟူသည့္အသံက ခ်င္းဖုန္႔ကို တုန္လႈပ္သြားေစခဲ့သည္။ ေနာက္ျပန္မလွည့္တမ္း ေျပးထြက္သြားေသာ ပုံရိပ္ကို ျပန္ေတြးလိုက္မိၿပီး ခ်င္းဖုန႔္က "အဲဒီလူက ဘယ္သူလဲ?"

"သူ..." ထိုနန္းတြင္းအေစခံမေလးက အခ်ိန္အေတာ္ၾကာ စကားမေျပာဘဲ သူမ၏ ေျခာက္ေသြ႕ေနေသာ ႏႈတ္ခမ္းမ်ားကို ကိုက္ထားရာမွ ေနာက္တစ္ႀကိမ္ ဦးတိုက္ေနျပန္ကာ "ဒါေတြအားလုံးက ဒီအေစခံရဲ႕အျပစ္ပါပဲ၊ မယ္မယ္ အျပစ္ေပးခ်င္ရင္ ဒီအေစခံကိုပဲ ျပစ္ဒဏ္ေပးေတာ္မူပါ"

ေျမျပင္က သစ္ကိုင္းသစ္ခက္မ်ား၊ ေက်ာက္စရစ္မ်ားျဖင့္ ျပည့္ႏွက္ေနၿပီး သူမက ေခါင္းမေထာင္လာေသာ္လည္း ဤကဲ့သို႔ ဦးတိုက္ေနေသာေၾကာင့္ သူမ မည္မွ် ဒဏ္ရာ ရေနမည္ကို ခ်င္းဖုန႔္က ခန္႔မွန္းႏိုင္သည္။ အၾကင္နာကင္းမဲ့ေသာ ထိုလူက သူမကို ခ်န္ထားရစ္ကာ ထြက္ေျပးသြားေသာ္လည္း သူမက သူ႔ကို မိုက္မဲစြာ ကာကြယ္ေပးေနၿပီး တန္ဖိုးမရွိေသာ အရာမ်ားကို ဆက္လက္လုပ္ေဆာင္ေနေသးသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ခ်င္းဖုန႔္က "ဒီေန႔ အျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီးေတာ့ ေမ့လိုက္ေတာ့၊ မင္း ေနာက္ျပန္ဆုတ္လို႔ ရၿပီ"

ေယာင္ခ်န္းက သူမ၏နားကိုေတာင္ သူမ မယုံႏိုင္ေသးေပ။ မယ္မယ္က ဒီကိစၥကို ဆက္မေမးေတာ့ဘူးလား? သူမက ခ်င္းဖုန႔္ကို စိုက္ၾကည့္ေနေသာ္လည္း အေမွာင္ရိပ္ေအာက္တြင္ မည္သည့္အရာကိုမွ် ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ေပ။ "မယ္မယ့္ကို ေက်းဇူးတင္ပါတယ္ ၊ ေက်းဇူးတင္ပါတယ္ မယ္မယ္!" သူမ အသိျပန္ဝင္လာသည္ႏွင့္တၿပိဳင္နက္ ခ်င္းဖုန႔္ စိတ္ေျပာင္းသြားမည္ကို စိုးရိမ္တာေၾကာင့္ ေယာင္ခ်န္းက အျမန္ထရပ္ကာ ရွက္႐ြံ႕စြာ ထြက္ေျပးသြားသည္။

အလ်င္အျမန္ ထြက္ေျပးသြားေသာ ပုံရိပ္ကို ၾကည့္လိုက္ၿပီး ခ်င္းဖုန႔္က သူမ၏ႏူတ္ခမ္းေထာင့္ကို အနည္းငယ္ ေျမႇာက္လိုက္သည္။

ရွီးရွနန္းေဆာင္၊ ေယာင္ခ်န္း... သူမ မွတ္ထားရလိမ့္မယ္။

"သခင္မ? သခင္မ!"

စိုးရိမ္ေနပုံရေသာ ဖူလင္း၏ တီးတိုးသံမ်ား ထြက္လာေသာေၾကာင့္ ခ်င္းဖုန႔္က သူမ၏အသံကို ျပန္ေပးလိုက္သည္။ "ငါ ဒီမွာပါ"

"သခင္မက ဘာလို႔ ခ်ဳံပုတ္ထဲ ေရာက္ေနတာလဲ?" မေဝးလွေသာ ခ်ဳံပုတ္ထဲတြင္ နစ္ျမဳပ္လုနီးပါး ျဖစ္ေနေသာ ပုံရိပ္ကို ျမင္လိုက္ရေသာေၾကာင့္ ဖူလင္းက ခ်င္းဖုန႔္ကို ကူညီေပးရန္ အလ်င္စလို လွမ္းလာၿပီး "အဲဒီမွာ ပိုးေကာင္ေတြ အမ်ားႀကီး ရွိတယ္၊ ျမန္ျမန္ ထြက္လာပါ"

ေနာက္ဆုံးတြင္ သူမတို႔ႏွစ္ဦးက ခ်ဳံပုတ္ထဲမွ ထြက္လာခဲ့ၾကသည္။ ဖူလင္းက ထိုင္ခ်လိုက္ၿပီး သူမစကတ္ေပၚရွိ ျမက္ပင္မ်ားကို သန႔္ရွင္းေပးေနသည္။ ခ်င္းဖုန႔္က သူမ၏ လက္ကို ဆြဲကာ ထူေပးလိုက္ၿပီး "က်န္းက်န္း၊ သူ(မ) အဆင္ေျပလား?"

