အခန်း (၁၈၇) ခုနစ်စင်ကြယ်ဝိညာဉ်
လုကျိုးက လှေကားဆီလျှောက်သွားပြီး မဟာခွန်အားခန်းမထဲသို့ ဝင်သွားတော့၏။
လောင်ပါ့ကျူးဟုန်ကုန်းသည် သူ့ရှစ်စွင်း၏ ဖြုံလောက်သည့်ခွန်အားကို မြင်တွေ့ပြီးနောက် သူ့ရှစ်စွင်းရှေ့သို့ ကမန်းကတမ်းသွားကာ ခြေထောက်နားရှိ အကျိုးအပဲ့ အစအနများကို ရှင်းလင်းပေးလိုက်တော့သည်။ ပြီးနောက် မျက်နှာချိုသွေးသောအမူအရာဖြင့်ပြောလိုက်၏။
“ရှစ်စွင်း ရှစ်စွင်းရဲ့ ရွှေရောင်ဗုဒ္ဓခန္ဓာက ကျွန်တော့်ကို တကယ်မျက်စိပွင့်စေတာပဲ။ ဒါ့အပြင် မိုးနဲ့မြေမှာ ပြိုင်စံရှားတဲ့ ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်ရှိသေးတာ။ ရှစ်စွင်းအတွက် ဒီအကျိုးအပဲ့ အစအနတွေကို ဖယ်ပေးပါရစေ”
မိစ္ဆာဝေဟင်မျှော်နန်းမှကျန်သည့်တပည့်များသည် ကျူးဟုန်ကုန်း၏ ကိုးရိုးကားယားဆန်မှုကို မြင် တွေ့သည့်အချိန်၌ အံ့ဩကုန်၏။ သူတို့ဆရာကို ရံဖန်ရံခါမျက်နှာချိုသွေးတတ်သော်ငြား သူတို့သည် ကျူးဟုန်ကုန်းကဲ့သို့ ဘယ်တော့မှ အရှက်မမဲ့ပေ။ ကျူးဟုန်ကုန်းနှင့်ယှဉ်လျှင် သူတို့အရေပြားက ထိုမျှမထူဟု ဝန်ခံရမှာပဲဖြစ်သည်။
လုကျိုးက ကျူးဟုန်ကုန်းကို လျစ်လျူရှုပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်၏။
ခန်းမအတွင်းစောင့်ဆိုင်းနေသော ပင်မတပည့်အချို့အပြင် ကျန်သည့်မဟာရွေးချယ်ခံဘုရားကျောင်း တပည့်များကလည်း ဧရိယာကို ရှင်းလင်းလိုက်ကြသည်။
ဒဏ်ရာရထားသော ရွှီကျင်းက ခန်းမထဲသို့ပြန်ဝင်လာစဉ် တပည့်နှစ်ဦးက ကူတွဲပေး၏။ သူ၏လက်ထဲ၌ အချိတ်ပိုးထည်သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားလျက် ခန်းမထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်။
“မင်း သေမှာမကြောက်ဘူးလား” လုကျိုးက မုတ်ဆိတ်သပ်လျက်မေးလိုက်တော့သည်။
ရွှီကျင်းက ပြောသည်။
“သေမှာကို ဘာမှကြောက်စရာမရှိဘူး။ အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး အရင်တုန်းက ရောက်လာတဲ့အချိန် ရွှီလျောင်နဲ့ ကျန်တဲ့နှစ်ယောက်က လုပ်ဆောင်ချက် သိပ်မကောင်းဘူးလို့ ကိုယ်တော် သံသယဝင်နေခဲ့တာ။ ဒါပေမဲ့ ဒီလောက်ရဲတင်းလိမ့်မယ်လို့ တကယ်မထင်ထားမိဘူး”
“ဒါကြောင့် မင်းဒဏ်ရာရတာကို ဖုံးကွယ်ထားတာလား”
“ဟုတ်တယ်” ရွှီကျင်းသည် အချိတ်ပိုးထည်သေတ္တာကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ပြီး ပြောလိုက်တော့၏။ “ဒါက ဟေးမုလျန်ပါ”
လုကျိုးက သေတ္တာကိုလက်ခံရယူလိုက်သည်။ ၎င်းကိုဖွင့်ကြည့်လိုက်သောအခါ ကြွယ်ဝသော ဆေးရနံ့က သူ၏နှာခေါင်းဝထဲပြည့်သွားတော့၏။ ရနံ့ကအတော်ပြင်းသည်။
“တင်း ဟေးမုလျန်ကိုရရှိပါတယ်”
“ဟေးမုလျန်ကိုရယူရန် တာဝန်ပြီးမြောက်ခဲ့ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ်တစ်ထောင့်ငါးရာ"
အသံပေါ်ထွက်လာ၏။ အသုံးပစ္စည်း၏အာနိသင်ကိုတောင် ထည့်မပြောပေ။
လုကျိုးသည် သူ့နောက်တွင်ရပ်နေသော ရှောင်ယွမ်အာအား ဟေးမုလျန်ပေးလိုက်၏။
ရှောင်ယွမ်အာသည် ရှားပါးသောရတနာတစ်ခုသဖွယ်မှတ်ယူလျက် ဟေးမုလျန်ကို ဂရုတစိုက် ကိုင်တွယ်ထားသည်။ ထိုအသုံးပစ္စည်းကို သူမထက် ပိုဂရုစိုက်နိုင်မည့်သူရှိမှာမဟုတ်ပေ။ သူမ၏ ရှစ်စွင်းက သူ့ဆီဆောင်ယူလာမည့်ပြဿနာများကို ဂရုမစိုက်ဘဲ ဤဟေးမုလျန်ကို အရယူခဲ့သည်။ သို့မှသာ သူမက ချီပင်လယ်ဖွင့်နိုင်မှာဖြစ်သည်။
