ရက်အနည်းငယ်ကြာတဲ့အထိ သူ လင်းသစ်အား အဆက်အသွယ်ဖြတ်ထားခဲ့သည်။ လင်းသစ်ဖုန်းကို ဘလော့ထားသလို လင်းသစ်ပို့တဲ့စာတွေလည်း သူမဖတ်ဖြစ်။
သူ့လုပ်ရပ်က လူကြီးမဆန်တာသိပေမဲ့ ခွန်ရှင်းခန့် အဲ့သည့်လောက်ထိ အရေးမစိုက်နိုင်။
သူ့မှာ စံပယ်ချစ်သူရသွားလို့ ကောင်းကောင်းတောင်မကြေကွဲလိုက်ရဘူး ဂျုနီယာတစ်ယောက်ရဲ့အနမ်းကိုခံလိုက်ရပြီး တစ်ညလုံးအိပ်မပျော်ဖြစ်ခဲ့ရတာ။
အဲ့ကောင်လေးသူ့အပေါ်စိတ်ရင်းမှန်တာမမှန်တာတွေ မတွေးအား မျက်နှာချင်းဆိုင်ဖို့တောင် သူကြောက်သည်။
Ring Ring
ဖုန်းသံကြောင့် သူလန့်သွားသည်။ လင်းသစ်သူ့ကို ဖုန်းတွေဆက်တိုက်ခေါ်နေကတည်းက ဖုန်းသံကြားရင် သူ လန့်တက်လာတာဖြစ်သည်။
ယူကြည့်လိုက်တော့ ဇွဲရိပ်ရဲ့ဖုန်း။ သူ့ကို လင်းသစ်အကြောင်းပြောမလို့ ဆက်တာလားတွေးမိတော့ ထူပူလာသည်။
သူမကြားချင်တာအမှန်ဆိုတော့ ဖုန်းကိုမကိုင်လိုက်မိ။ စာတစ်စောင်ဝင်လာခဲ့သည်။
“အစ်ကိုခွန်၊ ကျွန်တော်အစ်ကို့အိမ်ရှေ့မှာ”
ဇွဲရိပ်က သူ့အိမ်ထိ ဘာလာလုပ်တာလဲတွေးရင်း ပြတင်းပေါက်ကနေ သူလှမ်းကြည့်လိုက်သည်။
သို့သော် အိမ်ရှေ့မှာရောက်နေတာက ဇွဲရိပ်မဟုတ်။ လင်းသစ်ဖြစ်ကာ ကားကိုမှီရင်း သူ့အိမ်ထဲကို စိုက်ကြည့်နေခဲ့သည်။
သူ့အခန်းက ထောင့်ဖက်ကျနေတာအပြင် အပင်တချို့ကာနေတော့ လင်းသစ်က သူ့ကိုမမြင်။
သူကတော့ ရင်တုန်ပန်းတုန်ဖြစ်နေတုန်း ဖုန်းကထပ်မြည်လာပြန်သည်။ သူ့ဖုန်းကိုဘလော့ခ်ထားလို့ ဇွဲရိပ်ဖုန်းကို ငှားလာတာလားလေ။
မကိုင်ဘဲထားလိုက်ပြီး လင်းသစ်ကို သူလှမ်းကြည့်နေလိုက်သည်။ ဖုန်းချပြီးတဲ့နောက် ရုတ်တရက်လင်းသစ်က နောက်ခန်းထဲက အထုပ်တချို့ကိုဆွဲကာ သူ့အိမ်ဆီလျှောက်လာနေတာမြင်လိုက်ရသည်။
ခေါင်းနပန်းကြီးကာ အခန်းထဲက သူပြေးထွက်ရတော့သည်။
“ဟေ့ကောင် ဘယ်သွားတာလဲ”
ဖိနပ်မပါ၊ ဘာမပါ ပြေးထွက်သွားတဲ့သူ့ကို ဖေကြီးက သတင်းစာဖတ်ရင်းက လှမ်းအော်သည်။ သူပြန်မဖြေခဲ့အား ခြံပေါက်ဆီကိုရောက်တဲ့အခါ ခြံထဲအပင်စိုက်နေတဲ့မေကြီးက တံခါးဖွင့်ပေးလိုက်၍ လင်းသစ်က အထဲတောင်ရောက်နေခဲ့ပြီ။
“မေကြီး!!”
အကျယ်ကြီးအော်မိသွားတာကြောင့် မေကြီးက သူ့အား ပြုးကြည့်သည်။ ကပြာကယာမျက်နှာထားကို ထိန်းသိမ်းရင်း လင်းသစ်ကို လက်ညိုးထိုးပြလိုက်သည်။
“သား သူ့ကိုခေါ်သွားလိုက်မယ်”
ပြောပြီး လှည့်ထွက်လာတော့ လင်းသစ်က မေကြီးကိုလက်ဆောင်ထုပ်တွေအပ်၊ ခေါင်းငုံ့နှုတ်ဆက်ပြီးကာမှ သူ့နောက်လိုက်လာခဲ့သည်။
အပေါ်ထပ်ကိုတက်တော့ ဖေကြီးက မျက်မှန်ကျော်ကာ သူ့အားလိုက်ကြည့်သည်။ လင်းသစ် ခေါင်းငုံ့နှုတ်ဆက်တဲ့အခါမှာတော့ ပြုံးပြ၏။
တံခါးကိုပိတ်၊ သက်ပြင်းကိုချ၊ တဖက်ကိုအလှည့်၊ အင့်ခနဲ သူ့ခန္ဓာကိုယ်က ဆွဲဖက်ခံလိုက်ရသည်။
“ဘာလုပ်တာလဲလွှတ်!!”
