𝘻𝘢𝘸𝘨𝘺𝘪
Jungkookသည္ ေဖ်ာ္ရည္စက္အေရွ႕၌ ေျခစုံရပ္ကာ အေႂကြေစ့ထည့္ၿပီး ခလုတ္ႏွိပ္လိုက္လွ်င္ colaတစ္ဘူးသည္ စက္အတြင္းကေန က်လာခဲ့သည္ ။
စက္အတြင္းထဲက colaဘူးကို သူ မေကာက္ခင္ အရင္လက္ဦးသြားပါသည့္ သြယ္လ်လ်လက္တစ္ဖက္ ။
ထိုလက္ပိုင္ရွင္ကို Jungkookအၾကည့္ေရာက္မိလွ်င္ ဂ်တ္ကတ္အျဖဴေရာင္ႏွင့္ သစ္လြင္ေတာက္ပစြာဝတ္စားထားေသာ Kim Taehyungကိုေတြ႕လိုက္ရသည္ ။
Kim Taehyungက Jungkookကို ေလးေထာင့္ဆန္ဆန္အၿပဳံးလွလွေလးဆင္ျမန္းျပေနသည္ေၾကာင့္ Jungkookသည္လည္း အားနာပါးနာ ျပန္ၿပဳံးျပလိုက္ရသည္ ။
" Jungkook.. ငါ အေႂကြေစ့မပါလာလို႔... ဒီcolaကို.. ငါ ေသာက္လိုက္လို႔ရတယ္မလား..."
" ေအာ.. ေသာက္ေလ.. ငါ့မွာ အေႂကြေစ့ပါတယ္.. ထပ္ထည့္လိုက္မယ္..."
Jungkookသည္ ေျပာေျပာဆိုဆိုႏွင့္ သူ႕အိတ္ကပ္ထဲကေန အေႂကြေစ့ထပ္ထုတ္ကာ colaဘူးကိုထပ္ထုတ္လိုက္သည္ ။
" ေက်းဇူးပဲေနာ္... Jungkook.. ငါ ေနာက္မွ.. ျပန္ဝယ္တိုက္မယ္..."
" မလိုပါဘူး... အတန္းသားအခ်င္းခ်င္းပဲကို..."
Kim Taehyungက Jungkook အေဖ်ာ္ရည္ဘူးကိုထပ္ထုတ္ၿပီးသည္အထိ Jungkookအနားကေနမသြားေသးဘဲ ရစ္သီေနသည္ေၾကာင့္ Jungkookသည္ ေနရခက္သလိုျဖစ္လာသည္ ။
" မင္း.. အတန္းဘက္ျပန္သြားမွာမလား... Jungkook..."
" အင္း..."
" အတူတူသြားမယ္ေလ..."
" အင္း..."
Jungkookက အေနခက္ေနသလို စကားမရွိစကားရွာေနရသည့္ Taehyungသည္လည္း ေနရခက္ခဲကာ အၿပဳံးတစ္ခုႏွင့္ဖုံးကာထားရသည္ ။
ဒီအတိုင္းဆိုလွ်င္ သူႏွင့္crush၏ဆက္ဆံေရးမွာ တိုးတက္ဖို႔အလားအလာမရွိ၍ ဂြင္ဖန္ရန္စဥ္းစားရသည္ ။
စာရွင္းျပဖို႔ေျပာရမလား?..
သိပ္မၾကာခင္ Assignmentတင္ရေတာ့မည္မို႔ အဲ့ဒီ့ကိစၥႏွင့္ပတ္သက္ၿပီး အေၾကာင္းရွာရင္ရေလာက္မည္ ။
" Jeon Jungkook... ငါ... မင္းကို အကူအညီေတာင္းစရာရွိတယ္..."
" ေအာ.. ေျပာေလ.. ငါ တတ္နိုင္ရင္ ကူညီေပးမယ္..."
" အင္း.. ေနာက္မွေျပာမယ္... ေနာက္မွ...."
အတန္းခ်ိန္နီးၿပီျဖစ္၍ Taehyungသည္ စကားစကိုျပန္ျဖတ္လိုက္ရသည္ ။
အတန္းထဲသို႔အတူတူဝင္လာသည့္ သူတို႔ႏွစ္ဦးအေပၚသို႔ အတန္းသားေတြ၏ သို႔ေလာသို႔ေလာ အၾကည့္မ်ားကက်ေရာက္လာၾကကာ ထင္ျမင္ခ်က္မ်ားကို အခ်င္းခ်င္းတီးတိုးဆိုကုန္ၾကသည္ ။
" Kim Taehyungက... မင္းကိုပဲ မ်က္စိေဒါက္ေထာက္ လိုက္ၾကည့္ေနတာေနာ္... သားႀကီး..."
