အခန်း (၁၇၆) ခြွင်းချက်
ယွီရှန်းရုန်သည် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာကတည်းက သူ့ဓားတစ်လက်ဖြင့် နောက်ခံအမျိုးမျိုးမှ အဆင့်မြင့် ပညာရှင်များစွာကို စိန်ခေါ်ခဲ့ပြီး တစ်ပွဲမှ မရှုံးနိမ့်ဖူးပေ။
ဓားရူးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး သမာသမတ်လမ်းစဉ်မှ ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံဆင့်ပိုင်ရှင် ချန်းဝမ်ကျဲသည် သူ့ဓားချက်အောက်၌သာ သေဆုံးခဲ့ရသည်။ ထိုအကြောင်းအရင်းကြောင့် သူက ပေနက်လွှာ၌ အဆင့်ငါးနေရာသို့ တက်လှမ်းသွားသည်။ အကယ်၍ သူသာ လွတ်လွတ်လပ်လပ် တစ်ကိုယ်တည်း သီးသန့်နေရတာ ကြိုက်သည့်သူ မဟုတ်လျှင် ပေနက်လွှာ၌ အဆင့်ပိုမြင့်နေပေလိမ့်မည်။
ယွီရှန်းရုန်၏ ကျင့်ကြံဆင့် မည်မျှမြင့်မားကြောင်း မည်သူမှ မသိကြပေ။ ကောလာဟလများအရ သူ့ကျင့်ကြံဆင့်သည် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးဆုံးတပည့် ယွီကျန့်ဟိုင်နှင့် လက်ရည်တူလိုက်သည်ဟု ဆိုကြသည်။
နှစ်ယောက်သား မိစ္ဆာဝေဟင်မျှော်နန်းဆီ စောစောစီးစီး ဝင်ရောက်ခဲ့ပြီး ကျိထျန်းတောက် တပည့်များ ဖြစ်လာခဲ့ကြသည်။ သူတို့က ကျိထျန်းတောက်၏ ရာထူးကို အမွေဆက်ခံကာ သူတို့ဆရာဖြစ်သူကိုပင် ကျော်လွန်သွားသည်ဟု ဆိုကြသည်။
ယွီရှန်းရုန်က တာ့ယန်၏ ရှန်စုရှုမြို့ တိုက်ပွဲအပြီးတွင် နာမည်ကျော်ကြားလာခြင်း ဖြစ်သည်။
ထိုသိုင်းကွက် ပြန်ရောက်ခြင်း၊ ဝိညာဉ်သုံးပါးဝင်ရောက်ခြင်းသည် သူ ကျော်ကြားရသည့် ဓားသိုင်းဖြစ်သည်။
သူက လျင်လျင်မြန်မြန် လှုပ်ရှားသောကြောင့် စိတ်ကူးနှင့် လက်တွေ့ တစ်သားတည်းအလား ဖြစ်နေသည်။
လော့ရှစ်စန်း၏ အမြင်တို့က ဝေဝါးလာသည်။ သူက အိပ်မက်မက်နေသလို ခံစားနေရ၏။ လော့ရှစ်စန်း၏ ဓားနှလုံးသားစုစည်းခြင်း ဖန်တီးထားသော ပတ်ဝန်းကျင်က သူ့ပြိုင်ဘက်အတွက် အရည်အချင်း ထုတ်ဖော်နိုင်ဖို့ အကောင်းဆုံး အနေအထား ဖြစ်သည်။
အကယ်၍ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်က မလှုပ်ရှားလျှင် အားလုံး အဆင်ပြေနေမည် ဖြစ်၏။ သို့သော် လှုပ်ရှားလိုက်သည်နှင့် ရလဒ်က သိသာလှသည်။
လော့ရှစ်စန်းက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ သူ့ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဍာန်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သို့သော်လည်း ပုံရိပ်သုံးခုက သူ့ဆီ ဘယ်၊ ညာ၊ အလယ်တည့်တည့်မှ ချဉ်းကပ်လာသည်။
အနီရင့်ရင့် ဓားက ဧရာမစွမ်းအားဓားကြီးကို ပိုင်းဖြတ်လိုက်ကာ အရှိန်ဖြင့် ဆက်လက်လှည့်ပတ်နေသည်။
ပုံရိပ်သုံးခုက တစ်သားတည်းအဖြစ် ပေါင်းစပ်သွားကြ၏။
ဧရာမစွမ်းအားဓားကြီးက အနီရင့်ရင့် ဓားအောက် နှစ်ပိုင်းပြတ်သွားသည့်အခါ …
ဘန်း
