ခြန္းမ်က္လံုးေတြပြင့္လာေတာ့ မာန္ကသူ႔ကိုေမးေထာက္ၿပီးစိုက္ၾကၫ့္ေနသည္။
"ဟင္...ဘယ္ခ်ိန္ေတာင္ရိွၿပီလဲ။ ေနေတာင္ျမင့္ေနၿပီ ႏိႈးလိုက္ေရာေပါ့။"
ခြန္းက ထမယ္လုပ္ေတာ့မာန္က ပုခံုးကိုကိုင္ကာ တားလိုက္ၿပီး
"ေအးေအးေဆးေဆးေပါ့။ "
"ကိုကို႔ကို တစ္ခုေလာက္ေမးလို႔ရမလား။"
"အင္း..."
"ခြန္းနဲ႔ ဘာလို႔အိပ္ခဲ့တာလဲ။"
မာန္ကတစ္ခ်က္စဉ္းစားဟန္လုပ္ၿပီး
"အေၾကာင္းျပခ်က္မရိွဘူး။"
"အာ...."
"ခြန္းကေရာ..."
"ခြန္းက....ဒီအတိုင္း...ဒါနဲ႔ မာန္ကဒီအသက္ရြယ္ထိ rut ကာလဘယ္လိုျဖတ္သန္းခဲ့လဲ။"
"ကိုယ့္မွာ ေဆးေကာင္းေတြရိွတယ္။ ခြန္းကေရာ။"
"ေဆးနဲ႔ပဲေပါ့။"
"ဒါဆိုအဆင္ေျပတာပဲေလ။"
"အင္း...."
သူတို႔ခနတာတိတ္ဆိတ္သြားသည္။ သူတို႔ဆက္ဆံေရးကဘာလဲဆိုတာ ဘယ္လိုပံုေဖၚရမွန္းမသိ။ အတူေတာင္ ခ်ည္ရည္လူးၿပီးတာေတာင္ ဘယ္လိုဆက္ဆံေရးမွန္းမသိေအာင့္သက္သက္ႀကီး။
"ရတီ့ကို လက္ထပ္မွာလား။"
"မင္းကိုဘယ္သူေျပာလဲ။"
"ဘယ္သူေျပာေျပာအေရးမႀကီးပါဘူး။ ကေလးကိုေကာင္းေကာင္း ဂရုစိုက္ပါ။ ရတီကဆရာဝန္ဆိုေတာ့ ပူဖို႔ေတာ့မလိုဘူးထင္တယ္။"
မာန္က ခြန္းကိုေသခ်ာေလးၾကၫ့္ေနၿပီး။
"ကိုယ္လက္ထပ္မွာကို မႀကိဳက္ဘူးလား။"
"ႀကိဳက္ပါတယ္။ အားမာန္ေလးအတြက္ ေကာင္းတဲ့အေမ ဆိုေက်နပ္ပါၿပီ။"
ခြန္းကအိပ္ယာေပၚမွ ထလိုက္သည္။ ေအာက္မွာအတြင္းခံေလးပဲ ပါသၫ့္ခြန္းက ေဖြးေဖြးအုအုေလး။ ခႏၲာကိုယ္အႏွံ႔လည္း အမွတ္သားအကြက္ေတြ ကအျပၫ့္။ ခြန္းက သူ႔အားစိုက္ၾကၫ့္ေနသၫ့္ မာန႔္ကိုမ်က္ေစာင္းထိုးျပကာ ေရခ်ိဳးခန္းထဲဝင္သြားေလသည္။
_____
ခြန္းကသားေလးကို ေနာက္ဆံုးအေနနဲ႔ႏို့တိုက္ၿပီး ႏႈတ္ဆက္စကားေတြေျပာေလ၏။ ၄ လအရြယ္ အသိစိတ္ အနည္းငယ္ဝင္ေနသၫ့္ သားငယ္ေလးက ဝူးဝူးဝါးဝါးတုန႔္ျပန္ေတာ့ အလိုလိုဝမ္းနည္းမိလာသည္။
"ခြန္း သားအိမ္ျပန္ဖို႔အခ်ိန္ေရာက္ၿပီ။"
