(Unicode)
နည်းပညာဆွေးနွေးပွဲမှတစ်ဆင့် ယူဆောင်ပေးလာသော အောင်မြင်မှုအရှိန်အဟုန်ဖြင့် Amazing Future ၏ ထုတ်ကုန်ရောင်းအားမှာ တစ်ခါမှ မရောက်ဖူးသော အထွတ်အထိပ်နေရာထိ ထိုးတက်သွားခဲ့သည်။
သာမန်သုံးစွဲသူများနှင့် နှစ်ယောက်သား၏ ပရိသတ်အားကို ဘေးဖယ်လိုက်သော် တကယ်တမ်း ယခုကဲ့သို့ ရောင်းအားမြင့်တက်သွားရခြင်း၏ နောက်ကွယ်က လက်သည်မှာ နည်းပညာနယ်ပယ်တွင်းမှ သုံးနိုင်စွဲနိုင်သော ရွှေဇွန်းကိုက်အရင်းရှင်များ၏ အားပေးမှုကြောင့် ဖြစ်ပေသည်။
အထူးသဖြင့် ကျောက်ရော့လား၊ ကျောက်ရှန်းလန်တို့နှင့် ဆက်စပ်နေသည့် အသိုင်းအဝိုင်းမှ။
၎င်းတို့မှာ အဆိုတော်၏ ဒုတိယအိမ်ဖြစ်နေသည့် ကုမ္ပဏီ၏ အကြောင်းကို သိလိုတာတစ်ကြောင်း ၊ ကျောက်ရှန်းလန် ခဏခဏ ချီးကျူးသည့်သူ ၊ ကျောက်ရော့လားအား ဆွဲဆောင်သွားနိုင်သော သူသည် မည်သူနည်းဆိုသည်ကို သိလိုစိတ်ပြင်းပြကြသူများဖြစ်ကြသည်။
မည်သည့်အရာတွေကများ အခုလောက် အဆန်းတကြယ်ဖြစ်သွားစေခဲ့ရသနည်း ဆိုသည့်မေးခွန်း၏ အဖြေကို သိချင်နေခဲ့ကြသည်။
သို့ဖြစ်၍ ထိုသိလိုစိတ်ပြင်းပြနေကြသော သူများမှာ ပစ္စည်းများ ၀ယ်ယူသည့်အခါတွင်လည်း ဈေးနှုန်းကို ဂရုစိုက်မနေနိုင်။ တစ်ခါတည်း အစုလိုက်အပြုံလိုက် ၀ယ်ချပစ်ကြခြင်း။
ထိုကဲ့သို့ အဆမတန် မြင့်တက်သွားသည့် ရောင်းအားကြောင့် လော့ဖုန်းကုမ္ပဏီရှိ ၀န်ထမ်းများ အားလုံးမှာ ပျော်ရွှင်၀မ်းမြောက်လျက် ကုမ္ပဏီအတွင်း လေထုအနေအထားမှာလည်း ပေါ့ပါးသွက်လက်နေခဲ့ကြသည်။
MBA တန်းလေး တက်ရင်း အသိသညာလေး အနည်းငယ် တိုးပွားလာရှာသည့် ရှန်းချွယ့်တစ်ယောက်သာလျှင် နောင်ရေးအတွက် ပူပင်နေမိလျက်ရှိသည်။
ယခုဆိုလျှင် ကုမ္ပဏီက အမြတ်လည်း အများကြီး ရနေသလောက် ကုန်ကျစရိတ်ကလည်း တိုးသထက် တိုးလာနေသည်။
အထူးသဖြင့် ကျောက်ရော့လား အလုပ်၀င်လာခြင်းကြောင့် ၎င်းအားပေးရမည့် လစာနှင့် သူမ လိုအပ်မည့် အသုံးစရိတ်အား အနီးစပ်ဆုံးတွက်ပြထားသည်များကို ပေါင်းစပ်ကြည့်လိုက်သောအခါ ရှန်းချွယ့်၏ တစ္ဆေနှလုံးသားလေး လေးပင်သွားရတော့သည်။
သက်တောင့်သက်သာ အေးဆေးသော တစ္ဆေဘ၀လေးဖြင့်တောင် မနေနိုင်တော့ချေ။
အရေးကြီးဆုံးတစ်ချက်က အခုချိန်မှာ ရှန်းချွယ့်အနေဖြင့် ကျောက်ရော့လား၏ တွက်ချက်မှုများကို မှန်မမှန် ဝေဖန်နိုင်သွားပြီဖြစ်သည်။
သူတို့ရဲ့ ပစ္စည်းတပ်ဆင်မှုက ရေရှည်အတွက် ရည်ရွယ်ထားတာကြောင့် နည်းနည်းလေးမှ အချောင်ခိုလို့ မရချေ။ အခြားသော ကုမ္ပဏီကြီးများ အသုံးပြုသည့်ငွေပမာဏထက်ပင် ပို၍ များများ သုံးနိုင်မှ တော်ကာကျမည်။
ပေါ့ပါးပျော်ရွှင်နေကြသော ပတ်၀န်းကျင်အနေအထားအောက်တွင် မှိုင်းထိုင်းမှုန်မွှားသော လေထုက ဖိနှိပ်ခံထားရရင်း နှစ်တစ်နှစ်၏ လစန္ဒြာပြက္ခဒိန်အရ ခုနစ်လမြောက်ကို ရောက်လာခဲ့သည်။
ထိုအခါ လော့ဖုန်း ကုမ္ပဏီအတွင်းရှိ သုံးမျိုးသော တစ္ဆေ ၊ သရဲ ၊ ဝိဉာဉ်တို့မှာ ရုတ်တရက်ကြီး စိတ်ဓာတ်ကျနေသည့် လူငယ်လေးများအသွင် ပြောင်းလဲသွားကြသည်။
ယွိကျန်းတုမှာ လော့ဖုန်း၌ အလုပ်၀င်နေသည်မှာ အချိန်အတော်ကြာမြင့်ပြီမို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယခုပုံစံကို ကြည့်ရင်း ခန်ကျင့်အား တိတ်တဆိတ်လေးသွားမေးရတော့သည်။
ခန်ကျင့်သည်လည်း သက်ပြင်းတစ်ချချ လုပ်နေလျက်။ သူက ဘေးနားပတ်၀န်းကျင်မှာ ရှန်းချွယ့်မရှိတာ သေချာအောင်ကြည့်ပြီးမှ ဆံပင်တုကို ဆွဲချွတ်ပစ်လိုက်တော့သည်။
ထို့နောက် ထိုဆံပင်တုကြီးအား ယပ်တောင်အသွင် တဖြတ်ဖြတ် ယပ်ခတ်နေကာ ယွိကျန်းတုအား ဖြေပေးလိုက်၏
"ကျုံးယွမ်ပွဲတော်ရက် ရောက်လာတော့မှာမလား..."
ယွိကျန်းတုက ဆံပင်တုကြီးအား ဆွဲလုလိုက်ပြီးနောက် ခေါင်းပေါ်ပြန်တင်ပေးလိုက်ကာ
"အဲ့တာနဲ့ပဲ မင်း ငါ့မျက်လုံးတွေကို ထိခိုက်အောင် လုပ်လို့ရလောက်မယ့် အကြောင်းပြချက်ကောင်း ဖြစ်မသွားဘူးကွ"
တိုက်ဆိုင်စွာပဲ ထိုအချိန်၌ ကျောက်ရော့လားက ဘေးကနေ ဖြတ်သွားခဲ့သည်။
ဆံပင် ထိပ်ပြောင်နေသော ခန့်ကျင့်အားမြင်သော် သူမက အလိမ်ခံလိုက်ရသူတစ်ယောက်နှယ်။
"ရှင်ပဲ ပြောတော့ ကုမ္ပဏီမှာ ထိပ်ပြောင်နေတဲ့သူ မရှိဘူးဆို"
ယွိကျန်းတုက စိတ်ကိုအေးအေးထားရင်းပဲ ပြန်ဖြေလိုက်ရသည်။
"ဒါမဲ့ ဒီတစ်ယောက်က လူမဟုတ်ဘူးလေ"
ကျောက်ရော့လား :".........ဟုတ်သားပဲ"
ခန်ကျင့်က ပျာယီးပျာယာဖြင့်ရှူးဆိုတဲ့ပုံစံလုပ်ပြလာကာ..
"စကားကို တိုးတိုးပြောကြပါ
သူဌေးက ကျွန်တော့်ကို သတိပေးထားတယ် သူ့ရှေ့မှာ ဆံပင်ထိပ်ပြောင်ဖြစ်နေတာမျိုး မမြင်ရစေနဲ့တဲ့"
ကျောက်ရော့လားကလည်း ခေါင်းညိတ်ကာ မျက်လုံးနှစ်ဖက်ကို အုပ်ရင်း ရှောင်ထွက်သွားတော့သည်။
"ရှင့် ခေါင်းထိပ်ပြောင်ကြီးလည်း နောက်မမြင်ရမှ တော်ကာကျမယ်"
ခန်ကျင့်က ဆံပင်တုကိုပြန်တပ်ရင်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်လိုက်ရင်းမှ ယွိကျန်းတုအားမေးလိုက်၏။
"မြေအောက်လောကသားတွေအတွက် ဆံပင်အမြန်ပေါက်နည်း နည်းပညာကို ဘယ်မှာ သွားထွင်ရင် ရလောက်မလဲ?"
ယွိကျန်းတုက လျစ်လျူရှုထားလိုက်တော့ကာ...
"အဲ့လိုဆိုမှ ကျုံးယွမ်ပွဲတော်က ဘာဖြစ်လို့လဲ?"
ကျုံးယွမ်ပွဲတော်အား တိကွမ်ပွဲတော် ၊ ရှိကုပွဲတော် ၊ ဘုံပွဲတော်အဖြစ်လည်း ခေါ်ကြသေးသည်။
သို့သော် ထိုသို့နာမည်ကွဲများကြားထဲတွင် အကျော်ကြားဆုံးသော နာမည်လည်းရှိပေသေးသည်။
၎င်းကား "တစ္ဆေပွဲတော်" ဖြစ်၏။
(T/N :
တောက်ဓမ္မဘာသာဝင်များ၏ အခေါ် =ကျုံးယွမ်ပွဲတော် [中元节(zhōng yuán jié)]
ဗုဒ္ဓဘာသာ၀င်များ၏အခေါ်
=ယွီလန်ဖန်ပွဲတော်[盂兰盆节(yú lán pén jié)]
ဆောင်းဦးလယ်ပွဲတော် ဟူ၍လည်း လူသိများ၏ ။
အာရှနိုင်ငံ အများအပြားတွင် ကျင်းပလေ့ရှိကြသော ပွဲတော်တစ်ရပ်ဖြစ်သည်။
လစန္ဒြာပြက္ခဒိန်အရ နှစ်တစ်နှစ်ရှိ ခုနစ်လမြောက်၏ ၁၅ ရက်နေ့မြောက်တွင် နှစ်စဉ်ကျင်းပလေ့ရှိကြသည်။)
ရှေးဟောင်းဒဏ္ဍာရီများအရ ဤရက်သည် ကမ္ဘာလောကကြီးအနေဖြင့် အပြစ်သားများအား ခွင့်လွှတ်သော ရက်တစ်ရက်အဖြစ် သတ်မှတ်နိုင်ပေသည်။
မြေအောက်လောကအနေဖြင့် ထိုရက်တွင် ငရဲတံခါးအား ဖွင့်ပေးကာ ဝိဉာဉ်များအနေဖြင့် အပြင်သို့ ထွက်နိုင်ပေသည်။
တစ္ဆေပွဲတော်ကား တစ္ဆေတို့၏ ဘုရားပွဲအလားပင်။
လူ့လောက၌ ဆွေမျိုးသားချင်း ကျန်ရစ်ခဲ့သူများရှိလျှင်လည်း သွား၍ တွေ့နိုင်ပြီး
တစ်ကိုယ်တည်းသမားများအနေဖြင့်လည်း လူ့ကမ္ဘာ၌ လှည့်လည် လျှောက်ပတ်သွားနိုင်ပေသည်။
ဘယ်လိုရှုထောင့်မျိုးကပဲဖြစ်ပါစေ တစ္ဆေပွဲတော်ကား တစ္ဆေများ ပျော်ရွှင်မြူးထူးစွာ ပါ၀င်သင့်သော ပွဲတော်ရက်တစ်ရက်ပင်ဖြစ်၏။
သို့သော် လုပ်ဖော်ကိုင်ဖက်များက အဘယ့်ကြောင့်များ စိတ်ဓာတ်ကျနေသည့်ပုံများ ဖြစ်နေကြရသနည်း?
ခန်ကျင့်က ပေါင်ကို ခပ်ပြင်းပြင်းတစ်ချက်ရိုက်ချပြပြီး လက်သီးလက်မောင်းတန်းကာဖြင့် ဆိုလာခဲ့သည်။
"ရှေးဟောင်းတစ္ဆေတွေအကြောင်းတော့ ထည့်မပြောတော့ဘူး
လောလောလတ်လတ် ဆိုရှယ်လစ်တစ္ဆေတွေဖြစ်ကြတဲ့ ကျွန်တော်တို့အကြောင်းပဲ ပြောပြမယ်
ပုံမှန်ဆို ကျွန်တော်တို့အနေနဲ့ မြေအောက်လောကစည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး လူ့လောကကို ၀င်ရောက်စွက်ဖက်ခြင်းမပြုရဘူးလေ...
အဲ့မှာ တစ်ရက်တလေလေး သာမန်လူတစ်ယောက်လိုမျိုး လမ်းပေါ်ထွက် လျှောက်လည်လို့ရမယ့် ပွဲတော်လေး ရတာကို လူတွေ ကျွန်တော်တို့ကို ဆက်ဆံပုံကိုလည်း ကြည့်ကြပါဦး
မသိရင် ကျွန်တော်တို့ကပဲ တစ္ဆေတွေကျလို့"
ယွိကျန်းတုမှာ ၀င်ထောက်လိုက်ရသည်။
"တကယ်လည်း တစ္ဆေတွေပဲလေ"
ခန်ကျင့်က ခဏမျှကြောင်သွားပြီးနောက်မှ ဆက်ပြောပြလာခဲ့သည်။
"အညှိုးအတေးကြီး တစ္ဆေတို့ မကောင်းဆိုးဝါးတစ္ဆေတို့လို မကောင်းတဲ့တစ္ဆေတွေဖြစ်နေရင် ပြောတာ...