“ခဏပဲ၊ ခဏပါပဲအစ်ကိုရာ”
တင်းကြပ်ထားရင်း အသက်ကိုခပ်ပြင်းပြင်းရှိုက်ရှူနေတဲ့လင်းသစ်ကြောင့် ရုန်းလို့ကလည်းမရတော့ ခွန်ရှင်းခန့် ငြိမ်နေလိုက်ရသည်။
ခဏကြာတော့ သူ့ကိုအလွှတ်ပေးလာတဲ့ လင်းသစ်ရဲ့မျက်နှာက နာကျဉ်နေသလို အပြုံးလေးတစ်ပွင့်ကိုတော့ ချိတ်ဆွဲထားပါ၏။
“ကျွန်တော်အဲ့နေ့ကကိစ္စကို မတောင်းပန်ဘူး၊ ကျွန်တော်အစ်ကို့ကိုသဘောကျတာမို့လို့ အဲ့လိုပြုမူမိသွားတာ၊ ကျွန်တော်အစ်ကို့ကိုချစ်တယ်”
ထိုစကားတွေက သူ့အား ကျဉ်းထဲကြပ်ထဲရောက်စေခဲ့သလို လင်းသစ်ရဲ့နာနာကျင်ကျင်မျက်နှာကို သူမမြင်ချင်တာကြောင့် အကြည့်လွှဲလိုက်မိသည်။
“ငါအဲ့တာတွေဂရုမစိုက်ဘူး၊ မင်းပြန်တော့”
“ချစ်တယ်လို့ပြောနေတယ်လေ၊ ဆက်တိုက်တွန်းထုတ်နေမှာလား”
“အဲ့တော့ဘာဖြစ်လဲ၊ ငါမှမင်းကိုပြန်မချစ်နိုင်တာ၊ ပြီးတော့ မင်းလိုကောင်လေးမျိုးကို ငါကစိတ်ထဲထည့်ဖို့ မအားဘူး”
“ညာတယ်”
“ငါက ဘာလို့ညာရမှာလဲ”
လှည့်ကြည့်ရင်းမေးလိုက်တဲ့သူ့ပခုံးနှစ်ဖက်ကို လင်းသစ်က တင်းနေအောင်ဆုပ်ကိုင်လိုက်ပြီး သူ့မျက်ဝန်းတွေထဲစိုက်ကြည့်လာခဲ့သည်။
“ဒါဆို ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး ကျွန်တော်လိုကောင်ကို စိတ်ထဲရှိမနေပါဘူးလို့ပြော”
“မရှိဘူးကွ၊ သွားစမ်းပါ၊ နောက် ငါ့မျက်စိရှေ့ပေါ်မလာနဲ့”
အခန်းပြင်ကို လင်းသစ်အား အတင်းတွန်းထုတ်လိုက်သည်။
တံခါးကိုကျောမှီလိုက်ပေမဲ့ သူ့ခြေထောက်တွေယိုင်နဲ့ချင်သွားသည်။
ရင်တွေတုန်ပြီး စိတ်ရှုပ်ထွေးရတဲ့ ဒီခံစားချက်ကြီးကို သူမုန်းလိုက်တာ။
.....
“သားလေး ပြန်တော့မလို့လား၊ အဒေါ်က အအေးတောင်ဖျော်လာခဲ့တာ”
လေးပင်နေတဲ့ခြေလှမ်းတွေ၊ တင်းကြပ်နေတဲ့သူ့မျက်နှာထားကို အတက်နိုင်ဆုံးဖြေလျော့ရင်း ခွန်ရှင်းခန့်ရဲ့အမေကို လင်းသစ်ပြုံးပြလိုက်သည်။
“ကျွန်တော် အရေးကြီးလို့ပြန်ရမှာမို့ပါ”
အနားရောက်လာတော့ သူ အအေးခွက်ကလေးကို ခွင့်တောင်းပြီး ယူသောက်လိုက်သည်။ ဖျော်ပေးထားတဲ့စေတနာကို အလကားဟဿမဖြစ်စေချင်သဖြင့်။
သူသောက်လို့ကုန်တဲ့အထိ ခွန်ရှင်းခန့်အမေက ပြုံးရွှင်စွာငေးကြည့်နေခဲ့သည်။
“ကျွန်တော်နောက်မှပဲ ကောင်းကောင်းမိတ်ဆက်ပါတော့မယ်”
“ရပါတယ်၊ ခွန်ကြီးက သူငယ်ချင်းတွေအိမ်ခေါ်မလာဖူးလို့တောင်ပြောယူနေရတာ၊ သားလာတာဝမ်းသာတယ်၊ မကြာမကြာလာနော် သား”
“ဟုတ်ကဲ့အဒေါ်၊ ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦးဗျ”
မိဘနှစ်ပါးကို နှုတ်ဆက်ပြီး သူ အပြင်ကိုထွက်ခဲ့လိုက်သည်။ တင်းကြပ်နေတဲ့ခံစားချက်တွေကို သူရင်ထဲ သိုဝှက်သိမ်းဆည်းရင်း ကားထဲအရောက်မှာ အိမ်ဖက်ကို တချက်ပြန်ကြည့်လိုက်သည်။
သူ လုံးဝလက်မလျော့ဘူး။ သူ့ကိုမချစ်ဘူးလို့ပြောရင် သူလက်ခံနိုင်ပေမဲ့ စိတ်ထဲမထည့်ဘူးဆိုတာကိုတော့ သူလုံးဝလက်မခံနိုင်ဘူး။
အစ်ကိုညာတယ်၊ သူ့မျက်ဝန်းတွေထဲကိုတောင် သေချာစိုက်မကြည့်ရဲပဲနဲ့။
......