Jungkook၏အေပါင္းအသင္းမ်ားျဖစ္ေသာ Eunwoo၊ Mingyu၊ Yugyeom၊ Jaehyunတို႔သည္ ကန္တင္းက စားပြဲခုံတန္းတြင္ အတူတူထိုင္ေနၾကရင္းမွ Jungkookဘက္ကို အၾကည့္ေရာက္ေရာက္ေနပါသည့္ တစ္ေက်ာင္းလုံးက အေခ်ာအလွဟုတင္စားရသည့္ Kim Taehyungေၾကာင့္ စေနာက္လိုဟန္ႏွင့္ က်ီစယ္လာၾကသည္ ။
Jungkookသည္လည္း ထိုအခ်င္းအရာကို သတိထားမိကာ သူႏွင့္သိပ္မရင္းႏွီးေသာ Kim Taehyungက အခုတေလာ သူ႕အား တကူးတကၿပဳံးရယ္ျပေနသည္မ်ားကို အေတြးေရာက္လွ်င္ သူရိပ္မိေနသည့္ တစ္စုံတစ္ရာမ်ားျဖစ္ေနမည္လား အေတြးေပါက္သြားရသည္ ။
ဒါဆိုရင္ေတာ့ ဒီအတိုင္း ဆက္သြားလို႔ မျဖစ္ေတာ့ဘူးပဲ..။
" စားစရာရွိတာ စား... သူ႕မွာလည္း.. သူ႕အေၾကာင္းနဲ႕သူ.. ရွိမွာေပါ့..."
" ဝိုး... ဘာအေၾကာင္းမ်ားလဲေနာ္..."
" အဟမ္း... ငါေတာ့ သိသလိုလိုပဲ..."
သူငယ္ခ်င္းေတြ၏ ၿပဳံးစိစိမ်က္ႏွာေပးမ်ားကို Jungkookသည္ အာ႐ုံမရွိဘဲ သူ႕ကိုစိုက္ၾကည့္ေနေသာ ခပ္လွမ္းလွမ္းစားပြဲက Kim Taehyungဆီမသိမသာလွည့္ၾကည့္မိလွ်င္ Kim Taehyungက သူ႕ကို ၿပဳံးျပလာျပန္သည္ ။
ထို႔ေၾကာင့္ Jungkookသည္လည္း တန္ျပန္အၿပဳံးတစ္ခုေပးမိလ်က္ အတန္းၿပီးလွ်င္ေတာ့ Kim Taehyungကို သူရိပ္မိသည့္ကိစၥတစ္စုံတစ္ရာအတြက္ တိုးတိုးတိတ္တိတ္ေမးရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္ ။
" မင္းတို႔ေကာင္ေတြ... ျပန္ႏွင့္လိုက္... ငါ.. ကိစၥရွိလို႔..."
အတန္းခ်ိန္ၿပီးဆုံးသည့္အခါ Jungkookသည္ သူ႕အေပါင္းအသင္းေတြႏွင့္ လိုက္မျပန္ဘဲ တမင္တကာေနာက္ခ်န္ရစ္သည္ ။
Eunwooတို႔ကလည္း စာအုပ္သိမ္းေနေသာ Kim Taehyungရွိရာဘက္ အၾကည့္ေရာက္သြားရင္း အေျခအေနကိုသေဘာေပါက္သလိုမ်ိဳး ၿပဳံးစစမ်က္ႏွာေပးေတြႏွင့္ ဖိုက္တင္းဟုပင္လုပ္ျပသြားေသးလွ်င္ Jungkookသည္ တစ္ခန္းလႊတ္ေနသည့္ သူ႕သူငယ္ခ်င္းေတြ၏အျပဳအမူေၾကာင့္ စိတ္ေလသလို ေခါင္းယမ္းလိုက္သည္ ။
Taehyungသည္ Jeon Jungkookကို အၿမဲတေစ အာ႐ုံစိုက္ေနသူမို႔ Jeon Jungkookက ေနာက္ခ်န္ေနခဲ့မွန္းကိုသိလိုက္လွ်င္ သူလည္း Jiminကို အရင္သြားႏွင့္ရန္ မ်က္ရိပ္ျပ႐ုံသာမက လူကိုယ္တိုင္ကိုယ္က် တြန္းပါလႊတ္လိုက္သည္ ။
" ဘာလို႔လဲ.. အတူတူျပန္မယ္ေလ..."