ကျွန်တော်တို့လို ဥပဒေလိုက်နာတဲ့ တစ္ဆေကောင်းလေးတွေကျ အခုလို သူတို့ဆက်ဆံပုံကြီးက ခွဲခြားခံရသလိုကြီး"
"ကျွန်တော်တို့မှာ တစ်နှစ်ပတ်လုံးမှ ဒီရက်လေးပဲ လမ်းမပေါ် တရား၀င် ထွက်ခွင့်ရှိတာ..
ကျွန်တော်တို့လည်း အသက်ရှင်ရတယ်ဆိုတဲ့ ခံစားချက်မျိုးက ဘယ်လိုလဲဆိုတာလေး ပြန်သိခွင့်တော့ ရသင့်တာပေါ့
ဒါမဲ့ တစ္ဆေပွဲတော်အချိန်ဆို ဈေးဆိုင်တွေကလည်း အစောကြီး ပိတ်ကုန်ပြီး လူတွေကလည်း အိမ်ကို အစောကြီး ပြန်ကြတယ်။
တကယ်လည်း ညရောက်ရော လမ်းမတွေပေါ်မှာ လမ်းသလားနေကြတာဆိုလို့ ကျွန်တော်တို့ တစ္ဆေတွေအချင်းချင်းပဲ ကျန်နေခဲ့တာကြီးကျ မြေအောက်လောကမှာ ရှိနေရတာနဲ့ ဘာကွာတော့မှာလဲ"
ပြောပြလေလေ မတရားခံရသလို ခံစားချက်ကြီးက ပိုလာလေလေ။
နားထောင်နေရသည့် ယွိကျန်းတုပင် မြေအောက်လောကက တစ္ဆေတွေလည်း ခွဲခြားဆက်ဆံခံရတာပါလား ဟူသော အတွေးမျိုးဖြင့် ၀င်သနားပေးမိသွားရသည်အထိ။
သို့သော် ယွိကျန်းတုအနေဖြင့် ခန်ကျင့်၏ စကားအဓိပ္ပါယ်လားရာကို သဘောပေါက်၏။
ယခုလိုဖြစ်ရခြင်းအကြောင်းအရင်းကား လူ့လောကနှင့် မြေအောက်လောကကြား အဆက်အသွယ်ပြတ်တောက်ခြင်းမှ အစပြုသော အတွေးအမြင်တွေ လွဲချော်သွားခြင်းကြောင့်ဖြစ်သည်။
မြေအောက်လောကမှ တစ္ဆေများကလည်း တစ်ချိန်က လူ့လောကတွင် အသက်ရှင်ဖူးကြသူများဖြစ်ကြသည်။ ထို့အတွက်ကြောင့် ၎င်းတို့အမြင်၌ လူ့လောကအား နေရာကောင်းတစ်ရပ်လို တွေ့မြင်ကြ၏။ အထူးသဖြင့် ကျန်ရစ်သော ဆွေမျိုးသားချင်း ရှိသူများအဖို့။
အရှင်းလင်းဆုံးပြောရသော် မြေအောက်လောကသားများလည်း အိမ်လွမ်းနာကျတတ်ကြသလို တစ်နှစ်မှ ရှားရှားပါးပါး တစ်ကြိမ်သာ ဆင်နွှဲခွင့်ရှိသော ပွဲတော်ရက်မျိုးတွင် အထူးသဖြင့် အိမ်သို့ အလည်တစ်ခေါက်ပြန်ရင်း ကျန်ရစ်သော မိသားစုဝင်များနှင့် အချိန်ကုန်ဆုံးချင်ကြပေသည်။
အသက်ရှင်ရသည့် ခံစားချက်အား တစ်ဖန်ပြန်၍ ခံစားလိုကြသည်။
သို့သော် မြေအောက်လောကနှင့်ပတ်သတ်သော မှတ်ဉာဏ်များမရှိကြတော့သည့် လူ့လောကမှ သေမျိုးများအဖို့ မြေအောက်လောကဆိုသည့် စကားလုံးသည် သေခြင်းတရား ၊ ကြောက်မက်ဖွယ် ၊ မကောင်းမှု ၊ မကောင်းဆိုးရွား စသည့်အဓိပ္ပါယ်များကို ဖော်ဆောင်နေသည်ဟု ယူဆကြသည်။ ထို့အတွက်ကြောင့် လောကနှစ်ခုမတူကြသည့်အပေါ်၌ လူသားများအဖို့ သဘာ၀ကျကျ ကြောက်ရွံ့စိတ်ပေါ်ထွက်လာကြခြင်းဖြစ်သည်။
ရလဒ်တစ်ခုအနေဖြင့် တစ္ဆေပွဲတော်ရက်တွင် မြေအောက်လောကမှ လွတ်မြောက်လာမည့် တစ္ဆေတစ်ကောင်ကောင်နှင့် ထိပ်တိုက် မတွေ့မိဖို့အရေး လူသားအားလုံးမှာ အိမ်သို့ သုတ်သုတ်ဖြာဖြာ ပြန်ကြသည်။
လမ်းမများပေါ်မှာ လူနည်းသထက် နည်းသွားခြင်းကြောင့် ဖူမြို့ကဲ့သို့ မြို့ပြကြီးပေါ်တွင်ဆို တစ္ဆေပွဲတော်အား တစ်သီးတစ်သန့် ကျင်းပသင့်သည့် ပွဲတော်ရိုးရာမျိုးရှိသည်ကိုပင် သတိမပြုမိကြတော့ချေ။
တဖြည်းဖြည်းနှင့် တစ္ဆေပွဲတော်မှာ လူ့လောကအတွက် ပွဲတော် မဆန်ဆုံးသော ပွဲတော်တစ်ခုဖြစ်လာခဲ့တော့သည်။
ယွိကျန်းတုအနေဖြင့် နှစ်ဖက်စလုံးအား နားလည်ပေးနိုင်ပေ၏။ သူ့အနေဖြင့်လည်း လော့ဖုန်းကုမ္ပဏီကို ရောက်မလာခင်က တစ္ဆေပွဲတော်ရက်ဆိုလျှင် အိမ်ထဲက အိမ်ပြင် ထွက်ဖို့ကိုပင် မနှစ်မြို့ခဲ့သော လူငယ်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။
သူလည်း ခန်ကျင့်အား နှစ်သိမ့်ပေးလိုက်ရကာ...
"အရမ်းကြီးလည်း ၀မ်းနည်းမနေပါနဲ့ ၊
လူတွေက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ မင်းတို့တွေကို ခွဲခြားဆက်ဆံတာမျိုး မဟုတ်ရပါဘူး
ကမ္ဘာနှစ်ခုက အစကတည်းက ဆက်သွယ်ရေးသိပ်မရှိဘဲ ခပ်တန်းတန်းဆက်ဆံရေးမျိုး ဖြစ်နေတာကြောင့်မို့လို့ နားလည်မှု လွဲသွားတဲ့ပုံပါပဲ...
ပြီးတော့လည်း မင်းတို့ တစ္ဆေတွေရဲ့ ယေူယျပုံသဏ္ဍာန်က လူထုအမြင်မှာကျ နည်းနည်းမနှစ်မြို့စရာဆိုတော့ကွာ.....ကြောက်တာကတော့ ဖြစ်သင့်တာပဲမလား"
ခန်ကျင့်လည်း ပြဿနာက လူသားတွေကြောင့် မဟုတ်မှန်းတော့ သိရှာသည်။
သို့နှင့် ဘက်ပြောင်းပြီးတော့ပဲ မြေအောက်လောကသားတွေရဲ့ မျက်နှာအိုးမည်းသုတ်ပြီး ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရလေအောင် လုပ်ခဲ့သော အပြစ်သား မကောင်းဆိုး၀ါးတစ္ဆေများကိုသာ ဆူငေါက်တော့သည်။
"သူတို့ကြောင့်သာ မဟုတ်ရင် ငါတို့ကို အခုနေ လူတွေက ဒီလောက်ကြီးထိ ကြောက်ကြမှာလည်း မဟုတ်ဘူး!!!"
ယွိကျန်းတုလည်း ထောက်ခံတာကြောင့် သူပါရောပြီး ခန်ကျင့်နှင့်အတူ ၀င်ဆူငေါက်တော့သည်။
ထိုအခါ ခန်ကျင့်လည်း အနည်းငယ် စိတ်သက်သာရာရသွားသော်ငြား အခုလောက်နှင့် ပြဿနာ၏ အရင်းအမြစ် ပျောက်မသွားခဲ့ချေ။
မြေအောက်လောကသားများ၏ မှုန်မှိုင်းနေသော စိတ်ခံစားချက်များအား ကုသပေးနိုင်ခြင်း မရှိသေး။
ညအချိန်သို့ရောက်သောအခါ အလုပ်ပြီးသွားသည့်တိုင်အောင် ယွိကျန်းတုမှာ ထိုကိစ္စအကြောင်း ဆက်လက်တွေးနေမိခဲ့သည်။
တိုက်ဆိုင်စွာပဲ Peppa လေးရဲ့ လက်ကိုဆွဲရင်း လမ်းလျှောက်လာတဲ့ ရှန်းချွယ့်က ယွိကျန်းတုအား မြင်သွားခဲ့ကာ မေးလာပါ၏။....
"သိပ်မကြာတဲ့အချိန်အတွင်းမှာ ကျုံးယွမ်ပွဲတော်ရောက်လာတော့မှာ ၊ Peppa လေးအတွက် အ၀တ်အစားသစ်တွေ ၀ယ်ဖို့ အတူတူသွားကြမလား?"
Peppa လေးက ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်လျက်
"ဈေး၀ယ်ထွက်ကြမယ်ကွ!!!!"
ယွိကျန်းတုလည်း Peppa လေးကို မြင်မြင်ချင်းပဲ မျက်လုံးလေးများက လခြမ်းသဏ္ဍာန် တွန့်ချိုးသွားသည်အထိ ပြုံးပြလိုက်ရင်း သူမ၏ လွတ်နေသေးသော လက်တစ်ဖက်အား လှမ်းကိုင်လိုက်ကာ..
"ဟုတ်ပြီ ဒီတစ်ခါကျ အပိုအ၀တ်အစားတွေပါ ၀ယ်ကြတာပေါ့!"
ကျောက်ရော့လားလည်း လော့ဖုန်းကို ရောက်လာပြီးနောက်မှ သေခြင်းရှင်ခြင်းစာရင်းဇယားအကောင့်တွေ ပြန်ပြင်နေသည့် ပရောဂျက်က အနည်းငယ် တိုးတက်မှု သွက်လာခဲ့သည်။
အခုအရှိန်အတိုင်းသာ ဆက်သွားမည်ဆိုလို့ရှိရင် မကြာခင်အချိန်အတွင်းမှာ Peppa လေးပြန်လည်၀င်စားရမည့်ဘ၀အတွက်လည်း တိကျမှန်ကန်စွာ တွက်ချက်ပေးနိုင်တော့မည် ဖြစ်၏။
သူ့အနေဖြင့် Peppa လေးတစ်ယောက် နောက်ဘ၀၌ အနည်းဆုံး ၀င်စားနိုင်ခြေရှိသည့် ဘဝက သေးသေးမွှားမွှား တိရိစ္ဆာန်ဘ၀လေးသာမို့
ယွိကျန်းတုစိတ်ထဲ၌ ကျန်ရှိနေသေးသော အချိန်လေးအား သူမနှင့်အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း အ၀တ်အစားလှလှလေးတွေ စိတ်ကြိုက်၀ယ်ပေးရင်း ကုန်ဆုံးတာ ကောင်းမည်ဟု ယူဆလိုက်သည်။
သို့သော် သူ့စကားကို ကြားသောအခါ Peppa လေးက ပျော်သွားပုံမရပဲ အင်္ကျီလက်အနားစလေးအား လာတို့ထိသည်။
ထို့နောက် နားနားလေးအား တိုးကပ်ခိုင်းပြီးနောက် အသံတိုးတိုးလေးဖြင့် ပြောလာ၏။
"ကိုကို ၊ သမီးက ဂါ၀န်တစ်ထည်ပဲ လိုတာ..
ကျန်တာကို သမီးသူငယ်ချင်း Georgie ဆီ ပေးလိုက်လို့ရမလား?"
ယွိကျန်းတုက နှာခေါင်းသံဖြင့် ရယ်လိုက်မိပြီး..
"အာ မီးမီးသူငယ်ချင်းနာမည်က Georgie တဲ့လား?"
Peppa က ခေါင်းညိတ်ပြကာ..
"သူ့မှာ နာမည်မရှိဘူးဆိုလို့ သမီးပေးပေးထားတာ"
ယွိကျန်းတု :"........"
ဒီရှေ့ရက်ပိုင်းတွေမှာ သူ့အနေဖြင့် အလုပ်ရှုပ်နေခဲ့တာကြောင့် Peppa နှင့်လည်း စကားမပြောဖြစ်ခဲ့သောအချိန်က ကြာမြင့်သွားခဲ့ပြီဆိုတာကို သတိမထားမိလိုက်ခြင်း ဖြစ်သည်။
အခုလိုမျိုး အချိန်ခဏလေးအတွင်းမှာ Peppa ဖက်မှ သူငယ်ချင်းအသစ်တစ်ယောက် လုပ်နိုင်လိုက်သည်ကို သိရသည်နှင့် နှလုံးသားထဲ ဟတ်ထိသွားခဲ့ရသည်။
Peppa နှင့်အရပ်တူ ဖြစ်သွားစေရန်အလို့ငှာ ခြေထောက်ထိုင်ချလိုက်ရင်း
"မီးမီးက ဘာလို့ Georgie ကို အ၀တ်အစားတွေမျှချင်ရတာလဲ?"
Peppa :" သူက မိဘမဲ့ဆိုတော့ သူ့အတွက် ဘယ်သူကမှ အ၀တ်အစားတွေ မီးမရှို့ပေးကြဘူးလေ ,
သမီးမှာကျ အ၀တ်တွေအများကြီးရှိနေတာဆိုတော့ သမီးလည်း သူ့ကိုနည်းနည်း....."
ယွိကျန်းတုက နားလည်သလို ခေါင်းညိတ်ပြကာ..
"ကိစ္စမရှိပါဘူးး ငါတို့တွေ အ၀တ်အပိုတွေပါ ၀ယ်ကြတာပေါ့
အဲ့ကျ Peppa လေးလည်းဂါ၀န်တွေယူ ၊ Georgie ကိုကျ တစ်ခြားအ၀တ်စားတွေ ခွဲပေးလိုက်ပေါ့ ဟုတ်ပြီလား"
Peppa က ပျော်ရွှင်မြူးထူးစွာဖြင့် လက်ခုပ်တီးရင်း...