လင်းသစ် သူ့အိမ်ကပြန်သွားတာ ရက်သတ္တပတ်ကြာပြီ။ ဖုန်းမဆက်တော့သလို စာလည်းမပို့တော့။
သူထင်တာတော့ လင်းသစ်တစ်ယောက် စိတ်ကစားတာ ရပ်တန့်သွားပြီလို့တွေးသည်။
Ring Ring
ဖုန်းကို သူလှမ်းကြည့်တဲ့အခါ ဆက်သူက အခန်းဖော်။ ထူးထွေပြီးဖုန်းဆက်တက်တဲ့လူစားမဟုတ်တော့ အရေးများကြီးသလားတွေးရင်း သူ ဖုန်းကိုင်လိုက်သည်။
“အေ့ ဘာလဲကွ”
“အေး ခွန်ကြီး မင်းဂျူနီယာလေးလေ”
ထိုစကားကြောင့် သူတွေဝေသွားသည်။ သူ့မှာဂျုနီယာတွေက တအားပဲဟာကို။
“ဘယ်ဂျူနီယာတုန်း”
“ဟိုတလောက အခန်းတံခါးထုပြီး မင်းကိုလာရှာတဲ့တစ်ယောက်လေကွာ”
လင်းသစ်ကိုပြောမှန်းတန်းသိလိုက်ရ၍ ချက်ချင်းပြန်မေးရတော့သည်။
“သူဘာဖြစ်လို့လဲ”
“သူ့ကို ငါ ဝဏ္ဏတို့နဲ့တွေ့လိုက်တယ်ကွ၊ မင်းသိတယ်မလား၊ အရင်တုန်းက ဝဏ္ဏတို့အဖွဲ့ထဲကတစ်ယောက် ဆေးချလို့ထောင်ကျသွားသေးတယ်လေ”
ကျောင်းသားတွေကြားထဲ ဆေးလာရောင်းတာမှာ လာရောင်းသူကိုဖမ်းမမိလိုက်ဘဲ သုံးနေတဲ့ကျောင်းသားသာ ထောင်ကျသွားခဲ့ရတာ သူသေချာမှတ်မိသေးသည်။
ဝဏ္ဏတို့အုပ်စုက ကျောင်းမထွက်ရခင်ကတည်းက အရက်၊ဆေးလိပ်အပြင် မသုံးဖူးတာမရှိဘူးဆိုတာ သူတို့တတွေသိထားပြီးသား။
အဲ့လိုကောင်တွေနဲ့ လင်းသစ်က ဘာသွားလုပ်တာလဲ သူမေးရတော့သည်။
“မင်းအခု သူ့ကိုတွေ့သေးလား”
“ဟင့်အင်း၊ သွားကြပြီကွ၊ ငါကြားတာ မင်းဂျူနီယာက ဆေးဝယ်ဖို့နေရာမေးနေတာပဲ”
ထိုစကားကြောင့် ခေါင်းနပန်းကြီးသွားရသည်။
မငြင်းစဖူး တစ်ခါလေးပဲငြင်းမိတာကို စီနီယာမှပြန်မကြိုက်၍ ဂျုနီယာဆေးချဆိုပြီး သူတော့ နာမည်ကြီးတော့မှာပဲ။
“မင်းဘယ်နားဝယ်ကြမှာလဲကြားလိုက်သေးလား”
“အေး”
ည ၁၁နောက်ပိုင်းအပြင် တွေ့ဆုံကြမည့်နေရာတွေပါ အကုန်သိလိုက်ရ၍ လင်းသစ်ဆီကို သူ ဖုန်းလှမ်းဆက်ရတော့သည်။
သူ့ဖုန်းဆိုတော့ လင်းသစ်ကလည်း ချက်ချင်းကိုကိုင်သည်။
“အစ်ကိုခွန်”
လင်းသစ်ရဲ့အသံဟာ မျှော်လင့်ချက်ကြီးလှ၏။
“လင်းသစ် မင်း ဒီညသွားမဲ့နေရာ၊ လုံးဝမသွားနဲ့”
“အစ်ကိုဘယ်လိုလုပ်သိ...”
