(Unicode)
ပထမဦးဆုံးအကြိမ် ကနဦး ကျင်းပပြုလုပ်သော လော့ဖုန်း၏ စီအီးအိုအား အ၀တ်လဲခြယ်ပေးရခြင်း ဂိမ်းလေးမှာ ရှန်းချွယ့်၏ ပေါ်ပေါ်ထင်ထင်ကြီး ရိုက်စားလုပ်၍ ပေးချင်သည့်သူကို အနိုင်ပေးခြင်းဖြင့် ပြီးဆုံးသွားခဲ့လေသည်။
ကျောက်ရော့လားမှာ မူလက ပထမ ဆိုသည့်နေရာသည် သူမအတွက်ပဲ ဖြစ်ရမည်ဟူ၍ စောင့်စားနေခဲ့သေးသည်။ သို့ရာတွင် သူမ အရည်အချင်းတွေက စားပွဲအောက်မှာ လက်ဝါးခြင်းရိုက်ထားကြသူနှစ်ယောက် လက်အောက်၌ ရှုံးနိမ့်သွားရလိမ့်မည်ဟု မစဉ်းစားထားခဲ့မိပါချေ။
ထို့အပြင် သူမ တင်သွင်းပြသထားသည့် အ၀တ်အစားများအားအလိုအလျောက် တွဲစပ်ပေးခြင်း ပရိုဂရမ်ကလည်း အရမ်းကို ခေတ်ရှေ့ပြေးလွန်းနေ၍ ချက်ချင်းပဲ ပယ်ချခံလိုက်ရ၏။
ကုမ္ပဏီတစ်ခုလုံးက ၀န်ထမ်းတွေမှာ သူဌေးဖြစ်သူကို အတွန့်လည်း မတက်ရဲကြချေ။
ထိုအစား ယွိကျန်းတု ဆီသို့သာ private message များမှ လာ၍ ကွန်ပလိန်းတက်ကြလေတော့သည်။
[ပြောစမ်းပါဦး! မင်း သူဌေးကို ဘယ်လိုဆေးဝါးမျိုးတွေနဲ့ ပြုစားလိုက်တာလဲ!]
[မင်း လုပ်တာဆိုလို့ သူဌေးကို ရိုးရိုး ကုတ်အင်္ကျီ ရိုးရိုး ဖိနပ်ပဲ ဆင်ပေးထားတာကို
မင်းက ချန်ပီယံ ဖြစ်သွားတယ်ပေါ့လေ?]
[တစ်လစာ လုပ်ခကို နှစ်ဆ တိုးပေးမယ့် အခွင့်အရေး ငါ့ကို ပြန်ပေး!!!]
ထိုသို့ မက်ဆေ့ဂ်ျများ ရရှိနေသော်လည်း ယွိကျန်းတု မမှုပါလေ။
တစ်ကြောင်းတည်းသော စာကိုသာ copy paste လုပ်၍ ရီပလိုင်း ထိုင်ပြန်နေလိုက်တော့သည်။
[မကျေနပ်ရင် သူဌေးဆီ သွားပြော]
ထို့နောက်တွင်တော့ အကုန်လုံးလည်း အပေါက်များ တန်းစီ ပိတ်သွားကြသည်။
မျက်နှာသာပေးခံထားရတဲ့ သူဆီကို သွားပြီးတော့ စိတ်ပျက်လက်ပျက် ဖြစ်အောင် မလုပ်သင့်ဘူး!
ရှန်းချွယ့်ဖက်က ၎င်းတို့၏ သွေးအေးတိုက်ပွဲ ပြီးဆုံးသွားကြောင်း ကြေညာပေးအပြီးနောက်မှာ ထိုသူ့ဖက်က ယွိကျန်းတုအား ရုံးခန်းသို့ ၀င်ချင်တိုင်း ၀င် ထွက်ချင်တိုင်း ပြန်ထွက်လို့ ရပြီဖြစ်ကြောင်း ဖော်ပြလာခဲ့သည်။
ယွိကျန်းတု :.........
အမှန်တိုင်းပြောရရင် သွေးအေးတိုက်ပွဲ ဖြစ်နေတုန်းကလည်း သူ ၀င်ချင်တိုင်း ၀င် ထွက်ချင်တိုင်း ထွက်နေခဲ့တာပဲလားလို့ပါ....
သို့ရာတွင် ရှန်းချွယ့် မျက်နှာရှေ့တွင်တော့ ဤ ခွင့်ပြုချက်အသစ်ကို အံ့အားတသင့် ဖြစ်သွားရကြောင်း ပြသပေးနေရသေးသည်။
ပြောရရင် ဥထဲက ကလေး ပညာပေးရေး လုပ်ငန်းစဉ်တွေလည်း ရှိနေသေးတာကိုး...
ထိုသို့ဖြင့် ရက်အနည်းငယ် ကြာမြင့်သွားလေသည်။
တစ်ရက်တွင် ယွိကျန်းတု တစ်ယောက် ကုဒ်ရေးနေလက်စအချိန်မှာ လုလင်းရှီက သူ့အား လာရှာလေ၏။
လော့ဖုန်းရုံးချုပ်မှ ဝန်ထမ်းအချို့က လော့ဖုန်းအနေနဲ့လည်း လူ့ကမ္ဘာက ကုမွဏီတွေလိုမျိုး ကျင့်ကြံပြီးတော့ အဖွဲ့သားတွေနဲ့ အဖွဲ့လိုက် activities တွေ ကျင်းပပြုလုပ်ပေးသင့်ကြောင်း အကြံပေးလာခဲ့သည်ဟု ပြောပြလာခဲ့သည်။
ထိုအခါမှ ယွိကျန်းတုလည်း သတိထားမိသွားခဲ့၏။ သူ လော့ဖုန်းမှာ စအလုပ်လုပ်ပြီးကတည်းက အခုဆို အချိန်တောင် တော်တော်လေး ကုန်သွားခဲ့ပြီကို တစ္ဆေပွဲတော်က လွဲရင် အဖွဲ့လိုက် activities တွေ လုံးဝနီးပါးကို မရှိခဲ့တာပဲ.... အရင်တုန်းကတော့ ကုမ္ပဏီမှာက တစ္ဆေတွေချည်း ပြည့်နေပြီး ကုမ္ပဏီကလည်း သေးသေးလေးမို့ သူ ထည့်မတွက်မိခဲ့တာ.....
အခုကျ သေချာပြန်စဥ်းစားကြည့်မယ်ဆိုရင် တစ္ဆေတွေလည်း ပေါင်းသင်းဆက်ဆံရေးတွေ လိုအပ်တာပဲလေ....ပြီးတော့ တစ္ဆေဘုရင် စိတ်ကောက်ပြီး အဝတ်အစားလဲခိုင်းတဲ့ဂိမ်း ဆင်နွှဲလိုက်လို့ အဖွဲ့ဝင်တွေခမျာ အခုလောလောဆယ် စိတ်ပင်ပန်း ကိုယ်ပင်ပန်းနေကြရသည့်အချိန်....
အကုန်လုံး စိတ်ပျော်လက်ပျောက် နားလို့ရအောင် တစ်ခုခု စီစဥ်ပေးကာမှ တော်ကာကျမည်လေ..
သို့နှင့် ယွိကျန်းတုလည်း ပြောလိုက်လေသည်။
"အကြံကောင်းတာပဲ....စဥ်းစားမိတဲ့ အိုင်ဒီယာရှိရင် စီစဥ်လိုက်လို့ ရတယ်လေ"
လုလင်းရှီမှာ ခေတ္တမျှ တုံ့ဆိုင်းနေခဲ့ပြီးနောက်မှာမှ သူမ အနေဖြင့် အခုလို လာရှာခဲ့ရသည့် အကြောင်းအရင်းမှန်ကို ထုတ်ဖော်ပြောလာခဲ့တော့သည်။
"အကုန်လုံးက င်္သချိုင်းကန်တော့တာတွေ အုတ်ဂူသွားလည်တာမျိုးတွေ ဝေးလံခေါင်ပါးတဲ့ ချောင်ကြိုချောင်ကြား နေရာတွေ မသွားချင်တော့ဘူးလို့ ပြောနေကြတာ....တစ္ဆေဖြစ်ရတာ လုံးဝ ပျော်စရာမကောင်းဘူးလေ... သူတို့က လူတွေ လည်တဲ့ နေရာမျိုးတွေ သွားချင်နေကြတာ"
ယွိကျန်းတု တုံ့ဆိုင်းသွားခဲ့ရသည်။
"အဲ့တာက စည်းမျဥ်းစည်းကမ်းနဲ့ မကိုက်ညီဘူး မလား?"
လုလင်းရှီက ကျိုးကြောင်းဆီလျော်စွာ ပြောပြလာခဲ့၏။
"ဟုတ်တယ် မြေအောက်လောကကြီး ပြိုလဲသွားကတည်းက စီးပွားရေးဆက်လုပ်ဖို့တောင် လူ့လောကကနေ ချေးငှားပြီးတော့ ရှေ့ဆက်ခဲ့ကြရတာ...အဲ့တော့ စည်းမျဥ်းစည်းကမ်းချမှတ်ထားတာတွေလည်း အများကြီးပဲ... ကျွန်မတို့ လုပ်ချင်တိုင်း လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး"
ယွိကျန်းတုလည်း အကုန်လုံး၏ အတွေးအခေါ်များကို နားလည်ပေးနိုင်ပါသည်။ လူ့ကမ္ဘာက အဖွဲ့အစည်းကြီးကို မနှောင့်ယှက်မိဖို့အရေး တစ္ဆေတိုင်းအား အန္တရာယ်ကင်းဘေးရှင်းရှင်း နေနိုင်အောင် သတ်မှတ်ထားသည့် အရာတွေများတာမို့ မြေအောက်လောကသားတွေဖို့ ၎င်းတို့ လုပ်ခွင့်ရှိသည့် activities များမှာ အကန့်အသတ် ရှိနေပေသည်။ သူတို့၏ နေ့စဥ် နေထိုင်မှုဘဝကြီးမှာ အတော် လေး ပျင်းရိဖွယ်နိုင်၏။
ယွိကျန်းတုလည်း အနည်းငယ် တွေးတောကြည့်မိပြီးနောက် ပြောလိုက်လေသည်။
"ဒီလိုဆိုရင်ရော.....ကျွန်တော်တို့ ရုပ်ရှင်ရုံ တစ်ခုမှာ ညသန်းခေါင်မှ ပြတဲ့အချိန်ကို ရွေး လက်မှတ် ဝယ်ပြီးတော့ အကုန်လုံး ရုပ်ရှင်အတူတူ ကြည့်ကြမယ်လေ"
လုလင်းရှီ၏ မျက်လုံးများ အရောင် တောက်ပသွားခဲ့ရချေသည်။
"အကြံကောင်းသားပဲ"
ရုပ်ရှင်ရုံ တစ်ရုံလုံးစာ လက်မှတ်များ ဝယ်ယူလိုက်မယ်ဆိုရင် သာမန်လူတွေ အိပ်နေကြသည့် အချိန်မှ သွားကြည့်လို့ရအောင် အချိန်ကိုလည်း စိတ်တိုင်းကျ ပြောင်းလို့ရသွားမည်။
ယွိကျန်းတု ပြောသလို လူအများ ညအိပ်ချိန်မှ ကြည့်လို့ရအောင် တစ်ရုံလုံးစာ အပြတ် လက်မှတ်ဝယ်တာကလည်း လူ့အဖွဲံအစည်း၏ လည်ပတ်မှုကို နှောင့်ယှက်ရာ ကျတော့မည် မဟုတ်ချေ။
ထိုအခါမှာ အတွေးသစ်တစ်ခုက လုလင်းရှီထံသို့ ရောက်ရှိလာခဲ့၏။
"ကျွန်မ သတင်းတစ်ခု ဖတ်လိုက်ရတာရှိတယ် အခုလောလောဆယ် ရုံတင်နေတဲ့ ဇာတ်ကားတစ်ကားက လက်မှတ်ရောင်းအား မကောင်းတာမျိုးနဲ့ ကြုံနေရတယ်ဆိုလားပဲ....အဲ့တော့ ရုပ်ရှင်ထုတ်လုပ်သူတွေက လက်မှတ်တွေကို သူတို့ဟာသူတို့ ပြန်ဝယ်ပြီး စာမလာသတင်းမကြား တစ္ဆေခုံတွေလို အလွတ်တွေထားထားရတာတဲ့လေ...
ကျွန်မတို့က အဲ့တစ္ဆေခုံ အလွတ်တွေမှာ ဝင်ထိုင်ကြည့်လိုက်ကြရုံပဲ"
ယွိကျန်းတုလည်း လုလင်းရှီအား ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်မိ၏။
"ခင်ဗျားရဲ့ ငွေရေးကြေးရေး ချွေတာနိုင်စွမ်းတွေကတော့ အရည်အချင်း တစ်ခုလို့တောင် ပြောရမယ်နော်"
လုလင်းရှီက နှိမ့်ချစွာ ပြောလိုက်လေသည်။
"ကျွန်မတော့ ဒါကို အရည်အချင်းလို့ မမြင်မိပါဘူးရှင် ဒါပေမဲ့ ကျွန်မလည်း တစ္ဆေပဲလေ"
ယွိကျန်းတု ကိုယ့်မျက်နှာကိုပင် လက်ဝါးဖြင့် တစ်ချက် ချလိုက်တော့သည်။
"အဲ့ဒီ တစ္ဆေခုံ အလွတ်တွေဆိုတာ လက်မှတ်ရောင်းအား ဗန်းပြလို့ရအောင် အသုံးချခံ လုပ်လိုက်ရတာတွေလေ...အဲ့တော့ ရုပ်ရှင်ရုံတွေက အဲ့ခုံတွေအတွက် ဇာတ်ကားပြပေးလောက်မှာ မဟုတ်ဘူး..
ဒီလောက်နဲ့တော့ ငွေ ချွေတာမနေပါနဲ့တော့...ဒီတိုင်းပဲ တစ်ရုံလုံးစာသာ အပြတ်ငှားလိုက်ပါ"
"CTO ကမှ ဆုံးဖြတ်ချက် ပိုင်နိုင်တဲ့သူပဲ"
လုလင်းရှီက ၎င်းအား လက်မ တစ်ထောင်ထောင် လုပ်ပြလာလေသည်။
ထို့နောက်မှာ မေးခွန်းထပ်မေးလာခဲ့၏။
"ဒါဆို ဒီလိုလုပ်......
ဒီအစီအစဥ်အကြောင်းကို ရှင်အရင် သူဌေးဆီကို သွားတင်ပြပြီး ခွင့်ပြုချက် တောင်းခဲ့ပေးလေနော်"
ယွိကျန်းတု မျက်စောင်း ခပ်ပြင်းပြင်းတစ်ချက် ပစ်ထိုးလိုက်၏။
"ဒီလို အစီအစဥ်မျိုးကို ကျွန်တော့်ကိုလာပြီး ခွင့်ပြုချက်တောင်းခိုင်းနေရင် ဘာလို့ ကုမ္ပဏီကနေ ခင်ဗျားကို HR manager အဖြစ် ငှားထားဦးမှာလဲ"
လုလင်းရှီ၌ ဖြေရှင်းချက် ရှိနေ၏။
" သူဌေးက ရှင် သူ့ကို ဂိမ်းထဲထည့်ပြီး ဇာတ်ကောင်လို ဖန်တီးထားမှန်း သိသွားတာတောင် ရှင့်ကို ခွင့်လွှတ်ပေးတယ်လေ....အခုလည်း လာတောင်းဆိုတဲ့သူက ရှင်သာဆို သူဌေးက လုံးဝငြင်းမှာ မဟုတ်ဘူး သေချာတယ်"
ယွိကျန်းတု "..........."
သူ့တွင် ထိုစကားအတွက် ပြန်လည်ချေပစရာ မရှိနေပါ။
ယွိကျန်းတုလည်း စဥ်းစားကြည့်ပြီးနောက် နေရာမှ ထ၍ သူဌေးရုံးခန်းအား တံခါးသွားခေါက်လိုက်တော့သည်။
ကလေးသူငယ် ပျိုးထောင်နည်း ပညာရေးက Mozart မှ Beethovan သို့ ပြောင်းသွားခဲ့လေပြီ၊ ရှန်းချွယ့်က သူ့ကို မြင်သော် မေးလာ၏။
"ဘာဖြစ်လို့လဲ...."
ယွိကျန်းတုလည်း လုလင်းရှီ ပြင်ဆင် ရွေးထုတ်ပေးလာသည့် ရုပ်ရှင်ရုံနင့် ပြသမည့်အချိန်များကို ရှန်းချွယ့်ထံ ပြလိုက်ရင်း ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
"ကျွန်တော် ခင်ဗျားနဲ့ ရုပ်ရှင် တူတူ ကြည့်ဖို့ ခွင့်ပြုချက် လာတောင်းတာပါ"
ရှန်းချွယ့်က ခန္ဓာကိုယ်အနေအထားကို အနောက်ဖက်သို့ အနည်းငယ် လန်သွားပြီးနောက်မှာ အတော်လေး ထိန်းချုပ်ထားရသလို မျက်နှာထားမျိုးဖြင့် ပြန်မေးလာခဲ့သည်။
''ငါ မင်းကို ဒီကိစ္စနဲ့ပတ်သတ်ပြီး ခွင့်ပြုမပြုတောင် မဆုံးဖြတ်ပေးရသေးတာကို...
အခုမှ စတွဲကြမယ့် သူတွေအတွက် ဒီလောက်ကြီးက အရမ်းမြန်လွန်းနေတာ မဟုတ်ဘူးလား၊?"
ယွိကျန်းတု "........."
အမှန်တိုင်းပြောရရင် ဒီလိုစကားတွေ ပြောတဲ့အခါ သူဌေးရုပ်ကလည်း အရမ်းကို စိတ်တိုင်းကျနေတဲ့ပုံကြီး ဖြစ်မနေလို့ မရဘူးလား???
ယွိကျန်းတုလည်း စိတ်အေးအေးထားပြီးတော့ ပြန်ရှင်းပြလိုက်သည်။
"ဒါ ကုမ္ပဏီက ဝန်ထမ်းတွေ ပေါင်းပြီး တောင်းဆိုလာတာပါ"
ရှန်းချွယ့် "..............."
