သခင်လေးလင်းအတွက် လက်ဆောင်
...............................................
"မင်း ခေါင်းကိုက်နေတာလား။" ထိုအချိန်တွင် ယွီဝမ်ထုန်က မြင်းရထားလုံးထဲသို့ ဝင်လာပြီး လင်းကျန်က လက်တစ်ဖက်ဖြင့် နားထင်ကိုနှိပ်နယ်ကာ ရထားလုံးနံရံအားမှီနေသည်ကို တွေ့လိုက်ရသည်။
သူကလင်းကျန်၏ဘေးတွင်ထိုင်ကာ လင်းကျန်ကိုရင်ခွင်ထဲပွေ့ဖက်၍ နားထင်များကိုနှိပ်နယ်ပေးသည်။
လင်းကျန်က သူ့ကိုတစ်ချက်သာကြည့်ပြီး မျက်လုံးမှိတ်ထားသည်။
ကနဦးတွင် လင်းကျန်က သူ့ကိုရင်ခွင်ထဲတွင် နာခံစွာဖက်ထားခွင့်ပြု၍ လင်းကျန်က သူ့အားဒေါသမထွက်တော့ဟု ယွီဝမ်ထုန်ထင်လိုက်သော်လည်း သူတိတ်တခိုးပျော်ရွှင်နေစဉ်တွင် လင်းကျန်၏အကြည့်ကသူ့ကို မျက်မှောင်ကြုတ်မိစေသည်။ "ဘာဖြစ်လို့လဲ။" ယွီဝမ်ထုန်ကမေးသည်။
လင်းကျန်က ယွီဝမ်ထုန်၏နှိပ်နယ်ပေးမှုကြောင့် ပို၍သက်တောင့်သက်သာရှိလာကာ ခေါင်းကိုက်ဝေဒနာ သက်သာသွားသည်။ "ကျွန်တော် အချက်အလက်တစ်ချို့ကို အခုလေးတင်သိထားတယ်။ ဒါပေမဲ့ ခင်ဗျားကို အခုတော့ မပြောနိုင်သေးဘူး။"
ယွီဝမ်ထုန်က ခေတ္တမျှတိတ်နေပြီးနောက် မေးသည်။ "အဲ့ဒါက မင်းဦးလေးပြောလိုက်တဲ့ဟာနဲ့ ဆိုင်လား။"
လင်းကျန်က ရုတ်တရက် မတ်မတ်ထိုင်ကာ သူ့ကိုကြည့်သည်။ "ခင်ဗျား ဘယ်လိုလုပ်သိတာလဲ။"
ယွီဝမ်ထုန်၏လက်များ အတွန်းခံလိုက်ရသည်။ ယွီဝမ်ထုန်က သူ့မျက်နှာပေါ်မှ သတိထားနေသော အမူအရာကိုတွေ့ကာ အနည်းငယ်စိတ်မကောင်းဖြစ်သွားပြီး ပြန်ပြောသည်။ "ကိုယ်က ခန့်မှန်းမိရုံပါ။ လွန်ခဲ့တဲ့ရက်ပိုင်းမှာ မင်းက တခြားဆီစိတ်ရောက်နေပြီး အတွင်းအိတ်ကိုလည်း ခဏခဏစမ်းကြည့်နေတာကို ကိုယ်သတိထားမိလို့ ကြက်ကန်းဆန်အိုးတိုးခန့်မှန်းမိတာ။"
သူ့အား တစ်ခုခုက စိတ်ထင့်စေနေသည်ကို ယွီဝမ်ထုန်က အချိန်အတော်ကြာကတည်းကပင် ရိပ်မိနေသည်ကို လင်းကျန်သိလိုက်ရ၍ အနည်းငယ်အံ့ဩမိသည်။
ယွီဝမ်ထုန်က သူအာရုံမထားမိချိန်တွင် စာအိတ်ကိုများ မြင်သွားသလားဟု သူထင်မိခဲ့သည်။ သူ့အမေ၏မျိုးရိုးက အနည်းငယ်သာ အရေးပါနိုင်သကဲ့သို့ လွန်စွာအရေးကြီးသည့်ကိစ္စလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ဤကိစ္စကို မည်သူ့ကိုမှသိခွင့်ပြုရန် အချိန်မကျသေးချေ။ ယခုအခိုက်အတန့်တွင် သူက ဤကိစ္စကို မည်သူ့ထံမှ အရေးမထားဘဲ မပြောနိုင်ပေ။ ယွီဝမ်ထုန်ကလည်း ခြွင်းချက်မဟုတ်ပေ။
'ငါတို့ စေ့စပ်ထားတဲ့ကိစ္စလည်း ရှိသေးတယ်။ ငါ့ရဲ့ရှုပ်ထွေးတဲ့ မျိုးရိုးနောက်ခံနဲ့ဆို ငါနဲ့ယွီဝမ်ထုန် လက်ထပ်ရင်.....နေပါဦး...'
လင်းကျန် လက်မြှောက်ကာ နားထင်ကိုနှိပ်မိပြန်သည်။ သူ့အဖိုးက ထန်းယန်သို့ ယွီဝမ်ထုန်စရောက်လာစဉ်ကတည်းကပင် သူ့အားယွီဝမ်ထုန်နှင့်လက်ထပ်ပေးရန် ဘာကြောင့်စိတ်အားထက်သန်နေသည်ကို သူအကြမ်းဖျင်းနားလည်လာသည်။ သူ့အား သူ့အမေ၏မျိုးရိုးအကြောင်းပြောပြရန် သူ့အဖိုးက ချီတုံချတုံဖြစ်နေရသည့် အကြောင်းရင်းကိုလည်း သူသိလာသည်။
မည်သို့ပင်ဆိုစေ သူက ဤကိစ္စကို သိသွားပြီဖြစ်ရာ ယွီဝမ်ထုန်နှင့် လက်မထပ်နိုင်ပေ။ အနည်းဆုံးတော့ ထိုကိစ္စကို ယွီဝမ်ထုန်အားအသိမပေးဘဲ လက်မထပ်ချင်ပေ။
အခြားတစ်နည်းဖြင့်ပြောရလျှင် သူက သူ့မိသားစုခံစားခဲ့ရသမျှအတွက် များစွာကလဲ့စားချေပြီးသော်လည်း သူတို့ကိုမည်သည့်အချိန်တွင်မဆို ဖျက်ဆီးပစ်နိုင်သည့် ရှိန်လောက်စရာရန်သူ နှစ်ဖွဲ့ခန့်အနည်းဆုံးနှင့် ရင်ဆိုင်နေရသေးသည်။
ယွီဝမ်ထုန်က လင်းကျန်၏လက်များကိုချကာ သူကိုယ်တိုင်ထပ်နှိပ်နယ်ပေးသည်။ "အဲ့ဒါက ဘာပဲဖြစ်ဖြစ် မင်းနဲ့အတူ ကိုယ်ရှိပေးနေမယ်ဆိုတာကို သိစေချင်တယ်။ ကိုယ်ကမင်းကိုလေးစားမှုရှိလို့ မင်းကိုဖိအားပေးပြီး ထုတ်မပြောခိုင်းပေမဲ့ အန္တရာယ်ရှိတာနဲ့ဆိုင်ရင်တော့ ကိုယ့်ကိုမဖြစ်မနေ ပြောရမယ်။"
လင်းကျန်က ခေတ္တမျှ တိတ်နေပြီးနောက် ပြန်ပြောလိုက်သည်။ "အင်း။"
သို့ရာတွင် သိသိသာသာတိတ်ဆိတ်သွားသည့် အခိုက်အတန့်ကြောင့် ယွီဝမ်ထုန်က တစ်ခုခုကို ခန့်မှန်းမိသွားသည်။ သူက မသိမသာ မျက်လုံးမှေးကြည့်သည်။
'ငါ သိသားပဲ။ လင်းကျန် ငါ့ကိုဖုံးထားတဲ့ကိစ္စက အန္တရာယ်ရှိတယ်။' သူကတွေးသည်။
