အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမား...

By whiteLotus2k22

243K 31.9K 299

***MC ချီကျွင်း ၊ တုန်ဖန်းရုန် မတော်တဆမှုတစ်ခုတွင် ချီကျွင်းသည် အနာဂတ်ကမ္ဘာသို့ ခရီးသွားခဲ့ပြီး ထိုကမ္ဘာမှ ချ... More

အပိုင်း (၁) တိုက်ခိုက်ရမှာကကျိန်းသေပဲ
အပိုင်း (၂) (အရသာမရှိသော အစားအစာများ)
အပိုင်း (၃) (သားရဲတို့၏နဂိုမူလဇစ်မြစ်)
အပိုင်း (၄) (တရားဝင်မဟုတ်သည့်ကလေး)
အပိုင်း (၅) (ဒါကဘယ်လိုနေရာမျိုးလဲ)
အပိုင်း ( ၆)(ကျောက်တုံးထဲမှာနောက်ထပ်ကမ္ဘာတစ်ခုရှိနေတယ်)
အပိုင်း( ၇) (ချက်ပြုတ်ဖို့ကြိုးစားခြင်း)
အပိုင်း (၈) ( အားလုံးကိုပြောင်းပစ်မယ်)
အပိုင်း (၉) (ကျောင်းအတွက်ပြင်ဆင်ရလို့ အလုပ်ရှုပ်နေပြီ )
အပိုင်း (၁၀) ( ရင်ထဲနွေးသွားစေတဲ့ အမှတ်တရ)
အပိုင်း (၁၁) (ငါတို့နှစ်ယောက်ကသိကြတာလား )
အပိုင်း ( ၁၂) (စစ်ရေးပြသင်တန်းမှာလဲ ခွဲခြားတာပဲလား)
အပိုင်း ( ၁၃ ) ( မင်းကတကယ်ကို အရေးကြီးပုဂ္ဂိုလ်ပဲ)
အပိုင်း (၁၄ ) (သူကနည်းပြဆရာ အစစ်ပဲ)
အပိုင်း (၁၅ ) (မင်းက တကယ်ပဲ ဗိုလ်ချုပ်လား)
အပိုင်း (၁၆) ( မျှတတဲ့အပေးအယူ )
အပိုင်း (၁၇)(ကောလဟာလတွေအထွက်ခံနေရတဲ့အတန်းဖော်ရှောင်ကျွင်း)
အပိုင်း(၁၈) (ငါကြိုက်တယ်)
အပိုင်း (၁၉) (ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လုပ်ကြမယ်)
အပိုင်း (၂၀) (လှပသော အန္တရာယ်)
အပိုင်း (၂၁) ( ပျော်ပွဲစားခရီးရဲ့ မရေမရာဖြစ်မှု)
အပိုင်း (၂၂) (အပြင်ထွက်မိလို့ တောင်းပန်ပါတယ်)
အပိုင်း(၂၃) (မင်းမကြည့်ချင်တဲ့လူတွေ)
အပိုင်း (၂၄) ( ထပ်ချိန်းတွေ့ကြပြန်ပြီ )
အပိုင်း( ၂၅) (စွမ်းအင်ကို စမ်းသပ်ခြင်း)
အပိုင်း (၂၆) (ငါ သဘောကျတယ်)
အပိုင်း( ၂၇) (အတိတ်)
အခန်း (၂၈) (ငါရဲ့မိသားစုနောက်ခံအသိုင်းအဝိုင်း)
အပိုင်း (၂၉) (အတန်းစပြီ)
အပိုင်း(၃၀) (ဗိုလ်ချုပ်ရဲ့ ဟင်းချက်လက်ရာ)
အပိုင်း(၃၁) (ကိုယ်တို့ရဲ့စိတ်ကူး)
အပိုင်း(၃၂) ( အစစ်မှန်ဆုံး)
အပိုင်း(၃၃) (အဖိုးတန်ငရုတ်သီးအနီ)
အပိုင်း(၃၄) (ဖြုန်းတီးတာမဟုတ်ပါဘူး)
အပိုင်း(၃၅) (မိတ်ဆက်ပေးခြင်း)
အပိုင်း(၃၆) (ဆန်းကြယ်သော တွေ့ဆုံမှု)
အပိုင်း(၃၇) (အန်တီချိုးရဲ့လျှို့ဝှက်ဟင်းလျာ)
အပိုင်း(၃၈) (ချိုးမိသားစု)
အပိုင်း (၃၉) (ထူးခြားသောစွမ်းအား)
အပိုင်း(၄၀) (အဆင့်မြင့် အစိမ်းရောင်ဖန်းပင်)
အပိုင်း (၄၁) (ပြီးပြည့်စုံသောဆက်နွယ်မှုကိုဖော်ထုတ်ခြင်း)
အပိုင်း (၄၂) (ဆွဲဆောင်မှုရှိတဲ့လက်ဆောင်)
အပိုင်း (၄၃) (မိဘများနှင့်တွေ့ဆုံခြင်း)
အပိုင်း(၄၄) (ဆွေမျိုးများ)
အပိုင်း(၄၅) (ငါ့ရဲ့ လျှို့ဝှက်ချက်)
အပိုင်း(၄၆) (စားကောင်းတာတွေရှိတဲ့ကမ္ဘာ)
အပိုင်း(၄၇) (အစားအသောက်ရဲ့စွမ်းအား)
အပိုင်း(၄၈) (အိမ်ဝယ်ပြီးနေကြမယ်)
အပိုင်း(၄၉) (ကျောက်တုံးကမ္ဘာရဲ့အလုပ်တွေက ရှုပ်နေတာပဲ)
အပိုင်း(၅၀) (နေ့တိုင်း ကမ္ဘာငယ်လေးထဲမှာ)
အပိုင်း(၅၁) (တုန်ဖန်းချွမ်း)
အပိုင်း(၅၂) (ပထမအကြိမ်)
အပိုင်း (၅၃) (မကြာခင် အဆင်ပြေလာတော့မယ်ဆိုတာ ဝန်ခံပါတယ်)
အပိုင်း (၅၄) (အိမ်အသစ်ရဲ့ညစာစားပွဲ)
အပိုင်း(၅၅) (မမျှော်လင့်ထားသော ဖုန်းခေါ်ဆိုမှု)
အပိုင်း(၅၆) ( ခြိမ်းခြောက်ခြင်း၏နောက်ကွယ် )
အပိုင်း(၅၇) (ဖြေရှင်းခြင်း)
အပိုင်း (၅၈) (ကျောင်းပြန်တက်ချိန်)
အပိုင်း (၅၉) (မီးတောက်မြက်ကိုသုံးမဲ့စိတ်ကူး)
အပိုင်း (၆၀) (ကျိန်းသေပိုက်ဆံစုရမယ်)
အပိုင်း(၆၁) (အရသာရှိတဲ့အတွဲအဆက်)
အပိုင်း(၆၂) (အချိန်ကစစ်ဆေးသွားမှာပါ)
အပိုင်း (၆၃) (စေ့စပ်ပွဲအတွက်မီနူး)
အပိုင်း(၆၄) (လော့ရွှမ်း၏စိတ်ကူး)
အပိုင်း(၆၅) (မီနူးကို အစမ်းပြင်ကြည့်သောအခါဝယ်)
အပိုင်း(၆၆) (အုပ်စုလိုက်မြည်းစမ်းခြင်း)
အပိုင်း(၆၇) (ဒုတိယအကြိမ်)
အပိုင်း(၆၈) (ချီမိသားစုမှ နှုတ်ဆက်ထွက်ခွာခြင်း)
အပိုင်း(၆၉) (တစ်ဦးအပေါ်တစ်ဦး၏ စိတ်သဘောထား)
အပိုင်း(၇၀) (ရှုမျှော်ခင်းဥယျာဉ်၏ ပထမဆုံးမှတ်တိုင်)
အပိုင်း (၇၁) ( အကြီးအကျယ်ရိတ်သိမ်းခြင်း )
အပိုင်း (၇၂) (မိသားစုတွေ့ဆုံပွဲ)
အပိုင်း (၇၃) (မိသားစုညစာစားပွဲအတွက်ပြင်ဆင်ခြင်း)
အပိုင်း(၇၅) (စေ့စပ်ပွဲ)
အပိုင်း (၇၆) (အောင်ပွဲခံခြင်း)
အပိုင်း(၇၇) (အားလပ်ရက်အစ)
အပိုင်း (၇၈) (မက်ဂါလေ့ကျင့်ရေး)
အပိုင်း(၇၉) (တုန်ဖန်းညီအစ်ကိုများ)
အပိုင်း(၈၀) (ကြည့်ကောင်းတဲ့မက်ဂါ)
အပိုင်း(၈၁) (ဝံပုလွေဘုရင်၏တောင်းဆိုချက်)
အပိုင်း(၈၂) (အပြင်ဘက်)
အပိုင်း (၈၃) (အာဟာရနည်းပါးသော သဘာဝအစားအစာများ)
အပိုင်း(၈၄) (ပင်လယ်ဆီရောက်ကြပြီ)
အပိုင်း (၈၅) (တို့ဖူး)
အပိုင်း(၈၆) (ပင်လယ်မိစ္ဆာ)
အပိုင်း (၈၇) (ပင်လယ်ထဲမှအရာများ)
အပိုင်း (၈၈) (မွေးခါစသားရဲ)
အပိုင်း(၈၉) (ဒီဘောလုံးလေးက ငါ့အပိုင်)
အပိုင်း(၉၀) (မိသားစုဝင်များစုဝေးခြင်း)
အပိုင်း(၉၁) (ပိုင်ချောင်စိုက်ခင်း)
အပိုင်း(၉၂) (အားလုံးအဆင့်မြင့်ကုန်ပြီ)
အပိုင်း(၉၃) (ကျောက်တုံးကမ္ဘာလေးကိုစစ်ဆေးခြင်း)
အပိုင်း(၉၄) (အပိုဆု)
အပိုင်း(၉၅) (နှစ်ကူးပြီ)
အပိုင်း (၉၆) (အဘိုး၏ဆုံးဖြတ်ချက်)
အပိုင်း(၉၇) (သူငယ်ချင်း၏ပြဿနာ)
အပိုင်း(၉၈) (ကျောင်းကိစ္စနဲ့အလုပ်ရှုပ်)

အပိုင်း (၇၄) (မခက်ခဲပါဘူး)

1.2K 210 0
By whiteLotus2k22

unicode

ဗီဒီယိုကြည့်ခဲ့စဉ်က မျိုးနွယ်ထဲမှ လူအနည်းငယ်ကိုလဲ တွေ့ခဲ့ရပြီး ဤနေ့တွင်မူ လူအများအပြား တက်ရောက်လာကြပြီး ထိုလူများထဲမှ တစ်ဝက်ကျော်လောက်ကို သူမသိပေ။

အိမ်အထဲတွင်သာမက အပြင်ဘက်တွင်ပါ ပြည့်နေသောထိုလူအုပ်ကြီးကို ကြည့်ရင်း တုန်ဖန်းမိသားစုဝင်ဖြစ်သော တုန်ဖန်းယွီကို တွေ့သောအခါ ချီကျွင်း အံ့သြမိသွားသလို ဤမိသားစုကြီး၏ အကြီးအကဲလုပ်ရသောကြောင့် အတော်စိတ်ဖိစီးရမည်ဟုလဲ တွေးလိုက်မိသည်။ သူ၏ရုန်သာ ဤတာဝန်ကို ယူခဲ့ရပါက အနည်းဆုံးနှစ်ပေါင်းနှစ်ရာကျော်သည်အထိ စိတ်ဖိစီးရပေလိမ့်မည်။ သို့သော် သူ၏စတုတ္ထလေးက ထိုသို့လုပ်ရန် စိတ်ကူးမရှိပါပေ။

သဘာဝကျကျနှင့် လူတိုင်းကို တစ်ယောက်ချင်းစီ မိတ်ဆက်လိုက်သည်။ တုန်ဖန်းကော၏ သမီးဖြစ်သူ တုန်ဖန်းရွှယ်အတွက် လက်ဆောင်ပြင်ပေးရသည်မှလွဲ၍ အားလုံးက မျိုးဆက်တစ်ခုထဲဖြစ်၍ ဂါရဝပြုရန် မလိုပါပေ။

တုန်ဖန်းရွှယ်သည် အသက်ခြောက်နှစ်သာ ရှိသေးသော ချစ်စရာကောင်းသည့် သန္ဓေပြောင်းလူသား ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူမလေးသည် တုန်ဖန်းချွမ်း၏ လေးဆက်မြောက် သွေးသားဖြစ်ပြီး အိမ်တော်၌ အလွန်နာမည်ကြီးသည်။ သို့သော် စစ်အရာရှိကြီးများ၏ မိသားစုမှ ကလေးငယ်များကို လူအများကြားတွင် ထုတ်ပြခြင်း မရှိပေ။ တုန်ဖန်းကော၏ အကျင့်စရိုက်က တုန်ဖန်းရုန်ထက် ပို၍အေးစက်ပြီး သူ့ဇနီးသည်အပေါ်တွင်ပင် သိပ်မနူးညံ့ပေ။ သို့သော် သူ၏ဇနီးဖြစ်သူ ကျန်းဟယ်ကမူ ခင်ပွန်းသည်၏အကျင့်စရိုက်ကို နားလည်ပေးရှာသည်။ ချစ်ခင်စမှာပင် သူတို့နှစ်ဦးသည် ကြည်နူးဖွယ်စကားချိုချိုလေးများကို မပြောခဲ့ကြပေ။ သို့သော် ခင်ပွန်းသည်ထံမှ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုတို့ကို သူမ ခံစားရသည်။ သူတို့သည် စကားလုံးတွေ အများကြီးမလိုအပ်ဘဲ ကောင်းစွာနားလည်နိုင်သော ချစ်သူနှစ်ဦးပင်။