"ရေးးးးးးး"
ဒီရက်ပိုင်း Peppa လေးက အရင်ကလို Peppa pig တစ်မျိုးတည်းပဲ ကြည့်တဲ့ ကလေးမလေးမျိုး မဟုတ်တော့ဘဲ ကာတွန်းကားမျိုးစုံ စုံနေအောင် ကြည့်တတ်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူမစိတ်ကြိုက်ရွေးချယ်သည့် ဂါ၀န်ပုံစံများကလည်း နောက်ဆုံးပေါ်ခေတ်စားနေသည့် ဒီဇိုင်းများ ဖြစ်၏။
သူမ လိုချင်တာ အကုန်ရွေးလို့၀သွားသော် ယွိကျန်းတုက ပိုက်ဆံရှင်းပေးပြီး ထို့နောက်မှာ မီးရှို့ပေးလိုက်တော့သည်။
မီးရှို့ထားသော ပစ္စည်းများ ပြာကျသွားဖို့စောင့်ရင်း Peppa လေးက စိတ်လှုပ်ရှားနေလျက်ရှိကာ
သူမက ယွိကျန်းတုအား လက်တို့ရင်း သူမ၏ အားလပ်ရက်အစီစဉ်များကို ပြောပြလာခဲ့သည်။
"ကိုကို ၊ Georgie ရယ် မီးမီးရယ် တစ်ခြားသူငယ်ချင်းတွေရယ်က ကျုံးယွမ် ပွဲတော်ရက်ကျရင် ကစားကွင်းသွားကြမလို့...."
သို့သော် စိတ်လှုပ်တရှားပြောပြလာပြီးမှ အသံလေးက တိမ်၀င်သွားကာ။
"ဒါမဲ့ Georgie ပြောပြတာအရဆို ကစားကွင်းတွေက ကျူံးယွမ် ပွဲတော်ရက်ဆို အစောကြီး ပိတ်တာတဲ့ ၊
အဲ့တာ ဆော့မယ်ဆို ကိုးနာရီနောက်ဆုံးထားပြီးမှ ဆော့လို့ရမှာတဲ့လေ"
ကိုးနာရီ။
ထိုအချိန်သည် မြေအောက်လောကသားတွေအတွက်က နေ့တစ်နေ့ရဲ့ အစပျိုးအချိန်ဟုပင် ဆိုနိုင်သည်။
ယွိကျန်းတုအနေဖြင့်လည်း ဤကိစ္စအား တစ်နေ့လုံး ခေါင်းစားနေခဲ့တာဖြစ်သည်။
Peppa ကပါ ထုတ်ပြောလာတော့ ရှန်းချွယ့်အား ကြည့်လိုက်မိပြီး မေးစမ်းကြည့်မိသည်။"မြေအောက်လောကမှာ ကျုံးယွမ်ပွဲတော်အတွက် သပ်သပ်စီစဉ်ထားတာမျိုး မရှိဘူးလား
တကယ့် ရက်ကြီးရက်ကောင်းမျိုးကို သေချာဆင်နွှဲစရာမရှိဘူးဆိုရင် လူ့အဖွဲ့အစည်းကြီး ယိုယွင်းလာလိမ့်မယ်နော်"
ရှန်းချွယ့်လည်း မျက်နှာညှိုးငယ်လျ် ခေါင်းယမ်းပြရင်း...
"ရှေးခေတ်ကတည်းက မြေအောက်လောကမှာ ကျင်းပသမျှ ပွဲတော်တွေက လူ့ကမ္ဘာက သူတွေ ကျင်းပသမျှကို ပုံတူကူးပြီး ပြန်ကျင်းပကြတာမျိုးပဲ
အခုလောလောဆယ်မှာ တစ္ဆေပွဲတော်က လူ့လောကမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ပွဲတော်တစ်မျိုးမို့လို့ ...လူတွေ မကျင်းပဘူးဆိုရင် ငါ့အနေနဲ့လည်း လုပ်ပေးနိုင်တာမျိုးမရှိဘူး"
ယွိကျန်းတုတစ်ယောက် ဖရုံသီး၀တ်စုံဂါ၀န်လေးကို စမ်း၀တ်ကြည့်နေတဲ့ Peppa လေးကို ကြည့်လိုက်ပြီးနောက်...ရုတ်တရက် အကြံတစ်ခု ထွက်လာခဲ့သည်။
"ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ ပွဲတော် ကျင်းပမယ်ဆိုရင်ရော??"
ရှန်းချွယ့်က သူ့အား နားမလည်သလို ကြည့်လာခဲ့သည်။
ယွိကျန်းတုက Peppa ၏ ဖရုံသီး၀တ်စုံကို လက်ညှိုးထိုးပြလိုက်ရင်း..
"အခုမှ စဉ်းစားမိတယ် ၊ ကျွန်တော်တို့ဆီက တစ္ဆေပွဲတော်က အနောက်တိုင်းက လုပ်တဲ့ ဟောလိုး၀င်းပွဲတော်နဲ့ ခပ်ဆင်ဆင်တူတာပဲ မလား
ဒါပေမဲ့ ဟောလိုး၀င်းပွဲတော်ကျ လူတွေက စည်စည်ကားကားနဲ့ ပါ၀င်ဆင်နွှဲကြတယ်လေ
အဲ့တော့ ကျွန်တော်တို့ရဲ့ တစ္ဆေပွဲတော်ကိုလည်း ကြောက်ဖို့ကောင်းသလို ပျော်ဖို့လည်းကောင်းမယ့်အရာတွေနဲ့ ချိတ်ဆက်လိုက်ရင် မကောင်းဘူးလား?"
ရှန်းချွယ့် အစပိုင်းတော့ နားရှုပ်သွားခဲ့ပေမယ့် တကယ်တမ်းစဉ်းစားကြည့်တော့ သူပြောသမျှက အဓိပ္ပါယ်ရှိနေကြောင်း လာတွေ့ရသည်။
သို့သော် အနည်းငယ် အသိပေးလိုက်ရသေး၏။
"ဒါမဲ့ ငါ့အထင်အရ လူတွေအနေနဲ့ တစ္ဆေပွဲတော်ကို ဟောလိုးဝင်း ပွဲတော်လို ကျင်းပဖို့တော့ ခက်လိမ့်မယ် ထင်တယ်နော်"
"အဲ့တာက အဆင်ပြေပါတယ်
အရေးကြီးဆုံးက ကျွန်တော်တို့ မြေအောက်လောကက သူငယ်ချင်းတွေကို အားလပ်ရက်ဆိုတဲ့ ခံစားချက် ရသွားစေဖို့ပဲ...
ဒီလိုမှ ပတ်၀န်းကျင်ကောင်းတစ်ခုကိုလည်း ထိန်းသိမ်းထားနိုင်မယ်လို့ ကျွန်တော်ကတော့ မြင်တယ်!"
ယွိကျန်းတု ခေါင်းထဲ၌ အစီစဉ်ပေါင်း သောင်းခြောက်ထောင် ရောက်နှင့်ပြီးဖြစ်သည်။
သူက အံကြိတ်လျက် ရှန်းချွယ့်အား ကြည့်လိုက်ရင်း...
"လော့ဖုန်းကို ကိုယ်ပိုင်ပန်းခြံပါတီမျိုး ဖန်တီးပစ်ကြရအောင်"
ရှန်းချွယ့်က ယွိကျန်းတု၏ စိတ်လှုပ်ရှားမှုကြောင့် ကြယ်ရောင်လေးများကဲ့သို့ တလက်လက်ဖြစ်နေသော မျက်၀န်းကြည်ကြည်လေးများကို ကြည့်လိုက်ရင်း ပြုံးပြလိုက်မိသည်။
"ကောင်းပါပြီ"
ယွိကျန်းတု ဖုန်းကို ချက်ချင်းကောက်ဖွင့်ရင်း ကီးဘုတ်ဖွင့်ကာ တစ်တောင်တောင်ဖြင့် အကောင်အထည်ဖော််ဖို့ ဇာတ်လမ်းစကြည့်တော့သည်။
"ကြည့်ကြည့်ရအောင်....ဘာတွေ လုပ်လို့ရလောက်မဲ!!"
သို့သော် ရှန်းချွယ့်က ရုတ်တရက် ထမေးလာခဲ့သည်။
"မင်း လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က မြေအောက်လောကက ဘယ်လိုပုံစံဖြစ်ခဲ့လဲ မြင်ဖူးချင်လား?"
******************
အချိန်ကား လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း နေ့ရက်ကား ကျုံးယွမ် ပွဲတော်ရက်မတိုင်မီ တစ်ရက်အလိုသို့ ရောက်ရှိလာခဲ့သည်။
ထိုညတွင် ဖူမြို့၏ နည်းပညာတိုးတက်မှုစက်မှုဇုန်ထဲရှိ နည်းပညာပန်းခြံထောင့်တွင် ရှိသော ခြောက်ကပ်နေလေ့ရှိသည့် ပလာဇာကြီးမှာ ထူးဆန်းစွာ စည်ကားလျက်ရှိသည်။
ထိုစက်မှုဇုန်မှာ မူလက ဖူမြို့၏ ဆင်ခြေဖုံးရပ်ကွက်ကဲ့သို့ ဖြစ်ခဲ့ဖူးသည်။ ဘေးပတ်လည်နေရာများမှာ မြို့ပြရော မြိုပြင်ရောပါ ရောယှက်လျက်ရှိသည်။ ယခုကဲ့သို့ ခေတ်မီတိုးတက်လာသည်မှာ အစိုးရမှ ပေါ်လစီအသစ်များချမှတ်လိုက်မှသာ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။
သို့သော် အခြားနေရာများနှင့် ယှဉ်သော် ကန္တာရအလား ခြောက်ကပ်လျက် ရှိနေဆဲ။
နည်းပညာပန်းခြံတစ်ခုတည်းသာ ကုမ္ပဏီအဆောက်အအုံများဖြင့် လူစည်ကားရာ အရပ်ဖြစ်နေခဲ့သည်။ ထို့အပြင် မိန်းလမ်းမကြီး ပေါ်၌ တည်ရှိနေသောကြောင့်လည်း ပါပေ၏။
လမ်းမကြီး၏ ဘေးနှစ်ဖက်နှစ်ချက်ရှိ အိမ်များမှာ ဖြိုချထားခံရပြီး အဆောက်အအုံအသစ်များမှာလည်း ဆောက်လက်စ ပြီးလုဆဲဆဲသာ ရှိသေးသောကြောင့်
အလုပ်ဆင်းချိန် ကျော်သည်နှင့် လမ်းမထက် လူ အနည်းအကျဉ်းသာ ကျန်တော့ကာ
ညရောက်သည့်အချိန်တွင် လူစလူန ဟူ၍ ပျောက်သွားသည်အထိပင်။
သို့သော် ဒီညနေခင်းတွင် အရာအားလုံးက အံ့အားသင့်စဖွယ် ဖြစ်နေခဲ့၏။
အနီးနားက ၀န်ထမ်းများအနေဖြင့် အိမ်သို့ စောစော မပြန်ဖြစ်ကြဘဲ ဤနေရာသို့ ဆွဲဆောင်ခံလိုက်ကြရသည်။
အချင်းချင်း တီးတိုးပြောဆိုရင်း တအံ့တဩ ဖြစ်နေကြလျက်။
"သူတို့ ဘယ်တုန်းက ဒါကြီး
ဆောက်ထားလိုက်တာလဲ?
မနေ့တုန်းက ဒီလမ်းဖက်ကနေ ဖြတ်တုန်းကတောင် ဒါကြီး မရှိသေးပါဘူးရော်"
"မနက်က ငါအလုပ်လာတုန်းကတော့ မြင်ခဲ့တယ် ၊ ဒါမဲ့ ငါလည်း ငါ့အလုပ်နဲ့ငါ အလောသုံးဆယ်နဲ့မို့လို့ သေချာမကြည့်ခဲ့မိလိုက်တာ...
ဒါ ဘာကြီးပါလိမ့်?"
"အဲ့တာဆို သူတို့တွေက မနေ့ည တစ်ညထဲနဲ့တင် ဒါတွေအကုန် အပြီး ဆောက်ပစ်လိုက်ကြတာပေါ့?"
"ဘာမှ မထူးဆန်းပါဘူး..
အခုခေတ်က ငွေသာရှိရင် နေ့ချင်းညချင်းတောင် မိုးမျှော်တိုက်ဆောက်ခိုင်းလို့ရတယ်"
"ရှော့ပင်းစင်တာမှာ အလုပ်လုပ်တဲ့ ငါ့အမျိုးတစ်ယောက်ပြောတာတော့ နည်းပညာပန်းခြံထဲက ကုမ္ပဏီတစ်ခုက တစ္ဆေပွဲတော် ကျင်းပကြမလို့တဲ့
ရှော့ပင်းစင်တာရှေ့က ပလာဇာကြီးကိုလည်း ငှားပြီး ဘေးနားပတ်၀န်းကျင်က မြေနေရာအလွတ်တွေကိုကော ငှားထားတယ်တဲ့"
"ဘာကြီး?? တစ္ဆေပွဲတော် ပန်းခြံပါတီ လုပ်ကြမလို့လား?
သူတို့တွေ တကယ့်တစ္ဆေတွေနဲ့ တွေ့ကုန်မှာ မကြောက်ကြဘူးလား?"
"ကြောက်မကြောက်တော့မသိဘူး ပွဲအတွက် ပြင်ဆင်ထားတာတွေကတော့ ရှယ်လန်းတာဟ
ငါ အရင်ကလည်း ကစားကွင်းပန်းခြံတွေ အများကြီး ရောက်ဖူးပါတယ်
အမှန်တိုင်းပြောရကြေးဆို တကယ့် လူသွားများတဲ့ ကစားကွင်းတွေတောင် သူတို့ပြင်ဆင်ထားတာရဲ့ ခြေဖျားကို မမီဘူး"
"ငါ ပြောတာလည်း အဲ့တာလေ...
ပြင်ဆင်ထားတာက မိမိုက်နေရုံမကလို့ ဒီမြင်ကွင်းကရော ဘာကြီးလဲ...ဒီလိုမျိုးတွေ တစ်ခါမှ မမြင်ဖူးပါဘူး!"
"အဲ့မှာ နာမည်တွေတပ်ထားတယ်
ကြည့်ကြည့်ရအောင်....
အသပြာအမှိုက်တောင် ၊ ရေပဋိပက္ခတံတားကူး ၊ အိမ်ပြန်လှေကားထစ် ...