စကားစရပ်လိုက်သည့်လင်းသစ်က ချက်ချင်းကို တမျိုးပြောင်းပြောသည်။
“အစ်ကို ဘာကိုလာဂရုစိုက်နေတာလဲ”
“လင်းသစ် ငါ့စကားနားထောင် မင်းဘဝပျက်စီးလိမ့်မယ်”
“ဖြစ်ပါစေပေါ့၊ အစ်ကိုအခုမှလာပြီး အနာပေးလိုက် ဆေးပေးလိုက်မလုပ်နဲ့”
လင်းသစ်ကလည်း ပြောရခက်သည်။
“ငါတောင်းပန်တယ်၊ အဲ့လိုတော့မလုပ်လိုက်ပါနဲ့ကွာ”
နားထောင်ချင်စိတ်ပေါက်အောင် သူပြောပေမဲ့ လင်းသစ်က ခေါင်းမာသည်။
“ဒါဆို အစ်ကိုကျွန်တော့်ဆီရောက်အောင်လာခဲ့လေ၊ အစ်ကို့မှာနှစ်နာရီအချိန်ရသေးတာပဲ၊ အစ်ကိုရောက်မလာခဲ့ဘူးဆိုရင်တော့ ကျွန်တော်ဘာဖြစ်ဖြစ်ပဲ”
ဖုန်းချသွားတဲ့လင်းသစ်ကြောင့် သူ့ခေါင်းဆံပင်တွေကို ထိုးဖွပစ်မိသည်။ ဒီကောင်လေး အဲ့လောက်ထိ မိုက်ရူးရဲဆန်ရသလား။
ဘာလုပ်ရမလဲ အပြေးအလွှားစဉ်းစားပြီးတဲ့နောက် သူ လိုက်သွားဖို့ကိုပဲ ဆုံးဖြတ်ကာ အခန်းထဲမှ အပြေးအလွှားထွက်ခဲ့တော့သည်။
အချိန်ကတရွေ့ရွေ့နှင့် ကားခုံပေါ်ထိုင်ရင်း ခွန်ရှင်းခန့်ရဲ့စိတ်က တောင်ရောက်မြောက်ရောက်ဖြစ်နေခဲ့သည်။
စိတ်လောနေတဲ့သူ့အတွက် ကားကလည်း ကြာနေသလိုပဲ။
သို့နှင့် ဖုန်းထုတ်ကာ လင်းသစ် အရင်ကပို့ထားတဲ့ voice mails တွေကိုသာ နားထောင်နေလိုက်တော့သည်။
“အစ်ကိုခွန်~~~~”
မူးကွဲနေတဲ့အသံနဲ့ လင်းသစ်ကသူ့ကို အကျယ်ကြီးခေါ်သည်။
“အစ်ကိုအရမ်းရက်စက်တယ်ဗျာ၊ ဘာလို့ကျွန်တော့်နားက ထွက်သွားတာလဲ၊ အစ်ကိုခွန် ချက်ချင်းပြန်လာခဲ့~~~”
mails ကကျန်သေးပေမယ့် ထိုနေရာ၌သာရပ်သွားသည်က လင်းသစ် မူးပြီးမှောက်သွားပုံရ၏။
ဒုတိယ voice mail တွင်တော့ အသံကတည်တည်ငြိမ်ငြိမ်။
“အစ်ကိုခွန် အစ်ကိုကျွန်တော့်ကိုမုန်းလို့ အဝေးကိုထွက်သွားတာလား၊ အစ်ကိုမစံပယ်ကို သဘောကျမှန်းကျွန်တော်သိပါတယ်၊ အစ်ကိုကျွန်တော့်ကို လက်မခံရင်လည်းဖြစ်တယ်၊ ဒါပေမဲ့…အစ်ကိုကျွန်တော့်ကို တွေ့ခွင့်လေးတော့ ပေးလို့မရဘူးလားဗျာ”
ငိုသံပါလာတော့ အသည်းနုတဲ့ ခွန်ရှင်းခန့်ပါ မျက်ရည်ဝိုင်းလာသည်။
နေ့စဉ်ရက်ဆက်ပို့ထားတဲ့ voice mails တွေကလည်း မနည်းမနော။ ခံစားချက်တိုင်းက နာကျဉ်နေရသလို သူ့ကိုအနားပြန်ခေါ်တာတွေချည်း။
နားထောင်ရင်း မျက်ရည်လည်ရွဲဖြစ်လာတဲ့အခါ ဘေးလူတွေက ကြည့်ကွက်ကြည့်ကွက်ဖြစ်ကုန်သည်။
သို့ပေမဲ့ သူဂရုမစိုက်နိုင်။ လင်းသစ်ဆီကို အမြန်ရောက်ဖို့ကိုသာ စိတ်ထဲရှိပါတော့သည်။
ရက္အနည္းငယ္ၾကာတဲ့အထိ သူ လင္းသစ္အား အဆက္အသြယ္ျဖတ္ထားခဲ့သည္။ လင္းသစ္ဖုန္းကို ဘေလာ့ထားသလို လင္းသစ္ပို႔တဲ့စာေတြလည္း သူမဖတ္ျဖစ္။