တုန်ဖန်းရွှယ်အတွက် ချီကျွင်း၏လက်ဆောင်မှာ ကတိုက်ကရိုက် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အစားအသောက်ကိုသာ လုပ်ရန်အချိန်ရခဲ့ပြီး ကလေးအတွက်ဖြစ်၍ အသားငါးများကလဲ မသင့်တော်ပေ။ ထို့ကြောင့် အာလူးနှင့် ဆင်တူသော ကုံကုမံအသီးများကို ပါးပါးလေးလှီးကာ အပေါ်မှ ဆီသုတ်လိုက်ပြီး အိုဗင်ထဲထည့်ကာ အပူချိန်ကိုထိန်း၍ ကြွပ်ရွလာသည်အထိ ဖုတ်ထားလိုက်သည်။ ထို့နောက် အပေါ်မှ သကြားမှုန်လေးများ ကြဲလိုက်သဖြင့် ကလေးများအတွက် အလွန်သင့်တော်ပေလိမ့်မည်။ တစ်မျိုးထဲ ယူသွားပါက ကို့ရို့ကားယားနိုင်သဖြင့် အသီးချိုချိူလေးများဖြင့် ပြုလုပ်ထားသော ရေခဲမုန့်တစ်ဘူးကိုပါ ယူသွားခဲ့သည်။

ရေခဲမုန့်လုပ်သည့်စက်များ မရှိသော်လဲ မွှေစက်က အလုပ်ဖြစ်ပါသည်။ နွားနို့မရှိသော်ငြား နို့မှုန့်က ရှိနေပါသေးသည်။ ဤကမ္ဘာမှ နို့မှုန့်သည် သားရဲတို့၏နို့ရည်ကို အာဟာရစံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ထို့ပြင် သားရဲကမ္ဘာ၌ အမျိုးသားများပင် မီးဖွားနိုင်သော်လဲ နို့တိုက်ကျွေးရန်ကမူ မဖြစ်နိုင်ပါပေ။ ထို့ကြောင့် တိရစ္ဆာန်များ၏ နို့ရည်နှင့် စိုက်ပျိုးထုတ်ကုန်တို့မှ အာဟာရတို့ကို ပေါင်းစပ်ပြီး နို့မှုန့်ကို ဖန်တီးခဲ့ကြသည်။ ထိုနို့မှုန့်ဖြင့် ခရင်မ်ရအောင် အရင်လုပ်ရပေမည်။ နို့မှုန့် အရည်ပျော်သွားချိန်၌ သကြားနှင့် ကြက်ဥအကာတို့ကို ထည့်လိုက်သည်။ ထို့နောက် ၎င်းတို့ကို မွှေစက်ဖြင့်မွှေပြီး သကြားနှင့်နို့မှုန့်တို့ကို နည်းနည်းချင်းစီ ထပ်ထည့်လိုက်သည်။ နောက်ဆုံးတွင် ကြက်ဥအကာသည် လုံးဝအမြှုပ်ပုံစံ ဖြစ်သွားပြီး ချိုမြသောကြက်ဥခရင်မ် ရလာသည်။

ကြက်ဥအနှစ်ကို သကြားနှင့် သမအောင်မွှေပြီးနောက် ရေနွေးထဲတွင် အပူပေးရင်း အသီးအရည်များကို ညှစ်ထည့်လိုက်သည်။ ထို့နောက် သစ်ကြံပိုး၊နို့နှင့် ဂျူဂျူဘီဆီးသီးစိတ်လေးများကို ထပ်ထည့်လိုက်သည်။ နောက်ဆုံးတွင် နှစ်မျိုးစလုံးကို ရောမွှေလိုက်ပြီး အအေးခန်းထဲ ထည့်ထားလိုက်သည်။ ၂ကြိမ်ခန့် ပြန်ထုတ်ပြီး သမအောင်မွှေပေးပြီးနောက် လေးနာရီအကြာတွင် ရေခဲမုန့်ရလာပြီဖြစ်သည်။

နှစ်ဦးသား ဇွန်းအပြည့် ခပ်မြည်းပြီးနောက် အပြည့်အဝစိတ်ကျေနပ်သွားရသည်။ သူ့တူမလေးအတွက်သာ မဟုတ်ပါက ဗိုလ်ချုပ်သည် အကုန်စားပစ်ပေလိမ့်မည်။

ရေခဲမုန့်ဘူးသည် သို့လှောင်ခန်းထဲတွင် ထည့်လာသောကြောင့် အပူချိန်က မပြောင်းလဲသွားပေ။ လက်ရှိအချိန်တွင် ရာသီဥတုက အေးနေသော်လဲ အခန်းထဲတွင်မူ သာမန်အပူချိန်အတိုင်း ချိန်ညှိထားသောလဲ လူအများကြီး ရှိနေသောကြောင့် အနည်းငယ် အိုက်စက်နေသဖြင့် ကလေးငယ်သည် ထိုရေခဲမုန့်ကိုစားရန် အဆင်ပြေပါသည်။ သူမလေးက ဖခင်ဖြစ်သူကဲ့သို့ပင် ခပ်တည်တည်နေတတ်သော်လဲ ရေခဲမုန့်တစ်ဇွန်းကို ခပ်စားပြီးနောက် ပြုံးပြလာခဲ့သည်။ ကလေးများ၏စိတ်သည် အရိုးရှင်းဆုံးပင်။ ရေခဲမုန့်ကို လက်ခံရလိုက်ချိန်မှစ၍ ချီကျွင်းကို သူမ၏လူရင်းအဖြစ် သတ်မှတ်လိုက်သည်။

ချီကျွင်းကမူ ထိုသို့ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။ တုန်ဖန်းရွှယ်၏ ပျော်နေသောပုံလေးကို ကြည့်ပြီး စိတ်ကျေနပ်သွားရသည်။ ချီထျန်းကိုလဲ ချက်ချင်းသတိရသွားပြီး ထိုကလေးမလေးဆီ ပို့ပေးရန်လဲ စဉ်းစားလိုက်သည်။ သိုလှောင်ခန်းနှင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို သုံး၍ရသောကြောင့် အစားအသောက်များ ပျက်စီးမည်ကို ပူရန်မလိုပါပေ။

တုန်ဖန်းရွှယ်သည် လူတိုင်း၏အမြင်၌ ကလေးမဟုတ်တော့ဘဲ မိန်းမငယ်လေးဖြစ်သည်။ သူမလေးသည် နှစ်ဇွန်းခပ်စားပြီးချိန်၌ မုန့်ဘူးကို သိုလှောင်ခန်းထဲ ထည့်ထားလိုက်သည်က နင်နဲ့ငါရဲ့ ကိစ္စတွေ ပြီးပြီနော် ဟူသော သဘောပင်။ တကယ်တမ်းတွင်မူ သူမလေးသည် ချီကျွင်းပေးသော အရသာရှိသည့်မုန့်အကြောင်းကို အဘွားဖြစ်သူထံ အပြေးအလွှား သွားပြောပြလိုခြင်းပင်။ ထိုသရေစာက အခြားမိန်းကလေးနှစ်ဦးကိုလဲ ဆွဲဆောင်လိုက်သည်။ ထိုမိန်းကလေးများက တုန်ဖန်းဖင်း၏ သမီးများဖြစ်ကြသော် ထုံရှင်းနှင့် ထုံလဲ့တို့ပင်။ သူမတို့၏မိခင်ကမူ တုန်ဖန်းရုန်တို့မိသားစုနှင့် ရင်းနှီးသော်လဲ သူမတို့ကမူ တုန်ဖန်းရုန်နှင့် သိပ်မရင်းနှီးပေ။ ထိုဝမ်းကွဲမောင်လေး၏ မျက်နှာထားသည် အရယ်အပြုံးတစ်ချက်မရှိသောကြောင့် အမှန်တကယ်ပင် သဘောမကျပါချေ။ သို့သော် ချီကျွင်း၏အကြောင်းကိုမူ သူမတို့ သိချင်ပါသေးသည်။ ထိုဝမ်းကွဲမောင်လေး၏ သတို့သမီးနေရာကို အရယူနိုင်သူသည် ကျိန်းသေအင်အားကြီးလိမ့်မည် မဟုတ်ပါလော။ သို့သော် ချီကျွင်းကို မြင်လိုက်ရချိန်တွင် အထင်နှင့်အမြင် လွဲသွားရသည်။ အထွေအထူး ဘာမှမရှိရင်တောင် သူတို့မောင်လေးကဲ့သို့ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည် တူလောက်မည်ဟု ခန့်မှန်းခဲ့ကြပါသေးသည်။ သို့သော် တုန်ဖန်းရွှယ်၏ မိတ်ဆက်ပွဲ၌ တွေ့လိုက်ရချိန်တွင် သူတို့၏ရင်ထဲမှ သိချင်စိတ်တို့က ပြန်နိုးကြွလာရသည်။ တုန်ဖန်းရုန်အနားတွင် ရှိနေချိန်၌ သူတို့ ချီကျွင်းကို မနှောင့်ယှက်ရဲပါပေ။ သို့သော် တုန်ဖန်းရွှယ်နှင့် အခြားလူများကမူ သူတို့နှင့် ရင်းနှီးပါသည်။ ထို့ကြောင့် ညီအစ်မနှစ်ယောက်သည် အကြံတစ်ခုကို ထုတ်ခဲ့ကြပြီးနောက် သူတို့၏တူမလေးအား ထိုစားစရာကို မျှကျွေးရန် ဆွေးနွေးခဲ့ကြသည်။

ထိုအခြင်းအရာကိုမြင်သော ချီကျွင်းသည် စိတ်ထဲမှ ကြိတ်ရယ်နေလိုက်သည်။ ထိုနှစ်ယောက်လုံးသည် သူ့ထက်အသက်ကြီးကြသော်လဲ တကယ်တမ်းတွင်မူ ကလေးများသကဲ့သို့ပင်။ ကလေး၏အစားအသောက်အတွက်နှင့် အဓိပ္ပါယ်မရှိသည်များကို လိုက်ပြောနေကြသဖြင့် ပေါင်းသင်းရန် ခက်မည့်သူများတော့ မဖြစ်နိုင်ပါပေ။

ခေါင်းပြန်လှည့်လိုက်ချိန်တွင် တုန်ဖန်းရုန်၏နှုတ်ခမ်းက မသိမသာမဲ့နေပြီး သဘောမကျသည့်ပုံစံပင်။ ချီကျွင်းက အသံတိုးတိုးလေးနှင့် မေးလိုက်သည်။ "ဘာဖြစ်နေတာလဲ "

"သူတို့က လောဘကိုကြီးတယ်။ ကလေးပစ္စည်းတောင်မှ လိုချင်နေကြတာလေ။ သူတို့ကို သဘောကိုမကျဘူး "

ချီကျွင်းက သူ့အား ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။ "မင်းလဲ အရှက်မရှိပါဘူး "

ထိုအခိုက်အတန့်ဝယ် လူအချို့က လာနှုတ်ဆက်ပြီး စကားစမြည်ပြောလာကြသဖြင့် နှစ်ယောက်ကြားမှ စကားဝိုင်းက ရပ်သွားရသည်။ ချီကျွင်းကလဲ ချက်ချင်းပင် ပြုံးပြလိုက်သည်။ အမေးစကားများကိုမူ တုန်ဖန်းရုန်က ဆက်တိုက်ဖြေနေပြီး သူက နံဘေးမှ ပြုံးရုံသာပြုံးပြနေလိုက်သည်။ တကယ်တမ်းတွင်မူ လူအတော်များများကလဲ သူ့ကို စကားမပြောခဲ့ကြပေ။ အဘိုး၏သားသမီးများ မြေးများကသာ စကားအနည်းငယ် လာပြောကြသည်။ အများစုကမူ လာနှုတ်ဆက်ပြီး ဂုဏ်ပြုစကားသာ ပြောသွားကြသည်။

ညစာစားပွဲ၌မူ တုန်ဖန်းမိသားစု၏ အရေးကြီးပုဂ္ဂိုလ်များကို ချီကျွင်း ထပ်မှတ်ထားလိုက်သည်။