မျက်နှာအမူအရာ ရုတ်ချည်း ပြောင်းလဲသွားမှုကြီးကို ရိုးရိုးမျက်စိဖြင့်တောင် မြင်နိုင်ပေသည်၊ ရှန်းချွယ့်က သူ့ထံသို့ ယွိကျန်းတု ပေးလာသည့် အဆိုပြုစာကို ကောက်ကြည့်လိုက်ရင်းနောက် ဟန်မပျက်ဘဲ မေးလာခဲ့၏။
"မင်းက ဘာလို့ ရုတ်တရက်ကြီး ကုမ္ပဏီအတွက် activity တွေ ပြင်ဆင်နေရတာလဲ"
ယွိကျန်းတု ပြုံးပြလိုက်မိသည်။
"အကယ်လို့ သူဌေးဖက်ကသာ အချိန်ရမယ်ဆိုရင်တော့ သူဌေးနဲ့ တူတူ ရုပ်ရှင်ကြည့်ဖို့အတွက်လည်း တစ်သီးတစ်သန့် အဆိုပြုလွှာ တင်ချင်ပါသေးတယ်"
ထိုအခါ ရှန်းချွယ့်၏ နှုတ်ခမ်းသား ဘေးနေရာလေးများ ကွေးညွှတ်တက်သွားခဲ့ပြီးနောက်မှာ ဖြေပေးလာခဲ့သည်။
"အဲ့လိုဆိုရင်တော့ ငါခွင့်ပြုတယ်"
သူ ခွင့်ပြုပေးလိုက်မိတာ အလွန်အင်မတန် မြန်ဆန်သွားခဲ့ခြင်းပေ။ ထိုအချက်ကိုလည်း ဖြေပြီးသွားကာမှ ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်ခြင်း။
မဝံ့မရဲနှင့် သူမျက်လုံးပင့်ကြည့်လိုက်သည့်အခါမှာ ယွိကျန်းတုက ဝမ်းသာပျော်ရွှင်နေသော မျက်နှာထားမျိုးဖြင့် သူ့အား ပြန်စိုက်ကြည့်နေခဲ့သည်ကို လာတွေ့ရသည်။ ရှန်းချွယ့်လည်း မျက်နှာကို တတ်နိုင်သမျှ တည်တည်တံ့တံ့ ထားလိုက်ရင်း ထပ်ဖြည့်ပြောလိုက်၏။
"ငါပြောတာက ကုမ္ပဏီအတွက်အခုလို စီစဥ်ပေးတာကို သဘောတူတယ် ပြောတာပါ....မင်းဖက်က တစ်သီးတစ်သန့် ထပ်တောင်းဆိုလာတဲ့ နောက်တစ်ခုကိုတော့ စဥ်းစားလိုက်ဦးမယ်"
"အော် အဲ့လို.........'
ယွိကျန်းတုလည်း စကားလုံးများကို သိသိသာသာ စွဲပြောလိုက်ရင်း...
"သူဌေး မအားဘူးဆိုရင်လည်း ကျွန်တော့်စကားကို မကြားမိလိုက်ဘူးလို့ပဲ မှတ်ပါ"
"မဟုတ်....ဒီရက်ပိုင်းတွေက အားတာက အားပါတယ်"
ရှန်းချွယ့်က သူ၏ အလုပ်ချိန်ဇယားကိုပင် ထုတ်ကြည့်နေရင်း စဥ်းစားရခက်နေသည့် ပုံစံလုပ်ပြနေခဲ့သည်။
"...........ဒီတစ်ပတ် စနေ တနင်္ဂနွေကို မင်းရဲ့ အလုပ်ချိန်တွေ ရှင်းထားလိုက်
အဲ့နှစ်ရက်ထဲက တစ်ရက်ရက်ကို နောက်မှ ငါနဲ့ ပြန်ညှိကြမယ်"
ယွိကျန်းတု ပြုံးရုံသာပြုံးလိုက်ပြီး အထူးတလည် ဆက်မပြောဖြစ်တော့ပေ။
သူ့အနေဖြင့် သူဌေးပါးစပ်က ထွက်သည့် "စဥ်းစားပေးမယ်"ဆိုသည့် စကားမှာ တကယ့်တကယ်ကျ သူ့အချိန်တွေသူ ဘယ်လိုပြန်စီစဥ်ရမလဲ စဥ်းစားထားလိုက်မယ် ဟူသည့် စကားနှင့် ထပ်တူညီနေကြောင်း ရိပ်မိနေခဲ့သည်။
သို့နှင့် ကုမ္ပဏီတစ်ခုလုံး ရုပ်ရှင် သွားကြည့်ကြမည့် အဖြစ်မှာ အထမြောက်ခဲ့ရချေသည်။ ကုမ္ပဏီရှိ ဝန်ထမ်းများ အားလုံးလည်း အပျော်လုံး ဆို့နေခဲ့ကြ၏။ မြေအောက်လောက က ဝိဥာဥ်တွေအဖို့ ယခုလိုမျိုး ရုံကြီးတစ်ခုထဲမှာ ရုပ်ရှင် ထိုင်မကြည့်ရတော့တာကို နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့အတွက်ကြောင့်လည်း ယခုသွားကြည့်မည့်အရေးကို စိတ််အားထက်သန်စွာ စိတ်လှုပ်ရှား ရင်ခုန်စွာ စောင့်မျှော် ခဲ့ကြလေသည်။
ရုပ်ရှင်သွားကြည့်မည့်ညမှာ တစ္ဆေများ အားလုံး လုလင်းရှီ၏ လမ်းညွှန်မှုအောက်မှာ ရုပ်ရှင်ရုံသို့ ထွက်လာခဲ့လိုက်ကြသည်။ ကျောက်ရော့လားမှာမူ အိမ်၌ လူကြီးမိဘများကို စောင့်ရှောက်ရဦးမည် ဖြစ်၍ မပါဝင်ချေ။ သာမန်လူတစ်ယောက်အဖို့ ညဉ့်နက်တဲ့အထိ နေဖို့ ခက်ခဲမည်ဆိုး၍လည်း လုလင်းရှီက ကြိုပြီးတော့ ကျန့်ယန်အား လိုက်မလာခဲ့ဖို့ မှာထားခဲ့လိုက်တော့သည်။
သို့ရာတွင် ၎င်းတို့ကြည့်မည့် ရုပ်ရှင်က ကျန့်ယန်လည်း ကြည့်ချင်နေခဲ့သည့် ရုပ်ရှင် ဖြစ်နေသည့်အပြင် လူငယ်တွေမှာက ည ဘယ်လောက်ထိ နက်နက် နိုးနိုးကြားကြား နေနိုင်စွမ်းတွေလည်း များပြားတာမို့ နောက်ဆုံးမှာ ကျန့်ယန်လည်း အဖွဲ့နှင့်အတူ ကပ်ပါလာခဲ့လိိုက်တော့သည်။
အသွားလမ်းမှာ ကျန့်ယန်အဖို့ ၎င်း၏ ရှစ်ချင်းသွယ် ကြေးမုံကြီးနှင့် စိပ်ပုတီးများကို ထည့်သယ်လာခဲ့ဖို့လည်း မမေ့လျော့ခဲ့ပါ။
ယွိကျန်းတုလည်း လမ်းတစ်လျှောက် ကျန့်ယန်တစ်ယောက် ၎င်း၏ လက်ကောက်ဝတ်မှ ပုတီးများကို ပွတ်နေသည်ကို ကြည့်နေခဲ့လိုက်သည်။ ထို့နောက်တွင်တော့ သိချင်စိတ်တို့က ပြင်းပြလာ၍ မမေးကြည့်ဘဲ မနေနိုင်တော့ပါချေ....
"တစ္ဆေအုပ်စုလိုက်နဲ့ ရုပ်ရှင်အတူတူကြည့်မယ့်နေရာမှာ တစ္ဆေကင်းဝေးအောင် လုပ်မယ့် ပစ္စည်းတွေ သယ်လာဖို့ လိုတယ် ထင်လို့လား?"
"ကျွန်တော်တို့ သွားတဲ့အချိန်ကြီးက ညလယ်ခေါင်ကြီးလေ....တစ်ခြား တစ္ဆေတွေနဲ့ လာတွေ့နေရင် ဘယ်လိုလုပ်မလဲ"
ကျန့်ယန်မှာ အတည်ပေါက်ဖြင့်....
"ဖြစ်နိုင်ချေတွေ အားလုံးအတွက် ကြိုပြင်ဆင်ထားတာ"
ယွိကျန်းတုလည်း မိမိနှင့် ပတ်ပတ်လည်က လော့ဖုန်း ဝန်ထမ်းများကို ဝေ့ကြည့်လိုက်ပြီးနောက်မှာ သူသည်လည်း အတည်ပေါက် ဖြည့်ပြောလိုက်တော့သည်။
"ငါတို့ ဒီလောက် အုပ်စုတောင့်ပုံမျိုးနဲ့ တစ်ခြား ဘယ်တစ္ဆေကမှလဲ ငါတို့နဲ့ ထိပ်တိုက်တွေ့ချင်မယ့်ပုံ မပေါ်ပါဘူး"
သူတို့ ရုပ်ရှင်ရုံသို့ ရောက်သွားသည့်အချိန်မှာ သိလိုက်ရသည့်အချက်ကား သူတို့ တစ်ကုမ္ပဏီတည်းပဲ ရုပ်ရှင်ကြည့်ဖို့ ဒီနေရာကို ရောက်နေခဲ့တာ မဟုတ်ကြောင်းဆိုသည့် အဖြစ်ကိုပင်။
ဒီလို ညအချိန်မှာတောင် ရုပ်ရှင်လာကြည့်နေကြဆဲ လူသားများ ရှိနေသေးသည်။ ယွိကျန်းတုလည်း ရက်ကို စစ်ကြည့်လိုက်သည့်အခါမှ တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန်သည် သောကြာနေ့ဖြစ်နေ၍ ဇာတ်ကားများ ရုံချရက်ဖြစ်ပြီး ဒီနေ့ည သန်းခေါင်မှာ ဇာတ်ကားသစ် ရုံတင်မည့် အချိန် ဖြစ်နေလေသည်။
ထိုအကြောင်းကို သိရှိသွားချိန် လုလင်းရှီမှာ ထိတ်လန့်သွားခဲ့သော်လည်း ယွိကျန်းတုက လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။
"ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ ဝင်ရမယ့် ရုပ်ရှင်ရုံတွေက မတူဘူးမို့လို့ သိပ်အရေးမကြီးပါဘူး... အချင်းချင်းသာ လက်တို့ပြီး တစ်ခြား ရုံတွေထဲ လျှောက်မသွားအောင် ထိန်းပေးကြပါ"
လုလင်းရှီလည်း ခေါင်းညိတ်လိုက်ရင်း ဝန်ထမ်းများကို ပြန်စုလိုက်လေသည်။ ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ယွိကျန်းတုကတော့ ရုပ်ရှင်ရုံဝန်ထမ်းနှင့် သွားဆက်သွယ်ပေးရသည်။
ရုပ်ရှင်ရုံဝန်ထမ်းမှာ ယွိကျန်းတုကိုလည်း ကြည့်ရင်း ယွိကျန်းတုနောက်မှာ ပါလာသည့် ရှန်းချွယ့်ကိုလည်း ကြည့်ရင်း ပါးစပ်အဟောင်းသားလေး ဖြစ်နေခဲ့မိသည်။ အနည်းငယ် အံ့အားသင့်နေပုံလည်း ပေါ်၏။
"သုံးယောက်ထဲကြည့်မှာကို တစ်ရုံလုံးစာ လက်မှတ် ဝယ်ထားတာပေါ့???"
သူတို့ ရောက်နေသည့် ရုပ်ရှင်ရုံလေးကသာ ရုံအသေးစားလေးဖြစ်နေခဲ့မယ်ဆိုရင်တော့ နားလည်နိုင်စဖွယ်ရှိပေမဲ့ ယခု ရုပ်ရှင်ရုံကား တစ်မြို့လုံးမှာ ရှိသည့် ရုပ်ရှင်ရုံများထဲ အကြီးမားဆုံး ပြသရုံကြီး ဖြစ်နေပေသည်။ ထို့အပြင် ၎င်းတို့က ရုံထဲ ရှိရှိသမျှ ထိုင်ခုံလက်ရန်းတွေပေါ်မှာ ပေါက်ပေါက်ဆုပ်နဲ့ ကိုလာတွေ နေရာမလပ် အကုန်လိုက်ထားထားဖို့လည်း ပြောလာခဲ့သေးသည်။ သူတို့အနေဖြင့် ဘယ်လိုကုမ္ပဏီမျိုးက ညသန်းခေါင် ရုံပြသချိန်ကိုမှ လာရွေးဝယ်ရသနည်းဆိုတာကို သိချင်စိတ်အပြည့်ဖြင့် စောင့်ဆိုင်းနေခဲ့ကြခြင်းပေ။
ရုံဝန်ထမ်းလေးမှာ အခုလိုမျိုး ယောကျ်ားသား သုံးယောက်တည်း ပေါ်ချလာလိမ့်မည်လို့တော့မထင်မှတ်ထားခဲ့။
ယောကျာ်းတစ်ယောက်နဲ့ မိန်းမ နှစ်ယောက် အဲ့လိုမှ မဟုတ်ရင်လည်း မိန်းမတစ်ယောက်နဲ့ ယောကျ်ားနှစ်ယောက်ဆိုရင်မှ နည်းနည်း နားလည်ပေးလို့ရဦးမယ် !!!!!!!!!!!!!!!!!
ယွိကျန်းတုကတော့ ဝန်ထမ်းလေး၏ အတွေးများကို ဘာမှ မသိဘဲ ခပ်တည်တည်နဲ့ပဲ ပြောပြလိုက်တော့သည်။
"လူချမ်းသာတွေရဲံ့ ခေါင်းမာမှု တစ်ရပ်လို့ပဲ မှတ်ပါ"
၀န်ထမ်း :".........."
ထို၀န်ထမ်းကပဲ ယွိကျန်းတုအား ၎င်းတို့၏ ရုံနံပတ်ကို သေချာ အတည်ပြုပေးပြီးနောက် အနည်းငယ်တုံ့ဆိုင်းနေရင်းမှ အကြောင်းတစ်ခုကို ထုတ်ပြောပြလာခဲ့သည်။
"ဟုတ်သား...အခုရက်ပိုင်း ကျွန်တော်တို့ရုံမှာ နည်းပညာအခက်အခဲလေး အနည်းငယ် ကြုံတွေ့နေရတာ မို့လို့လေ...
ဟိုလို ကြီးကြီးကျယ်ကျယ်ကြီး ဖြစ်တာမျိုးတော့ မရှိပါဘူး...အကယ်၍များ ရုံထဲမှာ ဇာတ်ကားကြည့်နေတုန်း ပြဿနာတစ်ခုခု အဆင်မပြေတာ ကြုံခဲ့ရလို့ရှိရင် ကျွန်တော့်ကိုသာ အော်ခေါ်လိုက်ပါလို့"
ယွိကျန်းတု မေးကြည့်လိုက်၏။
"အဆင်မပြေတဲ့ ပြဿနာ??"
၀န်ထမ်းမှာ တုံ့ဆိုင်းနေရင်း စကားကို ထစ်ထစ် အအဖြင့် ပြောပြလာခဲ့သည်။
"ဟိုလိုကြီး မဟုတ်ပါဘူး...
ဒီတိုင်းပဲ ရုံထဲမှာ ပြတဲ့ စက်တွေကို ဗိုင်းရပ်စ် ကိုက်သွားတာမျိုးလောက်ပါပဲ..
ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကပဲ စဖြစ်တာ..
အခုလို ညသန်းခေါင်ပွဲတွေမှာဆိုလို့ရှိရင် ကိုယ်ကြည့်နေတာက တစ်ကား
ကြည့်နေရင်း အလယ်လောက် ရောက်ပြီဆိုလို့ရှိရင် မတူတဲ့ နောက်တစ်ကားက သူ့အလိုလို ဖြတ်ခနဲ စခရင်ပေါ်မှာ ပေါ်ချလာတာ
ဒါပေမဲ့ အကြာကြီး ပေါ်နေတာမျိုးတော့ မဟုတ်ပါဘူး
မိနစ်ပိုင်းလောက်လေးပဲမို့ လူကြီးမင်းတို့ရဲ့ ရုပ်ရှင်ကြည့်ရတဲ့အတွေ့အကြုံကို အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ပါဘူးလို့"
ယွိကျန်းတု စိတ်ထဲ၌ ၀န်ထမ်း၏ ရှင်းပြပေးမှုက ကျိုးကြောင်းဆီလျော်မှု ရှိမနေသလို ခံစားနေခဲ့ရသည်။
သို့ရာတွင် ဒါက ရုံဖက်က ဖြစ်တဲ့ ပြဿနာပဲလေ...
သူတို့တွေ ကြည့်တဲ့အခါမှာ အနှောင့်အယှက် မဖြစ်သရွေ့တော့ အကုန်လုံး အဆင်ပြေတာပဲ..
သို့နှင့် ယွိကျန်းတုလည်း ပြုံးရုံသာ ပြုံးလိုက်ရင်း ပြန်ဖြေလိုက်တော့သည်။
"ကောင်းပြီလေ"
လော့ဖုန်း ၀န်ထမ်းများအားလုံး ရုံထဲ ရောက်သည့်အခါမှာ အကုန်လုံးက ရုံ အလယ်ပိုင်း
မြင်ကွင်းအကောင်းဆုံးနေရာကို ရှောင်ကွင်းကာ နေရာ ယူလိုက်ကြသည်။
အကောင်းဆုံးခုံနေရာကိုကား ရှန်းချွယ့်အတွက် ဖယ်ပေးထားကြခြင်း။
သို့ရာတွင် ရှန်းချွယ့်က ၎င်းတို့ ဖယ်ပေးထားသည့် နေရာမှာ သွားမထိုင်။
ထိုအစား ရုံ၏ နောက်ဆုံးတန်း ထောင့်အစွန်ဆုံးနေရာမှာ ထိုင်ဖို့ ယွိကျန်းတုကိုပါ ဆွဲခေါ်သွားခဲ့သည်။
လုပ်ဖော်ကိုင်ဖက်များမှာ အတော်လေး ဟတ်ထိသွားကြ၏။
"သူဌေးက အခုလောက်ထိ သဘောကောင်းမယ်မှန်း မထင်ထားခဲ့ဘူး...ဒီလောက် မြင်ကွင်းကောင်းတဲ့ အလယ်တန်းခုံတွေကို ငါတို့တွေ ထိုင်လို့ရအောင် ချန်ထားပေးပြီး သူကိုယ်တိုင်ကတော့ နောက်ဆုံးတန်းရဲ့ ထောင့်စွန်းလေးမှာ သွားထိုင်ပေးရှာတယ်"
ရှန်းချွယ့်မှာမူ ထိုစကားများ နားထဲ၀င်ရောက်ဖို့ပင် အာရုံစိုက်မနေချေ။ သူထိုင်နေတဲ့ ကပ်ရပ်က ခုံအလွတ်မှာ ယွိကျန်းတုကို မရမက ထိုင်စေပြီး တစ်ဖက်က ခုံနှင့် ဖင် တစ်သားတည်း ကပ်သွားကာမှာ စိတ်တိုင်းကျသွားလေတော့သည်။
"ငါတို့ ဒီနေရာမှာ ထိုင်မယ်ဆိုရင် မင်းဖက်က ငါ့ကို အသားယူချင်တောင် သိပ်မသိသာတော့ဘူး"
ယွိကျန်းတု :".............."
