မိုးကုန်၍ဆောင်းရာသီဝင်စပြုလာပြီဖြစ်တာကြောင့် စစ်မင်းဟန် တို့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း တောင်လိုပုံလာပြီဖြစ်သည်...တစ်နေ့အလုပ်တစ်နေ့မပျက်တာတွေများလာတာကြောင့် တစ်ချို့ရက်များတွင် စစ် အိမ်ပြန်မအိပ်ဖြစ်ပါ
"အကိုလေး...ဒီနေ့ကောရုံးမှာအိပ်မှာလား"
အတွင်းရေးမှူးဖြစ်သူ ကိုစိုး ကမေးလာတော့
"အင်း ရုံးမှာပဲအိပ်ဖြစ်မယ်ထင်တယ် ရှော့ပင်းစင်တာပရောဂျက်ကို အပြတ်ဖြတ်ချင်လို့"
"ဟုတ်ကဲ့...ဒါပေမဲ့ အစ်ကိုလေးတစ်ယောက်ထဲအဆင်ပြေပါ့မလား
"ပြေပါတယ် ကိုစိုးဘာမျှစိတ်မပူဘဲ စိတ်ချလက်ချသာအိမ်ပြန်ပါ"
"ဟုတ်ကဲ့...ဒါဆိုကျွန်တော်ပြန်လိုက်တော့မယ်နော်"
"ဟုတ်ပြီ...ဂရုစိုက်ဦးနော်"
အတွင်းရေးမှူးဖြစ်သူ ကိုစိုးလည်းပြန်သွားပြီ၊ တစ်တိုက်လုံးမှာလည်း လုံခြုံရေးဝန်ထမ်းမှအပ အခြားဝန်ထမ်းတစ်ယောက်မှ ရှိတော့သည့်ဟန်မပေါ်၊ အချိန်ကိုကြည့်တော့လည်း ၇ နာရီ ခွဲနေပြီဖြစ်သည်
ညစာလည်းမစားရသေး မနေ့ညကလည်းအိမ်မပြန်ဖြစ်တော့ ဝတ်ထားတဲ့အင်္ကျီကိုမလဲရတာလည်း ၂ ရက်ရှိပြီ သို့ပေမဲ့ အလုပ်ကအရေးကြီးသည်ဖြစ်တာကြောင့်အလုပ်ကိုသာဆက်၍လုပ်နေလိုက်သည်
ထိုစဥ် ဖုန်းအစိမ်းတလုံးဝင်လာတော့
"ဟယ်လို စစ်မင်းဟန်ပြောနေပါတယ်"
"စစ်..."
ရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်ရဲ့အသံ...တစ်သက်မမေ့နိုင်သေးတဲ့အသံ...
"ဖူးလား"
"စစ် ဖူးကိုကူညီပါဦး..."
ဖူးရဲ့ စကားသံတွေကတုန်ရီနေပြီး ငိုနေသည့်ဟန်ရှိသည်
"ဘာဖြစ်တာလည်း...ဖူးအခုဘယ်မှာလည်း"
"ဖူးမေမေ့ကို အကြွေးရှင်တွေဝိုင်းရိုက်လိုက်ကြလို့ ဖူးအခုဘာလုပ်ရမလဲမသိတော့ဘူး...အခုအိမ်ရှေ့မှာလည်း လူတွေရောက်နေကြတယ်...ကူညီပါဦး"
ငိုငိုယိုယို နဲ့အကူအညီတောင်းလာတော့ စစ် လည်းစိတ်ပူတကြီးဖြစ်သွားသည်
"ဟုတ်ပြီ ဟုတ်ပြီ...အခုဖူးအိမ်မှာပဲမလား...ကိုယ်အခုပဲလာခဲ့မယ် ခဏလေးပဲစောင့်နော်"
ပြောပြောပြီးချင်း ကားသော့ယူကာ လုပ်လက်စအလုပ်တွေတောင်အာရုံမရဘဲ ဖူးဆီကိုသွားရန် ကားပါကင်ရှိရာကိုဆင်းလာခဲ့သည် ဂိတ်ဝကလုံခြုံရေးကိုလည်းဘာအကျိုးအကြောင်းမှမရှင်းပြနိုင်တော့ဘဲ ရေးကြီးသုတ်ပြာဖြင့် ကားကိုမောင်းထွက်သွားတာ ဘေးနားမှာရောက်လာသည့်မဒီ့ကိုပင် သူသတိမထားမိပေ
********************************
"ကိုစစ်လည်းအလုပ်တွေများနေတာနဲ့ ဒီနေ့လည်းအိမ်ပြန်မအိပ်ဖြစ်ဘူးထင်ပါတယ်"
