ဤမိသားစုတွင် ရွှမ်းရိဟန်သည် လင်းယန်ရန်ကို ပထမဆုံးတွေ့ရှိသူဖြစ်သည်။
"ရွှမ်းယန်ရန်..."
အခုလေးတင် သူ့နောက်ကွယ်မှာ မိဘတွေကိုတိုင်တန်းပြီးသွားပေမယ့် နောက်တစ်စက္ကန့်မှာပဲ လူကိုယ်တိုင် သူ့ရှေ့ရောက်လာခဲ့သည်။
ရွှမ်းရိဟန်သည် လင်းယန်ရန်ကိုမြင်သောအခါ အပြစ်ရှိသလိုခံစားလိုက်ရပြီး ရှက်ရွံ့သဖြင့် သူ့အဖေနောက်သို့ ဝင်ပုန်းလိုက်၏ ။
ရွှမ်းဟုန်ဝေ နှင့် ချုံးရာယွီသည် သူတို့သား လင်းယန်ရန်ကိုမြင်ရုံနှင့် အလွန်ထိတ်လန့်သွားသည်ကိုမြင်လိုက်သဖြင့် ဒေါသတကြီးလှည့်ကြည့်ကာ ချက်ချင်းရန်စောင်တော့သည်။
"ရွှမ်းယန်ရန်...မင်း အချိန်ကိုက်ရောက်လာတာပဲ။ငါတောင် မင်းကို လာရှာတော့မလို့"
လင်းယန်ရန်သည် ထူးဆန်းပေမဲ့ ရင်းနှီးသလိုခံစားနေရသည့် သူ့ရှေ့မှလူကိုပြန်ကြည့်လိုက်သည်။
ထူးဆန်းတာက သူနဲ့သက်ဆိုင်သလိုသာခံစားရသော်လည်း သူကိုယ်တိုင်ကတော့ တခြားသူကို မသိပေ။
သို့သော် ရင်းနှီးမှုမှာ ဤလူသည် မူလပိုင်ရှင်၏ မွေးစားဖခင်ဖြစ်ပြီး မူလပိုင်ရှင်သည် သူတို့အနားတွင် ဆယ့်ခြောက်နှစ်ကြာအောင် နေခဲ့သောကြောင့် ဖြစ်သည်။
လင်းယန်ရန်သည် စာအုပ်ထဲရောက်လာပြီးနောက် မူလပိုင်ရှင်၏မှတ်ဉာဏ်အချို့ကို အမွေဆက်ခံခဲ့သည်။
သို့သော် သူ့ရှေ့ကလူကိုတွေ့သောအခါ သူ့ခန္ဓာကိုယ်က အလိုအလျောက် နောက်ပြန်ဆုတ်မိသွား၏ ။
သူ့ခန္ဓာကိုယ်က သက်တောင့်သက်သာမရှိသလိုခံစားလိုက်ရပြီး သူနားမလည်နိုင်သည့် အရိုးထဲစိမ့်ဝင်နေသည့်အကြောက်တရားတစ်မျိုးမျိုးတွေ့ကြုံခဲ့ရ၍ သူ့အလိုလိုကြောက်ရွံ့နေခြင်းသာဖြစ်ရမည်။
လင်းယန်ရန် မျက်မှောင်ကြုတ်လိုက်သည်။
မူလပိုင်ရှင်အပေါ် ရွှမ်းဟုန်ဝေ မည်မျှအထိ ရက်စက်ခဲ့သည်မသိ။ယခု သူဤခန္ဓာကိုယ်ကို သိသိသာသာကို ပိုင်နေပြီဖြစ်သော်လည်း ယင်းကဲ့သို့အကြောက်တရားမျိုးအပေါ် သူ့ခန္ဓာကိုယ်က တုန့်ပြန်နေဆဲဖြစ်သည်။
လင်းယန်ရန် သူတို့ကိုကြည့်ရုံသာကြည့်ပြီး စကားမပြောချေ။ချုံးရာယွီ သူ့ရှေ့ကိုလျှောက်သွားလိုက်သည်။
သူမ၏ မျဉ်းဖြောင့်လိုပါးလွှာသော မျက်ခုံးများက တွန့်လိမ်သွားကာ ဆိုးဝါးသောလေသံဖြင့် သင်ကြားပေးလာသည်။
"ရွမ်းယန်ရန် မင်း ဘယ်ဟာကောင်းတယ် ဘယ်ဟာဆိုးတယ်ဆိုတာ နားမလည်ဘူးပဲ"
ချုံးရာယွီသည် သူမ၏မွေးစားသားကို သင်ခန်းစာတစ်ခုပေးဖူးသောကြောင့် ယခု သူမပြောချိန်တွင် လေသံနှင့်ကိုယ်နေဟန်ထားမှာ ကွဲပြားသည်။မသိရင် သူမမွေးထားသည့်ခွေးကို တိကျအောင် လေ့ကျင့်ပေးနေသလိုမျိုးပင်။