ထိပ်တန်း မြေကမ္ဘာအဆင့် လက်နက်က သက်တော်ရှည်ဓားအောက်တွင် နှစ်ပိုင်းကျိုးသွားတော့သည်။
ယွီရှန်းရုန်၏ ညာဘက်လက်က ဖြောင့်တန်းနေပြီး ဓားကို ဖျတ်ခနဲ ထိုးချလိုက်သည်။ တစ်ချိန်တည်းတွင် စွမ်းအားဓား အပိုင်းအစများက မကြေမွသွားခင် လေထဲ အေးခဲသွားလေ၏။
တိုက်ပွဲသံများက ရပ်တန့်သွားတော့သည်။
တိုက်ပွဲကြာချိန်က လက်ဖက်ရည်တစ်အိုး အေးရုံလောက်သာ ကြာမြင့်လိုက်၏။ ရလဒ်က သိသာထင်ရှားလှသည်။
ဓားစင်မြင့်ရှိ တပည့်များက အသက်အောင့်ထားလိုက်ကြသည်။ ထိုစဉ် အချိန်က ရပ်နေပုံပေါ်သည်။ တပည့်များက တိုက်ပွဲအဟုန်ကို လိုက်မီဖို့ အခက်တွေ့နေကြသည်။ သူတို့က သူတို့ဆရာဖြစ်သူ လော့ရှစ်စန်းဆီ အကြည့်ပြောင်းလိုက်ကြသည်။
လော့ရှစ်စန်းက သူ့ရှေ့မှ အနီရင့်ရင့် ဓားကို ကြည့်ကာ မျက်လုံးအပြူးသား ဖြစ်နေလေ၏။ ဓားထိပ်ဖျားက သူ့နဖူးပေါ်တွင် ရှိနေသော်လည်း ထိုးဖောက်မသွားပေ။
ဤသည်မှာ ယွီရှန်းရုန်၏ ဓားထိန်းချုပ်မှု ဖြစ်သည်။ အနည်းငယ်သာ အားထည့်လိုက်ရုံဖြင့် ဓားသူတော်စင် လော့ရှစ်စန်း၏ အသက်ကို နုတ်ယူသွားနိုင်သည်။
ယွီရှန်းရုန်က အဘယ်ကြောင့် မလုပ်သည်ကို မည်သူမှ အကြောင်းအရင်း မသိကြပေ။
လော့ရှစ်စန်းက ပြုံးနေသည့် ယွီရှန်းရုန်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ သူတို့အင်အားကွာခြားချက်က ကြီးမားလွန်းနေသည်။ သူက ထိုအရာကို နားမလည်ခဲ့သလို နားမလည်နိုင်ခဲ့ပေ။ သူတို့က အဆင့်မတူကြပေ။
ဓားသူတော်စင် လော့ရှစ်စန်းက ဓားနတ်ဆိုး၏ ဓားတစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။ အကယ်၍ ကမ္ဘာကြီးသာ ဒီအကြောင်းကို သိသွားခဲ့လျှင် သူ့အင်အားကို မည်သို့အဆင့်သတ်မှတ်မည်နည်း။
သူတော်စင်ဟု ခေါ်ဝေါ်ခံရခြင်းမှာ သူ/ သူမ၏ စွမ်းဆောင်ရည်က သာမန်လူများထက် သာလွန်နေ၍ ဖြစ်သည်။
တာ့ယန် မိုးကောင်းကင်အောက်တွင် သူတော်စင် ဂုဏ်ပုဒ်ရရှိထားသူများက ခြွင်းချက်မရှိ ဆရာကြီးများ ဖြစ်ကြသည်။
ဓားသူတော်စင်က လော့ရှစ်စန်းအနေနှင့် သူ့ဓားစွမ်းရည်ဖြင့် လက်ခံရရှိနိုင်သည့် အမြင့်ဆုံး ဂုဏ်ပုဒ် ဖြစ်သည်။
ဓားရူးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် သူ့အစ်ကိုကြီး လော့ချန်ချင်းပင် ဒီလိုဂုဏ်ပုဒ်မျိုး မရခဲ့ပေ။
ဓားသူတော်စင်က ဓားနတ်ဆိုး၏ ဓားတိုက်ကွက်အောက် ရှုံးနိမ့်သွားလေရာ လော့ရှစ်စန်းအတွက် အကြီးမားဆုံး ထိနှက်ချက် ဖြစ်နေသည်။
သူက ဒီလိုမျိုး ဘယ်လိုဆက်နေရမှာလဲ …
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လော့ရှစ်စန်းက ထုတ်မေးလိုက်သည်။
“ငါ့ကို ဘာလို့မသတ်တာလဲ ”
အားလုံးက ဓားနတ်ဆိုး၏ အကျင့်ကို သိထားကြသည်။ သူက သတ်မည် ပြောထားပါက သတ်ကိုသတ်လိမ့်မည်။ သူ့ပစ်မှတ်က မည်သည့်နေရာရောက်ရောက် ကိစ္စမရှိပေ။ သူက ကမ္ဘာအဆုံးအထိ လိုက်ရှာလိမ့်မည်။ သို့သော်လည်း ဤတစ်ကြိမ် သူ့ဓားက သွေးမစွန်းရသေးပေ။