တုန်ဖန်းရုန်၏ ဝမ်းကွဲအစ်ကိုဖြစ်သူ တုန်ဖန်းကော၏ ဇနီးတွင်လဲ အင်အားကြီးမားသော နောက်ခံအသိုင်းအဝိုင်းရှိသည်။ ကျန်းဟယ်၏ဦးလေးသည် လက်ရှိတွင် ကျန်းမိသားစု၏ အကြီးအကဲဖြစ်ပြီး တုန်ဖန်းကောအား တုန်ဖန်းအိမ်တော်၏ အကြီးအကဲဖြစ်အောင် ပံ့ပိုးပေးနေသည်။ သို့သော်ငြား ဦးလေးငယ်တုန်ဖန်းရှန်းကို အမှီလိုက်ရန် မဖြစ်နိုင်ပါပေ။ သူသည် တုန်ဖန်းကောထက် အသက်၂၀ခန့်သာကြီးပြီး သူ၏ဇနီးဖြစ်သူက ကျောက်မိသားစုအကြီးအကဲ၏ ညီအငယ်ဆုံးဖြစ်သည်။ နောက်ခံအသိုင်းအဝိုင်းတို့က အတော်လေး အပြိုင်အဆိုင် ရှိလှသည်။ ယှဉ်ပြောကြည့်ပါက လက်ရှိအကြီးအကဲဖြစ်သူ တုန်ဖန်းယွီ၏ဇနီး ဝမ်ချင်သည်လဲ ဝမ်အိမ်တော်၏ သွေးသားဖြစ်သည်။ တုန်ဖန်းရုန်တို့ မျိုးဆက်တွင်မူ မောင်နှမခြောက်ယောက်ရှိပြီး မိန်းကလေးဖြစ်သူ တုန်ဖန်းအိုက်ကိုသာ ဖယ်လိုက်ပါက တုန်ဖန်းရုန်သည် အထူးချွန်ဆုံးပင်။

မိသားစုအတွင်း တော်စပ်ပုံများနှင့် တစ်ယောက်ချင်းစီ၏ ကျောထောက်နောက်ခံများကို ချီကျွင်း မှတ်ထားလိုက်သည်။ အဆုံးသတ်၌ သူ၏နောက်ခံအသိုင်းအဝိုင်းအင်အားသည် သုညနှင့်သာ ညီသည်ဟု သဘောပေါက်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ယိုအိုက်တို့မိသားစုသည် သူမ၏ဖခင်လက်ထက်မှစ၍ တိုးတက်လာခဲ့သဖြင့် ယခုအချိန်တွင် စစ်ဖက်ရေးရာ၌ အင်အားမရှိသေးသော်ငြား ကြွယ်ဝချမ်းသာသော မိသားစုတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။ သူကမူ ဆိုးရွားသောဘဝကိုသာ ပိုင်ဆိုင်ခဲ့ရသည်။ အကယ်၍ တုန်ဖန်းချွမ်းကသာ သူ့မြေးလေးတုန်ဖန်းရုန်ကို အမှန်တကယ် ထောက်ခံပေးပါက သူတို့အတွက်လဲ ခဲယဉ်းမည် မထင်ပါပေ။ သို့သော်ငြား တခြားနယ်ပယ်တစ်ခုတွင် အောင်မြင်နေသည်ကသာ ပိုကောင်းပါလိမ့်မည်။

အမျိုးသမီးအများစုက မိန်းကလေးသီးသန့် စကားစမြည်ပြောနေကြပြီး အမျိုးသားများက စစ်ဖက်ရေးရာနှင့် နိုင်ငံရေးအကြောင်းများကို ဆွေးနွေးနေကြသည်။ ထိုအေကြာင်းအရာနှစ်ခုလုံးက ချီကျွင်းနှင့် မနီးစပ်သောကြောင့် တုန်ဖန်းရုန်နံဘေးတွင် ပြုံးရုံသာပြုံးပြနေရသည်က အလွန်မသက်မသာဖြစ်ရသည်။ လူတိုင်းထံမှ လျစ်လျှုရှုခံရခြင်းသည် အထင်သေးသောအကြည့်များဖြင့် အကြည့်ခံရခြင်းထက် ပို၍ခံစားရခက်ပါသည်။ ချီကျွင်းအနေဖြင့် ထိုကိစ္စက သိပ်မထူးဆန်းတော့သော်လဲ အနည်းငယ်မျှတော့ စိတ်မကောင်းဖြစ်သွားရသည်။

ကံကောင်းထောက်မစွာဖြင့် မိသားစုညစာစားပွဲက သိပ်မကြာခဲ့ပေ။ သုံးနာရီခန့်အကြာတွင် အားလုံးကို လူစုခွဲပြီး အိမ်ပြန်ကြရန် အဘိုးကြီးတုန်ဖန်းက ဆော်သြလိုက်သည်။

အိမ်မပြန်ကြမီ အချို့အကြီးအကဲများက ချီကျွင်းကို လာရောက်နှုတ်ဆက်ကြသည်။ တကယ်တမ်းတွင်မူ ထိုလူများသည် သူနှင့်အစိမ်းသက်သက်ဖြစ်နေပြီး မည်သူများမှန်းပင် မသိပါချေ။ တုန်ဖန်းရုန်ကသာ ဒိုင်ခံမိတ်ဆက်ပေးသဖြင့်သာ တော်သေးသည်။

အဘိုးကြီးတုန်ဖန်းက မပြန်သွားခင် ချီကျွင်းအား သီးသန့်လာတွေရန် ရန်လုအား အခေါ်လွှတ်လိုကသည်။

ချီကျွင်းက နည်းနည်းစိတ်ရှုပ်သွားသော်လဲ လူကြီးရှေ့တွင်မို့ ယဉ်ယဉ်ကျေးကျေးသာ မေးလိုက်သည်။ "အဘိုး ဘာကိစ္စများ ရှိလို့ပါလဲ "

လူအိုကြီးက ကိစ္စတစ်ခုမှလွဲ၍ ချီကျွင်း၏ယနေ့လုပ်ဆောင်ချက်အပေါ် အတော်လေး စိတ်ကျေနပ်နေခဲ့သည်။ "ရှောင်ရွှယ့်ကို လုပ်ပေးတဲ့တစ်ခုကို မင်းအဘွားက အတော်သဘောကျနေတာ။ အဲ့တာထပ်လုပ်ပြီးတော့ နောက်ရက်တွေကျရင် ပို့ပေးလိုက်ပါဦး "

ချီကျွင်းသည် အမှန်တကယ်ပင် ရယ်ချင်လာသည်။ သို့သော် သူရယ်နေသည်ကိုသာ သိသွားခဲ့ပါမူ ထိုလူအိုကြီးက အမြင်ကက်ပုဒ်မဖြင့် အမှတ်များ လျော့ပစ်ပေလိမ့်မည်။ ထို့ကြောင့် မျက်နှာပိုးသတ်ပြီး ကမန်းကတမ်း ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ကဲ့ နောက်ထပ် အရသာတွေလဲ စမ်းလုပ်ကြည့်ပါဦးမယ်။ အဘိုး ဂျူဂျူဘီဆီးသီးတွေနဲ့ဆိုရင် ဘယ်လိုနေလဲ။ အရသာခပ်လေးလေးနဲ့စပ်စပ်လေးဆိုရင် ဝိုင်နဲ့တွဲသောက်ရင်လဲ အတော်အဆင်ပြေမှာ။ စကားစမြည်ပြောတဲ့အချိန်ဆိုလဲ သရေစာပုံစံနဲ့ စားရင်အဆင်ပြေမှာပဲ"

ထိုစကားများကို ကြားလိုက်ရသောအခါ တုန်ဖန်းချွမ်းရင်ထဲ၌ ကြည်နူးသွားရသည်။ "အင်း အဆင်ပြေသားပဲ။ စမ်းကြည့်ပေါ့။ စကားမစပ် မင်းနဲ့ရှောင်ရုန် ရှုမျှော်ခင်းဥယျာဉ်ဆီ သွားခဲ့တုန်က ဓာတ်ပုံတွေအများကြီး ရိုက်ခဲ့တယ်ဆို။ ပြန်လာတော့ မင်းအဘွား ပြောပြတယ် "

သူနှင့်တုန်ဖန်းရုန်တို့၏ တိုက်ခန်းငယ်လေးဆီ ပြန်ရောက်လာသောအခါ ချီကျွင်းက တံခါးဖွင့်လိုက်ပြီး ဆိုဖာပေါ် ပစ်လှဲချလိုက်သည်။ "နောက်ဆုံးတော့ အိမ်ပြန်ရောက်လာပြီပဲ။ အချိန်အကြာကြီး မတ်တပ်ရပ်ခဲ့ရလို့ ငါ့ခြေထောက်တွေက နာကျင်ကိုက်ခဲနေတာပဲ "

တုန်ဖန်းရုန်က အနားကို အပြေးရောက်လာပြီး ဆိုဖာပေါ်ထိုင်ချကာ သူ့ဇနီးလေး၏ခြေထောက်များကို ပေါင်ပေါ်တင်လိုက်ပြီး ညင်ညင်သာသာ နှိပ်ပေးနေသည်။ "နောက်ပိုင်းကျရင် လေ့ကျင့်ခန်းတွေ ပိုလုပ်မှဖြစ်မယ်။ စာသက်ခန်းထဲမှာပဲ အနေများတော့ ကြာလာရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ထိခိုက်လာလိမ့်မယ် "

အပြုစုခံရခြင်းသည် ဤသို့ကောင်းမွန်စွာ ခံစားရပါသည်လော။ ချီကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး "အမှန်ပဲ။ ဒါဆို ငါ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့ အစီအစဉ်တစ်ခု ဆွဲလိုက်ပါလား။ စစ်သားတွေကို လေ့ကျင့်ပေးသလိုပုံစံတော့ မဟုတ်ဘူးပေါ့။ အဲ့နည်းက သည်းမခံနိုင်ဘူး။ဒါမှမဟုတ် ကျောက်တုံးကမ္ဘာလေးထဲမှာ ပတ်ပြေးရင်ရော ဘယ်လိုနေမလဲ "

တုန်ဖန်းရုန်က "ပြေးလို့ရတာပေါ့။ အစပိုင်းမှာတော့ လမ်းလျှောက်ရင်း စကြမယ်။ အလေးတုံးတွေပါ သယ်ရင်းနဲ့လေ။ တစ်ကီလိုကနေ စကြတာပေါ့။ အဲ့တာနဲ့ပြေးနိုင်သွားတဲ့အခါ နှစ်ကီလို ထပ်ပေါင်းမယ်"

"အာ အဲ့နည်းက စစ်သားတွေကို လေ့ကျင့်ပေးတဲ့နည်းမဟုတ်တာ ကျိန်းသေလား " စစ်ရေးပြသင်တန်း၌ အထုပ်အလေးကြီးများကိုသယ်ရင်း ပြေးလွှားနေပုံများကို မြင်ယောင်မိသွားသောအခါ ချီကျွင်း၏မျက်လုံးများက ပြူးကျယ်လာရသည်။ သူ လေ့ကျင့်ခန်းကို လုပ်ချင်ပါသော်လဲ ထိုမျှအထိတော့ မဟုတ်ပါပေ။

ဗိုလ်ချုပ်က ပြုံးလိုက်ပြီး " အခြေစိုက်စခန်းမှာဆို ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေက ဆယ်ကီလိုကနေ စတာလေ။ ပြီးတော့ စစခြင်းမှာထဲက လမ်းလျှောက်ခွင့်ရတာ မဟုတ်ဘူး။ ပြေးရတာ "

ချီကျွင်း ပြောစရာစကား ပျောက်သွားရသည်။ ဤသည်က သက်သက်မဲ့ နှိပ်စက်ခြင်း မဟုတ်ပါလော။ သို့သော် ပြန်တွေးကြည့်ပါက လေ့ကျင့်ရေးစခန်းမှ သန္ဓေပြောင်းလူသားများ၏ အားနှင့်ဆိုပါက ဆယ်ကီလိုပမာဏသည် စာမဖွဲ့လောက်သော်လဲ သူ့ခန္ဓာကိုယ် သေးသေးလေးကမူ မတတ်နိုင်ပါချေ။ "ဒီအတိုင်း ပြောကြည့်တာပါ။ တစ်ပေါင်လောက်နဲ့ပဲ စမယ်လေ။ တစ်ကီလိုနဲ့ မစချင်ဘူး "

"ဟုတ်ပါပြီလေ ကိုယ့်ဇနီးလေးရဲ့ အမိန့်တော်အတိုင်းပါပဲ "

ချီကျွင်းက မျက်ဖြူလှန်ပြလိုက်ပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး "ငါတွေးကြည့်တာပါ။ ဒီနေ့ ညစာစားပွဲက ဒီလောက်ကြီး ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ငါကသာ အဲ့အသိုင်းအဝိုင်းထဲကို မဝင်ဆန့်မိုင်သေးတာပါ။ တစ်ယောက်နဲ့မှ စကားမပြောနိုင်ခဲ့ဘူးလေ။ အမေကလဲ သူ့အတွက်ခက်ခဲတယ်လို့ ပြောခဲ့ပေမဲ့ ငါ့စိတ်ထင် သူ့အတွက်က လွယ်ကူနေမယ် ထင်တာပဲ"

"အမေက သူတို့နဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပက်သတ်ခဲ့ပြီးပြီလေ ပြီးတော့ အခုက မင်းနဲ့ ဆုံကြတာ ပထမဆုံးအကြိမ် မဟုတ်လား။နောက်ပိုင်းမှာဆို တစ်နှစ်ကို နှစ်ကြိမ် သုံးကြိမ်လောက် တွေ့ကြရဦးမယ်။ နှစ်သစ်ကူးပွဲတော်ရက်တွေမှာဆို အဘိုးဘက်က မိသားစုဝင်တွေနဲ့အတူ ညစာစားကြတယ်လေ။ ဒါက ပြဿနာ သိပ်မရှိပါဘူး။ ကိုယ်တို့အသိုင်းအဝိုင်းထဲက ဧည့်ခံပွဲတချို့ကိုလဲ လတ်တလောမှာ တက်ရဦးမှာ မဟုတ်သေးဘူး။ အဲ့ဒါအပြင် မင်းက ကျောင်းသားပဲရှိသေးပြီး ရှေးဆေးပညာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနကလေ။ ဒီမှာက သုတေသနလုပ်ငန်းက လူတွေဆို ဆက်ဆံရေးကျဲတယ်လို့ လူတွေကထင်ကြတာမို့ သူတို့ ဘယ်လိုမှနေမှာ မဟုတ်ပါဘူး "