သမီးလေးကိုချော့သိပ်နေရင်းနဲ့ မဒီ့ စိတ်က ခင်ပွန်းသည်ကို စိတ်ပူတာကြောင့် ပါးစပ်ကနေရေရွတ်မိသည်
"ညစာရောစားဖြစ်ရဲ့လားမသိဘူး"
"အင်္ကျီအပိုလည်းပါမသွားဘူးထင်တယ်"
"ငါယူသွားပေးရင်ကောင်းမလား"
အမျိုးမျိုးတွေးတောရေရွတ်ရင်းမှ နောက်ဆုံး ထမင်းနှင့်အင်္ကျီသွားပို့ပေးရန် ဆုံးဖြတ်လိုက်သည်
"ဒေါ်လေး...မဒီ့ကိုလေထမင်းချိုင့်လေးပြင်ပေးပါလား ကိုစစ် ကိုထမင်းသွားပို့ပေးမလို့"
"ဟယ် သားလေးကဒီနေ့လည်းပြန်မလာဖြစ်ဘူးလား"
"အင်း...ဖုန်းလည်းမဆက်ဘူးဆိုတော့ အရမ်းအလုပ်ရှုပ်နေတယ်ထင်တယ် သူ့အတွင်းရေးမှူးကိုမေးကြည့်တော့ ရုံးမှာအိပ်ဖြစ်တယ်တဲ့"
"ဟုတ်လား...ဒါနဲ့ သမီးကဘယ်သူနဲ့သွားမှာလည်း"
"မဒီ တစ်ယောက်ထဲဘဲသွားမှာပါ မိုးချုပ်နေပြီဆိုတော့ ဘယ်သူ့ကိုမှခေါ်မသွားချင်တော့ဘူး"
"ဖြစ်ရဲ့လား မှောင်ကမှောင်နဲ့ မောင်ဗေဒါ ကိုပို့ခိုင်းလိုက်ပါ့လား"
"ရပါတယ် ဒေါ်လေးရယ်...သူတို့လည်းနာချိန်မှာ အလုပ်မခိုင်းချင်ပါဘူး မဒီ ကိုယ့်ဘာသာကိုယ်သွားလည်း အပန်းမကြီးပါဘူး...ပေးပြီးတာနဲ့ပြန်ခဲ့လိုက်မယ်"
"အေးကွယ်...ဒါဆိုလည်းဖြေးဖြေးမောင်းသွားနော်"
"ဟုတ်ကဲ့ ဒေါ်လေး...သုန်သုန်လေးကိုလည်းကြည့်ပေးဦးနော်"
"အေးပါ...အေးပါ"
ဒေါ်လေးပြင်ပေးထားတဲ့ ထမင်းချိုင့်နဲ့အဝတ်ထုတ်ကိုယူပြီး ဟန်သာယာ ရုံးရှိတာကိုမောင်းနှင်လာခဲ့သည်။
ရုံးရှေ့ကိုရောက်တော့ ရုံးထဲကနေ ရေးကြီးသုတ်ပြာနဲ့ထွက်လာတဲ့စစ်ကိုတွေ့သည်။ ရှေ့မှာရောက်နေတဲ့သူမရဲ့ကားကိုပင်မတွေ့ သူ့ကားပေါ်ကိုရောက်တာနဲ့အလျင်အမြန်ဖြင့်တစ်နေရာကိုထွက်သွားသည်
မဒီ လည်းညအချိန်ကြီး တစ်ခုခုဖြစ်မှာကိုစိုးရိမ်တာကတစ်ကြောင်း ဘာကိစ္စဖြစ်တာလည်းသိချင်တာကတစ်ကြောင်း စစ် ရဲ့ကားနောက်ကို လိုက်လာခဲ့မိသည်
****************************
ဖူးရဲ့အိမ်နားကိုရောက်ရောက်ချင်း လွန်ခဲ့တဲ့နှစ်တွေမှာ သူမအိမ်ကို သူလာလည်စဥ်အခါက ကားရပ်လေ့ရှိတဲ့နေရာမှာဘဲကားကိုထိုးခဲ့ပြီး ဖူးအိမ်ရှိရာကို ခြေကျင်ဖြင့်လျှောက်ခဲ့သည်
ဖူးတို့အိမ်ရှိရာရပ်ကွက်မှာသာမန်ရပ်ကွက်လေးတစ်ခုဖြစ်သော်လည်း စရိုက်ပေါင်းစုံရှိတဲ့သူတွေနေကြသည်။ ဖူး ၏ အိမ်မှာလမ်း၏ထောင့်စွန်းတွင်ရှိသော ပျင်ထောင်အိမ်လေးတစ်ခုဖြစ်ပြီး ယခုသူ့အိမ်ရှေ့တွင်လည်း ၈ယောက်ခန့်ရှိသည့်လူအုပ်ကအော်ဟစ်ဆဲဆိုလျက်ရှိသည်။ တစ်လမ်းလုံးကလူတွေလည်းထွက်ကြည့်နေကြပြီး စစ် ကိုယ်တိုင်တောင် ထိုလူအုပ်ကိုမနည်းတိုးသွားရသည်
"ဒေါ်သက်ထား ထွက်လာခဲ့စမ်း..."