"ကျွန်တော် အဲ့ဒါကို သေချာတွေးဖို့ အချိန်ပေးရမယ်။" လင်းကျန်က ရုတ်တရက်ထပ်ပြောသည်။
'ဒီလောက်ဆို ရပါပြီ။' ဤစကားကြောင့် ခံစားချက်ကောင်းလာသည့် ယွီဝမ်ထုန်က ပြန်ပြောလိုက်သည်။ "အလျင်လိုစရာ မလိုပါဘူး။ အချိန်ယူလို့ရတယ်။"
လင်းကျန်က သူ့ကိုမျက်လုံးပြူးကြည့်သည်။ "အချိန်ယူရမှာလား။ ကျွန်တော် ခင်ဗျားစကားကို မှတ်ထားလိုက်မယ်။"
ယွီဝမ်ထုန်က အခက်တွေ့ကာ တိတ်သွားသည်။
"ဟင့်အင်း။ မင်းအဲ့ဒါကို မြန်နိုင်သမျှမြန်မြန် အဖြေရှာရမယ်။ ကိုယ်က ယဉ်ကျေးဖို့ကြိုးစားနေရုံပဲ။ ကိုယ့်စကားကို အတည်မယူနဲ့။"
လင်းကျန်က ခပ်တိုးတိုးနှာမှုတ်သည်။ သူက အခိုက်အတန့်မျှတွေးပြီးနောက် ယွီဝမ်ထုန်နှိပ်နယ်ဖို့ရာ ပိုအဆင်ပြေစေရန်အတွက် ယွီဝမ်ထုန်၏ရင်ဘတ်ကိုမှီလိုက်သည်။
လင်းကျန်က သူ၏နှိပ်နယ်မှုအား အရသာတွေ့ကာ ကိုယ့်ဘာသာမှီလာသည်ကို ယွီဝမ်ထုန်တွေ့သောအခါ ပွေ့ဖက်ကာ ရှည်ကြာစွာနမ်းချင်မိသည်။ သို့သော် သူ့ထံတွင် လင်းကျန်၏နားထင်များကို နှိပ်နယ်ပေးရမည့်တာဝန်ရှိနေရာ ထိုအတွေးကိုလက်လွှတ်လိုက်ရသည်။
စာထဲတွက် သူ့ဦးလေးရေးထားသောအချက်က သူ့ကိုစိတ်လေးစေသော်လည်း ယွီဝမ်ထုန်ရှိနေခြင်းကြောင့် လင်းကျန် သိပ်စိတ်မပူသကဲ့သို့ ကြောက်လည်းမကြောက်ပေ။ ယွီဝမ်ထုန် နှိပ်နယ်ပေးနေသည်နှင့်အမျှ ခေါင်းကိုက်နေခြင်းက ဖြည်းဖြည်းချင်း ပျောက်သွားကာ သူအိပ်ငိုက်လာသည်။
ယွီဝမ်ထုန်က လင်ကျန်အိပ်နေစဉ်တွင် ပို၍သက်တောင့်သက်သာရှိသော အနေအထားသို့ပြောင်းပေးကာ ဖက်ထားပေးသည်။
ရှားဖုန်းက သူ့ပုခုံးကိုကျော်ကာ လှည့်ကြည့်သည်။ သူကထိုအခြင်းအရာကို လိုက်ကာများကြားရှိ အဟလေးမှတွေ့ကာ လှည်းမောင်းသမားကို မြင်းရထားလုံးအား နှေးနှေးမောင်းရန် ပြောလိုက်သည်။
သူတို့၏ရထားလုံးအရှိန်လျှော့လိုက်သည်နှင့် အနောက်မှပါလာသူများကလည်း နှေးသွားသည်။ ဤသို့အရှိန်လျှော့လိုက်ရာ နဂိုကတည်းကပင် မြန်မြန်ခရီးသွားနေခြင်းမဟုတ်သည့် လှည်းတန်းရှည်က လေ့လာရေးခရီးထွက်လာသကဲ့သို့ နှေးသွားသည်။
အရှေ့မှရထားလုံးများ နှေးသွားသောအခါ အနောက်မှ ကျိုးပင်းချွမ်တို့လည်း အရှိန်လျှော့လိုက်ရသည်။
"ဟာ ထပ်နှေးပြန်ပြီးလား။ ငါတို့တွေ ဒီအရှိန်နဲ့သွားနေရင် မြို့တော်ကိုရောက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ သူတို့မသိဘူးလား။"
ကျန်ရှီက ထိုစကားကိုကြားသောအခါ ပြုံးသည်။ "မင်း သူတို့ကိုသွားပြောကြည့်ပါလား၊ ခေါင်းဆောင်ကျိုး။"
ကျိုးပင်းချွမ်က ချက်ချင်းတိတ်သွားသည်။ 'ဒီလူက ဒီအခြေအနေမျိုးမှာ ယွီဝမ်ထုန်ကိုဒေါသထွက်အောင် သွားလုပ်စေချင်နေတာလား။ ငါ့ကို အရူးများထင်နေလား။'
ကျန်ရှီက သူ့ကိုတစ်ချက်ကြည့်ကာ လိုက်ကာကိုချလိုက်သည်။ သူကခုံကိုမှီထိုင်လိုက်သည်နှင့် အမူအရာမဲ့သွားသည်။
ယွီဝမ်ထုန်ကို ယခင်နေ့ညက ပစ်မှတ်ထားလုပ်ကြံခြင်းအား ကျိုးပင်းချွမ်က သေချာသိနေသည်ဟု သူသံသယရှိမိသည်။ ဧကရာဇ်က မင်းတိုင်ပင်မဟုတ်သည့် ကျိုးပင်းချွမ်ကို ဤတာဝန်လုပ်ရန် လျှို့ဝှက်အမိန့်ပေးထားသည်ဟုပင် သူထင်မိသည်။
ဤခရီးတွင် ကျန်ရှီက ကျိုးပင်းချွမ်ထံမှ တစ်ခုခုအစ်ထုတ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ဘာမှမသိရ၍ တောက်လျှောက်သုန်မှုန်နေခြင်းပင်။
သူ့ကြောင့်ကြောက်နေသည့် မိန်းမစိုးငယ်က သူနှင့်အတူမနေရဲသဖြင့် မြင်းလှည်းမောင်းသမားနှင့်အတူ အပြင်တွင်သွားထိုင်သည်။
*****
နေဝင်သွားမှသာ လင်းကျန်နိုးလာသည်။ လှည်းတန်းက ထန်းယန်၏နယ်စပ်မျဉ်းကို ဖြတ်ကျော်သွားပြီပင်။ ယနေ့ညတွင် သူတို့က ကွင်းပြင်၌ အိပ်ရလိမ့်မည်။
ကိုယ့်ဘာသာကိုယ်အတွေးများနေသော လင်းကျန်က ညစာစားနေချိန်မှာပင် စိတ်လွတ်နေပုံပေါ်သည်။
ဤပုံစံအတိုင်း နှစ်ရက်ခရီးနှင်ပြီးနောက် သူတို့က မြောက်ပိုင်းယန်ကျိုးမှစီရင်စုတစ်ခုထံသို့ ရောက်လာသည်။
စီရင်စု၏အဓိကမြို့ကြီးက အတော်ကျယ်ပြောပြီး ယနေ့တွင် ပွဲရှိပုံပင်။ ထို့ကြောင့် လမ်းအားလုံးတွင် သောင်းသောင်းညံနေခြင်း ဖြစ်ရမည်။