သူ႕လုပ္ရပ္က လူႀကီးမဆန္တာသိေပမဲ့ ခြန္ရွင္းခန႔္ အဲ့သည့္ေလာက္ထိ အေရးမစိုက္နိုင္။
သူ႕မွာ စံပယ္ခ်စ္သူရသြားလို႔ ေကာင္းေကာင္းေတာင္မေၾကကြဲလိုက္ရဘူး ဂ်ဳနီယာတစ္ေယာက္ရဲ႕အနမ္းကိုခံလိုက္ရၿပီး တစ္ညလုံးအိပ္မေပ်ာ္ျဖစ္ခဲ့ရတာ။
အဲ့ေကာင္ေလးသူ႕အေပၚစိတ္ရင္းမွန္တာမမွန္တာေတြ မေတြးအား မ်က္ႏွာခ်င္းဆိုင္ဖို႔ေတာင္ သူေၾကာက္သည္။
Ring Ring
ဖုန္းသံေၾကာင့္ သူလန႔္သြားသည္။ လင္းသစ္သူ႕ကို ဖုန္းေတြဆက္တိုက္ေခၚေနကတည္းက ဖုန္းသံၾကားရင္ သူ လန႔္တက္လာတာျဖစ္သည္။
ယူၾကည့္လိုက္ေတာ့ ဇြဲရိပ္ရဲ႕ဖုန္း။ သူ႕ကို လင္းသစ္အေၾကာင္းေျပာမလို႔ ဆက္တာလားေတြးမိေတာ့ ထူပူလာသည္။
သူမၾကားခ်င္တာအမွန္ဆိုေတာ့ ဖုန္းကိုမကိုင္လိုက္မိ။ စာတစ္ေစာင္ဝင္လာခဲ့သည္။
“အစ္ကိုခြန္၊ ကြၽန္ေတာ္အစ္ကို႔အိမ္ေရွ႕မွာ”
ဇြဲရိပ္က သူ႕အိမ္ထိ ဘာလာလုပ္တာလဲေတြးရင္း ျပတင္းေပါက္ကေန သူလွမ္းၾကည့္လိုက္သည္။
သို႔ေသာ္ အိမ္ေရွ႕မွာေရာက္ေနတာက ဇြဲရိပ္မဟုတ္။ လင္းသစ္ျဖစ္ကာ ကားကိုမွီရင္း သူ႕အိမ္ထဲကို စိုက္ၾကည့္ေနခဲ့သည္။
သူ႕အခန္းက ေထာင့္ဖက္က်ေနတာအျပင္ အပင္တခ်ိဳ႕ကာေနေတာ့ လင္းသစ္က သူ႕ကိုမျမင္။
သူကေတာ့ ရင္တုန္ပန္းတုန္ျဖစ္ေနတုန္း ဖုန္းကထပ္ျမည္လာျပန္သည္။ သူ႕ဖုန္းကိုဘေလာ့ခ္ထားလို႔ ဇြဲရိပ္ဖုန္းကို ငွားလာတာလားေလ။
မကိုင္ဘဲထားလိုက္ၿပီး လင္းသစ္ကို သူလွမ္းၾကည့္ေနလိုက္သည္။ ဖုန္းခ်ၿပီးတဲ့ေနာက္ ႐ုတ္တရက္လင္းသစ္က ေနာက္ခန္းထဲက အထုပ္တခ်ိဳ႕ကိုဆြဲကာ သူ႕အိမ္ဆီေလွ်ာက္လာေနတာျမင္လိုက္ရသည္။
ေခါင္းနပန္းႀကီးကာ အခန္းထဲက သူေျပးထြက္ရေတာ့သည္။
“ေဟ့ေကာင္ ဘယ္သြားတာလဲ”
ဖိနပ္မပါ၊ ဘာမပါ ေျပးထြက္သြားတဲ့သူ႕ကို ေဖႀကီးက သတင္းစာဖတ္ရင္းက လွမ္းေအာ္သည္။ သူျပန္မေျဖခဲ့အား ၿခံေပါက္ဆီကိုေရာက္တဲ့အခါ ၿခံထဲအပင္စိုက္ေနတဲ့ေမႀကီးက တံခါးဖြင့္ေပးလိုက္၍ လင္းသစ္က အထဲေတာင္ေရာက္ေနခဲ့ၿပီ။
“ေမႀကီး!!”
အက်ယ္ႀကီးေအာ္မိသြားတာေၾကာင့္ ေမႀကီးက သူ႕အား ျပဳးၾကည့္သည္။ ကျပာကယာမ်က္ႏွာထားကို ထိန္းသိမ္းရင္း လင္းသစ္ကို လက္ညိုးထိုးျပလိုက္သည္။
“သား သူ႕ကိုေခၚသြားလိုက္မယ္”
ေျပာၿပီး လွည့္ထြက္လာေတာ့ လင္းသစ္က ေမႀကီးကိုလက္ေဆာင္ထုပ္ေတြအပ္၊ ေခါင္းငုံ႕ႏႈတ္ဆက္ၿပီးကာမွ သူ႕ေနာက္လိုက္လာခဲ့သည္။
အေပၚထပ္ကိုတက္ေတာ့ ေဖႀကီးက မ်က္မွန္ေက်ာ္ကာ သူ႕အားလိုက္ၾကည့္သည္။ လင္းသစ္ ေခါင္းငုံ႕ႏႈတ္ဆက္တဲ့အခါမွာေတာ့ ၿပဳံးျပ၏။
တံခါးကိုပိတ္၊ သက္ျပင္းကိုခ်၊ တဖက္ကိုအလွည့္၊ အင့္ခနဲ သူ႕ခႏၶာကိုယ္က ဆြဲဖက္ခံလိုက္ရသည္။
“ဘာလုပ္တာလဲလႊတ္!!”
