(46. 2)
'' ဟုတ်ပြီ။ ကိုယ့်မှာ အချိန်ရှိရင် မင်းဆီကို ဆက်သွယ်လိုက်မယ်လေနော် ''
ဟန်ကျွမ်းချွမ်က နှစ်သိမ့်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းကြီးကို သိနေပါတယ်။ တကယ်လို့ စစ်ပွဲသာ စတင်လာရင် သူ့ရဲ့ လှုပ်ရှားမှု မှန်သမျှကို အနီးကပ် စောင့်ကြည့်ခြင်း ခံရမယ်ဆိုတာကိုပေါ့။ သူသာ အန်းမူကို ကိစ္စတွေထဲ မပါဝင်စေချင်ရင် သူနဲ့ အဆက်အသွယ် လုပ်တာ လျော့သင့် သလို လုံးဝအဆက်အသွယ် မလုပ်တာမျိုးလည်း ဖြစ်ရပါ့မယ်။
အရှင် လူးဝစ် ဆူဗယ်လီက အန်းမူရဲ့ တည်ရှိမှုကို မေ့လျော့သွား ပါစေ။
အဲ့လိုမျိုး မျှော်လင့်ပေမယ့်လည်း အဲ့လိုမဖြစ်နိုင်တာ ဟန်ကျွမ်းချွမ် သိတယ်။ ဒါပေမယ့် မျှော်လင့်ချက် အနည်းငယ်လောက်တော့ ရှိနေမိတယ်။
သူ့ရဲ့ အိုမီဂါလေးကို သူလက်မလွတ်နိုင်ပါပေ။
ကောင်ငယ်လေး က ဟန်ကျွမ်းချွမ်နဲ့ ခွဲရတော့မှာ မလို့ အတော်လေး စိုးရိမ်ပူပန် နေခဲ့တယ်။
ဂရုတစိုက် နှစ်သိမ့်ပေးခြင်း ခံရပြီးတာ တောင်မှပဲ သူ့ကို ကြည့်ရတာ တင်းမာပြီးတော့ ကြောက်လန့်နေကာ အစားအစာ ကို အရသာမဲ့စွာ စားနေမိတယ်။ သူ့ပါးစပ်ထောင့်လေးမှာ ဆော့စ်တွေ ပေနေတယ် ဆိုတာကို တောင် သတိမထားမိပဲနဲ့ပေါ့လေ။
တံခါးခေါက်သံ ပေါ့ပေါ့ပါးပါးလေးကို ကြားတော့ ဇွန်းနဲ ခရင်းကိုင်ထားတဲ့ အန်းမူက လန့်သွားပြီးတော့ လွှတ်ချလိုက်မိတယ်။ ငွေဇွန်းတွေနဲ့ တရုတ်ကြွေထည် ပန်းကန် တိုက်မိသွားတဲ့ အသံက အရမ်းကိုကျယ်လောင် နေပြီးတော့ ချက်ချင်းပဲ ပန်းကန်ရဲ့ အနားက ပဲ့ကျသွားလေတယ်။
ကောင်ငယ်လေး က ထိုပဲ့ကျသွားတဲ့ အပိုင်းလေးကို စိုက်ကြည့်နေရင်း မမျှော်လင့်ပဲ ကောက်ကိုင်လိုက်တယ်။ ချွန်ထက်နေတဲ့ ပန်းကန် အပိုင်းအစက အန်းမူရဲ့ လက်ထဲ နစ်ဝင်သွားတာကြောင့် ဟန်ကျွမ်းချွမ် မြန်မြန်ထကာ အန်းမူလက်ကို သူ့လက်နဲ့ဆွဲပြီးတော့ လက်မှာစူးနေတာကို အမြန် အဝေးဆီ ဆွဲထုတ်လိုက်လေတယ်။
ကောင်လေး ရဲ့ နူးညံ့လှတဲ့ လက်လေးကို သေချာ ဂရုတစိုက် စိုက်ကြည့် လိုက်တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ သူက အမြန်တားလိုက် နိုင်တာဖြစ်လို့ ညှစ်လိုက်တဲ့အတွက်ကြောင့် ကျန်တဲ့ အရာလေးပဲ ထင်နေခဲ့ပြီးတော့ ထိုအရာလေးကို အသာလေး ပွတ်ပေးခဲ့တယ်။
ဒါပေမယ့် ဟန်ကျွမ်းချွမ်ရဲ့ ဒေါသကတော့ ဒီတစ်ခါ လွယ်လွယ်လေးနဲ့ပျောက်ကွယ် မသွားပါပေ။ သူက အန်းမူရဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းမှု စွမ်းရည်ကို အတော်လေး အထင်သေးမိလေတယ်။