ရွှမ်းဟုန်ဝေလည်း ချက်ချင်းဝင်ပြောဆိုလာသည်။မူလပိုင်ရှင်အပေါ်ကြိမ်ဖန်များစွာပြောခဲ့ဖူးသည့် PUA ဇာတ်ညွှန်းကို နောက်တစ်ဖန် ထပ်ပြောလာပြန်သည်။
"မင်းကို ဘယ်သူမှမလိုချင်လို့ လမ်းဘေးမှာပစ်ထားခဲ့တာ။မင်းအမေနဲ့ငါက မင်းကိုခေါ်ပြီး ဒီအသက်အရွယ်အထိ စောင့်ရှောက်လာခဲ့တာ။ဆယ်နှစ်ကျော်ကြာ ပြုစုစောင့်ရှောက်ခဲ့တဲ့ ဂရုဏာတရားနဲ့ အသက်ကယ်လာတဲ့ကျေးဇူးတရားကို စကားနဲ့တောင် ပြောလို့မကုန်ဘူးကွ"
သူ့အဖေပြောတာကိုကြားတော့ ရွှမ်းရိဟန် ရုတ်တရက် အနည်းငယ် စိတ်ရှုပ်သွားသည်။
ရွှမ်းရိဟန်ကို မိဘမဲ့ဂေဟာကနေ မွေးစားခဲ့တာလို့ သူ့ အဖေက ပြောခဲ့တာမဟုတ်ဘူးလား။ဒါဆို အခု ဘာလို့ လမ်းဘေးကနေ ကောက်ပြိးမွေးစားထားတာလို့ ပြောနေတာလဲ။
ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူ့မိဘတွေက သူ့အတွက် ဒေါသတွေကို ဖြေဖျောက်ဖို့ပဲ အာရုံရောက်နေတော့ တစ်ခုခုမှားနေပြီဆိုတာ သိပေမယ့် သူထောက်မပြခဲ့ပေ။ သူက နံရံကို မှီပြီး သနားစရာကောင်းတဲ့ မျက်လုံးတွေနဲ့ ပွဲကို ဆက်ကြည့်နေခဲ့သည်။
ရွှန်းဟုန်ဝေဘက်က အခြေခံအုတ်မြစ်ချပြီးပြီဆိုတာကိုမြင်လိုက်သောအခါ ချုံးရာယွီက ချက်ချင်း လင်းယန်ရန်အနားရောက်သွားပြီး သူမရဲ့လက်ချောင်းတွေနဲ့ သူ့အကျီစကိုဆုတ်ကိုင်လိုက်ပြီး
"ဟန်ဟန်က မင်းအစ်ကိုဖြစ်နေတုန်းပဲ။မင်းက ဘာလို့ ဒီလောက်ရက်စက်ပြီး နေရာတိုင်းလိုက်အရှက်ခွဲနေရတာလဲ။မင်း ငါတို့ရွှမ်းမိသားစုကတေ ထွက်သွားတုန်းက မင်း မျကိမနပ်ဖြစ်ခဲ့တယ်ဆိုတာ ငါသိတယ်။ဒါပေမယ့် မင်း ဘာပဲလိုချင်လိုချင် မင်းရဲ့ကိုယ်ပိုင်အကြံဉာဏ်ကို စွန့်လွှတ်လိုက်ပါ။ ငါတို့ မင်းကို အတင်းအကြပ်မလုပ်ဘူး"
အိမ်ကထွက်သွားတဲ့အကြောင်း သူ့မိန်းမပြောနေတာကိုကြားတော့ ရွှန်းဟုနိဝေလည်း ချက်ချင်းပဲ သံယောင်လိုက် လိုက်သည်။
"ဟုတ်တယ်...မင်း လျှောက်တွေးပြီး လုပ်ချင်သလိုလုပ်နေမယ်ဆိုရင် ငါတို့ကိုအဆိုးမဆိုနဲ့။မင်း နည်းပြဆရာတစ်ယောက်ဖြစ်တာနဲ့ လုပ်ချင်သလိုလုပ်လို့ရပြီထင်နေတာလား။မင်း ယုံချင်ယုံ မယုံချင်နေ။မင်း မနက်ဖြန် အထုတ်ပိုက်ပြီး ထွက်သွားအောင် ငါလုပ်လိုက်လို့ရတယ်"
ထိုစကားပြောပြီးနောက် သူသည် အလွန်တရာ ရှုတ်ချသည့် အမူအရာဖြင့် အေးစက်စွာ နှာရှုံ့လိုက်ပြီး
“ဒီ့မတိုင်ခင်က မင်းအမေက မင်းကို သတိရနေခဲ့တာ။နှစ်အနည်းငယ်ကြာပြီးလို့ မင်းအချိုးတွေပြောင်းသွားရင် ပြန်ခေါ်ဖို့လုပ်ထားတာ။အခု မင်းရဲ့အကျည်းတန်တဲ့ရုပ်ကိုမြင်တော့ ဒီအကြောင်းကို မေ့လိုက်တာ ပိုကောင်းမယ်"