အရိပ္အကဲမသိေသးသည့္ Jiminေၾကာင့္ Taehyungမွာ စာသင္ခုံတြင္က်န္ရစ္ေနေသးေသာ Jungkookဘက္ကို မ်က္ရိပ္ျပလိုက္သည္ ။
" ေအာ္.. ငါ.. သြားၿပီ.. သြားၿပီ.. ဟီးဟီး..."
ထိုအခါမွ Park Jiminက သြားေလးၿဖီးကာ သူ႕၏ေက်ာပိုးအိတ္ကို ေကာက္လြယ္ၿပီး အတန္းတြင္းကေန ထြက္ခြာသြားခဲ့သည္ ။
တစႏွင့္တစ ထြက္သြားၾကပါသည့္အတန္းေဖာ္ေတြေၾကာင့္ စာသင္ခန္းသည္လူရွင္းလင္းသြားရကာ တမင္သက္သက္ တစ္ေယာက္ကိုတစ္ေယာက္ ေစာင့္၍က်န္ရစ္ေသာ Taehyungႏွင့္ Jungkookသာ က်န္ရစ္သည္ ။
Taehyungသည္ ေက်ာပိုးအိတ္ဇစ္ကိုဖြင့္ထားလ်က္သားႏွင့္ စာအုပ္စစ္ဟန္ျပဳေနကာ ႏွလုံးခုန္သံသည္ တဒိတ္ဒိတ္ႏွင့္စတင္သ႐ုပ္ပ်က္လာသည္ ။
အခုအေျခအေနက သူႏွင့္crushက အတန္းထဲမွာ ႏွစ္ေယာက္ထဲသာရွိေတာ့တာမလား...။
Taehyungထိုင္သည့္စာသင္ခုံႏွင့္ လူသြားလမ္းျခားသည့္တစ္ဖက္က အေနာက္အနည္းငယ္ေရာက္သည့္ စာသင္ခုံမွာရပ္ေနေသာJungkookသည္ လူရွင္းသြားသည္ႏွင့္ Taehyungရွိရာသို႔ ခ်ဥ္းကပ္လာခဲ့သည္ ။
" Taehyung ssi...."
ႏွလုံးရပ္မတတ္ခံစားလိုက္ရသည့္ အခိုက္အတန့္ ။
" ေအာ..."
ဘာလဲ.. ။ Jeon Jungkookက Taehyungသူ႕ကို ႀကိဳက္ေနတာကိုသိၿပီး သူကပါ Taehyungကို တစ္ျပန္ႀကိဳက္ေၾကာင္းဝန္ခံမလို႔မ်ားလား...။
မိမိကိုယ္ကိုယ္ ယုံၾကည္ခ်က္ေလးအနည္းငယ္ ကိန္းဝပ္ေနသည့္Kim Taehyungသည္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးႏွင့္အတူ တမင္တကာ ရိုးသားခ်စ္သဖြယ္မ်က္ႏွာထားေလးလုပ္ယူၿပီး Jeon Jungkookဘက္ကို လွည့္ၾကည့္လိုက္သည္ ။
Taehyung၏ စာသင္ခုံေဘးမွာ ေျခစုံရပ္လာခဲ့သည့္ Jeon Jungkookက တစ္စုံတစ္ရာကိုေျပာထြက္ရန္အတြက္ အခက္အခဲရွိေနဟန္ျဖင့္ ေအာက္ႏႈတ္ခမ္းသားကို တစ္ခ်က္ဖိကိုက္သည္ ။
" မင္း... ငါ့ကို ေျပာစရာရွိရင္ေျပာေလ... Jungkook..."
ေရလာေအာင္ ေျမာင္းေပးလိုက္ပါသည့္ Taehyung ။
" ဟို... မင္း.. ငါ့ကို အခုတေလာ... ခဏဆိုသလို.. ေဖာ္ေဖာ္ေ႐ြေ႐ြ ၿပဳံးျပေနတာေတြကေလ..."
သူ ရိပ္မိေနသားပဲ...။
" အင္း.. ဘာျဖစ္လို႔လဲ...."
Taehyungသည္ ရွက္ဝဲဝဲဟန္ေလးႏွင့္ ဦးေခါင္းေလးမွာ ငုံ႕က်သြားရကာ Jungkookသည္လည္း လည္ဂုတ္ကိုအသာယာပြတ္သပ္ၿပီး အားတင္းေျပာခ်လိဳက္သည္ ။
" မင္း... ငါ့ဆီက အကူအညီတစ္ခု ေတာင္းခ်င္တယ္လည္းေျပာထားေတာ့... မဟုတ္မွ.. ဟို.. ပိုက္ဆံအကူအညီေတာင္းခ်င္တာမ်ိဳးဆိုလည္း.. ငါ အကူအညီေပးလို႔ရတာမလို႔... ငါ့ကို ပြင့္ပြင့္လင္းလင္းေျပာ...."