"ခင်ဗျား...ယူထားတဲ့ကျုပ်အကြွေးတွေပြန်ပေး"
"ဟုတ်တယ် ကျွန်မဆီကချေးထားတဲ့ငွေတွေလည်းပြန်ပေးပါ စောင့်သင့်သလောက်စောင့်ထားပြီးပြီနော်"
"အဖွားကြီး ထွက်လာနော်...ခင်ဗျားထွက်မလာရင် ကျုပ်တို့ရိုက်ခွဲပြီးဝင်လာမှာ"
တစ်ယောက်တစ်ပေါက်ပြောနေသော မျိုးစုံသောစကားသံတွေ ကိုကြားရသည်
စစ်လည်း ထိုလူတွေနားကပ်သွားပြီး
"ဒီက အစ်ကိုတို့ အဒေါ်တို့ခင်ဗျ...ပြသာနာကိုဒီလိုမအော်ဟစ်ဘဲ အေးအေးချမ်းချမ်းဖြေရှင်းကြရအောင်လေ"
စစ် အဲ့လိုပြောလာတော့ အားလုံးရဲ့မျက်လုံးတွေဟာ စစ် ထံသို့ရောက်လာသည်
"မင်းကဘာကောင်လည်း...ရဲလား"
"ရဲတော့မဟုတ်ပါဘူး...ဒါပေမဲ့ ဒီပြသာနာကိုဖြေရှင်းနိုင်မယ့်သူပါ"
"ရဲလည်းမဟုတ်ဘဲနဲ့ ငါတို့ပြသာနာကိုဖြေရှင်းပေးမယ်ဆိုတော့ မင်းကသကြားမင်းလား...ဟားး ဟားးး...ဟားးးး"
စစ် ကိုလှောင်ပြောင်သံဖြင့်ရယ်ကြသည်
"ကျွန်တော်ပြောတာကိုဆုံးအောင်နားထောင်ပါဦး...ခင်ဗျားတို့ဆီမှာဒေါ်သက်ထားတင်နေတဲ့အကျွေးမှန်သမျှကိုကျွန်တော်ပေးပေးပါ့မယ်..."
"ဘာ...သူငါတို့အပေါ်တင်နေတဲ့အကျွေးဘယ်လောက်ထင်လို့လဲ...သိန်းငါးရာ နော် သိန်း၅၀၀ တစ်သိန်း နှစ်သိန်း မဟုတ်ဘူး"
"ငါ့ဆီမှာက သိန်း ၁၀၀"
"ဟုတ်ပါပြီ အစ်ကိုတို့အကြွေးဘယ်လောက်ဘဲဖြစ်ဖြစ် ကျွန်တော်ဆပ်ပေးပါ့မယ် ဒါပေမဲ့အခုတော့ အေးအေးဆေးဆေးစကားပြောရအောင်လေနော်"
"နေပါဦး မင်းကဆပ်ပေးမယ် ပြောရအောင် သူတို့နဲ့ဘာတော်လို့လည်း"
"ကျွန်တော်က ဒေါ်သက်ထား သမီးရဲ့သူငယ်ချင်းပါ...ရော့"
ပြောလည်းပြောအိတ်ကပ်ထဲက လိပ်စာကပ်ကိုပါထုတ်လိုက်တော့
"ဟန်သာယာ...မန်နေဂျင်းဒါရိုက်တာ...စစ်မင်းဟန်...တကယ်ပဲလား"
ဆူပူသောင်းကျန်းနေခဲ့တဲ့သူတွေလည်းတိတ်သွားပြီး မယုံကြည်နိုင်ဖြစ်နေကြသည်
"မယုံရင် ကျွန်တော့်ရုံးကိုတစ်ရက်လောက်လာခဲ့ပါ အစ်ကိုတို့ရဲ့ပိုက်ဆံတွေအကုန်ပြန်ပေးပါ့မယ်...အခုတော့ ညလည်းနက်ပြီဆိုတော့ ပြန်လိုက်ကြပါတော့ အစ်ကိုတို့လုပ်လို့ အိမ်ထဲမှာ ထိခိုက်ထားတဲ့သူလည်းရှိနေတယ်နော်...အစ်ကိုတို့အမှုမပတ်ချင်ရင် ပြန်ကြပါတော့နော်"