မကြာမီ၌ ရွှီကျင်းသည် လက်စုံမိုးလျက် လုကျိုးကို အရိုအသေပေးကာပြောလိုက်သည်။
“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကိုယ်စား ကိုယ်တော်တို့ကအခု မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လက်အောက်ခံ ဖြစ်နေပြီဆိုတာ ကြေညာမယ်”
ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းမှ ကျန်သည့်တပည့်များကလည်း ဦးညွှတ်လိုက်တော့သည်။
သို့သော် လုကျိုးက ခေါင်းခါပြီးနောက် ပြောလိုက်၏။
“မိစ္ဆာတစ်ယောက်က ဘယ်တော့မှ ဗုဒ္ဓမဖြစ်နိုင်ဘူး။ ဒီလိုလုပ်နေဖို့မလိုဘူး”
လက်ရှိကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၌ သက်ကြီးရွယ်အိုများနှင့် အားနည်းသည့်သူများသာ ရှိသည်။ ရွှီကျင်းသည် ဒဏ်ရာမှပြန်ကောင်းရန် အချိန်လိုအပ်သည်။ တပည့်လေးများကလည်း အရေးပါသည့် တာဝန်များဆောင်ရွက်ရန်အားနည်းလွန်းနေကာ ရွှီလျောင်၊ ရွှီဖန်းနှင့် ရွှီဟိုင်တို့ကလည်း ဘုရားကျောင်းကို သစ္စာဖောက်သွား၏။ ယင်းက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ အမိုးပေါ် သို့ နှင်းများသာ ပိုကျစေလိမ့်မည်။ အရေးကြီးသည်က ထိုလူများသည် မိစ္ဆာဝေဟင်မျှော်နန်းအတွက် အသုံးမဝင်ချေ။
ရွှီကျင်းက သက်ပြင်းချပြီးပြောလိုက်တော့၏။
“ဒကာကြီးကျိ လက်ရှိကောင်းကင်ရွေးချယ်ခံဘုရား ကျောင်းက တခြားဘုရားကျောင်းတွေနဲ့ ခက်ခက်ခဲခဲယှဉ်ပြိုင်နိုင်တယ်။ မဟာနတ္ထိဘုရားကျောင်းက ရှုံးနိမ့်ပြီးတော့ ပြန်သွားရတယ်။ ဒါပေမဲ့ နောင်ကျ ပြန်လာမှာပဲ။ အဲ့ဒီအချိန်ကျရင်..” သူက ခေါင်းခါ လိုက်တော့၏။ မဟာနတ္ထိဘုရားကျောင်းသူတို့ကို ပစ်မှတ်ထပ်ထားမှာစိုးရိမ်မိသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာပြောလိုက်တော့၏။
“မဟာနတ္ထိဘုရားကျောင်းရဲ့ အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးက ထပ်မရှိတော့ဘူး။ သူတို့ထဲမှာ တစ်ယောက်ပဲကျန်တယ်။ ခုံယွမ်ပေါ့။ အဲဒီလူက အင်မတန်သတိကြီးတာ အနည်းဆုံးတော့ လတ်တလော ပြန်မလာလောက်ဘူး”
ထို့အပြင် လုကျိုးက သူ၏ခွန်အားကို ပြသခဲ့ပြီးဖြစ်သည်။ ရထားလုံးပျံပေါ်ရှိလူများက သူ၏ရွှေရောင်ဗုဒ္ဓခန္ဓာကို မြင်တွေ့သွားမှာသေချာ၏။
ရွှီကျင်းက ခေါင်းညိတ်ပြီး လုကျိုး၏စကားများကို ထောက်ခံလိုက်သည်။ သူတို့ရန်သူများက မကြာမီ အချိန်အတွင်း ပြန်မလာသရွေ့ ပြဿနာများကိုရှင်းလင်းရန်သူနည်းလမ်းများစွာတွေးရမည်။ နောက်ဆုံးတွင် ပြောလိုက်တော့၏။
“ဉာဏ်အလင်းဖွင့်ပေးတဲ့အတွက် ဒကာကျိ”
လုကျိုးက လက်အသာယမ်းက မတ်တပ်ထရပ်ပြီးပြောလိုက်၏။ “သွားကြမယ်”
“မျှော်နန်းကို ပြန်မယ်”
ကျူးဟုန်ကုန်းက စိတ်အားထက်သန်စွာပြောလိုက်တော့၏။
“လောင်ပါ့ မျက်နှာချိုသွေးတာလေး နားနိုင်မလား။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့် တစ်ယောက်လိုမျိုး ပြုမူမနေဘူး။ ငါတကယ်ရှက်မိတယ်။ ရှစ်စွင်း... ခဏနေပါဦး။ အခုပဲ ရထားလုံးကို ပြင်ဆင်လိုက်မယ်။ အဆင်သင့်ဖြစ်နေစေရမယ်လို့အာမခံတယ်” မင်ရှစ်ရင်သည် မဟာခွန်အားခန်း မထဲမှ ပြေးထွက်သွားတော့၏။
မင်ရှစ်ရင်က သွက်သွက်လေး လှုပ်ရှားလိုက်ပြီး တိမ်ခွင်းရထားလုံးပျံက မဟာခွန်အားခန်းမရှေ့သို့ အချိန်မှီရောက်လာသည်။
လုကျိုးက ပတ်ဝန်းကျင်ကိုကြည့်ပြီးပြောလိုက်တော့၏။