သူဌေးက အရင်က လုံး၀ ရည်းစားမထားဖူးဘူးလို့သာ ပြောပေမဲ့ ဒီလို အထာတွေကျတော့ နားလည်နေသားပဲ..
ရုပ်ရှင်ရုံ ၀န်ထမ်းလေး : ဒီယောကျာ်းသား သုံးယောက်က တစ်ရုံလုံးစာလည်း ဝယ်ထားသေးတယ်
ဘယ်လိုဖြစ်လို့ နှစ်ယောက်က အတွဲလိုက် နောက်ဆုံးတန်းမှာ သွားထိုင်ပြီး အလယ်နေရာမှာကျ တစ်ယောက်တည်း ထားသွားခဲ့ကြတာပါလိမ့်??
လော့ဖုန်းဖက်က ၀ယ်လိုက်သည့် ရုံထဲ၌ ပြနေသည့် ဇာတ်ကားသည် လောလောလတ်လတ် ရေပန်းစားနေသည့် ဟာသ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လေသည်။
တစ်ရုံလုံးက သူတွေအချင်းချင်း ကုမ္ပဏီမှာလည်း ဖက်လှဲတကင်း ရင်းနှီးနေကြသူတွေချည်း ဖြစ်တာမို့
ရုပ်ရှင်ရုံထဲတွင် တစ်ယောက်နဲ့တစ်ယောက်ကြား အတော်လေး သက်တောင့်သက်သာ ရှိလှပြီး ကုမ္ပဏီမှာ လုပ်ရတုန်းကလို အနေဝေးနေတာမျိုးတွေလည်း မဖြစ်ကြတော့ချေ။
ဇာတ်ကားကြည့်ရင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စကားစမြည်လည်း ပြောဖြစ်ခဲ့ကြသည်။
ကုမ္ပဏီဖက်က ပေါက်ပေါက်ဆုပ်နှင့် ကိုလာများလည်း အဆင်သင့် ခင်းကျင်းပေးထားပြီးသားမို့ ရုပ်ရှင်ရုံအတွင်း လေထုအနေအထားမှာ သက်တောင့်သက်သာ ရှိလှပြီး ငြိမ်းချမ်းလှပေ၏။
ရှန်းချွယ့်က သူ၏ မျက်နှာတစ်ဖက်ခြမ်းကို လက်နှင့်ထောက်ထား၏။ ပေါက်ပေါက်ဆုပ်စားနေလျက် ရုပ်ရှင်အား အာရုံစိုက်ကြည့်နေခဲ့သည်။
သို့သော် ရင်ထဲတွင်မူ ပန်းများ ပွင့်နေသည်တော့ မဟုတ်ခဲ့ပါ။
အခိုက်အတံ့တစ်ခုမှာ ယွိကျန်းတုလည်း တစ်ဖက်က လူ၏ စိတ်မကြည်လင်နေမှုကို ရိပ်စားမိသွား၏။
သို့နှင့် လက်မောင်းကို သွားတို့လိုက်ရင်း ခပ်တိုးတိုးဖြင့် မေးကြည့်လိုက်တော့သည်။
"ဘာဖြစ်လို့လဲ? ဘာ စိတ်တိုင်းမကျစရာ ရှိလို့လဲ"
ရှန်းချွယ့်က သူ့ဖက် လှည့်ကြည့်လာပြီးနောက်မှာ အသံခပ်ဖွဖွဖြင့်ဖြေလာခဲ့၏။
"ငါက ဒီရုပ်ရှင်ကို မင်းနဲ့ ပိတ်ရက်ကျမှ လာကြည့်မလို့ စဉ်းစားထားတာ
ကုမ္ပဏီက သူတွေနဲ့ ကြည့်မယ့်ကားကို လုလင်းရှီက ဒီဇာတ်ကား ရွေးထားမယ်လို့ မထင်လိုက်ဘူး...
အဲ့တစ်ယောက်ကတော့ ဘာမှကို သေချာ မစီစဉ်တတ်တာပဲ"
ယွိကျန်းတု တခစ်ခစ် ရယ်မောလိုက်မိသည်။
"စဉ်းစားပေးမယ့်အဆင့်ပဲ ရှိသေးတာဆို?? မဆုံးဖြတ်ရသေးဘူးဆို?? ဘယ်လို ဖြစ်လို့ ကြည့်မယ့်ကားတွေပါ ရွေးထားနှင့်ပြီးသား ဖြစ်နေတာလဲ"
ရှန်းချွယ့်ကမူ မျက်နှာထား ပျက်ယွင်းသွားခြင်း မရှိချေ။
"ကြို ပြင်ဆင်ထားလို့လည်း ဆုံးရှုံးစရာ ဘာမှ မရှိဘူးပဲလေ"
ယွိကျန်းတု သူ့ဖုန်းကို နှိုက်ထုတ်လိုက်၍ ဖုန်းအလင်းရောင်ကို နှိမ့်ချလိုက်ကာ လော့ခ်ဖွင့်လိုက်လေသည်။
"စိတ်မပူပါနဲ့..ကျွန်တော်တို့ အခုလည်း နောက်တစ်ကား ပြောင်းကြည့်လို့ မီပါသေးတယ်"
ထိုအခါမှ ရှန်းချွယ့်၏ မျက်လုံးများမှာ ပြန်လည် အရောင်တောက်ပလာခဲ့လေသည်။
သူက ဖုန်းရှေ့ကို ခေါင်းအတင်း တိုးဝှေ့ကြည့်ရင်း...
"ဟုတ်တယ်..အသစ်တစ်ကား ပြောင်းကြည့်တာ ပိုကောင်းတယ်"
သို့နှင့် နှစ်ယောက်သားမှာ ခေါင်းအချင်းချင်း ထိကပ်မိသွားကြသည်။
ရှန်းချွယ့်အနေဖြင့် ယွိကျန်းတု၏ အသက်ရှူသံကိုပါ ခံစားမိနိုင်၏။
သူ၏နှုတ်ခမ်းပါးများ အနေထိုင်မတတ် ဖြစ်လာခဲ့ရသည်။
ရှန်းချွယ့်စဉ်းစားကြည့်လိုက်ပြီးနောက် သူ့လက်မောင်းကြားမှာ ညှပ်ထားသည့် ပေါက်ပေါက်ဆုပ်ဘူးကြီးကို ယွိကျန်းတု ထံ ထိုးပေးလိုက်လေသည်။
"ငါ့ ပေါက်ပေါက်ဆုပ်တွေ မင်း စားချင်လည်း ရတယ်"
ယွိကျန်းတုလည်း ပေါက်ပေါက်ဆုပ်ဘူးအား အကဲခတ်ကြည့်လိုက်ပြီးနောက် ရှန်းချွယ့်အား ပြန်သတိပေးလိုက်မိသည်။
"သူဌေး...အစကတည်းက ကျွန်တော်တို့ ပြင်ပေးထားတဲ့ ပေါက်ပေါက်ဆုပ်တွေက နှစ်ယောက်တစ်တွဲ မျှစားလို့ရအောင် ချပေးထားတာတွေလေ"
ရှန်းချွယ့်က အနိုင်မခံ အရှုံးမပေးချေ။
"ငါနဲ့ ဘယ်သူမှ မျှ စားခွင့်မရှိပါဘူး"
ယွိကျန်းတု :"..........."
သူဌေးပြောတာလည်း မှန်သား။
တစ်ချိန်တည်းမှာပဲ ရုပ်ရှင်ရုံ ကြီးကြပ်ပေးနေရသည့် ၀န်ထမ်းတစ်ယောက်က ရုံ နောက်ဆုံးတန်းတွင် အီစီကလီ ရိုက်နေကြသည့် နှစ်ယောက်အား လှမ်းကြည့်လာသည်။
ထို့နောက်တွင် ရုံ အလယ်တန်းမှာ တစ်ယောက်တည်း ထိုင်နေသည့် ကျန့်ယန် ထံသို့ လှမ်းကြည့်လိုက်ရင်း သူ့အကြည့်တွေမှာ စာနာထောက်ထားမှုများ ရီဝေနေခဲ့လေသည်။
စင်ဂယ်ခွေးလေးဘ၀ အတော် ကံဆိုးပေစွ။
ရှန်းချွယ့်က ပေါက်ပေါက်ပေါက်ဆုပ်ကို လက်တစ်ဖက်နှင့်အပြည့် နှိုက်လိုက်ရင်း ယွိကျန်းတု ထံ လွှဲပေးလိုက်သည်။
"စား"
ယွိကျန်းတုမှာ မိမိ ဖုန်းမှ တစ်ဆင့် အခြား ပြနေသည့် ဇာတ်ကားများ၏ အညွှန်းများကို လိုက်ဖတ်နေခဲ့ချိန် ဖြစ်သည်။
သို့နှင့် သူက မျက်လုံး ပင့်ကြည့်လာခြင်းကို မရှိဘဲ ရှန်းချွယ့်လက်ထဲမှ ပေါက်ပေါက်ဆုပ်များကို အတိုင်းသား ပါးစပ်နှင့် တေ့ စားလိုက်တော့၏။
ပုံဖော်မပြနိုင်သည့် မသိမသာ အပြုံးတစ်ချက်က ရှန်းချွယ့်၏ မျက်နှာထက်တွင် ပွင့်လန်းလာခဲ့သည်။
သူလည်းပဲ တစ်ဆုပ် နှိုက်စားလိုက်ရင်း
ရင်ဘတ်ကြီးးထဲတွင် တစ်ယောက်တည်း ရီဗျူး ထိုင်ရေးနေခဲ့လိုက်၏။
ရုပ်ရှင်ရုံမှာ စားရတဲ့ ပေါက်ပေါက်ဆုပ်က အရသာ ရှိသားပဲ
ဟူ၍ပင်။
ထိုအချိန်မှာပဲ ရုံအပြင်ဖက်မှ စူးစူးရွားရွား အော်သံများ ရုံထဲသို့ပင် ပျံ့လွင့်လာခဲ့သည်။ တကယ့်တကယ်တွင် ရုပ်ရှင်ရုံ၏ အသံလုံစနစ်မှာ အတော်လေး ကောင်းမွန်သော်လည်း ယခုတစ်ခါ အပြင်ဖက်မှ အော်သံများမှာမူ သာမန်ထက်ပင် စူးရှနေခဲ့လေသည်။
ထို့အတွက် ရုံထဲသို့ ထွင်းဖောက် ၀င်ရောက်လာပြီး လူအများနားမှား ကြားလိုက်ရသည့်နှယ်။
အသံက ချက်ချင်း ပြန့်လွင့်သွားရသော်လည်း ထိုအော်သံများ နားစည်ကို လာရောက်ရိုက်ခတ်သည့်အခါမှာ ကာယကံရှင်များအနေဖြင့် ဘယ်လောက်တောင် ကြောက်ရွံ့ရင်း အော်ဟစ်ခဲ့ကြောင်း သိသာလှပေသည်။
ထို့အတွက် ရုပ်ရှင်ကြည့်နေသည့် တစ္ဆေများပင် အာရုံပျက်သွားခဲ့ရ၏။
ယွိကျန်းတု၏ မသိစိတ်က မကောင်းတာ တစ်ခုခုတော့ ဖြစ်နေပြီဟု ခံစားမိလိုက်သည်။
သို့နှင့် သူ နေရာမှ ထရပ်ကာ ပြောလိုက်လေသည်။
"ကျွန်တော် အပြင်ကို တစ်ချက် သွားကြည့်လိုက်ဦးမယ်"
ရှန်းချွယ့်မှာ မူလက သူ့ဟာသူ ပျော်ပျော်ရွှင်ရွှင် ပေါက်ပေါက်ဆုပ် ထိုင်စားနေခဲ့ခြင်းမို့ ယခုလို သူ့အပျော်တွေ ဖျက်ဆီးခံလိုက်ရသည့်အခါမှာ သူ့ မျက်နှာကြီး တစ်ခုလုံး မှောင်ကျသွားခဲ့လေသည်။
"ငါရော လိုက်ခဲ့မယ်"
နှစ်ယောက်သား လျှောက်လမ်းမှတစ်ဆင့် ရုံထဲမှ ထွက်လာခဲ့လိုက်ကြသည်။
ရုံအပြင်ဖက်က ဟောခန်းနေရာထဲမှာ ရုပ်ရှင်အတူကြည့်ဖို့ လာကြတဲ့ သူငယ်ချင်းအုပ်စု ကလေးမလေးတွေ မျက်ရည်တဖြိုင်ဖြိုင်ကျလျက် ငိုနေခဲ့တာကို လာတွေ့ရ၏။
၎င်းတို့၏ ဘေးတွင် ရုပ်ရှင်ရုံ တာ၀န်ရှိသူ ၀န်ထမ်းများက ဝိုင်းနှစ်သိမ့်ပေးနေခဲ့ကြသည်။
"ဘာမှ မဖြစ်ဘူး ဘာမှမဖြစ်ဘူး...
ဒီတိုင်း ရုပ်ရှင် အပိုင်းအစလေး တစ်ခုပါပဲ"
အုပ်စုထဲမှ ကလေးမလေးမှာ ခြေထောက်များပင် ယိုင်လဲသွားခဲ့ရသည်။
"ကျွန်မဖြင့် ကြောက်လို့ လန့်သေပြီတောင် မှတ်တာရှင့်! ဒီလို ပြဿနာ ဖြစ်နေတယ်ဆိုရင် ရုပ်ရှင်ရုံကို ပိတ်ပစ်ရမှာ ဆိုတာမျိုးတောင် ရှင်တို့ မသိကြဘူးလား"
၀န်ထမ်းများမှာ ပျာပျာသလဲ ဖြစ်သွားခဲ့ရကာ...
"ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ပြင်ဖို့ လုပ်ကြည့်နေပါတယ်
ပြီးတော့ အကုန်လုံးကိုလည်း ရုံထဲ မ၀င်ခင်မှာ ဒီအခြေအနေအကြောင်းကို အရိပ်အမြွက် ပြောပြထားတယ်လေ"
လဲကျသွားသည့် မိန်းကလေးက အော်ဟစ်လိုက်၏။
"ဒီလို ရုပ်ရှင်မျိုး ဖြစ်နေမယ်လို့ ထည့်မပြောထားဘူးလေ!!!"
ယွိကျန်းတုလည်း မျက်မှောင်ကြုတ်လိုက်ရင်း ထိုအုပ်စုနား သွားလိုက်ကာ ၀င်မေးကြည့်လိုက်ရသည်။
"စိတ်တော့မရှိပါနဲ့...ဘာဖြစ်တာလဲဆိုတာ သိလို့ရမလား?"
ဖြစ်ချင်တော့ နှစ်သိမ့်ပေးနေသည့် ၀န်ထမ်းမှာ ယွိကျန်းတုတို့အား ၀န်ဆောင်မှု ပေးခဲ့ရသည့် ၀န်ထမ်းဖြစ်နေလေသည် ။
ထိုသူက ယွိကျန်းတုကို မြင်မြင်ချင်းပဲ တောင်းပန်တိုလျှိုးသည့် မျက်နှာထားမျိုးဖြင့်...
"အဲ....
ကျွန်တော် ခင်ဗျားကို စောနက ပြောပြထားသလိုပါပဲ..
ဒီရုံမှာ လာထပ်ဖြစ်တာပါ..သူတို့ ဇာတ်ကား ပြနေတုန်း တစ်ခြား ကားထဲက ဇာတ်၀င်ခန်းတစ်ခုက သူ့အလိုလို ပေါ်ချလာလို့လေ"
ယွိကျန်းတုလည်း အခုထိ တုန်တုန်ရီရီဖြစ်နေသည့် မိန်းကလေးကို ကြည့်လိုက်ကာ မေးကြည့်လိုက်ရသည်။
"ဘယ်လိုကားမျိုးထဲက ဇာတ်၀င်ခန်း အပိုင်းအစ ပေါ်ချလာတာလဲ?"
၀န်ထမ်းက မျက်လုံးများ ဟိုဝေ့ဒီဝေ့လုပ်ရင်း။
"သရဲကားထဲကပါ"
ယွိကျန်းတု :"........."
၀န်ထမ်း :"....ကျွန်တော်တို့မှာလည်း တစ်ခြား ရွေးချယ်စရာမရှိဘူးလေ..
နည်းပညာအဖွဲ့က ရက်တော်တော်တောင်ကြာနေပြီ ဒီအကြောင်းကို စုံစမ်းဖြေရှင်းနေတာ
ဒါပေမဲ့ ဘာမှ အကျိုးမထူးဘူး..
ဒီ ရုပ်ရှင်ရုံကြီးက ဒီလောက်ကြီးတာ...ပြဿနာသေးသေးလေးတစ်ခုလောက်အတွက်နဲ့ စီးပွားရေးတစ်ခုလုံး ပိတ်ချလိုက်တာမျိုးလည်း လုပ်မရတာမို့လို့လေ"
ယွိကျန်းတု မျက်နှာမှာ သုန်မှုန်သထက် သုန်မှုန်လာခဲ့သည်။
"တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ?"