စစ် ရဲ့ ပြောစကားကြောင့် အားလုံးကျေနပ်ဟန်ရှိသွားကြပြီး
"မင်းကိုယုံလိုက်မယ်...ငါတို့ကိုလိမ်ရဲလိမ်ကြည့် မင်းအိမ်အထိလိုက်လာမှာ"
စစ် ဘာမှမပြောပဲ ခေါင်းသာညိမ့်ပြလိုက်သည်
အိမ်ရှေ့မှာအုပ်အော်သောင်းနင်းဖြစ်နေတဲ့ လူအုပ်စုလည်းလူစုခွဲသွားသည့်အချိန်တွင် ချစ်ဖူးငုံ ၏ အိမ်တစ်ခါးဆီကို အပြေးသွားလိုက်ပြီး
"ဖူး...တံခါးဖွင့်ပါဦး...ကိုယ်ပါ"
တစ်အောင့်ကြာတော့ တံခါးပွင့်လာပြီး မျက်ရည်တွေနဲ့သူမထွက်ပေါ်လာပြီး စစ် ကိုဖတ်ထားသည်
"စစ် ကယ်ပေလို့ပေါ့...ဖူးတော့ဘဝပျက်ပြီထင်နေတာ"
"အေးပါ...ကိုယ်ရောက်နေပြီပဲ...ဘာမှစိတ်မပူနဲ့တော့ မင်းမေမေ ကိုသာဆေးရုံခေါ်သွားရအောင်"
"ဟုတ်...မေမေ့ကို ဆေးရုံခေါ်သွားပေးပါနော်"
အခန်းထဲမှာ ဦးခေါင်းဒဏ်ရာနဲ့ ထိုင်နေတဲ့ ဒေါ်သက်ထားကို တွဲခေါ်ပြီး ဆေးရုံရှိရာကိုမောင်းနှင်ခေါ်ဆောင်သွားတော့သည်
ထိုဖြစ်စဥ်အစအဆုံးကိုမြင်လိုက်ကြားလိုက်သူကတော့ နွေမဒီ သာဖြစ်သည်။ သူမမျက်လုံးကိုပင်သူမမယုံကြည်နိုင်ပါ၊ ကိုစစ် မှာလည်း ငယ်သံယောစဥ်ကြောင့် ကူညီတာဖြစ်လောက်ပါတယ်လို့ သူမဘာသာ ဖြည့်တွေးကြည့်သော်လည်း တစ်ယောက်နဲ့တစ်ယောပ်ဖက်နေသည့်မြင်ကွင်းမှာ သူမကိုနာကျင်စေသည်။ စိတ်ရှိတိုင်းဆိုလျှင် ငါကတရားဝင်မယားပါ ဆိုပြီး ပွဲကြမ်းပစ်ချင်သော်လည်း သူမကိုယ်တိုင်ကဒုတိယလူဖြစ်နေတာမဟုတ်လား
________________________
မိုးကုန္၍ေဆာင္းရာသီဝင္စျပဳလာၿပီျဖစ္တာေၾကာင့္ စစ္မင္းဟန္ တို႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြလည္း ေတာင္လိုပုံလာၿပီျဖစ္သည္...တစ္ေန႔အလုပ္တစ္ေန႔မပ်က္တာေတြမ်ားလာတာေၾကာင့္ တစ္ခ်ိဳ႕ရက္မ်ားတြင္ စစ္ အိမ္ျပန္မအိပ္ျဖစ္ပါ
"အကိုေလး...ဒီေန႔ေကာ႐ုံးမွာအိပ္မွာလား"
အတြင္းေရးမႉးျဖစ္သူ ကိုစိုး ကေမးလာေတာ့
"အင္း ႐ုံးမွာပဲအိပ္ျဖစ္မယ္ထင္တယ္ ေရွာ့ပင္းစင္တာပေရာဂ်က္ကို အျပတ္ျဖတ္ခ်င္လို႔"
"ဟုတ္ကဲ့...ဒါေပမဲ့ အစ္ကိုေလးတစ္ေယာက္ထဲအဆင္ေျပပါ့မလား
"ေျပပါတယ္ ကိုစိုးဘာမွ်စိတ္မပူဘဲ စိတ္ခ်လက္ခ်သာအိမ္ျပန္ပါ"