မာန႔္ေမေမ သတိေပးတာမို႔ ခြန္းကသားဆီကထလာသည္။ အိမ္ေရ႔ွမွာ လူေတြလည္းစံုေနသည္။ ေမေမႀကီးကိုလည္းဦးၫႊတ္ေတာ့ ေမေမႀကီးက စိတ္ေကာင္းပံုမေပၚ။ မာန႔္ကိုၾကၫ့္ေတာ့ တည္တည္ၿငိမ္ၿငိမ္ပင္။ မာန႔္မ်က္ႏွာကဘာမွ မျဖစ္သလို။ မေန့ညတုန္းက မာန္နဲ႔ေတာင္လံုးဝမတူ။ ခြန္းကို နဲနဲေလးေတာင္ဆြဲထားဖို႔ အစီစဉ္မရိွေပ။ မာန႔္စိတ္ကို အျပၫ့္ဝရၿပီလို႔ ခြန္းထင္လိုက္ေသးသည္။ သို႔ေပမယ့္ မာန္ကအႀကီးကဲပီသပါေပတယ္။ ပုဂၢိုလ္ေရးႏွင့္စီးပြားေရးကို အကန႔္ ကန႔္ထားႏိုင္တယ္။ ခြန္းကေတာ့ ရႈပ္ေထြးေနပါၿပီ။
____
အိမ္ေရာက္သၫ့္အခါ ခြန္း၏စိတ္ညစ္စရာမ်ား ေျပေပ်ာက္သြားရျပန္သည္။ မိသားစုကိုၿမိဳ႔ေပၚမွာၿခံဝန္းႏွင့္ထားႏိုင္ဖို႔ဆိုတာ တစ္သတ္လံုးအလုပ္လုပ္ရင္ေတာင္ ရမည္မဟုတ္။ မိသားစုအတြက္ရင္းရတာေၾကးႀကီးတယ္ဆိုေပမယ့္ သူေက်နပ္ပါသည္။
"ေမေမ။"
"ခြန္း...."
"ကိုႀကီး ကိုႀကီး..."
ေမေမႏွင့္ ညီေလးႏွစ္ေယာက္က ေျပးလာသည္။ ေဖေဖကေတာ့ ေျမၾကီးေတြဆြေနရင္းမွ မ်က္ရည္ဝဲစြာ ဂရုဏာအၾကၫ့္ျဖင့္ၾကၫ့္ေန၏။ ခြန္းေဖေဖရဲ့မိုက္ျပစ္ေတြေၾကာင့္ ခြန္းခုလိုျဖစ္ရတာဆိုေတာ့ ခြန္းေဖေဖက အၿမဲတိတ္ဆိတ္ေနၿပီး မ်က္ႏွာမျပရဲေပ။
"ေဖေဖ...ေနေကာင္းလား။ ကြၽန္ေတာ္အဆင္ေျပပါတယ္။"
ခြန္းေဖေဖက ဘာမျွပန္မေျပာပဲေခါင္းငံု႔ကာ မ်က္ရည္က်ေတာ့ ခြန္းကပဲဖက္ၿပီးႏွစ္သိမ့္ရသည္။
"ဟယ္ ငါတို႔အစ္ကိုႀကီးျပန္လာၿပီ။"
ႏွင္းက ေနာက္ေဖးကေန အေျပးေလးထြက္ၿပီး ခြန္းကိုဖက္ထားေတာ့ ခြန္းကျပန္ဖက္ထားလိုက္သည္။
"ႏွင္း..၊ ေဖေဖ ၊ ေမေမ ကြၽန္ေတာ္ ဒီအိမ္မွာ အတူေနျဖစ္မွာမဟုတ္ဘူး။"
"ဟင္...ဘာလို႔လဲ။ ဒီမွာ သားအတြက္အခန္းေတာင္စီစဉ္ထားတာကို။"
"အရမ္းမလန႔္သြားနဲ႔ဦး ကြၽန္ေတာ္ ကြန္ဒိုတစ္ခုဝယ္ထားတာရိွတယ္။ အဲ့မွာလည္းလူေနမျွဖစ္မွာ။ တစ္ပတ္ ၃ရက္ေလာက္ေတာ့ သြားေနမွ ျဖစ္မယ္။"
"ကိုႀကီးကြန္ဒိုဆိုတာက..."