“ခဏပဲ၊ ခဏပါပဲအစ္ကိုရာ”
တင္းၾကပ္ထားရင္း အသက္ကိုခပ္ျပင္းျပင္းရွိုက္ရႉေနတဲ့လင္းသစ္ေၾကာင့္ ႐ုန္းလို႔ကလည္းမရေတာ့ ခြန္ရွင္းခန႔္ ၿငိမ္ေနလိုက္ရသည္။
ခဏၾကာေတာ့ သူ႕ကိုအလႊတ္ေပးလာတဲ့ လင္းသစ္ရဲ႕မ်က္ႏွာက နာက်ဥ္ေနသလို အၿပဳံးေလးတစ္ပြင့္ကိုေတာ့ ခ်ိတ္ဆြဲထားပါ၏။
“ကြၽန္ေတာ္အဲ့ေန႕ကကိစၥကို မေတာင္းပန္ဘူး၊ ကြၽန္ေတာ္အစ္ကို႔ကိုသေဘာက်တာမို႔လို႔ အဲ့လိုျပဳမူမိသြားတာ၊ ကြၽန္ေတာ္အစ္ကို႔ကိုခ်စ္တယ္”
ထိုစကားေတြက သူ႕အား က်ဥ္းထဲၾကပ္ထဲေရာက္ေစခဲ့သလို လင္းသစ္ရဲ႕နာနာက်င္က်င္မ်က္ႏွာကို သူမျမင္ခ်င္တာေၾကာင့္ အၾကည့္လႊဲလိုက္မိသည္။
“ငါအဲ့တာေတြဂ႐ုမစိုက္ဘူး၊ မင္းျပန္ေတာ့”
“ခ်စ္တယ္လို႔ေျပာေနတယ္ေလ၊ ဆက္တိုက္တြန္းထုတ္ေနမွာလား”
“အဲ့ေတာ့ဘာျဖစ္လဲ၊ ငါမွမင္းကိုျပန္မခ်စ္နိုင္တာ၊ ၿပီးေတာ့ မင္းလိုေကာင္ေလးမ်ိဳးကို ငါကစိတ္ထဲထည့္ဖို႔ မအားဘူး”
“ညာတယ္”
“ငါက ဘာလို႔ညာရမွာလဲ”
လွည့္ၾကည့္ရင္းေမးလိုက္တဲ့သူ႕ပခုံးႏွစ္ဖက္ကို လင္းသစ္က တင္းေနေအာင္ဆုပ္ကိုင္လိုက္ၿပီး သူ႕မ်က္ဝန္းေတြထဲစိုက္ၾကည့္လာခဲ့သည္။
“ဒါဆို ကြၽန္ေတာ့္ကို တည့္တည့္ၾကည့္ၿပီး ကြၽန္ေတာ္လိုေကာင္ကို စိတ္ထဲရွိမေနပါဘူးလို႔ေျပာ”
“မရွိဘူးကြ၊ သြားစမ္းပါ၊ ေနာက္ ငါ့မ်က္စိေရွ႕ေပၚမလာနဲ႕”
အခန္းျပင္ကို လင္းသစ္အား အတင္းတြန္းထုတ္လိုက္သည္။
တံခါးကိုေက်ာမွီလိုက္ေပမဲ့ သူ႕ေျခေထာက္ေတြယိုင္နဲ႕ခ်င္သြားသည္။
ရင္ေတြတုန္ၿပီး စိတ္ရႈပ္ေထြးရတဲ့ ဒီခံစားခ်က္ႀကီးကို သူမုန္းလိုက္တာ။
.....
“သားေလး ျပန္ေတာ့မလို႔လား၊ အေဒၚက အေအးေတာင္ေဖ်ာ္လာခဲ့တာ”
ေလးပင္ေနတဲ့ေျခလွမ္းေတြ၊ တင္းၾကပ္ေနတဲ့သူ႕မ်က္ႏွာထားကို အတက္နိုင္ဆုံးေျဖေလ်ာ့ရင္း ခြန္ရွင္းခန႔္ရဲ႕အေမကို လင္းသစ္ၿပဳံးျပလိုက္သည္။
“ကြၽန္ေတာ္ အေရးႀကီးလို႔ျပန္ရမွာမို႔ပါ”
အနားေရာက္လာေတာ့ သူ အေအးခြက္ကေလးကို ခြင့္ေတာင္းၿပီး ယူေသာက္လိုက္သည္။ ေဖ်ာ္ေပးထားတဲ့ေစတနာကို အလကားဟႆမျဖစ္ေစခ်င္သျဖင့္။
သူေသာက္လို႔ကုန္တဲ့အထိ ခြန္ရွင္းခန႔္အေမက ၿပဳံး႐ႊင္စြာေငးၾကည့္ေနခဲ့သည္။
“ကြၽန္ေတာ္ေနာက္မွပဲ ေကာင္းေကာင္းမိတ္ဆက္ပါေတာ့မယ္”
“ရပါတယ္၊ ခြန္ႀကီးက သူငယ္ခ်င္းေတြအိမ္ေခၚမလာဖူးလို႔ေတာင္ေျပာယူေနရတာ၊ သားလာတာဝမ္းသာတယ္၊ မၾကာမၾကာလာေနာ္ သား”
“ဟုတ္ကဲ့အေဒၚ၊ ဒါဆို ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦးဗ်”
မိဘႏွစ္ပါးကို ႏႈတ္ဆက္ၿပီး သူ အျပင္ကိုထြက္ခဲ့လိုက္သည္။ တင္းၾကပ္ေနတဲ့ခံစားခ်က္ေတြကို သူရင္ထဲ သိုဝွက္သိမ္းဆည္းရင္း ကားထဲအေရာက္မွာ အိမ္ဖက္ကို တခ်က္ျပန္ၾကည့္လိုက္သည္။
သူ လုံးဝလက္မေလ်ာ့ဘူး။ သူ႕ကိုမခ်စ္ဘူးလို႔ေျပာရင္ သူလက္ခံနိုင္ေပမဲ့ စိတ္ထဲမထည့္ဘူးဆိုတာကိုေတာ့ သူလုံးဝလက္မခံနိုင္ဘူး။
အစ္ကိုညာတယ္၊ သူ႕မ်က္ဝန္းေတြထဲကိုေတာင္ ေသခ်ာစိုက္မၾကည့္ရဲပဲနဲ႕။
......