"မင်းပြောမှပဲ စိတ်သက်သာရာရတော့တယ်။ အာ ပြီးတော့ ငါတို့အိမ်ပြန်ရောက်ရင် ခရီးသွားတုန်းက ရိုက်ခဲ့တဲ့ပုံတွေ ပို့ပေးဖို့ အဘိုးက မှာလိုက်တယ်။ အရမ်းနောက်ကျသွားရင် မကောင်းဘူးလေ။ တော်ကြာ ငါ့ကို ယုံကြည်လို့မရတဲ့လူလို့ သတ်မှတ်လိုက်ရင် အခြေအနေက ပိုဆိုးသွားဦးမယ်။ ကွန်ပြူတာရှေ့ကို သွားတော့မှပဲ "

တုန်ဖန်းရုန်က သူ့ဇနီးလေး၏ပေါင်ကို ပုတ်လိုက်ပြီး "ကိုယ် လုပ်လိုက်ပါ့မယ်။ အခုတော့ အဘိုးရဲ့စကားကို အမိန့်လို့ နာခံနေပြီပေါ့ "

ချီကျွင်းက နှုတ်ခမ်းဆူလိုက်ပြီး " မနာခံလို့့ရော ရမလား။ ဒါပေမဲ့ မင်းပုံစံကလဲ အဘိုးနဲ့ အဆက်အသွယ်လုပ်ရမှာကို စိတ်မပါသလိုမျိုး မဟုတ်ပါဘူး။ မြန်မြန်လုပ်လိုက်ဦး။ ငါ ရေသွားချိုးတော့မယာ။ ဒီနေ့တော့ စွမ်းအားတွေကိုလဲ မလေ့ကျင့်နိုင်တော့ဘူး။ အရမ်းပင်ပန်းတာပဲ"

စေ့စပ်ပွဲရက်က နီးလာသည်နှင့်အမျှ ချီကျွင်း၏ အားလပ်ချိန်များက ရှားပါးလာရသည်။ ယိုအိုက်နှင့် ချိုးမိသားစုကလဲ အခမ်းအနားအတွက် ပြင်ဆင်ရန် အလုပ်ရှုပ်နေကြသည်။ သူတို့နှစ်ဦးကမူ တစ်နေ့တာကို အတူတကွ ဖြတ်ကျော်နေဆဲပင်။ တကယ်တမ်းပြောရလျှင် စေ့စပ်ပွဲအတွက် အထွေအထူးလုပ်ရန်တော့ မလိုအပ်ပါပေ။ သူတို့နှစ်ဦးသည် အနာဂတ်တွင် လက်တွဲဖော်များ ဖြစ်လာကြတော့မည်ဟု လူထုကို တရားဝင်အသိပေးရုံသာ ဖြစ်သည်။ ဝတ်စုံများသည်လဲ ပြီးစီးသွားပြီဖြစ်သည်။ တရုတ်ရိုးရာ လည်ထောင်အကျီင်္နှင့် ဆင်တူသော်လဲ ကွဲပြားချက်များက ရှိနေသည်။ တရုတ်ယဉ်ကျေးမှုလက်ရာတို့ကို အများအပြားထည့်သွင်းထားပြီး အင်ဒိုနီးရှားဝတ်စုံနှင့် ဆင်တူနေသည်။ ထို့ပြင် စစ်ယူနီဖောင်း အငွေ့အသက်များလဲ ပါနေသည်။ တုန်ဖန်းရုန် ဝတ်ဆင်လိုက်သောအခါ အလွန်ခန့်ညားလှပေသည်။ ချီကျွင်း၏ဝတ်စုံက အဖြူရောင်ဖြစ်သော်လဲ တုန်ဖန်းရုန်နှင့် ဆင်တူဖြစ်သည်။ ထိုဝတ်စုံကို ဝတ်ဆင်လိုက်ချိန်တွင် ထူးဆန်းနေသလိုတော့ ခံစားရသည်။ လူကြီးများက မည်မျှပင် လိုက်ဖက်သည်ဟု ပြောနေပါစေ သူ့စိတ်ထဲတွင်မူ အနက်ရောင်ဝတ်ထားသော တုန်ဖန်းရုန်လောက် ကြည့်ကောင်းသည်ဟု မထင်ပါပေ။ သို့သော် ဗိုလ်ချုပ်က သူ့ကို နားနေခန်းထဲ ခေါ်သွားပြီး တင်းကြပ်စွာနမ်းလာချိန်တွင်တော့ သူ့ခေါင်းထဲတွင် ဘာမှမရှိတော့ပေ။ ဤဝတ်စုံသည် ဗိုလ်ချုပ်အတွက် ဝတ်ဆင်ထားသည်သာဖြစ်၍ အခြားလူများအမြင်တွင် အထူးတလည် ကြည့်ကောင်းနေရန် မလိုပါပေ။

ဧည့်ခန်းပွဲအတွက် စားဖိုမှူးမှာ တုန်ဖန်းချွမ်း၏ စားဖိုမှူးဖြစ်သည်။ ထိုသူသည် အိမ်တော်အတွက် ချက်ပြုတ်ပေးပြီး ပိုင်ချန်းကဲ့သို့ပင် သူ၏ဘိုးဘေးများထံမှ လက်ဆင့်ကမ်းသင်ယူခဲ့သော ပညာများနှင့် အသက်မွေးဝမ်းကြောင်းမှု ပြုသည်။ သို့သော် သားရဲကမ္ဘာတွင်မူ ထိုပညာရပ်များက ရှားပါးလှသောစွမ်းရည်များပင်။ ယခုအခါတွင်မူ ချီကျွင်းသည် ထိုလူအား သူဖန်တီးထားသော ဟင်းလျာကိုးမျိုးကို သင်ကြားပေးခဲ့သည်။ အခြားဟင်းလျာများတွင် လက်ပေါက်မကပ်ခဲ့သော်လဲ ဂုံးဆားနယ်ကင်က အဆင်မပြေခဲ့ပေ။ ထိုလူသည် ဉာဏ်ရည်မြင့်မားသော်ငြား ခံစားချက်အလိုက် မချက်ပြုတ်တတ်သောငြောင့် အသင့်တော်ဆုံး အပူချိန်နှင့် ကြာချိန်တို့ကို သတ်မှတ်ပေးရန်သာ တတ်နိုင်ပါတော့သည်။ ချီကျွင်းသည်လဲ ဘာမှထပ်မပြောတော့သလို သဘောရှိသာ လွှတ်ထားပေးလိုက်တော့သည်။

အခြားထက် သူလုပ်ရမည့် အလုပ်များက ပြီးဆုံးသွားပြီဖြစ်သည်။ လူအိုကြီးတုန်ဖန်းတို့ ဇနီးမောင်နှံအတွက် ဟင်းလျာများ ချက်ပြုတ်ပေးရန်ကလွဲ အထွေအထူး မရှိတော့ပေ။ ထို့ကြောင့် ချီထျန်းအတွက် လက်ဆောင်ပြင်ဆင်ပေးရန်သာ ပိုအားစိုက်လိုက်သည်။ ထိုကလေးမလေးအတွက် ခရမ်းချဉ်သီးယိုများကိုလဲ လုပ်ပေးလိုက်သေးသည်။ အသီးနှစ်မျိုးကို ရောစပ်ပြီး လုပ်ထားသဖြင့် သေချာမစစ်ကြည့်ပါက စားနေချိန်တွင်ပင်လျှင် ပြဿနာကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ ချီကျွင်းသည် မန်ထိုသီးများနှင့် ကိတ်အသေးလေးများလဲ ပြုလုပ်ခဲ့သည်။ မန်ထိုသီးကို နှစ်ခြမ်းခွဲကာ ကြိုက်ရာပုံသွင်းလိုက်ပြီးနောက် ကြားတွင် ယိုသုတ်လိုက်ပြီး အပေါ်မှ အိမ်လုပ်ခရင်မ်ဖြင့် ဖုံးလိုက်သည်။ ထိုအခါ ကိတ်မုန့်ပုံသဏ္ဍာန် ထွက်လာပါတော့သည်။

သူ့ဇနီးလေးက အစားအသောက်များ ပြုလုပ်ရသည်ကို အလွန်နှစ်ခြိုက်သည်ကို မြင်နေရသော တုန်ဖန်းရုန်က မအောင့်နိုင်တော့လဲ မေးခွန်းထုတ်လိုက်သည်။ "ရှောင်ကျွင်း ချက်ပြုတ်ရတာကို အရမ်းသဘောကျတယ် မဟုတ်လား။ နောက်ပိုင်းကျရင် စားသောက်ဆိုင်မျိုး ဖွင့်ချင်လား "

ချီကျွင်းက ခဏကြာမျှ ငေးငိုင်သွားပြီးနောက် ပြုံးပြီးပြန်ဖြေလိုက်သည်။ " အရင်ဘဝတုန်းကတော့ ငါ့ဝမ်းငါကြောင်းဖို့ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်မယ်လို့ စိတ်ကူးဖူးတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ ငါလုပ်ချင်တာတွေ အမျကြီးရှိတယ်။ အပင်တွေကို ပြန်စိုက်သလိုမျိုးပဲ တရုတ်ရိုးရာ ချက်ပြုတ်နည်းတွေကလဲ မေ့လျော့မခံရသင့်ဘူးလို့ ငါထင်တယ်။ အခုချိန်မှာ အစပဲရှိသေးပေမဲ့ နောက်ပိုင်း အဲ့အစားအစာတွေကို ပြန်ရှာတွေ့လာတဲ့အခါ အရသာကောင်းကောင်းရဖို့ လူတိုင်းကို သင်ပေးမယ်လို့ စိတ်ကူးထားတယ်။ ပိုက်ဆံအတွက်ကတော့ ပါဝင်ပစ္စည်းတွေကို စိုက်ပြီးရောင်းတာက ချက်ပြုတ်ပြီးရောင်းတာထက် ပိုကောင်းမယ်လို့ ထင်တယ်။ မင်းရော ဘယ်လိုသဘောရလဲ "

တုန်ဖန်းရုန်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း ဒါပေမဲ့ ကိုယ်တို့လက်ထပ်ပြီး ကလေးတစ်ယောက်မရမချင်း လူတွေကို ဟင်းချက်နည်းတွေ သင်ပေးလို့ မဖြစ်ဘူး "

ချီကျွင်းက နားမလည်ခဲ့ပေ။ "ဘာလို့လဲ "

"အဲ့နည်းအတိုင်းဆို လူတွေက မင်းရဲ့ချစ်သူကို အဝေးပို့ပစ်ကြလိမ့်မယ်။ အဲ့လိုဖြစ်သွားလို့ မရဘူး "

"မင်းရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုကြီးကရော "

ဗိုလ်ချုပ်က သူ့ရင်ဘတ်ကို ပုတ်ပြလိုက်ပြီး "သူက ဒီထဲမှာ အမြဲရှိတာပေါ့။ ဒါပေမဲ့ ကိုယ်ဇနီးလေးက တော်လွန်းတော့ လူအများကြီးဆီကနေ မနာလိုဖြစ်ခံရတော့မှာပဲ "

"ဒါဆို ငါ့အပေါ်မှာရော ယုံကြည်ချက်မရှိဘူးလား "

တုန်ဖန်းရုန်က ခေါင်းခါလိုက်ပြီး "ကိုယ်ယုံပါတယ်။ ဒါပေမဲ့ အခြားလူတွေကိုတော့ မယုံဘူး။ ဒါပေမဲ့ ကလေးတစ်ယောက်အဖေလေးဖြစ်နေရင် လူအတော်များများက ပြန်စဉ်းစားကြလိမ့်မယ်လေ "

ချီကျွင်းက မျက်စောင်းထိုးကြည့်နေရာမှ ရုတ်တရက် ပြုံးပြလိုက်ပြီး "မင်းက မင်းအကြောင်းပြောမယ်။ မဖြစ်သေးတာတွေကို စိတ်ကူးပြီးပြောမယ်။ အဘိုးကြီးကျနေတာပဲ။ ဟုတ်ပါပြီ။ ငါ့သက်တမ်းတစ်ဝက်ချိုးမှာ အပင်တွေကို ပြန်စိုက်နိုင်မယ်လို့ ခန့်မှန်းရတာပဲ။ ဘယ်နေရာမှာ အဲ့လိုတွေ လုပ်နိုင်ဦးမှာလဲ။ ပြီးတော့ တချိန်ထဲမှာ စွမ်းအားတွေအများကြီးလဲ သုံးရဦးမယ်။ ဟင်းချက်နည်းတွေ သင်ပေးတဲ့အချိန်မှာ ငါက အိုနေပါပြီ။ တော်တော်အိုနေပြီမို့ စိတ်ပူနေစရာတောင် မလိုတော့ပါဘူး "