ရွှမ်းရိဟန်က ချက်ချင်းဆိုသလို သူ့မိဘတွေရဲ့လက် ကို ကိုင်လိုက်ပြီး
"ပါးနဲ့ မား ဒီလိုတွေမပြောပါနဲ့။ညီလေးကိုလည်း စိတ်မဆိုးပါနဲ့။သူက တမင် သားကိုရည်ရွယ်ပြီး ပစ်မှတ်ထားတာ မဖြစ်နိုင်ဘူး။သူက ...ကိစ္စရပ်တွေကို ကောင်းကောင်းမကိုင်တွယ်နိုင်သေးတာပဲရှိတာပါ။မားတို့ကြားက ဆက်ဆံရေးကို သားကြောင့် အထိခိုက်ခံပြီး အိမ်ပြန်ခေါ်ဖို့မလုပ်ပါနဲ့။အိမ်ပဲပြန်ကြရအောင်ပါ"
သူ့သားလေးက မှားယွင်းစွတ်စွဲခံရပေမယ့် တခြားသူအတွက်လာတောင်းပန်နေတာကိုမြင်တော့ ချုံးရာယွီက တစ်ဖက်မှာစိတ်ဆင်းရဲသွားသလို တစ်ဖက်မှာလည်း စိတ်သက်သာရာရသွားခဲ့သည်။
"ဟန်ဟန်...မင်းက အရမ်းနားလည်ပေးတတ်လွန်းတယ်။သူသာ မင်းရဲ့ဆယ်ပုံတစ်ပုံလောက် သိတတ်ခဲ့မယ်ဆိုရင် ငါတို့ ဒီနေ့ သူ့ကို ဒီလောက်ထိပြောနေရမှာမဟုတ်ဘူး"
သူမ၏သားကို ချီးကျူးပြီးနောက် ချုံးရာယွီက လင်းယန်ရန်ကို အလွန်စက်ဆုပ်သောအကြည့်ဖြင့်ကြည့်လိုက်သည်။
လင်းယန်ရန်သည်လည်း မူလပိုင်ရှင်၏ ခန္ဓာကိုယ်က သူ့အလိုလိုတုံ့ပြန်မှုကြောင့် အနည်းငယ် စိတ်တိုနေသည်။
ရလဒ်အနေနဲ့ ဒိမိသားစုက သူတို့အချင်းချင်း ဘောလီဘောပုတ်ပြောဆိုနေတာက သူ့ကို တိုက်ရိုက် ဖျော်ဖြေနေသလိုပါပဲ။
သူ အမှန်တကယ်ကို ထိုမျှလောက်ထိ ယုတ်ယင်းကြမ်းတမ်းပြီး အချိန်အကြာကြီး ဦးနှောက်ပျက်နေတဲ့လူမျိုးကို တစ်ခါမှမကြုံတွေ့ခဲ့ဖူးပေ။
ဖြစ်နိုင်လျှင် မူရင်းစာအုပ်ကို အခုချက်ချင်းပြေးဖတ်ချင်နေပြီး စာဖတ်သူတွေအနေဖြင့် ဒီမိသားစု ဒီအဓိကဇာတ်ဆောင်ကို ဘယ်လိုမျိုးဆက်လက်ထောက်ပံ့ပေးမလဲဆိုတာကို သူမြင်လိုသည်။
ရွှမ်းမိသားစုက သူတို့အချိတ်အဆက်မိမိပြဇာတ်ကပြီးနောက် လင်းယန်ရန်ဘက်က တုန့်ပြန်မှုကို အားလုံးက တညီတညွတ်တည်းကြည့်ကယ တုန်လှုက်ချောက်ခြားနေကြသည်။
လင်းယန်ရန်သည် သူ့အား မျှော်လင့်တကြီးကြည့်နေသောလူသုံးယောက်ကို ခေါင်းညိတ်ပြလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွေကော့တက်လျက် တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
"အိုကေ"
ရွှမ်းဟုန်ဝေက လင်းယန်ရန်က သူ့ကိုကြောက်လိမ့်မယ်လို့ထင်နေတာလား........
ချုံးရာယွီကရော လင်းယန်ရန်က သူမပြောသလို နောင်တရမဲ့လူလို့ ထင်နေတာလား။
ရွှမ်းရိဟန်ကရော လင်းယန်ရန်က သူ့ကို ငြူစူလာလိမ့်မယ်လို့ထင်နေတာလား....