ခ်င္းဖုန႔္က ဖူလင္း၏ေတာင့္တင္းသြားမႈကို ခံစားလိုက္ရေသာ္လည္း ညဘက္ျဖစ္ေနေသာေၾကာင့္ သူမ၏အမူအရာကို ရွင္းရွင္းလင္းလင္း မျမင္ရေပ။ ခ်င္းဖုန႔္က ရယ္ေမာၿပီး "မေကာင္းဘူးလား?"

ျဖစ္သင့္ပါတယ္ေလ၊ အေအးနန္းေဆာင္မွာ စြန႔္ပစ္ခံထားရတဲ့ ကိုဘ္လုပ္ေတာ္ဘဝကို လူေတာ္ေတာ္မ်ားမ်ားက သည္းမခံႏိုင္ၾကပါဘူး။ အတိတ္မွာလည္း ျမင့္ျမတ္တဲ့လူေတြအတြက္ ဒီလိုအေနအထားမ်ိဳးေတြ ရွိခဲ့ဖူးတယ္။ ဒါေပမယ့္ ေအးေအးေဆးေဆး ရင္ဆိုင္ႏိုင္တဲ့သူက အမ်ားႀကီး မရွိပါဘူး။ တခါတရံမွာ နိမ့္က်တဲ့ဘဝက ေၾကာက္မက္ဖြယ္ေကာင္းတာ မဟုတ္ပါဘူး။ တကယ္ေၾကာက္စရာေကာင္းတာက လူတစ္ေယာက္ရဲ႕စိတ္ပိုင္းဆိုင္ရာ ကြာဟခ်က္နဲ႔ ႏွလုံးသားထဲကေန ထြက္ေပၚလာတဲ့ အဆုံးမဲ့ စိတ္ပ်က္အားငယ္မႈပါပဲ။

အခ်ိန္အေတာ္ၾကာေအာင္ အျပင္ထြက္လာခဲ့ေသာေၾကာင့္ ခ်င္းဖုန႔္က ဗိုက္ဆာေနၿပီး သူမ၏နန္းေဆာင္သို႔ ျပန္ခါနီးတြင္ ဖူလင္းက ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္ရႈကာ ႐ုတ္တရက္ သူမနားသို႔ တိုးတိုးေလး ကပ္ေျပာလိုက္သည္။

"ဘာလဲ?!" ခ်င္းဖုန႔္က ဖူလင္းကို ထိတ္လန႔္စြာ စိုက္ၾကည့္ေနၿပီး ခဏအၾကာတြင္ သူမေလသံကို ေလွ်ာ့ခ်ကာ ေမးလိုက္သည္။ "မင္း အမွန္တိုင္းေျပာေနတာလား?"

"ဒီအေစခံက မ်က္လုံးနဲ႔ ကိုယ္တိုင္ျမင္ခဲ့တာပါ"

ဒါက ဘယ္လိုျဖစ္ႏိုင္မွာလဲ?

"ငါ ကိုယ္တိုင္ၾကည့္ခ်င္တယ္" သူမ လုံးဝ မယုံႏိုင္ဘူး။

****

အေအးနန္းေဆာင္လို႔ ေခၚတဲ့ နန္းေဆာင္က ေမာင္းမေဆာင္ရဲ႕နက္နဲတဲ့ ေနရာတစ္ခုပါပဲ။ တကယ္ကို ဘယ္သူကမွ ဂ႐ုမစိုက္၊ သိကၡာမရွိ၊ ေမွ်ာ္လင့္ခ်က္မရွိတဲ့ ေနရာပါပဲ။

ဒါေပမယ့္ သူမတို႔ေရွ႕က "အေအးနန္းေဆာင္" ကေတာ့ သူမတို႔ စိတ္ကူးထားသေလာက္ မပ်က္စီးေသးပါဘူး။ အနည္းဆုံးေတာ့ ထူထဲနက္ေမွာင္တဲ့ အနီေရာင္တံခါးႀကီးက ျမင့္မားလြန္းေနၿပီး ခိုင္ခံ့ၿမဲၿမံေနေသးတာကို ေတြ႕လိုက္ရတယ္။ ဒါေပမယ့္ တံခါးမွာ ကမၸည္းျပားေတာင္ မရွိဘဲ ဗလာျဖစ္ေနတဲ့အျပင္ တံခါးေပါက္ၾကားကေန စကားစျမည္ေျပာသံေတြေတာင္ ထြက္ေနေသးတယ္။

"မယ္မယ္၊ ေက်းဇူးျပဳၿပီး အရွိန္ေလွ်ာ့ပါ၊ အပူေလာင္မွာကို ဂ႐ုစိုက္ပါ" ယခင္က က်န္းက်န္း၏ လက္သြယ္သြယ္ေလးမ်ားက ယခုအခါ သစ္သားေခ်ာင္းကဲ့သို႔ ပိန္ပါးေနၿပီး သူမ၏ မ်က္ႏွာက ပါးလႊာေနကာ မ်က္လုံးေအာက္ရွိေနရာမ်ားက ခရမ္းေရာင္ေဖ်ာ့ေဖ်ာ့ျဖစ္ေနေသာေၾကာင့္ သူမကို ညႇိဳးႏြမ္းေနေစသည္။ ဝူအာက သူမကိုယ္သူမ မထိန္းႏိုင္ဘဲ သူမ၏မ်က္လုံးမ်ားက နီရဲလာသည္။