“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက ဒီနေ့ ဒူးထောက်ဖို့မလိုအပ်ရင်တောင် ဒီအဖြစ်အပျက် ပြီးတဲ့နောက် အပြင်လောကကဒီအကြောင်းကို ပြောကြမှာသေချာတယ်။ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက ကျင့်ကြံခြင်းလောကထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နိုင်တော့မှာမဟုတ်တော့ဘူး။ နောက်ဆက်တွဲကို ခင်ဗျားတွေးပြီးပြီလား”
ရွှီကျင်းကပြောလိုက်၏။
“ဒီအဖြစ်အပျက်ပြီးတဲ့နောက် ဒီအရာတွေက အသုံးမပါဘူးဆိုတာ နောက်ဆုံးတော့ ကိုယ်တော် သဘောပေါက်သွားပြီ။ ဒီနေ့ပြီးရင် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက တံခါးပိတ်ကျင့်ကြံ တော့မယ်”
ခန္ဓာကိုယ်သည် နှလုံးသားအလိုရှိသည့်အရာနောက် လိုက်ပါရမည်။
လုကျိုးက ခေါင်းညိတ်ပြီးထပ်မပြောတော့ပေ။ သူက တုံ့နှေးသောလှုပ်ရှားမှုများဖြင့် တိမ်ခွင်း ရထားလုံးပျံပေါ်သို့ခုန်တက်လိုက်သည်။ ဗြဟ္မာ့ပင်လယ်ချီသွေးကြောရှစ်ကြော ကျင့်ကြံသူအဖို့ ထိုသို့ဆောင်ရွက်ရန်မခက်ခဲပေ။
ထိုအရာကို ရွှီကျင်းမြင်သောအခါ လက်အုပ်ချီလျက်ပြောလိုက်တော့သည်။ “အော်မီတော်ဖော် ဗုဒ္ဓ”
တပည့်တစ်ထောင်နီးပါးကလည်း လက်အုပ်ချီလျက်ဂါထာစတင်ရွတ်ဆိုတော့သည်။
ယင်းက တိုက်ကွက်တစ်ကွက်မဟုတ်။ စိတ်ရှုပ်ထွေးစေတတ်သောစွမ်းရည် သို့မဟုတ် ခုခံခြင်း သိုင်းမျိုးမဟုတ်ဘဲ သူတို့က ကျမ်းဂန်များကိုသာ ရွတ်ဖတ်နေခြင်းဖြစ်သည်။
ကျမ်းဂန်သုတ်တော်များသည် မဟာခွန်အားခန်းမတစ်လျှောက်ပဲ့တင်သံထွက်နေလေ၏။ ယင်းက ကြည်လင်ရင်းမြစ်တောင်တန်းတောက်လျှောက်ပျံ့နှံ့နေတော့၏။
သူတို့ဧည့်သည်အတွက် လုပ်ပေးနိုင်သည့်အရာပဲဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းအပေါ် သူတို့ ကျေးဇူးတရားနှင့် လေးစားမှုကို ပြသသည့်လက္ခဏာလည်းဖြစ်ပေ၏။
မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ကျန်သည့်သူများက အနေခက်သွားကြ၏။ ဤကဲ့သို့ သူတို့ဆက်ဆံခံရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့က ထူးဆန်းသောခံစားချက်မျိုးရလာ၏။
တိမ်ခွင်းရထားလုံးသည်ကောင်းကင်ပေါ်သို့ ခွင်းတက်သွားတော့သည်။
လုကျိုးက အသိပေးသံကို မကြားရပေ။ သူက ထပ်ခါတလဲလဲ ယုံကြည်ကိုးစားခြင်းသည်ခံရက ကုသိုလ်အမှတ်မရတာကို သတိပြုမိလိုက်၏။
တိမ်ခွင်းရထားလုံးသည် ကောင်းကင်ထဲတက်သွားပြီးနောက် မင်ရှစ်ရင်သည် သက်ပြင်းချကာ ခေါင်းခါလိုက်တော့သည်။ သူ၏အသံထဲ၌ စိတ်ခံစားချက်များပြည့်နေကာပြောလိုက်တော့၏။
“အဲဒီမြည်းကတုံးတွေက အသုံးမဝင်ပေမဲ့ သူတို့က တစ်နည်းနည်းနဲ့တော့ ကျင့်မင်တာအိုဂိုဏ်းနဲ့ သမာသမတ်ဂိုဏ်းတွေထက်တော့ ပိုကောင်းသေးတာပဲ”
တွမ့်မူရှန်းက ခေါင်းညိတ်လိုက်၏။ “အနည်းဆုံးတော့ သူတို့ကတိတည်တယ်လေ” တိမ်ခွင်း ရထားလုံးက ဥက္ကာခဲတစ်စင်းပမာ အရှိန်ပြင်းပြင်းဖြင့် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ ဦးတည်သွားတော့ သည်။
နှစ်နာရီခန့်ကြာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏ လျှို့ဝှက်ခန်းထဲတွင်ဖြစ်သည်။
လုကျိုးက စနစ်မျက်နှာပြင်ကိုဖွင့်လိုက်၏။
နာမည်။ ။ လုကျိုး
မျိုးနွယ်။ ။ လူသား
ကျင့်ကြံဆင့်။ ။ ဗြဟ္မာပင်လယ်ချီသွေးကြောရှစ်ကြောအဆင့်