လင်းယန်ရန်၏မျက်နှာတွင် သူတို့မျှော်လင့်ထားသည့် အမူအရာ ပေါ်မလာသည်ကိုတွေ့လိုက်ရတော့ သူတို့သုံး ယောက်သည် အလွန်အံ့ဩသွားကြသည်။
ဒါက ဘယ်လိုဖြစ်ရတာလဲ... သူ သိပ်စိတ်မပူသင့်ဘူးလား။
သူလိုချင်တဲ့ တုံ့ပြန်မှုကို မရတော့ ရွှမ်းဟုန်ဝေ က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်ပြီး လင်းယန်ရန်၏ခြေလှမ်းအကွာကို လှမ်း၍
"မင်းရဲ့ သဘောထားကရော ဘယ်လိုလဲ။ မင်းဘာမှ ထပ်ပြောချင်တာ မရှိဘူးလား"
ဒီလူအုပ်စုနဲ့ စကားပြောနေရတာက တကယ့်ကို အဆင့်နှိမ့်ချမှုပါပဲ။
Lလင်းယန်ရန်သည် သူတို့နှင့် စကားပြောရန် ပျင်းလွန်းသဖြင့် လှည့်ထွက်သွားချင်သည်။
သို့သော် ရွှမ်းဟုန်ဝေ၏မျက်နှာကိုမြင်ပြီးနောက်တွင် မူလပိုင်ရှင်သည် ၎င်း၏မွေးစားမိဘများထံပေးဆောင်ထားပုံရသည့်ငွေအမြောက်အမြားကို အမှတ်တမဲ့ သတိရမိသဖြင့် ထိုလင်မယားနှစ်ယောက်ကိုကြည့်ကာ မေးလိုက်သည်။
"ငါးသန်း ရပြီးပြီမလား"
တစ်ဖက်လူက သူတို့ဇာတ်က ရာနောက်မလိုက်ပါတဲ့အပြင် တုန့်ပြန်ပုံကိုထူးဆန်းသဖြင့် ရွှမ်းဟုန်ဝေ နှင့် ချုံးရာယွီ တို့ကို ခေတ္တခဏမျှ ထိတ်လန့်သွားစေသည်။
ဒါက ငါးသန်းနဲ့ ဘာဆိုင်လဲ။
စက္ကန့်အနည်းငယ်အကြာတွင် ငွေကိုသတိထားတတ်သူ ရွှမ်းဟုန်ဝေသည် လင်းယန်ရန်၏ဆိုလိုရင်းကို သဘောပေါက်သွားပြီး တင်းမာခက်ထန်သော လေသံဖြင့် ပြန်ဖြေခဲ့သည်။
"ရပြီးပြီ"
လင်းယန်ရန်၏ ပါးစပ်ထောင့်စွန်းမှ အပြုံးသည် နက်ရှိုင်း လာပြီး တစ်ဖက်လူကို ပြန်မေးလိုက်သည်။
"ရပြီးပြီဆိုရင် ကျွန်တော်တို့ကြားက ကိစ္စတွေရှင်းသွားတာကြာပြီလေ။ဒါကို ခင်ဗျားဘက်က ဘာလို့ ဒီအကြောင်းကို ဆက်ပြောချင်နေရတာလဲ"
မူလပိုင်ရှင်က သူတို့အပေါ် ခံစားချက်ရှိတာကြောင့် သူတို့အနေဖြင့် မူလပိုင်ရှင်ကို ထားရာနေ စေရာသွား လုပ်နိုင်ခဲ့၏ ။
သို့သော် ဒီမိသားစုက သူနှင့် ဘာမှမသက်ဆိုင်ပေ။ထို့ကြောင့် သူ့ကို ပြုစုပျိုးထောင်ပေးတဲ့ ကျေးဇူးအကြောင်းကို ပြောရတာက တစ်မျိုးတစ်ဖုံရယ်စရာကောင်းနေသည်။
ထို့အပြင် မူလပိုင်ရှင်ပင်လျှင် ၎င်းတို့ကို ရှင်းရှင်းလင်းလင်းသိမြင်ပြီး နောက်ပိုင်းတွင် သူတို့ကြားက ကိစ္စများရှင်းလင်းကြောင်းသက်သေပြရန် ငွေများကို တိုက်ရိုက်ပေးပို့ခဲ့သည်။သူ့ငွေကို တိတ်တဆိတ်လက်ခံပြီး သူတို့ကိုယ်သူတို့ မြင့်မြတ်တဲ့ထိတ်တန်းပုံစံနဲ့ဖြေရှင်းဖို့ကို အာရုံစိုက်နေတာလား။
လင်းယန်ရန်၏ မာနကြီးသော သဘောထားကို မြင်လိုက်ရသဖြင့် ချုံးရာယွီရင်ထဲ မသက်မသာဖြစ်သွားကာ လင်းယန်ရန်ကို ဒေါသတကြီး လက်ညှိုးထိုးပြီး
"ရွှမ်းယန်ရန်.....မင်း"
လင်းယန်ရန် တစ်ဖက်လူခေါ်သည့်နာမည်ကိုနားထောင်ပြီးနောက် ချက်ချင်း အမှန်ပြင်ပေးလိုက်သည်။
"ကျွန်တော့်နာမည်က ယန်ရန်ပါ။ ကျွန်တော့်မိသားစုနာမည်က ရွှမ်းမဟုတ်ပါဘူး။ကျွန်တော့်ရဲ့ အိမ်ထောင်စုစာရင်းစာအုပ်မှာ ဒီလိုမျိုးရိုးအမည်မရှိပါဘူး။"