"မိုက္မဲတဲ့ ေကာင္မေလး၊ မင္းက ဘာလို႔ ငိုေနတာလဲ" က်န္းက်န္းက စြပ္ျပဳတ္ပန္းကန္ကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ထားရင္း အနည္းငယ္ ၿပဳံးေနရာမွ သက္ျပင္းတစ္ခ်က္ ခ်လိုက္သည္။ သူမက "တကယ္ေတာ့ အခုလို ေနရတာက ေကာင္းပါတယ္။ အရင္တုန္းက အဝတ္အစားေကာင္းေကာင္းနဲ႔ အစားအစာ ေကာင္းေကာင္းေတြကို ရၿပီး ဇိမ္ခံေနႏိုင္ေပမယ့္ ေန႔စဥ္ေန႔တိုင္း အဲ့လူ လုပ္ေနတာေတြ ေတြးေနတာေတြကို လိုက္ေတြးေနရၿပီး ေစာင့္ၾကည့္ေနရတယ္၊ မနာလိုစိတ္ေၾကာင့္ ပူးေပါင္းႀကံစည္တာေတြကိုလည္း စိတ္ပူေနရတယ္၊ ဒါေပမယ့္ အခုေတာ့ ပိုေကာင္းလာၿပီ။ အဲဒါေတြကို ေတြးစရာမလိုေတာ့ဘဲ ဘာမွလည္း စိတ္ပူစရာ မလိုေတာ့ဘူးေပါ့၊ လက္ရွိမွာ ငါက ေအးေအးခ်မ္းခ်မ္းနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနႏိုင္တယ္ေလ"

"တကယ္ကို ေအးခ်မ္းေနတာပဲ" ေလးလံေသာ သစ္သားတံခါး၏ အျပင္ဘက္မွ ေအးစက္စက္ အသံတစ္ခု ထြက္ေပၚလာၿပီး တံခါးက အတင္းတြန္းဖြင့္ခံလိုက္ရသည္။

"ဗန္း"

တံခါးအျပင္ဘက္မွ လူကို ျမင္လိုက္ရခ်ိန္တြင္ အခန္းထဲမွ လူႏွစ္ေယာက္၊ အထူးသျဖင့္ က်န္းက်န္းက ထိတ္လန႔္တၾကား ျဖစ္သြားၿပီး သူမလက္ထဲမွ ပန္းကန္လုံးကို အလန႔္တၾကား လႊတ္ခ်လိုက္ၿပီး ပန္းကန္လုံးက ေျမျပင္ေပၚသို႔ က်သြားသည္ကိုပင္ သူမ မသိႏိုင္ေတာ့ေပ။

ခ်င္းဖုန႔္က တစ္ခ်ိန္က လွပေျပျပစ္ၿပီး ျမင့္ျမတ္ကာ ေတာ္ဝင္ဆန္သည့္ အမ်ိဳးသမီးကို ေအးတိေအးစက္ စိုက္ၾကည့္ေနသည္။ က်န္းက်န္း၏ မ်က္ႏွာတြင္ သူမ တစ္ခါမွ မျမင္ဖူးေသာ ေၾကာက္႐ြံ႕မႈကို ျပသေနသည္။ သူမ စြပ္စြဲခံရျခင္း၊ ေခ်ာက္ခ်ခံရျခင္း သို႔မဟုတ္ အေအးနန္းေဆာင္ထဲသို႔ ပစ္ခ်ျခင္းခံရသည့္တိုင္ သူမက ထိတ္လန႔္ေနျခင္းမ်ိဳး မရွိဘဲ ေခါင္းမငုံခဲ့ေပ။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူမက အလြန္ထိတ္လန႔္ေနသည္။ ခ်င္းဖုန႔္က က်န္းက်န္း၏ဗိုက္ေပၚကို စိုက္ၾကည့္ေနရင္း သူမ၏မ်က္ခုံးမ်ားကိုပင္ ပင့္တင္လိုက္ေသးသည္။

ဖုံးကြယ္ထားတဲ့ ႀကီးမားထူထဲတဲ့ အက်ႌသာ ရွိမေနရင္ သူမရဲ႕ဝမ္းဗိုက္က ေျခာက္လကေန ခုနစ္လခန႔္ရွိတယ္ဆိုတာ သိသာေနႏိုင္တယ္။

စူးစူးရဲရဲ စိုက္ၾကည့္ခံလိုက္ရၿပီး မီးစႏွင့္ ထိုးသလို ခံစားလိုက္ရေသာေၾကာင့္ က်န္းက်န္း၏ ခႏၶာကိုယ္က ႐ုတ္တရက္ တုန္ခါသြားကာ သူမက ဝမ္းဗိုက္က ႐ုတ္တရက္ အဆင္မေျပသလို ခံစားလိုက္ရၿပီး သူမက သူမဗိုက္ကို ဆုပ္ကိုင္လိုက္ကာ မသိစိတ္ျဖင့္ ေနာက္ျပန္ဆုပ္လိုက္မိသည္။