၀န်ထမ်းလည်း ဆက်ပြီးတော့ ဖုံးကွယ်ထားစရာ အကြောင်းမရှိတော့ချေ။ထို့အတွက် အမှန်တရားကိုသာ အရှိကိုအရှိတိုင်း ပြောပြလိုက်ရတော့သည်။
ဖြစ်ပုံမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်အတွင်းပဲ ရုပ်ရှင်ရုံ တစ်၀န်းလုံးထဲက ရုံတိုင်းလိုလိုမှာ ညဖက် ရုံပြချိန်ဆိုလျှင် သရဲကားတစ်ကားထဲမှ ဇာတ်၀င်ခန်းတစ်ခုက ရုတ်တရက် ပေါ်ပေါ်လာတတ်သည်။
ပေါ်လာသည့် အကြိမ်အရေအတွက်က မကြာခဏရယ်လို့တော့ မဟုတ်။
တစ်ညကို တစ်ခါ သို့မဟုတ် နှစ်ခါလောက်သာ ပေါ်လာတတ်သည်။
တစ်ခါတလေကျတော့လည်း လုံး၀ ပေါ်မလာသည့် ရက်တွေလည်း ရှိတတ်ပေသည်။
အကယ်၍ ပေါ်လာခဲ့ပါလျှင်လည်း ကြာချိန်က မိနစ်အရှည်ကြီးစာ မဟုတ်။ တစ်မိနစ် သို့မဟုတ် တစ်မိနစ်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်သာ ပေါ်လာတတ်၏။
သို့ရာတွင် ပေါ်လာသည့် မြင်ကွင်းမှာ သည်းထိပ်ရင်ဖို ဆန်လှတာမို့ သက်ရောက်အားကတော့ ပြင်းထန်လှပေသည်။
ရုပ်ရှင်ရုံဖက်က ပြည်သူလူထုအား နည်းပညာအခက်အခဲ ကြုံတွေ့နေရသည်ဟု ကြေညာထားပြီးသား။
အတွင်းပိုင်း ၀န်ထမ်းတွေအနေနဲ့လည်း ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေနေခဲ့ကြရသည်။
သို့သော်လည်း ရက်အနည်းငယ်လောက် စုံစမ်းကြည့်ပြီးတာတောင် ချို့ယွင်းနေသည့် အရာကို ရှာမတွေ့ပါလေ။
ထို့အတွက်ကြောင့် ရုပ်ရှင်ရုံဖက်ကလည်း ဤမျှလောက် ပြဿနာလေးနှင့် တစ်ရုံလုံးကို ပိတ်မချချင်။ ပြဿနာကို တားဆီးနိုင်မည့် နည်းလမ်းကိုလည်း ရှာမတွေ့လက်စနှင့် ရုပ်ရှင်ရုံမှာ ကျည်ဆံပြောင်း၀ကို ပါးစပ်တေ့ထားရင်းပဲ စီးပွားရေး ဆက်လုပ်နေခဲ့ရတော့သည်။
ယွိကျန်းတုလည်း ဖြစ်စဉ်ကို နားထောင်ကြည့်ပြီးနောက် တစ်ခုခုက လွဲချော်နေကြောင်း စိတ်တွင် ထင့်သွားရ၏။
"ခင်ဗျားတို့ဖက်က ဒါကို နည်းပညာပိုင်း ချို့ယွင်းမှု ဖြစ်တယ်လို့ပဲ ထင်ထားတာလား?"
၎င်းတို့ စကားပြောနေသည့်အချိန်တွင် ရုပ်ရှင်ရုံ၏ မန်နေဂျာကလည်း ရောက်ချလာခဲ့သည်။ သူသည်လည်း ယွိကျန်းတု၏ မေးခွန်းကို ကြားသွားခဲ့၏။
"ဘာလို့ အဲ့လို ပြောရတာလဲ?"
ယွိကျန်းတုက စိတ်အနှောင့်အယှက် ဖြစ်ဖို့နေနေသာသာ အေးအေးဆေးဆေးပဲ ပြန်ဖြေပေးလိုက်သည်။
"ရုပ်ရှင်ပြသတဲ့နေရာမှာ နည်းပညာပြဿနာ တက်တာမျိုးသာ ဆိုရင်
ဖြစ်တဲ့ အကြိမ်အရေအတွက်ကလည်း ဒီထက် ပိုပြီး ဗြောက်သောက် ဖြစ်နေရမယ်လို့ မထင်ဘူးလား?
ဒါပေမဲ့ ဘာလို့ ည ရောက်တဲ့အခါကျမှပဲ ဒီပြဿနာက ထထ ဖြစ်ရတာလဲ?"
သူ၏ စကားကြောင့် ၀န်ထမ်း၏ မျက်နှာမှာ တမဟုတ်ချင်းပဲ ဖြူဖျော့သွားရတော့သည်။ ထို့အပြင် ကတုန်ကယင်ပါ ဖြစ်လာခဲ့၏။
"တ...တကယ်..တကယ်တော့
ကျွန်တော်တို့လည်း အဲ့လို တွေးကြည့်ပါသေးတယ်"
မန်နေဂျာလုပ်သူက ၀န်ထမ်းစကားကို ကြားထဲမှ ၀င်ဖြတ်ပြောလိုက်သည်။
"တိတ်စမ်း..ဘာ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ"
ယွိကျန်းတုမှာ ၀န်ထမ်း၏ မျက်လုံးများထဲမှ အပြစ်ရှိရိပ်များကို ဖမ်းစားလိုက်မိသည်။ သူ ဆက်ပြောတော့မလို အလုပ်မှာပဲ သူတို့ ငှားထားသည့် ရုံဖက်မှ နားစည်ကွဲလောက်အောင် ကျယ်လောင်သည့် အသံတစ်ခု ထွက်လာပြီးနောက် အော်သံတစ်ခုပါ ဆက်ရောပါလာလေသည်။
"အားးးးးးးးးးး သရဲ သရဲ...."
ကျန့်ယန်၏ အသံပင်။
ယွိကျန်းတု အကြည့်များ စူးရှသွားခဲ့ကာ ၀န်ထမ်းကမူ သူ့ခေါင်းသူ နာနာလေးတစ်ချက် ကောက်ထုလိုက်တော့သည်။
"အိုင်းယား ကြည့်ရတာတော့ ခင်ဗျားတို့ ရုံထဲမှာလည်း အဲ့ဒီ ပြဿနာ ပေါ်လာပြီနဲ့ တူတယ်"
ငှားယမ်းထားသည့် ရုံဖက်သို့ ပြန်သွားလိုက်ပြီးနောက် ရုံတံခါးကို တွန်းဖွင့်ကာ ၀င်လိုက်လေသည်။
လော့ဖုန်းက ရှိသမျှ ရုပ်ရှင်ရုံတွေထဲမှာ အကြီးမားဆုံး ရုံကြီးကို ငှားယမ်းထားခြင်းပင်။ သူတို့ ၀င်သွားလိုက်သည့်အခါမှာ မူလက ကြည့်နေခဲ့သည့်
အရောင်စုံစုံလင်လင် မြူးကြွကြွ ဟာသကား ပျောက်သွားခဲ့ပြီး ပိတ်ကား တစ်ခုလုံးမှာ အဖြူအမည်းသာ ထင်ကျန်နေလေသည်။
screen အလယ်တည့်တည့်တွင် Sadako လို ဆံပင်ရှည်ကြီးများ မျက်နှာရှေ့ ဖုံးရင်း ဖြန့်ချထားသည့် အမျိုးသမီးတစ်ဦးက ပန်းသီးအခွံနွှာနေလေ၏။ သူမက ခြေမျက်စိအထိ ရှည်လျားသော ဂါ၀န်ဖြူတစ်ထည်ကို ၀တ်ဆင်ထားလျက် သူမ၏ ဆံနွယ် မည်းနက်နက်များကလည်း မျက်နှာရှေ့တွင် ရေတံခွန်နှယ် ရှိနေလေသည်။
သူမ၏ လက်ချောင်းများမှာ ဖြူဖျော့ရှုံ့တွနေသော်လည်း သူမ၏ လက်သည်းခွံများမှာ အနီရောင် ရဲတောက်နေခဲ့လေသည်။
သူမက ပန်းသီးလှီးဓား အသေးတစ်ခုဖြင့် ပန်းသီးအခွံများကို တစ်လွှာချင်းစီ နွှာနေခဲ့သည်။
ထိုသို့ လုပ်လက်စနှင့် ဖြည်းညင်းစွာ မေးလာခဲ့၏။
"ပန်းသီးတစ်လုံးလောက် စားကြဦးမလား..?
ကျွန်မ လှီးပေးတဲ့ ပန်းသီးတွေက.....တော်တော်လေးကိုမှ အရသာရှိတယ်"
၀န်ထမ်းက ထိုအမျိုးသမီး၏ စကားများကို ကြားပြီးနောက်မှာ အလျင်စလို ပြောလာခဲ့သည်။
"မြန်မြန်လေး ခင်ဗျားတို့ရဲ့ မျက်လုံးတွေကို ပိတ်ထားလိုက်တော့! ပန်းသီးအခွံနွှာပြီးပြီဆိုတာနဲ့ သူက ဆံပင်ကြီးကို ဖယ်တော့မှာ!"
သို့သော် ယွိကျန်းတုက ၀န်ထမ်း၏ စကားကို နားမယောင်ပါဘဲ သူ၏ လက်များကို ရင်ဘတ်ရှေ့ ကပ်ကာ ထပ်ချိတ်ထားလိုက်ရင်း ရှန်းချွယ့်နှင့် ဘေးချင်းယှဉ် ရပ်လျက် ပိတ်ကားမျက်နှာပြင်ကိုသာ မျက်တောင် မခတ် စိုက်ကြည့်နေခဲ့လိုက်သည်။
ဤမျှလောက် အခြေအနေဖြင့် ရုပ်ရှင်ရုံက နည်းပညာချို့ယွင်းမှု ပြဿနာနှင့်ကြုံနေခဲ့ရတာ မဟုတ်ကြောင်းကို တပ်အပ် ပြောနိုင်ခဲ့ပြီလေ။
ပိတ်ကားထက်မှာ ပေါ်နေသည့် သရဲ ဇာတ်၀င်ခန်းဆိုသည်မှာ တကယ့်အပြင်က သရဲမက အယောင်ဆောင်နေတာပဲ ဖြစ်သည်။
သရဲမကား ပန်းသီးအခွံနွှာလို့ ပြီးသွားခဲ့၏။သူမက လက်ကြီးကို ရှေ့ထိုးပြလာရင်း ပြောလာခဲ့သည်။
"ပန်းသီး စားချိန်တန်ပြီ..."
၀န်ထမ်းမှာ မောဟိုက်စွာဖြင့် ပူပန်တကြီး အော်ပြောပြန်၏။
"အားးး မြန်မြန် မျက်လုံးမှိတ်ထားကြတော့နော် သူ့ဆံပင်ကြီးကို လှန်လိုက်တဲ့မြင်ကွင်းကြီးက တော်တော်ကြောက်ဖို့ကောင်းတာ!
ပြီးတော့ ဒီ သရဲဇာတ်၀င်ခန်းက 3d မြင်ကွင်းမျိုးနော်
သူ့လက်ကြီးက ပါးစပ်တည့်တည့်ကို လာထိုးပေးပြီး ပန်းသီး လာကျွေးလိမ့်မယ်"
သို့သော် သူ ဘယ်လောက်ပဲပြောပြော အချိန်နှောင်းသွားခဲ့ချေပြီ ။ သရဲမမှာ ခြောက်ကပ်ကပ်ကြီး ရယ်လျက် သူမ၏ မျက်နှာရှေ့က ဆံပင်များကို လိုက်ကာ ဖွင့်သလိုမျိုး ခွဲခြားလိုက်ပြီး ဖြူဖျော့နေသော လူသေတစ်ယောက်၏ အသားအရည်မျိုးအား ပြသလာခဲ့သည်။
သူမ မျက်နှာမှာ အက်ကွဲကြောင်းရာကြီး တစ်ခု ပွင့်နေလျက် ထို အက်ကွဲကြောင်းရာထဲမှ တစ်ဆင့် ပုပ်သိုးနေသော အတွင်းသား များကို မြင်နေခဲ့ရသည်။
သူမ၏ မျက်လုံးများမှာလည်း အဆမတန် ပြူးကျယ်နေ၏။ အမည်းရောင် အခေါင်းပေါက်ကြီး နှစ်ပေါက်ကလည်း ချိုင့်၀င်နေခဲ့သေးကာ နား၀င်ဆိုးလှသော အသံဆိုးကြီးဖြင့် စူးရှစွာ ခြောက်ခြားဖွယ်ရာ ပြောလာခဲ့သည်။
"ပန်းသီး စားစမ်း........."
၀န်ထမ်း :"ဘာပဲလုပ်နေနေ မအော်ကြနဲ့နော်! သတိပေးပြီးပြီ!"
သရဲမမှာ နေရာ၌ ကြောင်အမ်းစွာ ရပ်တန့်သွားလေသည်။
သူမ၏ မြင်ကွင်းတွင် ရုံထဲအပြည့် ဖြစ်နေကြသူများက သာမန် သက်ရှိလူသားများ ဟုတ်မနေပါချေ။
ထိုအစား တစ်ရုံလုံးက သူမလို သရဲ တစ္ဆေများသာ ဖြစ်နေခဲ့ကြ၏။
တစ်ချိန်တည်းမှာပဲ တစ်ရုံလုံးက တစ္ဆေများက ခြေတစ်ဖက်ပေါ် တစ်ဖက် ဆင့်တင်ထားလျက် ထိုင်နေခဲ့ကြရင်း မျက်နှာအမူရာ ကင်းမဲ့စွာ သူမအား ပြန်ကြည့်ပေးလိုက်ကြသည်။
သရဲမ :"........."
"အားးးး တစ္ဆေတွေ အများကြီးပဲ!!!"
သရဲမက ပန်းသီးအား အဝေးလွှတ်ပစ်ပြီး ပန်းသီးလှီးသည့် ဓားအား ဝှေ့ယမ်း လာခဲ့သည်။
"ပိုင်ဆိုင်မှုတွေ ဂုဏ်သိက္ခာတွေ ဒီမိုကရေစီတွေ မျှခြေတွေ လွတ်လပ်မှုတွေ တန်းတူညီမျှမှုတွေ တရားဥပဒေ စိုးမိုး......"
လက်ထောက်၀န်ထမ်း :".......???"
ယွိကျန်းတု :"........"
ဒီ သရဲမက ဆိုရှယ်လစ်အကြောင်း အခြေခံကအစ ပိုင်ပိုင်နိုင်နိုင် သိထားတာပဲ!
စာရေးသူမှာ ပြောစရာလေး ရှိပါတယ်
သရဲမ : ဆိုရှယ်လစ် ဝါဒ
ကျွန်မကို ကာကွယ်ပေးပါဦး!
(Zawgyi)
ပထမဦးဆုံးအႀကိမ္ ကနဦး က်င္းပျပဳလုပ္ေသာ ေလာ့ဖုန္း၏ စီအီးအိုအား အ၀တ္လဲျခယ္ေပးရျခင္း ဂိမ္းေလးမွာ ရွန္းခြၽယ့္၏ ေပၚေပၚထင္ထင္ႀကီး ႐ိုက္စားလုပ္၍ ေပးခ်င္သည့္သူကို အႏိုင္ေပးျခင္းျဖင့္ ၿပီးဆုံးသြားခဲ့ေလသည္။
ေက်ာက္ေရာ့လားမွာ မူလက ပထမ ဆိုသည့္ေနရာသည္ သူမအတြက္ပဲ ျဖစ္ရမည္ဟူ၍ ေစာင့္စားေနခဲ့ေသးသည္။ သို႔ရာတြင္ သူမ အရည္အခ်င္းေတြက စားပြဲေအာက္မွာ လက္ဝါးျခင္း႐ိုက္ထားၾကသူႏွစ္ေယာက္ လက္ေအာက္၌ ရႈံးနိမ့္သြားရလိမ့္မည္ဟု မစဥ္းစားထားခဲ့မိပါေခ်။
ထို႔အျပင္ သူမ တင္သြင္းျပသထားသည့္ အ၀တ္အစားမ်ားအားအလိုအေလ်ာက္ တြဲစပ္ေပးျခင္း ပ႐ိုဂရမ္ကလည္း အရမ္းကို ေခတ္ေရွ႕ေျပးလြန္းေန၍ ခ်က္ခ်င္းပဲ ပယ္ခ်ခံလိုက္ရ၏။
ကုမၸဏီတစ္ခုလုံးက ၀န္ထမ္းေတြမွာ သူေဌးျဖစ္သူကို အတြန႔္လည္း မတက္ရဲၾကေခ်။
ထိုအစား ယြိက်န္းတု ဆီသို႔သာ private message မ်ားမွ လာ၍ ကြန္ပလိန္းတက္ၾကေလေတာ့သည္။
[ေျပာစမ္းပါဦး! မင္း သူေဌးကို ဘယ္လိုေဆးဝါးမ်ိဳးေတြနဲ႔ ျပဳစားလိုက္တာလဲ!]
[မင္း လုပ္တာဆိုလို႔ သူေဌးကို ႐ိုး႐ိုး ကုတ္အက်ႌ ႐ိုး႐ိုး ဖိနပ္ပဲ ဆင္ေပးထားတာကို
မင္းက ခ်န္ပီယံ ျဖစ္သြားတယ္ေပါ့ေလ?]
[တစ္လစာ လုပ္ခကို ႏွစ္ဆ တိုးေပးမယ့္ အခြင့္အေရး ငါ့ကို ျပန္ေပး!!!]
ထိုသို႔ မက္ေဆ့ဂ္်မ်ား ရရွိေနေသာ္လည္း ယြိက်န္းတု မမႈပါေလ။
တစ္ေၾကာင္းတည္းေသာ စာကိုသာ copy paste လုပ္၍ ရီပလိုင္း ထိုင္ျပန္ေနလိုက္ေတာ့သည္။
[မေက်နပ္ရင္ သူေဌးဆီ သြားေျပာ]
ထို႔ေနာက္တြင္ေတာ့ အကုန္လုံးလည္း အေပါက္မ်ား တန္းစီ ပိတ္သြားၾကသည္။
မ်က္ႏွာသာေပးခံထားရတဲ့ သူဆီကို သြားၿပီးေတာ့ စိတ္ပ်က္လက္ပ်က္ ျဖစ္ေအာင္ မလုပ္သင့္ဘူး!
ရွန္းခြၽယ့္ဖက္က ၎တို႔၏ ေသြးေအးတိုက္ပြဲ ၿပီးဆုံးသြားေၾကာင္း ေၾကညာေပးအၿပီးေနာက္မွာ ထိုသူ႔ဖက္က ယြိက်န္းတုအား ႐ုံးခန္းသို႔ ၀င္ခ်င္တိုင္း ၀င္ ထြက္ခ်င္တိုင္း ျပန္ထြက္လို႔ ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလာခဲ့သည္။
ယြိက်န္းတု :.........