အိုင်းယားးး နာမည်တွေက ဘယ်လိုဖြစ်လို့ မြေအောက်လောက နာမည်တွေ နဲ့ ဆင်နေရတာလဲ?"
"တစ္ဆေပွဲတော် နာမည်နဲ့လိုက်အောင် ပေးထားတဲ့ နာမည်တွေဖြစ်မယ်
စိတ်၀င်စားဖို့ကောင်းလိုက်တာ"
ညတွင်းချင်းပဲ ရှော့ပင်းစင်တာရှေ့မှ ပလာဇာကြီးနှင့် ဘေးနားပတ်လည်မှ မြေနေရာလွတ်များဟာ မြွေလိမ်မြွေကောက် ၀င်္ကပါသဏ္ဍာန် ရှေးဟောင်းအဆောက်အအုံများဖြင့် ပြည့်နှက်သွားခဲ့တာပဲ ဖြစ်သည်။
စံအိမ်တော်များ ၊ ပွဲဈေးတန်းများ ၊ လမ်းဘေးဈေးသည်များ စားသောက်ဆိုင်များက လွန်စွာ အနုစိတ်လျက် ဟိုတစ်နေရာ ဒီတစ်နေရာစီ၌။
အဝေးက မြင်ရသူတွေအဖို့ပင် သဘာဝကျကျ သိသာထင်ရှားလျက်ရှိသည်။
လမ်းဘေးဈေးသည်တန်း၏ အပြင်ဖက်ရှိ မြင်ကွင်းမှာ လူအများ၏ အာရုံကို ဖမ်းစားသွားနိုင်သည့်အရာက ၎င်းတို့အနေဖြင့် နေထိုင်လာသည့် သက်တမ်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော
သစ်လွင်တောက်ပနေသည့် ဇာတ်ရုံပွဲကြည့်စင် ၊ ကျောက်တန်းများဖြင့် စီခြယ်ထားသော တံတားများ ၊
ရွှေငွေများဖြ်ဖို့ထားသော တောင်ပို့များကြောင့် ဖြစ်သည်။
လူအုပ်ထဲမှ တစ်ယောက်က မနေနိုင်သည့်အဆုံး သူငယ်ချင်းကို လက်တို့လိုက်ရင်း ၀င်ကြည့်ဖို့ရန်စိတ်အားထက်သန်သွားသည်။
"ငါတို့ အထဲ၀င်ပြီး တစ်ချက်လောက် သွားကြည့်ကြည့်ရအောင်"
"ဒါမဲ့ ဒီနေ့က တစ္ဆေပွဲတော်ရက်ကို ငါတို့ အိမ်စောစောပြန်ရမှာ မဟုတ်ဘူးလား?"
"ဘာတွေကြောက်နေတာလဲ? အထဲမှာလည်း လူတွေရှိနေတာပဲ မဟုတ်ဘူးလား
ဒီလောက် လူထူထပ်နေတဲ့အထဲကို တစ္ဆေတွေက ထွက်မလာလောက်ပါဘူး"
"အဲ့တာဆိုလည်း ၀င်မယ်ကွာ"
ပန်းခြံပါတီမှာ ကုမ္ပဏီက ပြင်ဆင်ထားတာဆိုပေမဲ့ လူအများအား ၀င်ခွင့်ပေးထားသည်။
ကုမ္ပဏီ ၀န်ထမ်းမဟုတ်လည်း ဖြတ်သွားဖြတ်လာလူတစ်ယောက်အနေဖြင့် စိတ်တိုင်းကျ ၀င်ထွက်နိုင်သည်။
ထို့အတွက်ကြောင့် ပြင်ဆင်ထားသည့်အဆောက်အအုံပုံများကြောင့် ဆွဲဆောင်ခံလိုက်ရသည့် လူများမှာ လျစ်လျူရှု ရှောင်ဖယ်မသွားနိုင်ဘဲ ၀င်လာခဲ့ကြသည်။
"ဒီ ပန်းခြံပါတီက တစ်နေရာမှာ ဒီဇိုင်းတစ်မျိုးစီတစ်မျိုးစီ ပြင်ဆင်ထားတာနဲ့ တူတယ်
အရင်ဆုံး ဒီဖက်ခြမ်းကို ကြည့်ကြည့်ကြတာပေါ့"
တစ်ယောက်က အရင်ကြို၀င်သွားပြီးနောက် ဟိုကြည့်ဒီကြည့်လုပ်ရင်း တစ်နေရာအရောက်မှာ အပေါက်၀တည့်တည့်၌ စကားလုံးနှစ်လုံး ရေးထားသော ဆိုင်းဘုတ်အား ထောင်ထားသည်ကို တွေ့လိုက်ရသည်။
"တစ္ဆေ ဈေးတန်း"
"တစ္ဆေဈေးတန်း တဲ့?? ဘာပစ္စည်းတွေ ရောင်းကြတာလဲ မသိဘူး"
သူနှင့်အတူတူ ပါလာသည့်သူမှာ စိတ်လှုပ်ရှားမှုကို ဖုံးဖိမထားနိုင်တော့သည့် လေသံဖြင့် နောက်ဆုံးတွင် ဆွဲခေါ်သွားခြင်းခံရတော့သည်။
သူတို့အထဲကိုရောက်သည့်အခါ မျက်လုံးများ ပြူးကျယ်သွားရပြီး ရှိုက်သံတွင်ပင် အံ့ဩနေသည့်အရိပ်အယောင်များဖြင့်။
တစ္ဆေဈေးတန်းမှာ ရှေးဟောင်းခေတ်ကာလကို ပြန်လည် တုပထားသည့်အလား။
လမ်းဘေး တစ်ဖက်တစ်ချက်စီ၌ သီချင်း၀င်နားဆင်လို့ရသည့် အဆောင်နှင့် အရက်သေစာ ၀ယ်ယူရနိုင်သည့် အဆောင်ရှိသည်။
လှည်းလေးများဖြင့် ကုန်စုံ ပျံကျဈေးသည်များလည်းရှိ၏။
တစ္ဆေ ဈေးတန်းအား ပုံမှန် မြင်နေကျ ဈေးတန်းများဖြင့် ကွဲပြားသွားစေသည့်အချက်မှာ လမ်းတစ်လျှောက် ကြားဖြတ် နေရာ လမ်းဆုံလေးများ၌ အဖြူရောင် မီးပုံးအိမ်လေးများ ချိတ်ဆွဲထားခြင်းပင် ဖြစ်သည်။
အရက်ဆိုင်ထဲမှ လှမ်းကြည့်နေသည့် ၀န်ထမ်းများနှင့် ကုန်စုံသည်များမှာလည်း သာမန်လူနှင့် မတူ။
လျှာတစ်လစ် ထွက်နေသူက ထွက် ၊ မျက်လုံးတစ်ဖက် ကျွတ်ကျနေသူက တစ်ယောက် ၊ အဆွယ်များ ၊ သွေးများ တစ်ကိုယ်လုံး ပေကျံသူက ပေကျံနှင့် အမျိုးစုံလင်လှသည်။
အပြင်အဆင်များအားလုံးက တကယ့် တစ္ဆေများနှင့် တူစေရန်အလို့ငှာ မိတ်ကပ်လိမ်းခြယ် ထားကြခြင်းပေလား။
ဆူညံနေသည့် ဈေးတန်းအား ပို၍ ကြက်သီးထဖွယ် ကြောက်မက်ဖွယ် ကောင်းစေလို၍လား မသိရ။
သို့သော် ဟိုတစ်စ ဒီတစ်စ လည်ပတ်နေသည့် ဧည့်သည်များ၏ ဆူညံသံက ဤကြက်သီးထဖွယ် ခံစားချက်ကြီးအား ပျယ်လွင့်သွားစေသည်။
လမ်းမထက်ကား လည်ပတ်သူများ၏ ရုတ်တရက် ထွက်ပေါ်လာသော အော်သံများဖြင့် ပြည့်နှက်လျက်။
"ဟဲ့... ဒီတစ်ယောက် ခေါင်းကြီးက ပြုတ်ထွက်သွားတာဟ"
"မိတ်ကပ်ပြင်ထားတာလည်း အစစ်အတိုင်းပဲ"
"နေဦး ဓာတ်ပုံရိုက်ယူထားပြီး meme လုပ်ရမယ်
-ခေါင်းပြတ်သွားပြီ- ဆိုတဲ့ caption နဲ့ တင်ဖို့"
ဓာတ်ပုံရိုက်ယူမည့်သူက ရိုးရိုး ဓာတ်ပုံရိုက်ရုံမဟုတ်ဘဲ ပြုတ်ကျသွားတဲ့ ခေါင်းကို ကောက်မလိုက်ပြီး ခေါင်းပိုင်ရှင်ရဲ့ လက်ထဲ ပြန်ထည့်ပေးလိုက်သေးကာ...
"သာ့ကော...ဒီခေါင်းလေးကို ဟောဒီလိုလေး ကိုင်ထားပေးလို့ရမလား
အဲ့တာမှ ဓာတ်ပုံက သဘာ၀ကျကျလေး ထွက်လာအောင်လို့လေ"
ခန္ဓာကိုယ်က ခေါင်းတစ်ပိုင်းပြုတ်လျက် ပြုတ်နေသော ခေါင်းကို လက်နှင့် ကိုင်ထားရသည့် သာ့ကော :".............."
သူတို့အနေဖြင့် တစ္ဆေပွဲတော်အား လူသားများနှင့် ဆင်နွှဲဖူးသည့် အချိန်မှာ ကြာမြင့်လှပြီ ဖြစ်သည်မို့
ငြီးညူမနေတော့ဘဲ ရှက်စိတ်ကို ဖုံးကွယ်ကာ ပြောသည့်အတိုင်း လုပ်ပေးလိုက်တော့သည်။
"ဒီလောက်ဆို အဆင်ပြေပြီလား ဘရို???"
ဘေးနားက ဆိုင်မှ ဈေးသည်ကလည်း ဓာတ်ပုံရိုက်မည့် နားရောက်လာပြီး ပြောပြလာခဲ့သည်။
"ငါလည်း ဗိုက်ထဲက အူကလီစာတွေကိုထုတ်ပြီး လည်ပင်းမှာ ပတ်ပြလို့ရတယ်..
အဲ့လိုပုံရော ရိုက်ယူချင်သေးလား?"
လည်ပတ်သူမှာ လက်ပြ ငြင်းဆန်လိုက်ပြီး...
"အဲ့လို ပုံမျိုးတင်ရင်ကျ ကျွန်တော်တို့ကို မိဇူက ဘန်းမှာဗျ"
ကမ်းလှမ်းလာသူမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားရင်း တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်မိတော့သည်။
"ဘာလို့ လူတွေက မြေကြီးပေါ် ခေါင်းပြုတ်ကျရင်ကျ ကြိုက်နေကြပြီး အူကလီစာတွေ ထုတ်ပြမှာကျ မကြိုက်ကြတာလဲ မသိဘူး"
TBC
(Zawgyi)
နည္းပညာေဆြးေႏြးပြဲမွတစ္ဆင့္ ယူေဆာင္ေပးလာေသာ ေအာင္ျမင္မႈအရွိန္အဟုန္ျဖင့္ Amazing Future ၏ ထုတ္ကုန္ေရာင္းအားမွာ တစ္ခါမွ မေရာက္ဖူးေသာ အထြတ္အထိပ္ေနရာထိ ထိုးတက္သြားခဲ့သည္။
သာမန္သုံးစြဲသူမ်ားႏွင့္ ႏွစ္ေယာက္သား၏ ပရိသတ္အားကို ေဘးဖယ္လိုက္ေသာ္ တကယ္တမ္း ယခုကဲ့သို႔ ေရာင္းအားျမင့္တက္သြားရျခင္း၏ ေနာက္ကြယ္က လက္သည္မွာ နည္းပညာနယ္ပယ္တြင္းမွ သုံးႏိုင္စြဲႏိုင္ေသာ ေ႐ႊဇြန္းကိုက္အရင္းရွင္မ်ား၏ အားေပးမႈေၾကာင့္ ျဖစ္ေပသည္။
အထူးသျဖင့္ ေက်ာက္ေရာ့လား၊ ေက်ာက္ရွန္းလန္တို႔ႏွင့္ ဆက္စပ္ေနသည့္ အသိုင္းအဝိုင္းမွ။
၎တို႔မွာ အဆိုေတာ္၏ ဒုတိယအိမ္ျဖစ္ေနသည့္ ကုမၸဏီ၏ အေၾကာင္းကို သိလိုတာတစ္ေၾကာင္း ၊ ေက်ာက္ရွန္းလန္ ခဏခဏ ခ်ီးက်ဴးသည့္သူ ၊ ေက်ာက္ေရာ့လားအား ဆြဲေဆာင္သြားႏိုင္ေသာ သူသည္ မည္သူနည္းဆိုသည္ကို သိလိုစိတ္ျပင္းျပၾကသူမ်ားျဖစ္ၾကသည္။
မည္သည့္အရာေတြကမ်ား အခုေလာက္ အဆန္းတၾကယ္ျဖစ္သြားေစခဲ့ရသနည္း ဆိုသည့္ေမးခြန္း၏ အေျဖကို သိခ်င္ေနခဲ့ၾကသည္။
သို႔ျဖစ္၍ ထိုသိလိုစိတ္ျပင္းျပေနၾကေသာ သူမ်ားမွာ ပစၥည္းမ်ား ၀ယ္ယူသည့္အခါတြင္လည္း ေဈးႏႈန္းကို ဂ႐ုစိုက္မေနႏိုင္။ တစ္ခါတည္း အစုလိုက္အၿပဳံလိုက္ ၀ယ္ခ်ပစ္ၾကျခင္း။
ထိုကဲ့သို႔ အဆမတန္ ျမင့္တက္သြားသည့္ ေရာင္းအားေၾကာင့္ ေလာ့ဖုန္းကုမၸဏီရွိ ၀န္ထမ္းမ်ား အားလုံးမွာ ေပ်ာ္႐ႊင္၀မ္းေျမာက္လ်က္ ကုမၸဏီအတြင္း ေလထုအေနအထားမွာလည္း ေပါ့ပါးသြက္လက္ေနခဲ့ၾကသည္။
MBA တန္းေလး တက္ရင္း အသိသညာေလး အနည္းငယ္ တိုးပြားလာရွာသည့္ ရွန္းခြၽယ့္တစ္ေယာက္သာလွ်င္ ေနာင္ေရးအတြက္ ပူပင္ေနမိလ်က္ရွိသည္။
ယခုဆိုလွ်င္ ကုမၸဏီက အျမတ္လည္း အမ်ားႀကီး ရေနသေလာက္ ကုန္က်စရိတ္ကလည္း တိုးသထက္ တိုးလာေနသည္။
အထူးသျဖင့္ ေက်ာက္ေရာ့လား အလုပ္၀င္လာျခင္းေၾကာင့္ ၎အားေပးရမည့္ လစာႏွင့္ သူမ လိုအပ္မည့္ အသုံးစရိတ္အား အနီးစပ္ဆုံးတြက္ျပထားသည္မ်ားကို ေပါင္းစပ္ၾကည့္လိုက္ေသာအခါ ရွန္းခြၽယ့္၏ တေစၦႏွလုံးသားေလး ေလးပင္သြားရေတာ့သည္။
သက္ေတာင့္သက္သာ ေအးေဆးေသာ တေစၦဘ၀ေလးျဖင့္ေတာင္ မေနႏိုင္ေတာ့ေခ်။
အေရးႀကီးဆုံးတစ္ခ်က္က အခုခ်ိန္မွာ ရွန္းခြၽယ့္အေနျဖင့္ ေက်ာက္ေရာ့လား၏ တြက္ခ်က္မႈမ်ားကို မွန္မမွန္ ေဝဖန္ႏိုင္သြားၿပီျဖစ္သည္။
သူတို႔ရဲ႕ ပစၥည္းတပ္ဆင္မႈက ေရရွည္အတြက္ ရည္႐ြယ္ထားတာေၾကာင့္ နည္းနည္းေလးမွ အေခ်ာင္ခိုလို႔ မရေခ်။ အျခားေသာ ကုမၸဏီႀကီးမ်ား အသုံးျပဳသည့္ေငြပမာဏထက္ပင္ ပို၍ မ်ားမ်ား သုံးႏိုင္မွ ေတာ္ကာက်မည္။
ေပါ့ပါးေပ်ာ္႐ႊင္ေနၾကေသာ ပတ္၀န္းက်င္အေနအထားေအာက္တြင္ မႈိင္းထိုင္းမႈန္မႊားေသာ ေလထုက ဖိႏွိပ္ခံထားရရင္း ႏွစ္တစ္ႏွစ္၏ လစျႏၵာျပကၡဒိန္အရ ခုနစ္လေျမာက္ကို ေရာက္လာခဲ့သည္။
ထိုအခါ ေလာ့ဖုန္း ကုမၸဏီအတြင္းရွိ သုံးမ်ိဳးေသာ တေစၦ ၊ သရဲ ၊ ဝိဉာဥ္တို႔မွာ ႐ုတ္တရက္ႀကီး စိတ္ဓာတ္က်ေနသည့္ လူငယ္ေလးမ်ားအသြင္ ေျပာင္းလဲသြားၾကသည္။
ယြိက်န္းတုမွာ ေလာ့ဖုန္း၌ အလုပ္၀င္ေနသည္မွာ အခ်ိန္အေတာ္ၾကာျမင့္ၿပီမို႔ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ယခုပုံစံကို ၾကည့္ရင္း ခန္က်င့္အား တိတ္တဆိတ္ေလးသြားေမးရေတာ့သည္။
ခန္က်င့္သည္လည္း သက္ျပင္းတစ္ခ်ခ် လုပ္ေနလ်က္။ သူက ေဘးနားပတ္၀န္းက်င္မွာ ရွန္းခြၽယ့္မရွိတာ ေသခ်ာေအာင္ၾကည့္ၿပီးမွ ဆံပင္တုကို ဆြဲခြၽတ္ပစ္လိုက္ေတာ့သည္။
ထို႔ေနာက္ ထိုဆံပင္တုႀကီးအား ယပ္ေတာင္အသြင္ တျဖတ္ျဖတ္ ယပ္ခတ္ေနကာ ယြိက်န္းတုအား ေျဖေပးလိုက္၏
"က်ဳံးယြမ္ပြဲေတာ္ရက္ ေရာက္လာေတာ့မွာမလား..."