ယွီဝမ်ထုန်က ဤစီရင်စုတွင် တစ်ရက်မျှနားရန် အမိန့်ပေးသည်။
အတွေးထဲတွင် လင်းကျန် နစ်မြောနေသည်မှာ နှစ်ရက်ကြာပြီဖြစ်၍ သူ့အစောင့်များက စိတ်ပူနေကြသည်။
မွန်းတည့်ချိန်၌ သူတို့နေ့လည်စာစားပြီးသောအခါ ယောင်ရိက လင်းကျန်ထံသို့လာကာ ထူးခြားသောလေသံဖြင့် အသိပေးသည်။ "သခင်လေးလင်းဖို့ လက်ဆောင်ပါလာပါတယ်။ အဲ့ဒါက သခင်လေးရဲ့အခန်းထဲမှာပါ။ သခင်လေးလင်း သွားကြည့်ပါလား။"
လင်းကျန်က သူ့ကိုမယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်သည်။ "ကျွန်တော့်အတွက် လက်ဆောင်လား။"
ယောင်ရိက ခေါင်းညှိတ်သည်။ "ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ ငွေကြေးနည်းနည်းလောက်စုပြီး ဝယ်ထားတာပါ။"
'သူတို့အားလုံး ပိုက်ဆံထုတ်ပြီးဝယ်ထားတာလား။' လင်းကျန်က အနည်းငယ်အံ့ဩသွားသော်လည်း ဤလက်ဆောင်ကို လူအများ၏ပိုက်ဆံနှင့်စုဝယ်ထားသည်ဟုပြောရာ အသေးအဖွဲ မဟုတ်လောက်ဟု ထင်သည်။ သူကချက်ချင်းမတ်တပ်ရပ်ကာ အခန်းသို့ပြန်သွားသည်။
လင်းကျန်ပျော်စေရန်လုပ်ရမည်ဟု ယောင်ရိကိုညွှန်ကြားထားသည့် ယွီဝမ်ထုန်က သူ့အနောက်မှလိုက်လာသည်။ 'နောက်ဆုံးတော့ ဒီလူတွေ လှုပ်ရှားပြီပေါ့။' သူကတွေးသည်။
လင်းကျန်က တံခါးကိုဖွင့်ကာ စားပွဲရှိရာသို့ ကြည့်လိုက်သော်လည်း ထိုအပေါ်တွင်ဘာမှမရှိချေ။ ထို့နောက် သူကအခန်းပတ်ပတ်လည်သို့ ကြည့်လိုက်သော်လည်း လက်ဆောင်ကိုမတွေ့ရသေးချေ။ ယောင်ရိတို့က လှည့်စားနေသည်ဟု သူထင်ကာ ထွက်သွားတော့မည်ပြုစဉ်တွင် သူ့အိပ်ရာပေါ်မှ ထူးဆန်းသောအရာကို ရုတ်တရက်တွေ့လိုက်ရသည်။ သူကအခိုက်အတန့်မျှ တုန့်ဆိုင်းနေပြီးနောက် ထိုအနားသို့လျှောက်သွားသည်။
၎င်းက လှုပ်နေသော အရာတစ်ခုခုကို ထွေးပတ်ထားသည့် ခပ်ပါးပါး ချည်အပေါ်ဝတ်ပင်။
လင်းကျန် အံ့ဩသွားသည်။ 'ဒါကဘာလဲ။ အရှင်ကြီးလား။'
သူက စပ်စပ်စုစုဖြင့် အနားသို့တိုးကာ ချည်အပေါ်ဝတ်ကြားတွင်ပေါ်နေသည့် နူးနူးညံ့ညံ့ ချောချောမွေ့မွေ့ အဖြူရောင်သားမွေးကိုလေ့လာကြည့်သည်။
လင်းကျန်က ချည်အပေါ်ဝတ်ကိုဖြေလိုက်ပြီးနောက် ထူးထူးဆန်းဆန်းထွေးပတ်ခံထားရသော အရာကိုမြင်သောအခါ လန့်ဖျပ်သွားပြီး ကျေနပ်အံ့ဩမှုကြောင့် မျက်လုံးပြူးလာသည်။
"ဒါက..."
နူးညံ့သော အမွေးပွသတ္တဝါငယ်လေးက ကိုယ်ကိုဘောလုံးကဲ့သို့ကွေးနေပြီး ခြေလက်များနှင့်အမြီးကို ကိုယ်လုံးအောက်တွင်ဖွက်ကာ နားရွက်နှစ်ဖက်ထောင်၍ မျက်စိမှိတ်ထားသည်။
၎င်းက မြေခွေးပေါက်နှင့်တူသည်။
ဤနူးညံ့သောအကောင်ငယ်လေးက သူ့သည်းခြေကိုရိုက်ခတ်လိုက်သည့်အလား လင်းကျန်က တလက်လက်တောက်ပသော မျက်ဝန်းများဖြင့် ငေးကြည့်နေသည်။ သူက ၎င်းကိုစိတ်ဝင်စားကာ ဖြည်းဖြည်းချင်း အနီးကပ်ငုံ့ကြည့်သည်။
လင်းကျန်နောက်မှလိုက်လာသောယွီဝမ်ထုန်က ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရသည်။ သူက အဖြူရောင်ဘေးလုံးနှင့်တူသော သတ္တဝါကို မျက်လုံးမှေးကာကြည့်သည်။ 'သက်ရှိလား။'
"မြေခွေးလေး။ မြေခွေးပေါက်အဖြူရောင်လေး။" လင်းကျန်က သူ့ကိုလာကြည့်ရန် စိတ်လှုပ်ရှားစွာ လက်ယပ်ခေါ်သည်။
ယွီဝမ်ထုန်က အိပ်ရာနားသို့သွားကာ ထိုမျိုးစိတ်ကိုအတည်ပြုလိုက်သည်။ "အဲ့ဒါက မြေခွေးဖြူပဲ။ သားမွေးအရောင်က သန့်ပြီး ကိုယ်ခန္ဓာကျန်းမာရေးလည်း တော်တော်ကောင်းတယ်။ ဒါတကယ်ရှားတဲ့မျိုးစိတ်ပဲ။"
လင်းကျန်က လက်ဆန့်ကာ မြေခွေးလေးကို ခေါင်းမှနောက်ကျောအထိ ညင်ညင်သာသာ ပွတ်သပ်ပေးသည်။ ထိုအကောင်လေး၏ နူးညံ့နွေးထွေးသောအထိအတွေ့က သူ့လက်ကိုပင်တုန်စေသည်။ ၎င်းသည် အားတပေါက်စအရွယ်က အမွေးလုံးကဲ့သို့ဖြစ်နေပုံကို ပြန်သတိရစေသည်။
"သူတို့က ဒါလေးကို ဘယ်လိုရလာတာလဲ။ တကယ်အံ့ဩစရာပဲ။" လင်းကျန်က ပျော်ရွှင်စွာပြောသည်။
ယွီဝမ်ထုန်က "အင်း။" ဟု ခပ်တိုးတိုး ဆိုပြီးနောက် ထပ်ပြောလိုက်သည်။ "ပြီးရင် ကိုယ်သူတို့ကို ဆုချလိုက်မယ်။"
လင်းကျန်က ထပ်ကာထပ်ကာခေါင်းညှိတ်သည်။ "ကျွန်တော်လည်း သူတို့ကို ကျေးဇူးတင်ရမယ်။"
"သူတို့က မင်းပျော်အောင်လို့ ဒီလိုလုပ်တာလေ။ ကိုယ်ဆုချတာနဲ့တင် လုံလောက်ပြီ။" ယွီဝမ်ထုန်က မှတ်ချက်ပြုသည်။
