ညနေရုံးအဆင်းအပြန်...
"ကြာညို ရာရာအခန်းပြင်ဆင်ပြီးပြီးလား"
"ဟုတ်ကဲ့ ပြင်ဆင်ထားပါတယ်အကို"
ရာရာကဒေါနရဲ့ရုံးအိတ်ကိုလက်နှစ်ဖက်နဲ့အရှေ့မှာကိုင်ရင်းဒေါနကိုပြောလာသည်။
"ကိုကို ရာရာ ကိုကိုနဲ့အိပ်လို့မရဘူးလားဟင်"
"မရဘူးရာရာ"
"ဘာလို့လဲ...ငယ်ငယ်ကလဲကိုကိုနဲ့ပဲအိပ်လာတဲ့ဉစ္စာ"
"ရာရာကလူပျို ကိုကိုကအိမ်ထောင်သည်လေ"
"ဘာ!!!!"
ဂျက်ခ်တစ်ယောက်မျက်လုံးပြူးကာ ဒေါနကိုအလန့်တကြားမော့ကြည့်လိုက်သည်။တစ်ဆက်တည်း၀မ်းနည်းမှုများရောယှက်လာခဲ့သည်။မော့နေသောမျက်နှာကိုအောက်ပြန်ချကာ
"ကို ကိုကို ကအိမ်ထောင်သည်?"
"ဟုတ်တယ် ကိုကိုမေ့နေတာ ကြာညိုက ကိုယ်လက်ထပ်ထားတဲ့သူ"
ဂျက်ခ်သည်ကြာညိုအားကြည့်သည်။ထိုအကြည့်တွင် မနာလို မုန်းစိတ်များပါ၀င်လေသည်။
"တန်လို့လား!!"
ဂျက်ခ်သည်ကြာညို့ကိုကြည့်ကာပြောလိုက်သည်။
"ဟင်~"
ထိုအသံပိုင်ရှင်သည်ကြာညိုဖြစ်သည်။
"တန်လို့လား!.......ကိုကိုနဲ့ နင်တန်လို့လား!"
စကားကိုအော်ပြောလိုက်သောကြောင့်ကြာညိုသည် ဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။
"ငါမေးနေတယ်လေ!"
ကြာညိုတစ်ယောက်မျက်ရည်များဝဲကာ ခေါင်းကိုငုံ့ထားသည်။ဘာပဲဖြစ်ဖြစ်စကားကိုနှိမ်ပြောနေတာမလို့ ၀မ်းနည်းမိတာအမှန်ပင်။
"ရာရာ ဘာကိုဒေါသထွက်နေတာလဲ"
ဂျက်ခ်သည်ဒေါနကိုလှည့်ကြည့်လိုက်ပြီး
"ကိုကိုလိမ်တယ်!"
"လိမ်တယ်? ကိုကိုဘာလိမ်လို့လဲ"
"ဟင့်အင်းမသိဘူး!မသိဘူး!"
ဆိုကာခြံထဲကိုပြေးထွက်သွားပြီး အလှဒန်းပေါတွင်သွားထိုင်လေသည်။ဒေါနကတော့အိမ်အပြင်ပြေးထွက်သွားသည်ဟုထင်ကာနောက်ကပြေးလိုက်လာသည်။
"ရာရာ~"
ခေါလိုက်တော့ခန္ဓာယ်ကိုယ်ရောမျက်နှာပါ တခြားဘက်လှည့်သွားသည်။
"ဘာကိုစိတ်ဆိုးသွားတာလဲ"
"ကိုကိုဘာလို့သူ့ကိုလက်ထပ်လိုက်တာလဲ"
"အော် ဒါလား မဖြစ်သင့်ပဲဖြစ်သွားတဲ့ကိစ္စပါ"
ဆိုလိုက်တော့ပြန်လှည့်လားပြီးဒေါနကိုမော့ပြီးကြည့်လာသည်
"ဒါဆို ရာရာမေးမယ် ကိုကိုသူ့ကိုချစ်လား"
"l like no..."