ကုသိုလ် အမှတ်။ ။ ၂၉၃၂၀ မှတ်
စိတ်ဝိညာဉ် သဏ္ဌာန်။ ။ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း
ကျန်ရှိသက်တမ်း။ ။ ၅၉၅၅ ရက်
အသုံးပစ္စည်း။ ။ အသေရိုက်ချက် တစ်ကတ်၊ ပြစ်ချက်မဲ့ကတ် နှစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ်( အလိုအလျောက်သုံး) ခုနှစ်ကတ်၊ ချုပ်နှောင်ခြင်းလှောင်အိမ် လေးကတ်၊ သန့်စင်ခြင်းအဆောင် နှစ်ကတ်၊ ကျိထျန်းတောက် အထွတ်အထိပ်အသွင်ကတ် တစ်ကတ်၊ နတ်ခြင်္သေ့(အပြည့်အ၀ အနားယူနေ)၊ ပိအန်း၊ ကောင်းကင်အပိုင်းအစ တစ်ခု။
လက်နက်။ ။ အမည်မဲ့၊ မာယာကြော့ကွင်း (ပိုင်ရှင် - ယဲ့ထျန်းရှင်း။ အသုံးမပြုခင် ပြန်လည်သန့်စင်ရန် လိုအပ်)၊ အသက်ဓားသွား၊ နိဗာန ခါးစည်း၊ မျက်ရည်စွန်းထင်း သေတ္တာ။
ကျင့်ကြံခြင်း နည်းစနစ်။ ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး
လုကျိုးသည် အရေအတွက်ကိုကြည့်လိုက်ရာအလွန်ကျေနပ်သွား၏။
ကုသိုလ်မှတ် ၂၉၃၂၀
ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များထံမှ ယုံကြည်ကိုးစားမှုသည် အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးကို သတ်ခြင်းထက် ကုသိုလ်မှတ်ပိုရလိမ့်မည်ဟု မထင်ထားပေ။
ထိုကုသိုလ်မှတ်များက သူအထွတ်အထိပ်အခြေအနေသို့ပြန်ရောက်နိုင်ရန် လုံလောက်ဖို့ရာ ဝေးနေသေးမှန်း သိသည်။ သို့သော် အဆုံးသတ်ခါနီးအချိန်နှင့် ယှဉ်ကြည့်လျှင် သူအခုအလွန် ကြွယ်ဝနေပြီဖြစ်သည်။
ဒါတွေကို ငါဘယ်လိုသုံးသင့်လဲ။ အစက သူသည် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုဝယ်ဖို့ ရည်ရွယ်ခဲ့၏။
ခုနစ်စင်ကြယ်ဝိညာဉ်ကို ကုသိုလ်မှတ်တစ်သောင်းခွဲနဲ့ရောင်းတာ။ ဝယ်ပြီးရင် ငါ့မှာ ကုသိုလ်မှတ် တစ်သောင်းလေးထောင် ရှိမယ်။ ဒါမှမဟုတ် ကံစမ်းမဲတွေဆက်တိုက်နှိုက်ရမလား။
“ကံစမ်းမဲ”
“…” ခဏအကြာတွင် လုကျိုးက ကူကယ်ရာမဲ့စွာခေါင်းခါပြီးပြောလိုက်တော့သည်။
“အကျိုးအမြတ်ကြီးကြီးရပြီးသွားရင် ဆုံးရှုံးကြတယ်လို့ပြောတာ ဒါကိုး”
သူသည် ကံစမ်းမဲခြောက်ဆယ်နှိုက်ခဲ့ပြီး ကုသိုလ်မှတ်သုံးထောင် ဖြုန်းတီးခဲ့မိ၏။ ဘာမှတောင်မရ ခဲ့ပေ။ ကံစမ်းမဲမှ သူက ကျေးဇူးတင်ရှိခြင်းသာ ဆက်တိုက်ရနေသည်။ ကံကောင်းသည်မှာ ထို ကိုယ်တော်များဆီမှ ယုံကြည်ကိုးစားခြင်းအတွက် ကုသိုလ်မှတ်များရထားသေးသည်။ မဟုတ်လျှင် ဤရလဒ်ကြောင့် သူစိတ်ဓါတ်ကျသွားမှာပဲဖြစ်သည်။
လုကျိုးက ကံဆိုးနေတာဖြစ်နိုင်သည်။ သူကအတော်လေးထုံပေပေဖြစ်နေပြီးသားဖြစ်၏။ သူ၏ကံသည် ကုသိုလ်မှတ် ခြောက်ဆယ့်ခြောက်မှတ်စုဆောင်းပြီးသည့်အချိန်၌ အနိမ့်ဆုံးတွင် ရောက်သွား၏။ ယခုအခေါက်တွင်မူ ကံကောင်းမှတ် ခုနစ်ဆယ့်ကိုးမှတ်ရလာသည်။ ယခင်အခေါက်ကထက် ဆိုးနေ၏။
“စိတ်အေးအေးထား” သူသည် ကံကောင်းမှတ်ခြောက်ဆယ့်ခြောက်မှတ်အတွက် အကြောင်း ပြန်လှန်ကတ်တစ်ကတ်ရခဲ့သည်။
“ဒီတစ်ခေါက်မှာကော ပိုကောင်းလောက်တယ်မလား။ အကြောင်းပြန်လှန်ကတ်တစ်ထောင်တောင် ရလောက်တယ်”
လုကျိုးက စိတ်အေးအေးထားလိုက်သည်။ သူက ကံစမ်းမဲနှိုက်ရန်မကြိုးစားတော့ပေ။ ထိုအစား ဈေးဝယ်ခြင်းကို ဖွင့်ပြီး စိတ်ဝိညာဉ်သဏ္ဌာန် ခုနစ်စင်ကြယ်ဝိညာဉ်ကိုဝယ်ယူလိုက်၏။
“တင်း စိတ်ဝိညာဉ်သဏ္ဌာန်ခုနစ်စင်ကြယ်ဝိညာဉ်ကိုရရှိပါပြီ။ သင်အခုတပ်ဆင်လိုတဲ့ဆန္ဒရှိပါ သလား”