"သူတို့က တအားတွေးတတ်လို့ ဒီလိုလုပ်တာလေ။ ကျွန်တော်ကိုယ်တိုင် သူတို့ကိုကျေးဇူးတင်ရမယ်။" လင်းကျန်က မြေခွေးပေါက်ကို ငေးကြည့်နေရသဖြင့် ယွီဝမ်ထုန်ကိုပင် ပြန်လှည့်မကြည့်နိုင်ပေ။
"အားတ ပေါက်စအရွယ်တုန်းကလည်း ဒီမြေခွေးလေးလိုပဲ အမွေးလုံးနဲ့တူတယ်။ လုံးဝအံ့ဩစရာကောင်းတယ်။ အဲ့ဒီအချိန်တုန်းက မောက်မောက်လည်း တော်တော်ငယ်သေးတယ်။ သူတို့တွေက ပေါက်စနှစ်ကောင်လေ။ သူတို့နှစ်ယောက်လုံးက ကျွန်တော့်ကို သူတို့ရဲ့ ခြေတံတိုတိုလေးတွေနဲ့ ပြိုင်ရှာတတ်တယ်။ သူတို့ တော့တီးတော့တလျှောက်နေတိုင်း ကျွန်တော်ရယ်ရတယ်။" လင်းကျန်က ယွီဝမ်ထုန်ကို အတိတ်အကြောင်း ပြောမိသည်။
အံ့ဩစရာကောင်းသည်မှာ သူအတိတ်ကိုပြန်တွေးနေစဉ်တွင် ထိုနေ့များမှမှတ်ဉာဏ်က အချိန်အတော်ကြာနေပုံပေါ်သည်။ သူ၏ယခင်ဘဝမှဖြစ်ရပ်များက တသလွမ်းဆွတ်ဖွယ်ရာပင်။
ဤစကားလုံးများက ယွီဝမ်ထုန်၏နှလုံးသားကို အရည်ပျော်စေသည်။ ၎င်းမှာ လင်းကျန်ပြောသော ပေါက်စနှစ်ယောက်ကြောင့်မဟုတ်ဘဲ လင်းကျန်ကြောင့်ပင်။ ထိုအချိန်တွင် လင်းကျန်ကမည်သို့သောပုံစံဖြစ်နေမလဲဟု သူတွေးမိသည်။ သူအတွေ့အကြုံစရှိခါစ ဆယ်ကျော်သက်အရွယ်တွင် သူ့ညီလေးကိုချီရန် ငုံ့ကိုင်းလိမ့်မည်။ သူကဟန်ဆောင်၍မျက်နှာတည်ကာ ညီလေးကို ဆုံးမလိမ့်မည်။ ၎င်းက အလွန့်အလွန် သနားစရာကောင်းသောမြင်ကွင်း ဖြစ်မည်ဟု ယွီဝမ်ထုန်ယုံသည်။
ယွီဝမ်ထုန်က ဖြည်းဖြည်းချင်း အသက်ရှူထုတ်ကာ သူ့အရှေ့မှလင်းကျန်ကိုကြည့်၍ မေးလိုက်သည်။ "အဲ့အကောင်လေးကို အပြင်ခေါ်သွားပြီး လမ်းခဏလျှောက်မလား။"
လင်းကျန်က အတိတ်မှအဖြစ်အပျက်များထဲမှထွက်လာကာ ခေါင်းခါပြီးပြန်ပြောလိုက်သည်။ "သူက ငယ်သေးတယ်။ သူ့ကိုလေစိမ်းနဲ့ကြာကြာထိခိုင်းလို့ မကောင်းဘူး။ ဒီမှာပဲ ထားရအောင်။ ဒါနဲ့ မြေခွေးပေါက်တစ်ကောင်ကို ဘယ်လိုပျိုးထောင်ရမယ်ဆိုတာ ယောင်ရိတို့ဆီသွားမေးရဦးမယ်။"
'ဟုတ်တယ်။ သူတို့တွေက အဲ့ဒီအကြောင်း အားလုံးသိမယ်လို့ ကိုယ်လောင်းရဲတယ်။' ယွီဝမ်ထုန်က တိတ်တိတ်လေး နှာမှုတ်ကာတွေးသည်။
"စီရင်စုအဓိကမြို့ကြီးထဲမှာ အဲ့ဒါကိုဘယ်လိုပျိုးထောင်ရမလဲဆိုတာသိတဲ့ တစ်ယောက်ယောက်တော့ ရှိလိမ့်မယ်။ ကိုယ်တို့တွေ အဲ့ဒီကိုသွားမေးရင်ကောင်းမယ်။"
လင်းကျန်က ခါးပြန်မတ်သည်။ "ကောင်းပြီ။"
သူက မြေခွေးပေါက်ကို ချစ်ခင်စွာထပ်ပွတ်သပ်ပေးပြန်သည်။ ယခုအကြိမ်တွင် မြေခွေးလေးက သူ၏ခန္ဓာကိုယ်နှင့်လိုက်ဖက်သော နူးနူးညံ့ညံ့ညည်းသံကိုထုတ်ပေးသဖြင့် လင်းကျန်မှာမခွာရက်ပေ။ "သူနိုးလာပြီ။"
သို့ရာတွင် မြေခွေးပေါက်က ခေတ္တမျှသာနိုးလာပြီး နှစ်ခါ တအီအီညည်းသည်။ သူက မျက်လုံးပင်မဖွင့်ချေ။ မြေခွေးပေါက်က လင်းကျန်၏ပွတ်ပေးနေသည့်လက်ကို ပြန်ပွတ်တိုက်ပြီးနောက် ထပ်အိပ်ပျော်သွားပြီး များမကြာမီအထိ နိုးလာမည့်ပုံမပေါ်ချေ။
လင်းကျန်က ထိုအကောင်လေးအိပ်နေသည်ကို ဝမ်းနည်းစွာကြည့်သည်။ "ကျွန်တော်က သူနိုးလာပြီလို့ ထင်လိုက်တာ။"
ယွီဝမ်ထုန်က သူအခန်းထဲသို့ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း လင်းကျန်၏အကြည့်က ထိုမြေခွေးပေါက်ထံတွင်သာ တစ်ချိန်လုံးရှိနေသဖြင့် လုံးဝလစ်လျူရှုခံထားရသည်။
"သွားရအောင်။ စီရင်စုရဲ့အဓိကမြို့ကြီးမှာ ဒီနေ့လူစည်နေတယ်။ ကံကောင်းရင် တကယ်ကျွမ်းကျင်တဲ့လူနဲ့ လမ်းပေါ်မှာတွေ့နိုင်တယ်။"
လင်းကျန်က ခေါင်းညှိတ်သည်။ ယခုတစ်ကြိမ်တွင်မှ သူကမြေခွေးပေါက်ထံမှ အကြည့်လွှဲသည်။
ယွီဝမ်ထုန်က ဤအခွင့်အရေးကိုအသုံးချကာ လင်းကျန်ကိုအခန်းထဲမှ ခေါ်ထုတ်သွားသည်။ မြင်ကွင်းထဲတွင် မြေခွေးဖြူလေးမရှိတော့သောအခါ လင်းကျန်၏အကြည့်က ယွီဝမ်ထုန့်ထံသို့ ပြန်ရောက်လာသည်။ "သူ့ကို မြို့တော်ဆီ ခေါ်သွားလို့ ကောင်းပါ့မလား။"
လင်းကျန်နောက်ထပ် ထပ်ပြောသည့်စကားက မြေခွေးဖြူလေးအကြောင်း ဖြစ်နေဆဲပင်။
စိတ်တိုသောကြောင့် ယွီဝမ်ထုန် မျက်နှာမည်းသွားသည်။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
သခင္ေလးလင္းအတြက္ လက္ေဆာင္
...............................................