" ဘယ္... ဘယ္လို.. ပိုက္.. ပိုက္ဆံ?..."
crushဆီက မေမွ်ာ္လင့္ထားသည့္စကားေၾကာင့္ Taehyungသည္ ေယာင္ေတာင္ေတာင္ေလးပင္ျဖစ္သြားရသည္ ။
ထိုသည္ကိုပင္ Jeon Jungkookက သူ႕၏ထင္ျမင္ခ်က္က မွန္ကန္သည္ဟုယူဆသြားပုံရသည္ ။
" ဘယ္ေလာက္လိုတာလဲ.. ငါေခ်းေပးမယ္... ငါ.. မင္းကိုအကူအညီေပးဖို႔.. တတ္နိုင္ပါတယ္..."
" ငါ့ပုံစံက.. ပိုက္ဆံေခ်းမယ့္႐ုပ္... ေပါက္ေနတာလား..."
ပိုက္ဆံအိတ္ကိုထုတ္ၿပီးေတာ့ပင္ အပီအျပင္ပိုက္ဆံေခ်းဌားေပးရန္ျပဳမူေနပါေသာ Jeon Jungkookေၾကာင့္ Taehyungသည္ ဟတ္ေကာ့ျဖစ္သြားရသည္ ။
ဘယ္လိုေတာင္လား.. ဒီcrushေကာင္က...။
" ဘယ္ေလာက္ယူမလဲ.. Taehyung ssi... ဒီပမာဏေလာက္ဆိုရလား..."
Taehyung၏လက္ဖဝါးေလးထဲသို႔ အထပ္လိုက္ထည့္ေပးလာပါသည့္ ဝမ္တစ္ေသာင္းတန္ေတြေၾကာင့္ Taehyungသည္ ေျပာစရာစကားေတာင္ အေတာ္ေလးေပ်ာက္ရွသြားသည္ ။
" မေလာက္ေသးဘူးလား..."
Jungkookသည္ သူ႕အတြက္အသုံးစရိတ္ဖယ္ထားသည့္ထဲကေနပင္ တစ္႐ြက္ႏွစ္႐ြက္ေလာက္ထပ္မံ ဆြဲထုတ္လိုက္သည္ ။
Kim Taehyungက ဘယ္ေလာက္ေတာင္ အကူအညီလိုရွာေနသည္မသိ၊ သူ႕ကိုေတြ႕တိုင္း ၿပဳံးျပေဖာ္ေ႐ြေနရသည္မွာ အာပင္ေညာင္းလုေလာက္ၿပီ ။
Jungkookဆီက ေတာင္းဆိုခ်င္ေနသည့္အကူအညီဆိုသည္မွာလည္း ပိုက္ဆံႏွင့္ပတ္သက္သည့္အေၾကာင္းအရာပင္ ျဖစ္လိမ့္မည္ ။
ထို႔အတြက္ Kim Taehyungမွာ ေတာ္႐ုံေျပာမထြက္ခဲ့ရဲတာမလား..။
" မင္း.. ဘာလုပ္ေနတာလဲ.. Jeon Jungkook...."
Taehyungသည္ သူ႕လက္ထဲ ပိုက္ဆံထပ္ထည့္လာေပးပါေသာ Jeon Jungkookေၾကာင့္ စိတ္အေျခအေနသည္အေတာ္ေလးတင္းမာလာၿပီ ။
ဒီငတုံးေကာင္ေတာ့!..
သူ႕ကို ဘာၾကည့္ၿပီး ပိုက္ဆံေခ်းခ်င္တယ္ထင္သြားရတာလဲ?!..
" မင္း.. ပိုက္ဆံလိုတယ္ထင္လို႔... ေခ်း...ေပးတာေလ..."
Jungkookဟာ အနည္းငယ္ေလသံမာေနသည့္Kim Taehyungေၾကာင့္ ထိုအခါမွအေျခအေနက သိပ္မဟန္မွန္းရိပ္စားမိသည္ ။
" ငါ ပိုက္ဆံ မလိုဘူး.. ငါ့မွာရွိတဲ့ပိုက္ဆံက.. မင္းကိုေတာင္ ျပန္ဖို႔သတ္လို႔ရတာမို႔ျပန္ယူလိုက္..."