ယွီရှန်းရုန်က လက်ဖြေလိုက်သည့်အခါ အသက်ရှည်ဓားက ပျံတက်သွားပြီး ဓားအိမ်ထဲ ပြန်ရောက်သွားသည်။
“ တကယ်လို့ ကျုပ်သာ သတ်လိုက်ရင် ခင်ဗျားက ကျုပ်ဓားအောက် သေဆုံးသွားရတဲ့ နောက်ထပ် ဝိညာဉ်တစ်ခု ဖြစ်သွားမှာပဲ။ ဒါပေမဲ့ … ” ယွီရှန်းရုန်၏ လေသံက ပျော့ပျောင်းသွားကာ “ ဒီတစ်ခါ ခြွင်းချက်ထားပြီးတော့ အသက်ကို ချမ်းသာပေးလိုက်မယ် ”
ခြွင်းချက်လား …
လော့ရှစ်စန်းက ယွီရှန်းရုန် ဆိုလိုရင်းကို နားမလည်ပေ။
စင်မြင့်ပေါ်ရှိ တပည့်များလည်း ကြောင်အမ်းသွားကြသည်။ သူတို့ လေးစားရသည့် ဆရာက တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားလေရာ သူတို့ မည်သို့ မတုန်လှုပ်ဘဲနေမည်နည်း။ သူတို့က ဒူးများပျော့ခွေသွားကာ မြေပြင်ပေါ် ထိုင်ချလိုက်ရသည်။
အကွာအဝေးကြောင့် သူတို့က ယွီရှန်းရုန်သည် သူတို့ဆရာဖြစ်သူနှင့် မိတ်ဆွေနှစ်ယောက် စကားစမြည်ပြောနေသလိုမျိုးကိုသာ မြင်လိုက်ကြရသည်။ သူတို့က ဘာပြောနေလဲ မကြားရပေ။
လော့ရှစ်စန်းက နားမလည်စွာ မေးလိုက်သည်။
“ အဲဆို … ”
“ခင်ဗျားမှာ ရွေးချယ်မှုနှစ်ခုရှိတယ် ” ယွီရှန်းရုန်က ပြောလိုက်သည် “ပထမတစ်ချက် ခင်ဗျားအသက်ကို ဟေးမုလျန် နဲ့ လဲလိုက်။ ဒုတိယတစ်ချက် ပထမတစ်ချက်ကို ငြင်းဆန်ရင် ခင်ဗျားကို သုံးရက်အတွင်း လာသတ်လှည့်မယ်။ ကျုပ်က ပြိုင်ဘက်ရဲ့ ရွေးချယ်မှုကို အမြဲတမ်း လေးစားပေးတဲ့သူပါ ”
“…”
ယွီရှန်းရုန်၏ စကားများက အကျိုးအကြောင်း သင့်သော်လည်း လော့ရှစ်စန်းက တစ်ခုခု လွဲမှားနေသလိုသာ ခံစားနေရသည်။ သူက မျက်မှောင်အသာကြုတ်ကာ “ ဟေးမုလျန် က အဖိုးတန်တယ်။ အဲဒါနဲ့ဆိုရင် ချီပင်လယ် ပျက်စီးသွားရင်တောင် ပြန်ပြင်လို့ရတယ်။ ကြီးမြတ်လှတဲ့ ဓားနတ်ဆိုးက ဘာကြောင့်များ လိုအပ်နေတာလဲ”
ယွီရှန်းရုန်၏ ကျင့်ကြံဆင့်နှင့် အင်အားကို သက်သေပြပြီးပြီး ဖြစ်၏။
လော့ရှစ်စန်းက ယွီရှန်းရုန်သည် အင်အားကြီးသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်တုန်း ဒဏ်ရာရသွားခဲ့လျှင် ကိုယ့်ဘာသာ ကုသဖို့အတွက် ကြိုတင်ဆောင်ထားချင်သည်ဟုသာ ထင်နေသည်။
ယွီရှန်းရုန်က ပြုံးကာ “ခင်ဗျား အထင်လွဲနေပြီ ”
“အို ”
“ရှောင်ရှစ်မေ့ ရှိတယ်လေ။ သူမနာမည်က စီယွမ်အာတဲ့ … သူမက တခြားသူတွေအပေါ် ညင်သာပြီးတော့ ဖြူဖြူစင်စင် နူးနူးညံညံ ကောင်မလေးမျိုး။ ဟေးမုလျန်က သူမအတွက်ပါ”
ယွီရှန်းရုန်က မိစ္ဆာဝေဟင်မျှော်နန်း ရှိရာဆီ လှမ်းမျှော်ကြည့်လိုက်သည်။
နေမင်းအလင်းရောင်က မြူခိုးများနှင့် တိမ်ပင်လယ်ကို ထိုးဖောက်လာသည်။ သူတို့က သက်တံရောင် အလင်းတန်းအဖြစ် ကွေးညွတ်သွားပြီး ယွီရှန်းရုန်၏ ဖြောင့်မတ်နေသည့် ကျောပေါ် ဖြာကျလာသည်။