"ငါနင့္ကိုေျပာစရာရိွတယ္ႏွင္း။"
ခြန္းကႏွင္းကို အိမ္ထဲေခၚသြားၿပီး ခနၾကာမွာေတာ့
"ဘာေျပာတယ္....အရွက္မရိွတဲ့ေကာင္.က."
"ႏွင္း တိုးတိုး...!"
"အဲ့ကတည္းက ငါ့အစ္ကိုဟာမွန္းသိရင္ အဲ့ေနရာမွာတင္လင္မယားႏွစ္ေယာက္စလံုးအသက္ေဖ်ာက္ပစ္တယ္။"
"ႏွင္းရာယ္ ၿပီးခဲ့တာေတြၿပီးပါၿပီ။ စိတ္ေတြလည္း မတိုပါနဲ႔။ ကိုယ့္ရုပ္လည္းကိုယ္ျပန္ၾကၫ့္ဦး။"
ႏွင္းက ေဒါသမေျပေသး
"မိန္းကေလးျဖစ္ၿပီး အၿမဲတီရွပ္ ေဘာင္းဘီတို ဂတံုးဆံပင္ေပါက္နဲ႔။"
"မသိဘူး။ အဲ့အေကာင္ကိုထပ္ေတြ့ရင္ ေသၿပီပဲ။"
"ႏွင္း ထားလိုက္ပါ။ ငါတို႔မိသားစုကို ထိခိုက္မွာစိုးတယ္။ စိတ္ေလ်ွာ့ပါ။"
ႏွင္းကလက္ပိုက္ၿပီး တစ္ျခားတစ္ေနရာကိုသာမ်က္ေမွာင္ကုတ္ၾကၫ့္ေနသည္။
"ႏွင္း ငါ့ကိုကတိေပး။ ဘာမွ သြားမလုပ္ပါဘူးလို႔ကတိေပး။"
ႏွင္းကဆက္ကနဲ သူ႔အားလွၫ့္ၾကၫ့္ၿပီး
" ေနာက္တစ္ခါ လာထိရင္ေတာ့ ႏွငး့္အဆိုးမဆိုနဲ႔။"
"ႏွင္းရာယ္ ဘာလို႔အၿမဲရန္ျဖစ္ခ်င္စိတ္ပဲေမြးေနရတာလဲ။"
"ရန္လိုတာ မဟုတ္ဘူးကာကြယ္တာ။ အစ္ကို႔ကို ဓနမာန္ဆိုတဲ့လူသာ ေစာင့္ၾကၫ့္မေနရင္ အခုအစ္ကို ကိုယ္က်ိဳးနည္းေနရၿပီမဟုတ္လား။ ႏွင္းကိုစိတ္မပူနဲ႔ ႏွင္းအေၾကာင္းႏွင္းသိတယ္။ ႏွင္းလုပ္ရမယ့္အလုပ္ႏွင္းသိတယ္။"
ႏွင္းက ေျပာေျပာဆိုဆိုအိတ္တစ္လံုးလြယ္ၿပီးထြက္သြားေလသည္။
"ႏွင္း..."
"......"
"ေမေမ ႏွင္းဘယ္သြာတာလဲ။"
"ဒီခ်ိန္ဆိုႏွင္းရဲ့ လက္ေဝွ့ခ်ိန္ေလ သားႀကီးရဲ့"
"လက္ေဝ႔ွ??"