“ဝတ်ဆင်မယ်” ခုနစ်စင်ကြယ်ဝိညာဉ်ဖြင့်လုကျိုးသည် နတ်ဒေဝါဦးတည်နယ်ပယ်သို့ တရားဝင် ခြေလှမ်းနိုင်မည်ဖြစ်သည်။
...
Paid gp ဝင်လို့ရပါပြီ
Gp 2 (161 to 260) 3000
Gp 3 (261 to 360) 3000
Paid gp မှာ အခန်း ၃၀၀ ထိ ရောက်ပါပြီ
၁၅ ပိုင်းတစ်ဖြတ် doc လဲ ဝယ်လို့ရပါတယ်၊ စာစဉ်တစ်ခုကို 500 ပါ
Zawgyi
အခန္း (၁၈၇) ခုနစ္စင္ၾကယ္ဝိညာဥ္
လုက်ိဳးက ေလွကားဆီေလွ်ာက္သြားၿပီး မဟာခြန္အားခန္းမထဲသို႔ ဝင္သြားေတာ့၏။
ေလာင္ပါ့က်ဴးဟုန္ကုန္းသည္ သူ႕ရွစ္စြင္း၏ ၿဖဳံေလာက္သည့္ခြန္အားကို ျမင္ေတြ႕ၿပီးေနာက္ သူ႕ရွစ္စြင္းေရွ႕သို႔ ကမန္းကတမ္းသြားကာ ေျခေထာက္နားရွိ အက်ိဳးအပဲ့ အစအနမ်ားကို ရွင္းလင္းေပးလိုက္ေတာ့သည္။ ၿပီးေနာက္ မ်က္ႏွာခ်ိဳေသြးေသာအမူအရာျဖင့္ေျပာလိုက္၏။
“ရွစ္စြင္း ရွစ္စြင္းရဲ႕ ေ႐ႊေရာင္ဗုဒၶခႏၶာက ကြၽန္ေတာ့္ကို တကယ္မ်က္စိပြင့္ေစတာပဲ။ ဒါ့အျပင္ မိုးနဲ႕ေျမမွာ ၿပိဳင္စံရွားတဲ့ ေၾကာက္႐ြံ႕ျခင္းမဲ့မဟာတံဆိပ္ေတာ္ရွိေသးတာ။ ရွစ္စြင္းအတြက္ ဒီအက်ိဳးအပဲ့ အစအနေတြကို ဖယ္ေပးပါရေစ”
မိစာၦေဝဟင္ေမွ်ာ္နန္းမွက်န္သည့္တပည့္မ်ားသည္ က်ဴးဟုန္ကုန္း၏ ကိုးရိုးကားယားဆန္မႈကို ျမင္ ေတြ႕သည့္အခ်ိန္၌ အံ့ဩကုန္၏။ သူတို႔ဆရာကို ရံဖန္ရံခါမ်က္ႏွာခ်ိဳေသြးတတ္ေသာ္ျငား သူတို႔သည္ က်ဴးဟုန္ကုန္းကဲ့သို႔ ဘယ္ေတာ့မွ အရွက္မမဲ့ေပ။ က်ဴးဟုန္ကုန္းႏွင့္ယွဥ္လွ်င္ သူတို႔အေရျပားက ထိုမွ်မထူဟု ဝန္ခံရမွာပဲျဖစ္သည္။
လုက်ိဳးက က်ဴးဟုန္ကုန္းကို လ်စ္လ်ဴရႈၿပီး ျဖည္းျဖည္းခ်င္း ထိုင္ခ်လိဳက္၏။
ခန္းမအတြင္းေစာင့္ဆိုင္းေနေသာ ပင္မတပည့္အခ်ိဳ႕အျပင္ က်န္သည့္မဟာေ႐ြးခ်ယ္ခံဘုရားေက်ာင္း တပည့္မ်ားကလည္း ဧရိယာကို ရွင္းလင္းလိုက္ၾကသည္။
ဒဏ္ရာရထားေသာ ႐ႊီက်င္းက ခန္းမထဲသို႔ျပန္ဝင္လာစဥ္ တပည့္ႏွစ္ဦးက ကူတြဲေပး၏။ သူ၏လက္ထဲ၌ အခ်ိတ္ပိုးထည္ေသတၱာတစ္လုံးကို ကိုင္ေဆာင္ထားလ်က္ ခန္းမထဲသို႔ ျဖည္းျဖည္းခ်င္း ဝင္လာသည္။
“မင္း ေသမွာမေၾကာက္ဘူးလား” လုက်ိဳးက မုတ္ဆိတ္သပ္လ်က္ေမးလိုက္ေတာ့သည္။
႐ႊီက်င္းက ေျပာသည္။
“ေသမွာကို ဘာမွေၾကာက္စရာမရွိဘူး။ အံ့ဖြယ္ကိုယ္ေတာ္ႀကီးေလးပါး အရင္တုန္းက ေရာက္လာတဲ့အခ်ိန္ ႐ႊီေလ်ာင္နဲ႕ က်န္တဲ့ႏွစ္ေယာက္က လုပ္ေဆာင္ခ်က္ သိပ္မေကာင္းဘူးလို႔ ကိုယ္ေတာ္ သံသယဝင္ေနခဲ့တာ။ ဒါေပမဲ့ ဒီေလာက္ရဲတင္းလိမ့္မယ္လို႔ တကယ္မထင္ထားမိဘူး”
“ဒါေၾကာင့္ မင္းဒဏ္ရာရတာကို ဖုံးကြယ္ထားတာလား”
“ဟုတ္တယ္” ႐ႊီက်င္းသည္ အခ်ိတ္ပိုးထည္ေသတၱာကို လက္ႏွစ္ဖက္ျဖင့္ ကမ္းေပးလိုက္ၿပီး ေျပာလိုက္ေတာ့၏။ “ဒါက ေဟးမုလ်န္ပါ”
လုက်ိဳးက ေသတၱာကိုလက္ခံရယူလိုက္သည္။ ၎ကိုဖြင့္ၾကည့္လိုက္ေသာအခါ ႂကြယ္ဝေသာ ေဆးရနံ႕က သူ၏ႏွာေခါင္းဝထဲျပည့္သြားေတာ့၏။ ရနံ႕ကအေတာ္ျပင္းသည္။
“တင္း ေဟးမုလ်န္ကိုရရွိပါတယ္”
“ေဟးမုလ်န္ကိုရယူရန္ တာဝန္ၿပီးေျမာက္ခဲ့ပါၿပီ။ ဆုလာဘ္ ကုသိုလ္မွတ္တစ္ေထာင့္ငါးရာ"
အသံေပၚထြက္လာ၏။ အသုံးပစၥည္း၏အာနိသင္ကိုေတာင္ ထည့္မေျပာေပ။
လုက်ိဳးသည္ သူ႕ေနာက္တြင္ရပ္ေနေသာ ေရွာင္ယြမ္အာအား ေဟးမုလ်န္ေပးလိုက္၏။
ေရွာင္ယြမ္အာသည္ ရွားပါးေသာရတနာတစ္ခုသဖြယ္မွတ္ယူလ်က္ ေဟးမုလ်န္ကို ဂ႐ုတစိုက္ ကိုင္တြယ္ထားသည္။ ထိုအသုံးပစၥည္းကို သူမထက္ ပိုဂ႐ုစိုက္နိုင္မည့္သူရွိမွာမဟုတ္ေပ။ သူမ၏ ရွစ္စြင္းက သူ႕ဆီေဆာင္ယူလာမည့္ျပႆနာမ်ားကို ဂ႐ုမစိုက္ဘဲ ဤေဟးမုလ်န္ကို အရယူခဲ့သည္။ သို႔မွသာ သူမက ခ်ီပင္လယ္ဖြင့္နိုင္မွာျဖစ္သည္။