တုန်ဖန်းရုန်က ချီကျွင်းကို ဖက်ထားလိုက်ပြီး "ကိုယ့်ရှောင်ကျွင်းက အိုသွားရင်တောင် အကောင်းဆုံးဖြစ်နေတုန်းပါပဲ "

နှုတ်ခမ်းစွန်းလေးများက ကော့တက်လာခဲ့ပြီး နောက်ဆုံးတွင် ချီကျွင်းပြုံးကာ တုန်ဖန်းရုန်၏လက်မောင်းကို မှီချလိုက်သည်။ "ဒီပါးစပ်လေးက တော်တော်တတ်နေတာပဲ။ ကြည့်ရတာ ဘာသာစကားအနုပညာအတန်းက တော်ရုံတော့ ဟုတ်မယ်မထင်ဘူး "

ထို့နောက် ဗိုလ်ချုပ်၏မျက်နှာထားက တောင့်တင်းသွားရသည်။ သူ၏လျှို့ဝှက်ချက်များကို ဖော်ထုတ်တတ်သော ဇနီးလေး၏နောက်ကွယ်မှသာ ထိုအတန်းကို အစီရင်ခံစာ တင်ရပေတော့မည်။


zawgyi

ဗီဒီယိုၾကည့္ခဲ့စဥ္က မ်ိဳးႏြယ္ထဲမွ လူအနည္းငယ္ကိုလဲ ေတြ႕ခဲ့ရၿပီး ဤေန႔တြင္မူ လူအမ်ားအျပား တက္ေရာက္လာၾကၿပီး ထိုလူမ်ားထဲမွ တစ္ဝက္ေက်ာ္ေလာက္ကို သူမသိေပ။

အိမ္အထဲတြင္သာမက အျပင္ဘက္တြင္ပါ ျပည့္ေနေသာထိုလူအုပ္ႀကီးကို ၾကည့္ရင္း တုန္ဖန္းမိသားစုဝင္ျဖစ္ေသာ တုန္ဖန္းယြီကို ေတြ႕ေသာအခါ ခ်ီကြၽင္း အံ့ၾသမိသြားသလို ဤမိသားစုႀကီး၏ အႀကီးအကဲလုပ္ရေသာေၾကာင့္ အေတာ္စိတ္ဖိစီးရမည္ဟုလဲ ေတြးလိုက္မိသည္။ သူ၏႐ုန္သာ ဤတာဝန္ကို ယူခဲ့ရပါက အနည္းဆုံးႏွစ္ေပါင္းႏွစ္ရာေက်ာ္သည္အထိ စိတ္ဖိစီးရေပလိမ့္မည္။ သို႔ေသာ္ သူ၏စတုတၳေလးက ထိုသို႔လုပ္ရန္ စိတ္ကူးမရွိပါေပ။

သဘာဝက်က်ႏွင့္ လူတိုင္းကို တစ္ေယာက္ခ်င္းစီ မိတ္ဆက္လိုက္သည္။ တုန္ဖန္းေကာ၏ သမီးျဖစ္သူ တုန္ဖန္း႐ႊယ္အတြက္ လက္ေဆာင္ျပင္ေပးရသည္မွလြဲ၍ အားလုံးက မ်ိဳးဆက္တစ္ခုထဲျဖစ္၍ ဂါရဝျပဳရန္ မလိုပါေပ။

တုန္ဖန္း႐ႊယ္သည္ အသက္ေျခာက္ႏွစ္သာ ရွိေသးေသာ ခ်စ္စရာေကာင္းသည့္ သေႏၶေျပာင္းလူသား ေကာင္မေလးတစ္ေယာက္ျဖစ္သည္။ သူမေလးသည္ တုန္ဖန္းခြၽမ္း၏ ေလးဆက္ေျမာက္ ေသြးသားျဖစ္ၿပီး အိမ္ေတာ္၌ အလြန္နာမည္ႀကီးသည္။ သို႔ေသာ္ စစ္အရာရွိႀကီးမ်ား၏ မိသားစုမွ ကေလးငယ္မ်ားကို လူအမ်ားၾကားတြင္ ထုတ္ျပျခင္း မရွိေပ။ တုန္ဖန္းေကာ၏ အက်င့္စ႐ိုက္က တုန္ဖန္း႐ုန္ထက္ ပို၍ေအးစက္ၿပီး သူ႔ဇနီးသည္အေပၚတြင္ပင္ သိပ္မႏူးညံ့ေပ။ သို႔ေသာ္ သူ၏ဇနီးျဖစ္သူ က်န္းဟယ္ကမူ ခင္ပြန္းသည္၏အက်င့္စ႐ိုက္ကို နားလည္ေပးရွာသည္။ ခ်စ္ခင္စမွာပင္ သူတို႔ႏွစ္ဦးသည္ ၾကည္ႏူးဖြယ္စကားခ်ိဳခ်ိဳေလးမ်ားကို မေျပာခဲ့ၾကေပ။ သို႔ေသာ္ ခင္ပြန္းသည္ထံမွ ၿငိမ္းခ်မ္းမႈႏွင့္ လုံၿခဳံမႈတို႔ကို သူမ ခံစားရသည္။ သူတို႔သည္ စကားလုံးေတြ အမ်ားႀကီးမလိုအပ္ဘဲ ေကာင္းစြာနားလည္ႏိုင္ေသာ ခ်စ္သူႏွစ္ဦးပင္။

တုန္ဖန္း႐ႊယ္အတြက္ ခ်ီကြၽင္း၏လက္ေဆာင္မွာ ကတိုက္က႐ိုက္ ျပင္ဆင္လာခဲ့ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အစားအေသာက္ကိုသာ လုပ္ရန္အခ်ိန္ရခဲ့ၿပီး ကေလးအတြက္ျဖစ္၍ အသားငါးမ်ားကလဲ မသင့္ေတာ္ေပ။ ထို႔ေၾကာင့္ အာလူးႏွင့္ ဆင္တူေသာ ကုံကုမံအသီးမ်ားကို ပါးပါးေလးလွီးကာ အေပၚမွ ဆီသုတ္လိုက္ၿပီး အိုဗင္ထဲထည့္ကာ အပူခ်ိန္ကိုထိန္း၍ ႂကြပ္႐ြလာသည္အထိ ဖုတ္ထားလိုက္သည္။ ထို႔ေနာက္ အေပၚမွ သၾကားမႈန္ေလးမ်ား ႀကဲလိုက္သျဖင့္ ကေလးမ်ားအတြက္ အလြန္သင့္ေတာ္ေပလိမ့္မည္။ တစ္မ်ိဳးထဲ ယူသြားပါက ကို႔႐ို႕ကားယားႏိုင္သျဖင့္ အသီးခ်ိဳခ်ိဴေလးမ်ားျဖင့္ ျပဳလုပ္ထားေသာ ေရခဲမုန္႔တစ္ဘူးကိုပါ ယူသြားခဲ့သည္။

ေရခဲမုန္႔လုပ္သည့္စက္မ်ား မရွိေသာ္လဲ ေမႊစက္က အလုပ္ျဖစ္ပါသည္။ ႏြားႏို႔မရွိေသာ္ျငား ႏို႔မႈန္႔က ရွိေနပါေသးသည္။ ဤကမာၻမွ ႏို႔မႈန္႔သည္ သားရဲတို႔၏ႏို႔ရည္ကို အာဟာရစံခ်ိန္စံၫႊန္းအတိုင္း ထုတ္လုပ္ထားျခင္း ျဖစ္သည္။ ထို႔ျပင္ သားရဲကမာၻ၌ အမ်ိဳးသားမ်ားပင္ မီးဖြားႏိုင္ေသာ္လဲ ႏို႔တိုက္ေကြၽးရန္ကမူ မျဖစ္ႏိုင္ပါေပ။ ထို႔ေၾကာင့္ တိရစာၦန္မ်ား၏ ႏို႔ရည္ႏွင့္ စိုက္ပ်ိဳးထုတ္ကုန္တို႔မွ အာဟာရတို႔ကို ေပါင္းစပ္ၿပီး ႏို႔မႈန္႔ကို ဖန္တီးခဲ့ၾကသည္။ ထိုႏို႔မႈန္႔ျဖင့္ ခရင္မ္ရေအာင္ အရင္လုပ္ရေပမည္။ ႏို႔မႈန္႔ အရည္ေပ်ာ္သြားခ်ိန္၌ သၾကားႏွင့္ ၾကက္ဥအကာတို႔ကို ထည့္လိုက္သည္။ ထို႔ေနာက္ ၎တို႔ကို ေမႊစက္ျဖင့္ေမႊၿပီး သၾကားႏွင့္ႏို႔မႈန္႔တို႔ကို နည္းနည္းခ်င္းစီ ထပ္ထည့္လိုက္သည္။ ေနာက္ဆုံးတြင္ ၾကက္ဥအကာသည္ လုံးဝအျမႇဳပ္ပုံစံ ျဖစ္သြားၿပီး ခ်ိဳျမေသာၾကက္ဥခရင္မ္ ရလာသည္။

ၾကက္ဥအႏွစ္ကို သၾကားႏွင့္ သမေအာင္ေမႊၿပီးေနာက္ ေရေႏြးထဲတြင္ အပူေပးရင္း အသီးအရည္မ်ားကို ညႇစ္ထည့္လိုက္သည္။ ထို႔ေနာက္ သစ္ႀကံပိုး၊ႏို႔ႏွင့္ ဂ်ဴဂ်ဴဘီဆီးသီးစိတ္ေလးမ်ားကို ထပ္ထည့္လိုက္သည္။ ေနာက္ဆုံးတြင္ ႏွစ္မ်ိဳးစလုံးကို ေရာေမႊလိုက္ၿပီး အေအးခန္းထဲ ထည့္ထားလိုက္သည္။ ၂ႀကိမ္ခန္႔ ျပန္ထုတ္ၿပီး သမေအာင္ေမႊေပးၿပီးေနာက္ ေလးနာရီအၾကာတြင္ ေရခဲမုန္႔ရလာၿပီျဖစ္သည္။

ႏွစ္ဦးသား ဇြန္းအျပည့္ ခပ္ျမည္းၿပီးေနာက္ အျပည့္အဝစိတ္ေက်နပ္သြားရသည္။ သူ႔တူမေလးအတြက္သာ မဟုတ္ပါက ဗိုလ္ခ်ဳပ္သည္ အကုန္စားပစ္ေပလိမ့္မည္။

ေရခဲမုန္႔ဘူးသည္ သို႔ေလွာင္ခန္းထဲတြင္ ထည့္လာေသာေၾကာင့္ အပူခ်ိန္က မေျပာင္းလဲသြားေပ။ လက္ရွိအခ်ိန္တြင္ ရာသီဥတုက ေအးေနေသာ္လဲ အခန္းထဲတြင္မူ သာမန္အပူခ်ိန္အတိုင္း ခ်ိန္ညႇိထားေသာလဲ လူအမ်ားႀကီး ရွိေနေသာေၾကာင့္ အနည္းငယ္ အိုက္စက္ေနသျဖင့္ ကေလးငယ္သည္ ထိုေရခဲမုန္႔ကိုစားရန္ အဆင္ေျပပါသည္။ သူမေလးက ဖခင္ျဖစ္သူကဲ့သို႔ပင္ ခပ္တည္တည္ေနတတ္ေသာ္လဲ ေရခဲမုန္႔တစ္ဇြန္းကို ခပ္စားၿပီးေနာက္ ၿပဳံးျပလာခဲ့သည္။ ကေလးမ်ား၏စိတ္သည္ အ႐ိုးရွင္းဆုံးပင္။ ေရခဲမုန္႔ကို လက္ခံရလိုက္ခ်ိန္မွစ၍ ခ်ီကြၽင္းကို သူမ၏လူရင္းအျဖစ္ သတ္မွတ္လိုက္သည္။

ခ်ီကြၽင္းကမူ ထိုသို႔ျဖစ္လာမည္ဟု မထင္ထားခဲ့ေပ။ တုန္ဖန္း႐ႊယ္၏ ေပ်ာ္ေနေသာပုံေလးကို ၾကည့္ၿပီး စိတ္ေက်နပ္သြားရသည္။ ခ်ီထ်န္းကိုလဲ ခ်က္ခ်င္းသတိရသြားၿပီး ထိုကေလးမေလးဆီ ပို႔ေပးရန္လဲ စဥ္းစားလိုက္သည္။ သိုေလွာင္ခန္းႏွင့္ သယ္ယူပို႔ေဆာင္ေရး ဝန္ေဆာင္မႈကို သုံး၍ရေသာေၾကာင့္ အစားအေသာက္မ်ား ပ်က္စီးမည္ကို ပူရန္မလိုပါေပ။