အမွန္တိုင္းေျပာရရင္ ေသြးေအးတိုက္ပြဲ ျဖစ္ေနတုန္းကလည္း သူ ၀င္ခ်င္တိုင္း ၀င္ ထြက္ခ်င္တိုင္း ထြက္ေနခဲ့တာပဲလားလို႔ပါ....
သို႔ရာတြင္ ရွန္းခြၽယ့္ မ်က္ႏွာေရွ႕တြင္ေတာ့ ဤ ခြင့္ျပဳခ်က္အသစ္ကို အံ့အားတသင့္ ျဖစ္သြားရေၾကာင္း ျပသေပးေနရေသးသည္။
ေျပာရရင္ ဥထဲက ကေလး ပညာေပးေရး လုပ္ငန္းစဥ္ေတြလည္း ရွိေနေသးတာကိုး...
ထိုသို႔ျဖင့္ ရက္အနည္းငယ္ ၾကာျမင့္သြားေလသည္။
တစ္ရက္တြင္ ယြိက်န္းတု တစ္ေယာက္ ကုဒ္ေရးေနလက္စအခ်ိန္မွာ လုလင္းရွီက သူ႔အား လာရွာေလ၏။
ေလာ့ဖုန္း႐ုံးခ်ဳပ္မွ ဝန္ထမ္းအခ်ိဳ႕က ေလာ့ဖုန္းအေနနဲ႔လည္း လူ႔ကမာၻက ကုမြဏီေတြလိုမ်ိဳး က်င့္ႀကံၿပီးေတာ့ အဖြဲ႕သားေတြနဲ႔ အဖြဲ႕လိုက္ activities ေတြ က်င္းပျပဳလုပ္ေပးသင့္ေၾကာင္း အႀကံေပးလာခဲ့သည္ဟု ေျပာျပလာခဲ့သည္။
ထိုအခါမွ ယြိက်န္းတုလည္း သတိထားမိသြားခဲ့၏။ သူ ေလာ့ဖုန္းမွာ စအလုပ္လုပ္ၿပီးကတည္းက အခုဆို အခ်ိန္ေတာင္ ေတာ္ေတာ္ေလး ကုန္သြားခဲ့ၿပီကို တေစၦပြဲေတာ္က လြဲရင္ အဖြဲ႕လိုက္ activities ေတြ လုံးဝနီးပါးကို မရွိခဲ့တာပဲ.... အရင္တုန္းကေတာ့ ကုမၸဏီမွာက တေစၦေတြခ်ည္း ျပည့္ေနၿပီး ကုမၸဏီကလည္း ေသးေသးေလးမို႔ သူ ထည့္မတြက္မိခဲ့တာ.....
အခုက် ေသခ်ာျပန္စဥ္းစားၾကည့္မယ္ဆိုရင္ တေစၦေတြလည္း ေပါင္းသင္းဆက္ဆံေရးေတြ လိုအပ္တာပဲေလ....ၿပီးေတာ့ တေစၦဘုရင္ စိတ္ေကာက္ၿပီး အဝတ္အစားလဲခိုင္းတဲ့ဂိမ္း ဆင္ႏႊဲလိုက္လို႔ အဖြဲ႕ဝင္ေတြခမ်ာ အခုေလာေလာဆယ္ စိတ္ပင္ပန္း ကိုယ္ပင္ပန္းေနၾကရသည့္အခ်ိန္....
အကုန္လုံး စိတ္ေပ်ာ္လက္ေပ်ာက္ နားလို႔ရေအာင္ တစ္ခုခု စီစဥ္ေပးကာမွ ေတာ္ကာက်မည္ေလ..
သို႔ႏွင့္ ယြိက်န္းတုလည္း ေျပာလိုက္ေလသည္။
"အႀကံေကာင္းတာပဲ....စဥ္းစားမိတဲ့ အိုင္ဒီယာရွိရင္ စီစဥ္လိုက္လို႔ ရတယ္ေလ"
လုလင္းရွီမွာ ေခတၱမွ် တုံ႔ဆိုင္းေနခဲ့ၿပီးေနာက္မွာမွ သူမ အေနျဖင့္ အခုလို လာရွာခဲ့ရသည့္ အေၾကာင္းအရင္းမွန္ကို ထုတ္ေဖာ္ေျပာလာခဲ့ေတာ့သည္။
"အကုန္လုံးက သၤခ်ိဳင္းကန္ေတာ့တာေတြ အုတ္ဂူသြားလည္တာမ်ိဳးေတြ ေဝးလံေခါင္ပါးတဲ့ ေခ်ာင္ႀကိဳေခ်ာင္ၾကား ေနရာေတြ မသြားခ်င္ေတာ့ဘူးလို႔ ေျပာေနၾကတာ....တေစၦျဖစ္ရတာ လုံးဝ ေပ်ာ္စရာမေကာင္းဘူးေလ... သူတို႔က လူေတြ လည္တဲ့ ေနရာမ်ိဳးေတြ သြားခ်င္ေနၾကတာ"
ယြိက်န္းတု တုံ႔ဆိုင္းသြားခဲ့ရသည္။
"အဲ့တာက စည္းမ်ဥ္းစည္းကမ္းနဲ႔ မကိုက္ညီဘူး မလား?"
လုလင္းရွီက က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေျပာျပလာခဲ့၏။
"ဟုတ္တယ္ ေျမေအာက္ေလာကႀကီး ၿပိဳလဲသြားကတည္းက စီးပြားေရးဆက္လုပ္ဖို႔ေတာင္ လူ႔ေလာကကေန ေခ်းငွားၿပီးေတာ့ ေရွ႕ဆက္ခဲ့ၾကရတာ...အဲ့ေတာ့ စည္းမ်ဥ္းစည္းကမ္းခ်မွတ္ထားတာေတြလည္း အမ်ားႀကီးပဲ... ကြၽန္မတို႔ လုပ္ခ်င္တိုင္း လြတ္လြတ္လပ္လပ္ လုပ္လို႔မရဘူး"
ယြိက်န္းတုလည္း အကုန္လုံး၏ အေတြးအေခၚမ်ားကို နားလည္ေပးႏိုင္ပါသည္။ လူ႔ကမာၻက အဖြဲ႕အစည္းႀကီးကို မေႏွာင့္ယွက္မိဖို႔အေရး တေစၦတိုင္းအား အႏၲရာယ္ကင္းေဘးရွင္းရွင္း ေနႏိုင္ေအာင္ သတ္မွတ္ထားသည့္ အရာေတြမ်ားတာမို႔ ေျမေအာက္ေလာကသားေတြဖို႔ ၎တို႔ လုပ္ခြင့္ရွိသည့္ activities မ်ားမွာ အကန႔္အသတ္ ရွိေနေပသည္။ သူတို႔၏ ေန႔စဥ္ ေနထိုင္မႈဘဝႀကီးမွာ အေတာ္ ေလး ပ်င္းရိဖြယ္ႏိုင္၏။
ယြိက်န္းတုလည္း အနည္းငယ္ ေတြးေတာၾကည့္မိၿပီးေနာက္ ေျပာလိုက္ေလသည္။
"ဒီလိုဆိုရင္ေရာ.....ကြၽန္ေတာ္တို႔ ႐ုပ္ရွင္႐ုံ တစ္ခုမွာ ညသန္းေခါင္မွ ျပတဲ့အခ်ိန္ကို ေ႐ြး လက္မွတ္ ဝယ္ၿပီးေတာ့ အကုန္လုံး ႐ုပ္ရွင္အတူတူ ၾကည့္ၾကမယ္ေလ"
လုလင္းရွီ၏ မ်က္လုံးမ်ား အေရာင္ ေတာက္ပသြားခဲ့ရေခ်သည္။
"အႀကံေကာင္းသားပဲ"
႐ုပ္ရွင္႐ုံ တစ္႐ုံလုံးစာ လက္မွတ္မ်ား ဝယ္ယူလိုက္မယ္ဆိုရင္ သာမန္လူေတြ အိပ္ေနၾကသည့္ အခ်ိန္မွ သြားၾကည့္လို႔ရေအာင္ အခ်ိန္ကိုလည္း စိတ္တိုင္းက် ေျပာင္းလို႔ရသြားမည္။
ယြိက်န္းတု ေျပာသလို လူအမ်ား ညအိပ္ခ်ိန္မွ ၾကည့္လို႔ရေအာင္ တစ္႐ုံလုံးစာ အျပတ္ လက္မွတ္ဝယ္တာကလည္း လူ႔အဖြဲံအစည္း၏ လည္ပတ္မႈကို ေႏွာင့္ယွက္ရာ က်ေတာ့မည္ မဟုတ္ေခ်။
ထိုအခါမွာ အေတြးသစ္တစ္ခုက လုလင္းရွီထံသို႔ ေရာက္ရွိလာခဲ့၏။
"ကြၽန္မ သတင္းတစ္ခု ဖတ္လိုက္ရတာရွိတယ္ အခုေလာေလာဆယ္ ႐ုံတင္ေနတဲ့ ဇာတ္ကားတစ္ကားက လက္မွတ္ေရာင္းအား မေကာင္းတာမ်ိဳးနဲ႔ ႀကဳံေနရတယ္ဆိုလားပဲ....အဲ့ေတာ့ ႐ုပ္ရွင္ထုတ္လုပ္သူေတြက လက္မွတ္ေတြကို သူတို႔ဟာသူတို႔ ျပန္ဝယ္ၿပီး စာမလာသတင္းမၾကား တေစၦခုံေတြလို အလြတ္ေတြထားထားရတာတဲ့ေလ...
ကြၽန္မတို႔က အဲ့တေစၦခုံ အလြတ္ေတြမွာ ဝင္ထိုင္ၾကည့္လိုက္ၾက႐ုံပဲ"
ယြိက်န္းတုလည္း လုလင္းရွီအား ပါးစပ္အေဟာင္းသားျဖင့္ ၾကည့္လိုက္မိ၏။
"ခင္ဗ်ားရဲ႕ ေငြေရးေၾကးေရး ေခြၽတာႏိုင္စြမ္းေတြကေတာ့ အရည္အခ်င္း တစ္ခုလို႔ေတာင္ ေျပာရမယ္ေနာ္"
လုလင္းရွီက ႏွိမ့္ခ်စြာ ေျပာလိုက္ေလသည္။
"ကြၽန္မေတာ့ ဒါကို အရည္အခ်င္းလို႔ မျမင္မိပါဘူးရွင္ ဒါေပမဲ့ ကြၽန္မလည္း တေစၦပဲေလ"
ယြိက်န္းတု ကိုယ့္မ်က္ႏွာကိုပင္ လက္ဝါးျဖင့္ တစ္ခ်က္ ခ်လိုက္ေတာ့သည္။
"အဲ့ဒီ တေစၦခုံ အလြတ္ေတြဆိုတာ လက္မွတ္ေရာင္းအား ဗန္းျပလို႔ရေအာင္ အသုံးခ်ခံ လုပ္လိုက္ရတာေတြေလ...အဲ့ေတာ့ ႐ုပ္ရွင္႐ုံေတြက အဲ့ခုံေတြအတြက္ ဇာတ္ကားျပေပးေလာက္မွာ မဟုတ္ဘူး..
ဒီေလာက္နဲ႔ေတာ့ ေငြ ေခြၽတာမေနပါနဲ႔ေတာ့...ဒီတိုင္းပဲ တစ္႐ုံလုံးစာသာ အျပတ္ငွားလိုက္ပါ"
"CTO ကမွ ဆုံးျဖတ္ခ်က္ ပိုင္ႏိုင္တဲ့သူပဲ"
လုလင္းရွီက ၎အား လက္မ တစ္ေထာင္ေထာင္ လုပ္ျပလာေလသည္။
ထို႔ေနာက္မွာ ေမးခြန္းထပ္ေမးလာခဲ့၏။
"ဒါဆို ဒီလိုလုပ္......
ဒီအစီအစဥ္အေၾကာင္းကို ရွင္အရင္ သူေဌးဆီကို သြားတင္ျပၿပီး ခြင့္ျပဳခ်က္ ေတာင္းခဲ့ေပးေလေနာ္"
ယြိက်န္းတု မ်က္ေစာင္း ခပ္ျပင္းျပင္းတစ္ခ်က္ ပစ္ထိုးလိုက္၏။
"ဒီလို အစီအစဥ္မ်ိဳးကို ကြၽန္ေတာ့္ကိုလာၿပီး ခြင့္ျပဳခ်က္ေတာင္းခိုင္းေနရင္ ဘာလို႔ ကုမၸဏီကေန ခင္ဗ်ားကို HR manager အျဖစ္ ငွားထားဦးမွာလဲ"
လုလင္းရွီ၌ ေျဖရွင္းခ်က္ ရွိေန၏။
" သူေဌးက ရွင္ သူ႔ကို ဂိမ္းထဲထည့္ၿပီး ဇာတ္ေကာင္လို ဖန္တီးထားမွန္း သိသြားတာေတာင္ ရွင့္ကို ခြင့္လႊတ္ေပးတယ္ေလ....အခုလည္း လာေတာင္းဆိုတဲ့သူက ရွင္သာဆို သူေဌးက လုံးဝျငင္းမွာ မဟုတ္ဘူး ေသခ်ာတယ္"
ယြိက်န္းတု "..........."
သူ႔တြင္ ထိုစကားအတြက္ ျပန္လည္ေခ်ပစရာ မရွိေနပါ။
ယြိက်န္းတုလည္း စဥ္းစားၾကည့္ၿပီးေနာက္ ေနရာမွ ထ၍ သူေဌး႐ုံးခန္းအား တံခါးသြားေခါက္လိုက္ေတာ့သည္။
ကေလးသူငယ္ ပ်ိဳးေထာင္နည္း ပညာေရးက Mozart မွ Beethovan သို႔ ေျပာင္းသြားခဲ့ေလၿပီ၊ ရွန္းခြၽယ့္က သူ႔ကို ျမင္ေသာ္ ေမးလာ၏။
"ဘာျဖစ္လို႔လဲ...."
ယြိက်န္းတုလည္း လုလင္းရွီ ျပင္ဆင္ ေ႐ြးထုတ္ေပးလာသည့္ ႐ုပ္ရွင္႐ုံနင့္ ျပသမည့္အခ်ိန္မ်ားကို ရွန္းခြၽယ့္ထံ ျပလိုက္ရင္း ေပါ့ေပါ့ပါးပါး ဆိုလိုက္သည္။
"ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ ႐ုပ္ရွင္ တူတူ ၾကည့္ဖို႔ ခြင့္ျပဳခ်က္ လာေတာင္းတာပါ"
ရွန္းခြၽယ့္က ခႏၶာကိုယ္အေနအထားကို အေနာက္ဖက္သို႔ အနည္းငယ္ လန္သြားၿပီးေနာက္မွာ အေတာ္ေလး ထိန္းခ်ဳပ္ထားရသလို မ်က္ႏွာထားမ်ိဳးျဖင့္ ျပန္ေမးလာခဲ့သည္။
''ငါ မင္းကို ဒီကိစၥနဲ႔ပတ္သတ္ၿပီး ခြင့္ျပဳမျပဳေတာင္ မဆုံးျဖတ္ေပးရေသးတာကို...
အခုမွ စတြဲၾကမယ့္ သူေတြအတြက္ ဒီေလာက္ႀကီးက အရမ္းျမန္လြန္းေနတာ မဟုတ္ဘူးလား၊?"
ယြိက်န္းတု "........."
အမွန္တိုင္းေျပာရရင္ ဒီလိုစကားေတြ ေျပာတဲ့အခါ သူေဌး႐ုပ္ကလည္း အရမ္းကို စိတ္တိုင္းက်ေနတဲ့ပုံႀကီး ျဖစ္မေနလို႔ မရဘူးလား???
ယြိက်န္းတုလည္း စိတ္ေအးေအးထားၿပီးေတာ့ ျပန္ရွင္းျပလိုက္သည္။
"ဒါ ကုမၸဏီက ဝန္ထမ္းေတြ ေပါင္းၿပီး ေတာင္းဆိုလာတာပါ"
ရွန္းခြၽယ့္ "..............."
မ်က္ႏွာအမူအရာ ႐ုတ္ခ်ည္း ေျပာင္းလဲသြားမႈႀကီးကို ႐ိုး႐ိုးမ်က္စိျဖင့္ေတာင္ ျမင္ႏိုင္ေပသည္၊ ရွန္းခြၽယ့္က သူ႔ထံသို႔ ယြိက်န္းတု ေပးလာသည့္ အဆိုျပဳစာကို ေကာက္ၾကည့္လိုက္ရင္းေနာက္ ဟန္မပ်က္ဘဲ ေမးလာခဲ့၏။
"မင္းက ဘာလို႔ ႐ုတ္တရက္ႀကီး ကုမၸဏီအတြက္ activity ေတြ ျပင္ဆင္ေနရတာလဲ"
ယြိက်န္းတု ၿပဳံးျပလိုက္မိသည္။
"အကယ္လို႔ သူေဌးဖက္ကသာ အခ်ိန္ရမယ္ဆိုရင္ေတာ့ သူေဌးနဲ႔ တူတူ ႐ုပ္ရွင္ၾကည့္ဖို႔အတြက္လည္း တစ္သီးတစ္သန႔္ အဆိုျပဳလႊာ တင္ခ်င္ပါေသးတယ္"
ထိုအခါ ရွန္းခြၽယ့္၏ ႏႈတ္ခမ္းသား ေဘးေနရာေလးမ်ား ေကြးၫႊတ္တက္သြားခဲ့ၿပီးေနာက္မွာ ေျဖေပးလာခဲ့သည္။
"အဲ့လိုဆိုရင္ေတာ့ ငါခြင့္ျပဳတယ္"
သူ ခြင့္ျပဳေပးလိုက္မိတာ အလြန္အင္မတန္ ျမန္ဆန္သြားခဲ့ျခင္းေပ။ ထိုအခ်က္ကိုလည္း ေျဖၿပီးသြားကာမွ ကိုယ့္ကိုယ္ကိုယ္ သတိထားမိလိုက္ျခင္း။
မဝံ့မရဲႏွင့္ သူမ်က္လုံးပင့္ၾကည့္လိုက္သည့္အခါမွာ ယြိက်န္းတုက ဝမ္းသာေပ်ာ္႐ႊင္ေနေသာ မ်က္ႏွာထားမ်ိဳးျဖင့္ သူ႔အား ျပန္စိုက္ၾကည့္ေနခဲ့သည္ကို လာေတြ႕ရသည္။ ရွန္းခြၽယ့္လည္း မ်က္ႏွာကို တတ္ႏိုင္သမွ် တည္တည္တံ့တံ့ ထားလိုက္ရင္း ထပ္ျဖည့္ေျပာလိုက္၏။
"ငါေျပာတာက ကုမၸဏီအတြက္အခုလို စီစဥ္ေပးတာကို သေဘာတူတယ္ ေျပာတာပါ....မင္းဖက္က တစ္သီးတစ္သန႔္ ထပ္ေတာင္းဆိုလာတဲ့ ေနာက္တစ္ခုကိုေတာ့ စဥ္းစားလိုက္ဦးမယ္"
"ေအာ္ အဲ့လို.........'