လင္းသစ္ သူ႕အိမ္ကျပန္သြားတာ ရက္သတၱပတ္ၾကာၿပီ။ ဖုန္းမဆက္ေတာ့သလို စာလည္းမပို႔ေတာ့။
သူထင္တာေတာ့ လင္းသစ္တစ္ေယာက္ စိတ္ကစားတာ ရပ္တန႔္သြားၿပီလို႔ေတြးသည္။
Ring Ring
ဖုန္းကို သူလွမ္းၾကည့္တဲ့အခါ ဆက္သူက အခန္းေဖာ္။ ထူးေထြၿပီးဖုန္းဆက္တက္တဲ့လူစားမဟုတ္ေတာ့ အေရးမ်ားႀကီးသလားေတြးရင္း သူ ဖုန္းကိုင္လိုက္သည္။
“ေအ့ ဘာလဲကြ”
“ေအး ခြန္ႀကီး မင္းဂ်ဴနီယာေလးေလ”
ထိုစကားေၾကာင့္ သူေတြေဝသြားသည္။ သူ႕မွာဂ်ဳနီယာေတြက တအားပဲဟာကို။
“ဘယ္ဂ်ဴနီယာတုန္း”
“ဟိုတေလာက အခန္းတံခါးထုၿပီး မင္းကိုလာရွာတဲ့တစ္ေယာက္ေလကြာ”
လင္းသစ္ကိုေျပာမွန္းတန္းသိလိုက္ရ၍ ခ်က္ခ်င္းျပန္ေမးရေတာ့သည္။
“သူဘာျဖစ္လို႔လဲ”
“သူ႕ကို ငါ ဝဏၰတို႔နဲ႕ေတြ႕လိုက္တယ္ကြ၊ မင္းသိတယ္မလား၊ အရင္တုန္းက ဝဏၰတို႔အဖြဲ႕ထဲကတစ္ေယာက္ ေဆးခ်လိဳ႕ေထာင္က်သြားေသးတယ္ေလ”
ေက်ာင္းသားေတြၾကားထဲ ေဆးလာေရာင္းတာမွာ လာေရာင္းသူကိုဖမ္းမမိလိုက္ဘဲ သုံးေနတဲ့ေက်ာင္းသားသာ ေထာင္က်သြားခဲ့ရတာ သူေသခ်ာမွတ္မိေသးသည္။
ဝဏၰတို႔အုပ္စုက ေက်ာင္းမထြက္ရခင္ကတည္းက အရက္၊ေဆးလိပ္အျပင္ မသုံးဖူးတာမရွိဘူးဆိုတာ သူတို႔တေတြသိထားၿပီးသား။
အဲ့လိုေကာင္ေတြနဲ႕ လင္းသစ္က ဘာသြားလုပ္တာလဲ သူေမးရေတာ့သည္။
“မင္းအခု သူ႕ကိုေတြ႕ေသးလား”
“ဟင့္အင္း၊ သြားၾကၿပီကြ၊ ငါၾကားတာ မင္းဂ်ဴနီယာက ေဆးဝယ္ဖို႔ေနရာေမးေနတာပဲ”
ထိုစကားေၾကာင့္ ေခါင္းနပန္းႀကီးသြားရသည္။
မျငင္းစဖူး တစ္ခါေလးပဲျငင္းမိတာကို စီနီယာမွျပန္မႀကိဳက္၍ ဂ်ဳနီယာေဆးခ်ဆိဳၿပီး သူေတာ့ နာမည္ႀကီးေတာ့မွာပဲ။
“မင္းဘယ္နားဝယ္ၾကမွာလဲၾကားလိုက္ေသးလား”
“ေအး”
ည ၁၁ေနာက္ပိုင္းအျပင္ ေတြ႕ဆုံၾကမည့္ေနရာေတြပါ အကုန္သိလိုက္ရ၍ လင္းသစ္ဆီကို သူ ဖုန္းလွမ္းဆက္ရေတာ့သည္။
သူ႕ဖုန္းဆိုေတာ့ လင္းသစ္ကလည္း ခ်က္ခ်င္းကိုကိုင္သည္။
“အစ္ကိုခြန္”
လင္းသစ္ရဲ႕အသံဟာ ေမွ်ာ္လင့္ခ်က္ႀကီးလွ၏။
“လင္းသစ္ မင္း ဒီညသြားမဲ့ေနရာ၊ လုံးဝမသြားနဲ႕”
“အစ္ကိုဘယ္လိုလုပ္သိ...”