"နင္... နင္တို႔ ဒီကိုဘာလုပ္​​ေနတာလဲ? ငါ့သခင္မ​က ဒီလို အ​ေျခအ​ေန​ေရာက္​​ေနၿပီ၊ နင္က ဘာကို လိုခ်င္ေနေသးတာလဲ?" ဝူအာက က်န္းက်န္း​ေရွ႕တြင္ ရပ္လိုက္​ၿပီး ခ်င္းဖုန႔္ကို မထီမဲ့ျမင္ ​ေအာ္ေမး​လိုက္​ေသာ္လည္း​ ကံမ​ေကာင္းစြာပဲ သူမအသံက ၾကည္လင္မေနဘဲ သူမ၏လက္မ်ားကဲ့သို႔ တုန္ယင္ေနသည္။

"ဘာလို႔လဲ?" ခ်င္းဖုန႔္၏ မ်က္လုံးမ်ားက ဝူအာ၏ေနာက္ကြယ္တြင္ ပုန္းေနေသာ က်န္းက်န္းကိုသာ စူးစူးစိုက္စိုက္ စိုက္ၾကည့္ေနသည္။ သူမ တကယ္ကို နားမလည္ပါဘူး။ က်န္းက်န္းရဲ႕အသြင္အျပင္ကို ၾကည့္ရင္ ကေလးက အနည္းဆုံး ေျခာက္လ ဒါမွမဟုတ္ ခုနစ္လရွိေနၿပီ။ အခ်ိန္ကို တြက္ခ်က္ၾကည့္ရင္ မေတာ္တဆမႈ မျဖစ္ခင္မွာကတည္းက သူမမွာ ကိုယ္ဝန္ရွိေနၿပီ၊ ဘာလို႔ သူမမွာ ကိုယ္ဝန္ရွိေနတဲ့အေၾကာင္းကို ထုတ္မေျပာခဲ့တာလဲ? ဘာလို႔ ဘာမွ မေျပာဘဲ အေအးနန္းေဆာင္ထဲကို တန္းဝင္ဖို႔ကို ေ႐ြးခ်ယ္ရတာလဲ? ဘာလို႔လဲ?

က်န္းက်န္းက သူမ၏စိတ္ထဲမွ တိုးတိုးေလး သက္ျပင္းခ်လိုက္သည္။ သူမ ဘယ္ေလာက္ပဲ ဖုံးကြယ္ထားပါေစ ေရာက္လာမယ့္အရာေတြကိုေတာ့ ေရွာင္လႊဲလို႔ မရႏိုင္ပါဘူး။

ခ်င္းဖုန႔္ကို ပထမဆုံးအႀကိမ္ ျမင္လိုက္ရေသာ အခ်ိန္တြင္ က်န္းက်န္းက ထိတ္လန႔္သြားေသည္လည္း ေနာက္ပိုင္းတြင္ သူမက တျဖည္းျဖည္း ျပန္ၿငိမ္သက္သြားသည္။ သူမက ခ်င္းဖုန႔္ကို ေၾကာက္ေနေသးေသာ္လည္း သူမ၏ မ်က္ႏွာက မူလၿငိမ္သက္ျခင္းသို႔ ျပန္လည္ေရာက္ရွိသြားခဲ့သည္။ သူမက ဝူအာ၏လက္ကို ပြတ္သပ္ေပးလိုက္ၿပီး ဝူအာကို သူမေနာက္သို႔ ျပန္ဆြဲေခၚလိုက္သည္။ စိတ္ခံစားခ်က္ သို႔မဟုတ္ ေဒါသကို လုံးဝမျပသည့္ ခ်င္းဖုန႔္၏မ်က္လုံးမ်ားကို ၾကည့္ရင္း က်န္းက်န္းက တိုးတိုးေလး ျပန္ေျပာလိုက္သည္။ "ဘာလို႔လဲဆိုေတာ့... ငါက ငါ့ကေလးကို အသက္ရွင္ေစခ်င္လို႔ေပါ့"

ခ်င္းဖုန႔္၏ မ်က္လုံးမ်ားမွ ေအးစက္ေသာ အလင္းတန္းတစ္ခု လင္းလက္လာၿပီး "မင္းက မင္းရဲ႕ကေလးကို အသက္ရွင္ေစခ်င္ေပမယ့္ တျခားသူေတြရဲ႕ ကေလးေတြကိုေတာ့ ေသေစခ်င္တယ္လား?"

ခ်င္းဖုန႔္က သူမ၏ေခါင္းအုံးေအာက္မွ အေမႊးအိတ္ကို ျပန္ေတြးရင္း က်န္းက်န္းကို ဆြဲၿဖဲပစ္ခ်င္ေနခဲ့သည္။

က်န္းက်န္းက ခဏေလာက္ အံ့အားသင့္ေနၿပီးမွ "နင္ ဘာေတြေျပာေနလဲဆိုတာကို ငါ မသိဘူး"

မသိဘူးတဲ့လား? က်န္းက်န္းရဲ႕ ရႈပ္ယွက္ခတ္ေနတဲ့ အမူအရာက အတုအေယာင္လုပ္ေနတဲ့ပုံ မေပၚေပမယ့္ ဖူလင္းက ညသန္းေခါင္ယံမွာ ရွန႔္ယင္တစ္ေယာက္တည္း လင္းယြင္နန္းေဆာင္ထဲကို ဝင္ေရာက္သြားတာကို ရွင္းရွင္းလင္းလင္း ျမင္ခဲ့ဖူးတယ္။ အဲ့တာကိုေရာ ဘယ္လို ရွင္းျပမွာလဲ? ဒီ​ေန႔​ေတာ့ ရွင္းရွင္း​ေျပာရမယ္။