"ဟုတ္တယ္။ တစ္ေနကုန္ လက္ေဝ႔ွသင္တန္း ၊ဂ်ူတို၊ကရာေတး၊တိုက္ကြမ္ဒို အဲ့အခ်ိန္ဇယားေတြ ႀကီးပဲ။"
"ႏွင္းကေတာ့ေလ။"
"နားလည္ေပးလိုက္ပါသားရာယ္ ေမေမတို႔က အရမ္းဆင္းရဲေတာ့ သူမ်ားအႏိုင္က်င့္တာကို အၿမဲခံရတယ္မဟုတ္လား။ အဲ့တာကိုသူစိတ္ဒါဏ္ရာျဖစ္ေနတာေနမွာ။ ေက်ာင္းဆရာဆိုတဲ့လူကလည္း ဒီအခ်ိဳးခ်ိဳးသြားတာ။ ႏိုင္စားရမယ္ထင္ၿပီးေတာ့။"
"ႏွင္းတစ္ခုခုျဖစ္မွာစိုးလို႔ပါ။"
"ကဲပါ လာ...ေမေမမုန႔္လုပ္ထားတယ္။ မစားရတာၾကာၿပီမဟုတ္လား။ "
ေမေမကစိတ္ေျပာင္းေအာင္လို႔ ခြန္းကိုမုန႔္ေတြေခၚေကြၽးေလ၏။
______
ေရ႔ွကသဲအိတ္ကို တအုန္းအုန္းျဖင့္သဲႀကီးမဲႀကီး ထိုးေနသၫ့္ႏွင္းမ်က္ႏွာေပၚမွာ ေခြၽးေတြေရာ မ်က္ရည္ေတြပါေရာေနသည္။ အတိတ္ကပံုရိပ္ေတြကိုစဉ္းစားမိတိုင္း ႏွင္း ပိုမိုျပင္းထန္ေအာင္ေလ့က်င့္မိေလသည္။
Flash back
အဲ့ဒီအခ်ိန္က ခြန္းတို႔ဆယ္ေက်ာ္သက္အရြယ္ ပဲရိွေသးသည္။ မိုးေတြအရမ္းရြာေနသၫ့္ ညေနေစာင္းတစ္ခုမွာ အစ္ကိုလုပ္သူျပန္မလာေသးတာမို႔ ႏွင္း လိုက္ရွာရင္း ေနာက္ဆံုးလယ္ထဲကိုေရာက္လာသည္္။ လယ္ထဲကိုေရာက္ေတာ့ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ႏွင္းေဒါသေတြ ေပါက္ကြဲထြက္လာရသည္။ အေၾကာင္းက အစ္ကိုလုပ္သူကို ရြာထဲက သူႀကီးသားနဲ႔သူ႔သူငယ္ခ်င္းက အႏိုင္က်င့္ေနၾကျခင္းေၾကာင့္ပင္။
"ဖိုးထူး ငါ့ကိုျပန္ခြင့္ျပဳပါကြာ အဲ့လိုမလုပ္ပါနဲ႔။"
"မင္းကအရမ္းလွတယ္လို႔ နာမည္ႀကီးေနတယ္။ အဲ့ေတာ့ မင္းကိုယ္လံုးငါ့တို႔ကိုခြၽတ္ျပ ခြၽတ္ျပရံုေလးေနာ္။
"ဒီထက္ပိုေပးခ်င္လည္းရတယ္။"
အသက္ ၁၄ ႏွစ္အရြယ္ကေလးေတြပါးစပ္က ရြံစရာစကားေတြထြက္ေနသည္။ အစ္ကိုျဖစ္သူကလည္း ၁၄ ႏွစ္ဆိုေပမယ့္ ဘာမွ နားမလည္တဲ့အျဖဴထည္ေလး။ အဝတ္ခြၽတ္တာ ရွက္စရာလို႔ေတြးတာအျပင္ အျခားအေတြး မေတြးတတ္သၫ့္လူမ်ိဳး။ ႏွင္းကသာ ေဘးကေနၾကၫ့္ရင္း ဒါေတျြမင္တတ္လာရတာျဖစ္သည္။ ႏွင္းေဒါသေတြ ထိန္းမရသၫ့္အဆံုး အဲ့ဒီသူႀကီးသားႏွင့္ သူ႔သူငယ္ခ်င္းကို နပန္းဝင္လံုးပစ္ေလသည္။ ႏွစ္ေယာက္တစ္ေယာက္မို႔ ႏွင္းကပိုအထိနာသည္။ သို႔ေပမယ့္ ဟိုႏွစ္ေယာက္ကလည္း ကြဲၿပဲကုန္သည္။