"မင္း ေခါင္းကိုက္ေနတာလား။" ထိုအခ်ိန္တြင္ ယြီဝမ္ထုန္က ျမင္းရထားလုံးထဲသို႔ ဝင္လာၿပီး လင္းက်န္က လက္တစ္ဖက္ျဖင့္ နားထင္ကိုႏွိပ္နယ္ကာ ရထားလုံးနံရံအားမွီေနသည္ကို ေတြ႕လိုက္ရသည္။
သူကလင္းက်န္၏ေဘးတြင္ထိုင္ကာ လင္းက်န္ကိုရင္ခြင္ထဲေပြ႕ဖက္၍ နားထင္မ်ားကိုႏွိပ္နယ္ေပးသည္။
လင္းက်န္က သူ႕ကိုတစ္ခ်က္သာၾကည့္ၿပီး မ်က္လုံးမွိတ္ထားသည္။
ကနဦးတြင္ လင္းက်န္က သူ႕ကိုရင္ခြင္ထဲတြင္ နာခံစြာဖက္ထားခြင့္ျပဳ၍ လင္းက်န္က သူ႕အားေဒါသမထြက္ေတာ့ဟု ယြီဝမ္ထုန္ထင္လိုက္ေသာ္လည္း သူတိတ္တခိုးေပ်ာ္႐ႊင္ေနစဥ္တြင္ လင္းက်န္၏အၾကည့္ကသူ႕ကို မ်က္ေမွာင္ၾကဳတ္မိေစသည္။ "ဘာျဖစ္လို႔လဲ။" ယြီဝမ္ထုန္ကေမးသည္။
လင္းက်န္က ယြီဝမ္ထုန္၏ႏွိပ္နယ္ေပးမႈေၾကာင့္ ပို၍သက္ေတာင့္သက္သာရွိလာကာ ေခါင္းကိုက္ေဝဒနာ သက္သာသြားသည္။ "ကြၽန္ေတာ္ အခ်က္အလက္တစ္ခ်ိဳ႕ကို အခုေလးတင္သိထားတယ္။ ဒါေပမဲ့ ခင္ဗ်ားကို အခုေတာ့ မေျပာနိုင္ေသးဘူး။"
ယြီဝမ္ထုန္က ေခတၱမွ်တိတ္ေနၿပီးေနာက္ ေမးသည္။ "အဲ့ဒါက မင္းဦးေလးေျပာလိုက္တဲ့ဟာနဲ႕ ဆိုင္လား။"
လင္းက်န္က ႐ုတ္တရက္ မတ္မတ္ထိုင္ကာ သူ႕ကိုၾကည့္သည္။ "ခင္ဗ်ား ဘယ္လိုလုပ္သိတာလဲ။"
ယြီဝမ္ထုန္၏လက္မ်ား အတြန္းခံလိုက္ရသည္။ ယြီဝမ္ထုန္က သူ႕မ်က္ႏွာေပၚမွ သတိထားေနေသာ အမူအရာကိုေတြ႕ကာ အနည္းငယ္စိတ္မေကာင္းျဖစ္သြားၿပီး ျပန္ေျပာသည္။ "ကိုယ္က ခန့္မွန္းမိ႐ုံပါ။ လြန္ခဲ့တဲ့ရက္ပိုင္းမွာ မင္းက တျခားဆီစိတ္ေရာက္ေနၿပီး အတြင္းအိတ္ကိုလည္း ခဏခဏစမ္းၾကည့္ေနတာကို ကိုယ္သတိထားမိလို႔ ၾကက္ကန္းဆန္အိုးတိုးခန့္မွန္းမိတာ။"
သူ႕အား တစ္ခုခုက စိတ္ထင့္ေစေနသည္ကို ယြီဝမ္ထုန္က အခ်ိန္အေတာ္ၾကာကတည္းကပင္ ရိပ္မိေနသည္ကို လင္းက်န္သိလိုက္ရ၍ အနည္းငယ္အံ့ဩမိသည္။
ယြီဝမ္ထုန္က သူအာ႐ုံမထားမိခ်ိန္တြင္ စာအိတ္ကိုမ်ား ျမင္သြားသလားဟု သူထင္မိခဲ့သည္။ သူ႕အေမ၏မ်ိဳးရိုးက အနည္းငယ္သာ အေရးပါနိုင္သကဲ့သို႔ လြန္စြာအေရးႀကီးသည့္ကိစၥလည္း ျဖစ္နိုင္သည္။ မည္သို႔ပင္ဆိုေစ ဤကိစၥကို မည္သူ႕ကိုမွသိခြင့္ျပဳရန္ အခ်ိန္မက်ေသးေခ်။ ယခုအခိုက္အတန့္တြင္ သူက ဤကိစၥကို မည္သူ႕ထံမွ အေရးမထားဘဲ မေျပာနိုင္ေပ။ ယြီဝမ္ထုန္ကလည္း ႁခြင္းခ်က္မဟုတ္ေပ။
'ငါတို႔ ေစ့စပ္ထားတဲ့ကိစၥလည္း ရွိေသးတယ္။ ငါ့ရဲ႕ရႈပ္ေထြးတဲ့ မ်ိဳးရိုးေနာက္ခံနဲ႕ဆို ငါနဲ႕ယြီဝမ္ထုန္ လက္ထပ္ရင္.....ေနပါဦး...'
လင္းက်န္ လက္ျမႇောက္ကာ နားထင္ကိုႏွိပ္မိျပန္သည္။ သူ႕အဖိုးက ထန္းယန္သို႔ ယြီဝမ္ထုန္စေရာက္လာစဥ္ကတည္းကပင္ သူ႕အားယြီဝမ္ထုန္ႏွင့္လက္ထပ္ေပးရန္ ဘာေၾကာင့္စိတ္အားထက္သန္ေနသည္ကို သူအၾကမ္းဖ်င္းနားလည္လာသည္။ သူ႕အား သူ႕အေမ၏မ်ိဳးရိုးအေၾကာင္းေျပာျပရန္ သူ႕အဖိုးက ခ်ီတုံခ်တဳံျဖစ္ေနရသည့္ အေၾကာင္းရင္းကိုလည္း သူသိလာသည္။
မည္သို႔ပင္ဆိုေစ သူက ဤကိစၥကို သိသြားၿပီျဖစ္ရာ ယြီဝမ္ထုန္ႏွင့္ လက္မထပ္နိုင္ေပ။ အနည္းဆုံးေတာ့ ထိုကိစၥကို ယြီဝမ္ထုန္အားအသိမေပးဘဲ လက္မထပ္ခ်င္ေပ။
အျခားတစ္နည္းျဖင့္ေျပာရလွ်င္ သူက သူ႕မိသားစုခံစားခဲ့ရသမွ်အတြက္ မ်ားစြာကလဲ့စားေခ်ၿပီးေသာ္လည္း သူတို႔ကိုမည္သည့္အခ်ိန္တြင္မဆို ဖ်က္ဆီးပစ္နိုင္သည့္ ရွိန္ေလာက္စရာရန္သူ ႏွစ္ဖြဲ႕ခန့္အနည္းဆုံးႏွင့္ ရင္ဆိုင္ေနရေသးသည္။
ယြီဝမ္ထုန္က လင္းက်န္၏လက္မ်ားကိုခ်ကာ သူကိုယ္တိုင္ထပ္ႏွိပ္နယ္ေပးသည္။ "အဲ့ဒါက ဘာပဲျဖစ္ျဖစ္ မင္းနဲ႕အတူ ကိုယ္ရွိေပးေနမယ္ဆိုတာကို သိေစခ်င္တယ္။ ကိုယ္ကမင္းကိုေလးစားမႈရွိလို႔ မင္းကိုဖိအားေပးၿပီး ထုတ္မေျပာခိုင္းေပမဲ့ အႏၱရာယ္ရွိတာနဲ႕ဆိုင္ရင္ေတာ့ ကိုယ့္ကိုမျဖစ္မေန ေျပာရမယ္။"
လင္းက်န္က ေခတၱမွ် တိတ္ေနၿပီးေနာက္ ျပန္ေျပာလိုက္သည္။ "အင္း။"
သို႔ရာတြင္ သိသိသာသာတိတ္ဆိတ္သြားသည့္ အခိုက္အတန့္ေၾကာင့္ ယြီဝမ္ထုန္က တစ္ခုခုကို ခန့္မွန္းမိသြားသည္။ သူက မသိမသာ မ်က္လုံးေမွးၾကည့္သည္။
'ငါ သိသားပဲ။ လင္းက်န္ ငါ့ကိုဖုံးထားတဲ့ကိစၥက အႏၱရာယ္ရွိတယ္။' သူကေတြးသည္။