တုန္ဖန္း႐ႊယ္သည္ လူတိုင္း၏အျမင္၌ ကေလးမဟုတ္ေတာ့ဘဲ မိန္းမငယ္ေလးျဖစ္သည္။ သူမေလးသည္ ႏွစ္ဇြန္းခပ္စားၿပီးခ်ိန္၌ မုန္႔ဘူးကို သိုေလွာင္ခန္းထဲ ထည့္ထားလိုက္သည္က နင္နဲ႔ငါရဲ႕ ကိစၥေတြ ၿပီးၿပီေနာ္ ဟူေသာ သေဘာပင္။ တကယ္တမ္းတြင္မူ သူမေလးသည္ ခ်ီကြၽင္းေပးေသာ အရသာရွိသည့္မုန္႔အေၾကာင္းကို အဘြားျဖစ္သူထံ အေျပးအလႊား သြားေျပာျပလိုျခင္းပင္။ ထိုသေရစာက အျခားမိန္းကေလးႏွစ္ဦးကိုလဲ ဆြဲေဆာင္လိုက္သည္။ ထိုမိန္းကေလးမ်ားက တုန္ဖန္းဖင္း၏ သမီးမ်ားျဖစ္ၾကေသာ္ ထုံရွင္းႏွင့္ ထုံလဲ့တို႔ပင္။ သူမတို႔၏မိခင္ကမူ တုန္ဖန္း႐ုန္တို႔မိသားစုႏွင့္ ရင္းႏွီးေသာ္လဲ သူမတို႔ကမူ တုန္ဖန္း႐ုန္ႏွင့္ သိပ္မရင္းႏွီးေပ။ ထိုဝမ္းကြဲေမာင္ေလး၏ မ်က္ႏွာထားသည္ အရယ္အၿပဳံးတစ္ခ်က္မရွိေသာေၾကာင့္ အမွန္တကယ္ပင္ သေဘာမက်ပါေခ်။ သို႔ေသာ္ ခ်ီကြၽင္း၏အေၾကာင္းကိုမူ သူမတို႔ သိခ်င္ပါေသးသည္။ ထိုဝမ္းကြဲေမာင္ေလး၏ သတို႔သမီးေနရာကို အရယူႏိုင္သူသည္ က်ိန္းေသအင္အားႀကီးလိမ့္မည္ မဟုတ္ပါေလာ။ သို႔ေသာ္ ခ်ီကြၽင္းကို ျမင္လိုက္ရခ်ိန္တြင္ အထင္ႏွင့္အျမင္ လြဲသြားရသည္။ အေထြအထူး ဘာမွမရွိရင္ေတာင္ သူတို႔ေမာင္ေလးကဲ့သို႔ အရပ္အေမာင္း ကိုယ္လုံးကိုယ္ထည္ တူေလာက္မည္ဟု ခန္႔မွန္းခဲ့ၾကပါေသးသည္။ သို႔ေသာ္ တုန္ဖန္း႐ႊယ္၏ မိတ္ဆက္ပြဲ၌ ေတြ႕လိုက္ရခ်ိန္တြင္ သူတို႔၏ရင္ထဲမွ သိခ်င္စိတ္တို႔က ျပန္ႏိုးႂကြလာရသည္။ တုန္ဖန္း႐ုန္အနားတြင္ ရွိေနခ်ိန္၌ သူတို႔ ခ်ီကြၽင္းကို မေႏွာင့္ယွက္ရဲပါေပ။ သို႔ေသာ္ တုန္ဖန္း႐ႊယ္ႏွင့္ အျခားလူမ်ားကမူ သူတို႔ႏွင့္ ရင္းႏွီးပါသည္။ ထို႔ေၾကာင့္ ညီအစ္မႏွစ္ေယာက္သည္ အႀကံတစ္ခုကို ထုတ္ခဲ့ၾကၿပီးေနာက္ သူတို႔၏တူမေလးအား ထိုစားစရာကို မွ်ေကြၽးရန္ ေဆြးေႏြးခဲ့ၾကသည္။

ထိုအျခင္းအရာကိုျမင္ေသာ ခ်ီကြၽင္းသည္ စိတ္ထဲမွ ႀကိတ္ရယ္ေနလိုက္သည္။ ထိုႏွစ္ေယာက္လုံးသည္ သူ႔ထက္အသက္ႀကီးၾကေသာ္လဲ တကယ္တမ္းတြင္မူ ကေလးမ်ားသကဲ့သို႔ပင္။ ကေလး၏အစားအေသာက္အတြက္ႏွင့္ အဓိပၸါယ္မရွိသည္မ်ားကို လိုက္ေျပာေနၾကသျဖင့္ ေပါင္းသင္းရန္ ခက္မည့္သူမ်ားေတာ့ မျဖစ္ႏိုင္ပါေပ။

ေခါင္းျပန္လွည့္လိုက္ခ်ိန္တြင္ တုန္ဖန္း႐ုန္၏ႏႈတ္ခမ္းက မသိမသာမဲ့ေနၿပီး သေဘာမက်သည့္ပုံစံပင္။ ခ်ီကြၽင္းက အသံတိုးတိုးေလးႏွင့္ ေမးလိုက္သည္။ "ဘာျဖစ္ေနတာလဲ "

"သူတို႔က ေလာဘကိုႀကီးတယ္။ ကေလးပစၥည္းေတာင္မွ လိုခ်င္ေနၾကတာေလ။ သူတို႔ကို သေဘာကိုမက်ဘူး "

ခ်ီကြၽင္းက သူ႔အား ခ်က္ခ်င္းပင္ ေလွာင္ေျပာင္လိုက္သည္။ "မင္းလဲ အရွက္မရွိပါဘူး "

ထိုအခိုက္အတန္႔ဝယ္ လူအခ်ိဳ႕က လာႏႈတ္ဆက္ၿပီး စကားစျမည္ေျပာလာၾကသျဖင့္ ႏွစ္ေယာက္ၾကားမွ စကားဝိုင္းက ရပ္သြားရသည္။ ခ်ီကြၽင္းကလဲ ခ်က္ခ်င္းပင္ ၿပဳံးျပလိုက္သည္။ အေမးစကားမ်ားကိုမူ တုန္ဖန္း႐ုန္က ဆက္တိုက္ေျဖေနၿပီး သူက နံေဘးမွ ၿပဳံး႐ုံသာၿပဳံးျပေနလိုက္သည္။ တကယ္တမ္းတြင္မူ လူအေတာ္မ်ားမ်ားကလဲ သူ႔ကို စကားမေျပာခဲ့ၾကေပ။ အဘိုး၏သားသမီးမ်ား ေျမးမ်ားကသာ စကားအနည္းငယ္ လာေျပာၾကသည္။ အမ်ားစုကမူ လာႏႈတ္ဆက္ၿပီး ဂုဏ္ျပဳစကားသာ ေျပာသြားၾကသည္။

ညစာစားပြဲ၌မူ တုန္ဖန္းမိသားစု၏ အေရးႀကီးပုဂၢိဳလ္မ်ားကို ခ်ီကြၽင္း ထပ္မွတ္ထားလိုက္သည္။

တုန္ဖန္း႐ုန္၏ ဝမ္းကြဲအစ္ကိုျဖစ္သူ တုန္ဖန္းေကာ၏ ဇနီးတြင္လဲ အင္အားႀကီးမားေသာ ေနာက္ခံအသိုင္းအဝိုင္းရွိသည္။ က်န္းဟယ္၏ဦးေလးသည္ လက္ရွိတြင္ က်န္းမိသားစု၏ အႀကီးအကဲျဖစ္ၿပီး တုန္ဖန္းေကာအား တုန္ဖန္းအိမ္ေတာ္၏ အႀကီးအကဲျဖစ္ေအာင္ ပံ့ပိုးေပးေနသည္။ သို႔ေသာ္ျငား ဦးေလးငယ္တုန္ဖန္းရွန္းကို အမွီလိုက္ရန္ မျဖစ္ႏိုင္ပါေပ။ သူသည္ တုန္ဖန္းေကာထက္ အသက္၂၀ခန္႔သာႀကီးၿပီး သူ၏ဇနီးျဖစ္သူက ေက်ာက္မိသားစုအႀကီးအကဲ၏ ညီအငယ္ဆုံးျဖစ္သည္။ ေနာက္ခံအသိုင္းအဝိုင္းတို႔က အေတာ္ေလး အၿပိဳင္အဆိုင္ ရွိလွသည္။ ယွဥ္ေျပာၾကည့္ပါက လက္ရွိအႀကီးအကဲျဖစ္သူ တုန္ဖန္းယြီ၏ဇနီး ဝမ္ခ်င္သည္လဲ ဝမ္အိမ္ေတာ္၏ ေသြးသားျဖစ္သည္။ တုန္ဖန္း႐ုန္တို႔ မ်ိဳးဆက္တြင္မူ ေမာင္ႏွမေျခာက္ေယာက္ရွိၿပီး မိန္းကေလးျဖစ္သူ တုန္ဖန္းအိုက္ကိုသာ ဖယ္လိုက္ပါက တုန္ဖန္း႐ုန္သည္ အထူးခြၽန္ဆုံးပင္။

မိသားစုအတြင္း ေတာ္စပ္ပုံမ်ားႏွင့္ တစ္ေယာက္ခ်င္းစီ၏ ေက်ာေထာက္ေနာက္ခံမ်ားကို ခ်ီကြၽင္း မွတ္ထားလိုက္သည္။ အဆုံးသတ္၌ သူ၏ေနာက္ခံအသိုင္းအဝိုင္းအင္အားသည္ သုညႏွင့္သာ ညီသည္ဟု သေဘာေပါက္လိုက္သည္။ ကံေကာင္းေထာက္မစြာျဖင့္ ယိုအိုက္တို႔မိသားစုသည္ သူမ၏ဖခင္လက္ထက္မွစ၍ တိုးတက္လာခဲ့သျဖင့္ ယခုအခ်ိန္တြင္ စစ္ဖက္ေရးရာ၌ အင္အားမရွိေသးေသာ္ျငား ႂကြယ္ဝခ်မ္းသာေသာ မိသားစုတစ္ခုအျဖစ္ သတ္မွတ္ႏိုင္ပါသည္။ သူကမူ ဆိုး႐ြားေသာဘဝကိုသာ ပိုင္ဆိုင္ခဲ့ရသည္။ အကယ္၍ တုန္ဖန္းခြၽမ္းကသာ သူ႔ေျမးေလးတုန္ဖန္း႐ုန္ကို အမွန္တကယ္ ေထာက္ခံေပးပါက သူတို႔အတြက္လဲ ခဲယဥ္းမည္ မထင္ပါေပ။ သို႔ေသာ္ျငား တျခားနယ္ပယ္တစ္ခုတြင္ ေအာင္ျမင္ေနသည္ကသာ ပိုေကာင္းပါလိမ့္မည္။

အမ်ိဳးသမီးအမ်ားစုက မိန္းကေလးသီးသန္႔ စကားစျမည္ေျပာေနၾကၿပီး အမ်ိဳးသားမ်ားက စစ္ဖက္ေရးရာႏွင့္ ႏိုင္ငံေရးအေၾကာင္းမ်ားကို ေဆြးေႏြးေနၾကသည္။ ထိုေအၾကာင္းအရာႏွစ္ခုလုံးက ခ်ီကြၽင္းႏွင့္ မနီးစပ္ေသာေၾကာင့္ တုန္ဖန္း႐ုန္နံေဘးတြင္ ၿပဳံး႐ုံသာၿပဳံးျပေနရသည္က အလြန္မသက္မသာျဖစ္ရသည္။ လူတိုင္းထံမွ လ်စ္လွ်ဳရႈခံရျခင္းသည္ အထင္ေသးေသာအၾကည့္မ်ားျဖင့္ အၾကည့္ခံရျခင္းထက္ ပို၍ခံစားရခက္ပါသည္။ ခ်ီကြၽင္းအေနျဖင့္ ထိုကိစၥက သိပ္မထူးဆန္းေတာ့ေသာ္လဲ အနည္းငယ္မွ်ေတာ့ စိတ္မေကာင္းျဖစ္သြားရသည္။

ကံေကာင္းေထာက္မစြာျဖင့္ မိသားစုညစာစားပြဲက သိပ္မၾကာခဲ့ေပ။ သုံးနာရီခန္႔အၾကာတြင္ အားလုံးကို လူစုခြဲၿပီး အိမ္ျပန္ၾကရန္ အဘိုးႀကီးတုန္ဖန္းက ေဆာ္ၾသလိုက္သည္။

အိမ္မျပန္ၾကမီ အခ်ိဳ႕အႀကီးအကဲမ်ားက ခ်ီကြၽင္းကို လာေရာက္ႏႈတ္ဆက္ၾကသည္။ တကယ္တမ္းတြင္မူ ထိုလူမ်ားသည္ သူႏွင့္အစိမ္းသက္သက္ျဖစ္ေနၿပီး မည္သူမ်ားမွန္းပင္ မသိပါေခ်။ တုန္ဖန္း႐ုန္ကသာ ဒိုင္ခံမိတ္ဆက္ေပးသျဖင့္သာ ေတာ္ေသးသည္။

အဘိုးႀကီးတုန္ဖန္းက မျပန္သြားခင္ ခ်ီကြၽင္းအား သီးသန္႔လာေတြရန္ ရန္လုအား အေခၚလႊတ္လိုကသည္။

ခ်ီကြၽင္းက နည္းနည္းစိတ္ရႈပ္သြားေသာ္လဲ လူႀကီးေရွ႕တြင္မို႔ ယဥ္ယဥ္ေက်းေက်းသာ ေမးလိုက္သည္။ "အဘိုး ဘာကိစၥမ်ား ရွိလို႔ပါလဲ "

လူအိုႀကီးက ကိစၥတစ္ခုမွလြဲ၍ ခ်ီကြၽင္း၏ယေန႔လုပ္ေဆာင္ခ်က္အေပၚ အေတာ္ေလး စိတ္ေက်နပ္ေနခဲ့သည္။ "ေရွာင္႐ႊယ့္ကို လုပ္ေပးတဲ့တစ္ခုကို မင္းအဘြားက အေတာ္သေဘာက်ေနတာ။ အဲ့တာထပ္လုပ္ၿပီးေတာ့ ေနာက္ရက္ေတြက်ရင္ ပို႔ေပးလိုက္ပါဦး "