ယြိက်န္းတုက ဆံပင္တုႀကီးအား ဆြဲလုလိုက္ၿပီးေနာက္ ေခါင္းေပၚျပန္တင္ေပးလိုက္ကာ
"အဲ့တာနဲ႔ပဲ မင္း ငါ့မ်က္လုံးေတြကို ထိခိုက္ေအာင္ လုပ္လို႔ရေလာက္မယ့္ အေၾကာင္းျပခ်က္ေကာင္း ျဖစ္မသြားဘူးကြ"
တိုက္ဆိုင္စြာပဲ ထိုအခ်ိန္၌ ေက်ာက္ေရာ့လားက ေဘးကေန ျဖတ္သြားခဲ့သည္။
ဆံပင္ ထိပ္ေျပာင္ေနေသာ ခန႔္က်င့္အားျမင္ေသာ္ သူမက အလိမ္ခံလိုက္ရသူတစ္ေယာက္ႏွယ္။
"ရွင္ပဲ ေျပာေတာ့ ကုမၸဏီမွာ ထိပ္ေျပာင္ေနတဲ့သူ မရွိဘူးဆို"
ယြိက်န္းတုက စိတ္ကိုေအးေအးထားရင္းပဲ ျပန္ေျဖလိုက္ရသည္။
"ဒါမဲ့ ဒီတစ္ေယာက္က လူမဟုတ္ဘူးေလ"
ေက်ာက္ေရာ့လား :".........ဟုတ္သားပဲ"
ခန္က်င့္က ပ်ာယီးပ်ာယာျဖင့္ရွဴးဆိုတဲ့ပုံစံလုပ္ျပလာကာ..
"စကားကို တိုးတိုးေျပာၾကပါ
သူေဌးက ကြၽန္ေတာ့္ကို သတိေပးထားတယ္ သူ႔ေရွ႕မွာ ဆံပင္ထိပ္ေျပာင္ျဖစ္ေနတာမ်ိဳး မျမင္ရေစနဲ႔တဲ့"
ေက်ာက္ေရာ့လားကလည္း ေခါင္းညိတ္ကာ မ်က္လုံးႏွစ္ဖက္ကို အုပ္ရင္း ေရွာင္ထြက္သြားေတာ့သည္။
"ရွင့္ ေခါင္းထိပ္ေျပာင္ႀကီးလည္း ေနာက္မျမင္ရမွ ေတာ္ကာက်မယ္"
ခန္က်င့္က ဆံပင္တုကိုျပန္တပ္ရင္း သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပန္လုပ္လိုက္ရင္းမွ ယြိက်န္းတုအားေမးလိုက္၏။
"ေျမေအာက္ေလာကသားေတြအတြက္ ဆံပင္အျမန္ေပါက္နည္း နည္းပညာကို ဘယ္မွာ သြားထြင္ရင္ ရေလာက္မလဲ?"
ယြိက်န္းတုက လ်စ္လ်ဴရႈထားလိုက္ေတာ့ကာ...
"အဲ့လိုဆိုမွ က်ဳံးယြမ္ပြဲေတာ္က ဘာျဖစ္လို႔လဲ?"
က်ဳံးယြမ္ပြဲေတာ္အား တိကြမ္ပြဲေတာ္ ၊ ရွိကုပြဲေတာ္ ၊ ဘုံပြဲေတာ္အျဖစ္လည္း ေခၚၾကေသးသည္။
သို႔ေသာ္ ထိုသို႔နာမည္ကြဲမ်ားၾကားထဲတြင္ အေက်ာ္ၾကားဆုံးေသာ နာမည္လည္းရွိေပေသးသည္။
၎ကား "တေစၦပြဲေတာ္" ျဖစ္၏။
(T/N :
ေတာက္ဓမၼဘာသာဝင္မ်ား၏ အေခၚ =က်ဳံးယြမ္ပြဲေတာ္ [中元节(zhōng yuán jié)]
ဗုဒၶဘာသာ၀င္မ်ား၏အေခၚ
=ယြီလန္ဖန္ပြဲေတာ္[盂兰盆节(yú lán pén jié)]
ေဆာင္းဦးလယ္ပြဲေတာ္ ဟူ၍လည္း လူသိမ်ား၏ ။
အာရွႏိုင္ငံ အမ်ားအျပားတြင္ က်င္းပေလ့ရွိၾကေသာ ပြဲေတာ္တစ္ရပ္ျဖစ္သည္။
လစျႏၵာျပကၡဒိန္အရ ႏွစ္တစ္ႏွစ္ရွိ ခုနစ္လေျမာက္၏ ၁၅ ရက္ေန႔ေျမာက္တြင္ ႏွစ္စဥ္က်င္းပေလ့ရွိၾကသည္။)
ေရွးေဟာင္းဒ႑ာရီမ်ားအရ ဤရက္သည္ ကမာၻေလာကႀကီးအေနျဖင့္ အျပစ္သားမ်ားအား ခြင့္လႊတ္ေသာ ရက္တစ္ရက္အျဖစ္ သတ္မွတ္ႏိုင္ေပသည္။
ေျမေအာက္ေလာကအေနျဖင့္ ထိုရက္တြင္ ငရဲတံခါးအား ဖြင့္ေပးကာ ဝိဉာဥ္မ်ားအေနျဖင့္ အျပင္သို႔ ထြက္ႏိုင္ေပသည္။
တေစၦပြဲေတာ္ကား တေစၦတို႔၏ ဘုရားပြဲအလားပင္။
လူ႔ေလာက၌ ေဆြမ်ိဳးသားခ်င္း က်န္ရစ္ခဲ့သူမ်ားရွိလွ်င္လည္း သြား၍ ေတြ႕ႏိုင္ၿပီး
တစ္ကိုယ္တည္းသမားမ်ားအေနျဖင့္လည္း လူ႔ကမာၻ၌ လွည့္လည္ ေလွ်ာက္ပတ္သြားႏိုင္ေပသည္။
ဘယ္လိုရႈေထာင့္မ်ိဳးကပဲျဖစ္ပါေစ တေစၦပြဲေတာ္ကား တေစၦမ်ား ေပ်ာ္႐ႊင္ျမဴးထူးစြာ ပါ၀င္သင့္ေသာ ပြဲေတာ္ရက္တစ္ရက္ပင္ျဖစ္၏။
သို႔ေသာ္ လုပ္ေဖာ္ကိုင္ဖက္မ်ားက အဘယ့္ေၾကာင့္မ်ား စိတ္ဓာတ္က်ေနသည့္ပုံမ်ား ျဖစ္ေနၾကရသနည္း?
ခန္က်င့္က ေပါင္ကို ခပ္ျပင္းျပင္းတစ္ခ်က္႐ိုက္ခ်ျပၿပီး လက္သီးလက္ေမာင္းတန္းကာျဖင့္ ဆိုလာခဲ့သည္။
"ေရွးေဟာင္းတေစၦေတြအေၾကာင္းေတာ့ ထည့္မေျပာေတာ့ဘူး
ေလာေလာလတ္လတ္ ဆိုရွယ္လစ္တေစၦေတြျဖစ္ၾကတဲ့ ကြၽန္ေတာ္တို႔အေၾကာင္းပဲ ေျပာျပမယ္
ပုံမွန္ဆို ကြၽန္ေတာ္တို႔အေနနဲ႔ ေျမေအာက္ေလာကစည္းမ်ဥ္းစည္းကမ္းေတြကိုလိုက္နာၿပီး လူ႔ေလာကကို ၀င္ေရာက္စြက္ဖက္ျခင္းမျပဳရဘူးေလ...
အဲ့မွာ တစ္ရက္တေလေလး သာမန္လူတစ္ေယာက္လိုမ်ိဳး လမ္းေပၚထြက္ ေလွ်ာက္လည္လို႔ရမယ့္ ပြဲေတာ္ေလး ရတာကို လူေတြ ကြၽန္ေတာ္တို႔ကို ဆက္ဆံပုံကိုလည္း ၾကည့္ၾကပါဦး
မသိရင္ ကြၽန္ေတာ္တို႔ကပဲ တေစၦေတြက်လို႔"
ယြိက်န္းတုမွာ ၀င္ေထာက္လိုက္ရသည္။
"တကယ္လည္း တေစၦေတြပဲေလ"
ခန္က်င့္က ခဏမွ်ေၾကာင္သြားၿပီးေနာက္မွ ဆက္ေျပာျပလာခဲ့သည္။
"အညႇိဳးအေတးႀကီး တေစၦတို႔ မေကာင္းဆိုးဝါးတေစၦတို႔လို မေကာင္းတဲ့တေစၦေတြျဖစ္ေနရင္ ေျပာတာ...
ကြၽန္ေတာ္တို႔လို ဥပေဒလိုက္နာတဲ့ တေစၦေကာင္းေလးေတြက် အခုလို သူတို႔ဆက္ဆံပုံႀကီးက ခြဲျခားခံရသလိုႀကီး"
"ကြၽန္ေတာ္တို႔မွာ တစ္ႏွစ္ပတ္လုံးမွ ဒီရက္ေလးပဲ လမ္းမေပၚ တရား၀င္ ထြက္ခြင့္ရွိတာ..