ယြိက်န္းတုလည္း စကားလုံးမ်ားကို သိသိသာသာ စြဲေျပာလိုက္ရင္း...
"သူေဌး မအားဘူးဆိုရင္လည္း ကြၽန္ေတာ့္စကားကို မၾကားမိလိုက္ဘူးလို႔ပဲ မွတ္ပါ"
"မဟုတ္....ဒီရက္ပိုင္းေတြက အားတာက အားပါတယ္"
ရွန္းခြၽယ့္က သူ၏ အလုပ္ခ်ိန္ဇယားကိုပင္ ထုတ္ၾကည့္ေနရင္း စဥ္းစားရခက္ေနသည့္ ပုံစံလုပ္ျပေနခဲ့သည္။
"...........ဒီတစ္ပတ္ စေန တနဂၤေႏြကို မင္းရဲ႕ အလုပ္ခ်ိန္ေတြ ရွင္းထားလိုက္
အဲ့ႏွစ္ရက္ထဲက တစ္ရက္ရက္ကို ေနာက္မွ ငါနဲ႔ ျပန္ညႇိၾကမယ္"
ယြိက်န္းတု ၿပဳံး႐ုံသာၿပဳံးလိုက္ၿပီး အထူးတလည္ ဆက္မေျပာျဖစ္ေတာ့ေပ။
သူ႔အေနျဖင့္ သူေဌးပါးစပ္က ထြက္သည့္ "စဥ္းစားေပးမယ္"ဆိုသည့္ စကားမွာ တကယ့္တကယ္က် သူ႔အခ်ိန္ေတြသူ ဘယ္လိုျပန္စီစဥ္ရမလဲ စဥ္းစားထားလိုက္မယ္ ဟူသည့္ စကားႏွင့္ ထပ္တူညီေနေၾကာင္း ရိပ္မိေနခဲ့သည္။
သို႔ႏွင့္ ကုမၸဏီတစ္ခုလုံး ႐ုပ္ရွင္ သြားၾကည့္ၾကမည့္ အျဖစ္မွာ အထေျမာက္ခဲ့ရေခ်သည္။ ကုမၸဏီရွိ ဝန္ထမ္းမ်ား အားလုံးလည္း အေပ်ာ္လုံး ဆို႔ေနခဲ့ၾက၏။ ေျမေအာက္ေလာက က ဝိဥာဥ္ေတြအဖို႔ ယခုလိုမ်ိဳး ႐ုံႀကီးတစ္ခုထဲမွာ ႐ုပ္ရွင္ ထိုင္မၾကည့္ရေတာ့တာကို ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီ ျဖစ္သည္။
ထို႔အတြက္ေၾကာင့္လည္း ယခုသြားၾကည့္မည့္အေရးကို စိတ္္အားထက္သန္စြာ စိတ္လႈပ္ရွား ရင္ခုန္စြာ ေစာင့္ေမွ်ာ္ ခဲ့ၾကေလသည္။
႐ုပ္ရွင္သြားၾကည့္မည့္ညမွာ တေစၦမ်ား အားလုံး လုလင္းရွီ၏ လမ္းၫႊန္မႈေအာက္မွာ ႐ုပ္ရွင္႐ုံသို႔ ထြက္လာခဲ့လိုက္ၾကသည္။ ေက်ာက္ေရာ့လားမွာမူ အိမ္၌ လူႀကီးမိဘမ်ားကို ေစာင့္ေရွာက္ရဦးမည္ ျဖစ္၍ မပါဝင္ေခ်။ သာမန္လူတစ္ေယာက္အဖို႔ ညဥ့္နက္တဲ့အထိ ေနဖို႔ ခက္ခဲမည္ဆိုး၍လည္း လုလင္းရွီက ႀကိဳၿပီးေတာ့ က်န႔္ယန္အား လိုက္မလာခဲ့ဖို႔ မွာထားခဲ့လိုက္ေတာ့သည္။
သို႔ရာတြင္ ၎တို႔ၾကည့္မည့္ ႐ုပ္ရွင္က က်န႔္ယန္လည္း ၾကည့္ခ်င္ေနခဲ့သည့္ ႐ုပ္ရွင္ ျဖစ္ေနသည့္အျပင္ လူငယ္ေတြမွာက ည ဘယ္ေလာက္ထိ နက္နက္ ႏိုးႏိုးၾကားၾကား ေနႏိုင္စြမ္းေတြလည္း မ်ားျပားတာမို႔ ေနာက္ဆုံးမွာ က်န႔္ယန္လည္း အဖြဲ႕ႏွင့္အတူ ကပ္ပါလာခဲ့လိိုက္ေတာ့သည္။
အသြားလမ္းမွာ က်န႔္ယန္အဖို႔ ၎၏ ရွစ္ခ်င္းသြယ္ ေၾကးမုံႀကီးႏွင့္ စိပ္ပုတီးမ်ားကို ထည့္သယ္လာခဲ့ဖို႔လည္း မေမ့ေလ်ာ့ခဲ့ပါ။
ယြိက်န္းတုလည္း လမ္းတစ္ေလွ်ာက္ က်န႔္ယန္တစ္ေယာက္ ၎၏ လက္ေကာက္ဝတ္မွ ပုတီးမ်ားကို ပြတ္ေနသည္ကို ၾကည့္ေနခဲ့လိုက္သည္။ ထို႔ေနာက္တြင္ေတာ့ သိခ်င္စိတ္တို႔က ျပင္းျပလာ၍ မေမးၾကည့္ဘဲ မေနႏိုင္ေတာ့ပါေခ်....
"တေစၦအုပ္စုလိုက္နဲ႔ ႐ုပ္ရွင္အတူတူၾကည့္မယ့္ေနရာမွာ တေစၦကင္းေဝးေအာင္ လုပ္မယ့္ ပစၥည္းေတြ သယ္လာဖို႔ လိုတယ္ ထင္လို႔လား?"
"ကြၽန္ေတာ္တို႔ သြားတဲ့အခ်ိန္ႀကီးက ညလယ္ေခါင္ႀကီးေလ....တစ္ျခား တေစၦေတြနဲ႔ လာေတြ႕ေနရင္ ဘယ္လိုလုပ္မလဲ"
က်န႔္ယန္မွာ အတည္ေပါက္ျဖင့္....
"ျဖစ္ႏိုင္ေခ်ေတြ အားလုံးအတြက္ ႀကိဳျပင္ဆင္ထားတာ"
ယြိက်န္းတုလည္း မိမိႏွင့္ ပတ္ပတ္လည္က ေလာ့ဖုန္း ဝန္ထမ္းမ်ားကို ေဝ့ၾကည့္လိုက္ၿပီးေနာက္မွာ သူသည္လည္း အတည္ေပါက္ ျဖည့္ေျပာလိုက္ေတာ့သည္။
"ငါတို႔ ဒီေလာက္ အုပ္စုေတာင့္ပုံမ်ိဳးနဲ႔ တစ္ျခား ဘယ္တေစၦကမွလဲ ငါတို႔နဲ႔ ထိပ္တိုက္ေတြ႕ခ်င္မယ့္ပုံ မေပၚပါဘူး"
သူတို႔ ႐ုပ္ရွင္႐ုံသို႔ ေရာက္သြားသည့္အခ်ိန္မွာ သိလိုက္ရသည့္အခ်က္ကား သူတို႔ တစ္ကုမၸဏီတည္းပဲ ႐ုပ္ရွင္ၾကည့္ဖို႔ ဒီေနရာကို ေရာက္ေနခဲ့တာ မဟုတ္ေၾကာင္းဆိုသည့္ အျဖစ္ကိုပင္။
ဒီလို ညအခ်ိန္မွာေတာင္ ႐ုပ္ရွင္လာၾကည့္ေနၾကဆဲ လူသားမ်ား ရွိေနေသးသည္။ ယြိက်န္းတုလည္း ရက္ကို စစ္ၾကည့္လိုက္သည့္အခါမွ တိုက္တိုက္ဆိုင္ဆိုင္ မနက္ျဖန္သည္ ေသာၾကာေန႔ျဖစ္ေန၍ ဇာတ္ကားမ်ား ႐ုံခ်ရက္ျဖစ္ၿပီး ဒီေန႔ည သန္းေခါင္မွာ ဇာတ္ကားသစ္ ႐ုံတင္မည့္ အခ်ိန္ ျဖစ္ေနေလသည္။
ထိုအေၾကာင္းကို သိရွိသြားခ်ိန္ လုလင္းရွီမွာ ထိတ္လန႔္သြားခဲ့ေသာ္လည္း ယြိက်န္းတုက လက္ေဝွ႔ယမ္းကာ အခ်က္ျပလိုက္သည္။
"ဘယ္လိုပဲ ျဖစ္ျဖစ္ ငါတို႔ ဝင္ရမယ့္ ႐ုပ္ရွင္႐ုံေတြက မတူဘူးမို႔လို႔ သိပ္အေရးမႀကီးပါဘူး... အခ်င္းခ်င္းသာ လက္တို႔ၿပီး တစ္ျခား ႐ုံေတြထဲ ေလွ်ာက္မသြားေအာင္ ထိန္းေပးၾကပါ"
လုလင္းရွီလည္း ေခါင္းညိတ္လိုက္ရင္း ဝန္ထမ္းမ်ားကို ျပန္စုလိုက္ေလသည္။ ကိုယ္စားလွယ္တစ္ေယာက္ အေနနဲ႔ ယြိက်န္းတုကေတာ့ ႐ုပ္ရွင္႐ုံဝန္ထမ္းႏွင့္ သြားဆက္သြယ္ေပးရသည္။
႐ုပ္ရွင္႐ုံဝန္ထမ္းမွာ ယြိက်န္းတုကိုလည္း ၾကည့္ရင္း ယြိက်န္းတုေနာက္မွာ ပါလာသည့္ ရွန္းခြၽယ့္ကိုလည္း ၾကည့္ရင္း ပါးစပ္အေဟာင္းသားေလး ျဖစ္ေနခဲ့မိသည္။ အနည္းငယ္ အံ့အားသင့္ေနပုံလည္း ေပၚ၏။
"သုံးေယာက္ထဲၾကည့္မွာကို တစ္႐ုံလုံးစာ လက္မွတ္ ဝယ္ထားတာေပါ့???"
သူတို႔ ေရာက္ေနသည့္ ႐ုပ္ရွင္႐ုံေလးကသာ ႐ုံအေသးစားေလးျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ နားလည္ႏိုင္စဖြယ္ရွိေပမဲ့ ယခု ႐ုပ္ရွင္႐ုံကား တစ္ၿမိဳ႕လုံးမွာ ရွိသည့္ ႐ုပ္ရွင္႐ုံမ်ားထဲ အႀကီးမားဆုံး ျပသ႐ုံႀကီး ျဖစ္ေနေပသည္။ ထို႔အျပင္ ၎တို႔က ႐ုံထဲ ရွိရွိသမွ် ထိုင္ခုံလက္ရန္းေတြေပၚမွာ ေပါက္ေပါက္ဆုပ္နဲ႔ ကိုလာေတြ ေနရာမလပ္ အကုန္လိုက္ထားထားဖို႔လည္း ေျပာလာခဲ့ေသးသည္။ သူတို႔အေနျဖင့္ ဘယ္လိုကုမၸဏီမ်ိဳးက ညသန္းေခါင္ ႐ုံျပသခ်ိန္ကိုမွ လာေ႐ြးဝယ္ရသနည္းဆိုတာကို သိခ်င္စိတ္အျပည့္ျဖင့္ ေစာင့္ဆိုင္းေနခဲ့ၾကျခင္းေပ။
႐ုံဝန္ထမ္းေလးမွာ အခုလိုမ်ိဳး ေယာက်္ားသား သုံးေယာက္တည္း ေပၚခ်လာလိမ့္မည္လို႔ေတာ့မထင္မွတ္ထားခဲ့။
ေယာက်ာ္းတစ္ေယာက္နဲ႔ မိန္းမ ႏွစ္ေယာက္ အဲ့လိုမွ မဟုတ္ရင္လည္း မိန္းမတစ္ေယာက္နဲ႔ ေယာက်္ားႏွစ္ေယာက္ဆိုရင္မွ နည္းနည္း နားလည္ေပးလို႔ရဦးမယ္ !!!!!!!!!!!!!!!!!
ယြိက်န္းတုကေတာ့ ဝန္ထမ္းေလး၏ အေတြးမ်ားကို ဘာမွ မသိဘဲ ခပ္တည္တည္နဲ႔ပဲ ေျပာျပလိုက္ေတာ့သည္။
"လူခ်မ္းသာေတြရဲံ့ ေခါင္းမာမႈ တစ္ရပ္လို႔ပဲ မွတ္ပါ"
၀န္ထမ္း :".........."
ထို၀န္ထမ္းကပဲ ယြိက်န္းတုအား ၎တို႔၏ ႐ုံနံပတ္ကို ေသခ်ာ အတည္ျပဳေပးၿပီးေနာက္ အနည္းငယ္တုံ႔ဆိုင္းေနရင္းမွ အေၾကာင္းတစ္ခုကို ထုတ္ေျပာျပလာခဲ့သည္။
"ဟုတ္သား...အခုရက္ပိုင္း ကြၽန္ေတာ္တို႔႐ုံမွာ နည္းပညာအခက္အခဲေလး အနည္းငယ္ ႀကဳံေတြ႕ေနရတာ မို႔လို႔ေလ...
ဟိုလို ႀကီးႀကီးက်ယ္က်ယ္ႀကီး ျဖစ္တာမ်ိဳးေတာ့ မရွိပါဘူး...အကယ္၍မ်ား ႐ုံထဲမွာ ဇာတ္ကားၾကည့္ေနတုန္း ျပႆနာတစ္ခုခု အဆင္မေျပတာ ႀကဳံခဲ့ရလို႔ရွိရင္ ကြၽန္ေတာ့္ကိုသာ ေအာ္ေခၚလိုက္ပါလို႔"
ယြိက်န္းတု ေမးၾကည့္လိုက္၏။
"အဆင္မေျပတဲ့ ျပႆနာ??"
၀န္ထမ္းမွာ တုံ႔ဆိုင္းေနရင္း စကားကို ထစ္ထစ္ အအျဖင့္ ေျပာျပလာခဲ့သည္။
"ဟိုလိုႀကီး မဟုတ္ပါဘူး...
ဒီတိုင္းပဲ ႐ုံထဲမွာ ျပတဲ့ စက္ေတြကို ဗိုင္းရပ္စ္ ကိုက္သြားတာမ်ိဳးေလာက္ပါပဲ..
ၿပီးခဲ့တဲ့ ရက္အနည္းငယ္ေလာက္ကပဲ စျဖစ္တာ..
အခုလို ညသန္းေခါင္ပြဲေတြမွာဆိုလို႔ရွိရင္ ကိုယ္ၾကည့္ေနတာက တစ္ကား
ၾကည့္ေနရင္း အလယ္ေလာက္ ေရာက္ၿပီဆိုလို႔ရွိရင္ မတူတဲ့ ေနာက္တစ္ကားက သူ႔အလိုလို ျဖတ္ခနဲ စခရင္ေပၚမွာ ေပၚခ်လာတာ
ဒါေပမဲ့ အၾကာႀကီး ေပၚေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး
မိနစ္ပိုင္းေလာက္ေလးပဲမို႔ လူႀကီးမင္းတို႔ရဲ႕ ႐ုပ္ရွင္ၾကည့္ရတဲ့အေတြ႕အႀကဳံကို အေႏွာင့္အယွက္ ျဖစ္ေစမွာ မဟုတ္ပါဘူးလို႔"
ယြိက်န္းတု စိတ္ထဲ၌ ၀န္ထမ္း၏ ရွင္းျပေပးမႈက က်ိဳးေၾကာင္းဆီေလ်ာ္မႈ ရွိမေနသလို ခံစားေနခဲ့ရသည္။
သို႔ရာတြင္ ဒါက ႐ုံဖက္က ျဖစ္တဲ့ ျပႆနာပဲေလ...
သူတို႔ေတြ ၾကည့္တဲ့အခါမွာ အေႏွာင့္အယွက္ မျဖစ္သေ႐ြ႕ေတာ့ အကုန္လုံး အဆင္ေျပတာပဲ..
သို႔ႏွင့္ ယြိက်န္းတုလည္း ၿပဳံး႐ုံသာ ၿပဳံးလိုက္ရင္း ျပန္ေျဖလိုက္ေတာ့သည္။
"ေကာင္းၿပီေလ"
ေလာ့ဖုန္း ၀န္ထမ္းမ်ားအားလုံး ႐ုံထဲ ေရာက္သည့္အခါမွာ အကုန္လုံးက ႐ုံ အလယ္ပိုင္း
ျမင္ကြင္းအေကာင္းဆုံးေနရာကို ေရွာင္ကြင္းကာ ေနရာ ယူလိုက္ၾကသည္။
အေကာင္းဆုံးခုံေနရာကိုကား ရွန္းခြၽယ့္အတြက္ ဖယ္ေပးထားၾကျခင္း။
သို႔ရာတြင္ ရွန္းခြၽယ့္က ၎တို႔ ဖယ္ေပးထားသည့္ ေနရာမွာ သြားမထိုင္။
ထိုအစား ႐ုံ၏ ေနာက္ဆုံးတန္း ေထာင့္အစြန္ဆုံးေနရာမွာ ထိုင္ဖို႔ ယြိက်န္းတုကိုပါ ဆြဲေခၚသြားခဲ့သည္။
လုပ္ေဖာ္ကိုင္ဖက္မ်ားမွာ အေတာ္ေလး ဟတ္ထိသြားၾက၏။
"သူေဌးက အခုေလာက္ထိ သေဘာေကာင္းမယ္မွန္း မထင္ထားခဲ့ဘူး...ဒီေလာက္ ျမင္ကြင္းေကာင္းတဲ့ အလယ္တန္းခုံေတြကို ငါတို႔ေတြ ထိုင္လို႔ရေအာင္ ခ်န္ထားေပးၿပီး သူကိုယ္တိုင္ကေတာ့ ေနာက္ဆုံးတန္းရဲ႕ ေထာင့္စြန္းေလးမွာ သြားထိုင္ေပးရွာတယ္"
ရွန္းခြၽယ့္မွာမူ ထိုစကားမ်ား နားထဲ၀င္ေရာက္ဖို႔ပင္ အာ႐ုံစိုက္မေနေခ်။ သူထိုင္ေနတဲ့ ကပ္ရပ္က ခုံအလြတ္မွာ ယြိက်န္းတုကို မရမက ထိုင္ေစၿပီး တစ္ဖက္က ခုံႏွင့္ ဖင္ တစ္သားတည္း ကပ္သြားကာမွာ စိတ္တိုင္းက်သြားေလေတာ့သည္။
"ငါတို႔ ဒီေနရာမွာ ထိုင္မယ္ဆိုရင္ မင္းဖက္က ငါ့ကို အသားယူခ်င္ေတာင္ သိပ္မသိသာေတာ့ဘူး"
ယြိက်န္းတု :".............."
