အောင်သော၀ေရာပြည်မှာတိုင်းရေးပြည်ရေးကိစ္စရှိသေးတာကြောင့်အစောဟာအရင်ဦးဆုံးပြန်နှင့်သွားသည်။ဘ်ိုးထေလည်းသူ့ဇနီးနွယ်၀ေကမျိုးနွယ်စုတို့အားတာ၀န်တွေနဲ့စီစဥ်စရာတွေရှိနေသေးတာကြောင့်ပြန်သွားလေသည်။ကိုခင်မောင်ကလည်းသူ့မိန်းမကအောင်သော၀ေရာကိုဘဲပြန်ချင်နေတာကြောင့်အစောနဲ့အတူပြန်လိုက်သွားလေသည်။
လှယဥ်ထွေးနဲ့သူရကလည်းမွေးနေ့ပြီးသည်နှင့်ပြန်သွားကြသည်။ကျန်တာကတော့လှထွေးကာလသားချက်ပင်...အောင်သော၀ေရာမှာလည်းမနေနိုင်ပေ။နဂါးပြည်မှာသာပေကပ်ပြီးနေနေသောကာလသားချက်လှထွေးဟာနဂါးပျိုမေသုခရှင်အနားမှာပင်တဖ၀ါးမှမခွာဘဲပေကပ်နေလေသည်။
သုခစာဖတ်နေတာကိုထိုင်ကြည့်နေသည်မှာမနက်ကတည်းကပင်..အခုချိန်ထိမေးလေးကိုထောက်ကာသုခမျက်နှာအားပြုံးပြုံးကြီးစိုက်ကြည့်နေသောလှထွေး..
''လုလင်''
''ဗျာ..အမိပြောလေ''
''တို့ကိုအဲလိုကြည့်နေတာကြာပြီးမညောင်းဘူးလား..မင်းကိုကြည့်နေတာနဲ့တင်တို့မှာတော့ညောင်းလှပြီး..အပြင်လေးဘာလေးထွက်ပြီးလေညင်းခံပါပေါ့လားလုလင်ရဲ့...''
''ကျနော်အမိကိုဘဲကြည့်ချင်တာအမိကအရမ်းလှတယ်...''
''တို့ကလှလို့မင်းကကြည့်ချင်တာပေါ့လေဒါဆိုတို့အဘွားကြီးဖြစ်ရင်ကြည့်အုန်းမှာလား''
''ကြည့်မှာပေါ့အမိရဲ့..အမိဘာတွေဘဲဖြစ်နေပါစေအဘွားကြီးဖြစ်သွားလည်းကျနော်ကတော့ချစ်နေအုန်းမှာဘဲ..အမိကိုသိပ်ချစ်တယ်...''ပြောရင်းသုခရဲ့လက်ကိူဆွဲယူကာနမ်းရှိုက်လိုက်သောလုလင်...
သုခလုလင်ရဲ့အပြုံးနဲ့အပြောတွေကြားမှာရင်ခုန်နေမိသည်မှာအခါခါပင်
ဒီလူသားလေးဟာအမိနဲ့ဆိုအသက်ချင်းကဘိုးဘေးလောက်ကွာခြားသည်။
ဒီလုလင်ကိုမချစ်ဘူးလားဟုမေးလာရင်သိပ်ချစ်တာပေါ့လို့ဖြေမိမှာပင်..ဒီကောင်လေးကိုသုခသိပ်ချစ်တာပေါ့...သုခမခံစားခဲ့ရတဲ့ပျော်ရွှင်ခြင်းတွေဟာဒီကောင်လေးကသုခအတွက်ဖန်တီးပေးခဲ့တာလေ...သုခကို၀မ်းနည်းတဲ့အတွေးတွေမ၀င်အောင်ဘေးနားမှာသုခရဲ့မျက်နှာကိုတစိမ့်စိမ့်ကြည့်နေတဲ့လူသားပေါ့...သုခငိုမယ်ဆိုဒီလူသားကသုခရဲ့မျက်ရည်တွေကိုမကျဆင်းလာအောင်ဟာသတွေပြောပြီးရယ်မောစေသည်။
''သိပ်ချစ်တယ်လုလင်...''
လှထွေးသူမလက်ကိုနမ်းရှိုက်နေရင်းမော့ကြည့်ကာသူမနှုတ်ခမ်းကိုထိရုံမျှသာလှမ်းနမ်းလိုက်ပြီး''ကျနော်အမိကိုအရမ်းချစ်တယ်...''
''ယုံပါတယ်လုလင်တို့အပေါ်မှာမေတ္တာရှိပေးလို့ကျေးဇူးတင်ပါတယ်လုလင်ရယ်..''