ဆိုတော့မှပြုံးပြပြီးဒေါနရင်ခွင်ထဲတိုး၀င်လာသည်။ဒေါနထင်တာက ဒီကလေးက သူ့အကိုကိုတခြားသူနဲ့လက်မထပ်စေချင်တာလို့ပဲထင်မြင်မိသည်။
အမှန်တော့ဂျက်ခ်ဟာ ဒေါနသူတို့နိုင်ငံကမထွက်သွားခင်ထဲက ချစ်မိနေသူ။ဒါက ငယ်သေးလို့ပဲသူ့ကိုယ်သူထင်သည်။ကြီးလာမှ တကယ်ချစ်မိနေပြီဆိုတာသိလာသည်။ဘာပဲဖြစ်ဖြစ်အခွင့်အရေးလေးတော့ရှိသေးတယ်မလား ကိုကို။
🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄
အိမ်ထဲပြန်၀င်လာပြီးရာရာ့ကိုသူ့အခန်းထဲတွင်နားခိုင်းကာဒေါနကမီးဖိုခန်းထဲ၀င်သွားသည်။
မီဖိုခန်းထဲရောက်တော့ ကင်မွန်ရွက်ကိုအဆူး ဆူးမှာကြောက်လို့သေချားနွှင်နေတဲ့ကြာညိုကိုတွေ့သည်။
"ကြာညို"
ခေါလိုက်တော့ခေါင်းလေးမော့ပြီးထူးလာသည်။
"ဗျာအကို~"
"အခန်းထဲခဏလာအုံး ပြောစရာရှိတယ်"
"ဟုတ်ကဲ့ အကို"
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
အခန်းထဲတွင်~~~~~~~~~~~~~~~~~
"ကြာညို"
"ဟုတ်ကဲ့ အကို"
"ငါပြောမယ်သေချာနားထောင်"
"ဟုတ်"
"ရာရာက မိတ်ဆွေတစ်ဉီးရဲ့သား ပြီးတော့သူနဲ့ငါက ညီအကိုသံယောစဉ်ထက်မပိုဘူး နားလည်လား"
အထင်လွဲမှာကြောက်လို့ပြောချင်မဟုတ်။အခုတရား၀င်လက်ထပ်ထားတာကြာညိုမလား။ဘယ်လိုပဲဖြစ်ဖြစ်အိမ်သူမဟုတ်တဲ့အိမ်သားတစ်ယောက်အနေနဲ့တော့သိစေချင်တယ်။ကိုယ်ယူထားတာသူများသား/သမီး
ဖောက်ပြန်တယ်ဆိုတဲ့အတွေးမ၀င်စေချင်ဘူး။ပြီးတော့ကိုယ်ကသူ့အဖေကိုသတ်ထားတဲ့ကောင်။ဒီလောက်တော့အားနာသင့်တယ်။
"နားလည်ပါတယ်"
"ပြီးတော့သူပြောခဲ့တာတွေနားထဲကထုတ်လိုက် ရာရာကနည်းနည်းဆိုးတယ်"
"......"
"ဒီညကနေစပြီး ကုတင်ပေါမှာငါနဲ့အတူအိပ်ရမယ်"
"ဗျာ..."
"ဘာဗျာလဲ နားမလည်ဘူးလား! ပြောလိုက်ရင်အူကြောင်ကြောင်နဲ့"
"ဟုတ် ဟုတ်နားလည်ပါတယ် အကို"
"လုပ်စရာရှိတာ သွားလုပ်တော့"
"ဟုတ်ကဲ့"
ခေါင်းလေးငြိမ့်ပြီးအပြင်ပြန်ထွက်လာသည်။မီးဖိုခန်းထဲပြန်၀င်ရအုံးမယ်မလား။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
ည ၈နာရီခွဲ~~~~~~~~~~~~~~~~
ဒေါနနဲ့ဂျက်ခ်ထမင်းစားပွဲတွင်နေရာယူလျက်
"ကြိုက်ရဲ့လား ရာရာ"
"ကြိုက်ပါတယ်ကိုကို"
"ဟယ် မိစိန် ပြန်လာပြီလား"
ကြာညိုတစ်ယောက်ရွာကနေပြန်လာတဲ့မိစိန်ကိုပါးစပ်ကနေပြောရင်းအပြေးလေးသွားကြိုသည်။လက်ထဲမှာလဲအထုပ်တွေနဲ့
"ပေး ပေး အထုတ်တွေနဲ့ငါကူသယ်ပေးမယ်"
"တိုးတိုးပြောပါ သခင်လေးတို့ ထမင်းစားနေတယ်မဟုတ်လား နင်အဆူခံချင်လို့လား"