"ဟုတ္ကဲ့...ဒါဆိုကြၽန္ေတာ္ျပန္လိုက္ေတာ့မယ္ေနာ္"
"ဟုတ္ၿပီ...ဂ႐ုစိုက္ဦးေနာ္"
အတြင္းေရးမႉးျဖစ္သူ ကိုစိုးလည္းျပန္သြားၿပီ၊ တစ္တိုက္လုံးမွာလည္း လုံၿခဳံေရးဝန္ထမ္းမွအပ အျခားဝန္ထမ္းတစ္ေယာက္မွ ရွိေတာ့သည့္ဟန္မေပၚ၊ အခ်ိန္ကိုၾကည့္ေတာ့လည္း ၇ နာရီ ခြဲေနၿပီျဖစ္သည္
ညစာလည္းမစားရေသး မေန႔ညကလည္းအိမ္မျပန္ျဖစ္ေတာ့ ဝတ္ထားတဲ့အက်ႌကိုမလဲရတာလည္း ၂ ရက္ရွိၿပီ သို႔ေပမဲ့ အလုပ္ကအေရးႀကီးသည္ျဖစ္တာေၾကာင့္အလုပ္ကိုသာဆက္၍လုပ္ေနလိုက္သည္
ထိုစဥ္ ဖုန္းအစိမ္းတလုံးဝင္လာေတာ့
"ဟယ္လို စစ္မင္းဟန္ေျပာေနပါတယ္"
"စစ္..."
ရင္းႏွီးတဲ့အမ်ိဳးသမီးတစ္ေယာက္ရဲ႕အသံ...တစ္သက္မေမ့ႏိုင္ေသးတဲ့အသံ...
"ဖူးလား"
"စစ္ ဖူးကိုကူညီပါဦး..."
ဖူးရဲ႕ စကားသံေတြကတုန္ရီေနၿပီး ငိုေနသည့္ဟန္ရွိသည္
"ဘာျဖစ္တာလည္း...ဖူးအခုဘယ္မွာလည္း"
"ဖူးေမေမ့ကို အေႂကြးရွင္ေတြဝိုင္း႐ိုက္လိုက္ၾကလို႔ ဖူးအခုဘာလုပ္ရမလဲမသိေတာ့ဘူး...အခုအိမ္ေရွ႕မွာလည္း လူေတြေရာက္ေနၾကတယ္...ကူညီပါဦး"
ငိုငိုယိုယို နဲ႔အကူအညီေတာင္းလာေတာ့ စစ္ လည္းစိတ္ပူတႀကီးျဖစ္သြားသည္
"ဟုတ္ၿပီ ဟုတ္ၿပီ...အခုဖူးအိမ္မွာပဲမလား...ကိုယ္အခုပဲလာခဲ့မယ္ ခဏေလးပဲေစာင့္ေနာ္"
ေျပာေျပာၿပီးခ်င္း ကားေသာ့ယူကာ လုပ္လက္စအလုပ္ေတြေတာင္အာ႐ုံမရဘဲ ဖူးဆီကိုသြားရန္ ကားပါကင္ရွိရာကိုဆင္းလာခဲ့သည္ ဂိတ္ဝကလုံၿခဳံေရးကိုလည္းဘာအက်ိဳးအေၾကာင္းမွမရွင္းျပႏိုင္ေတာ့ဘဲ ေရးႀကီးသုတ္ျပာျဖင့္ ကားကိုေမာင္းထြက္သြားတာ ေဘးနားမွာေရာက္လာသည့္မဒီ့ကိုပင္ သူသတိမထားမိေပ
********************************
"ကိုစစ္လည္းအလုပ္ေတြမ်ားေနတာနဲ႔ ဒီေန႔လည္းအိမ္ျပန္မအိပ္ျဖစ္ဘူးထင္ပါတယ္"
သမီးေလးကိုေခ်ာ့သိပ္ေနရင္းနဲ႔ မဒီ့ စိတ္က ခင္ပြန္းသည္ကို စိတ္ပူတာေၾကာင့္ ပါးစပ္ကေနေရ႐ြတ္မိသည္
"ညစာေရာစားျဖစ္ရဲ႕လားမသိဘူး"
"အက်ႌအပိုလည္းပါမသြားဘူးထင္တယ္"
"ငါယူသြားေပးရင္ေကာင္းမလား"
အမ်ိဳးမ်ိဳးေတြးေတာေရ႐ြတ္ရင္းမွ ေနာက္ဆုံး ထမင္းႏွင့္အက်ႌသြားပို႔ေပးရန္ ဆုံးျဖတ္လိုက္သည္