ကြၽန္ေတာ္တို႔လည္း အသက္ရွင္ရတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးက ဘယ္လိုလဲဆိုတာေလး ျပန္သိခြင့္ေတာ့ ရသင့္တာေပါ့
ဒါမဲ့ တေစၦပြဲေတာ္အခ်ိန္ဆို ေဈးဆိုင္ေတြကလည္း အေစာႀကီး ပိတ္ကုန္ၿပီး လူေတြကလည္း အိမ္ကို အေစာႀကီး ျပန္ၾကတယ္။
တကယ္လည္း ညေရာက္ေရာ လမ္းမေတြေပၚမွာ လမ္းသလားေနၾကတာဆိုလို႔ ကြၽန္ေတာ္တို႔ တေစၦေတြအခ်င္းခ်င္းပဲ က်န္ေနခဲ့တာႀကီးက် ေျမေအာက္ေလာကမွာ ရွိေနရတာနဲ႔ ဘာကြာေတာ့မွာလဲ"
ေျပာျပေလေလ မတရားခံရသလို ခံစားခ်က္ႀကီးက ပိုလာေလေလ။
နားေထာင္ေနရသည့္ ယြိက်န္းတုပင္ ေျမေအာက္ေလာကက တေစၦေတြလည္း ခြဲျခားဆက္ဆံခံရတာပါလား ဟူေသာ အေတြးမ်ိဳးျဖင့္ ၀င္သနားေပးမိသြားရသည္အထိ။
သို႔ေသာ္ ယြိက်န္းတုအေနျဖင့္ ခန္က်င့္၏ စကားအဓိပၸါယ္လားရာကို သေဘာေပါက္၏။
ယခုလိုျဖစ္ရျခင္းအေၾကာင္းအရင္းကား လူ႔ေလာကႏွင့္ ေျမေအာက္ေလာကၾကား အဆက္အသြယ္ျပတ္ေတာက္ျခင္းမွ အစျပဳေသာ အေတြးအျမင္ေတြ လြဲေခ်ာ္သြားျခင္းေၾကာင့္ျဖစ္သည္။
ေျမေအာက္ေလာကမွ တေစၦမ်ားကလည္း တစ္ခ်ိန္က လူ႔ေလာကတြင္ အသက္ရွင္ဖူးၾကသူမ်ားျဖစ္ၾကသည္။ ထို႔အတြက္ေၾကာင့္ ၎တို႔အျမင္၌ လူ႔ေလာကအား ေနရာေကာင္းတစ္ရပ္လို ေတြ႕ျမင္ၾက၏။ အထူးသျဖင့္ က်န္ရစ္ေသာ ေဆြမ်ိဳးသားခ်င္း ရွိသူမ်ားအဖို႔။
အရွင္းလင္းဆုံးေျပာရေသာ္ ေျမေအာက္ေလာကသားမ်ားလည္း အိမ္လြမ္းနာက်တတ္ၾကသလို တစ္ႏွစ္မွ ရွားရွားပါးပါး တစ္ႀကိမ္သာ ဆင္ႏႊဲခြင့္ရွိေသာ ပြဲေတာ္ရက္မ်ိဳးတြင္ အထူးသျဖင့္ အိမ္သို႔ အလည္တစ္ေခါက္ျပန္ရင္း က်န္ရစ္ေသာ မိသားစုဝင္မ်ားႏွင့္ အခ်ိန္ကုန္ဆုံးခ်င္ၾကေပသည္။
အသက္ရွင္ရသည့္ ခံစားခ်က္အား တစ္ဖန္ျပန္၍ ခံစားလိုၾကသည္။
သို႔ေသာ္ ေျမေအာက္ေလာကႏွင့္ပတ္သတ္ေသာ မွတ္ဉာဏ္မ်ားမရွိၾကေတာ့သည့္ လူ႔ေလာကမွ ေသမ်ိဳးမ်ားအဖို႔ ေျမေအာက္ေလာကဆိုသည့္ စကားလုံးသည္ ေသျခင္းတရား ၊ ေၾကာက္မက္ဖြယ္ ၊ မေကာင္းမႈ ၊ မေကာင္းဆိုး႐ြား စသည့္အဓိပၸါယ္မ်ားကို ေဖာ္ေဆာင္ေနသည္ဟု ယူဆၾကသည္။ ထို႔အတြက္ေၾကာင့္ ေလာကႏွစ္ခုမတူၾကသည့္အေပၚ၌ လူသားမ်ားအဖို႔ သဘာ၀က်က် ေၾကာက္႐ြံ႕စိတ္ေပၚထြက္လာၾကျခင္းျဖစ္သည္။
ရလဒ္တစ္ခုအေနျဖင့္ တေစၦပြဲေတာ္ရက္တြင္ ေျမေအာက္ေလာကမွ လြတ္ေျမာက္လာမည့္ တေစၦတစ္ေကာင္ေကာင္ႏွင့္ ထိပ္တိုက္ မေတြ႕မိဖို႔အေရး လူသားအားလုံးမွာ အိမ္သို႔ သုတ္သုတ္ျဖာျဖာ ျပန္ၾကသည္။
လမ္းမမ်ားေပၚမွာ လူနည္းသထက္ နည္းသြားျခင္းေၾကာင့္ ဖူၿမိဳ႕ကဲ့သို႔ ၿမိဳ႕ျပႀကီးေပၚတြင္ဆို တေစၦပြဲေတာ္အား တစ္သီးတစ္သန႔္ က်င္းပသင့္သည့္ ပြဲေတာ္႐ိုးရာမ်ိဳးရွိသည္ကိုပင္ သတိမျပဳမိၾကေတာ့ေခ်။
တျဖည္းျဖည္းႏွင့္ တေစၦပြဲေတာ္မွာ လူ႔ေလာကအတြက္ ပြဲေတာ္ မဆန္ဆုံးေသာ ပြဲေတာ္တစ္ခုျဖစ္လာခဲ့ေတာ့သည္။
ယြိက်န္းတုအေနျဖင့္ ႏွစ္ဖက္စလုံးအား နားလည္ေပးႏိုင္ေပ၏။ သူ႔အေနျဖင့္လည္း ေလာ့ဖုန္းကုမၸဏီကို ေရာက္မလာခင္က တေစၦပြဲေတာ္ရက္ဆိုလွ်င္ အိမ္ထဲက အိမ္ျပင္ ထြက္ဖို႔ကိုပင္ မႏွစ္ၿမိဳ႕ခဲ့ေသာ လူငယ္တစ္ေယာက္ ျဖစ္ခဲ့ဖူးသည္။
သူလည္း ခန္က်င့္အား ႏွစ္သိမ့္ေပးလိုက္ရကာ...
"အရမ္းႀကီးလည္း ၀မ္းနည္းမေနပါနဲ႔ ၊
လူေတြက တမင္ရည္႐ြယ္ခ်က္ရွိရွိနဲ႔ မင္းတို႔ေတြကို ခြဲျခားဆက္ဆံတာမ်ိဳး မဟုတ္ရပါဘူး
ကမာၻႏွစ္ခုက အစကတည္းက ဆက္သြယ္ေရးသိပ္မရွိဘဲ ခပ္တန္းတန္းဆက္ဆံေရးမ်ိဳး ျဖစ္ေနတာေၾကာင့္မို႔လို႔ နားလည္မႈ လြဲသြားတဲ့ပုံပါပဲ...
ၿပီးေတာ့လည္း မင္းတို႔ တေစၦေတြရဲ႕ ေယူယ်ပုံသ႑ာန္က လူထုအျမင္မွာက် နည္းနည္းမႏွစ္ၿမိဳ႕စရာဆိုေတာ့ကြာ.....ေၾကာက္တာကေတာ့ ျဖစ္သင့္တာပဲမလား"
ခန္က်င့္လည္း ျပႆနာက လူသားေတြေၾကာင့္ မဟုတ္မွန္းေတာ့ သိရွာသည္။
သို႔ႏွင့္ ဘက္ေျပာင္းၿပီးေတာ့ပဲ ေျမေအာက္ေလာကသားေတြရဲ႕ မ်က္ႏွာအိုးမည္းသုတ္ၿပီး ငါးခုံးမတစ္ေကာင္ေၾကာင့္ တစ္ေလွလုံး ပုပ္ရေလေအာင္ လုပ္ခဲ့ေသာ အျပစ္သား မေကာင္းဆိုး၀ါးတေစၦမ်ားကိုသာ ဆူေငါက္ေတာ့သည္။
"သူတို႔ေၾကာင့္သာ မဟုတ္ရင္ ငါတို႔ကို အခုေန လူေတြက ဒီေလာက္ႀကီးထိ ေၾကာက္ၾကမွာလည္း မဟုတ္ဘူး!!!"
ယြိက်န္းတုလည္း ေထာက္ခံတာေၾကာင့္ သူပါေရာၿပီး ခန္က်င့္ႏွင့္အတူ ၀င္ဆူေငါက္ေတာ့သည္။
ထိုအခါ ခန္က်င့္လည္း အနည္းငယ္ စိတ္သက္သာရာရသြားေသာ္ျငား အခုေလာက္ႏွင့္ ျပႆနာ၏ အရင္းအျမစ္ ေပ်ာက္မသြားခဲ့ေခ်။
ေျမေအာက္ေလာကသားမ်ား၏ မႈန္မႈိင္းေနေသာ စိတ္ခံစားခ်က္မ်ားအား ကုသေပးႏိုင္ျခင္း မရွိေသး။
ညအခ်ိန္သို႔ေရာက္ေသာအခါ အလုပ္ၿပီးသြားသည့္တိုင္ေအာင္ ယြိက်န္းတုမွာ ထိုကိစၥအေၾကာင္း ဆက္လက္ေတြးေနမိခဲ့သည္။
တိုက္ဆိုင္စြာပဲ Peppa ေလးရဲ႕ လက္ကိုဆြဲရင္း လမ္းေလွ်ာက္လာတဲ့ ရွန္းခြၽယ့္က ယြိက်န္းတုအား ျမင္သြားခဲ့ကာ ေမးလာပါ၏။....
"သိပ္မၾကာတဲ့အခ်ိန္အတြင္းမွာ က်ဳံးယြမ္ပြဲေတာ္ေရာက္လာေတာ့မွာ ၊ Peppa ေလးအတြက္ အ၀တ္အစားသစ္ေတြ ၀ယ္ဖို႔ အတူတူသြားၾကမလား?"
Peppa ေလးက ေပ်ာ္႐ႊင္ျမဴးထူးစြာ ခုန္ေပါက္လ်က္
"ေဈး၀ယ္ထြက္ၾကမယ္ကြ!!!!"
ယြိက်န္းတုလည္း Peppa ေလးကို ျမင္ျမင္ခ်င္းပဲ မ်က္လုံးေလးမ်ားက လျခမ္းသ႑ာန္ တြန႔္ခ်ိဳးသြားသည္အထိ ၿပဳံးျပလိုက္ရင္း သူမ၏ လြတ္ေနေသးေသာ လက္တစ္ဖက္အား လွမ္းကိုင္လိုက္ကာ..
"ဟုတ္ၿပီ ဒီတစ္ခါက် အပိုအ၀တ္အစားေတြပါ ၀ယ္ၾကတာေပါ့!"
ေက်ာက္ေရာ့လားလည္း ေလာ့ဖုန္းကို ေရာက္လာၿပီးေနာက္မွ ေသျခင္းရွင္ျခင္းစာရင္းဇယားအေကာင့္ေတြ ျပန္ျပင္ေနသည့္ ပေရာဂ်က္က အနည္းငယ္ တိုးတက္မႈ သြက္လာခဲ့သည္။
အခုအရွိန္အတိုင္းသာ ဆက္သြားမည္ဆိုလို႔ရွိရင္ မၾကာခင္အခ်ိန္အတြင္းမွာ Peppa ေလးျပန္လည္၀င္စားရမည့္ဘ၀အတြက္လည္း တိက်မွန္ကန္စြာ တြက္ခ်က္ေပးႏိုင္ေတာ့မည္ ျဖစ္၏။
သူ႔အေနျဖင့္ Peppa ေလးတစ္ေယာက္ ေနာက္ဘ၀၌ အနည္းဆုံး ၀င္စားႏိုင္ေျခရွိသည့္ ဘဝက ေသးေသးမႊားမႊား တိရိစာၦန္ဘ၀ေလးသာမို႔
ယြိက်န္းတုစိတ္ထဲ၌ က်န္ရွိေနေသးေသာ အခ်ိန္ေလးအား သူမႏွင့္အတူ ေပ်ာ္႐ႊင္စြာျဖတ္သန္းရင္း အ၀တ္အစားလွလွေလးေတြ စိတ္ႀကိဳက္၀ယ္ေပးရင္း ကုန္ဆုံးတာ ေကာင္းမည္ဟု ယူဆလိုက္သည္။
သို႔ေသာ္ သူ႔စကားကို ၾကားေသာအခါ Peppa ေလးက ေပ်ာ္သြားပုံမရပဲ အက်ႌလက္အနားစေလးအား လာတို႔ထိသည္။
ထို႔ေနာက္ နားနားေလးအား တိုးကပ္ခိုင္းၿပီးေနာက္ အသံတိုးတိုးေလးျဖင့္ ေျပာလာ၏။
"ကိုကို ၊ သမီးက ဂါ၀န္တစ္ထည္ပဲ လိုတာ..
က်န္တာကို သမီးသူငယ္ခ်င္း Georgie ဆီ ေပးလိုက္လို႔ရမလား?"
ယြိက်န္းတုက ႏွာေခါင္းသံျဖင့္ ရယ္လိုက္မိၿပီး..
"အာ မီးမီးသူငယ္ခ်င္းနာမည္က Georgie တဲ့လား?"
Peppa က ေခါင္းညိတ္ျပကာ..
"သူ႔မွာ နာမည္မရွိဘူးဆိုလို႔ သမီးေပးေပးထားတာ"
ယြိက်န္းတု :"........"
ဒီေရွ႕ရက္ပိုင္းေတြမွာ သူ႔အေနျဖင့္ အလုပ္ရႈပ္ေနခဲ့တာေၾကာင့္ Peppa ႏွင့္လည္း စကားမေျပာျဖစ္ခဲ့ေသာအခ်ိန္က ၾကာျမင့္သြားခဲ့ၿပီဆိုတာကို သတိမထားမိလိုက္ျခင္း ျဖစ္သည္။
အခုလိုမ်ိဳး အခ်ိန္ခဏေလးအတြင္းမွာ Peppa ဖက္မွ သူငယ္ခ်င္းအသစ္တစ္ေယာက္ လုပ္ႏိုင္လိုက္သည္ကို သိရသည္ႏွင့္ ႏွလုံးသားထဲ ဟတ္ထိသြားခဲ့ရသည္။
Peppa ႏွင့္အရပ္တူ ျဖစ္သြားေစရန္အလို႔ငွာ ေျခေထာက္ထိုင္ခ်လိုက္ရင္း
"မီးမီးက ဘာလို႔ Georgie ကို အ၀တ္အစားေတြမွ်ခ်င္ရတာလဲ?"
Peppa :" သူက မိဘမဲ့ဆိုေတာ့ သူ႔အတြက္ ဘယ္သူကမွ အ၀တ္အစားေတြ မီးမရႈိ႕ေပးၾကဘူးေလ ,
သမီးမွာက် အ၀တ္ေတြအမ်ားႀကီးရွိေနတာဆိုေတာ့ သမီးလည္း သူ႔ကိုနည္းနည္း....."
ယြိက်န္းတုက နားလည္သလို ေခါင္းညိတ္ျပကာ..
"ကိစၥမရွိပါဘူးး ငါတို႔ေတြ အ၀တ္အပိုေတြပါ ၀ယ္ၾကတာေပါ့
အဲ့က် Peppa ေလးလည္းဂါ၀န္ေတြယူ ၊ Georgie ကိုက် တစ္ျခားအ၀တ္စားေတြ ခြဲေပးလိုက္ေပါ့ ဟုတ္ၿပီလား"
Peppa က ေပ်ာ္႐ႊင္ျမဴးထူးစြာျဖင့္ လက္ခုပ္တီးရင္း...