မၾကာမီ၌ ႐ႊီက်င္းသည္ လက္စုံမိုးလ်က္ လုက်ိဳးကို အရိုအေသေပးကာေျပာလိုက္သည္။
“ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းကိုယ္စား ကိုယ္ေတာ္တို႔ကအခု မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ လက္ေအာက္ခံ ျဖစ္ေနၿပီဆိုတာ ေၾကညာမယ္”
ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းမွ က်န္သည့္တပည့္မ်ားကလည္း ဦးၫႊတ္လိုက္ေတာ့သည္။
သို႔ေသာ္ လုက်ိဳးက ေခါင္းခါၿပီးေနာက္ ေျပာလိုက္၏။
“မိစာၦတစ္ေယာက္က ဘယ္ေတာ့မွ ဗုဒၶမျဖစ္နိုင္ဘူး။ ဒီလိုလုပ္ေနဖို႔မလိုဘူး”
လက္ရွိေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္း၌ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ အားနည္းသည့္သူမ်ားသာ ရွိသည္။ ႐ႊီက်င္းသည္ ဒဏ္ရာမွျပန္ေကာင္းရန္ အခ်ိန္လိုအပ္သည္။ တပည့္ေလးမ်ားကလည္း အေရးပါသည့္ တာဝန္မ်ားေဆာင္႐ြက္ရန္အားနည္းလြန္းေနကာ ႐ႊီေလ်ာင္၊ ႐ႊီဖန္းႏွင့္ ႐ႊီဟိုင္တို႔ကလည္း ဘုရားေက်ာင္းကို သစၥာေဖာက္သြား၏။ ယင္းက ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္း၏ အမိုးေပၚ သို႔ ႏွင္းမ်ားသာ ပိုက်ေစလိမ့္မည္။ အေရးႀကီးသည္က ထိုလူမ်ားသည္ မိစာၦေဝဟင္ေမွ်ာ္နန္းအတြက္ အသုံးမဝင္ေခ်။
႐ႊီက်င္းက သက္ျပင္းခ်ၿပီးေျပာလိုက္ေတာ့၏။
“ဒကာႀကီးက်ိ လက္ရွိေကာင္းကင္ေ႐ြးခ်ယ္ခံဘုရား ေက်ာင္းက တျခားဘုရားေက်ာင္းေတြနဲ႕ ခက္ခက္ခဲခဲယွဥ္ၿပိဳင္နိုင္တယ္။ မဟာနတၳိဘုရားေက်ာင္းက ရႈံးနိမ့္ၿပီးေတာ့ ျပန္သြားရတယ္။ ဒါေပမဲ့ ေနာင္က် ျပန္လာမွာပဲ။ အဲ့ဒီအခ်ိန္က်ရင္..” သူက ေခါင္းခါ လိုက္ေတာ့၏။ မဟာနတၳိဘုရားေက်ာင္းသူတို႔ကို ပစ္မွတ္ထပ္ထားမွာစိုးရိမ္မိသည္။
လုက်ိဳးက မုတ္ဆိတ္သပ္ကာေျပာလိုက္ေတာ့၏။
“မဟာနတၳိဘုရားေက်ာင္းရဲ႕ အံ့ဖြယ္ကိုယ္ေတာ္ႀကီးေလးပါးက ထပ္မရွိေတာ့ဘူး။ သူတို႔ထဲမွာ တစ္ေယာက္ပဲက်န္တယ္။ ခုံယြမ္ေပါ့။ အဲဒီလူက အင္မတန္သတိႀကီးတာ အနည္းဆုံးေတာ့ လတ္တေလာ ျပန္မလာေလာက္ဘူး”
ထို႔အျပင္ လုက်ိဳးက သူ၏ခြန္အားကို ျပသခဲ့ၿပီးျဖစ္သည္။ ရထားလုံးပ်ံေပၚရွိလူမ်ားက သူ၏ေ႐ႊေရာင္ဗုဒၶခႏၶာကို ျမင္ေတြ႕သြားမွာေသခ်ာ၏။
႐ႊီက်င္းက ေခါင္းညိတ္ၿပီး လုက်ိဳး၏စကားမ်ားကို ေထာက္ခံလိုက္သည္။ သူတို႔ရန္သူမ်ားက မၾကာမီ အခ်ိန္အတြင္း ျပန္မလာသေ႐ြ႕ ျပႆနာမ်ားကိုရွင္းလင္းရန္သူနည္းလမ္းမ်ားစြာေတြးရမည္။ ေနာက္ဆုံးတြင္ ေျပာလိုက္ေတာ့၏။
“ဉာဏ္အလင္းဖြင့္ေပးတဲ့အတြက္ ဒကာက်ိ”
လုက်ိဳးက လက္အသာယမ္းက မတ္တပ္ထရပ္ၿပီးေျပာလိုက္၏။ “သြားၾကမယ္”
“ေမွ်ာ္နန္းကို ျပန္မယ္”
က်ဴးဟုန္ကုန္းက စိတ္အားထက္သန္စြာေျပာလိုက္ေတာ့၏။
“ေလာင္ပါ့ မ်က္ႏွာခ်ိဳေသြးတာေလး နားနိုင္မလား။ မင္းက မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕တပည့္ တစ္ေယာက္လိုမ်ိဳး ျပဳမူမေနဘူး။ ငါတကယ္ရွက္မိတယ္။ ရွစ္စြင္း... ခဏေနပါဦး။ အခုပဲ ရထားလုံးကို ျပင္ဆင္လိုက္မယ္။ အဆင္သင့္ျဖစ္ေနေစရမယ္လို႔အာမခံတယ္” မင္ရွစ္ရင္သည္ မဟာခြန္အားခန္း မထဲမွ ေျပးထြက္သြားေတာ့၏။
မင္ရွစ္ရင္က သြက္သြက္ေလး လႈပ္ရွားလိုက္ၿပီး တိမ္ခြင္းရထားလုံးပ်ံက မဟာခြန္အားခန္းမေရွ႕သို႔ အခ်ိန္မွီေရာက္လာသည္။