"ေဒၚေလး...မဒီ့ကိုေလထမင္းခ်ိဳင့္ေလးျပင္ေပးပါလား ကိုစစ္ ကိုထမင္းသြားပို႔ေပးမလို႔"
"ဟယ္ သားေလးကဒီေန႔လည္းျပန္မလာျဖစ္ဘူးလား"
"အင္း...ဖုန္းလည္းမဆက္ဘူးဆိုေတာ့ အရမ္းအလုပ္ရႈပ္ေနတယ္ထင္တယ္ သူ႔အတြင္းေရးမႉးကိုေမးၾကည့္ေတာ့ ႐ုံးမွာအိပ္ျဖစ္တယ္တဲ့"
"ဟုတ္လား...ဒါနဲ႔ သမီးကဘယ္သူနဲ႔သြားမွာလည္း"
"မဒီ တစ္ေယာက္ထဲဘဲသြားမွာပါ မိုးခ်ဳပ္ေနၿပီဆိုေတာ့ ဘယ္သူ႔ကိုမွေခၚမသြားခ်င္ေတာ့ဘူး"
"ျဖစ္ရဲ႕လား ေမွာင္ကေမွာင္နဲ႔ ေမာင္ေဗဒါ ကိုပို႔ခိုင္းလိုက္ပါ့လား"
"ရပါတယ္ ေဒၚေလးရယ္...သူတို႔လည္းနာခ်ိန္မွာ အလုပ္မခိုင္းခ်င္ပါဘူး မဒီ ကိုယ့္ဘာသာကိုယ္သြားလည္း အပန္းမႀကီးပါဘူး...ေပးၿပီးတာနဲ႔ျပန္ခဲ့လိုက္မယ္"
"ေအးကြယ္...ဒါဆိုလည္းေျဖးေျဖးေမာင္းသြားေနာ္"
"ဟုတ္ကဲ့ ေဒၚေလး...သုန္သုန္ေလးကိုလည္းၾကည့္ေပးဦးေနာ္"
"ေအးပါ...ေအးပါ"
ေဒၚေလးျပင္ေပးထားတဲ့ ထမင္းခ်ိဳင့္နဲ႔အဝတ္ထုတ္ကိုယူၿပီး ဟန္သာယာ ႐ုံးရွိတာကိုေမာင္းႏွင္လာခဲ့သည္။
႐ုံးေရွ႕ကိုေရာက္ေတာ့ ႐ုံးထဲကေန ေရးႀကီးသုတ္ျပာနဲ႔ထြက္လာတဲ့စစ္ကိုေတြ႕သည္။ ေရွ႕မွာေရာက္ေနတဲ့သူမရဲ႕ကားကိုပင္မေတြ႕ သူ႔ကားေပၚကိုေရာက္တာနဲ႔အလ်င္အျမန္ျဖင့္တစ္ေနရာကိုထြက္သြားသည္
မဒီ လည္းညအခ်ိန္ႀကီး တစ္ခုခုျဖစ္မွာကိုစိုးရိမ္တာကတစ္ေၾကာင္း ဘာကိစၥျဖစ္တာလည္းသိခ်င္တာကတစ္ေၾကာင္း စစ္ ရဲ႕ကားေနာက္ကို လိုက္လာခဲ့မိသည္
****************************
ဖူးရဲ႕အိမ္နားကိုေရာက္ေရာက္ခ်င္း လြန္ခဲ့တဲ့ႏွစ္ေတြမွာ သူမအိမ္ကို သူလာလည္စဥ္အခါက ကားရပ္ေလ့ရွိတဲ့ေနရာမွာဘဲကားကိုထိုးခဲ့ၿပီး ဖူးအိမ္ရွိရာကို ေျခက်င္ျဖင့္ေလွ်ာက္ခဲ့သည္
ဖူးတို႔အိမ္ရွိရာရပ္ကြက္မွာသာမန္ရပ္ကြက္ေလးတစ္ခုျဖစ္ေသာ္လည္း စ႐ိုက္ေပါင္းစုံရွိတဲ့သူေတြေနၾကသည္။ ဖူး ၏ အိမ္မွာလမ္း၏ေထာင့္စြန္းတြင္ရွိေသာ ပ်င္ေထာင္အိမ္ေလးတစ္ခုျဖစ္ၿပီး ယခုသူ႔အိမ္ေရွ႕တြင္လည္း ၈ေယာက္ခန္႔ရွိသည့္လူအုပ္ကေအာ္ဟစ္ဆဲဆိုလ်က္ရွိသည္။ တစ္လမ္းလုံးကလူေတြလည္းထြက္ၾကည့္ေနၾကၿပီး စစ္ ကိုယ္တိုင္ေတာင္ ထိုလူအုပ္ကိုမနည္းတိုးသြားရသည္
"ေဒၚသက္ထား ထြက္လာခဲ့စမ္း..."