ႏွင္းကဆိုးရြာစြာထိခိုက္ၿပီး အဖ်ားေတြတတ္ေနခဲ့ေပမယ့္ ေနာက္ဆံုးေတာ့ ထိပ္တံုးခတ္အျပစ္ေပးခံရတာ ႏွင္းတစ္ေယာက္ပဲ ျဖစ္ခဲ့သည္။ တစ္ညတိတိ ထိပ္တံုးခတ္ခံရၿပီး အစ္ကိုကေတာ့သူ႔ေဘးမွာရိွေနသည္။နွင္း တစ္ညလံုးလံုး အဖ်ားေတြတတ္ၿပီး အိပ္တစ္ဝက္ႏိုးတစ္ဝက္ ကေယာင္ကတမ္းျဖစ္ေနစဉ္ ကိုကို႔ရဲ့ တရႈံ႔ရႈံ႔ငိုသံကိုေတာ့ မိုးလင္းသည္အထိကို ၾကားေနရ၏။
*အစ္ကိုက သိပ္ေပ်ာ့ညံ့တာပဲ။ ႏွင္းအဲ့တာကိုစိတ္ပူတယ္။*
Uni
ခွန်းမျက်လုံးတွေပွင့်လာတော့ မာန်ကသူ့ကိုမေးထောက်ပြီးစိုက်ကြည့်နေသည်။
"ဟင်...ဘယ်ချိန်တောင်ရှိပြီလဲ။ နေတောင်မြင့်နေပြီ နှိုးလိုက်ရောပေါ့။"
ခွန်းက ထမယ်လုပ်တော့မာန်က ပုခုံးကိုကိုင်ကာ တားလိုက်ပြီး
"အေးအေးဆေးဆေးပေါ့။ "
"ကိုကို့ကို တစ်ခုလောက်မေးလို့ရမလား။"
"အင်း..."
"ခွန်းနဲ့ ဘာလို့အိပ်ခဲ့တာလဲ။"
မာန်ကတစ်ချက်စဉ်းစားဟန်လုပ်ပြီး
"အကြောင်းပြချက်မရှိဘူး။"
"အာ...."
"ခွန်းကရော..."
"ခွန်းက....ဒီအတိုင်း...ဒါနဲ့ မာန်ကဒီအသက်ရွယ်ထိ rut ကာလဘယ်လိုဖြတ်သန်းခဲ့လဲ။"
"ကိုယ့်မှာ ဆေးကောင်းတွေရှိတယ်။ ခွန်းကရော။"
"ဆေးနဲ့ပဲပေါ့။"
"ဒါဆိုအဆင်ပြေတာပဲလေ။"
"အင်း...."
သူတို့ခနတာတိတ်ဆိတ်သွားသည်။ သူတို့ဆက်ဆံရေးကဘာလဲဆိုတာ ဘယ်လိုပုံဖေါ်ရမှန်းမသိ။ အတူတောင် ချည်ရည်လူးပြီးတာတောင် ဘယ်လိုဆက်ဆံရေးမှန်းမသိအောင့်သက်သက်ကြီး။
"ရတီ့ကို လက်ထပ်မှာလား။"
"မင်းကိုဘယ်သူပြောလဲ။"
"ဘယ်သူပြောပြောအရေးမကြီးပါဘူး။ ကလေးကိုကောင်းကောင်း ဂရုစိုက်ပါ။ ရတီကဆရာဝန်ဆိုတော့ ပူဖို့တော့မလိုဘူးထင်တယ်။"
မာန်က ခွန်းကိုသေချာလေးကြည့်နေပြီး။
"ကိုယ်လက်ထပ်မှာကို မကြိုက်ဘူးလား။"
"ကြိုက်ပါတယ်။ အားမာန်လေးအတွက် ကောင်းတဲ့အမေ ဆိုကျေနပ်ပါပြီ။"
ခွန်းကအိပ်ယာပေါ်မှ ထလိုက်သည်။ အောက်မှာအတွင်းခံလေးပဲ ပါသည့်ခွန်းက ဖွေးဖွေးအုအုလေး။ ခန္တာကိုယ်အနှံ့လည်း အမှတ်သားအကွက်တွေ ကအပြည့်။ ခွန်းက သူ့အားစိုက်ကြည့်နေသည့် မာန့်ကိုမျက်စောင်းထိုးပြကာ ရေချိုးခန်းထဲဝင်သွားလေသည်။