အပြင် က တံခါးကတော့ အမှတ်မရှိ ထပ်ခေါက်နေဆဲ ပါပဲ။ ဟန်ကျွမ်းချွမ်က အန်းမူရဲ့ မေးစေ့ကို သူ့လက်နဲ့ ဆွဲညှစ်ကာ ကြောက်ရွံ့စွာနဲ့ ကြည့်နေတဲ့ အိုမီဂါလေးကို သူ့တစ်ယောက်ထဲ ကိုပဲ ကြည့်စေခဲ့တယ်။ ပြောချင်တဲ့ စကားမှန် သမျှဟာ အံကြိတ်ရုံသာ ပျောက်ကွယ်သွားလေတယ်။
'' တကယ်လို့ မင်း သေချင်နေတယ် ဆိုရင်လည်း မင်းဘာမှ ပြဿနာ မရှိဘူးနော်။ ကိုယ်မင်းကို ကိုယ်ရေးကိုယ်တာ အရ ဖြေရှင်းပေးလိုက်မယ် ''
ဒေါသ စိတ်က ခေါင်းထဲမှာ တစ်ဟုန်ထိုး တိုက်ခတ်နေတာကြောင့် ဟန်ကျွမ်းချွမ်ရဲ့ မျက်လုံးတွေက နီရဲနေပါပြီ။ ပြီးတော့ သူ မရေမတွက် နိုင်အောင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေဟာ အန်းမူနဲ့ ရင်ဆိုင် ရလိုက်တဲ့ အချိန်မှာ လုံးဝကို မထိန်းနိုင်တဲ့ ကောင်လေး တစ်ယောက်လို မျိုး ဖြစ်သွားလေတယ်။
ကောင်လေးက လုံးဝကို ကြောက်လန့်နေတာ ဖြစ်ပြီးတော့ သူ့နှုတ်ခမ်းတွေက တုန်နေကာ သူဘာလုပ်မိတယ် ဆိုတာ သဘောပေါက် သွားချိန်မှာတော့ ပါးစပ် ဟပြီး ရှင်းပြချင်ပေမယ့် ဘာစကားမှ ထွက်မလာခဲ့ပေ။
အခုလေးတင် အန်းမူက သူ့ကိုယ်သူ ဒဏ်ရာ ရအောင် လုပ်ချင်ခဲ့လေတယ်။ ဘာလို့လဲ ဆိုတော့ သူသာ အနာတရ ဖြစ်သွား ရင် သူ့အယ်ဖာ က သူ့ကို အပြင်ကို မလွှတ်တော့ မှာပဲ ဖြစ်လေတယ်။ ဒီလို ရည်ရွယ်ချက် မျိုးကို ဟန်ကျွမ်းချွမ် လို လူက မမြင်ပဲ နေပါ့မလား။
အန်းမူ က ဟန်ကျွမ်းချွမ် ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တယ်။ ဟန်ကျွမ်းချွမ်က အားအနည်းငယ်ပဲ သုံးကာ အန်းမူရဲ့ ပါးကို အသာလေး ဖိထားပေမယ့် ထိုအားလေး ကပဲ ကောင်ငယ်လေးကို နာကျင်မိအောင် လုပ်နေဆဲ ပါပဲ။
အန်းမူက မျက်ခုံးတွေကို စုကြုံ့လိုက်ပြီးတော့ ခက်ခက်ခဲခဲ ပြောလိုက်တယ်။
'' ကျွန်တော်.... ကျွန်တော် တံခါး သွားဖွင့်လိုက် အုံးမယ် ''
တံခါးရဲ့ ခေါက်သံက ရပ်သွားခဲ့လေတယ်။ ဒါပေမယ့် ခဏလောက် ရပ်သွားပြီးတာနဲ့ ခေါက်တဲ့ နှုန်းက မြန်မြန် လာပြီးတော့ အပြင်ဘက်က လူက အတော်လေး စိုးရိမ်လာတာကို ခံစားမိလေတယ်။
ဟန်ကျွမ်းချွမ် က ကောင်ငယ်လေး ရဲ့ စကားကို လျစ်လျူ ရှုလိုက်ပြီးတော့ လွတ်ပေး လိုက်တယ်။ သူက အန်းမူကို ထမင်းစားပွဲ ဝိုင်းမှာ တစ်ယောက်ထည်း ချန်ထားခဲ့ပြီးတော့ သူ့ဘာသာ သူ တံခါးနားဆီ သွားပြီး ဖွင့်လိုက်တယ်။
''ဘာလို့ လာဖွင့်တာက အရမ်းကြာနေရတာလဲ?''