Jeon Jungkook၏လက္ထဲကို ပိုက္ဆံအေထြးလိုက္အား ျပန္လည္ပစ္ထည့္ေပးလိုက္ၿပီး သူ႕ကိုပိုက္ဆံေခ်းခ်င္သည့္ဟုထင္ရက္ေသာ crushေကာင္ေၾကာင့္ Taehyungသည္ ရယ္ပဲရယ္ရေတာ့မလိုလို၊ ငိုပဲငိုရေတာ့မလိုခံစားခ်က္ႏွင့္ ေက်ာပိုးအိတ္ကိုေကာက္ဆြဲကာ crushေကာင္ကို ေက်ာ္ျဖတ္ထြက္လာခဲ့ေတာ့သည္ ။
အဲ့ဒီ့ငတုံးေကာင္က Taehyungက သူ႕ကိုႀကိဳက္ေနသည္ကို တစ္ေက်ာင္းလုံးသိသြားသည္သာ အဖတ္တင္လိုက္ၿပီး သင္းကေတာ့ရိပ္ကိုမရိပ္မိလိုက္တာ...။
.
.
.
𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.
𝘶𝘯𝘪𝘤𝘰𝘥𝘦
Jungkookသည် ဖျော်ရည်စက်အရှေ့၌ ခြေစုံရပ်ကာ အကြွေစေ့ထည့်ပြီး ခလုတ်နှိပ်လိုက်လျှင် colaတစ်ဘူးသည် စက်အတွင်းကနေ ကျလာခဲ့သည် ။
စက်အတွင်းထဲက colaဘူးကို သူ မကောက်ခင် အရင်လက်ဦးသွားပါသည့် သွယ်လျလျလက်တစ်ဖက် ။
ထိုလက်ပိုင်ရှင်ကို Jungkookအကြည့်ရောက်မိလျှင် ဂျတ်ကတ်အဖြူရောင်နှင့် သစ်လွင်တောက်ပစွာဝတ်စားထားသော Kim Taehyungကိုတွေ့လိုက်ရသည် ။
Kim Taehyungက Jungkookကို လေးထောင့်ဆန်ဆန်အပြုံးလှလှလေးဆင်မြန်းပြနေသည်ကြောင့် Jungkookသည်လည်း အားနာပါးနာ ပြန်ပြုံးပြလိုက်ရသည် ။
" Jungkook.. ငါ အကြွေစေ့မပါလာလို့... ဒီcolaကို.. ငါ သောက်လိုက်လို့ရတယ်မလား..."
" အော.. သောက်လေ.. ငါ့မှာ အကြွေစေ့ပါတယ်.. ထပ်ထည့်လိုက်မယ်..."
Jungkookသည် ပြောပြောဆိုဆိုနှင့် သူ့အိတ်ကပ်ထဲကနေ အကြွေစေ့ထပ်ထုတ်ကာ colaဘူးကိုထပ်ထုတ်လိုက်သည် ။
" ကျေးဇူးပဲနော်... Jungkook.. ငါ နောက်မှ.. ပြန်ဝယ်တိုက်မယ်..."
" မလိုပါဘူး... အတန်းသားအချင်းချင်းပဲကို..."
Kim Taehyungက Jungkook အဖျော်ရည်ဘူးကိုထပ်ထုတ်ပြီးသည်အထိ Jungkookအနားကနေမသွားသေးဘဲ ရစ်သီနေသည်ကြောင့် Jungkookသည် နေရခက်သလိုဖြစ်လာသည် ။
" မင်း.. အတန်းဘက်ပြန်သွားမှာမလား... Jungkook..."
" အင်း..."
" အတူတူသွားမယ်လေ..."
" အင်း..."
Jungkookက အနေခက်နေသလို စကားမရှိစကားရှာနေရသည့် Taehyungသည်လည်း နေရခက်ခဲကာ အပြုံးတစ်ခုနှင့်ဖုံးကာထားရသည် ။
ဒီအတိုင်းဆိုလျှင် သူနှင့်crush၏ဆက်ဆံရေးမှာ တိုးတက်ဖို့အလားအလာမရှိ၍ ဂွင်ဖန်ရန်စဥ်းစားရသည် ။
စာရှင်းပြဖို့ပြောရမလား?..
သိပ်မကြာခင် Assignmentတင်ရတော့မည်မို့ အဲ့ဒီ့ကိစ္စနှင့်ပတ်သက်ပြီး အကြောင်းရှာရင်ရလောက်မည် ။
" Jeon Jungkook... ငါ... မင်းကို အကူအညီတောင်းစရာရှိတယ်..."
" အော.. ပြောလေ.. ငါ တတ်နိုင်ရင် ကူညီပေးမယ်..."
" အင်း.. နောက်မှပြောမယ်... နောက်မှ...."