ခ်ီကြၽင္းသည္ အမွန္တကယ္ပင္ ရယ္ခ်င္လာသည္။ သို႔ေသာ္ သူရယ္ေနသည္ကိုသာ သိသြားခဲ့ပါမူ ထိုလူအိုႀကီးက အျမင္ကက္ပုဒ္မျဖင့္ အမွတ္မ်ား ေလ်ာ့ပစ္ေပလိမ့္မည္။ ထို႔ေၾကာင့္ မ်က္ႏွာပိုးသတ္ၿပီး ကမန္းကတမ္း ေခါင္းၿငိမ့္ျပလိုက္သည္။ "ဟုတ္ကဲ့ ေနာက္ထပ္ အရသာေတြလဲ စမ္းလုပ္ၾကည့္ပါဦးမယ္။ အဘိုး ဂ်ဴဂ်ဴဘီဆီးသီးေတြနဲ႔ဆိုရင္ ဘယ္လိုေနလဲ။ အရသာခပ္ေလးေလးနဲ႔စပ္စပ္ေလးဆိုရင္ ဝိုင္နဲ႔တြဲေသာက္ရင္လဲ အေတာ္အဆင္ေျပမွာ။ စကားစျမည္ေျပာတဲ့အခ်ိန္ဆိုလဲ သေရစာပုံစံနဲ႔ စားရင္အဆင္ေျပမွာပဲ"

ထိုစကားမ်ားကို ၾကားလိုက္ရေသာအခါ တုန္ဖန္းခြၽမ္းရင္ထဲ၌ ၾကည္ႏူးသြားရသည္။ "အင္း အဆင္ေျပသားပဲ။ စမ္းၾကည့္ေပါ့။ စကားမစပ္ မင္းနဲ႔ေရွာင္႐ုန္ ရႈေမွ်ာ္ခင္းဥယ်ာဥ္ဆီ သြားခဲ့တုန္က ဓာတ္ပုံေတြအမ်ားႀကီး ႐ိုက္ခဲ့တယ္ဆို။ ျပန္လာေတာ့ မင္းအဘြား ေျပာျပတယ္ "


သူႏွင့္တုန္ဖန္း႐ုန္တို႔၏ တိုက္ခန္းငယ္ေလးဆီ ျပန္ေရာက္လာေသာအခါ ခ်ီကြၽင္းက တံခါးဖြင့္လိုက္ၿပီး ဆိုဖာေပၚ ပစ္လွဲခ်လိုက္သည္။ "ေနာက္ဆုံးေတာ့ အိမ္ျပန္ေရာက္လာၿပီပဲ။ အခ်ိန္အၾကာႀကီး မတ္တပ္ရပ္ခဲ့ရလို႔ ငါ့ေျခေထာက္ေတြက နာက်င္ကိုက္ခဲေနတာပဲ "

တုန္ဖန္း႐ုန္က အနားကို အေျပးေရာက္လာၿပီး ဆိုဖာေပၚထိုင္ခ်ကာ သူ႔ဇနီးေလး၏ေျခေထာက္မ်ားကို ေပါင္ေပၚတင္လိုက္ၿပီး ညင္ညင္သာသာ ႏွိပ္ေပးေနသည္။ "ေနာက္ပိုင္းက်ရင္ ေလ့က်င့္ခန္းေတြ ပိုလုပ္မွျဖစ္မယ္။ စာသက္ခန္းထဲမွာပဲ အေနမ်ားေတာ့ ၾကာလာရင္ ခႏၶာကိုယ္ႀကံ့ခိုင္မႈကို ထိခိုက္လာလိမ့္မယ္ "

အျပဳစုခံရျခင္းသည္ ဤသို႔ေကာင္းမြန္စြာ ခံစားရပါသည္ေလာ။ ခ်ီကြၽင္းက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး "အမွန္ပဲ။ ဒါဆို ငါ့ခႏၶာကိုယ္ကို ေလ့က်င့္ေပးဖို႔ အစီအစဥ္တစ္ခု ဆြဲလိုက္ပါလား။ စစ္သားေတြကို ေလ့က်င့္ေပးသလိုပုံစံေတာ့ မဟုတ္ဘူးေပါ့။ အဲ့နည္းက သည္းမခံႏိုင္ဘူး။ဒါမွမဟုတ္ ေက်ာက္တုံးကမာၻေလးထဲမွာ ပတ္ေျပးရင္ေရာ ဘယ္လိုေနမလဲ "

တုန္ဖန္း႐ုန္က "ေျပးလို႔ရတာေပါ့။ အစပိုင္းမွာေတာ့ လမ္းေလွ်ာက္ရင္း စၾကမယ္။ အေလးတုံးေတြပါ သယ္ရင္းနဲ႔ေလ။ တစ္ကီလိုကေန စၾကတာေပါ့။ အဲ့တာနဲ႔ေျပးႏိုင္သြားတဲ့အခါ ႏွစ္ကီလို ထပ္ေပါင္းမယ္"

"အာ အဲ့နည္းက စစ္သားေတြကို ေလ့က်င့္ေပးတဲ့နည္းမဟုတ္တာ က်ိန္းေသလား " စစ္ေရးျပသင္တန္း၌ အထုပ္အေလးႀကီးမ်ားကိုသယ္ရင္း ေျပးလႊားေနပုံမ်ားကို ျမင္ေယာင္မိသြားေသာအခါ ခ်ီကြၽင္း၏မ်က္လုံးမ်ားက ျပဴးက်ယ္လာရသည္။ သူ ေလ့က်င့္ခန္းကို လုပ္ခ်င္ပါေသာ္လဲ ထိုမွ်အထိေတာ့ မဟုတ္ပါေပ။

ဗိုလ္ခ်ဳပ္က ၿပဳံးလိုက္ၿပီး " အေျခစိုက္စခန္းမွာဆို ျပန္လည္ထူေထာင္ေရး ေလ့က်င့္ခန္းေတြက ဆယ္ကီလိုကေန စတာေလ။ ၿပီးေတာ့ စစျခင္းမွာထဲက လမ္းေလွ်ာက္ခြင့္ရတာ မဟုတ္ဘူး။ ေျပးရတာ "

ခ်ီကြၽင္း ေျပာစရာစကား ေပ်ာက္သြားရသည္။ ဤသည္က သက္သက္မဲ့ ႏွိပ္စက္ျခင္း မဟုတ္ပါေလာ။ သို႔ေသာ္ ျပန္ေတြးၾကည့္ပါက ေလ့က်င့္ေရးစခန္းမွ သေႏၶေျပာင္းလူသားမ်ား၏ အားႏွင့္ဆိုပါက ဆယ္ကီလိုပမာဏသည္ စာမဖြဲ႕ေလာက္ေသာ္လဲ သူ႔ခႏၶာကိုယ္ ေသးေသးေလးကမူ မတတ္ႏိုင္ပါေခ်။ "ဒီအတိုင္း ေျပာၾကည့္တာပါ။ တစ္ေပါင္ေလာက္နဲ႔ပဲ စမယ္ေလ။ တစ္ကီလိုနဲ႔ မစခ်င္ဘူး "

"ဟုတ္ပါၿပီေလ ကိုယ့္ဇနီးေလးရဲ႕ အမိန္႔ေတာ္အတိုင္းပါပဲ "

ခ်ီကြၽင္းက မ်က္ျဖဴလွန္ျပလိုက္ၿပီးေနာက္ ခ်က္ခ်င္း မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး "ငါေတြးၾကည့္တာပါ။ ဒီေန႔ ညစာစားပြဲက ဒီေလာက္ႀကီး ခက္ခက္ခဲခဲေတာ့ မဟုတ္ပါဘူး။ ငါကသာ အဲ့အသိုင္းအဝိုင္းထဲကို မဝင္ဆန္႔မိုင္ေသးတာပါ။ တစ္ေယာက္နဲ႔မွ စကားမေျပာႏိုင္ခဲ့ဘူးေလ။ အေမကလဲ သူ႔အတြက္ခက္ခဲတယ္လို႔ ေျပာခဲ့ေပမဲ့ ငါ့စိတ္ထင္ သူ႔အတြက္က လြယ္ကူေနမယ္ ထင္တာပဲ"

"အေမက သူတို႔နဲ႔ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ပက္သတ္ခဲ့ၿပီးၿပီေလ ၿပီးေတာ့ အခုက မင္းနဲ႔ ဆုံၾကတာ ပထမဆုံးအႀကိမ္ မဟုတ္လား။ေနာက္ပိုင္းမွာဆို တစ္ႏွစ္ကို ႏွစ္ႀကိမ္ သုံးႀကိမ္ေလာက္ ေတြ႕ၾကရဦးမယ္။ ႏွစ္သစ္ကူးပြဲေတာ္ရက္ေတြမွာဆို အဘိုးဘက္က မိသားစုဝင္ေတြနဲ႔အတူ ညစာစားၾကတယ္ေလ။ ဒါက ျပႆနာ သိပ္မရွိပါဘူး။ ကိုယ္တို႔အသိုင္းအဝိုင္းထဲက ဧည့္ခံပြဲတခ်ိဳ႕ကိုလဲ လတ္တေလာမွာ တက္ရဦးမွာ မဟုတ္ေသးဘူး။ အဲ့ဒါအျပင္ မင္းက ေက်ာင္းသားပဲရွိေသးၿပီး ေရွးေဆးပညာ သုေတသနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးဌာနကေလ။ ဒီမွာက သုေတသနလုပ္ငန္းက လူေတြဆို ဆက္ဆံေရးက်ဲတယ္လို႔ လူေတြကထင္ၾကတာမို႔ သူတို႔ ဘယ္လိုမွေနမွာ မဟုတ္ပါဘူး "

"မင္းေျပာမွပဲ စိတ္သက္သာရာရေတာ့တယ္။ အာ ၿပီးေတာ့ ငါတို႔အိမ္ျပန္ေရာက္ရင္ ခရီးသြားတုန္းက ႐ိုက္ခဲ့တဲ့ပုံေတြ ပို႔ေပးဖို႔ အဘိုးက မွာလိုက္တယ္။ အရမ္းေနာက္က်သြားရင္ မေကာင္းဘူးေလ။ ေတာ္ၾကာ ငါ့ကို ယုံၾကည္လို႔မရတဲ့လူလို႔ သတ္မွတ္လိုက္ရင္ အေျခအေနက ပိုဆိုးသြားဦးမယ္။ ကြန္ျပဴတာေရွ႕ကို သြားေတာ့မွပဲ "

တုန္ဖန္း႐ုန္က သူ႔ဇနီးေလး၏ေပါင္ကို ပုတ္လိုက္ၿပီး "ကိုယ္ လုပ္လိုက္ပါ့မယ္။ အခုေတာ့ အဘိုးရဲ႕စကားကို အမိန္႔လို႔ နာခံေနၿပီေပါ့ "

ခ်ီကြၽင္းက ႏႈတ္ခမ္းဆူလိုက္ၿပီး " မနာခံလို႔့ေရာ ရမလား။ ဒါေပမဲ့ မင္းပုံစံကလဲ အဘိုးနဲ႔ အဆက္အသြယ္လုပ္ရမွာကို စိတ္မပါသလိုမ်ိဳး မဟုတ္ပါဘူး။ ျမန္ျမန္လုပ္လိုက္ဦး။ ငါ ေရသြားခ်ိဳးေတာ့မယာ။ ဒီေန႔ေတာ့ စြမ္းအားေတြကိုလဲ မေလ့က်င့္ႏိုင္ေတာ့ဘူး။ အရမ္းပင္ပန္းတာပဲ"