ခေါင်းဆောင်နီးလ်နဲ့ သူ့အစေခံ က အိမ်ထဲကို အမြန်ဝင်လာခဲ့တယ်။ အန်းမူကို မြင်ပြီးတော့ သူက စိတ်ပြေလျော့ သွားကာ ကောင်လေး ဆီကို လမ်းလျောက် လာပြီးတော့ ပြောလိုက်တယ်။
'' သွားကြစို့ ။ နောက်ကျနေလိမ့်မယ် ''
ထိုအချိန် ဆက်သွယ်ရေး စက်က တုန်ခါလာတယ်။ ခေါင်းဆောင်နီးလ် က အန်းမူအပေါ်ပဲ အာရုံစိုက်ထားတာ ကို ဟန်ကျွမ်းချွမ်တွေ့တော့ သူက ဆက်သွယ်ရေး စက်ကို ဖွင့်ကြည့်လိုက်တယ်။ ထိုထဲမှာ ပို့ထားတဲ့ အီးမေးလ် ကို တွေ့လိုက် ရတဲ့ အချိန်မှာ ဟန်ကျွမ်းချွမ်ရဲ့ မျက်လုံးတွေက နစ်မြုပ် သွားလေတယ်။
ဟန်ကျွမ်းချွမ် က အရှေ့ကို လျောက် လာကာ အန်းမုယူရဲ့ လက်ကို ကောက်မပြီးတော့ ထိုင်ခုံကနေ ထခိုင်းလိုက်တယ်။ ပြီးတော့ လူတစ်ကိုယ်လုံးကို ကားပါကင် ထိုးထားတဲ့ နားဆီ ဆွဲသွားကာ အလွန်အမင်း မတူညီစွာနဲ့ ပဲ ပြောလာခဲ့တယ်။
'' အတင်း အဓမ္မ အဝေးကို ခေါ်သွား တော့ ''
ကောင်ငယ်လေး က အတင်းရုန်းကန်နေဆဲ ဖြစ်ကာ မနေ့ညက ညှိုနှိုင်း ထားသမျှလည်း ထိုအချိန်မှာတော့ ရေပူပေါင်းတွေ လို ဖြစ်သွားခဲ့ ပါပြီ။ သူ ထပ်ပြီး မငိုနိုင်တော့ပေ။ သူထွက်မသွား ရဖို့သာ တောင်းပန်ပြီး ရှောင်တိမ်း နေခဲ့တယ်လေ။
ဟန်ကျွမ်းချွမ် ဆက်ပြီး မထိန်းချုပ်ထား နိုင်တာကို တွေ့တော့ ခေါင်းဆောင်နီးလ် ကပါ အရှေ့ကို တိုးလာပြီးတော့ ကူထိန်းပေးခဲ့တယ်။
ကားထဲကို အတင်းထိုးထည့် ခံလိုက်ရပြီးတော့ အန်းမူက ပြတင်းပေါက်ကို ရိုက်ကာ အပြင်မှာ ရပ်နေတဲ့ ဟန်ကျွမ်းချွမ်ကို စိုက်ကြည့်ပြီးတော့ ထိုအမျိုးသားရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်စေဖို့ရာ နောက်ဆုံးအနေနဲ့ တောင်းဆိုခဲ့တယ်။
'' ဟန်ကျွမ်းချွမ်! ငါမလိုချင်ဘူးလို့! ငါ ဒီနေရာ ကနေ မထွက်သွားချင်ဘူးလို့ဘဆိုနေ! ကျေးဇူးပြုပြီးတော့! ဟန်ကျွမ်းချွမ်လို့! ! ''
တံခါးကို ရိုက်ရင်း ငိုယိုနေတဲ့ အိုမီဂါကို ဟန်ကျွမ်းချွမ် က အပြင် ဘက်ကနေ အေးစက်စွာ စိုက်ကြည့်နေပြီးတော့ သူ့လက်ထဲက ဆက်သွယ်ရေး စက်ကတော့ နောက်ယောက်ခံ လိုက်နေသလိုမျိုး ထပ်ပြီး တုန်ခါလာခဲ့တယ်။
တကယ်လို့ အခုချိန်မှာသာ သူ့နှလုံးသားက ပျော့ညံ့ခဲ့ရင် အနာဂတ်မှာ ဒီ့ထက် ပိုပြီးတော့ ကြီးမားတဲ့ နောင်တရစရာ က သူ့ကို စောင့်နေမှာပဲ ဖြစ်လေတယ်။