‘ရှောင်ရှစ်မေ့တဲ့လား … စီယွမ်အာက ညင်သာနူးညံ့တယ်တဲ့လား ’
“ ငါ နားမလည်တာ တစ်ခုရှိသေးတယ် ” လော့ရှစ်စန်းက ပြောလိုက်သည်။
“ပြောပါ ” ယွီရှန်းရုန်၏ လေသံက ညင်သာလျက်ရှိ၏။
“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာပြီဆိုတော့ တပည့်ထဲက တစ်ယောက် မဟုတ်တော့ဘူးလေ။ ဘာလို့ ကူညီပေးနေရတာလဲ”
“ ကူညီပေးတာတဲ့လား ” ယွီရှန်းရုန်က ခေါင်းအသာစောင်းကာ ခပ်ယဲ့ယဲ့ ပြုံးလျက် “လော့ရှစ်စန်း … ကျုပ်ဘာသာ သူ့ကို ကူညီတာဖြစ်ဖြစ် မကူညီတာဖြစ်ဖြစ် ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ ”
လော့ရှစ်စန်းက ကြောင်သွားလေသည်။ သူက မတုံ့ပြန်နိုင်တော့ပေ။
သူ ပြောတာက အမှန်ဖြစ်၏။
သူ့ဘာသာ ဘာလုပ်လုပ် ငါနဲ့ ဘာဆိုင်လို့လဲ … ပြီးတော့ ငါက သူ့ဆီ ရှုံးထားတာလေ
“ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် မသိကြပေမဲ့ ဒီတိုက်ပွဲကနေ မင်းက အကြောင်းအရင်းမရှိဘဲ ပြစ်မှုကျူးလွန်တဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။ အားလုံး ကဲ့ရဲ့ကြတဲ့ မိစ္ဆာကြီးဖြစ်ဖို့ ဘာလို့ရွေးချယ်ခဲ့တာလဲ ” လော့ရှစ်စန်းက နားမလည်နိုင်ပေ။
ယွီရှန်းရုန်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ကာ “ ကျုပ်ကို လာဖျောင်းဖျနေတာလား ”
“အာ …” လော့ရှစ်စန်းက နေရခက်သလို ဖြစ်သွားသည်။
“ ကျုပ်ကို အဲဒီစကားတွေ နောက်ဆုံးပြောခဲ့တဲ့သူက ခုံမင်ပဲ ” ယွီရှန်းရုန်က ပြောလာသည်။
ခုံမင်လား … မဟာနတ္ထိဘုရားကျောင်းရဲ့ ခုံမင်လား
လော့ရှစ်စန်းက အံ့ဩသွားသည်။ မဟာနတ္ထိဘုရားကျောင်း၏ ခုံမင်က မိစ္ဆာဝေဟင်မျှော်နန်း၏ ငါးယောက်မြောက် တပည့် ကျောင်းယွဲ့လက်ချက်ဖြင့် သေဆုံးသွားသည်ဟု ဆိုကြသည်။ တကယ့် တရားခံက ဓားနတ်ဆိုး ယွီရှန်းရုန် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်လည်း အကျိုးအကြောင်းသင့်လေသည်။ ခုံမင်က မဟာနတ္ထိဘုရားကျောင်း၏ အဆင့်မြင့် ကျင့်ကြံသူဖြစ်လေရာ ကျောင်းယွဲ့၏ ကျင့်ကြံဆင့်လေးဖြင့် ခုံမင်ကို သတ်နိုင်မည် မဟုတ်ချေ။
သို့သော်လည်း ထိုအရာများက အရေးမပါတော့ပေ။
လူသတ်သမားက မည်သူဖြစ်နေစေကာမူ ကမ္ဘာကြီးက မိစ္ဆာဝေဟင်မျှော်နန်းဆီသာ အပြစ်ပုံချကြမည် ဖြစ်၏။
ယွီရှန်းရုန်က ဆက်ပြောလိုက်သည်။
“ ခုံမင် လမ်းစဉ်ကို မလိုက်ချင်ပါနဲ့ ”
လော့ရှစ်စန်းက တစ်ခုခုပြောချင်သော်လည်း ပိုကောင်းသည့်အရာကို စဉ်းစားမိလိုက်သည်။
သူက ဒီအမျိုးသားကို ဖျောင်းဖျဖို့ ကြိုးစားနေတာလား … မဟာနတ္ထိဘုရားကျောင်းရဲ့ ခုံမင်တောင် ဖျောင်းဖျဖို့ ကြိုးစားရင်း ကျဆုံးသွားခဲ့တာလေ။ သူ့စကားတွေက ယွီရှန်းရုန်အပေါ် သက်ရောက်မှု ရှိမှာတဲ့လား …
လော့ရှစ်စန်းက သူ့ရှေ့မှ အမျိုးသားကို ကြည့်လိုက်သည်။ သူက ဓားနတ်ဆိုးမှန်း စိတ်ကူးကြည့်ဖို့ ခက်လှသည်။