''ကျနော့်လိုသက်တမ်းတိုတဲ့မျိုးနွယ်စုကအညတရာလူသားရဲ့မေတ္တာကိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ်အမိ...''
သုခဟာသိပ်ချစ်ရသောလုလင်၏အပြောကိုသဘောကျစွာနဲ့ရယ်မောလိုက်မိသည်။
အော့...၀ေါ့...
ညီလာခံတက်ရောက်နေရသော၀သုန်တစ်ယောက်အစေခံမိန်းမပျိုလေးရဲ့လျှောက်တင်လာသောစကားကြောင့်ညီလာခံထဲကနေအပြေးတပိုင်းပြေးထွက်လာခဲ့လေသည်။
''ဘုံအဆင်ပြေရဲ့လား..သမားတော်ရောက်လာပြီး''လိပ်ပြာကဘုံ့အားကူညီပေးနေချိန်သမားတော်ကရောက်လာလေသည်။
သမားတော်ကအားနည်းပြီးမူး၀ေအော့အန်နေသောရွှေဘုံ၏လက်ကောက်၀တ်ကိုစမ်းသပ်ကြည့်လိုက်လေသည်။
''မိဖုရားခဗျာ၀မ်းသာစရာသတင်းပါဘဲ..မိဖုရားမှာကိုယ်၀န်ရှိနေပါပြီးဘုရား...''
''အို..ဒါကတကယ်လားသမားတော်ကြီး''လိပ်ပြာ၀မ်းသာအားရမေးလိုက်လေသည်။
''တကယ်ပါကျနော်မျိုးသမားတော်လုပ်တဲ့သက်တမ်းနှစ်၅၀၀ရှိပါပြီး...မိဖုရားမှာကိုယ်၀န်ရှိနေတယ်ဆိုတာသေချာပါတယ်''
ဘုံမပူသေးတဲ့ဗိုက်လေးကိူပွတ်သပ်ပြီးပျော်နေမိသည်။
''နှမတော်..''အဆောင်တော်ထဲကိုအပြေးအလွှားရောက်လာသောမောင်တော်ဘုရားဟာတလွန်ပေါ်မှာလဲလျောင်းနေသောဘုံ၏ဖြူဖျော့နေသောမျက်နှာအားမြင်တော့စိုးရိမ်ပူပန်သွားလေသည်။
''နှမတော်မူးပြီးအန်တယ်ဆိုဘယ်လိုဖြစ်ရတာလဲကွယ်...''
''မောင်ဘုံကကိုယ်၀န်ရှိနေလို့မူး၀ေပြီးအော့အန်တာပါ..ကျန်တာမစိုးရိမ်ရပါဘူး''
''အရှင်..ကျနော်မျိုးမိဖုရားအတွက်အားဆေးတွေပေးခဲ့ပါ့မယ်ဘုရား...ကိုယ်၀န်ရှိနေပြီးမို့မိဖုရားကိုသေချာဂရုစိုက်ပေးပါဘုရား''
''ကောင်းပြီးသမားတော်ကြီး..''
''မောင်လိပ်ပြာဘုံ့အတွက်စွပ်ပြုတ်ပူပူလေးသွားလုပ်ပေးမယ်..''
''အင်းလိပ်ပြာ''
လိပ်ပြာထွက်သွားတော့ဘုံလက်လေးကိုအုပ်မိုးဆုတ်ကိုင်ရင်နဖူးကိုအနမ်းခြွေလိုက်လေသည်။
''နေရခက်နေလားနှမ..လှဲနေလိုက်နော်..မောင်တော်နှမဘေးနားမှာရှိနေမယ်''
''မောင်တော်..''
''အင်းပြောလေနှမတော်''
''ဘုံဆီမှာမောင်တော်ရဲ့ရင်သွေးလေးရှိနေတာမောင်တော်မပျော်ဘူးလားဟင်''
''နှမတော်ရယ်မောင်တော်မပျော်ဘဲနေပါ့မလားသိပ်ကိုပျော်တာပေါ့...မောင်တော့်ရင်သွေးကိုလွယ်ပေးလို့နှမတော်ကိုမောင်တော်ကျေးဇူးတင်ပါတယ်ကွယ်...''
''ဘုံမောင်တော့်ရင်သွေးကိုလွယ်ခွင့်ရတာအရမ်းပျော်တယ်မောင်တော်..''
တလွန်ထက်မှာစံမြန်းနေသောအုပ်ချုပ်သူနဂါးသခင်နဲ့မိဖုရားတို့ဟာတစ်ယောက်ကိုတစ်ယောက်နွေးထွေးကြင်နာသောအကြည့်တို့နဲ့ကြည့်နေကြလေသည်။
################################