"ေရးးးးးးး"
ဒီရက္ပိုင္း Peppa ေလးက အရင္ကလို Peppa pig တစ္မ်ိဳးတည္းပဲ ၾကည့္တဲ့ ကေလးမေလးမ်ိဳး မဟုတ္ေတာ့ဘဲ ကာတြန္းကားမ်ိဳးစုံ စုံေနေအာင္ ၾကည့္တတ္ေနၿပီ ျဖစ္သည္။
ထို႔ေၾကာင့္ သူမစိတ္ႀကိဳက္ေ႐ြးခ်ယ္သည့္ ဂါ၀န္ပုံစံမ်ားကလည္း ေနာက္ဆုံးေပၚေခတ္စားေနသည့္ ဒီဇိုင္းမ်ား ျဖစ္၏။
သူမ လိုခ်င္တာ အကုန္ေ႐ြးလို႔၀သြားေသာ္ ယြိက်န္းတုက ပိုက္ဆံရွင္းေပးၿပီး ထို႔ေနာက္မွာ မီးရႈိ႕ေပးလိုက္ေတာ့သည္။
မီးရႈိ႕ထားေသာ ပစၥည္းမ်ား ျပာက်သြားဖို႔ေစာင့္ရင္း Peppa ေလးက စိတ္လႈပ္ရွားေနလ်က္ရွိကာ
သူမက ယြိက်န္းတုအား လက္တို႔ရင္း သူမ၏ အားလပ္ရက္အစီစဥ္မ်ားကို ေျပာျပလာခဲ့သည္။
"ကိုကို ၊ Georgie ရယ္ မီးမီးရယ္ တစ္ျခားသူငယ္ခ်င္းေတြရယ္က က်ဳံးယြမ္ ပြဲေတာ္ရက္က်ရင္ ကစားကြင္းသြားၾကမလို႔...."
သို႔ေသာ္ စိတ္လႈပ္တရွားေျပာျပလာၿပီးမွ အသံေလးက တိမ္၀င္သြားကာ။
"ဒါမဲ့ Georgie ေျပာျပတာအရဆို ကစားကြင္းေတြက က်ဴံးယြမ္ ပြဲေတာ္ရက္ဆို အေစာႀကီး ပိတ္တာတဲ့ ၊
အဲ့တာ ေဆာ့မယ္ဆို ကိုးနာရီေနာက္ဆုံးထားၿပီးမွ ေဆာ့လို႔ရမွာတဲ့ေလ"
ကိုးနာရီ။
ထိုအခ်ိန္သည္ ေျမေအာက္ေလာကသားေတြအတြက္က ေန႔တစ္ေန႔ရဲ႕ အစပ်ိဳးအခ်ိန္ဟုပင္ ဆိုႏိုင္သည္။
ယြိက်န္းတုအေနျဖင့္လည္း ဤကိစၥအား တစ္ေန႔လုံး ေခါင္းစားေနခဲ့တာျဖစ္သည္။
Peppa ကပါ ထုတ္ေျပာလာေတာ့ ရွန္းခြၽယ့္အား ၾကည့္လိုက္မိၿပီး ေမးစမ္းၾကည့္မိသည္။"ေျမေအာက္ေလာကမွာ က်ဳံးယြမ္ပြဲေတာ္အတြက္ သပ္သပ္စီစဥ္ထားတာမ်ိဳး မရွိဘူးလား
တကယ့္ ရက္ႀကီးရက္ေကာင္းမ်ိဳးကို ေသခ်ာဆင္ႏႊဲစရာမရွိဘူးဆိုရင္ လူ႔အဖြဲ႕အစည္းႀကီး ယိုယြင္းလာလိမ့္မယ္ေနာ္"
ရွန္းခြၽယ့္လည္း မ်က္ႏွာညႇိဳးငယ္လ်္ ေခါင္းယမ္းျပရင္း...
"ေရွးေခတ္ကတည္းက ေျမေအာက္ေလာကမွာ က်င္းပသမွ် ပြဲေတာ္ေတြက လူ႔ကမာၻက သူေတြ က်င္းပသမွ်ကို ပုံတူကူးၿပီး ျပန္က်င္းပၾကတာမ်ိဳးပဲ
အခုေလာေလာဆယ္မွာ တေစၦပြဲေတာ္က လူ႔ေလာကမွာ နာမည္ဆိုးနဲ႔ေက်ာ္ၾကားေနတဲ့ ပြဲေတာ္တစ္မ်ိဳးမို႔လို႔ ...လူေတြ မက်င္းပဘူးဆိုရင္ ငါ့အေနနဲ႔လည္း လုပ္ေပးႏိုင္တာမ်ိဳးမရွိဘူး"
ယြိက်န္းတုတစ္ေယာက္ ဖ႐ုံသီး၀တ္စုံဂါ၀န္ေလးကို စမ္း၀တ္ၾကည့္ေနတဲ့ Peppa ေလးကို ၾကည့္လိုက္ၿပီးေနာက္...႐ုတ္တရက္ အႀကံတစ္ခု ထြက္လာခဲ့သည္။
"ကြၽန္ေတာ္တို႔နည္း ကြၽန္ေတာ္တို႔ဟန္နဲ႔ ပြဲေတာ္ က်င္းပမယ္ဆိုရင္ေရာ??"
ရွန္းခြၽယ့္က သူ႔အား နားမလည္သလို ၾကည့္လာခဲ့သည္။
ယြိက်န္းတုက Peppa ၏ ဖ႐ုံသီး၀တ္စုံကို လက္ညႇိဳးထိုးျပလိုက္ရင္း..
"အခုမွ စဥ္းစားမိတယ္ ၊ ကြၽန္ေတာ္တို႔ဆီက တေစၦပြဲေတာ္က အေနာက္တိုင္းက လုပ္တဲ့ ေဟာလိုး၀င္းပြဲေတာ္နဲ႔ ခပ္ဆင္ဆင္တူတာပဲ မလား
ဒါေပမဲ့ ေဟာလိုး၀င္းပြဲေတာ္က် လူေတြက စည္စည္ကားကားနဲ႔ ပါ၀င္ဆင္ႏႊဲၾကတယ္ေလ
အဲ့ေတာ့ ကြၽန္ေတာ္တို႔ရဲ႕ တေစၦပြဲေတာ္ကိုလည္း ေၾကာက္ဖို႔ေကာင္းသလို ေပ်ာ္ဖို႔လည္းေကာင္းမယ့္အရာေတြနဲ႔ ခ်ိတ္ဆက္လိုက္ရင္ မေကာင္းဘူးလား?"
ရွန္းခြၽယ့္ အစပိုင္းေတာ့ နားရႈပ္သြားခဲ့ေပမယ့္ တကယ္တမ္းစဥ္းစားၾကည့္ေတာ့ သူေျပာသမွ်က အဓိပၸါယ္ရွိေနေၾကာင္း လာေတြ႕ရသည္။
သို႔ေသာ္ အနည္းငယ္ အသိေပးလိုက္ရေသး၏။
"ဒါမဲ့ ငါ့အထင္အရ လူေတြအေနနဲ႔ တေစၦပြဲေတာ္ကို ေဟာလိုးဝင္း ပြဲေတာ္လို က်င္းပဖို႔ေတာ့ ခက္လိမ့္မယ္ ထင္တယ္ေနာ္"
"အဲ့တာက အဆင္ေျပပါတယ္
အေရးႀကီးဆုံးက ကြၽန္ေတာ္တို႔ ေျမေအာက္ေလာကက သူငယ္ခ်င္းေတြကို အားလပ္ရက္ဆိုတဲ့ ခံစားခ်က္ ရသြားေစဖို႔ပဲ...
ဒီလိုမွ ပတ္၀န္းက်င္ေကာင္းတစ္ခုကိုလည္း ထိန္းသိမ္းထားႏိုင္မယ္လို႔ ကြၽန္ေတာ္ကေတာ့ ျမင္တယ္!"
ယြိက်န္းတု ေခါင္းထဲ၌ အစီစဥ္ေပါင္း ေသာင္းေျခာက္ေထာင္ ေရာက္ႏွင့္ၿပီးျဖစ္သည္။
သူက အံႀကိတ္လ်က္ ရွန္းခြၽယ့္အား ၾကည့္လိုက္ရင္း...
"ေလာ့ဖုန္းကို ကိုယ္ပိုင္ပန္းၿခံပါတီမ်ိဳး ဖန္တီးပစ္ၾကရေအာင္"
ရွန္းခြၽယ့္က ယြိက်န္းတု၏ စိတ္လႈပ္ရွားမႈေၾကာင့္ ၾကယ္ေရာင္ေလးမ်ားကဲ့သို႔ တလက္လက္ျဖစ္ေနေသာ မ်က္၀န္းၾကည္ၾကည္ေလးမ်ားကို ၾကည့္လိုက္ရင္း ၿပဳံးျပလိုက္မိသည္။
"ေကာင္းပါၿပီ"
ယြိက်န္းတု ဖုန္းကို ခ်က္ခ်င္းေကာက္ဖြင့္ရင္း ကီးဘုတ္ဖြင့္ကာ တစ္ေတာင္ေတာင္ျဖင့္ အေကာင္အထည္ေဖာ္္ဖို႔ ဇာတ္လမ္းစၾကည့္ေတာ့သည္။
"ၾကည့္ၾကည့္ရေအာင္....ဘာေတြ လုပ္လို႔ရေလာက္မဲ!!"
သို႔ေသာ္ ရွန္းခြၽယ့္က ႐ုတ္တရက္ ထေမးလာခဲ့သည္။
"မင္း လြန္ခဲ့တဲ့ ႏွစ္ေပါင္းတစ္ေထာင္က ေျမေအာက္ေလာကက ဘယ္လိုပုံစံျဖစ္ခဲ့လဲ ျမင္ဖူးခ်င္လား?"
******************
အခ်ိန္ကား လ်င္ျမန္စြာ ကုန္ဆုံးသြားခဲ့သည္။
မ်က္စိတစ္မွိတ္အတြင္း ေန႔ရက္ကား က်ဳံးယြမ္ ပြဲေတာ္ရက္မတိုင္မီ တစ္ရက္အလိုသို႔ ေရာက္ရွိလာခဲ့သည္။
ထိုညတြင္ ဖူၿမိဳ႕၏ နည္းပညာတိုးတက္မႈစက္မႈဇုန္ထဲရွိ နည္းပညာပန္းၿခံေထာင့္တြင္ ရွိေသာ ေျခာက္ကပ္ေနေလ့ရွိသည့္ ပလာဇာႀကီးမွာ ထူးဆန္းစြာ စည္ကားလ်က္ရွိသည္။
ထိုစက္မႈဇုန္မွာ မူလက ဖူၿမိဳ႕၏ ဆင္ေျခဖုံးရပ္ကြက္ကဲ့သို႔ ျဖစ္ခဲ့ဖူးသည္။ ေဘးပတ္လည္ေနရာမ်ားမွာ ၿမိဳ႕ျပေရာ ၿမိဳျပင္ေရာပါ ေရာယွက္လ်က္ရွိသည္။ ယခုကဲ့သို႔ ေခတ္မီတိုးတက္လာသည္မွာ အစိုးရမွ ေပၚလစီအသစ္မ်ားခ်မွတ္လိုက္မွသာ ေျပာင္းလဲလာခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္ အျခားေနရာမ်ားႏွင့္ ယွဥ္ေသာ္ ကႏၲာရအလား ေျခာက္ကပ္လ်က္ ရွိေနဆဲ။
နည္းပညာပန္းၿခံတစ္ခုတည္းသာ ကုမၸဏီအေဆာက္အအုံမ်ားျဖင့္ လူစည္ကားရာ အရပ္ျဖစ္ေနခဲ့သည္။ ထို႔အျပင္ မိန္းလမ္းမႀကီး ေပၚ၌ တည္ရွိေနေသာေၾကာင့္လည္း ပါေပ၏။
လမ္းမႀကီး၏ ေဘးႏွစ္ဖက္ႏွစ္ခ်က္ရွိ အိမ္မ်ားမွာ ၿဖိဳခ်ထားခံရၿပီး အေဆာက္အအုံအသစ္မ်ားမွာလည္း ေဆာက္လက္စ ၿပီးလုဆဲဆဲသာ ရွိေသးေသာေၾကာင့္
အလုပ္ဆင္းခ်ိန္ ေက်ာ္သည္ႏွင့္ လမ္းမထက္ လူ အနည္းအက်ဥ္းသာ က်န္ေတာ့ကာ
ညေရာက္သည့္အခ်ိန္တြင္ လူစလူန ဟူ၍ ေပ်ာက္သြားသည္အထိပင္။
သို႔ေသာ္ ဒီညေနခင္းတြင္ အရာအားလုံးက အံ့အားသင့္စဖြယ္ ျဖစ္ေနခဲ့၏။
အနီးနားက ၀န္ထမ္းမ်ားအေနျဖင့္ အိမ္သို႔ ေစာေစာ မျပန္ျဖစ္ၾကဘဲ ဤေနရာသို႔ ဆြဲေဆာင္ခံလိုက္ၾကရသည္။
အခ်င္းခ်င္း တီးတိုးေျပာဆိုရင္း တအံ့တဩ ျဖစ္ေနၾကလ်က္။
"သူတို႔ ဘယ္တုန္းက ဒါႀကီး
ေဆာက္ထားလိုက္တာလဲ?
မေန႔တုန္းက ဒီလမ္းဖက္ကေန ျဖတ္တုန္းကေတာင္ ဒါႀကီး မရွိေသးပါဘူးေရာ္"
"မနက္က ငါအလုပ္လာတုန္းကေတာ့ ျမင္ခဲ့တယ္ ၊ ဒါမဲ့ ငါလည္း ငါ့အလုပ္နဲ႔ငါ အေလာသုံးဆယ္နဲ႔မို႔လို႔ ေသခ်ာမၾကည့္ခဲ့မိလိုက္တာ...
ဒါ ဘာႀကီးပါလိမ့္?"
"အဲ့တာဆို သူတို႔ေတြက မေန႔ည တစ္ညထဲနဲ႔တင္ ဒါေတြအကုန္ အၿပီး ေဆာက္ပစ္လိုက္ၾကတာေပါ့?"
"ဘာမွ မထူးဆန္းပါဘူး..