ငိုယိုနေတဲ့ အိုမီဂါနဲ့အတူ ကားက မောင်းထွက် သွားလေတယ်။ ခေါင်းဆောင်နီးလ် က အမြန်မောင်းတဲ့ အတွက်ကြောင့် ကားက မျက်တောင်တစ်ခက် အတွင်းမှာပဲ ပျောက်ကွယ်သွားတော့တယ်။
ဟန်ကျွမ်းချွမ် က နေရာမှာတင် ရပ်နေပြီးတော့မှ ဆက်သွယ်ရေး စက်ကို ဖွင့်လိုက် တယ်။ နီးလ် ရဲ့ အပြန်လမ်းမှာ ဖမ်းဆီးဖို့ရာ အသိပေးထားတဲ့ နို့တစ်စာကို စာပြန်လိုက်တယ်။
စစ်တပ်ထဲ မှာတော့ မာရှယ်ဂိုးလ်က အတော်လေး စိတ်ရှုပ်ထွေးသွားတယ်။ သူတို့ဘက်က နီးလ်ရဲ့ ကားကို နောက်ယောင်ခံ စနစ်ထည့်လိုက်ပေမယ့် နီးလ်ရဲ့ တည်နေရာက မရှိတော့ပဲ ဘယ်ရောက်သွား သလဲ မသိရတော့ပေ။
'' ချမှတ်ထားတဲ့ ဥပဒေကို ချိူးဖောက်ပြီး နီးလ်ကို အပြင်ထွက်မသွားစေနဲ့။ မင်းက ငါ့အတွက် ဟန်ကျွမ်းချွမ်ကို ဖမ်းလာခဲ့ပေး ''
ဒုမာရှယ် အစ်ရှ်ဟ က နှလုံးသားထဲမှာ ခံစားချက်တွေ ရောနှောကာ ပြည့်နေပေမယ့် သူက ပြန်တုံ့ပြန်နေဆဲ ပါပဲ။
နီးလ်ကို အဝေးပို့ပြီးတော့ ဟန်ကျွမ်းချွမ်က စစ်ဌာနချုပ်ကို လာလိုက်တယ်။ ပြီးတော့ ဒုမာရှယ် အစ်ရှ်ဟ က သူ့ကို လာဖိတ်မှာကို စောင့်နေခဲ့တယ်။ သေဖို့တောင် စိတ်ဆုံးဖြတ်ချက် ချပြီးမှတော့ သူက ဘာလို့ ဒီအခက်အခဲလေးတွေကို ရင်မဆိုင်နိုင် ရမှာတဲ့လဲ။
ထိုနေရာဆီ လျောက်လှမ်းလာတဲ့ အချိန် အစ်ရှ်ဟက ဒီကိစ္စဟာ သူနဲ့ မဆိုင်ဘူးလို့ စိတ်ထဲ သွင်းနေပေမယ့် သူက ဟန်ကျွမ်းချွမ် အတွက် ပထမဆုံး အကြိမ် စိုးရိမ်လာမိတယ်။
'' နီးလ်က မင်းရဲ့ ယောက္ခမ မဟုတ်ဘူးလား။ မင်းရဲ့ ယောက္ခမကို ဘယ်အချိန်သွား ဖမ်းမယ်လို့ စဥ်းစားထားလဲ ''
'' နီးလ်က အန်းမူနဲ့ အတူတူ ထွက်သွားပြီ ''
ဟန်ကျွမ်းချွမ်က သူ့ရဲ့ ရုံးခန်းတံခါးကို ဖွင့်ပေးလိုက်ကာ အစ်ရှ်ဟကို အထဲ ဖိတ်ခေါ် လိုက်တယ်။
'' စကားပြောကြစို့ ''
သူလည်း အခန်းထဲကို ဝင်လိုက် ပြီးတာနဲ့ သူ့မှာ နောက်ပြန်လှည့်စရာ မရှိတော့ဘူး ဆိုတာကို အစ်ရှ်ဟ သိပြီးသားပဲ ဖြစ်လေတယ်။
(မူရင်း အာသာရဲ့ မှတ်စု )
နောက်ဆုံး ဇာက်ကွက်အကြီးစား ရှိတယ်နော်။ မင်းတို့ကို အကြာကြီး မညှင်းဆဲ တော့ပါဘူး။ တကယ်ပါ။ အပိုပိုင်းတွေ က အရမ်းချိုမှာလို့ ငါကတိပေးတယ် ။
...................