မိစိန်တစ်ယောက်ကြာညို့ကိုငေါက်လိုက်သည်။
"ဟဲဟဲငါက နင်ပြန်လာလို့အပျော်လွန်သွားတာပါ"
"မိစိန် နင်အိမ်ထဲမ၀င်ဘဲအဲ့မှာရပ်နေတာ ရွာထပ်ပြန်မလို့လား"
ဒေါနက၀င်ပြောလာသည်။
"မဟုတ် မဟုတ်ပါဘူး သခင်လေး"
ဆိုကာ အထုတ်တွေကိုမိဖိုခန်းထဲသွားထားသည်။ကြာညိုလဲနောက်ကနေပါသွားသည်။
"ဟဲ့ ကြာညို သခင်လေးနဲ့ထမင်းအတူစားနေတဲ့တစ်ယောက်ကဘယ်သူ
လဲ"
ကြာညိုတစ်ယောက်မိစိန်ရွာကဘာတွေပါလာသလဲဆိုပြီးအထုတ်တွေမွှေနှောက်ပြီး လိုက်ဖြည်နေတဲ့အချိန် မိစိန်မကထိုသို့ပြောလာတော့ရှာနေတာရပ်ပြီး
"ငါလဲဘယ်သိမလဲ ငါ့ကိုပြောတာတော့ ညီအစ်ကိုလို့ပြောတာပဲ"
ဆိုပြီးအထုတ်တွေလိုက်မွှေနေသည်။
"အော် အေးပါ"
"မိစိန် နင် ရွာကဇီးသီးတွေပါလာတာလား"
"အေးဟ ငါ့အဘွားကရွာပြန်လက်ဆောင်ထည့်ပေးတာတဲ့လေ"
"ဟီးဟီး အဘွားကိုကျေးဇူးတစ်သိန်းတင်တယ်လို့ပြောပေးနော်"
"အံမယ် နင်သုတ်စားတော့မယ်မလား ငါလေရွာကငရုတ်သီးအကျက်မှုန့်တောင်ပါလာသေးတယ် စပ်မှစပ်"
မိစိန်တစ်ယောက်ကြာညို့ကိုအပြီးဆွယ်ပါတော့သည်။ပြီးရင်နှစ်ကောင်းသားခိုးသုတ်ပြီး အပြီးတွယ်မှာဖြစ်သည်။
"ဟုတ်လား အေးအေး သိမ်းထားအုံး ပြီးရင်သုတ်စားကြမယ် အန်တီလေးအိပ်သွားရင်"
"အေးအေး"
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ည၁၀နာရီခန့်~~~~~~~~~~~~~~~~
ဒီအချိန်တစ်အိမ်လုံးအိပ်နေပြီးကြာညိုလဲဒေါနကိုအိပ်ယာခင်းပေးပြီး ဒေါနအိပ်တဲ့အချိန်ထိ မရှိ ရှိရာအ၀တ်တွေဆွဲထုတ်ပြီးအ၀တ်တွေခေါက်နေရင်း ဒေါန အိပ် မအိပ်ကို လှမ်း လှမ်းပြီးအကဲခတ်နေသည်။
ခဏအကြာဒေါနအိပ်သွားတော့မှအောက်ဆင်းပြီး မိစိန်ရှိရာ မီးဖိုခန်းထဲသွားပြီး နှစ်ကောင်သားသုတ်စားကြတော့သည်။
"ဟဲ့ အစပ်ထပ်ထည့်အုံး သိပ်မစပ်သေးဘူး"
ကြာညိုတစ်ယောက်ဇီးသီးတစ်လုံးကိုမြည်းရင်းပြောလာသည်။ထိုအခါ
"ဟဲ့ တော်ပြီလေ ဖင်ခေါင်ပွင့်ချင်လို့လား ငါတောင်တော်တော်စပ်နေတဲ့ဟာ"
"နင်ကလဲ နည်းနည်းထပ် ထည့်အုံးနည်းနည်းလေးပဲလေ"
လက်ညိုးနဲ့လက်မကိုဖိပြီးပြောလာသည်။မိစိန်တစ်ယောက်မနိုင်ဘူးဆိုတဲ့ကြာညို့ကိုခေါင်းသာခါပြမိသည်။
နောက်တော့ကြာညို့သဘောအတိုင်းငရုတ်နည်းနည်းထပ်ထည့်ပြီးသုတ်စားကြတော့သည်။
ည၁၂နာရီ၆မိနစ်
နှစ်ကောင်သားရှုးရှဲ ရှုးရှဲ နဲ့အိပ်ယာ၀င်သွားကြတော့သည်။
ကြာညိုတစ်ယောက်တံခါးကိုဖြေးညှင်းစွာဖွင့်ပြီးအခန်းထဲ၀င်လာသည်။ပြီးနောက်ဒေါန အိပ်သည့်အိပ်ယာပေါသို့တက်ပြီးအိပ်လိုက်သည်။