လုက်ိဳးက ပတ္ဝန္းက်င္ကိုၾကည့္ၿပီးေျပာလိုက္ေတာ့၏။
“ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းက ဒီေန႕ ဒူးေထာက္ဖို႔မလိုအပ္ရင္ေတာင္ ဒီအျဖစ္အပ်က္ ၿပီးတဲ့ေနာက္ အျပင္ေလာကကဒီအေၾကာင္းကို ေျပာၾကမွာေသခ်ာတယ္။ ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းက က်င့္ႀကံျခင္းေလာကထဲမွာ ဂုဏ္ယူဝင့္ႂကြားစြာ ရပ္နိုင္ေတာ့မွာမဟုတ္ေတာ့ဘူး။ ေနာက္ဆက္တြဲကို ခင္ဗ်ားေတြးၿပီးၿပီလား”
႐ႊီက်င္းကေျပာလိုက္၏။
“ဒီအျဖစ္အပ်က္ၿပီးတဲ့ေနာက္ ဒီအရာေတြက အသုံးမပါဘူးဆိုတာ ေနာက္ဆုံးေတာ့ ကိုယ္ေတာ္ သေဘာေပါက္သြားၿပီ။ ဒီေန႕ၿပီးရင္ ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းက တံခါးပိတ္က်င့္ႀကံ ေတာ့မယ္”
ခႏၶာကိုယ္သည္ ႏွလုံးသားအလိုရွိသည့္အရာေနာက္ လိုက္ပါရမည္။
လုက်ိဳးက ေခါင္းညိတ္ၿပီးထပ္မေျပာေတာ့ေပ။ သူက တုံ႕ေႏွးေသာလႈပ္ရွားမႈမ်ားျဖင့္ တိမ္ခြင္း ရထားလုံးပ်ံေပၚသို႔ခုန္တက္လိုက္သည္။ ျဗဟၼာ့ပင္လယ္ခ်ီေသြးေၾကာရွစ္ေၾကာ က်င့္ႀကံသူအဖို႔ ထိုသို႔ေဆာင္႐ြက္ရန္မခက္ခဲေပ။
ထိုအရာကို ႐ႊီက်င္းျမင္ေသာအခါ လက္အုပ္ခ်ီလ်က္ေျပာလိုက္ေတာ့သည္။ “ေအာ္မီေတာ္ေဖာ္ ဗုဒၶ”
တပည့္တစ္ေထာင္နီးပါးကလည္း လက္အုပ္ခ်ီလ်က္ဂါထာစတင္႐ြတ္ဆိုေတာ့သည္။
ယင္းက တိုက္ကြက္တစ္ကြက္မဟုတ္။ စိတ္ရႈပ္ေထြးေစတတ္ေသာစြမ္းရည္ သို႔မဟုတ္ ခုခံျခင္း သိုင္းမ်ိဳးမဟုတ္ဘဲ သူတို႔က က်မ္းဂန္မ်ားကိုသာ ႐ြတ္ဖတ္ေနျခင္းျဖစ္သည္။
က်မ္းဂန္သုတ္ေတာ္မ်ားသည္ မဟာခြန္အားခန္းမတစ္ေလွ်ာက္ပဲ့တင္သံထြက္ေနေလ၏။ ယင္းက ၾကည္လင္ရင္းျမစ္ေတာင္တန္းေတာက္ေလွ်ာက္ပ်ံ့ႏွံ႕ေနေတာ့၏။
သူတို႔ဧည့္သည္အတြက္ လုပ္ေပးနိုင္သည့္အရာပဲျဖစ္သည္။ မိစာၦေဝဟင္ေမွ်ာ္နန္းအေပၚ သူတို႔ ေက်းဇူးတရားႏွင့္ ေလးစားမႈကို ျပသသည့္လကၡဏာလည္းျဖစ္ေပ၏။
မင္ရွစ္ရင္၊ တြမ့္မူရွန္းႏွင့္ က်န္သည့္သူမ်ားက အေနခက္သြားၾက၏။ ဤကဲ့သို႔ သူတို႔ဆက္ဆံခံရတာ ပထမဆုံးအႀကိမ္ျဖစ္သည္။ သူတို႔က ထူးဆန္းေသာခံစားခ်က္မ်ိဳးရလာ၏။
တိမ္ခြင္းရထားလုံးသည္ေကာင္းကင္ေပၚသို႔ ခြင္းတက္သြားေတာ့သည္။
လုက်ိဳးက အသိေပးသံကို မၾကားရေပ။ သူက ထပ္ခါတလဲလဲ ယုံၾကည္ကိုးစားျခင္းသည္ခံရက ကုသိုလ္အမွတ္မရတာကို သတိျပဳမိလိုက္၏။
တိမ္ခြင္းရထားလုံးသည္ ေကာင္းကင္ထဲတက္သြားၿပီးေနာက္ မင္ရွစ္ရင္သည္ သက္ျပင္းခ်ကာ ေခါင္းခါလိုက္ေတာ့သည္။ သူ၏အသံထဲ၌ စိတ္ခံစားခ်က္မ်ားျပည့္ေနကာေျပာလိုက္ေတာ့၏။
“အဲဒီျမည္းကတုံးေတြက အသုံးမဝင္ေပမဲ့ သူတို႔က တစ္နည္းနည္းနဲ႕ေတာ့ က်င့္မင္တာအိုဂိုဏ္းနဲ႕ သမာသမတ္ဂိုဏ္းေတြထက္ေတာ့ ပိုေကာင္းေသးတာပဲ”
တြမ့္မူရွန္းက ေခါင္းညိတ္လိုက္၏။ “အနည္းဆုံးေတာ့ သူတို႔ကတိတည္တယ္ေလ” တိမ္ခြင္း ရထားလုံးက ဥကၠာခဲတစ္စင္းပမာ အရွိန္ျပင္းျပင္းျဖင့္ မိစာၦေဝဟင္ေမွ်ာ္နန္းဆီသို႔ ဦးတည္သြားေတာ့ သည္။
ႏွစ္နာရီခန႔္ၾကာၿပီးေနာက္ မိစာၦေဝဟင္ေမွ်ာ္နန္း၏ လွ်ို႔ဝွက္ခန္းထဲတြင္ျဖစ္သည္။
လုက်ိဳးက စနစ္မ်က္ႏွာျပင္ကိုဖြင့္လိုက္၏။
နာမည္။ ။ လုက်ိဳး
မ်ိဳးႏြယ္။ ။ လူသား
က်င့္ႀကံဆင့္။ ။ ျဗဟၼာပင္လယ္ခ်ီေသြးေၾကာရွစ္ေၾကာအဆင့္
ကုသိုလ္ အမွတ္။ ။ ၂၉၃၂၀ မွတ္
စိတ္ဝိညာဥ္ သဏၭာန္။ ။ ေျခာက္သြယ္ေပါင္းစည္းႀတိမ်ဥ္း
က်န္ရွိသက္တမ္း။ ။ ၅၉၅၅ ရက္