ခ်င္းဖုန႔္က ၿပဳံးလိုက္ၿပီး "မင္းက အခုထိ တုံးအသလို ဟန္ေဆာင္ေနေသးတာလား? မင္းက ပန္ကုန္းကို ေဆးခပ္ဖို႔ ရွန႔္ယင္ကို အမိန႔္ေပးခဲ့တယ္၊ ပန္ကုန္း ဘယ္ေတာ့မွ ကေလးမရႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္ေပါ့ေလ။ မင္းက အဲ့လိုရက္စက္တဲ့မိန္းမဆိုမွေတာ့ မင္း ကေလးယူဖို႔ မထိုက္တန္ဘူး"

က်န္းက်န္းက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ တစ္စုံတစ္ေယာက္က သူမကို ထပ္ကာ ထပ္ကာ ေခ်ာက္ခ်ခဲ့ပုံရသည္။ အရင္တုန္းကဆိုရင္ေတာ့ သူမ ရွင္းျပဖို႔ စိတ္မ၀င္စားေပမယ့္ ဒီေန႔မွာေတာ့ သူမကိုယ္သူမ ခုခံကာကြယ္ရေတာ့မယ္။ "ရွန႔္ယင္ကို ခ်င္ဖုန္းနန္းေဆာင္မွာ ထားဖို႔ စီစဥ္တာက ငါ မဟုတ္ဘူး၊ သူ(မ)ကို ေဆးခပ္ဖို႔ ၫႊန္ၾကားၿပီး မင္းနဲ႔ မင္းရဲ႕ကေလးကို ထိခိုက္ေစတာက ဘယ္သူ႔ကိုမဆို ျဖစ္ႏိုင္တယ္"

သူမမွာ ကိုယ္ဝန္ရွိမွန္း သိၿပီးတဲ့ေနာက္မွာ ဧကရီက သူမကို တစ္ခုခု လုပ္မွာကို သူမ စိုးရိမ္ခဲ့တယ္။ အဲ့တာေၾကာင့္ ခ်င္းဖုန႔္နဲ႔ ဧကရီကို ရန္တိုက္ေပးဖို႔ သူမ ေတြးေနခဲ့တယ္။ အဲ့ႏွစ္ေယာက္ ရန္ျဖစ္ေနသေ႐ြ႕၊ ဘယ္သူကမွ သူမကို သိပ္ဂ႐ုမစိုက္ေတာ့မွာ မဟုတ္ဘူး။ ဒါေပမယ့္ ခ်င္းဖုန႔္ဘက္မွာ အဲ့လိုကိစၥေတြ ရွိေနမယ္ဆိုတာကို သူမ လုံးဝ မစဥ္းစားခဲ့မိဘူး။ ဧကရီ ပိုေတာင္ ရက္စက္ေနေသးတယ္။ သူမက ငွက္ႏွစ္ေကာင္ကို ေက်ာက္ခဲတစ္လုံးနဲ႔ သတ္ပစ္ခ်င္ေနတယ္။

ခ်င္းဖုန႔္၏ မယုံၾကည္မႈကို ရင္ဆိုင္ေနရေသာေၾကာင့္ က်န္းက်န္းက မခ်ိၿပဳံး ၿပဳံးလိုက္ၿပီး "အခု ငါက ဒီလိုျဖစ္ေနၿပီ၊ ဘာအတြက္ တိုက္ခိုက္ေနရဦးမွာလဲ? နင့္ကို ဘာအတြက္ လိမ္ေနရမွာလဲ?"

"ေကာင္းၿပီေလ" ခ်င္းဖုန႔္က ႐ႊင္ျမဴးစြာ ျပန္ေျပာလိုက္ၿပီး က်န္းက်န္း၏မို႔ေဖာင္းေနေသာ ဗိုက္ကို ေနာက္တစ္ႀကိမ္ ထပ္ၾကည့္ကာ "မင္းရဲ႕ ဗိုက္ထဲက ကေလးနဲ႔ က်ိန္ဆိုဝံ့လား?"

"သခင္မ အဲ့လို လုပ္လို မျဖစ္ပါဘူး!" ဝူအာက က်န္းက်န္း၏အက်ႌလက္ဝက်ယ္ကို ဆြဲကိုင္ၿပီး တားဆီးလိုက္သည္။ "သခင္မက ဘာမွ မလုပ္ခဲ့ဘူး၊ ဘာလို႔ သခင္မက က်ိန္ဆိုရမွာလဲ!"

ဒီကေလးက သူမသခင္မရဲ႕တစ္ခုတည္းေသာေမွ်ာ္လင့္ခ်က္ပါ။ လြဲေခ်ာ္မႈေတြ ရွိခဲ့ရင္ သူမရဲ႕သခင္မက ရွင္သန္ႏိုင္ပါေတာ့မလား?