ချုံးရာယွီနှင့် ရွှမ်းမိသားစုတို့၏မျက်လုံးထဲမှာတော့ လင်းယန်ရန်၏နောက်ဆုံးစကားက သူတို့ကို တမင်တကာ စိတ်ဆွပေးသလိုဖြစ်နေခဲ့သည်။
သူတို့၏ မျိုးရိုးအမည်ကို လွန်စွာ မကြိုက်သည်ကိုမြင် တော့ နှစ်ယောက်လုံးတုန်လှုပ်သွားကာ ဒေါသထွက်လာကြသည်။
သူတို့အမြင်တွင် လင်းယန်ရန်သည် အရိုက်ခံရတဲ့အခါ ပြန်မကိုက်နိုင်တဲ့ ခွေးကို မွေးမြူထားသလိုပါပဲ။ဒါပေမယ့် ရုတ်တရက် တစ်နေ့မှာတော့ သူက မနာခံရုံသာမကဘဲ ပြန်တောင်မှကိုက်လာပါသေးသည်။
သူ့မွေးစားသားရဲ့ အားနည်းချက်ကို တစ်ခါမှ မခံစားဖူး တဲ့ Xuan Hongwei က သူ့အဖေအခွင့်အရေးအတွက် ဒီလို စိန်ခေါ်မှုမျိုးကို သည်းမခံနိုင်တဲ့အတွက် လက်ကိုမြှောက် ပြီး Lin Yanran ကို သင်ခန်းစာတစ်ခု သင်ပေးချင်ခဲ့တယ်။
သူ့မွေးစားသားက သူတို့ရဲ့အားနည်းချက်ကိုနင်းပြီး ပြန်ပြောသည့်အပေါ် ဖခင်တစ်ယောက်ရဲ့အခွင့်အရေးတစ်ရပ်အနေနှင့် ရွှမ်းဟုန်ဝေသည် လင်းယန်ရန်၏ ထိုကဲ့သို့သော စိန်ခေါ်မှုမျိုးကို သည်းမခံနိုင်တဲ့အတွက် သင်ခန်းစာတစ်ခုပေးရန် လက်ကိုမြှောက်လိုက်သည်။
"မင်း ဒီလောက် နှစ်တွေအကြာကြီး မတိုးတက်လာခဲ့ဘူးဆိုမှတော့ မင်းသွားတွေဘယ်လိုထက်လာအောင်လုပ်ရမလဲဆိုတဲ့နည်းကို ငါလေ့လာခဲ့တယ်။အဲ့ဒီ့တုန်းက မင်းလိုတိရိစ္ဆန်တစ်ကောင်ကို အိမ်ထဲမှာ နှစ်အနည်းငယ်ပိုကြာအောင်ထိန်းထားပြီးဘယ်လိုဘယ်ပုံနေသင့်တယ်ဆိုတာကို ထပ်လေ့ကျင့်ခိုင်းပြီးမှ လွှတ်ပေးလိုက်သင့်တာ"
ငါသင်ထားတဲ့နည်
ရွှမ်းဟုန်ဝေက မူလပိုင်ရှင်ကို အရင်ကပြုမူခဲ့သလိုပါပဲ။လင်းယန်ရန်ပါးကိုရိုက်ရန် သူ့လက်ကိုဆန့်ပြီး ရိုက်ချလိုက်သည်။
သို့သော် သူ၏ပါးရိုက်မှုသည် လမ်းတစ်ဝက်သာရှိသေးချိန် တစ်စုံတစ်ယောက်က သူ့လက်ကိုဆုတ်ကိုင်ကာ တားဆီးလိုက်သည်။
ကုစစ်ရယ်သည် ရွှမ်းဟုန်ဝေ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ သူ့မျက်လုံးများတွင် ရွံမုန်းမှုများ ပြည့်နှက်နေသည်။
"မင်း သူ့အပေါ် နောက်တစ်ခါလက်ရွယ်ရဲရင် ငါ့အဆိုးမဆိုနဲ့"
ရွှမ်းဟုန်ဝေ သူ့လက်ကောက်ဝတ်မှစူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။
"အိုး၊ လွှတ်စမ်း"
ရွှမ်းဟုန်ဝေ နာကျင်မှုကိုကြိတ်မှိတ်သည်းခံပြီး သူ့ရှေ့က လူငယ်ကိုမော့ကြည့်လိုက်သည်။အစက တစ်ဖက်လူကိုသတိပေးစကားဆိုချင်သော်လည်း တစ်ဖက်လူ၏အေးစက်စက်အကြည့်တွေကိုမြင်လိုက်သောအခါ ပါးစပ်ကိုချက်ချင်းပြန်ပိတ်လိုက်သည်။
ဒီလူ့ပုံက အရမ်းဖိနှိပ်ချုပ်ချယ်နိုင်လွန်းတယ်....
တစ်ဖက်လူသည် အသက်နှစ်ဆယ်ကျော်လူငယ်လေးသာဖြစ်သော်လည်း သူ့ရဲ့ရောင်ဝါက ဘယ်သူမှ သူ့ကို အလွယ်တကူ မနှောင့်ယှက်ရဲအောင် ဖိနှိပ်နေခဲ့သည်။
နဂိုက ပြဇာတ်ကို နောက်ကွယ်ကနေပုန်းကာ တိတ်တိတ်လေးကြည့်နေခဲ့သည့် ရွှမ်းရိဟန်သည် ရုတ်ချည်းပေါ်လာသော ကုစစ်ရယ်ကိုမြင်လိုက်သည့်အခိုက်အတန့်တွင် ထိတ်လန့်တုန်လှုပ်သွားရသည်။
သူ ဒီကို ဘယ်တုန်းက ရောက်လာတာလဲ။ ဘယ်လောက်ထိ ကြားလိုက်သေးလဲ။
"ကု ၊ ကုလောင်ရှီး ..."