"ကြၽန္ေတာ္ အဲ့ဒါကို ေသခ်ာေတြးဖို႔ အခ်ိန္ေပးရမယ္။" လင္းက်န္က ႐ုတ္တရက္ထပ္ေျပာသည္။
'ဒီေလာက္ဆို ရပါၿပီ။' ဤစကားေၾကာင့္ ခံစားခ်က္ေကာင္းလာသည့္ ယြီဝမ္ထုန္က ျပန္ေျပာလိုက္သည္။ "အလ်င္လိုစရာ မလိုပါဘူး။ အခ်ိန္ယူလို႔ရတယ္။"
လင္းက်န္က သူ႕ကိုမ်က္လုံးျပဴးၾကည့္သည္။ "အခ်ိန္ယူရမွာလား။ ကြၽန္ေတာ္ ခင္ဗ်ားစကားကို မွတ္ထားလိုက္မယ္။"
ယြီဝမ္ထုန္က အခက္ေတြ႕ကာ တိတ္သြားသည္။
"ဟင့္အင္း။ မင္းအဲ့ဒါကို ျမန္နိုင္သမွ်ျမန္ျမန္ အေျဖရွာရမယ္။ ကိုယ္က ယဥ္ေက်းဖို႔ႀကိဳးစားေန႐ုံပဲ။ ကိုယ့္စကားကို အတည္မယူနဲ႕။"
လင္းက်န္က ခပ္တိုးတိုးႏွာမႈတ္သည္။ သူက အခိုက္အတန့္မွ်ေတြးၿပီးေနာက္ ယြီဝမ္ထုန္ႏွိပ္နယ္ဖို႔ရာ ပိုအဆင္ေျပေစရန္အတြက္ ယြီဝမ္ထုန္၏ရင္ဘတ္ကိုမွီလိုက္သည္။
လင္းက်န္က သူ၏ႏွိပ္နယ္မႈအား အရသာေတြ႕ကာ ကိုယ့္ဘာသာမွီလာသည္ကို ယြီဝမ္ထုန္ေတြ႕ေသာအခါ ေပြ႕ဖက္ကာ ရွည္ၾကာစြာနမ္းခ်င္မိသည္။ သို႔ေသာ္ သူ႕ထံတြင္ လင္းက်န္၏နားထင္မ်ားကို ႏွိပ္နယ္ေပးရမည့္တာဝန္ရွိေနရာ ထိုအေတြးကိုလက္လႊတ္လိုက္ရသည္။
စာထဲတြက္ သူ႕ဦးေလးေရးထားေသာအခ်က္က သူ႕ကိုစိတ္ေလးေစေသာ္လည္း ယြီဝမ္ထုန္ရွိေနျခင္းေၾကာင့္ လင္းက်န္ သိပ္စိတ္မပူသကဲ့သို႔ ေၾကာက္လည္းမေၾကာက္ေပ။ ယြီဝမ္ထုန္ ႏွိပ္နယ္ေပးေနသည္ႏွင့္အမွ် ေခါင္းကိုက္ေနျခင္းက ျဖည္းျဖည္းခ်င္း ေပ်ာက္သြားကာ သူအိပ္ငိုက္လာသည္။
ယြီဝမ္ထုန္က လင္က်န္အိပ္ေနစဥ္တြင္ ပို၍သက္ေတာင့္သက္သာရွိေသာ အေနအထားသို႔ေျပာင္းေပးကာ ဖက္ထားေပးသည္။
ရွားဖုန္းက သူ႕ပုခုံးကိုေက်ာ္ကာ လွည့္ၾကည့္သည္။ သူကထိုအျခင္းအရာကို လိုက္ကာမ်ားၾကားရွိ အဟေလးမွေတြ႕ကာ လွည္းေမာင္းသမားကို ျမင္းရထားလုံးအား ႏွေးႏွေးေမာင္းရန္ ေျပာလိုက္သည္။
သူတို႔၏ရထားလုံးအရွိန္ေလွ်ာ့လိုက္သည္ႏွင့္ အေနာက္မွပါလာသူမ်ားကလည္း ႏွေးသြားသည္။ ဤသို႔အရွိန္ေလွ်ာ့လိုက္ရာ နဂိုကတည္းကပင္ ျမန္ျမန္ခရီးသြားေနျခင္းမဟုတ္သည့္ လွည္းတန္းရွည္က ေလ့လာေရးခရီးထြက္လာသကဲ့သို႔ ႏွေးသြားသည္။
အေရွ႕မွရထားလုံးမ်ား ႏွေးသြားေသာအခါ အေနာက္မွ က်ိဳးပင္းခြၽမ္တို႔လည္း အရွိန္ေလွ်ာ့လိုက္ရသည္။
"ဟာ ထပ္ႏွေးျပန္ၿပီးလား။ ငါတို႔ေတြ ဒီအရွိန္နဲ႕သြားေနရင္ ၿမိဳ႕ေတာ္ကိုေရာက္ဖို႔ ဘယ္ေလာက္ၾကာမလဲဆိုတာ သူတို႔မသိဘူးလား။"
က်န္ရွီက ထိုစကားကိုၾကားေသာအခါ ၿပဳံးသည္။ "မင္း သူတို႔ကိုသြားေျပာၾကည့္ပါလား၊ ေခါင္းေဆာင္က်ိဳး။"
က်ိဳးပင္းခြၽမ္က ခ်က္ခ်င္းတိတ္သြားသည္။ 'ဒီလူက ဒီအေျခအေနမ်ိဳးမွာ ယြီဝမ္ထုန္ကိုေဒါသထြက္ေအာင္ သြားလုပ္ေစခ်င္ေနတာလား။ ငါ့ကို အ႐ူးမ်ားထင္ေနလား။'
က်န္ရွီက သူ႕ကိုတစ္ခ်က္ၾကည့္ကာ လိုက္ကာကိုခ်လိဳက္သည္။ သူကခုံကိုမွီထိုင္လိုက္သည္ႏွင့္ အမူအရာမဲ့သြားသည္။
ယြီဝမ္ထုန္ကို ယခင္ေန႕ညက ပစ္မွတ္ထားလုပ္ႀကံျခင္းအား က်ိဳးပင္းခြၽမ္က ေသခ်ာသိေနသည္ဟု သူသံသယရွိမိသည္။ ဧကရာဇ္က မင္းတိုင္ပင္မဟုတ္သည့္ က်ိဳးပင္းခြၽမ္ကို ဤတာဝန္လုပ္ရန္ လွ်ို႔ဝွက္အမိန့္ေပးထားသည္ဟုပင္ သူထင္မိသည္။
ဤခရီးတြင္ က်န္ရွီက က်ိဳးပင္းခြၽမ္ထံမွ တစ္ခုခုအစ္ထုတ္နိုင္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ဘာမွမသိရ၍ ေတာက္ေလွ်ာက္သုန္မႈန္ေနျခင္းပင္။
သူ႕ေၾကာင့္ေၾကာက္ေနသည့္ မိန္းမစိုးငယ္က သူႏွင့္အတူမေနရဲသျဖင့္ ျမင္းလွည္းေမာင္းသမားႏွင့္အတူ အျပင္တြင္သြားထိုင္သည္။
*****
ေနဝင္သြားမွသာ လင္းက်န္နိုးလာသည္။ လွည္းတန္းက ထန္းယန္၏နယ္စပ္မ်ဥ္းကို ျဖတ္ေက်ာ္သြားၿပီပင္။ ယေန႕ညတြင္ သူတို႔က ကြင္းျပင္၌ အိပ္ရလိမ့္မည္။
ကိုယ့္ဘာသာကိုယ္အေတြးမ်ားေနေသာ လင္းက်န္က ညစာစားေနခ်ိန္မွာပင္ စိတ္လြတ္ေနပုံေပၚသည္။
ဤပုံစံအတိုင္း ႏွစ္ရက္ခရီးႏွင္ၿပီးေနာက္ သူတို႔က ေျမာက္ပိုင္းယန္က်ိဳးမွစီရင္စုတစ္ခုထံသို႔ ေရာက္လာသည္။
စီရင္စု၏အဓိကၿမိဳ႕ႀကီးက အေတာ္က်ယ္ေျပာၿပီး ယေန႕တြင္ ပြဲရွိပုံပင္။ ထို႔ေၾကာင့္ လမ္းအားလုံးတြင္ ေသာင္းေသာင္းညံေနျခင္း ျဖစ္ရမည္။