လင္းယုန္ကဲ့သို႔ စူးရွထက္ျမက္ေသာ မ်က္လုံးမ်ားက သူမ၏ဗိုက္ေပၚသို႔ က်ေရာက္လာျပန္သည္။ က်န္းက်န္းက မသိစိတ္မွ တုန္လႈပ္သြားေနၿပီး သူမတြင္ ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။ သူမ မက်ိန္ဆိုပါက သူမကို သတ္ပစ္ခ်င္သူဟု ခ်င္းဖုန႔္က ေသခ်ာေပါက္ ေတြးေနမည္ ျဖစ္သည္။ အခုအခ်ိန္မွာ ခ်င္းဖုန႔္က သူမကို ေသေစခ်င္ရင္ သူမ အသက္ရွင္ဖို႔ နည္းလမ္းမရွိႏိုင္ေတာ့ပါဘူး။ က်န္းက်န္းက စားပြဲေထာင့္ကို ကိုင္ထားရင္း မတ္မတ္ရပ္လိုက္ကာ သူမ၏ညာလက္ကို ျဖည္းညႇင္းစြာ ေျမႇာက္လိုက္ၿပီး ေမွာင္မိုက္ေနေသာ ေကာင္းကင္ကို ေမာ့ၾကည့္ကာ စကားတစ္လုံးခ်င္း ေရ႐ြက္လိုက္သည္။ "မိုးေကာင္ကင္နတ္မင္းႀကီး၊ ဒီေန႔ က်န္းက်န္းေျပာတဲ့ထဲမွာ တစ္ခုခု မွားတာပါေနခဲ့ရင္ က်န္းက်န္းကို သားသမီး မေပးပါနဲ႔ေတာ့... သူ ဒီေလာကႀကီးထဲ မေရာက္လာပါေစနဲ႔..." သူမ၏မ်က္လုံးေထာင့္မွ မ်က္ရည္တစ္စက္ တိတ္တိတ္ေလး စီးက်လာၿပီး မို႔ေဖာင္းေနေသာ ဝမ္းဗိုက္ေပၚသို႔ က်ဆင္းသြားသည္။

ခ်င္းဖုန႔္က က်န္းက်န္း၏ မ်က္ႏွာကို စူးစူးစိုက္စိုက္စိုက္ ၾကည့္ေနရင္း သူမ၏ခံစားခ်က္တစ္စုံတစ္ရာမွ လြတ္သြားျခင္း မရွိေအာင္ သတိထားေနခဲ့သည္။ သူမ၏မ်က္ႏွာတြင္ ဝမ္းနည္းမႈႏွင့္ ေၾကကြဲမႈအခ်ိဳ႕ရွိေနေသာ္လည္း အျပစ္ရွိစိတ္ေၾကာင့္ ထိတ္လန႔္ေၾကာက္႐ြံ႕မႈမ်ိဳး ရွိမေနခဲ့ေပ။

တကယ္ပဲ သူမ မဟုတ္ဘူးလား?

ခ်င္းဖုန႔္က သူမကို ယုံၾကည္ရန္ ေ႐ြးခ်ယ္လိုက္သည္။ ရလဒ္အေနျဖင့္ ခ်င္းဖုန႔္က ပိုစိတ္ရႈပ္လာၿပီး "ဒီကေလးက မင္းကို ဒီဒုကၡကေန လြတ္ေျမာက္ဖို႔ မင္း မေမွ်ာ္လင့္ထားဘူးဆိုရင္ မင္း ဘာလို႔ သူ႔ကို ကယ္တင္ဖို႔ မင္းကိုယ္မင္း အႏၲရာယ္ျပဳခဲ့တာလဲ?"

သူမမွာ ကိုယ္ဝန္ရွိမွန္း လူတိုင္းသိသြားရင္ သူမကိုယ္သူမ ကယ္တင္ဖို႔ ကေလးကို အသုံးခ်လို႔ရတယ္။ သူမမွာ ကိုယ္ဝန္ရွိေနေပမယ့္ သူမက ဘာလို႔ မေျပာခဲ့တာလဲ? အခုေန တစ္စုံတစ္ေယာက္က သူမကို သတ္ခ်င္ေနတယ္ဆိုရင္ ပိုလြယ္မွာ မဟုတ္ဘူးလား?

"ငါ​... သူ႔အတြက္​ ကေလးတစ္​​ေယာက္​ကို ​ေမြးေပးခ်င္​တယ္​၊ အာဏာအတြက္​ အႀကံအစည္အတြက္ မဟုတ္​ဘဲ သူ႔အတြက္​​ေရာ ငါ့​အတြက္​​ေရာ ျဖစ္မယ့္ ငါတို႔ရဲ႕ႏွစ္ေယာက္ရဲ႕ ​ေသြးသား​ျဖစ္တဲ့ ကေလးတစ္​​ေယာက္​​ေလာက္​​ေတာ့ ​ေမြးေပးခ်င္တယ္" သူမ၏မို႔ေဖာင္းေနေသာ ဝမ္းဗိုက္ကို ကိုင္းထားရင္း စကားေျပာေနေသာ က်န္းက်န္း၏ႏႈတ္ခမ္းေထာင့္မ်ားမွ ေႏြးေထြးေသာအၿပဳံးက ခ်င္းဖုန႔္အတြက္ လြန္စြာမွင္သက္ဖြယ္ေကာင္းေနခဲ့သည္။

ေသြးသားအေနနဲ႔ ဆက္လက္တည္ရွိေစခ်င္တာလား?

ခ်င္းဖုန႔္က အထင္အျမင္ ေသးစြာျဖင့္ ေလွာင္ေျပာင္ရယ္ေမာလိုက္ၿပီး ထပ္ေမးလိုက္သည္။ "စုန္းအတတ္ပညာလိုမ်ိဳး အဓိပၸါယ္မရွိတာကို တစ္ခ်က္ေလးေတာင္ မစူးစမ္းဘဲ မင္းကို အေအးနန္းေဆာင္ထဲကို ပစ္ခ်လိုက္တယ္၊ အဲ့ေနာက္မွာလည္း မင္းကို လ်စ္လ်ဴရႈထားတယ္။ ဒီလိုလူမ်ိဳးအတြက္ မင္းက ကူညီၿပီး ကေလးေမြးေပးခ်င္ေနတာလား? အဲ့တာက ထိုက္တန္လို႔လား?"