စကားစရပ္လိုက္သည့္လင္းသစ္က ခ်က္ခ်င္းကို တမ်ိဳးေျပာင္းေျပာသည္။
“အစ္ကို ဘာကိုလာဂ႐ုစိုက္ေနတာလဲ”
“လင္းသစ္ ငါ့စကားနားေထာင္ မင္းဘဝပ်က္စီးလိမ့္မယ္”
“ျဖစ္ပါေစေပါ့၊ အစ္ကိုအခုမွလာၿပီး အနာေပးလိုက္ ေဆးေပးလိုက္မလုပ္နဲ႕”
လင္းသစ္ကလည္း ေျပာရခက္သည္။
“ငါေတာင္းပန္တယ္၊ အဲ့လိုေတာ့မလုပ္လိုက္ပါနဲ႕ကြာ”
နားေထာင္ခ်င္စိတ္ေပါက္ေအာင္ သူေျပာေပမဲ့ လင္းသစ္က ေခါင္းမာသည္။
“ဒါဆို အစ္ကိုကြၽန္ေတာ့္ဆီေရာက္ေအာင္လာခဲ့ေလ၊ အစ္ကို႔မွာႏွစ္နာရီအခ်ိန္ရေသးတာပဲ၊ အစ္ကိုေရာက္မလာခဲ့ဘူးဆိုရင္ေတာ့ ကြၽန္ေတာ္ဘာျဖစ္ျဖစ္ပဲ”
ဖုန္းခ်သြားတဲ့လင္းသစ္ေၾကာင့္ သူ႕ေခါင္းဆံပင္ေတြကို ထိုးဖြပစ္မိသည္။ ဒီေကာင္ေလး အဲ့ေလာက္ထိ မိုက္႐ူးရဲဆန္ရသလား။
ဘာလုပ္ရမလဲ အေျပးအလႊားစဥ္းစားၿပီးတဲ့ေနာက္ သူ လိုက္သြားဖို႔ကိုပဲ ဆုံးျဖတ္ကာ အခန္းထဲမွ အေျပးအလႊားထြက္ခဲ့ေတာ့သည္။
အခ်ိန္ကတေ႐ြ႕ေ႐ြ႕ႏွင့္ ကားခုံေပၚထိုင္ရင္း ခြန္ရွင္းခန႔္ရဲ႕စိတ္က ေတာင္ေရာက္ေျမာက္ေရာက္ျဖစ္ေနခဲ့သည္။
စိတ္ေလာေနတဲ့သူ႕အတြက္ ကားကလည္း ၾကာေနသလိုပဲ။
သို႔ႏွင့္ ဖုန္းထုတ္ကာ လင္းသစ္ အရင္ကပို႔ထားတဲ့ voice mails ေတြကိုသာ နားေထာင္ေနလိုက္ေတာ့သည္။
“အစ္ကိုခြန္~~~~”
မူးကြဲေနတဲ့အသံနဲ႕ လင္းသစ္ကသူ႕ကို အက်ယ္ႀကီးေခၚသည္။
“အစ္ကိုအရမ္းရက္စက္တယ္ဗ်ာ၊ ဘာလို႔ကြၽန္ေတာ့္နားက ထြက္သြားတာလဲ၊ အစ္ကိုခြန္ ခ်က္ခ်င္းျပန္လာခဲ့~~~”
mails ကက်န္ေသးေပမယ့္ ထိုေနရာ၌သာရပ္သြားသည္က လင္းသစ္ မူးၿပီးေမွာက္သြားပုံရ၏။
ဒုတိယ voice mail တြင္ေတာ့ အသံကတည္တည္ၿငိမ္ၿငိမ္။
“အစ္ကိုခြန္ အစ္ကိုကြၽန္ေတာ့္ကိုမုန္းလို႔ အေဝးကိုထြက္သြားတာလား၊ အစ္ကိုမစံပယ္ကို သေဘာက်မွန္းကြၽန္ေတာ္သိပါတယ္၊ အစ္ကိုကြၽန္ေတာ့္ကို လက္မခံရင္လည္းျဖစ္တယ္၊ ဒါေပမဲ့…အစ္ကိုကြၽန္ေတာ့္ကို ေတြ႕ခြင့္ေလးေတာ့ ေပးလို႔မရဘူးလားဗ်ာ”
ငိုသံပါလာေတာ့ အသည္းႏုတဲ့ ခြန္ရွင္းခန႔္ပါ မ်က္ရည္ဝိုင္းလာသည္။
ေန႕စဥ္ရက္ဆက္ပို႔ထားတဲ့ voice mails ေတြကလည္း မနည္းမေနာ။ ခံစားခ်က္တိုင္းက နာက်ဥ္ေနရသလို သူ႕ကိုအနားျပန္ေခၚတာေတြခ်ည္း။
နားေထာင္ရင္း မ်က္ရည္လည္႐ြဲျဖစ္လာတဲ့အခါ ေဘးလူေတြက ၾကည့္ကြက္ၾကည့္ကြက္ျဖစ္ကုန္သည္။
သို႔ေပမဲ့ သူဂ႐ုမစိုက္နိုင္။ လင္းသစ္ဆီကို အျမန္ေရာက္ဖို႔ကိုသာ စိတ္ထဲရွိပါေတာ့သည္။