အတန်းချိန်နီးပြီဖြစ်၍ Taehyungသည် စကားစကိုပြန်ဖြတ်လိုက်ရသည် ။
အတန်းထဲသို့အတူတူဝင်လာသည့် သူတို့နှစ်ဦးအပေါ်သို့ အတန်းသားတွေ၏ သို့လောသို့လော အကြည့်များကကျရောက်လာကြကာ ထင်မြင်ချက်များကို အချင်းချင်းတီးတိုးဆိုကုန်ကြသည် ။
" Kim Taehyungက... မင်းကိုပဲ မျက်စိဒေါက်ထောက် လိုက်ကြည့်နေတာနော်... သားကြီး..."
Jungkook၏အပေါင်းအသင်းများဖြစ်သော Eunwoo၊ Mingyu၊ Yugyeom၊ Jaehyunတို့သည် ကန်တင်းက စားပွဲခုံတန်းတွင် အတူတူထိုင်နေကြရင်းမှ Jungkookဘက်ကို အကြည့်ရောက်ရောက်နေပါသည့် တစ်ကျောင်းလုံးက အချောအလှဟုတင်စားရသည့် Kim Taehyungကြောင့် စနောက်လိုဟန်နှင့် ကျီစယ်လာကြသည် ။
Jungkookသည်လည်း ထိုအချင်းအရာကို သတိထားမိကာ သူနှင့်သိပ်မရင်းနှီးသော Kim Taehyungက အခုတလော သူ့အား တကူးတကပြုံးရယ်ပြနေသည်များကို အတွေးရောက်လျှင် သူရိပ်မိနေသည့် တစ်စုံတစ်ရာများဖြစ်နေမည်လား အတွေးပေါက်သွားရသည် ။
ဒါဆိုရင်တော့ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူးပဲ..။
" စားစရာရှိတာ စား... သူ့မှာလည်း.. သူ့အကြောင်းနဲ့သူ.. ရှိမှာပေါ့..."
" ဝိုး... ဘာအကြောင်းများလဲနော်..."
" အဟမ်း... ငါတော့ သိသလိုလိုပဲ..."
သူငယ်ချင်းတွေ၏ ပြုံးစိစိမျက်နှာပေးများကို Jungkookသည် အာရုံမရှိဘဲ သူ့ကိုစိုက်ကြည့်နေသော ခပ်လှမ်းလှမ်းစားပွဲက Kim Taehyungဆီမသိမသာလှည့်ကြည့်မိလျှင် Kim Taehyungက သူ့ကို ပြုံးပြလာပြန်သည် ။
ထို့ကြောင့် Jungkookသည်လည်း တန်ပြန်အပြုံးတစ်ခုပေးမိလျက် အတန်းပြီးလျှင်တော့ Kim Taehyungကို သူရိပ်မိသည့်ကိစ္စတစ်စုံတစ်ရာအတွက် တိုးတိုးတိတ်တိတ်မေးရန် ဆုံးဖြတ်ချက်ချလိုက်သည် ။
" မင်းတို့ကောင်တွေ... ပြန်နှင့်လိုက်... ငါ.. ကိစ္စရှိလို့..."
အတန်းချိန်ပြီးဆုံးသည့်အခါ Jungkookသည် သူ့အပေါင်းအသင်းတွေနှင့် လိုက်မပြန်ဘဲ တမင်တကာနောက်ချန်ရစ်သည် ။
Eunwooတို့ကလည်း စာအုပ်သိမ်းနေသော Kim Taehyungရှိရာဘက် အကြည့်ရောက်သွားရင်း အခြေအနေကိုသဘောပေါက်သလိုမျိုး ပြုံးစစမျက်နှာပေးတွေနှင့် ဖိုက်တင်းဟုပင်လုပ်ပြသွားသေးလျှင် Jungkookသည် တစ်ခန်းလွှတ်နေသည့် သူ့သူငယ်ချင်းတွေ၏အပြုအမူကြောင့် စိတ်လေသလို ခေါင်းယမ်းလိုက်သည် ။
Taehyungသည် Jeon Jungkookကို အမြဲတစေ အာရုံစိုက်နေသူမို့ Jeon Jungkookက နောက်ချန်နေခဲ့မှန်းကိုသိလိုက်လျှင် သူလည်း Jiminကို အရင်သွားနှင့်ရန် မျက်ရိပ်ပြရုံသာမက လူကိုယ်တိုင်ကိုယ်ကျ တွန်းပါလွှတ်လိုက်သည် ။
" ဘာလို့လဲ.. အတူတူပြန်မယ်လေ..."