သူေဌးက အရင္က လုံး၀ ရည္းစားမထားဖူးဘူးလို႔သာ ေျပာေပမဲ့ ဒီလို အထာေတြက်ေတာ့ နားလည္ေနသားပဲ..
႐ုပ္ရွင္႐ုံ ၀န္ထမ္းေလး : ဒီေယာက်ာ္းသား သုံးေယာက္က တစ္႐ုံလုံးစာလည္း ဝယ္ထားေသးတယ္
ဘယ္လိုျဖစ္လို႔ ႏွစ္ေယာက္က အတြဲလိုက္ ေနာက္ဆုံးတန္းမွာ သြားထိုင္ၿပီး အလယ္ေနရာမွာက် တစ္ေယာက္တည္း ထားသြားခဲ့ၾကတာပါလိမ့္??
ေလာ့ဖုန္းဖက္က ၀ယ္လိုက္သည့္ ႐ုံထဲ၌ ျပေနသည့္ ဇာတ္ကားသည္ ေလာေလာလတ္လတ္ ေရပန္းစားေနသည့္ ဟာသ ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ေလသည္။
တစ္႐ုံလုံးက သူေတြအခ်င္းခ်င္း ကုမၸဏီမွာလည္း ဖက္လွဲတကင္း ရင္းႏွီးေနၾကသူေတြခ်ည္း ျဖစ္တာမို႔
႐ုပ္ရွင္႐ုံထဲတြင္ တစ္ေယာက္နဲ႔တစ္ေယာက္ၾကား အေတာ္ေလး သက္ေတာင့္သက္သာ ရွိလွၿပီး ကုမၸဏီမွာ လုပ္ရတုန္းကလို အေနေဝးေနတာမ်ိဳးေတြလည္း မျဖစ္ၾကေတာ့ေခ်။
ဇာတ္ကားၾကည့္ရင္း တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ စကားစျမည္လည္း ေျပာျဖစ္ခဲ့ၾကသည္။
ကုမၸဏီဖက္က ေပါက္ေပါက္ဆုပ္ႏွင့္ ကိုလာမ်ားလည္း အဆင္သင့္ ခင္းက်င္းေပးထားၿပီးသားမို႔ ႐ုပ္ရွင္႐ုံအတြင္း ေလထုအေနအထားမွာ သက္ေတာင့္သက္သာ ရွိလွၿပီး ၿငိမ္းခ်မ္းလွေပ၏။
ရွန္းခြၽယ့္က သူ၏ မ်က္ႏွာတစ္ဖက္ျခမ္းကို လက္ႏွင့္ေထာက္ထား၏။ ေပါက္ေပါက္ဆုပ္စားေနလ်က္ ႐ုပ္ရွင္အား အာ႐ုံစိုက္ၾကည့္ေနခဲ့သည္။
သို႔ေသာ္ ရင္ထဲတြင္မူ ပန္းမ်ား ပြင့္ေနသည္ေတာ့ မဟုတ္ခဲ့ပါ။
အခိုက္အတံ့တစ္ခုမွာ ယြိက်န္းတုလည္း တစ္ဖက္က လူ၏ စိတ္မၾကည္လင္ေနမႈကို ရိပ္စားမိသြား၏။
သို႔ႏွင့္ လက္ေမာင္းကို သြားတို႔လိုက္ရင္း ခပ္တိုးတိုးျဖင့္ ေမးၾကည့္လိုက္ေတာ့သည္။
"ဘာျဖစ္လို႔လဲ? ဘာ စိတ္တိုင္းမက်စရာ ရွိလို႔လဲ"
ရွန္းခြၽယ့္က သူ႔ဖက္ လွည့္ၾကည့္လာၿပီးေနာက္မွာ အသံခပ္ဖြဖြျဖင့္ေျဖလာခဲ့၏။
"ငါက ဒီ႐ုပ္ရွင္ကို မင္းနဲ႔ ပိတ္ရက္က်မွ လာၾကည့္မလို႔ စဥ္းစားထားတာ
ကုမၸဏီက သူေတြနဲ႔ ၾကည့္မယ့္ကားကို လုလင္းရွီက ဒီဇာတ္ကား ေ႐ြးထားမယ္လို႔ မထင္လိုက္ဘူး...
အဲ့တစ္ေယာက္ကေတာ့ ဘာမွကို ေသခ်ာ မစီစဥ္တတ္တာပဲ"
ယြိက်န္းတု တခစ္ခစ္ ရယ္ေမာလိုက္မိသည္။
"စဥ္းစားေပးမယ့္အဆင့္ပဲ ရွိေသးတာဆို?? မဆုံးျဖတ္ရေသးဘူးဆို?? ဘယ္လို ျဖစ္လို႔ ၾကည့္မယ့္ကားေတြပါ ေ႐ြးထားႏွင့္ၿပီးသား ျဖစ္ေနတာလဲ"
ရွန္းခြၽယ့္ကမူ မ်က္ႏွာထား ပ်က္ယြင္းသြားျခင္း မရွိေခ်။
"ႀကိဳ ျပင္ဆင္ထားလို႔လည္း ဆုံးရႈံးစရာ ဘာမွ မရွိဘူးပဲေလ"
ယြိက်န္းတု သူ႔ဖုန္းကို ႏႈိက္ထုတ္လိုက္၍ ဖုန္းအလင္းေရာင္ကို ႏွိမ့္ခ်လိုက္ကာ ေလာ့ခ္ဖြင့္လိုက္ေလသည္။
"စိတ္မပူပါနဲ႔..ကြၽန္ေတာ္တို႔ အခုလည္း ေနာက္တစ္ကား ေျပာင္းၾကည့္လို႔ မီပါေသးတယ္"
ထိုအခါမွ ရွန္းခြၽယ့္၏ မ်က္လုံးမ်ားမွာ ျပန္လည္ အေရာင္ေတာက္ပလာခဲ့ေလသည္။
သူက ဖုန္းေရွ႕ကို ေခါင္းအတင္း တိုးေဝွ႔ၾကည့္ရင္း...
"ဟုတ္တယ္..အသစ္တစ္ကား ေျပာင္းၾကည့္တာ ပိုေကာင္းတယ္"
သို႔ႏွင့္ ႏွစ္ေယာက္သားမွာ ေခါင္းအခ်င္းခ်င္း ထိကပ္မိသြားၾကသည္။
ရွန္းခြၽယ့္အေနျဖင့္ ယြိက်န္းတု၏ အသက္ရွဴသံကိုပါ ခံစားမိႏိုင္၏။
သူ၏ႏႈတ္ခမ္းပါးမ်ား အေနထိုင္မတတ္ ျဖစ္လာခဲ့ရသည္။
ရွန္းခြၽယ့္စဥ္းစားၾကည့္လိုက္ၿပီးေနာက္ သူ႔လက္ေမာင္းၾကားမွာ ညႇပ္ထားသည့္ ေပါက္ေပါက္ဆုပ္ဘူးႀကီးကို ယြိက်န္းတု ထံ ထိုးေပးလိုက္ေလသည္။
"ငါ့ ေပါက္ေပါက္ဆုပ္ေတြ မင္း စားခ်င္လည္း ရတယ္"
ယြိက်န္းတုလည္း ေပါက္ေပါက္ဆုပ္ဘူးအား အကဲခတ္ၾကည့္လိုက္ၿပီးေနာက္ ရွန္းခြၽယ့္အား ျပန္သတိေပးလိုက္မိသည္။
"သူေဌး...အစကတည္းက ကြၽန္ေတာ္တို႔ ျပင္ေပးထားတဲ့ ေပါက္ေပါက္ဆုပ္ေတြက ႏွစ္ေယာက္တစ္တြဲ မွ်စားလို႔ရေအာင္ ခ်ေပးထားတာေတြေလ"
ရွန္းခြၽယ့္က အႏိုင္မခံ အရႈံးမေပးေခ်။
"ငါနဲ႔ ဘယ္သူမွ မွ် စားခြင့္မရွိပါဘူး"
ယြိက်န္းတု :"..........."
သူေဌးေျပာတာလည္း မွန္သား။
တစ္ခ်ိန္တည္းမွာပဲ ႐ုပ္ရွင္႐ုံ ႀကီးၾကပ္ေပးေနရသည့္ ၀န္ထမ္းတစ္ေယာက္က ႐ုံ ေနာက္ဆုံးတန္းတြင္ အီစီကလီ ႐ိုက္ေနၾကသည့္ ႏွစ္ေယာက္အား လွမ္းၾကည့္လာသည္။
ထို႔ေနာက္တြင္ ႐ုံ အလယ္တန္းမွာ တစ္ေယာက္တည္း ထိုင္ေနသည့္ က်န႔္ယန္ ထံသို႔ လွမ္းၾကည့္လိုက္ရင္း သူ႔အၾကည့္ေတြမွာ စာနာေထာက္ထားမႈမ်ား ရီေဝေနခဲ့ေလသည္။
စင္ဂယ္ေခြးေလးဘ၀ အေတာ္ ကံဆိုးေပစြ။
ရွန္းခြၽယ့္က ေပါက္ေပါက္ေပါက္ဆုပ္ကို လက္တစ္ဖက္ႏွင့္အျပည့္ ႏႈိက္လိုက္ရင္း ယြိက်န္းတု ထံ လႊဲေပးလိုက္သည္။
"စား"
ယြိက်န္းတုမွာ မိမိ ဖုန္းမွ တစ္ဆင့္ အျခား ျပေနသည့္ ဇာတ္ကားမ်ား၏ အၫႊန္းမ်ားကို လိုက္ဖတ္ေနခဲ့ခ်ိန္ ျဖစ္သည္။
သို႔ႏွင့္ သူက မ်က္လုံး ပင့္ၾကည့္လာျခင္းကို မရွိဘဲ ရွန္းခြၽယ့္လက္ထဲမွ ေပါက္ေပါက္ဆုပ္မ်ားကို အတိုင္းသား ပါးစပ္ႏွင့္ ေတ့ စားလိုက္ေတာ့၏။
ပုံေဖာ္မျပႏိုင္သည့္ မသိမသာ အၿပဳံးတစ္ခ်က္က ရွန္းခြၽယ့္၏ မ်က္ႏွာထက္တြင္ ပြင့္လန္းလာခဲ့သည္။
သူလည္းပဲ တစ္ဆုပ္ ႏႈိက္စားလိုက္ရင္း
ရင္ဘတ္ႀကီးးထဲတြင္ တစ္ေယာက္တည္း ရီဗ်ဴး ထိုင္ေရးေနခဲ့လိုက္၏။
႐ုပ္ရွင္႐ုံမွာ စားရတဲ့ ေပါက္ေပါက္ဆုပ္က အရသာ ရွိသားပဲ
ဟူ၍ပင္။
ထိုအခ်ိန္မွာပဲ ႐ုံအျပင္ဖက္မွ စူးစူး႐ြား႐ြား ေအာ္သံမ်ား ႐ုံထဲသို႔ပင္ ပ်ံ႕လြင့္လာခဲ့သည္။ တကယ့္တကယ္တြင္ ႐ုပ္ရွင္႐ုံ၏ အသံလုံစနစ္မွာ အေတာ္ေလး ေကာင္းမြန္ေသာ္လည္း ယခုတစ္ခါ အျပင္ဖက္မွ ေအာ္သံမ်ားမွာမူ သာမန္ထက္ပင္ စူးရွေနခဲ့ေလသည္။
ထို႔အတြက္ ႐ုံထဲသို႔ ထြင္းေဖာက္ ၀င္ေရာက္လာၿပီး လူအမ်ားနားမွား ၾကားလိုက္ရသည့္ႏွယ္။
အသံက ခ်က္ခ်င္း ျပန႔္လြင့္သြားရေသာ္လည္း ထိုေအာ္သံမ်ား နားစည္ကို လာေရာက္႐ိုက္ခတ္သည့္အခါမွာ ကာယကံရွင္မ်ားအေနျဖင့္ ဘယ္ေလာက္ေတာင္ ေၾကာက္႐ြံ႕ရင္း ေအာ္ဟစ္ခဲ့ေၾကာင္း သိသာလွေပသည္။
ထို႔အတြက္ ႐ုပ္ရွင္ၾကည့္ေနသည့္ တေစၦမ်ားပင္ အာ႐ုံပ်က္သြားခဲ့ရ၏။
ယြိက်န္းတု၏ မသိစိတ္က မေကာင္းတာ တစ္ခုခုေတာ့ ျဖစ္ေနၿပီဟု ခံစားမိလိုက္သည္။
သို႔ႏွင့္ သူ ေနရာမွ ထရပ္ကာ ေျပာလိုက္ေလသည္။
"ကြၽန္ေတာ္ အျပင္ကို တစ္ခ်က္ သြားၾကည့္လိုက္ဦးမယ္"
ရွန္းခြၽယ့္မွာ မူလက သူ႔ဟာသူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေပါက္ေပါက္ဆုပ္ ထိုင္စားေနခဲ့ျခင္းမို႔ ယခုလို သူ႔အေပ်ာ္ေတြ ဖ်က္ဆီးခံလိုက္ရသည့္အခါမွာ သူ႔ မ်က္ႏွာႀကီး တစ္ခုလုံး ေမွာင္က်သြားခဲ့ေလသည္။
"ငါေရာ လိုက္ခဲ့မယ္"
ႏွစ္ေယာက္သား ေလွ်ာက္လမ္းမွတစ္ဆင့္ ႐ုံထဲမွ ထြက္လာခဲ့လိုက္ၾကသည္။
႐ုံအျပင္ဖက္က ေဟာခန္းေနရာထဲမွာ ႐ုပ္ရွင္အတူၾကည့္ဖို႔ လာၾကတဲ့ သူငယ္ခ်င္းအုပ္စု ကေလးမေလးေတြ မ်က္ရည္တၿဖိဳင္ၿဖိဳင္က်လ်က္ ငိုေနခဲ့တာကို လာေတြ႕ရ၏။
၎တို႔၏ ေဘးတြင္ ႐ုပ္ရွင္႐ုံ တာ၀န္ရွိသူ ၀န္ထမ္းမ်ားက ဝိုင္းႏွစ္သိမ့္ေပးေနခဲ့ၾကသည္။
"ဘာမွ မျဖစ္ဘူး ဘာမွမျဖစ္ဘူး...
ဒီတိုင္း ႐ုပ္ရွင္ အပိုင္းအစေလး တစ္ခုပါပဲ"
အုပ္စုထဲမွ ကေလးမေလးမွာ ေျခေထာက္မ်ားပင္ ယိုင္လဲသြားခဲ့ရသည္။
"ကြၽန္မျဖင့္ ေၾကာက္လို႔ လန႔္ေသၿပီေတာင္ မွတ္တာရွင့္! ဒီလို ျပႆနာ ျဖစ္ေနတယ္ဆိုရင္ ႐ုပ္ရွင္႐ုံကို ပိတ္ပစ္ရမွာ ဆိုတာမ်ိဳးေတာင္ ရွင္တို႔ မသိၾကဘူးလား"
၀န္ထမ္းမ်ားမွာ ပ်ာပ်ာသလဲ ျဖစ္သြားခဲ့ရကာ...
"ကြၽန္ေတာ္တို႔လည္း အတတ္ႏိုင္ဆုံး ႀကိဳးစားၿပီး ျပင္ဖို႔ လုပ္ၾကည့္ေနပါတယ္
ၿပီးေတာ့ အကုန္လုံးကိုလည္း ႐ုံထဲ မ၀င္ခင္မွာ ဒီအေျခအေနအေၾကာင္းကို အရိပ္အႁမြက္ ေျပာျပထားတယ္ေလ"
လဲက်သြားသည့္ မိန္းကေလးက ေအာ္ဟစ္လိုက္၏။
"ဒီလို ႐ုပ္ရွင္မ်ိဳး ျဖစ္ေနမယ္လို႔ ထည့္မေျပာထားဘူးေလ!!!"
ယြိက်န္းတုလည္း မ်က္ေမွာင္ၾကဳတ္လိုက္ရင္း ထိုအုပ္စုနား သြားလိုက္ကာ ၀င္ေမးၾကည့္လိုက္ရသည္။
"စိတ္ေတာ့မရွိပါနဲ႔...ဘာျဖစ္တာလဲဆိုတာ သိလို႔ရမလား?"
ျဖစ္ခ်င္ေတာ့ ႏွစ္သိမ့္ေပးေနသည့္ ၀န္ထမ္းမွာ ယြိက်န္းတုတို႔အား ၀န္ေဆာင္မႈ ေပးခဲ့ရသည့္ ၀န္ထမ္းျဖစ္ေနေလသည္ ။
ထိုသူက ယြိက်န္းတုကို ျမင္ျမင္ခ်င္းပဲ ေတာင္းပန္တိုလွ်ိဳးသည့္ မ်က္ႏွာထားမ်ိဳးျဖင့္...
"အဲ....
ကြၽန္ေတာ္ ခင္ဗ်ားကို ေစာနက ေျပာျပထားသလိုပါပဲ..
ဒီ႐ုံမွာ လာထပ္ျဖစ္တာပါ..သူတို႔ ဇာတ္ကား ျပေနတုန္း တစ္ျခား ကားထဲက ဇာတ္၀င္ခန္းတစ္ခုက သူ႔အလိုလို ေပၚခ်လာလို႔ေလ"
ယြိက်န္းတုလည္း အခုထိ တုန္တုန္ရီရီျဖစ္ေနသည့္ မိန္းကေလးကို ၾကည့္လိုက္ကာ ေမးၾကည့္လိုက္ရသည္။
"ဘယ္လိုကားမ်ိဳးထဲက ဇာတ္၀င္ခန္း အပိုင္းအစ ေပၚခ်လာတာလဲ?"