ကုစစ်ရယ်၏မျက်နှာသာပေးမှုကိုရရန်အခွင့်အရေးကိုအမြဲြဲရှာဖွေနေသော ရွှမ်းရိဟန်သည် သူ့နှလုံးသားထဲတွင် တိတ်တိတ်လေးအော်ခေါ်နေ၏ ။
ကုစစ်ရယ် ရွမ်းရိဟန်ကိုတချက်စိုက်ကြည့်ပြီးနောက် ရွှမ်းဟုန်ဝေ၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။
သို့သော် ဒီအခိုက်အတန့်တွင် သူ့အမူအယာက လေးနက်နေ၏ ။
"ဒါ မင်း မိဘတွေလား"
ရွှမ်းရိဟန်သည် တစ်ဖက်လူ၏အကြည့်ကို လှမ်းမြင်ပြီး ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်သည်။
ဖြစ်နိုင်ရင် လုံးဝဝန်မခံချင်ဘူး။
သူတို့မိသားစုက လင်းယန်ရန်ကိုစုပေါင်းအနိုင်ကျင့်ခဲ့ချိန် ကုစစ်ရယ် ထိုမြင်ကွင်းကိုတွေ့ခဲ့ရတဲ့မြင်ကွင်းကို တွေးကြည့်မိသည်...
ယခုအချိန်တွင် ရွှမ်းရိဟန်သည် သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားနေရသည်...
တကယ်ရှက်စရာကောင်းတယ်။
သူ့မှာ ဒီမှာနေစရာမျက်နှာမရှိတော့ဘူးလို့ ခံစားလာတဲ့ Xuan Yihan Xuan Hongwei è ໙໑宀 ई ဆွဲကိုင်လိုက်ပြီး ထွက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။
သူ ဒီနေရာမှာနေစရာမျက်နှာမရှိတော့ဘူးလို့ ခံစားလာရသည့်အတွက် ရွှမ်းရိဟန်သည် ရွှမ်းဟုန်ဝေ နှင့် ချုံးရာယွီတို့၏လက်ကိုဆုတ်ကိုင်ပြီး ထွက်သွားဖို့ တိုက်တွန်းလိုက်သည်။
"သွားကြစို့၊ သွားကြစို့။"
သူ့မိဘတွေကို ခဏလောက် လမ်းထွက်လျှောက်ဖို့ အမြန်ဆွဲခေါ်လာပြီးနောက် ရွှမ်းရိဟန်သည် နောက်၌ကျန်ခဲ့သော ကုစစ်ရယ်ကိုလှည့်ကြည့်ဖို့ သတ္တိမွေးလိုက်၏ ။
ရလဒ်အနေနဲ့ တစ်ဖက်က သူ့ကို ဒီနေ့ ပထမဆုံးအကြိမ် ကြည့်နေခဲ့တာကို သူ တွေ့လိုက်ရသည်။
သို့သော် ထိုသူ့မျက်လုံးများသည် ရွံရှာမှုတို့ဖြင့်ပြည့်နှက်နေခဲ့ပြီး သတိပေးလိုသောအကြည့်တို့ဖြင့် ကြည့်နေခဲ့ခြင်းသာ....
ရွှမ်းရိဟန်၏မိသားစုသုံးယောက်ထွက်သွားပြီးနောက် လင်းယန်ရန်သည် ကုစစ်ရယ်ကို ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကုလောင်ရှီး"
ကုစစ်ရယ် ခေါင်းယမ်းလိုက်ပြီး လင်းယန်ရန်၏မျက်နှာကို လှည့်ကြည့်ပြီး မေးလိုက်သည်။
"အဆင်ပြေရဲ့လား"
လင်းယန်ရန်နှင့်အတူ ကားပါကင်ကိုသွားဖို့ စီစဉ်ခဲ့ပေမဲ့ ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စမျိုးနဲ့ ကြုံဖို့မမျှော်လင့်ထားမိပေ။
လင်းယန်ရန် ရယ်မောလိုက်ပြီး ခေါင်းခါပြကာ သူအဆင်ပြေကြောင်းပြသလိုက်သည်။
"ဒါက လျှောက်ခုန်နေတဲ့ လူပြက်အနည်းငယ်လောက်ပါပဲ။ငါ မင်းကို ရယ်စေမိပြီ"
တကယ်တော့ အခု ကုစစ်ရယ်ဝင်မကယ်ဘူးဆိုရင်တောင် သူ ရွှမ်းဟုန်ဝေကိုတော့ တားနိုင်ပါသေးသည်။
လင်းယန်ရန်ဘက်က အမှန်အတိုင်းပြောနေပေမယ့် အဲဒါကိုမသိတဲ့ ကုစစ်ရယ်၏အတွေနဲ့တော့ တစ်ထပ်တည်းကျမနေပေ။