ယြီဝမ္ထုန္က ဤစီရင္စုတြင္ တစ္ရက္မွ်နားရန္ အမိန့္ေပးသည္။
အေတြးထဲတြင္ လင္းက်န္ နစ္ေျမာေနသည္မွာ ႏွစ္ရက္ၾကာၿပီျဖစ္၍ သူ႕အေစာင့္မ်ားက စိတ္ပူေနၾကသည္။
မြန္းတည့္ခ်ိန္၌ သူတို႔ေန႕လည္စာစားၿပီးေသာအခါ ေယာင္ရိက လင္းက်န္ထံသို႔လာကာ ထူးျခားေသာေလသံျဖင့္ အသိေပးသည္။ "သခင္ေလးလင္းဖို႔ လက္ေဆာင္ပါလာပါတယ္။ အဲ့ဒါက သခင္ေလးရဲ႕အခန္းထဲမွာပါ။ သခင္ေလးလင္း သြားၾကည့္ပါလား။"
လင္းက်န္က သူ႕ကိုမယုံၾကည္နိုင္ေသာ အမူအရာျဖင့္ ၾကည့္သည္။ "ကြၽန္ေတာ့္အတြက္ လက္ေဆာင္လား။"
ေယာင္ရိက ေခါင္းညွိတ္သည္။ "ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ေတြ ေငြေၾကးနည္းနည္းေလာက္စုၿပီး ဝယ္ထားတာပါ။"
'သူတို႔အားလုံး ပိုက္ဆံထုတ္ၿပီးဝယ္ထားတာလား။' လင္းက်န္က အနည္းငယ္အံ့ဩသြားေသာ္လည္း ဤလက္ေဆာင္ကို လူအမ်ား၏ပိုက္ဆံႏွင့္စုဝယ္ထားသည္ဟုေျပာရာ အေသးအဖြဲ မဟုတ္ေလာက္ဟု ထင္သည္။ သူကခ်က္ခ်င္းမတ္တပ္ရပ္ကာ အခန္းသို႔ျပန္သြားသည္။
လင္းက်န္ေပ်ာ္ေစရန္လုပ္ရမည္ဟု ေယာင္ရိကိုၫႊန္ၾကားထားသည့္ ယြီဝမ္ထုန္က သူ႕အေနာက္မွလိုက္လာသည္။ 'ေနာက္ဆုံးေတာ့ ဒီလူေတြ လႈပ္ရွားၿပီေပါ့။' သူကေတြးသည္။
လင္းက်န္က တံခါးကိုဖြင့္ကာ စားပြဲရွိရာသို႔ ၾကည့္လိုက္ေသာ္လည္း ထိုအေပၚတြင္ဘာမွမရွိေခ်။ ထို႔ေနာက္ သူကအခန္းပတ္ပတ္လည္သို႔ ၾကည့္လိုက္ေသာ္လည္း လက္ေဆာင္ကိုမေတြ႕ရေသးေခ်။ ေယာင္ရိတို႔က လွည့္စားေနသည္ဟု သူထင္ကာ ထြက္သြားေတာ့မည္ျပဳစဥ္တြင္ သူ႕အိပ္ရာေပၚမွ ထူးဆန္းေသာအရာကို ႐ုတ္တရက္ေတြ႕လိုက္ရသည္။ သူကအခိုက္အတန့္မွ် တုန့္ဆိုင္းေနၿပီးေနာက္ ထိုအနားသို႔ေလွ်ာက္သြားသည္။
၎က လႈပ္ေနေသာ အရာတစ္ခုခုကို ေထြးပတ္ထားသည့္ ခပ္ပါးပါး ခ်ည္အေပၚဝတ္ပင္။
လင္းက်န္ အံ့ဩသြားသည္။ 'ဒါကဘာလဲ။ အရွင္ႀကီးလား။'
သူက စပ္စပ္စုစုျဖင့္ အနားသို႔တိုးကာ ခ်ည္အေပၚဝတ္ၾကားတြင္ေပၚေနသည့္ ႏူးႏူးညံ့ညံ့ ေခ်ာေခ်ာေမြ႕ေမြ႕ အျဖဴေရာင္သားေမြးကိုေလ့လာၾကည့္သည္။
လင္းက်န္က ခ်ည္အေပၚဝတ္ကိုေျဖလိုက္ၿပီးေနာက္ ထူးထူးဆန္းဆန္းေထြးပတ္ခံထားရေသာ အရာကိုျမင္ေသာအခါ လန့္ဖ်ပ္သြားၿပီး ေက်နပ္အံ့ဩမႈေၾကာင့္ မ်က္လုံးျပဴးလာသည္။
"ဒါက..."
ႏူးညံ့ေသာ အေမြးပြသတၱဝါငယ္ေလးက ကိုယ္ကိုေဘာလုံးကဲ့သို႔ေကြးေနၿပီး ေျခလက္မ်ားႏွင့္အၿမီးကို ကိုယ္လုံးေအာက္တြင္ဖြက္ကာ နား႐ြက္ႏွစ္ဖက္ေထာင္၍ မ်က္စိမွိတ္ထားသည္။
၎က ေျမေခြးေပါက္ႏွင့္တူသည္။
ဤႏူးညံ့ေသာအေကာင္ငယ္ေလးက သူ႕သည္းေျခကိုရိုက္ခတ္လိုက္သည့္အလား လင္းက်န္က တလက္လက္ေတာက္ပေသာ မ်က္ဝန္းမ်ားျဖင့္ ေငးၾကည့္ေနသည္။ သူက ၎ကိုစိတ္ဝင္စားကာ ျဖည္းျဖည္းခ်င္း အနီးကပ္ငုံ႕ၾကည့္သည္။
လင္းက်န္ေနာက္မွလိုက္လာေသာယြီဝမ္ထုန္က ျဖစ္စဥ္တစ္ခုလုံးကို ျမင္လိုက္ရသည္။ သူက အျဖဴေရာင္ေဘးလုံးႏွင့္တူေသာ သတၱဝါကို မ်က္လုံးေမွးကာၾကည့္သည္။ 'သက္ရွိလား။'
"ေျမေခြးေလး။ ေျမေခြးေပါက္အျဖဴေရာင္ေလး။" လင္းက်န္က သူ႕ကိုလာၾကည့္ရန္ စိတ္လႈပ္ရွားစြာ လက္ယပ္ေခၚသည္။
ယြီဝမ္ထုန္က အိပ္ရာနားသို႔သြားကာ ထိုမ်ိဳးစိတ္ကိုအတည္ျပဳလိုက္သည္။ "အဲ့ဒါက ေျမေခြးျဖဴပဲ။ သားေမြးအေရာင္က သန့္ၿပီး ကိုယ္ခႏၶာက်န္းမာေရးလည္း ေတာ္ေတာ္ေကာင္းတယ္။ ဒါတကယ္ရွားတဲ့မ်ိဳးစိတ္ပဲ။"
လင္းက်န္က လက္ဆန့္ကာ ေျမေခြးေလးကို ေခါင္းမွေနာက္ေက်ာအထိ ညင္ညင္သာသာ ပြတ္သပ္ေပးသည္။ ထိုအေကာင္ေလး၏ ႏူးညံ့ႏြေးေထြးေသာအထိအေတြ႕က သူ႕လက္ကိုပင္တုန္ေစသည္။ ၎သည္ အားတေပါက္စအ႐ြယ္က အေမြးလုံးကဲ့သို႔ျဖစ္ေနပုံကို ျပန္သတိရေစသည္။
"သူတို႔က ဒါေလးကို ဘယ္လိုရလာတာလဲ။ တကယ္အံ့ဩစရာပဲ။" လင္းက်န္က ေပ်ာ္႐ႊင္စြာေျပာသည္။
ယြီဝမ္ထုန္က "အင္း။" ဟု ခပ္တိုးတိုး ဆိုၿပီးေနာက္ ထပ္ေျပာလိုက္သည္။ "ၿပီးရင္ ကိုယ္သူတို႔ကို ဆုခ်လိဳက္မယ္။"
လင္းက်န္က ထပ္ကာထပ္ကာေခါင္းညွိတ္သည္။ "ကြၽန္ေတာ္လည္း သူတို႔ကို ေက်းဇူးတင္ရမယ္။"
"သူတို႔က မင္းေပ်ာ္ေအာင္လို႔ ဒီလိုလုပ္တာေလ။ ကိုယ္ဆုခ်တာနဲ႕တင္ လုံေလာက္ၿပီ။" ယြီဝမ္ထုန္က မွတ္ခ်က္ျပဳသည္။