အရိပ်အကဲမသိသေးသည့် Jiminကြောင့် Taehyungမှာ စာသင်ခုံတွင်ကျန်ရစ်နေသေးသော Jungkookဘက်ကို မျက်ရိပ်ပြလိုက်သည် ။
" အော်.. ငါ.. သွားပြီ.. သွားပြီ.. ဟီးဟီး..."
ထိုအခါမှ Park Jiminက သွားလေးဖြီးကာ သူ့၏ကျောပိုးအိတ်ကို ကောက်လွယ်ပြီး အတန်းတွင်းကနေ ထွက်ခွာသွားခဲ့သည် ။
တစနှင့်တစ ထွက်သွားကြပါသည့်အတန်းဖော်တွေကြောင့် စာသင်ခန်းသည်လူရှင်းလင်းသွားရကာ တမင်သက်သက် တစ်ယောက်ကိုတစ်ယောက် စောင့်၍ကျန်ရစ်သော Taehyungနှင့် Jungkookသာ ကျန်ရစ်သည် ။
Taehyungသည် ကျောပိုးအိတ်ဇစ်ကိုဖွင့်ထားလျက်သားနှင့် စာအုပ်စစ်ဟန်ပြုနေကာ နှလုံးခုန်သံသည် တဒိတ်ဒိတ်နှင့်စတင်သရုပ်ပျက်လာသည် ။
အခုအခြေအနေက သူနှင့်crushက အတန်းထဲမှာ နှစ်ယောက်ထဲသာရှိတော့တာမလား...။
Taehyungထိုင်သည့်စာသင်ခုံနှင့် လူသွားလမ်းခြားသည့်တစ်ဖက်က အနောက်အနည်းငယ်ရောက်သည့် စာသင်ခုံမှာရပ်နေသောJungkookသည် လူရှင်းသွားသည်နှင့် Taehyungရှိရာသို့ ချဥ်းကပ်လာခဲ့သည် ။
" Taehyung ssi...."
နှလုံးရပ်မတတ်ခံစားလိုက်ရသည့် အခိုက်အတန့် ။
" အော..."
ဘာလဲ.. ။ Jeon Jungkookက Taehyungသူ့ကို ကြိုက်နေတာကိုသိပြီး သူကပါ Taehyungကို တစ်ပြန်ကြိုက်ကြောင်းဝန်ခံမလို့များလား...။
မိမိကိုယ်ကိုယ် ယုံကြည်ချက်လေးအနည်းငယ် ကိန်းဝပ်နေသည့်Kim Taehyungသည် မျှော်လင့်ချက်ရောင်ခြည်လေးနှင့်အတူ တမင်တကာ ရိုးသားချစ်သဖွယ်မျက်နှာထားလေးလုပ်ယူပြီး Jeon Jungkookဘက်ကို လှည့်ကြည့်လိုက်သည် ။
Taehyung၏ စာသင်ခုံဘေးမှာ ခြေစုံရပ်လာခဲ့သည့် Jeon Jungkookက တစ်စုံတစ်ရာကိုပြောထွက်ရန်အတွက် အခက်အခဲရှိနေဟန်ဖြင့် အောက်နှုတ်ခမ်းသားကို တစ်ချက်ဖိကိုက်သည် ။
" မင်း... ငါ့ကို ပြောစရာရှိရင်ပြောလေ... Jungkook..."
ရေလာအောင် မြောင်းပေးလိုက်ပါသည့် Taehyung ။
" ဟို... မင်း.. ငါ့ကို အခုတလော... ခဏဆိုသလို.. ဖော်ဖော်ရွေရွေ ပြုံးပြနေတာတွေကလေ..."
သူ ရိပ်မိနေသားပဲ...။
" အင်း.. ဘာဖြစ်လို့လဲ...."
Taehyungသည် ရှက်ဝဲဝဲဟန်လေးနှင့် ဦးခေါင်းလေးမှာ ငုံ့ကျသွားရကာ Jungkookသည်လည်း လည်ဂုတ်ကိုအသာယာပွတ်သပ်ပြီး အားတင်းပြောချလိုက်သည် ။
" မင်း... ငါ့ဆီက အကူအညီတစ်ခု တောင်းချင်တယ်လည်းပြောထားတော့... မဟုတ်မှ.. ဟို.. ပိုက်ဆံအကူအညီတောင်းချင်တာမျိုးဆိုလည်း.. ငါ အကူအညီပေးလို့ရတာမလို့... ငါ့ကို ပွင့်ပွင့်လင်းလင်းပြော...."