အခုေခတ္က ေငြသာရွိရင္ ေန႔ခ်င္းညခ်င္းေတာင္ မိုးေမွ်ာ္တိုက္ေဆာက္ခိုင္းလို႔ရတယ္"
"ေရွာ့ပင္းစင္တာမွာ အလုပ္လုပ္တဲ့ ငါ့အမ်ိဳးတစ္ေယာက္ေျပာတာေတာ့ နည္းပညာပန္းၿခံထဲက ကုမၸဏီတစ္ခုက တေစၦပြဲေတာ္ က်င္းပၾကမလို႔တဲ့
ေရွာ့ပင္းစင္တာေရွ႕က ပလာဇာႀကီးကိုလည္း ငွားၿပီး ေဘးနားပတ္၀န္းက်င္က ေျမေနရာအလြတ္ေတြကိုေကာ ငွားထားတယ္တဲ့"
"ဘာႀကီး?? တေစၦပြဲေတာ္ ပန္းၿခံပါတီ လုပ္ၾကမလို႔လား?
သူတို႔ေတြ တကယ့္တေစၦေတြနဲ႔ ေတြ႕ကုန္မွာ မေၾကာက္ၾကဘူးလား?"
"ေၾကာက္မေၾကာက္ေတာ့မသိဘူး ပြဲအတြက္ ျပင္ဆင္ထားတာေတြကေတာ့ ရွယ္လန္းတာဟ
ငါ အရင္ကလည္း ကစားကြင္းပန္းၿခံေတြ အမ်ားႀကီး ေရာက္ဖူးပါတယ္
အမွန္တိုင္းေျပာရေၾကးဆို တကယ့္ လူသြားမ်ားတဲ့ ကစားကြင္းေတြေတာင္ သူတို႔ျပင္ဆင္ထားတာရဲ႕ ေျခဖ်ားကို မမီဘူး"
"ငါ ေျပာတာလည္း အဲ့တာေလ...
ျပင္ဆင္ထားတာက မိမိုက္ေန႐ုံမကလို႔ ဒီျမင္ကြင္းကေရာ ဘာႀကီးလဲ...ဒီလိုမ်ိဳးေတြ တစ္ခါမွ မျမင္ဖူးပါဘူး!"
"အဲ့မွာ နာမည္ေတြတပ္ထားတယ္
ၾကည့္ၾကည့္ရေအာင္....
အသျပာအမႈိက္ေတာင္ ၊ ေရပဋိပကၡတံတားကူး ၊ အိမ္ျပန္ေလွကားထစ္ ...
အိုင္းယားးး နာမည္ေတြက ဘယ္လိုျဖစ္လို႔ ေျမေအာက္ေလာက နာမည္ေတြ နဲ႔ ဆင္ေနရတာလဲ?"
"တေစၦပြဲေတာ္ နာမည္နဲ႔လိုက္ေအာင္ ေပးထားတဲ့ နာမည္ေတြျဖစ္မယ္
စိတ္၀င္စားဖို႔ေကာင္းလိုက္တာ"
ညတြင္းခ်င္းပဲ ေရွာ့ပင္းစင္တာေရွ႕မွ ပလာဇာႀကီးႏွင့္ ေဘးနားပတ္လည္မွ ေျမေနရာလြတ္မ်ားဟာ ေႁမြလိမ္ေႁမြေကာက္ ၀ကၤပါသ႑ာန္ ေရွးေဟာင္းအေဆာက္အအုံမ်ားျဖင့္ ျပည့္ႏွက္သြားခဲ့တာပဲ ျဖစ္သည္။
စံအိမ္ေတာ္မ်ား ၊ ပြဲေဈးတန္းမ်ား ၊ လမ္းေဘးေဈးသည္မ်ား စားေသာက္ဆိုင္မ်ားက လြန္စြာ အႏုစိတ္လ်က္ ဟိုတစ္ေနရာ ဒီတစ္ေနရာစီ၌။
အေဝးက ျမင္ရသူေတြအဖို႔ပင္ သဘာဝက်က် သိသာထင္ရွားလ်က္ရွိသည္။
လမ္းေဘးေဈးသည္တန္း၏ အျပင္ဖက္ရွိ ျမင္ကြင္းမွာ လူအမ်ား၏ အာ႐ုံကို ဖမ္းစားသြားႏိုင္သည့္အရာက ၎တို႔အေနျဖင့္ ေနထိုင္လာသည့္ သက္တမ္းတစ္ေလွ်ာက္တြင္ တစ္ႀကိမ္တစ္ခါမွ် မႀကဳံဖူးေသာ
သစ္လြင္ေတာက္ပေနသည့္ ဇာတ္႐ုံပြဲၾကည့္စင္ ၊ ေက်ာက္တန္းမ်ားျဖင့္ စီျခယ္ထားေသာ တံတားမ်ား ၊
ေ႐ႊေငြမ်ားျဖ္ဖို႔ထားေသာ ေတာင္ပို႔မ်ားေၾကာင့္ ျဖစ္သည္။
လူအုပ္ထဲမွ တစ္ေယာက္က မေနႏိုင္သည့္အဆုံး သူငယ္ခ်င္းကို လက္တို႔လိုက္ရင္း ၀င္ၾကည့္ဖို႔ရန္စိတ္အားထက္သန္သြားသည္။
"ငါတို႔ အထဲ၀င္ၿပီး တစ္ခ်က္ေလာက္ သြားၾကည့္ၾကည့္ရေအာင္"
"ဒါမဲ့ ဒီေန႔က တေစၦပြဲေတာ္ရက္ကို ငါတို႔ အိမ္ေစာေစာျပန္ရမွာ မဟုတ္ဘူးလား?"
"ဘာေတြေၾကာက္ေနတာလဲ? အထဲမွာလည္း လူေတြရွိေနတာပဲ မဟုတ္ဘူးလား
ဒီေလာက္ လူထူထပ္ေနတဲ့အထဲကို တေစၦေတြက ထြက္မလာေလာက္ပါဘူး"
"အဲ့တာဆိုလည္း ၀င္မယ္ကြာ"
ပန္းၿခံပါတီမွာ ကုမၸဏီက ျပင္ဆင္ထားတာဆိုေပမဲ့ လူအမ်ားအား ၀င္ခြင့္ေပးထားသည္။
ကုမၸဏီ ၀န္ထမ္းမဟုတ္လည္း ျဖတ္သြားျဖတ္လာလူတစ္ေယာက္အေနျဖင့္ စိတ္တိုင္းက် ၀င္ထြက္ႏိုင္သည္။
ထို႔အတြက္ေၾကာင့္ ျပင္ဆင္ထားသည့္အေဆာက္အအုံပုံမ်ားေၾကာင့္ ဆြဲေဆာင္ခံလိုက္ရသည့္ လူမ်ားမွာ လ်စ္လ်ဴရႈ ေရွာင္ဖယ္မသြားႏိုင္ဘဲ ၀င္လာခဲ့ၾကသည္။
"ဒီ ပန္းၿခံပါတီက တစ္ေနရာမွာ ဒီဇိုင္းတစ္မ်ိဳးစီတစ္မ်ိဳးစီ ျပင္ဆင္ထားတာနဲ႔ တူတယ္
အရင္ဆုံး ဒီဖက္ျခမ္းကို ၾကည့္ၾကည့္ၾကတာေပါ့"
တစ္ေယာက္က အရင္ႀကိဳ၀င္သြားၿပီးေနာက္ ဟိုၾကည့္ဒီၾကည့္လုပ္ရင္း တစ္ေနရာအေရာက္မွာ အေပါက္၀တည့္တည့္၌ စကားလုံးႏွစ္လုံး ေရးထားေသာ ဆိုင္းဘုတ္အား ေထာင္ထားသည္ကို ေတြ႕လိုက္ရသည္။
"တေစၦ ေဈးတန္း"
"တေစၦေဈးတန္း တဲ့?? ဘာပစၥည္းေတြ ေရာင္းၾကတာလဲ မသိဘူး"
သူႏွင့္အတူတူ ပါလာသည့္သူမွာ စိတ္လႈပ္ရွားမႈကို ဖုံးဖိမထားႏိုင္ေတာ့သည့္ ေလသံျဖင့္ ေနာက္ဆုံးတြင္ ဆြဲေခၚသြားျခင္းခံရေတာ့သည္။
သူတို႔အထဲကိုေရာက္သည့္အခါ မ်က္လုံးမ်ား ျပဴးက်ယ္သြားရၿပီး ရႈိက္သံတြင္ပင္ အံ့ဩေနသည့္အရိပ္အေယာင္မ်ားျဖင့္။
တေစၦေဈးတန္းမွာ ေရွးေဟာင္းေခတ္ကာလကို ျပန္လည္ တုပထားသည့္အလား။
လမ္းေဘး တစ္ဖက္တစ္ခ်က္စီ၌ သီခ်င္း၀င္နားဆင္လို႔ရသည့္ အေဆာင္ႏွင့္ အရက္ေသစာ ၀ယ္ယူရႏိုင္သည့္ အေဆာင္ရွိသည္။
လွည္းေလးမ်ားျဖင့္ ကုန္စုံ ပ်ံက်ေဈးသည္မ်ားလည္းရွိ၏။
တေစၦ ေဈးတန္းအား ပုံမွန္ ျမင္ေနက် ေဈးတန္းမ်ားျဖင့္ ကြဲျပားသြားေစသည့္အခ်က္မွာ လမ္းတစ္ေလွ်ာက္ ၾကားျဖတ္ ေနရာ လမ္းဆုံေလးမ်ား၌ အျဖဴေရာင္ မီးပုံးအိမ္ေလးမ်ား ခ်ိတ္ဆြဲထားျခင္းပင္ ျဖစ္သည္။
အရက္ဆိုင္ထဲမွ လွမ္းၾကည့္ေနသည့္ ၀န္ထမ္းမ်ားႏွင့္ ကုန္စုံသည္မ်ားမွာလည္း သာမန္လူႏွင့္ မတူ။
လွ်ာတစ္လစ္ ထြက္ေနသူက ထြက္ ၊ မ်က္လုံးတစ္ဖက္ ကြၽတ္က်ေနသူက တစ္ေယာက္ ၊ အဆြယ္မ်ား ၊ ေသြးမ်ား တစ္ကိုယ္လုံး ေပက်ံသူက ေပက်ံႏွင့္ အမ်ိဳးစုံလင္လွသည္။
အျပင္အဆင္မ်ားအားလုံးက တကယ့္ တေစၦမ်ားႏွင့္ တူေစရန္အလို႔ငွာ မိတ္ကပ္လိမ္းျခယ္ ထားၾကျခင္းေပလား။
ဆူညံေနသည့္ ေဈးတန္းအား ပို၍ ၾကက္သီးထဖြယ္ ေၾကာက္မက္ဖြယ္ ေကာင္းေစလို၍လား မသိရ။
သို႔ေသာ္ ဟိုတစ္စ ဒီတစ္စ လည္ပတ္ေနသည့္ ဧည့္သည္မ်ား၏ ဆူညံသံက ဤၾကက္သီးထဖြယ္ ခံစားခ်က္ႀကီးအား ပ်ယ္လြင့္သြားေစသည္။
လမ္းမထက္ကား လည္ပတ္သူမ်ား၏ ႐ုတ္တရက္ ထြက္ေပၚလာေသာ ေအာ္သံမ်ားျဖင့္ ျပည့္ႏွက္လ်က္။
"ဟဲ့... ဒီတစ္ေယာက္ ေခါင္းႀကီးက ျပဳတ္ထြက္သြားတာဟ"
"မိတ္ကပ္ျပင္ထားတာလည္း အစစ္အတိုင္းပဲ"
"ေနဦး ဓာတ္ပုံ႐ိုက္ယူထားၿပီး meme လုပ္ရမယ္
-ေခါင္းျပတ္သြားၿပီ- ဆိုတဲ့ caption နဲ႔ တင္ဖို႔"
ဓာတ္ပုံ႐ိုက္ယူမည့္သူက ႐ိုး႐ိုး ဓာတ္ပုံ႐ိုက္႐ုံမဟုတ္ဘဲ ျပဳတ္က်သြားတဲ့ ေခါင္းကို ေကာက္မလိုက္ၿပီး ေခါင္းပိုင္ရွင္ရဲ႕ လက္ထဲ ျပန္ထည့္ေပးလိုက္ေသးကာ...
"သာ့ေကာ...ဒီေခါင္းေလးကို ေဟာဒီလိုေလး ကိုင္ထားေပးလို႔ရမလား
အဲ့တာမွ ဓာတ္ပုံက သဘာ၀က်က်ေလး ထြက္လာေအာင္လို႔ေလ"
ခႏၶာကိုယ္က ေခါင္းတစ္ပိုင္းျပဳတ္လ်က္ ျပဳတ္ေနေသာ ေခါင္းကို လက္ႏွင့္ ကိုင္ထားရသည့္ သာ့ေကာ :".............."
သူတို႔အေနျဖင့္ တေစၦပြဲေတာ္အား လူသားမ်ားႏွင့္ ဆင္ႏႊဲဖူးသည့္ အခ်ိန္မွာ ၾကာျမင့္လွၿပီ ျဖစ္သည္မို႔
ၿငီးညဴမေနေတာ့ဘဲ ရွက္စိတ္ကို ဖုံးကြယ္ကာ ေျပာသည့္အတိုင္း လုပ္ေပးလိုက္ေတာ့သည္။
"ဒီေလာက္ဆို အဆင္ေျပၿပီလား ဘ႐ို???"
ေဘးနားက ဆိုင္မွ ေဈးသည္ကလည္း ဓာတ္ပုံ႐ိုက္မည့္ နားေရာက္လာၿပီး ေျပာျပလာခဲ့သည္။
"ငါလည္း ဗိုက္ထဲက အူကလီစာေတြကိုထုတ္ၿပီး လည္ပင္းမွာ ပတ္ျပလို႔ရတယ္..
အဲ့လိုပုံေရာ ႐ိုက္ယူခ်င္ေသးလား?"
လည္ပတ္သူမွာ လက္ျပ ျငင္းဆန္လိုက္ၿပီး...
"အဲ့လို ပုံမ်ိဳးတင္ရင္က် ကြၽန္ေတာ္တို႔ကို မိဇူက ဘန္းမွာဗ်"
ကမ္းလွမ္းလာသူမွာ စိတ္ပ်က္လက္ပ်က္ျဖစ္သြားရင္း တစ္ေယာက္တည္း တီးတိုး ေရ႐ြတ္လိုက္မိေတာ့သည္။
"ဘာလို႔ လူေတြက ေျမႀကီးေပၚ ေခါင္းျပဳတ္က်ရင္က် ႀကိဳက္ေနၾကၿပီး အူကလီစာေတြ ထုတ္ျပမွာက် မႀကိဳက္ၾကတာလဲ မသိဘူး"
TBC