"သူတို႔က တအားေတြးတတ္လို႔ ဒီလိုလုပ္တာေလ။ ကြၽန္ေတာ္ကိုယ္တိုင္ သူတို႔ကိုေက်းဇူးတင္ရမယ္။" လင္းက်န္က ေျမေခြးေပါက္ကို ေငးၾကည့္ေနရသျဖင့္ ယြီဝမ္ထုန္ကိုပင္ ျပန္လွည့္မၾကည့္နိုင္ေပ။
"အားတ ေပါက္စအ႐ြယ္တုန္းကလည္း ဒီေျမေခြးေလးလိုပဲ အေမြးလုံးနဲ႕တူတယ္။ လုံးဝအံ့ဩစရာေကာင္းတယ္။ အဲ့ဒီအခ်ိန္တုန္းက ေမာက္ေမာက္လည္း ေတာ္ေတာ္ငယ္ေသးတယ္။ သူတို႔ေတြက ေပါက္စႏွစ္ေကာင္ေလ။ သူတို႔ႏွစ္ေယာက္လုံးက ကြၽန္ေတာ့္ကို သူတို႔ရဲ႕ ေျခတံတိုတိုေလးေတြနဲ႕ ၿပိဳင္ရွာတတ္တယ္။ သူတို႔ ေတာ့တီးေတာ့တေလွ်ာက္ေနတိုင္း ကြၽန္ေတာ္ရယ္ရတယ္။" လင္းက်န္က ယြီဝမ္ထုန္ကို အတိတ္အေၾကာင္း ေျပာမိသည္။
အံ့ဩစရာေကာင္းသည္မွာ သူအတိတ္ကိုျပန္ေတြးေနစဥ္တြင္ ထိုေန႕မ်ားမွမွတ္ဉာဏ္က အခ်ိန္အေတာ္ၾကာေနပုံေပၚသည္။ သူ၏ယခင္ဘဝမွျဖစ္ရပ္မ်ားက တသလြမ္းဆြတ္ဖြယ္ရာပင္။
ဤစကားလုံးမ်ားက ယြီဝမ္ထုန္၏ႏွလုံးသားကို အရည္ေပ်ာ္ေစသည္။ ၎မွာ လင္းက်န္ေျပာေသာ ေပါက္စႏွစ္ေယာက္ေၾကာင့္မဟုတ္ဘဲ လင္းက်န္ေၾကာင့္ပင္။ ထိုအခ်ိန္တြင္ လင္းက်န္ကမည္သို႔ေသာပုံစံျဖစ္ေနမလဲဟု သူေတြးမိသည္။ သူအေတြ႕အႀကဳံစရွိခါစ ဆယ္ေက်ာ္သက္အ႐ြယ္တြင္ သူ႕ညီေလးကိုခ်ီရန္ ငုံ႕ကိုင္းလိမ့္မည္။ သူကဟန္ေဆာင္၍မ်က္ႏွာတည္ကာ ညီေလးကို ဆုံးမလိမ့္မည္။ ၎က အလြန့္အလြန္ သနားစရာေကာင္းေသာျမင္ကြင္း ျဖစ္မည္ဟု ယြီဝမ္ထုန္ယုံသည္။
ယြီဝမ္ထုန္က ျဖည္းျဖည္းခ်င္း အသက္ရႉထုတ္ကာ သူ႕အေရွ႕မွလင္းက်န္ကိုၾကည့္၍ ေမးလိုက္သည္။ "အဲ့အေကာင္ေလးကို အျပင္ေခၚသြားၿပီး လမ္းခဏေလွ်ာက္မလား။"
လင္းက်န္က အတိတ္မွအျဖစ္အပ်က္မ်ားထဲမွထြက္လာကာ ေခါင္းခါၿပီးျပန္ေျပာလိုက္သည္။ "သူက ငယ္ေသးတယ္။ သူ႕ကိုေလစိမ္းနဲ႕ၾကာၾကာထိခိုင္းလို႔ မေကာင္းဘူး။ ဒီမွာပဲ ထားရေအာင္။ ဒါနဲ႕ ေျမေခြးေပါက္တစ္ေကာင္ကို ဘယ္လိုပ်ိဳးေထာင္ရမယ္ဆိုတာ ေယာင္ရိတို႔ဆီသြားေမးရဦးမယ္။"
'ဟုတ္တယ္။ သူတို႔ေတြက အဲ့ဒီအေၾကာင္း အားလုံးသိမယ္လို႔ ကိုယ္ေလာင္းရဲတယ္။' ယြီဝမ္ထုန္က တိတ္တိတ္ေလး ႏွာမႈတ္ကာေတြးသည္။
"စီရင္စုအဓိကၿမိဳ႕ႀကီးထဲမွာ အဲ့ဒါကိုဘယ္လိုပ်ိဳးေထာင္ရမလဲဆိုတာသိတဲ့ တစ္ေယာက္ေယာက္ေတာ့ ရွိလိမ့္မယ္။ ကိုယ္တို႔ေတြ အဲ့ဒီကိုသြားေမးရင္ေကာင္းမယ္။"
လင္းက်န္က ခါးျပန္မတ္သည္။ "ေကာင္းၿပီ။"
သူက ေျမေခြးေပါက္ကို ခ်စ္ခင္စြာထပ္ပြတ္သပ္ေပးျပန္သည္။ ယခုအႀကိမ္တြင္ ေျမေခြးေလးက သူ၏ခႏၶာကိုယ္ႏွင့္လိုက္ဖက္ေသာ ႏူးႏူးညံ့ညံ့ညည္းသံကိုထုတ္ေပးသျဖင့္ လင္းက်န္မွာမခြာရက္ေပ။ "သူနိုးလာၿပီ။"
သို႔ရာတြင္ ေျမေခြးေပါက္က ေခတၱမွ်သာနိုးလာၿပီး ႏွစ္ခါ တအီအီညည္းသည္။ သူက မ်က္လုံးပင္မဖြင့္ေခ်။ ေျမေခြးေပါက္က လင္းက်န္၏ပြတ္ေပးေနသည့္လက္ကို ျပန္ပြတ္တိုက္ၿပီးေနာက္ ထပ္အိပ္ေပ်ာ္သြားၿပီး မ်ားမၾကာမီအထိ နိုးလာမည့္ပုံမေပၚေခ်။
လင္းက်န္က ထိုအေကာင္ေလးအိပ္ေနသည္ကို ဝမ္းနည္းစြာၾကည့္သည္။ "ကြၽန္ေတာ္က သူနိုးလာၿပီလို႔ ထင္လိုက္တာ။"
ယြီဝမ္ထုန္က သူအခန္းထဲသို႔ေရာက္ေနသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း လင္းက်န္၏အၾကည့္က ထိုေျမေခြးေပါက္ထံတြင္သာ တစ္ခ်ိန္လုံးရွိေနသျဖင့္ လုံးဝလစ္လ်ဴရႈခံထားရသည္။
"သြားရေအာင္။ စီရင္စုရဲ႕အဓိကၿမိဳ႕ႀကီးမွာ ဒီေန႕လူစည္ေနတယ္။ ကံေကာင္းရင္ တကယ္ကြၽမ္းက်င္တဲ့လူနဲ႕ လမ္းေပၚမွာေတြ႕နိုင္တယ္။"
လင္းက်န္က ေခါင္းညွိတ္သည္။ ယခုတစ္ႀကိမ္တြင္မွ သူကေျမေခြးေပါက္ထံမွ အၾကည့္လႊဲသည္။
ယြီဝမ္ထုန္က ဤအခြင့္အေရးကိုအသုံးခ်ကာ လင္းက်န္ကိုအခန္းထဲမွ ေခၚထုတ္သြားသည္။ ျမင္ကြင္းထဲတြင္ ေျမေခြးျဖဴေလးမရွိေတာ့ေသာအခါ လင္းက်န္၏အၾကည့္က ယြီဝမ္ထုန့္ထံသို႔ ျပန္ေရာက္လာသည္။ "သူ႕ကို ၿမိဳ႕ေတာ္ဆီ ေခၚသြားလို႔ ေကာင္းပါ့မလား။"
လင္းက်န္ေနာက္ထပ္ ထပ္ေျပာသည့္စကားက ေျမေခြးျဖဴေလးအေၾကာင္း ျဖစ္ေနဆဲပင္။
စိတ္တိုေသာေၾကာင့္ ယြီဝမ္ထုန္ မ်က္ႏွာမည္းသြားသည္။