အဲဒီေန႔ ပင္မခန္းမက ေအးစက္မႈက သူမကို စိတ္ပ်က္ေစခဲ့တယ္။

ခ်င္းဖုန႔္၏ၾကမ္းတမ္းေသာ စကားမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ က်န္းက်န္းက ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးေနၿပီး "ခ်င္းဖုန႔္၊ နင္က ဒီေမာင္းမေဆာင္အေၾကာင္းကို နားမလည္ေသးပါဘူး၊ မင္းက သူ႔ကို နားမလည္သလို အခ်စ္ကိုလည္း နားမလည္ဘူး"

တကယ္ေတာ့ သူမလည္း သူ႔လည္း မုန္းတီးၿပီး အျပစ္တင္မိေပမယ့္ ဒီအေတာအတြင္း အေအးနန္းေဆာင္ထဲမွာ ေနခဲ့ၿပီးတဲ့ေနာက္မွာေတာ့ အမ်ားႀကီးေတြးၿပီး တျဖည္းျဖည္း နားလည္လာခဲ့တယ္။

သူမက ဘာကို ဆိုလိုတာလဲ? ခ်င္းဖုန႔္က ခဏေလာက္ ေတြးေတာေနၿပီး သူမ အေျဖရွာမရေသးခင္မွာပဲ သူမေရွ႕က ပိန္ပိန္ပါးပါးနဲ႔ လူက ႐ုတ္တရက္ သူမေရွ႕မွာ ဒူးေထာက္လိုက္တယ္။

"ခ်င္းဖုန႔္ ေက်းဇူးျပဳၿပီး ဒီေန႔ အျဖစ္အပ်က္ကို ဘယ္သူ႔ကိုမွ မေျပာပါနဲ႔၊ က်န္းက်န္းက ေတာင္းဆိုပါတယ္!"

ခ်င္းဖုန႔္က အနည္းငယ္ ထိတ္လန႔္သြားၿပီး ေနာက္ျပန္ဆုတ္လိုက္သည္။

"သခင္မ!" ဝူအာက ျပင္းထန္စြာ ငိုေႂကြးေနသည္။ သူမ၏သခင္မက အသည္းကြဲၿပီး ဝမ္းနည္းပူေဆြးေနေသာ္လည္း သူမက ထိုအတြက္ ဘာမွ မလုပ္ေပးႏိုင္ဘဲ ကူကယ္ရာမဲ့ ျဖစ္ေနခဲ့သည္။

ေျမျပင္ေပၚတြင္ ႏွိမ့္ခ်စြာ ဒူးေထာက္ေနေသာ တခ်ိန္က တင့္တယ္စြာ ေခ်ာေမာလွပခဲ့ဖူးေသာ အမ်ိဳးသမီးကို တိတ္တဆိတ္ ၾကည့္ေနရင္း ခ်င္းဖုန႔္က သူမ၏လက္ကို ေျမႇာက္ကာ သူမ၏ဗိုက္ကို ျဖည္းညႇင္းစြာ ျပန္တို႔ထိလိုက္မိသည္။ ေနာက္ဆုံးတြင္ သူမက သေဘာတူသည္ မတူသည္ကို မေျပာဘဲ အေအးနန္းေဆာင္မွ ျပန္ထြက္သြားေလသည္။

ခ်င္းဖုန႔္က ထိုေအးစက္ေနေသာ အေအးနန္းေဆာင္မွ ျပန္ထြက္လာခဲ့ၿပီး တေလွ်ာက္လုံး စကားမေျပာႏိုင္ေသးေပ။ လက တိမ္မ်ားႏွင့္ ျမဴခိုးမ်ားေအာက္တြင္ ဖုံးလႊမ္းခံေနပုံရၿပီး စိမ္းလန္းေသာ သစ္ပင္မ်ား၏အရိပ္ျဖင့္ ဖုံးလႊမ္းခံေနရေသာ နန္းေတာ္လမ္းမႀကီးက လုံးဝ ေမွာင္မိုက္ေနသည္။ ဖူလင္းက အသံ မထြက္ဝံ့ေသာ္လည္း သူမ၏သခင္မကို ဂ႐ုတစိုက္ ကူတြဲေပးေနခဲ့သည္။ ဘာပဲျဖစ္ျဖစ္ နန္းေတာ္ထဲမွာ ဆယ္ႏွစ္ၾကာေအာင္ေနခဲ့တဲ့ သူမအတြက္ေတာင္ ဒီညရဲ႕အျဖစ္အပ်က္ေတြက အရမ္း ထိတ္လန႔္ေစေသးတယ္။ နန္းေတာ္ထဲမွာ ႏွစ္ဝက္ေက်ာ္ေက်ာ္ေလာက္ပဲေနခဲ့ရတဲ့ သူမရဲ႕သခင္မက အရမ္းအံ့ၾသထိတ္လန႔္ေနၿပီး အသိစိတ္ျပန္ မဝင္ႏိုင္ေသးတာ ပုံမွန္ပါပဲ။