ယွီရှန်းရုန်က လက်ပိုက်လျက် လေထဲ လမ်းလျှောက်ထွက်သွားလေသည်။ သူက မြန်လည်း မမြန်သလို နှေးလည်း မနှေးပေ။ “ ကျုပ်က ကိုယ့်နိယာမကို အမြဲလိုက်နာတယ်။ ဘယ်တော့မှ ခြွင်းချက် မလုပ်ဖူးဘူး။ အခု လုပ်ပေးလိုက်ပြီဆိုတော့ ခင်ဗျား တန်ဖိုးထားသင့်တယ် ”
...
Zawgyi
အခန္း (၁၇၆) ႁခြင္းခ်က္
ယြီရွန္း႐ုန္သည္ မိစာၦေဝဟင္ေမွ်ာ္နန္းမွ ထြက္လာကတည္းက သူ႕ဓားတစ္လက္ျဖင့္ ေနာက္ခံအမ်ိဳးမ်ိဳးမွ အဆင့္ျမင့္ ပညာရွင္မ်ားစြာကို စိန္ေခၚခဲ့ၿပီး တစ္ပြဲမွ မရႈံးနိမ့္ဖူးေပ။
ဓား႐ူးသုံးေယာက္ထဲမွ တစ္ေယာက္ျဖစ္ၿပီး သမာသမတ္လမ္းစဥ္မွ ပြင့္ခ်ပ္ခုႏွစ္လႊာ က်င့္ႀကံဆင့္ပိုင္ရွင္ ခ်န္းဝမ္က်ဲသည္ သူ႕ဓားခ်က္ေအာက္၌သာ ေသဆုံးခဲ့ရသည္။ ထိုအေၾကာင္းအရင္းေၾကာင့္ သူက ေပနက္လႊာ၌ အဆင့္ငါးေနရာသို႔ တက္လွမ္းသြားသည္။ အကယ္၍ သူသာ လြတ္လြတ္လပ္လပ္ တစ္ကိုယ္တည္း သီးသန႔္ေနရတာ ႀကိဳက္သည့္သူ မဟုတ္လွ်င္ ေပနက္လႊာ၌ အဆင့္ပိုျမင့္ေနေပလိမ့္မည္။
ယြီရွန္း႐ုန္၏ က်င့္ႀကံဆင့္ မည္မွ်ျမင့္မားေၾကာင္း မည္သူမွ မသိၾကေပ။ ေကာလာဟလမ်ားအရ သူ႕က်င့္ႀကံဆင့္သည္ မိစာၦေဝဟင္ေမွ်ာ္နန္း၏ အႀကီးဆုံးတပည့္ ယြီက်န႔္ဟိုင္ႏွင့္ လက္ရည္တူလိုက္သည္ဟု ဆိုၾကသည္။
ႏွစ္ေယာက္သား မိစာၦေဝဟင္ေမွ်ာ္နန္းဆီ ေစာေစာစီးစီး ဝင္ေရာက္ခဲ့ၿပီး က်ိထ်န္းေတာက္ တပည့္မ်ား ျဖစ္လာခဲ့ၾကသည္။ သူတို႔က က်ိထ်န္းေတာက္၏ ရာထူးကို အေမြဆက္ခံကာ သူတို႔ဆရာျဖစ္သူကိုပင္ ေက်ာ္လြန္သြားသည္ဟု ဆိုၾကသည္။
ယြီရွန္း႐ုန္က တာ့ယန္၏ ရွန္စုရႈၿမိဳ႕ တိုက္ပြဲအၿပီးတြင္ နာမည္ေက်ာ္ၾကားလာျခင္း ျဖစ္သည္။
ထိုသိုင္းကြက္ ျပန္ေရာက္ျခင္း၊ ဝိညာဥ္သုံးပါးဝင္ေရာက္ျခင္းသည္ သူ ေက်ာ္ၾကားရသည့္ ဓားသိုင္းျဖစ္သည္။
သူက လ်င္လ်င္ျမန္ျမန္ လႈပ္ရွားေသာေၾကာင့္ စိတ္ကူးႏွင့္ လက္ေတြ႕ တစ္သားတည္းအလား ျဖစ္ေနသည္။
ေလာ့ရွစ္စန္း၏ အျမင္တို႔က ေဝဝါးလာသည္။ သူက အိပ္မက္မက္ေနသလို ခံစားေနရ၏။ ေလာ့ရွစ္စန္း၏ ဓားႏွလုံးသားစုစည္းျခင္း ဖန္တီးထားေသာ ပတ္ဝန္းက်င္က သူ႕ၿပိဳင္ဘက္အတြက္ အရည္အခ်င္း ထုတ္ေဖာ္နိုင္ဖို႔ အေကာင္းဆုံး အေနအထား ျဖစ္သည္။
အကယ္၍ အဆင့္ျမင့္ က်င့္ႀကံသူတစ္ေယာက္က မလႈပ္ရွားလွ်င္ အားလုံး အဆင္ေျပေနမည္ ျဖစ္၏။ သို႔ေသာ္ လႈပ္ရွားလိုက္သည္ႏွင့္ ရလဒ္က သိသာလွသည္။
ေလာ့ရွစ္စန္းက မ်က္လုံးအျပဴးသား ျဖစ္သြားေလသည္။ သူ႕ဒုကၡမိုင္တစ္ရာရႈကြင္း စိတ္ဝိညာဥ္သ႑ာန္ကို ျပန္႐ုပ္သိမ္းလိုက္သည္။ သို႔ေသာ္လည္း ပုံရိပ္သုံးခုက သူ႕ဆီ ဘယ္၊ ညာ၊ အလယ္တည့္တည့္မွ ခ်ဥ္းကပ္လာသည္။
အနီရင့္ရင့္ ဓားက ဧရာမစြမ္းအားဓားႀကီးကို ပိုင္းျဖတ္လိုက္ကာ အရွိန္ျဖင့္ ဆက္လက္လွည့္ပတ္ေနသည္။
ပုံရိပ္သုံးခုက တစ္သားတည္းအျဖစ္ ေပါင္းစပ္သြားၾက၏။
ဧရာမစြမ္းအားဓားႀကီးက အနီရင့္ရင့္ ဓားေအာက္ ႏွစ္ပိုင္းျပတ္သြားသည့္အခါ …