ေစ့စပ္ပြဲရက္က နီးလာသည္ႏွင့္အမွ် ခ်ီကြၽင္း၏ အားလပ္ခ်ိန္မ်ားက ရွားပါးလာရသည္။ ယိုအိုက္ႏွင့္ ခ်ိဳးမိသားစုကလဲ အခမ္းအနားအတြက္ ျပင္ဆင္ရန္ အလုပ္ရႈပ္ေနၾကသည္။ သူတို႔ႏွစ္ဦးကမူ တစ္ေန႔တာကို အတူတကြ ျဖတ္ေက်ာ္ေနဆဲပင္။ တကယ္တမ္းေျပာရလွ်င္ ေစ့စပ္ပြဲအတြက္ အေထြအထူးလုပ္ရန္ေတာ့ မလိုအပ္ပါေပ။ သူတို႔ႏွစ္ဦးသည္ အနာဂတ္တြင္ လက္တြဲေဖာ္မ်ား ျဖစ္လာၾကေတာ့မည္ဟု လူထုကို တရားဝင္အသိေပး႐ုံသာ ျဖစ္သည္။ ဝတ္စုံမ်ားသည္လဲ ၿပီးစီးသြားၿပီျဖစ္သည္။ တ႐ုတ္႐ိုးရာ လည္ေထာင္အက်ီၤႏွင့္ ဆင္တူေသာ္လဲ ကြဲျပားခ်က္မ်ားက ရွိေနသည္။ တ႐ုတ္ယဥ္ေက်းမႈလက္ရာတို႔ကို အမ်ားအျပားထည့္သြင္းထားၿပီး အင္ဒိုနီးရွားဝတ္စုံႏွင့္ ဆင္တူေနသည္။ ထို႔ျပင္ စစ္ယူနီေဖာင္း အေငြ႕အသက္မ်ားလဲ ပါေနသည္။ တုန္ဖန္း႐ုန္ ဝတ္ဆင္လိုက္ေသာအခါ အလြန္ခန္႔ညားလွေပသည္။ ခ်ီကြၽင္း၏ဝတ္စုံက အျဖဴေရာင္ျဖစ္ေသာ္လဲ တုန္ဖန္း႐ုန္ႏွင့္ ဆင္တူျဖစ္သည္။ ထိုဝတ္စုံကို ဝတ္ဆင္လိုက္ခ်ိန္တြင္ ထူးဆန္းေနသလိုေတာ့ ခံစားရသည္။ လူႀကီးမ်ားက မည္မွ်ပင္ လိုက္ဖက္သည္ဟု ေျပာေနပါေစ သူ႔စိတ္ထဲတြင္မူ အနက္ေရာင္ဝတ္ထားေသာ တုန္ဖန္း႐ုန္ေလာက္ ၾကည့္ေကာင္းသည္ဟု မထင္ပါေပ။ သို႔ေသာ္ ဗိုလ္ခ်ဳပ္က သူ႔ကို နားေနခန္းထဲ ေခၚသြားၿပီး တင္းၾကပ္စြာနမ္းလာခ်ိန္တြင္ေတာ့ သူ႔ေခါင္းထဲတြင္ ဘာမွမရွိေတာ့ေပ။ ဤဝတ္စုံသည္ ဗိုလ္ခ်ဳပ္အတြက္ ဝတ္ဆင္ထားသည္သာျဖစ္၍ အျခားလူမ်ားအျမင္တြင္ အထူးတလည္ ၾကည့္ေကာင္းေနရန္ မလိုပါေပ။

ဧည့္ခန္းပြဲအတြက္ စားဖိုမႉးမွာ တုန္ဖန္းခြၽမ္း၏ စားဖိုမႉးျဖစ္သည္။ ထိုသူသည္ အိမ္ေတာ္အတြက္ ခ်က္ျပဳတ္ေပးၿပီး ပိုင္ခ်န္းကဲ့သို႔ပင္ သူ၏ဘိုးေဘးမ်ားထံမွ လက္ဆင့္ကမ္းသင္ယူခဲ့ေသာ ပညာမ်ားႏွင့္ အသက္ေမြးဝမ္းေၾကာင္းမႈ ျပဳသည္။ သို႔ေသာ္ သားရဲကမာၻတြင္မူ ထိုပညာရပ္မ်ားက ရွားပါးလွေသာစြမ္းရည္မ်ားပင္။ ယခုအခါတြင္မူ ခ်ီကြၽင္းသည္ ထိုလူအား သူဖန္တီးထားေသာ ဟင္းလ်ာကိုးမ်ိဳးကို သင္ၾကားေပးခဲ့သည္။ အျခားဟင္းလ်ာမ်ားတြင္ လက္ေပါက္မကပ္ခဲ့ေသာ္လဲ ဂုံးဆားနယ္ကင္က အဆင္မေျပခဲ့ေပ။ ထိုလူသည္ ဉာဏ္ရည္ျမင့္မားေသာ္ျငား ခံစားခ်က္အလိုက္ မခ်က္ျပဳတ္တတ္ေသာေျငာင့္ အသင့္ေတာ္ဆုံး အပူခ်ိန္ႏွင့္ ၾကာခ်ိန္တို႔ကို သတ္မွတ္ေပးရန္သာ တတ္ႏိုင္ပါေတာ့သည္။ ခ်ီကြၽင္းသည္လဲ ဘာမွထပ္မေျပာေတာ့သလို သေဘာရွိသာ လႊတ္ထားေပးလိုက္ေတာ့သည္။

အျခားထက္ သူလုပ္ရမည့္ အလုပ္မ်ားက ၿပီးဆုံးသြားၿပီျဖစ္သည္။ လူအိုႀကီးတုန္ဖန္းတို႔ ဇနီးေမာင္ႏွံအတြက္ ဟင္းလ်ာမ်ား ခ်က္ျပဳတ္ေပးရန္ကလြဲ အေထြအထူး မရွိေတာ့ေပ။ ထို႔ေၾကာင့္ ခ်ီထ်န္းအတြက္ လက္ေဆာင္ျပင္ဆင္ေပးရန္သာ ပိုအားစိုက္လိုက္သည္။ ထိုကေလးမေလးအတြက္ ခရမ္းခ်ဥ္သီးယိုမ်ားကိုလဲ လုပ္ေပးလိုက္ေသးသည္။ အသီးႏွစ္မ်ိဳးကို ေရာစပ္ၿပီး လုပ္ထားသျဖင့္ ေသခ်ာမစစ္ၾကည့္ပါက စားေနခ်ိန္တြင္ပင္လွ်င္ ျပႆနာကို ရွာေတြ႕ႏိုင္မည္ မဟုတ္ေပ။ ခ်ီကြၽင္းသည္ မန္ထိုသီးမ်ားႏွင့္ ကိတ္အေသးေလးမ်ားလဲ ျပဳလုပ္ခဲ့သည္။ မန္ထိုသီးကို ႏွစ္ျခမ္းခြဲကာ ႀကိဳက္ရာပုံသြင္းလိုက္ၿပီးေနာက္ ၾကားတြင္ ယိုသုတ္လိုက္ၿပီး အေပၚမွ အိမ္လုပ္ခရင္မ္ျဖင့္ ဖုံးလိုက္သည္။ ထိုအခါ ကိတ္မုန္႔ပုံသ႑ာန္ ထြက္လာပါေတာ့သည္။

သူ႔ဇနီးေလးက အစားအေသာက္မ်ား ျပဳလုပ္ရသည္ကို အလြန္ႏွစ္ၿခိဳက္သည္ကို ျမင္ေနရေသာ တုန္ဖန္း႐ုန္က မေအာင့္ႏိုင္ေတာ့လဲ ေမးခြန္းထုတ္လိုက္သည္။ "ေရွာင္ကြၽင္း ခ်က္ျပဳတ္ရတာကို အရမ္းသေဘာက်တယ္ မဟုတ္လား။ ေနာက္ပိုင္းက်ရင္ စားေသာက္ဆိုင္မ်ိဳး ဖြင့္ခ်င္လား "

ခ်ီကြၽင္းက ခဏၾကာမွ် ေငးငိုင္သြားၿပီးေနာက္ ၿပဳံးၿပီးျပန္ေျဖလိုက္သည္။ " အရင္ဘဝတုန္းကေတာ့ ငါ့ဝမ္းငါေၾကာင္းဖို႔ စားေသာက္ဆိုင္တစ္ဆိုင္ဖြင့္မယ္လို႔ စိတ္ကူးဖူးတယ္။ ဒါေပမဲ့ ဒီဘဝမွာေတာ့ ငါလုပ္ခ်င္တာေတြ အမ်ႀကီးရွိတယ္။ အပင္ေတြကို ျပန္စိုက္သလိုမ်ိဳးပဲ တ႐ုတ္႐ိုးရာ ခ်က္ျပဳတ္နည္းေတြကလဲ ေမ့ေလ်ာ့မခံရသင့္ဘူးလို႔ ငါထင္တယ္။ အခုခ်ိန္မွာ အစပဲရွိေသးေပမဲ့ ေနာက္ပိုင္း အဲ့အစားအစာေတြကို ျပန္ရွာေတြ႕လာတဲ့အခါ အရသာေကာင္းေကာင္းရဖို႔ လူတိုင္းကို သင္ေပးမယ္လို႔ စိတ္ကူးထားတယ္။ ပိုက္ဆံအတြက္ကေတာ့ ပါဝင္ပစၥည္းေတြကို စိုက္ၿပီးေရာင္းတာက ခ်က္ျပဳတ္ၿပီးေရာင္းတာထက္ ပိုေကာင္းမယ္လို႔ ထင္တယ္။ မင္းေရာ ဘယ္လိုသေဘာရလဲ "

တုန္ဖန္း႐ုန္က ေခတၱမွ် စဥ္းစားၿပီးေနာက္ ေခါင္းၿငိမ့္ျပလိုက္သည္။ "အင္း ဒါေပမဲ့ ကိုယ္တို႔လက္ထပ္ၿပီး ကေလးတစ္ေယာက္မရမခ်င္း လူေတြကို ဟင္းခ်က္နည္းေတြ သင္ေပးလို႔ မျဖစ္ဘူး "

ခ်ီကြၽင္းက နားမလည္ခဲ့ေပ။ "ဘာလို႔လဲ "

"အဲ့နည္းအတိုင္းဆို လူေတြက မင္းရဲ႕ခ်စ္သူကို အေဝးပို႔ပစ္ၾကလိမ့္မယ္။ အဲ့လိုျဖစ္သြားလို႔ မရဘူး "

"မင္းရဲ႕ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈႀကီးကေရာ "

ဗိုလ္ခ်ဳပ္က သူ႔ရင္ဘတ္ကို ပုတ္ျပလိုက္ၿပီး "သူက ဒီထဲမွာ အၿမဲရွိတာေပါ့။ ဒါေပမဲ့ ကိုယ္ဇနီးေလးက ေတာ္လြန္းေတာ့ လူအမ်ားႀကီးဆီကေန မနာလိုျဖစ္ခံရေတာ့မွာပဲ "

"ဒါဆို ငါ့အေပၚမွာေရာ ယုံၾကည္ခ်က္မရွိဘူးလား "

တုန္ဖန္း႐ုန္က ေခါင္းခါလိုက္ၿပီး "ကိုယ္ယုံပါတယ္။ ဒါေပမဲ့ အျခားလူေတြကိုေတာ့ မယုံဘူး။ ဒါေပမဲ့ ကေလးတစ္ေယာက္အေဖေလးျဖစ္ေနရင္ လူအေတာ္မ်ားမ်ားက ျပန္စဥ္းစားၾကလိမ့္မယ္ေလ "

ခ်ီကြၽင္းက မ်က္ေစာင္းထိုးၾကည့္ေနရာမွ ႐ုတ္တရက္ ၿပဳံးျပလိုက္ၿပီး "မင္းက မင္းအေၾကာင္းေျပာမယ္။ မျဖစ္ေသးတာေတြကို စိတ္ကူးၿပီးေျပာမယ္။ အဘိုးႀကီးက်ေနတာပဲ။ ဟုတ္ပါၿပီ။ ငါ့သက္တမ္းတစ္ဝက္ခ်ိဳးမွာ အပင္ေတြကို ျပန္စိုက္ႏိုင္မယ္လို႔ ခန္႔မွန္းရတာပဲ။ ဘယ္ေနရာမွာ အဲ့လိုေတြ လုပ္ႏိုင္ဦးမွာလဲ။ ၿပီးေတာ့ တခ်ိန္ထဲမွာ စြမ္းအားေတြအမ်ားႀကီးလဲ သုံးရဦးမယ္။ ဟင္းခ်က္နည္းေတြ သင္ေပးတဲ့အခ်ိန္မွာ ငါက အိုေနပါၿပီ။ ေတာ္ေတာ္အိုေနၿပီမို႔ စိတ္ပူေနစရာေတာင္ မလိုေတာ့ပါဘူး "

တုန္ဖန္း႐ုန္က ခ်ီကြၽင္းကို ဖက္ထားလိုက္ၿပီး "ကိုယ့္ေရွာင္ကြၽင္းက အိုသြားရင္ေတာင္ အေကာင္းဆုံးျဖစ္ေနတုန္းပါပဲ "

ႏႈတ္ခမ္းစြန္းေလးမ်ားက ေကာ့တက္လာခဲ့ၿပီး ေနာက္ဆုံးတြင္ ခ်ီကြၽင္းၿပဳံးကာ တုန္ဖန္း႐ုန္၏လက္ေမာင္းကို မွီခ်လိုက္သည္။ "ဒီပါးစပ္ေလးက ေတာ္ေတာ္တတ္ေနတာပဲ။ ၾကည့္ရတာ ဘာသာစကားအႏုပညာအတန္းက ေတာ္႐ုံေတာ့ ဟုတ္မယ္မထင္ဘူး "

ထို႔ေနာက္ ဗိုလ္ခ်ဳပ္၏မ်က္ႏွာထားက ေတာင့္တင္းသြားရသည္။ သူ၏လွ်ိဳ႕ဝွက္ခ်က္မ်ားကို ေဖာ္ထုတ္တတ္ေသာ ဇနီးေလး၏ေနာက္ကြယ္မွသာ ထိုအတန္းကို အစီရင္ခံစာ တင္ရေပေတာ့မည္။



Continue Reading

You'll Also Like

53.4K 640 12
အဝါစာပေ ဘာသာပြန်ဖြစ်ပါတယ်❗️ ညစ်ညမ်းစကားလုံးများ၊ ရိုင်းစိုင်းတဲ့အသုံးအနှုန်းများသုံးနှုန်းထားပါသည်❗️ Title - 穿越之肉香滿滿 Author -
4.1M 230K 104
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
132K 17.5K 79
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...
1.4M 70.1K 35
( စိုင်းစစ်ဂုဏ်ရှိန် တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...