_____
ခွန်းကသားလေးကို နောက်ဆုံးအနေနဲ့နို့တိုက်ပြီး နှုတ်ဆက်စကားတွေပြောလေ၏။ ၄ လအရွယ် အသိစိတ် အနည်းငယ်ဝင်နေသည့် သားငယ်လေးက ဝူးဝူးဝါးဝါးတုန့်ပြန်တော့ အလိုလိုဝမ်းနည်းမိလာသည်။
"ခွန်း သားအိမ်ပြန်ဖို့အချိန်ရောက်ပြီ။"
မာန့်မေမေ သတိပေးတာမို့ ခွန်းကသားဆီကထလာသည်။ အိမ်ရှေ့မှာ လူတွေလည်းစုံနေသည်။ မေမေကြီးကိုလည်းဦးညွှတ်တော့ မေမေကြီးက စိတ်ကောင်းပုံမပေါ်။ မာန့်ကိုကြည့်တော့ တည်တည်ငြိမ်ငြိမ်ပင်။ မာန့်မျက်နှာကဘာမှ မဖြစ်သလို။ မနေ့ညတုန်းက မာန်နဲ့တောင်လုံးဝမတူ။ ခွန်းကို နဲနဲလေးတောင်ဆွဲထားဖို့ အစီစဉ်မရှိပေ။ မာန့်စိတ်ကို အပြည့်ဝရပြီလို့ ခွန်းထင်လိုက်သေးသည်။ သို့ပေမယ့် မာန်ကအကြီးကဲပီသပါပေတယ်။ ပုဂ္ဂိုလ်ရေးနှင့်စီးပွားရေးကို အကန့် ကန့်ထားနိုင်တယ်။ ခွန်းကတော့ ရှုပ်ထွေးနေပါပြီ။
____
အိမ်ရောက်သည့်အခါ ခွန်း၏စိတ်ညစ်စရာများ ပြေပျောက်သွားရပြန်သည်။ မိသားစုကိုမြို့ပေါ်မှာခြံဝန်းနှင့်ထားနိုင်ဖို့ဆိုတာ တစ်သတ်လုံးအလုပ်လုပ်ရင်တောင် ရမည်မဟုတ်။ မိသားစုအတွက်ရင်းရတာကြေးကြီးတယ်ဆိုပေမယ့် သူကျေနပ်ပါသည်။
"မေမေ။"
"ခွန်း...."
"ကိုကြီး ကိုကြီး..."
မေမေနှင့် ညီလေးနှစ်ယောက်က ပြေးလာသည်။ ဖေဖေကတော့ မြေကြီးတွေဆွနေရင်းမှ မျက်ရည်ဝဲစွာ ဂရုဏာအကြည့်ဖြင့်ကြည့်နေ၏။ ခွန်းဖေဖေရဲ့မိုက်ပြစ်တွေကြောင့် ခွန်းခုလိုဖြစ်ရတာဆိုတော့ ခွန်းဖေဖေက အမြဲတိတ်ဆိတ်နေပြီး မျက်နှာမပြရဲပေ။
"ဖေဖေ...နေကောင်းလား။ ကျွန်တော်အဆင်ပြေပါတယ်။"
ခွန်းဖေဖေက ဘာမြှပန်မပြောပဲခေါင်းငုံ့ကာ မျက်ရည်ကျတော့ ခွန်းကပဲဖက်ပြီးနှစ်သိမ့်ရသည်။
"ဟယ် ငါတို့အစ်ကိုကြီးပြန်လာပြီ။"
နှင်းက နောက်ဖေးကနေ အပြေးလေးထွက်ပြီး ခွန်းကိုဖက်ထားတော့ ခွန်းကပြန်ဖက်ထားလိုက်သည်။
"နှင်း..၊ ဖေဖေ ၊ မေမေ ကျွန်တော် ဒီအိမ်မှာ အတူနေဖြစ်မှာမဟုတ်ဘူး။"
"ဟင်...ဘာလို့လဲ။ ဒီမှာ သားအတွက်အခန်းတောင်စီစဉ်ထားတာကို။"
"အရမ်းမလန့်သွားနဲ့ဦး ကျွန်တော် ကွန်ဒိုတစ်ခုဝယ်ထားတာရှိတယ်။ အဲ့မှာလည်းလူနေမြှဖစ်မှာ။ တစ်ပတ် ၃ရက်လောက်တော့ သွားနေမှ ဖြစ်မယ်။"
"ကိုကြီးကွန်ဒိုဆိုတာက..."