"ခင္ဗ်ား...ယူထားတဲ့က်ဳပ္အေႂကြးေတြျပန္ေပး"
"ဟုတ္တယ္ ကြၽန္မဆီကေခ်းထားတဲ့ေငြေတြလည္းျပန္ေပးပါ ေစာင့္သင့္သေလာက္ေစာင့္ထားၿပီးၿပီေနာ္"
"အဖြားႀကီး ထြက္လာေနာ္...ခင္ဗ်ားထြက္မလာရင္ က်ဳပ္တို႔႐ိုက္ခြဲၿပီးဝင္လာမွာ"
တစ္ေယာက္တစ္ေပါက္ေျပာေနေသာ မ်ိဳးစုံေသာစကားသံေတြ ကိုၾကားရသည္
စစ္လည္း ထိုလူေတြနားကပ္သြားၿပီး
"ဒီက အစ္ကိုတို႔ အေဒၚတို႔ခင္ဗ်...ျပသာနာကိုဒီလိုမေအာ္ဟစ္ဘဲ ေအးေအးခ်မ္းခ်မ္းေျဖရွင္းၾကရေအာင္ေလ"
စစ္ အဲ့လိုေျပာလာေတာ့ အားလုံးရဲ႕မ်က္လုံးေတြဟာ စစ္ ထံသို႔ေရာက္လာသည္
"မင္းကဘာေကာင္လည္း...ရဲလား"
"ရဲေတာ့မဟုတ္ပါဘူး...ဒါေပမဲ့ ဒီျပသာနာကိုေျဖရွင္းႏိုင္မယ့္သူပါ"
"ရဲလည္းမဟုတ္ဘဲနဲ႔ ငါတို႔ျပသာနာကိုေျဖရွင္းေပးမယ္ဆိုေတာ့ မင္းကသၾကားမင္းလား...ဟားး ဟားးး...ဟားးးး"
စစ္ ကိုေလွာင္ေျပာင္သံျဖင့္ရယ္ၾကသည္
"ကြၽန္ေတာ္ေျပာတာကိုဆုံးေအာင္နားေထာင္ပါဦး...ခင္ဗ်ားတို႔ဆီမွာေဒၚသက္ထားတင္ေနတဲ့အေကြၽးမွန္သမွ်ကိုကြၽန္ေတာ္ေပးေပးပါ့မယ္..."