ဘန္း
ထိပ္တန္း ေျမကမာၻအဆင့္ လက္နက္က သက္ေတာ္ရွည္ဓားေအာက္တြင္ ႏွစ္ပိုင္းက်ိဳးသြားေတာ့သည္။
ယြီရွန္း႐ုန္၏ ညာဘက္လက္က ေျဖာင့္တန္းေနၿပီး ဓားကို ဖ်တ္ခနဲ ထိုးခ်လိဳက္သည္။ တစ္ခ်ိန္တည္းတြင္ စြမ္းအားဓား အပိုင္းအစမ်ားက မေၾကမြသြားခင္ ေလထဲ ေအးခဲသြားေလ၏။
တိုက္ပြဲသံမ်ားက ရပ္တန႔္သြားေတာ့သည္။
တိုက္ပြဲၾကာခ်ိန္က လက္ဖက္ရည္တစ္အိုး ေအး႐ုံေလာက္သာ ၾကာျမင့္လိုက္၏။ ရလဒ္က သိသာထင္ရွားလွသည္။
ဓားစင္ျမင့္ရွိ တပည့္မ်ားက အသက္ေအာင့္ထားလိုက္ၾကသည္။ ထိုစဥ္ အခ်ိန္က ရပ္ေနပုံေပၚသည္။ တပည့္မ်ားက တိုက္ပြဲအဟုန္ကို လိုက္မီဖို႔ အခက္ေတြ႕ေနၾကသည္။ သူတို႔က သူတို႔ဆရာျဖစ္သူ ေလာ့ရွစ္စန္းဆီ အၾကည့္ေျပာင္းလိုက္ၾကသည္။
ေလာ့ရွစ္စန္းက သူ႕ေရွ႕မွ အနီရင့္ရင့္ ဓားကို ၾကည့္ကာ မ်က္လုံးအျပဴးသား ျဖစ္ေနေလ၏။ ဓားထိပ္ဖ်ားက သူ႕နဖူးေပၚတြင္ ရွိေနေသာ္လည္း ထိုးေဖာက္မသြားေပ။
ဤသည္မွာ ယြီရွန္း႐ုန္၏ ဓားထိန္းခ်ဳပ္မႈ ျဖစ္သည္။ အနည္းငယ္သာ အားထည့္လိုက္႐ုံျဖင့္ ဓားသူေတာ္စင္ ေလာ့ရွစ္စန္း၏ အသက္ကို ႏုတ္ယူသြားနိုင္သည္။
ယြီရွန္း႐ုန္က အဘယ္ေၾကာင့္ မလုပ္သည္ကို မည္သူမွ အေၾကာင္းအရင္း မသိၾကေပ။
ေလာ့ရွစ္စန္းက ၿပဳံးေနသည့္ ယြီရွန္း႐ုန္ကို ေၾကာက္လန႔္တၾကား ၾကည့္လိုက္သည္။ သူတို႔အင္အားကြာျခားခ်က္က ႀကီးမားလြန္းေနသည္။ သူက ထိုအရာကို နားမလည္ခဲ့သလို နားမလည္နိုင္ခဲ့ေပ။ သူတို႔က အဆင့္မတူၾကေပ။
ဓားသူေတာ္စင္ ေလာ့ရွစ္စန္းက ဓားနတ္ဆိုး၏ ဓားတစ္ခ်က္ကိုပင္ မခံနိုင္ခဲ့ေပ။ အကယ္၍ ကမာၻႀကီးသာ ဒီအေၾကာင္းကို သိသြားခဲ့လွ်င္ သူ႕အင္အားကို မည္သို႔အဆင့္သတ္မွတ္မည္နည္း။
သူေတာ္စင္ဟု ေခၚေဝၚခံရျခင္းမွာ သူ/ သူမ၏ စြမ္းေဆာင္ရည္က သာမန္လူမ်ားထက္ သာလြန္ေန၍ ျဖစ္သည္။
တာ့ယန္ မိုးေကာင္းကင္ေအာက္တြင္ သူေတာ္စင္ ဂုဏ္ပုဒ္ရရွိထားသူမ်ားက ႁခြင္းခ်က္မရွိ ဆရာႀကီးမ်ား ျဖစ္ၾကသည္။
ဓားသူေတာ္စင္က ေလာ့ရွစ္စန္းအေနႏွင့္ သူ႕ဓားစြမ္းရည္ျဖင့္ လက္ခံရရွိနိုင္သည့္ အျမင့္ဆုံး ဂုဏ္ပုဒ္ ျဖစ္သည္။
ဓား႐ူးသုံးေယာက္ထဲမွ တစ္ေယာက္ျဖစ္သည့္ သူ႕အစ္ကိုႀကီး ေလာ့ခ်န္ခ်င္းပင္ ဒီလိုဂုဏ္ပုဒ္မ်ိဳး မရခဲ့ေပ။
ဓားသူေတာ္စင္က ဓားနတ္ဆိုး၏ ဓားတိုက္ကြက္ေအာက္ ရႈံးနိမ့္သြားေလရာ ေလာ့ရွစ္စန္းအတြက္ အႀကီးမားဆုံး ထိႏွက္ခ်က္ ျဖစ္ေနသည္။
သူက ဒီလိုမ်ိဳး ဘယ္လိုဆက္ေနရမွာလဲ …
အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနၿပီးေနာက္ ေလာ့ရွစ္စန္းက ထုတ္ေမးလိုက္သည္။
“ငါ့ကို ဘာလို႔မသတ္တာလဲ ”
အားလုံးက ဓားနတ္ဆိုး၏ အက်င့္ကို သိထားၾကသည္။ သူက သတ္မည္ ေျပာထားပါက သတ္ကိုသတ္လိမ့္မည္။ သူ႕ပစ္မွတ္က မည္သည့္ေနရာေရာက္ေရာက္ ကိစၥမရွိေပ။ သူက ကမာၻအဆုံးအထိ လိုက္ရွာလိမ့္မည္။ သို႔ေသာ္လည္း ဤတစ္ႀကိမ္ သူ႕ဓားက ေသြးမစြန္းရေသးေပ။