"ငါနင့်ကိုပြောစရာရှိတယ်နှင်း။"
ခွန်းကနှင်းကို အိမ်ထဲခေါ်သွားပြီး ခနကြာမှာတော့
"ဘာပြောတယ်....အရှက်မရှိတဲ့ကောင်.က."
"နှင်း တိုးတိုး...!"
"အဲ့ကတည်းက ငါ့အစ်ကိုဟာမှန်းသိရင် အဲ့နေရာမှာတင်လင်မယားနှစ်ယောက်စလုံးအသက်ဖျောက်ပစ်တယ်။"
"နှင်းရာယ် ပြီးခဲ့တာတွေပြီးပါပြီ။ စိတ်တွေလည်း မတိုပါနဲ့။ ကိုယ့်ရုပ်လည်းကိုယ်ပြန်ကြည့်ဦး။"
နှင်းက ဒေါသမပြေသေး
"မိန်းကလေးဖြစ်ပြီး အမြဲတီရှပ် ဘောင်းဘီတို ဂတုံးဆံပင်ပေါက်နဲ့။"
"မသိဘူး။ အဲ့အကောင်ကိုထပ်တွေ့ရင် သေပြီပဲ။"
"နှင်း ထားလိုက်ပါ။ ငါတို့မိသားစုကို ထိခိုက်မှာစိုးတယ်။ စိတ်လျှော့ပါ။"
နှင်းကလက်ပိုက်ပြီး တစ်ခြားတစ်နေရာကိုသာမျက်မှောင်ကုတ်ကြည့်နေသည်။
"နှင်း ငါ့ကိုကတိပေး။ ဘာမှ သွားမလုပ်ပါဘူးလို့ကတိပေး။"
နှင်းကဆက်ကနဲ သူ့အားလှည့်ကြည့်ပြီး
" နောက်တစ်ခါ လာထိရင်တော့ နှငး့်အဆိုးမဆိုနဲ့။"
"နှင်းရာယ် ဘာလို့အမြဲရန်ဖြစ်ချင်စိတ်ပဲမွေးနေရတာလဲ။"
"ရန်လိုတာ မဟုတ်ဘူးကာကွယ်တာ။ အစ်ကို့ကို ဓနမာန်ဆိုတဲ့လူသာ စောင့်ကြည့်မနေရင် အခုအစ်ကို ကိုယ်ကျိုးနည်းနေရပြီမဟုတ်လား။ နှင်းကိုစိတ်မပူနဲ့ နှင်းအကြောင်းနှင်းသိတယ်။ နှင်းလုပ်ရမယ့်အလုပ်နှင်းသိတယ်။"
နှင်းက ပြောပြောဆိုဆိုအိတ်တစ်လုံးလွယ်ပြီးထွက်သွားလေသည်။
"နှင်း..."
"......"
"မေမေ နှင်းဘယ်သွာတာလဲ။"
"ဒီချိန်ဆိုနှင်းရဲ့ လက်ဝှေ့ချိန်လေ သားကြီးရဲ့"
"လက်ဝှေ့??"