"ဘာ...သူငါတို႔အေပၚတင္ေနတဲ့အေကြၽးဘယ္ေလာက္ထင္လို႔လဲ...သိန္းငါးရာ ေနာ္ သိန္း၅၀၀ တစ္သိန္း ႏွစ္သိန္း မဟုတ္ဘူး"
"ငါ့ဆီမွာက သိန္း ၁၀၀"
"ဟုတ္ပါၿပီ အစ္ကိုတို႔အေႂကြးဘယ္ေလာက္ဘဲျဖစ္ျဖစ္ ကြၽန္ေတာ္ဆပ္ေပးပါ့မယ္ ဒါေပမဲ့အခုေတာ့ ေအးေအးေဆးေဆးစကားေျပာရေအာင္ေလေနာ္"
"ေနပါဦး မင္းကဆပ္ေပးမယ္ ေျပာရေအာင္ သူတို႔နဲ႔ဘာေတာ္လို႔လည္း"
"ကြၽန္ေတာ္က ေဒၚသက္ထား သမီးရဲ႕သူငယ္ခ်င္းပါ...ေရာ့"
ေျပာလည္းေျပာအိတ္ကပ္ထဲက လိပ္စာကပ္ကိုပါထုတ္လိုက္ေတာ့
"ဟန္သာယာ...မန္ေနဂ်င္းဒါ႐ိုက္တာ...စစ္မင္းဟန္...တကယ္ပဲလား"
ဆူပူေသာင္းက်န္းေနခဲ့တဲ့သူေတြလည္းတိတ္သြားၿပီး မယုံၾကည္ႏိုင္ျဖစ္ေနၾကသည္
"မယုံရင္ ကြၽန္ေတာ့္႐ုံးကိုတစ္ရက္ေလာက္လာခဲ့ပါ အစ္ကိုတို႔ရဲ႕ပိုက္ဆံေတြအကုန္ျပန္ေပးပါ့မယ္...အခုေတာ့ ညလည္းနက္ၿပီဆိုေတာ့ ျပန္လိုက္ၾကပါေတာ့ အစ္ကိုတို႔လုပ္လို႔ အိမ္ထဲမွာ ထိခိုက္ထားတဲ့သူလည္းရွိေနတယ္ေနာ္...အစ္ကိုတို႔အမႈမပတ္ခ်င္ရင္ ျပန္ၾကပါေတာ့ေနာ္"
စစ္ ရဲ႕ ေျပာစကားေၾကာင့္ အားလုံးေက်နပ္ဟန္ရွိသြားၾကၿပီး
"မင္းကိုယုံလိုက္မယ္...ငါတို႔ကိုလိမ္ရဲလိမ္ၾကည့္ မင္းအိမ္အထိလိုက္လာမွာ"
စစ္ ဘာမွမေျပာပဲ ေခါင္းသာညိမ့္ျပလိုက္သည္
အိမ္ေရွ႕မွာအုပ္ေအာ္ေသာင္းနင္းျဖစ္ေနတဲ့ လူအုပ္စုလည္းလူစုခြဲသြားသည့္အခ်ိန္တြင္ ခ်စ္ဖူးငုံ ၏ အိမ္တစ္ခါးဆီကို အေျပးသြားလိုက္ၿပီး
"ဖူး...တံခါးဖြင့္ပါဦး...ကိုယ္ပါ"
တစ္ေအာင့္ၾကာေတာ့ တံခါးပြင့္လာၿပီး မ်က္ရည္ေတြနဲ႔သူမထြက္ေပၚလာၿပီး စစ္ ကိုဖတ္ထားသည္
"စစ္ ကယ္ေပလို႔ေပါ့...ဖူးေတာ့ဘဝပ်က္ၿပီထင္ေနတာ"
"ေအးပါ...ကိုယ္ေရာက္ေနၿပီပဲ...ဘာမွစိတ္မပူနဲ႔ေတာ့ မင္းေမေမ ကိုသာေဆး႐ုံေခၚသြားရေအာင္"
"ဟုတ္...ေမေမ့ကို ေဆး႐ုံေခၚသြားေပးပါေနာ္"
အခန္းထဲမွာ ဦးေခါင္းဒဏ္ရာနဲ႔ ထိုင္ေနတဲ့ ေဒၚသက္ထားကို တြဲေခၚၿပီး ေဆး႐ုံရွိရာကိုေမာင္းႏွင္ေခၚေဆာင္သြားေတာ့သည္
ထိုျဖစ္စဥ္အစအဆုံးကိုျမင္လိုက္ၾကားလိုက္သူကေတာ့ ေႏြမဒီ သာျဖစ္သည္။ သူမမ်က္လုံးကိုပင္သူမမယုံၾကည္ႏိုင္ပါ၊ ကိုစစ္ မွာလည္း ငယ္သံေယာစဥ္ေၾကာင့္ ကူညီတာျဖစ္ေလာက္ပါတယ္လို႔ သူမဘာသာ ျဖည့္ေတြးၾကည့္ေသာ္လည္း တစ္ေယာက္နဲ႔တစ္ေယာပ္ဖက္ေနသည့္ျမင္ကြင္းမွာ သူမကိုနာက်င္ေစသည္။ စိတ္ရွိတိုင္းဆိုလွ်င္ ငါကတရားဝင္မယားပါ ဆိုၿပီး ပြဲၾကမ္းပစ္ခ်င္ေသာ္လည္း သူမကိုယ္တိုင္ကဒုတိယလူျဖစ္ေနတာမဟုတ္လား