၀န္ထမ္းက မ်က္လုံးမ်ား ဟိုေဝ့ဒီေဝ့လုပ္ရင္း။
"သရဲကားထဲကပါ"
ယြိက်န္းတု :"........."
၀န္ထမ္း :"....ကြၽန္ေတာ္တို႔မွာလည္း တစ္ျခား ေ႐ြးခ်ယ္စရာမရွိဘူးေလ..
နည္းပညာအဖြဲ႕က ရက္ေတာ္ေတာ္ေတာင္ၾကာေနၿပီ ဒီအေၾကာင္းကို စုံစမ္းေျဖရွင္းေနတာ
ဒါေပမဲ့ ဘာမွ အက်ိဳးမထူးဘူး..
ဒီ ႐ုပ္ရွင္႐ုံႀကီးက ဒီေလာက္ႀကီးတာ...ျပႆနာေသးေသးေလးတစ္ခုေလာက္အတြက္နဲ႔ စီးပြားေရးတစ္ခုလုံး ပိတ္ခ်လိုက္တာမ်ိဳးလည္း လုပ္မရတာမို႔လို႔ေလ"
ယြိက်န္းတု မ်က္ႏွာမွာ သုန္မႈန္သထက္ သုန္မႈန္လာခဲ့သည္။
"တကယ္ပဲ ဘာေတြ ျဖစ္ေနတာလဲ?"
၀န္ထမ္းလည္း ဆက္ၿပီးေတာ့ ဖုံးကြယ္ထားစရာ အေၾကာင္းမရွိေတာ့ေခ်။ထို႔အတြက္ အမွန္တရားကိုသာ အရွိကိုအရွိတိုင္း ေျပာျပလိုက္ရေတာ့သည္။
ျဖစ္ပုံမွာ လြန္ခဲ့တဲ့ ရက္အနည္းငယ္ေလာက္အတြင္းပဲ ႐ုပ္ရွင္႐ုံ တစ္၀န္းလုံးထဲက ႐ုံတိုင္းလိုလိုမွာ ညဖက္ ႐ုံျပခ်ိန္ဆိုလွ်င္ သရဲကားတစ္ကားထဲမွ ဇာတ္၀င္ခန္းတစ္ခုက ႐ုတ္တရက္ ေပၚေပၚလာတတ္သည္။
ေပၚလာသည့္ အႀကိမ္အေရအတြက္က မၾကာခဏရယ္လို႔ေတာ့ မဟုတ္။
တစ္ညကို တစ္ခါ သို႔မဟုတ္ ႏွစ္ခါေလာက္သာ ေပၚလာတတ္သည္။
တစ္ခါတေလက်ေတာ့လည္း လုံး၀ ေပၚမလာသည့္ ရက္ေတြလည္း ရွိတတ္ေပသည္။
အကယ္၍ ေပၚလာခဲ့ပါလွ်င္လည္း ၾကာခ်ိန္က မိနစ္အရွည္ႀကီးစာ မဟုတ္။ တစ္မိနစ္ သို႔မဟုတ္ တစ္မိနစ္ရဲ႕ တစ္စိတ္တစ္ပိုင္းေလာက္သာ ေပၚလာတတ္၏။
သို႔ရာတြင္ ေပၚလာသည့္ ျမင္ကြင္းမွာ သည္းထိပ္ရင္ဖို ဆန္လွတာမို႔ သက္ေရာက္အားကေတာ့ ျပင္းထန္လွေပသည္။
႐ုပ္ရွင္႐ုံဖက္က ျပည္သူလူထုအား နည္းပညာအခက္အခဲ ႀကဳံေတြ႕ေနရသည္ဟု ေၾကညာထားၿပီးသား။
အတြင္းပိုင္း ၀န္ထမ္းေတြအေနနဲ႔လည္း ျပႆနာရဲ႕ အရင္းအျမစ္ကို ရွာေဖြေနခဲ့ၾကရသည္။
သို႔ေသာ္လည္း ရက္အနည္းငယ္ေလာက္ စုံစမ္းၾကည့္ၿပီးတာေတာင္ ခ်ိဳ႕ယြင္းေနသည့္ အရာကို ရွာမေတြ႕ပါေလ။
ထို႔အတြက္ေၾကာင့္ ႐ုပ္ရွင္႐ုံဖက္ကလည္း ဤမွ်ေလာက္ ျပႆနာေလးႏွင့္ တစ္႐ုံလုံးကို ပိတ္မခ်ခ်င္။ ျပႆနာကို တားဆီးႏိုင္မည့္ နည္းလမ္းကိုလည္း ရွာမေတြ႕လက္စႏွင့္ ႐ုပ္ရွင္႐ုံမွာ က်ည္ဆံေျပာင္း၀ကို ပါးစပ္ေတ့ထားရင္းပဲ စီးပြားေရး ဆက္လုပ္ေနခဲ့ရေတာ့သည္။
ယြိက်န္းတုလည္း ျဖစ္စဥ္ကို နားေထာင္ၾကည့္ၿပီးေနာက္ တစ္ခုခုက လြဲေခ်ာ္ေနေၾကာင္း စိတ္တြင္ ထင့္သြားရ၏။
"ခင္ဗ်ားတို႔ဖက္က ဒါကို နည္းပညာပိုင္း ခ်ိဳ႕ယြင္းမႈ ျဖစ္တယ္လို႔ပဲ ထင္ထားတာလား?"
၎တို႔ စကားေျပာေနသည့္အခ်ိန္တြင္ ႐ုပ္ရွင္႐ုံ၏ မန္ေနဂ်ာကလည္း ေရာက္ခ်လာခဲ့သည္။ သူသည္လည္း ယြိက်န္းတု၏ ေမးခြန္းကို ၾကားသြားခဲ့၏။
"ဘာလို႔ အဲ့လို ေျပာရတာလဲ?"
ယြိက်န္းတုက စိတ္အေႏွာင့္အယွက္ ျဖစ္ဖို႔ေနေနသာသာ ေအးေအးေဆးေဆးပဲ ျပန္ေျဖေပးလိုက္သည္။
"႐ုပ္ရွင္ျပသတဲ့ေနရာမွာ နည္းပညာျပႆနာ တက္တာမ်ိဳးသာ ဆိုရင္
ျဖစ္တဲ့ အႀကိမ္အေရအတြက္ကလည္း ဒီထက္ ပိုၿပီး ေျဗာက္ေသာက္ ျဖစ္ေနရမယ္လို႔ မထင္ဘူးလား?
ဒါေပမဲ့ ဘာလို႔ ည ေရာက္တဲ့အခါက်မွပဲ ဒီျပႆနာက ထထ ျဖစ္ရတာလဲ?"
သူ၏ စကားေၾကာင့္ ၀န္ထမ္း၏ မ်က္ႏွာမွာ တမဟုတ္ခ်င္းပဲ ျဖဴေဖ်ာ့သြားရေတာ့သည္။ ထို႔အျပင္ ကတုန္ကယင္ပါ ျဖစ္လာခဲ့၏။
"တ...တကယ္..တကယ္ေတာ့
ကြၽန္ေတာ္တို႔လည္း အဲ့လို ေတြးၾကည့္ပါေသးတယ္"
မန္ေနဂ်ာလုပ္သူက ၀န္ထမ္းစကားကို ၾကားထဲမွ ၀င္ျဖတ္ေျပာလိုက္သည္။
"တိတ္စမ္း..ဘာ အဓိပၸါယ္မရွိတာေတြ ေလွ်ာက္ေျပာေနတာလဲ"
ယြိက်န္းတုမွာ ၀န္ထမ္း၏ မ်က္လုံးမ်ားထဲမွ အျပစ္ရွိရိပ္မ်ားကို ဖမ္းစားလိုက္မိသည္။ သူ ဆက္ေျပာေတာ့မလို အလုပ္မွာပဲ သူတို႔ ငွားထားသည့္ ႐ုံဖက္မွ နားစည္ကြဲေလာက္ေအာင္ က်ယ္ေလာင္သည့္ အသံတစ္ခု ထြက္လာၿပီးေနာက္ ေအာ္သံတစ္ခုပါ ဆက္ေရာပါလာေလသည္။
"အားးးးးးးးးးး သရဲ သရဲ...."
က်န႔္ယန္၏ အသံပင္။
ယြိက်န္းတု အၾကည့္မ်ား စူးရွသြားခဲ့ကာ ၀န္ထမ္းကမူ သူ႔ေခါင္းသူ နာနာေလးတစ္ခ်က္ ေကာက္ထုလိုက္ေတာ့သည္။
"အိုင္းယား ၾကည့္ရတာေတာ့ ခင္ဗ်ားတို႔ ႐ုံထဲမွာလည္း အဲ့ဒီ ျပႆနာ ေပၚလာၿပီနဲ႔ တူတယ္"
ငွားယမ္းထားသည့္ ႐ုံဖက္သို႔ ျပန္သြားလိုက္ၿပီးေနာက္ ႐ုံတံခါးကို တြန္းဖြင့္ကာ ၀င္လိုက္ေလသည္။
ေလာ့ဖုန္းက ရွိသမွ် ႐ုပ္ရွင္႐ုံေတြထဲမွာ အႀကီးမားဆုံး ႐ုံႀကီးကို ငွားယမ္းထားျခင္းပင္။ သူတို႔ ၀င္သြားလိုက္သည့္အခါမွာ မူလက ၾကည့္ေနခဲ့သည့္
အေရာင္စုံစုံလင္လင္ ျမဴးႂကြႂကြ ဟာသကား ေပ်ာက္သြားခဲ့ၿပီး ပိတ္ကား တစ္ခုလုံးမွာ အျဖဴအမည္းသာ ထင္က်န္ေနေလသည္။
screen အလယ္တည့္တည့္တြင္ Sadako လို ဆံပင္ရွည္ႀကီးမ်ား မ်က္ႏွာေရွ႕ ဖုံးရင္း ျဖန႔္ခ်ထားသည့္ အမ်ိဳးသမီးတစ္ဦးက ပန္းသီးအခြံႏႊာေနေလ၏။ သူမက ေျခမ်က္စိအထိ ရွည္လ်ားေသာ ဂါ၀န္ျဖဴတစ္ထည္ကို ၀တ္ဆင္ထားလ်က္ သူမ၏ ဆံႏြယ္ မည္းနက္နက္မ်ားကလည္း မ်က္ႏွာေရွ႕တြင္ ေရတံခြန္ႏွယ္ ရွိေနေလသည္။
သူမ၏ လက္ေခ်ာင္းမ်ားမွာ ျဖဴေဖ်ာ့ရႈံ႕တြေနေသာ္လည္း သူမ၏ လက္သည္းခြံမ်ားမွာ အနီေရာင္ ရဲေတာက္ေနခဲ့ေလသည္။
သူမက ပန္းသီးလွီးဓား အေသးတစ္ခုျဖင့္ ပန္းသီးအခြံမ်ားကို တစ္လႊာခ်င္းစီ ႏႊာေနခဲ့သည္။
ထိုသို႔ လုပ္လက္စႏွင့္ ျဖည္းညင္းစြာ ေမးလာခဲ့၏။
"ပန္းသီးတစ္လုံးေလာက္ စားၾကဦးမလား..?
ကြၽန္မ လွီးေပးတဲ့ ပန္းသီးေတြက.....ေတာ္ေတာ္ေလးကိုမွ အရသာရွိတယ္"
၀န္ထမ္းက ထိုအမ်ိဳးသမီး၏ စကားမ်ားကို ၾကားၿပီးေနာက္မွာ အလ်င္စလို ေျပာလာခဲ့သည္။
"ျမန္ျမန္ေလး ခင္ဗ်ားတို႔ရဲ႕ မ်က္လုံးေတြကို ပိတ္ထားလိုက္ေတာ့! ပန္းသီးအခြံႏႊာၿပီးၿပီဆိုတာနဲ႔ သူက ဆံပင္ႀကီးကို ဖယ္ေတာ့မွာ!"
သို႔ေသာ္ ယြိက်န္းတုက ၀န္ထမ္း၏ စကားကို နားမေယာင္ပါဘဲ သူ၏ လက္မ်ားကို ရင္ဘတ္ေရွ႕ ကပ္ကာ ထပ္ခ်ိတ္ထားလိုက္ရင္း ရွန္းခြၽယ့္ႏွင့္ ေဘးခ်င္းယွဥ္ ရပ္လ်က္ ပိတ္ကားမ်က္ႏွာျပင္ကိုသာ မ်က္ေတာင္ မခတ္ စိုက္ၾကည့္ေနခဲ့လိုက္သည္။
ဤမွ်ေလာက္ အေျခအေနျဖင့္ ႐ုပ္ရွင္႐ုံက နည္းပညာခ်ိဳ႕ယြင္းမႈ ျပႆနာႏွင့္ႀကဳံေနခဲ့ရတာ မဟုတ္ေၾကာင္းကို တပ္အပ္ ေျပာႏိုင္ခဲ့ၿပီေလ။
ပိတ္ကားထက္မွာ ေပၚေနသည့္ သရဲ ဇာတ္၀င္ခန္းဆိုသည္မွာ တကယ့္အျပင္က သရဲမက အေယာင္ေဆာင္ေနတာပဲ ျဖစ္သည္။
သရဲမကား ပန္းသီးအခြံႏႊာလို႔ ၿပီးသြားခဲ့၏။သူမက လက္ႀကီးကို ေရွ႕ထိုးျပလာရင္း ေျပာလာခဲ့သည္။
"ပန္းသီး စားခ်ိန္တန္ၿပီ..."
၀န္ထမ္းမွာ ေမာဟိုက္စြာျဖင့္ ပူပန္တႀကီး ေအာ္ေျပာျပန္၏။
"အားးး ျမန္ျမန္ မ်က္လုံးမွိတ္ထားၾကေတာ့ေနာ္ သူ႔ဆံပင္ႀကီးကို လွန္လိုက္တဲ့ျမင္ကြင္းႀကီးက ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတာ!
ၿပီးေတာ့ ဒီ သရဲဇာတ္၀င္ခန္းက 3d ျမင္ကြင္းမ်ိဳးေနာ္
သူ႔လက္ႀကီးက ပါးစပ္တည့္တည့္ကို လာထိုးေပးၿပီး ပန္းသီး လာေကြၽးလိမ့္မယ္"
သို႔ေသာ္ သူ ဘယ္ေလာက္ပဲေျပာေျပာ အခ်ိန္ေႏွာင္းသြားခဲ့ေခ်ၿပီ ။ သရဲမမွာ ေျခာက္ကပ္ကပ္ႀကီး ရယ္လ်က္ သူမ၏ မ်က္ႏွာေရွ႕က ဆံပင္မ်ားကို လိုက္ကာ ဖြင့္သလိုမ်ိဳး ခြဲျခားလိုက္ၿပီး ျဖဴေဖ်ာ့ေနေသာ လူေသတစ္ေယာက္၏ အသားအရည္မ်ိဳးအား ျပသလာခဲ့သည္။
သူမ မ်က္ႏွာမွာ အက္ကြဲေၾကာင္းရာႀကီး တစ္ခု ပြင့္ေနလ်က္ ထို အက္ကြဲေၾကာင္းရာထဲမွ တစ္ဆင့္ ပုပ္သိုးေနေသာ အတြင္းသား မ်ားကို ျမင္ေနခဲ့ရသည္။
သူမ၏ မ်က္လုံးမ်ားမွာလည္း အဆမတန္ ျပဴးက်ယ္ေန၏။ အမည္းေရာင္ အေခါင္းေပါက္ႀကီး ႏွစ္ေပါက္ကလည္း ခ်ိဳင့္၀င္ေနခဲ့ေသးကာ နား၀င္ဆိုးလွေသာ အသံဆိုးႀကီးျဖင့္ စူးရွစြာ ေျခာက္ျခားဖြယ္ရာ ေျပာလာခဲ့သည္။
"ပန္းသီး စားစမ္း........."
၀န္ထမ္း :"ဘာပဲလုပ္ေနေန မေအာ္ၾကနဲ႔ေနာ္! သတိေပးၿပီးၿပီ!"
သရဲမမွာ ေနရာ၌ ေၾကာင္အမ္းစြာ ရပ္တန႔္သြားေလသည္။
သူမ၏ ျမင္ကြင္းတြင္ ႐ုံထဲအျပည့္ ျဖစ္ေနၾကသူမ်ားက သာမန္ သက္ရွိလူသားမ်ား ဟုတ္မေနပါေခ်။
ထိုအစား တစ္႐ုံလုံးက သူမလို သရဲ တေစၦမ်ားသာ ျဖစ္ေနခဲ့ၾက၏။
တစ္ခ်ိန္တည္းမွာပဲ တစ္႐ုံလုံးက တေစၦမ်ားက ေျခတစ္ဖက္ေပၚ တစ္ဖက္ ဆင့္တင္ထားလ်က္ ထိုင္ေနခဲ့ၾကရင္း မ်က္ႏွာအမူရာ ကင္းမဲ့စြာ သူမအား ျပန္ၾကည့္ေပးလိုက္ၾကသည္။
သရဲမ :"........."
"အားးးး တေစၦေတြ အမ်ားႀကီးပဲ!!!"
သရဲမက ပန္းသီးအား အေဝးလႊတ္ပစ္ၿပီး ပန္းသီးလွီးသည့္ ဓားအား ေဝွ႔ယမ္း လာခဲ့သည္။
"ပိုင္ဆိုင္မႈေတြ ဂုဏ္သိကၡာေတြ ဒီမိုကေရစီေတြ မွ်ေျခေတြ လြတ္လပ္မႈေတြ တန္းတူညီမွ်မႈေတြ တရားဥပေဒ စိုးမိုး......"
လက္ေထာက္၀န္ထမ္း :".......???"
ယြိက်န္းတု :"........"
ဒီ သရဲမက ဆိုရွယ္လစ္အေၾကာင္း အေျခခံကအစ ပိုင္ပိုင္ႏိုင္ႏိုင္ သိထားတာပဲ!
စာေရးသူမွာ ေျပာစရာေလး ရွိပါတယ္
သရဲမ : ဆိုရွယ္လစ္ ဝါဒ
ကြၽန္မကို ကာကြယ္ေပးပါဦး!