" ဘယ်... ဘယ်လို.. ပိုက်.. ပိုက်ဆံ?..."
crushဆီက မမျှော်လင့်ထားသည့်စကားကြောင့် Taehyungသည် ယောင်တောင်တောင်လေးပင်ဖြစ်သွားရသည် ။
ထိုသည်ကိုပင် Jeon Jungkookက သူ့၏ထင်မြင်ချက်က မှန်ကန်သည်ဟုယူဆသွားပုံရသည် ။
" ဘယ်လောက်လိုတာလဲ.. ငါချေးပေးမယ်... ငါ.. မင်းကိုအကူအညီပေးဖို့.. တတ်နိုင်ပါတယ်..."
" ငါ့ပုံစံက.. ပိုက်ဆံချေးမယ့်ရုပ်... ပေါက်နေတာလား..."
ပိုက်ဆံအိတ်ကိုထုတ်ပြီးတော့ပင် အပီအပြင်ပိုက်ဆံချေးဌားပေးရန်ပြုမူနေပါသော Jeon Jungkookကြောင့် Taehyungသည် ဟတ်ကော့ဖြစ်သွားရသည် ။
ဘယ်လိုတောင်လား.. ဒီcrushကောင်က...။
" ဘယ်လောက်ယူမလဲ.. Taehyung ssi... ဒီပမာဏလောက်ဆိုရလား..."
Taehyung၏လက်ဖဝါးလေးထဲသို့ အထပ်လိုက်ထည့်ပေးလာပါသည့် ဝမ်တစ်သောင်းတန်တွေကြောင့် Taehyungသည် ပြောစရာစကားတောင် အတော်လေးပျောက်ရှသွားသည် ။
" မလောက်သေးဘူးလား..."
Jungkookသည် သူ့အတွက်အသုံးစရိတ်ဖယ်ထားသည့်ထဲကနေပင် တစ်ရွက်နှစ်ရွက်လောက်ထပ်မံ ဆွဲထုတ်လိုက်သည် ။
Kim Taehyungက ဘယ်လောက်တောင် အကူအညီလိုရှာနေသည်မသိ၊ သူ့ကိုတွေ့တိုင်း ပြုံးပြဖော်ရွေနေရသည်မှာ အာပင်ညောင်းလုလောက်ပြီ ။
Jungkookဆီက တောင်းဆိုချင်နေသည့်အကူအညီဆိုသည်မှာလည်း ပိုက်ဆံနှင့်ပတ်သက်သည့်အကြောင်းအရာပင် ဖြစ်လိမ့်မည် ။
ထို့အတွက် Kim Taehyungမှာ တော်ရုံပြောမထွက်ခဲ့ရဲတာမလား..။
" မင်း.. ဘာလုပ်နေတာလဲ.. Jeon Jungkook...."
Taehyungသည် သူ့လက်ထဲ ပိုက်ဆံထပ်ထည့်လာပေးပါသော Jeon Jungkookကြောင့် စိတ်အခြေအနေသည်အတော်လေးတင်းမာလာပြီ ။
ဒီငတုံးကောင်တော့!..
သူ့ကို ဘာကြည့်ပြီး ပိုက်ဆံချေးချင်တယ်ထင်သွားရတာလဲ?!..
" မင်း.. ပိုက်ဆံလိုတယ်ထင်လို့... ချေး...ပေးတာလေ..."
Jungkookဟာ အနည်းငယ်လေသံမာနေသည့်Kim Taehyungကြောင့် ထိုအခါမှအခြေအနေက သိပ်မဟန်မှန်းရိပ်စားမိသည် ။
" ငါ ပိုက်ဆံ မလိုဘူး.. ငါ့မှာရှိတဲ့ပိုက်ဆံက.. မင်းကိုတောင် ပြန်ဖို့သတ်လို့ရတာမို့ပြန်ယူလိုက်..."
Jeon Jungkook၏လက်ထဲကို ပိုက်ဆံအထွေးလိုက်အား ပြန်လည်ပစ်ထည့်ပေးလိုက်ပြီး သူ့ကိုပိုက်ဆံချေးချင်သည့်ဟုထင်ရက်သော crushကောင်ကြောင့် Taehyungသည် ရယ်ပဲရယ်ရတော့မလိုလို၊ ငိုပဲငိုရတော့မလိုခံစားချက်နှင့် ကျောပိုးအိတ်ကိုကောက်ဆွဲကာ crushကောင်ကို ကျော်ဖြတ်ထွက်လာခဲ့တော့သည် ။
အဲ့ဒီ့ငတုံးကောင်က Taehyungက သူ့ကိုကြိုက်နေသည်ကို တစ်ကျောင်းလုံးသိသွားသည်သာ အဖတ်တင်လိုက်ပြီး သင်းကတော့ရိပ်ကိုမရိပ်မိလိုက်တာ...။
.
.
.
𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.