အသုံးပစၥည္း။ ။ အေသရိုက္ခ်က္ တစ္ကတ္၊ ျပစ္ခ်က္မဲ့ကတ္ ႏွစ္ကတ္၊ အတိုက္အခိုက္ ဒဏ္ျပင္းကာကြယ္ကတ္( အလိုအေလ်ာက္သုံး) ခုႏွစ္ကတ္၊ ခ်ဳပ္ေႏွာင္ျခင္းေလွာင္အိမ္ ေလးကတ္၊ သန႔္စင္ျခင္းအေဆာင္ ႏွစ္ကတ္၊ က်ိထ်န္းေတာက္ အထြတ္အထိပ္အသြင္ကတ္ တစ္ကတ္၊ နတ္ျခေသၤ့(အျပည့္အ၀ အနားယူေန)၊ ပိအန္း၊ ေကာင္းကင္အပိုင္းအစ တစ္ခု။
လက္နက္။ ။ အမည္မဲ့၊ မာယာေၾကာ့ကြင္း (ပိုင္ရွင္ - ယဲ့ထ်န္းရွင္း။ အသုံးမျပဳခင္ ျပန္လည္သန႔္စင္ရန္ လိုအပ္)၊ အသက္ဓားသြား၊ နိဗာန ခါးစည္း၊ မ်က္ရည္စြန္းထင္း ေသတၱာ။
က်င့္ႀကံျခင္း နည္းစနစ္။ ။ ေကာင္းကင္က်မ္း ေပလႊာသုံးမ်ိဳး
လုက်ိဳးသည္ အေရအတြက္ကိုၾကည့္လိုက္ရာအလြန္ေက်နပ္သြား၏။
ကုသိုလ္မွတ္ ၂၉၃၂၀
ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္း၏ တပည့္မ်ားထံမွ ယုံၾကည္ကိုးစားမႈသည္ အံ့ဖြယ္ကိုယ္ေတာ္ႀကီးေလးပါးကို သတ္ျခင္းထက္ ကုသိုလ္မွတ္ပိုရလိမ့္မည္ဟု မထင္ထားေပ။
ထိုကုသိုလ္မွတ္မ်ားက သူအထြတ္အထိပ္အေျခအေနသို႔ျပန္ေရာက္နိုင္ရန္ လုံေလာက္ဖို႔ရာ ေဝးေနေသးမွန္း သိသည္။ သို႔ေသာ္ အဆုံးသတ္ခါနီးအခ်ိန္ႏွင့္ ယွဥ္ၾကည့္လွ်င္ သူအခုအလြန္ ႂကြယ္ဝေနၿပီျဖစ္သည္။
ဒါေတြကို ငါဘယ္လိုသုံးသင့္လဲ။ အစက သူသည္ စိတ္ဝိညာဥ္သဏၭာန္တစ္ခုဝယ္ဖို႔ ရည္႐ြယ္ခဲ့၏။
ခုနစ္စင္ၾကယ္ဝိညာဥ္ကို ကုသိုလ္မွတ္တစ္ေသာင္းခြဲနဲ႕ေရာင္းတာ။ ဝယ္ၿပီးရင္ ငါ့မွာ ကုသိုလ္မွတ္ တစ္ေသာင္းေလးေထာင္ ရွိမယ္။ ဒါမွမဟုတ္ ကံစမ္းမဲေတြဆက္တိုက္ႏွိုက္ရမလား။
“ကံစမ္းမဲ”
“…” ခဏအၾကာတြင္ လုက်ိဳးက ကူကယ္ရာမဲ့စြာေခါင္းခါၿပီးေျပာလိုက္ေတာ့သည္။
“အက်ိဳးအျမတ္ႀကီးႀကီးရၿပီးသြားရင္ ဆုံးရႈံးၾကတယ္လို႔ေျပာတာ ဒါကိုး”
သူသည္ ကံစမ္းမဲေျခာက္ဆယ္ႏွိုက္ခဲ့ၿပီး ကုသိုလ္မွတ္သုံးေထာင္ ျဖဳန္းတီးခဲ့မိ၏။ ဘာမွေတာင္မရ ခဲ့ေပ။ ကံစမ္းမဲမွ သူက ေက်းဇူးတင္ရွိျခင္းသာ ဆက္တိုက္ရေနသည္။ ကံေကာင္းသည္မွာ ထို ကိုယ္ေတာ္မ်ားဆီမွ ယုံၾကည္ကိုးစားျခင္းအတြက္ ကုသိုလ္မွတ္မ်ားရထားေသးသည္။ မဟုတ္လွ်င္ ဤရလဒ္ေၾကာင့္ သူစိတ္ဓါတ္က်သြားမွာပဲျဖစ္သည္။
လုက်ိဳးက ကံဆိုးေနတာျဖစ္နိုင္သည္။ သူကအေတာ္ေလးထုံေပေပျဖစ္ေနၿပီးသားျဖစ္၏။ သူ၏ကံသည္ ကုသိုလ္မွတ္ ေျခာက္ဆယ့္ေျခာက္မွတ္စုေဆာင္းၿပီးသည့္အခ်ိန္၌ အနိမ့္ဆုံးတြင္ ေရာက္သြား၏။ ယခုအေခါက္တြင္မူ ကံေကာင္းမွတ္ ခုနစ္ဆယ့္ကိုးမွတ္ရလာသည္။ ယခင္အေခါက္ကထက္ ဆိုးေန၏။
“စိတ္ေအးေအးထား” သူသည္ ကံေကာင္းမွတ္ေျခာက္ဆယ့္ေျခာက္မွတ္အတြက္ အေၾကာင္း ျပန္လွန္ကတ္တစ္ကတ္ရခဲ့သည္။
“ဒီတစ္ေခါက္မွာေကာ ပိုေကာင္းေလာက္တယ္မလား။ အေၾကာင္းျပန္လွန္ကတ္တစ္ေထာင္ေတာင္ ရေလာက္တယ္”
လုက်ိဳးက စိတ္ေအးေအးထားလိုက္သည္။ သူက ကံစမ္းမဲႏွိုက္ရန္မႀကိဳးစားေတာ့ေပ။ ထိုအစား ေဈးဝယ္ျခင္းကို ဖြင့္ၿပီး စိတ္ဝိညာဥ္သဏၭာန္ ခုနစ္စင္ၾကယ္ဝိညာဥ္ကိုဝယ္ယူလိုက္၏။
“တင္း စိတ္ဝိညာဥ္သဏၭာန္ခုနစ္စင္ၾကယ္ဝိညာဥ္ကိုရရွိပါၿပီ။ သင္အခုတပ္ဆင္လိုတဲ့ဆႏၵရွိပါ သလား”
“ဝတ္ဆင္မယ္” ခုနစ္စင္ၾကယ္ဝိညာဥ္ျဖင့္လုက်ိဳးသည္ နတ္ေဒဝါဦးတည္နယ္ပယ္သို႔ တရားဝင္ ေျခလွမ္းနိုင္မည္ျဖစ္သည္။
...
Paid gp ဝင္လို႔ရပါၿပီ
Gp 2 (161 to 260) 3000
Gp 3 (261 to 360) 3000
Paid gp မွာ အခန္း ၃၀၀ ထိ ေရာက္ပါၿပီ
၁၅ ပိုင္းတစ္ျဖတ္ doc လဲ ဝယ္လို႔ရပါတယ္၊ စာစဥ္တစ္ခုကို 500 ပါ