တစ်ခါမျှမှမအိပ်ဖူး၍လားမသိ ဒီကုတင် ဒီမွေ့ယာနဲ့အိပ်ရသည်မှာသိပ်အဆင်မပြေလှ။အိပ်လို့မပျော်။
ဘာပဲဖြစ်ဖြစ် မနက်စျေးအစောကြီးသွားရမှာမလို့မျက်လုံးကိုအတင်းမှိတ်ပြီးအိပ်ပစ်လိုက်သည်။
ထို့နောက်အိပ်စက်ခြင်းဆီသို့~~~~~~~~~~~~~~
မနက်၂နာရီခွဲ~~~~~~~~~~
ကြာညိုတစ်ယောက် တအင်း တအဲဖြင့်နေလို့မရတော့လေပြီ။
ဘာကြောင့်လဲဆို ဗိုက်ကတရစ်ရစ်နာလာတာကြောင့်ပင်။
"အင့်~ဟင့်~"
"ကျစ် အား~"
ခန္ဓာကိုယ်ကို ဒေါနအားကျောပေးကာဗိုက်ကိုလက်နဲ့ဖိပြီးအသံမျိုးစုံထွက်နေသည်။
ဒေါန ဟာနားပါးသူပီပီ ချက်ချင်းဆိုသလိုနှိုးသွားသည်။အသံဘယ်ကလဲလှည့်ကြည့်တော့ သူ့ကိုကျောပေးထားသောကြာညိုဆီမှဖြစ်သည်။အနားသွားကြည့်တော့မျက်လုံးကိုစုံမှိတ်ပြီး ဗိုက်ကိုလက်နဲ့ဖိထားပြီး တအင်း တအဲလုပ်နေသည်က တော်တော်သနားစရာ။
"ဘာဖြစ်နေတာလဲ ကြာညို"
"ဟင်~အကိုနှိုးသွားတာလား"
"ငါမေးနေတယ်!ဘာဖြစ်နေတာလဲ"
"ဟို ဗိုက် ဗိုက်အောင့်လို့ပါ"
"ဟမ် မင်းဘာတွေစားလို့လဲ"
ဒေါနကြောင်သွားရသည်။ကြာညိုကဘာလို့ဗိုက်အောင့်ရတာလဲ။သူအပြင်စာတွေ စားဖို့နေနေသာသာအိမ်ထဲကနေတောင်မထွက်တာ။ပြီးတော့ညကချက်တဲ့ဟင်းတွေကလဲ ဗိုက်နာစာမှမဟုတ်တာ။
"ဟို ဘာမှမစားပါဘူး"
ဆိုပြီးငိုလာသည်။ဗိုက်ကထိုးထိုးအောင့်နေတာကြောင့်ပင်။
"မစားဘဲနဲ့ ဗိုက်အောင့်မလား မင်းနဲ့တော့ ကျစ်!တိတ် ငါဆေးသွားယူပေးမယ်"
ပြောလဲငိုပဲငိုနေတာမလို့ ဒေါနဆေးအမြန်သွားယူဖို့သာစဉ်းစားလိုက်တော့သည်။
အောက်ထပ်ကနေဆေးသေတ္တာဗူးယူပြီးပြန်တက်လာသည်။
ဆေးဗူးကိုမွှေနှောက်လိုက်တော့ အဲရားအိတ် ဆိုတဲ့ဆေးပဲတွေ့တာမလို့ အဲ့ဒါပဲတိုက်လိုက်သည်။
"ငုံထားလိုက်"
ပြောလိုက်တော့မျက်ရည်တွေကိုလက်နှစ်ဖက်နဲ့သုတ်ပြီးဆေးကိုယူကာ ငုံထားလိုက်သည်။
ပြီးနောက်နှစ်ယောက်လုံးပြန်လှဲကာ
ဆေးငုံပြီးအစပိုင်းတော့ ငိုနေသည်။နောက်ပိုင်းငိုရတာရော ဗိုက်နာတာရော ရောပြီးမောသွားလို့အိပ်ပျော်တယ်ထင်သည်။
ဒေါနတစ်ယောက်မအိပ်သေးပါ။ကြာညို့ရှိုက်သံသေးသေးလေးပျောက်ဆုံးသွားပြီးတစ်ခန်းလုံးတိတ်ဆိတ်သွားတဲ့အထိစောင့်နေသည်။ကြာညိုလုံးလုံးအိပ်ပျော်သွားတော့မှ ဒေါနလဲအိပ်လိုက်သည်။
မအိပ်ခင်တော့ မနက်ကျရင်မီးဖိုခန်းထဲက CCTVကိုယူစစ်အုံးမှဆိုတဲ့အတွေးလေးတော့ တွေးလိုက်သေးသည်။
ကိုယ် အတတ်နိုင်ဆုံးအရှည်.....ကြီးရေးပေးထားတယ်နော်😼voteလေး မ;စ ခဲ့ကြပါ။
🐰🦁
ကိုယ်ကတိတည်တယ်နော်...💓