သူ လင်းယန်ရန်ဆီသို့လျှောက်သွားကာ တစ်ဖက်လူ၏ပခုံးကိုလက်ဖြင့်ပုတ်ကာ
"သူတို့က မင်း ဝမ်းနည်းတာနဲ့ မတန်ဘူး"
ကုစစ်ရယ်သည် ကုစစ်ရယ်စကား၏ အဓိပ္ပါယ်ကို အစပိုင်းတွင် နားမလည်ခဲ့ပေ။
သူပြန်တွေးကြည့်လိုက်တော့ သင်တန်းသားတွေဖုန်းပြောတဲ့အချိန် သူပြောခဲ့တာကိုပြန်သတိရသွားပြီး ကုစစ်ရယ်က သူ့မိဘအရင်းနှင့် ရွမ်းစုံတွဲကို အထင်လွဲပြီးပြောနေမှန်း သိလိုက်ရသည်။
သို့သော် ကုစစ်ရယ်အား ဒီလိုကိစ္စမျိုးတွေကို မရှင်းပြနိုင်ခဲ့တဲ့အတွက် အမှားအတိုင်းပဲ ထားလိုက်တော့သည်။
"ပြီးသွားပါပြီ၊ ငါ ထပ်ပြီးဂရုမစိုက်တော့ပါဘူး"
လင်းယန်ရန် အိမ်ပြန်ရောက်ပြီးနောက် မူလပိုင်ရှင်၏ ဒိုင်ယာရီကို ထုတ်ဖတ်ရန် အခန်းထဲသို့ ဝင်လာခဲ့သည်။
သူ အခန်းသန့်ရှင်းရေးလုပ်နေချိန် ဒီဒိုင်ယာရီကို မထင်ရှားတဲ့ထောင့်တစ်ခုမှာ တွေ့ခဲ့ခြင်းဖြစ်သည်။
သို့သော် မူရင်းပိုင်ရှင်ကို လေးစားသဖြင့် ထိုအကြောင်းအရာတွေကို ဖွင့်ဖတ်မကြည့်ခဲ့ခြင်းပင်။
ဒါပေမဲ့ ဒီနေ့မှာတော့ ရွှမ်းမိသားစုဝင်သုံးဦးကြား ဆွေးနွေးမှုအတွင်း မူလပိုင်ရှင်၏ အတွေ့အကြုံအချို့ကို သူနားလည်သဘောပေါက်ခဲ့ရသည်။
အထူးသဖြင့် ရွှမ်းဟုန်ဝေရဲ့ "မင်းလိုတိရိစ္ဆာန်လေးတစ်ကောင်ကို ပိုနာခံအောင် သင်ခန်းစာပေးဖို့ နောက်နှစ်အနည်းငယ်လောက် အိမ်မှာနေခွင့်ပေးသင့်တယ်" ဆိုတဲ့စကားတစ်ခွန်းကို လင်းယန်ရန် ပိုတွေးလေလေ ပိုပြဿနာတက်လေလေပါပဲ။
ထို့ကြောင့် လင်းယန်ရန်သည် အဝါရောင်ဒိုင်ယာရီစာအုပ်ကိုဖွင့်ကာ ၎င်းနှင့်ပတ်သက်သော သဲလွန်စအချို့ကို ရှာဖွေခဲ့သည်။
ဤဒိုင်ယာရီသည် အတော်လေးဟောင်းနေပုံရပြီး ၎င်းတွင် အကြောင်းအရာများစွာမရှိသော်လည်း သူ့တွင် မှတ်တမ်းတင်ထားသည့်အကြောင်းအရာသည် လင်းယန်ရန်ကို ထိတ်လန့်စေပါသည်။
မူလပိုင်ရှင်သည် ၎င်း၏မွေးစားမိဘများက သူ့အား မကြာခဏ ရိုက်နှက်ကြိမ်းမောင်းခြင်းခံခဲ့ရပြီး သူ၏ အတန်းပညာများမှာ ညံ့ဖျင်းလှသောကြောင့် စိတ်အားထက်သန်မှုမရှိတဲ့သူ့ကို ရွမ်းဇနီးမောင်နှံက အမြဲလိုလို မနှစ်မြို့တတ်ကြောင်း ၊ ရွမ်းမိသားစုကို အရှက်ရစေသည်ဟု ယူဆပြီး အိမ်ထဲမှာသော့ခတ်ကာ အစာငတ်ခံစေသည်။
မူလပိုင်ရှင်သည် နှိပ်စက်ညှဉ်းပန်းပြီးနောက် ပို၍ သိမ်ငယ်လာခဲ့သည်။
သူ့မိဘတွေက သူ့ကို ဒီလိုအနိုင်ကျင့်တာမှားတယ်လို့ ခံစားဖူးပေမယ့် လင်မယားနှစ်ယောက်ရဲ့ ပြုစုပျိုးထောင်ပေးမှုရဲ့ PUA အောက်မှာတော့ အပြစ်ရှိစိတ်နဲ့ မခုခံခဲ့ပေ။