"ဖူလင္း" ႐ုတ္တရက္ အသံနက္ႀကီး ထြက္ေပၚလာေသာေၾကာင့္ ဖူလင္းက တိုးတိုးေလး ျပန္ေျဖလလိုက္ေသာ္လည္း အခ်ိန္အေတာ္ၾကာေအာင္ လႈပ္ရွားမႈ မရွိေသးေပ။ ပတ္ဝန္းက်င္က ေမွာင္မိုက္ေနၿပီး မည္သည့္အရာကိုမွ် ရွင္းရွင္းလင္းလင္း မျမင္ရေသာေၾကာင့္ ခ်င္းဖုန႔္၏မ်က္ႏွာတြင္ ေဖာ္ျပေနေသာ အမူအရာမ်ားကို ဖူလင္းက မသိႏိုင္ခဲ့ေပ။

"တစ္စုံတစ္ေယာက္က ငါတို႔ကို တစ္ခ်ိန္လုံး ကစားေနခဲ့တာပဲ"

ထိုျပင္းျပေသာ အသံက ေၾကာက္စရာေကာင္းေနျခင္း မဟုတ္ေသာ္လည္း သူမ၏သခင္မကို ကူတြဲေပးထားေသာ လက္ဆီမွ ခံစားလိုက္ရေသာ နာက်င္မႈ အနည္းငယ္က ဖူလင္း၏ႏွလုံးသားကို အေၾကာင္းျပခ်က္မရွိ တုန္လႈပ္ေစခဲ့သည္။ သို႔ေသာ္လည္း မည္ကဲ့သို႔ ျပန္ေျဖရမည္ကို မသိေသာေၾကာင့္ ဖူလင္းက တိတ္ဆိတ္ေန႐ုံသာ တက္ႏိုင္ခဲ့သည္။

ရွင္း.... ယြဲ႕.... နဥ္..... နင္က တိုင္းျပည္ရဲ႕မိခင္ျဖစ္ေနၿပီ၊ နင့္ရဲ႕သားကလည္း အိမ္ေရွ႕စံမင္းသားတစ္ပါး ျဖစ္ေနၿပီ၊ နင္က ဘာကို လိုခ်င္ေသးတာလဲ? နင္က ဒီလို တိုက္ခိုက္ရတာကို အရမ္းႀကိဳက္တာလား?

ခ်င္းဖုန႔္က သူမ၏အံသြားမ်ားကို တိတ္တဆိတ္ ႀကိတ္ေနမိသည္။ သူမ က်န္းက်န္းနဲ႔ သူမရဲ႕ကေလးကို ေသခ်ာေပါက္ ကာကြယ္ေပးရမယ္။ အဆုံးမွာ သူမ ရွင္းယြဲ႕နဥ္ကို အႏိုင္မယူႏိုင္ခဲ့ရင္ေတာင္ သူမအတြက္ ႀကီးမားတဲ့ ဒုကၡကို ခ်န္ထားေပးခဲ့မယ္။

ခ်င္းဖုန႔္က သူမ ေရွ႕ဆက္သြားရမည့္လမ္းက သူမအတြက္ သူမေရွ႕မွ ေမွာင္မိုက္ေနေသာ နန္းေတာ္လမ္းထက္ပင္ နက္ရႈိင္းေၾကာင္း နားလည္လာခဲ့သည္။ ေရွ႕ဆက္ရမယ့္လမ္းက ဘယ္လိုမ်ိဳးေတြ ျဖစ္လာမလဲဆိုတာကို သူမကိုယ္တိုင္လည္း ေသခ်ာမသိသလို ဘယ္ေတြက သူမကို ေစာင့္ေမွ်ာ္ေနမယ္ဆိုတာကိုလည္း သူမ မသိပါဘူး။ ဒါေပမယ့္ သူမမွာလည္း က်န္းက်န္းလိုပဲ ေ႐ြးခ်ယ္စရာ မရွိဘူးဆိုမွေတာ့ ေရွ႕ဆက္ေလွ်ာက္ဖို႔ပဲ တက္ႏိုင္ေတာ့တယ္။

(T/N ; ခ်င္းဖုန႔္ကို ဘာသာျပန္ရတာ တကယ္ကို ရင္ေမာတယ္၊ မြန္းက်ပ္သလိုမ်ိဳးကို ခံစားရတာ.... ေသခ်ာတာကေတာ့ မလြတ္လပ္တဲ့ ေကာင္းကင္က အသက္ရႉရတာေတာင္ အဆင္ေျပမေနဘူး)

💜💜💜Thank you so much for your reading Time, Votes , comments, and supports💜💜💜

Continue Reading

You'll Also Like

652K 111K 25
This was my first time. I patiently waited for the man Dua Begum told me would be my first to bed with. After starting to bleed two years ago, my ste...
4.2M 251K 92
After escaping a stalled elevator into a zombie apocalypse, Emily must learn how to trust people again or risk losing everything in this terrifying w...
13.7K 374 8
𝜊𝜊𝜊. ▎ 𝐀𝐑𝐂𝐀𝐃𝐄 . . . 𓂅 ┆ ↰ ㅤ ❨ ꕀ 𝑠𝑦𝑛𝑜𝑝𝑠𝑖𝑠 ・ | ・ 𝗹𝗼𝗮𝗱𝗶𝗻𝗴 ꕀ ❩ ㅤ ⤷ I spent all of the love I saved, ...
138K 3.9K 37
Female Reader Imagines with Soyeon of (G)I-DLE 👑💗 I hope you all enjoy! 🤗 Requests are open! No smuts or personal imagines allowed but almost anyt...