"ဟုတ်တယ်။ တစ်နေကုန် လက်ဝှေ့သင်တန်း ၊ဂျူတို၊ကရာတေး၊တိုက်ကွမ်ဒို အဲ့အချိန်ဇယားတွေ ကြီးပဲ။"
"နှင်းကတော့လေ။"
"နားလည်ပေးလိုက်ပါသားရာယ် မေမေတို့က အရမ်းဆင်းရဲတော့ သူများအနိုင်ကျင့်တာကို အမြဲခံရတယ်မဟုတ်လား။ အဲ့တာကိုသူစိတ်ဒါဏ်ရာဖြစ်နေတာနေမှာ။ ကျောင်းဆရာဆိုတဲ့လူကလည်း ဒီအချိုးချိုးသွားတာ။ နိုင်စားရမယ်ထင်ပြီးတော့။"
"နှင်းတစ်ခုခုဖြစ်မှာစိုးလို့ပါ။"
"ကဲပါ လာ...မေမေမုန့်လုပ်ထားတယ်။ မစားရတာကြာပြီမဟုတ်လား။ "
မေမေကစိတ်ပြောင်းအောင်လို့ ခွန်းကိုမုန့်တွေခေါ်ကျွေးလေ၏။
______
ရှေ့ကသဲအိတ်ကို တအုန်းအုန်းဖြင့်သဲကြီးမဲကြီး ထိုးနေသည့်နှင်းမျက်နှာပေါ်မှာ ချွေးတွေရော မျက်ရည်တွေပါရောနေသည်။ အတိတ်ကပုံရိပ်တွေကိုစဉ်းစားမိတိုင်း နှင်း ပိုမိုပြင်းထန်အောင်လေ့ကျင့်မိလေသည်။
Flash back
အဲ့ဒီအချိန်က ခွန်းတို့ဆယ်ကျော်သက်အရွယ် ပဲရှိသေးသည်။ မိုးတွေအရမ်းရွာနေသည့် ညနေစောင်းတစ်ခုမှာ အစ်ကိုလုပ်သူပြန်မလာသေးတာမို့ နှင်း လိုက်ရှာရင်း နောက်ဆုံးလယ်ထဲကိုရောက်လာသည်။ လယ်ထဲကိုရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နှင်းဒေါသတွေ ပေါက်ကွဲထွက်လာရသည်။ အကြောင်းက အစ်ကိုလုပ်သူကို ရွာထဲက သူကြီးသားနဲ့သူ့သူငယ်ချင်းက အနိုင်ကျင့်နေကြခြင်းကြောင့်ပင်။
"ဖိုးထူး ငါ့ကိုပြန်ခွင့်ပြုပါကွာ အဲ့လိုမလုပ်ပါနဲ့။"
"မင်းကအရမ်းလှတယ်လို့ နာမည်ကြီးနေတယ်။ အဲ့တော့ မင်းကိုယ်လုံးငါ့တို့ကိုချွတ်ပြ ချွတ်ပြရုံလေးနော်။
"ဒီထက်ပိုပေးချင်လည်းရတယ်။"
အသက် ၁၄ နှစ်အရွယ်ကလေးတွေပါးစပ်က ရွံစရာစကားတွေထွက်နေသည်။ အစ်ကိုဖြစ်သူကလည်း ၁၄ နှစ်ဆိုပေမယ့် ဘာမှ နားမလည်တဲ့အဖြူထည်လေး။ အဝတ်ချွတ်တာ ရှက်စရာလို့တွေးတာအပြင် အခြားအတွေး မတွေးတတ်သည့်လူမျိုး။ နှင်းကသာ ဘေးကနေကြည့်ရင်း ဒါတြွေမင်တတ်လာရတာဖြစ်သည်။ နှင်းဒေါသတွေ ထိန်းမရသည့်အဆုံး အဲ့ဒီသူကြီးသားနှင့် သူ့သူငယ်ချင်းကို နပန်းဝင်လုံးပစ်လေသည်။ နှစ်ယောက်တစ်ယောက်မို့ နှင်းကပိုအထိနာသည်။ သို့ပေမယ့် ဟိုနှစ်ယောက်ကလည်း ကွဲပြဲကုန်သည်။
နှင်းကဆိုးရွာစွာထိခိုက်ပြီး အဖျားတွေတတ်နေခဲ့ပေမယ့် နောက်ဆုံးတော့ ထိပ်တုံးခတ်အပြစ်ပေးခံရတာ နှင်းတစ်ယောက်ပဲ ဖြစ်ခဲ့သည်။ တစ်ညတိတိ ထိပ်တုံးခတ်ခံရပြီး အစ်ကိုကတော့သူ့ဘေးမှာရှိနေသည်။နှင်း တစ်ညလုံးလုံး အဖျားတွေတတ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက် ကယောင်ကတမ်းဖြစ်နေစဉ် ကိုကို့ရဲ့ တရှုံ့ရှုံ့ငိုသံကိုတော့ မိုးလင်းသည်အထိကို ကြားနေရ၏။
*အစ်ကိုက သိပ်ပျော့ညံ့တာပဲ။ နှင်းအဲ့တာကိုစိတ်ပူတယ်။*