နောက်ပိုင်းမှာ မူလပိုင်ရှင်က ရွှမ်းရိဟန်ကို အိမ်ပြန်ဖို့ ကူညီပေးခဲ့သည်။ မွေးစားမိဘတွေက သူတို့ရဲ့ဆန္ဒနဲ့အညီ ကိုက်ညီတဲ့သားကို ချက်ခြင်းတွေ့ရှိပြီးနောက်မှာတော့ပိုပိုပြီးနှစ်သက်လာကာ သူ့လိုမထင်ရှားတဲ့အသွင်အပြင်နဲ့သူကို အိမ်ကနေ ထုတ်ပစ်ဖို့ အကြောင်းပြချက် အမျိုးမျိုးကို ရှာဖွေခဲ့သည်။
ထိုကာလအတွင်း ရွှမ်းရိဟန်သည် သူ့ကိုဘောင်ခတ်ဖို့အတွက် အရာများစွာကို ရည်ရွယ်ချက်ရှိရှိဖြင့် မီးလောင်ရာလေပင့်သည့်ကိစ္စရပ်များကိုဖန်တီးခဲ့ရာ သူ၏မွေးစားမိဘများက သူ့ကိုပို၍မျက်မုန်းကျိုးလာပြီး သူ့အပေါ်ပို၍ အေးစက်ကာ ကြမ်းတမ်းလာခဲ့သည်။
မူလပိုင်ရှင်သည် မိသားစုကို အလွန်ချစ်ခင်မြတ်နိုးပြီး မိဘမဲ့မဖြစ်ချင်သောကြောင့် သူတို့အားလုံးကို တစ်ယောက်ပြီးတစ်ယောက် သည်းခံကာ သူတောင်းစားလိုပြုမူကာ အိမ်တွင်နေခဲ့သည်။
သို့သော်လည်း သူ့မိသားစု၏ ချစ်ခင်မှုကို စွန့်လွှတ်ရန် တွန့်ဆုတ်နေခြင်းက သူ့မွေးစားမိဘများ၏ လွမ်းဆွတ်မှုကို လဲလှယ်နိုင်သည်အထိ မထိရောက်ခဲ့ပေ။
သူတို့လင်မယားနှစ်ယောက်သည် တစ်နေ့တာလုံး ဂိမ်းစွဲလန်းနေပြီး စီးပွားရေးမလုပ်ဟူသောအကြောင်းပြချက်ကို တိုက်ရိုက်အသုံးပြုပြီး အင်တာနက်စွဲလမ်းမှုစင်တာကို နှစ်ဝက်ကျော်ကြာအောင် ပို့ခဲ့၏ ။
တစ်နှစ်ခွဲကြာသည်အထိ စိတ်ပျက်စရာကောင်းလှသည့်နေရာမှာ နေခဲ့ရသည့် မူလပိုင်ရှင်သည် ရွှမ်းမိသားစု၏နှလုံးသားမဲ့မှုကို လက်ခံကာ သူ့ဘက်မှစပြီး ရွှမ်းမိသားစုနှင့် အဆက်အသွယ်ဖြတ်ရန် ကမ်းလှမ်းခဲ့သည်။
နောက်ပိုင်းတွင် သူသည် စိတ်ဓာတ်ကျခြင်းဝေဒနာကိုခံစားခဲ့ရပြီး မိမိကိုယ်ကို သတ်သေရန် အကြိမ်ပေါင်းများစွာ ကြံစည်ခဲ့သည်။
မူလပိုင်ရှင်၏ဒိုင်ယာရီကိုဖတ်ပြီးနောက် လင်းယန်ရန်၏နှလုံးသား နာကျင်လာရသည်။
မူလပိုင်ရှင်သည် သူသိထားသည့် ဇာတ်ကောင်နှင့် အရမ်းလိုက်ဖက်တယ်လို့ သူအရင်က ခံစားခဲ့ဖူးသည်။
ညီမျှမှုမရှိတဲ့စာချုပ်များကို သူ့ဆန္ဒအလျောက် လက်မှတ်ရေးထိုးပြီး အချိန်တိုင်း စက္ကန့်တိုင်း နာရီတိုင်း ဖျော်ဖြေရေးများတွင်ပါဝင်ပြီး အချိန်ကုန်ဆုံးဖို့ဆုံးဖြတ်ခဲ့ခြင်းပင်။
အမည်းရောင်ပရိသတ်တွေ ဘယ်လောက်ပဲ ကောလဟာလတွေဖြန့်ပြီး စော်ကားနေပါစေ သူကိုယ်တိုင်အတွက် ဘယ်တော့မှ ထွက်မရှင်းပြခဲ့ချေ။
သူသည် သူ့ကိုယ်ပိုင်ကမ္ဘာငယ်လေးတွင် တစ်ချိန်လုံး နှစ်မြုပ်နေပုံရပြီး အပြင်ဘက်ရှိ မည်သည့်အရာကိုမျှ ဂရုမစိုက်ပုံရသည်။
အခု တစ်ဖက်သားရဲ့ အတွေ့အကြုံကို ဖတ်ပြီးချိန်မှာတော့ အရာအားလုံးကို သူနားလည်လာသည်။
ပိတ်မိနေသောကမ္ဘာလေးထဲ၌ သူ့ကိုယ်သူ ပြန်ပြီးမတိုက်ထုတ်နိုင်တော့တဲ့အတွက် ထိုကမ္ဘာလေးထဲတွင်သာ ပိတ်မိသွားခဲ့ခြင်းဖြစ်ရမည်။
ယင်းအစား သူသည် စိတ်အားထက်သန်နေပြီး ကောင်းမွန်သောဘဝတွင်နေထိုင်ရန် ဘယ်သောအခါမှ တွေးခဲ့ခြင်းမရှိချေ။