ယြီရွန္း႐ုန္က လက္ေျဖလိုက္သည့္အခါ အသက္ရွည္ဓားက ပ်ံတက္သြားၿပီး ဓားအိမ္ထဲ ျပန္ေရာက္သြားသည္။
“ တကယ္လို႔ က်ဳပ္သာ သတ္လိုက္ရင္ ခင္ဗ်ားက က်ဳပ္ဓားေအာက္ ေသဆုံးသြားရတဲ့ ေနာက္ထပ္ ဝိညာဥ္တစ္ခု ျဖစ္သြားမွာပဲ။ ဒါေပမဲ့ … ” ယြီရွန္း႐ုန္၏ ေလသံက ေပ်ာ့ေပ်ာင္းသြားကာ “ ဒီတစ္ခါ ႁခြင္းခ်က္ထားၿပီးေတာ့ အသက္ကို ခ်မ္းသာေပးလိုက္မယ္ ”
ႁခြင္းခ်က္လား …
ေလာ့ရွစ္စန္းက ယြီရွန္း႐ုန္ ဆိုလိုရင္းကို နားမလည္ေပ။
စင္ျမင့္ေပၚရွိ တပည့္မ်ားလည္း ေၾကာင္အမ္းသြားၾကသည္။ သူတို႔ ေလးစားရသည့္ ဆရာက တိုက္ကြက္တစ္ကြက္တည္းျဖင့္ ရႈံးနိမ့္သြားေလရာ သူတို႔ မည္သို႔ မတုန္လႈပ္ဘဲေနမည္နည္း။ သူတို႔က ဒူးမ်ားေပ်ာ့ေခြသြားကာ ေျမျပင္ေပၚ ထိုင္ခ်လိဳက္ရသည္။
အကြာအေဝးေၾကာင့္ သူတို႔က ယြီရွန္း႐ုန္သည္ သူတို႔ဆရာျဖစ္သူႏွင့္ မိတ္ေဆြႏွစ္ေယာက္ စကားစျမည္ေျပာေနသလိုမ်ိဳးကိုသာ ျမင္လိုက္ၾကရသည္။ သူတို႔က ဘာေျပာေနလဲ မၾကားရေပ။
ေလာ့ရွစ္စန္းက နားမလည္စြာ ေမးလိုက္သည္။
“ အဲဆို … ”
“ခင္ဗ်ားမွာ ေ႐ြးခ်ယ္မႈႏွစ္ခုရွိတယ္ ” ယြီရွန္း႐ုန္က ေျပာလိုက္သည္ “ပထမတစ္ခ်က္ ခင္ဗ်ားအသက္ကို ေဟးမုလ်န္ နဲ႕ လဲလိုက္။ ဒုတိယတစ္ခ်က္ ပထမတစ္ခ်က္ကို ျငင္းဆန္ရင္ ခင္ဗ်ားကို သုံးရက္အတြင္း လာသတ္လွည့္မယ္။ က်ဳပ္က ၿပိဳင္ဘက္ရဲ႕ ေ႐ြးခ်ယ္မႈကို အၿမဲတမ္း ေလးစားေပးတဲ့သူပါ ”
“…”
ယြီရွန္း႐ုန္၏ စကားမ်ားက အက်ိဳးအေၾကာင္း သင့္ေသာ္လည္း ေလာ့ရွစ္စန္းက တစ္ခုခု လြဲမွားေနသလိုသာ ခံစားေနရသည္။ သူက မ်က္ေမွာင္အသာၾကဳတ္ကာ “ ေဟးမုလ်န္ က အဖိုးတန္တယ္။ အဲဒါနဲ႕ဆိုရင္ ခ်ီပင္လယ္ ပ်က္စီးသြားရင္ေတာင္ ျပန္ျပင္လို႔ရတယ္။ ႀကီးျမတ္လွတဲ့ ဓားနတ္ဆိုးက ဘာေၾကာင့္မ်ား လိုအပ္ေနတာလဲ”
ယြီရွန္း႐ုန္၏ က်င့္ႀကံဆင့္ႏွင့္ အင္အားကို သက္ေသျပၿပီးၿပီး ျဖစ္၏။
ေလာ့ရွစ္စန္းက ယြီရွန္း႐ုန္သည္ အင္အားႀကီးသည့္ ၿပိဳင္ဘက္ႏွင့္ ရင္ဆိုင္တုန္း ဒဏ္ရာရသြားခဲ့လွ်င္ ကိုယ့္ဘာသာ ကုသဖို႔အတြက္ ႀကိဳတင္ေဆာင္ထားခ်င္သည္ဟုသာ ထင္ေနသည္။
ယြီရွန္း႐ုန္က ၿပဳံးကာ “ခင္ဗ်ား အထင္လြဲေနၿပီ ”
“အို ”
“ေရွာင္ရွစ္ေမ့ ရွိတယ္ေလ။ သူမနာမည္က စီယြမ္အာတဲ့ … သူမက တျခားသူေတြအေပၚ ညင္သာၿပီးေတာ့ ျဖဴျဖဴစင္စင္ ႏူးႏူးညံညံ ေကာင္မေလးမ်ိဳး။ ေဟးမုလ်န္က သူမအတြက္ပါ”
ယြီရွန္း႐ုန္က မိစာၦေဝဟင္ေမွ်ာ္နန္း ရွိရာဆီ လွမ္းေမွ်ာ္ၾကည့္လိုက္သည္။
ေနမင္းအလင္းေရာင္က ျမဴခိုးမ်ားႏွင့္ တိမ္ပင္လယ္ကို ထိုးေဖာက္လာသည္။ သူတို႔က သက္တံေရာင္ အလင္းတန္းအျဖစ္ ေကြးၫြတ္သြားၿပီး ယြီရွန္း႐ုန္၏ ေျဖာင့္မတ္ေနသည့္ ေက်ာေပၚ ျဖာက်လာသည္။
‘ေရွာင္ရွစ္ေမ့တဲ့လား … စီယြမ္အာက ညင္သာႏူးညံ့တယ္တဲ့လား ’
“ ငါ နားမလည္တာ တစ္ခုရွိေသးတယ္ ” ေလာ့ရွစ္စန္းက ေျပာလိုက္သည္။
“ေျပာပါ ” ယြီရွန္း႐ုန္၏ ေလသံက ညင္သာလ်က္ရွိ၏။
“မင္းက မိစာၦေဝဟင္ေမွ်ာ္နန္းကေန ထြက္လာၿပီဆိုေတာ့ တပည့္ထဲက တစ္ေယာက္ မဟုတ္ေတာ့ဘူးေလ။ ဘာလို႔ ကူညီေပးေနရတာလဲ”
“ ကူညီေပးတာတဲ့လား ” ယြီရွန္း႐ုန္က ေခါင္းအသာေစာင္းကာ ခပ္ယဲ့ယဲ့ ၿပဳံးလ်က္ “ေလာ့ရွစ္စန္း … က်ဳပ္ဘာသာ သူ႕ကို ကူညီတာျဖစ္ျဖစ္ မကူညီတာျဖစ္ျဖစ္ ခင္ဗ်ားနဲ႕ ဘာဆိုင္လို႔လဲ ”
ေလာ့ရွစ္စန္းက ေၾကာင္သြားေလသည္။ သူက မတုံ႕ျပန္နိုင္ေတာ့ေပ။
သူ ေျပာတာက အမွန္ျဖစ္၏။
သူ႕ဘာသာ ဘာလုပ္လုပ္ ငါနဲ႕ ဘာဆိုင္လို႔လဲ … ၿပီးေတာ့ ငါက သူ႕ဆီ ရႈံးထားတာေလ
“ ငါတို႔က တစ္ေယာက္နဲ႕ တစ္ေယာက္ မသိၾကေပမဲ့ ဒီတိုက္ပြဲကေန မင္းက အေၾကာင္းအရင္းမရွိဘဲ ျပစ္မႈက်ဴးလြန္တဲ့ လူစားမ်ိဳး မဟုတ္ဘူးဆိုတာ ေျပာနိုင္တယ္။ အားလုံး ကဲ့ရဲ႕ၾကတဲ့ မိစာၦႀကီးျဖစ္ဖို႔ ဘာလို႔ေ႐ြးခ်ယ္ခဲ့တာလဲ ” ေလာ့ရွစ္စန္းက နားမလည္နိုင္ေပ။
ယြီရွန္း႐ုန္၏ အမူအရာက တည္ၿငိမ္ေနဆဲ ျဖစ္ကာ “ က်ဳပ္ကို လာေဖ်ာင္းဖ်ေနတာလား ”
“အာ …” ေလာ့ရွစ္စန္းက ေနရခက္သလို ျဖစ္သြားသည္။
“ က်ဳပ္ကို အဲဒီစကားေတြ ေနာက္ဆုံးေျပာခဲ့တဲ့သူက ခုံမင္ပဲ ” ယြီရွန္း႐ုန္က ေျပာလာသည္။
ခုံမင္လား … မဟာနတၳိဘုရားေက်ာင္းရဲ႕ ခုံမင္လား
ေလာ့ရွစ္စန္းက အံ့ဩသြားသည္။ မဟာနတၳိဘုရားေက်ာင္း၏ ခုံမင္က မိစာၦေဝဟင္ေမွ်ာ္နန္း၏ ငါးေယာက္ေျမာက္ တပည့္ ေက်ာင္းယြဲ႕လက္ခ်က္ျဖင့္ ေသဆုံးသြားသည္ဟု ဆိုၾကသည္။ တကယ့္ တရားခံက ဓားနတ္ဆိုး ယြီရွန္း႐ုန္ ျဖစ္ေနလိမ့္မည္ဟု မထင္ထားခဲ့ေပ။
သို႔ေသာ္လည္း အက်ိဳးအေၾကာင္းသင့္ေလသည္။ ခုံမင္က မဟာနတၳိဘုရားေက်ာင္း၏ အဆင့္ျမင့္ က်င့္ႀကံသူျဖစ္ေလရာ ေက်ာင္းယြဲ႕၏ က်င့္ႀကံဆင့္ေလးျဖင့္ ခုံမင္ကို သတ္နိုင္မည္ မဟုတ္ေခ်။
သို႔ေသာ္လည္း ထိုအရာမ်ားက အေရးမပါေတာ့ေပ။
လူသတ္သမားက မည္သူျဖစ္ေနေစကာမူ ကမာၻႀကီးက မိစာၦေဝဟင္ေမွ်ာ္နန္းဆီသာ အျပစ္ပုံခ်ၾကမည္ ျဖစ္၏။
ယြီရွန္း႐ုန္က ဆက္ေျပာလိုက္သည္။
“ ခုံမင္ လမ္းစဥ္ကို မလိုက္ခ်င္ပါနဲ႕ ”
ေလာ့ရွစ္စန္းက တစ္ခုခုေျပာခ်င္ေသာ္လည္း ပိုေကာင္းသည့္အရာကို စဥ္းစားမိလိုက္သည္။
သူက ဒီအမ်ိဳးသားကို ေဖ်ာင္းဖ်ဖိဳ႕ ႀကိဳးစားေနတာလား … မဟာနတၳိဘုရားေက်ာင္းရဲ႕ ခုံမင္ေတာင္ ေဖ်ာင္းဖ်ဖိဳ႕ ႀကိဳးစားရင္း က်ဆဳံးသြားခဲ့တာေလ။ သူ႕စကားေတြက ယြီရွန္း႐ုန္အေပၚ သက္ေရာက္မႈ ရွိမွာတဲ့လား …
ေလာ့ရွစ္စန္းက သူ႕ေရွ႕မွ အမ်ိဳးသားကို ၾကည့္လိုက္သည္။ သူက ဓားနတ္ဆိုးမွန္း စိတ္ကူးၾကည့္ဖို႔ ခက္လွသည္။
ယြီရွန္း႐ုန္က လက္ပိုက္လ်က္ ေလထဲ လမ္းေလွ်ာက္ထြက္သြားေလသည္။ သူက ျမန္လည္း မျမန္သလို ေႏွးလည္း မေႏွးေပ။ “ က်ဳပ္က ကိုယ့္နိယာမကို အၿမဲလိုက္နာတယ္။ ဘယ္ေတာ့မွ ႁခြင္းခ်က္ မလုပ္ဖူးဘူး။ အခု လုပ္ေပးလိုက္ၿပီဆိုေတာ့ ခင္ဗ်ား တန္ဖိုးထားသင့္တယ္ ”
...