[Unicode]
"ရှောင်းကျန့်....မသွားပါနဲ့....!"
အခန်းပြင်ကိုထွက်ဖို့ပြင်နေတဲ့ရှောင်းကျန့်ကို ရိပေါ်အနောက်ကနေပြေးဖက်လိုက်သည်။ရှောင်းကျန့်ရဲ့ပါးပါးက ရိပေါ်နဲ့ရှောင်းကျန့်ကိုခွဲချင်နေတာ ရိပေါ်သိသည်။
"ခဏလေးပဲ သွားမှာပါကွာ...."
"ဟအင်း...!"
ရိပေါ်ရဲ့ငြင်းဆန်သံက ခပ်ကျယ်ကျယ်။ရှောင်းကျန့်မှာ ဖခင်နဲ့ချစ်ရသူကြား ညှပ်လို့ရယ်။ရိပေါ်ဟာ တစ်ခါတစ်လေဆို ဂျစ်တိုက်တက်သည် ဒီလိုအချိန်မျိုး ပါးပါးကရှောင်းကျန့်ကို အခေါ်လွှတ်လိုက်တဲ့အချိန်တွေ။
"ရိပေါ်....ပါးပါးက ကိုယ့်ကိုတွေ့ချင်နေတာလေ...."
ရှောင်းကျန့် ရိပေါ်ဘက်မျက်နှာချင်းဆိုင်လှည့်ကာ ရိပေါ်နဲ့မျက်လုံးချင်းဆုံလိုက်ရင်း ချော့မော့ကာပြောလိုက်တယ်။ဒါပေမယ့် ရိပေါ်စကားကိုဥပေက္ခာပြုလေတယ်။
"မတွေ့ရဘူး....မတွေ့ရဘူး....!!"
"ဝမ်ရိပေါ်....!!"
ရှောင်းကျန့်ချော့ပြောတာတောင်မှ ဂျစ်တိုက်နေတဲ့ရိပေါ်ကြောင့် နာမည်အပြည့်အစုံကိုခေါ်ပြီး အော်လိုက်သလိုဖြစ်သွားတာကြောင့် ရိပေါ်ဟာ သူ့ကိုမယုံနိုင်သလိုလေးကြည့်လာတယ်။ဟုတ်တယ် ရှောင်းကျန့်က ရိပေါ်ကိုဆို အမြဲအလျော့ပေးပြီး ချိုချိုသာသာ သာဆက်ဆံသည်လေ။
"ကိုယ်..."
"သွား..!ထွက်သွား...!!"
ရှောင်းကျန့်တောင်းပန်ဖို့ပြင်လိုက်ပေမဲ့ ရိပေါ်ဟာ သူ့ကိုမောင်းထုတ်လေပြီ။ရိပေါ်၏မျက်ဝန်းတွေဟာ စွန်ရဲတစ်ကောင်လို စူးရှနေပြီး တော်တော်ဒေါသထွက်သွားပုံပင်။ရှောင်းကျန့်ဟာ ရိပေါ်မျက်ဝန်းတွေကိုရင်ဆိုင်ကာ ကြည့်မနေတော့ဘဲ အခန်းပြင်ကိုသာထွက်သွားတော့သည်။
ရှောင်းကျန့်ထွက်သွားတာနဲ့ ရိပေါ်ဟာ လျှိုဝှက်ခန်းထဲဝင်သွားပြီး သေနတ်အမြောက်အများရှိသည့်ကြားထဲက တန်ဖိုးအကြီးဆုံးနဲ့အကောင်းဆုံး သေနတ်တစ်လတ်ကိုယူကာ နှုတ်ခမ်းမှလည်း မဲ့ပြုံးကိုဆင်ရင်း စကားတစ်ခွန်းကို ရွတ်ဆိုလိုက်သည်။
'ခဗျားသေဖို့ ရက်သိပ်မဝေးတော့ပါဘူး...အဖိုးကြီး'ဟူ၍ပင်။
__________________
ရှောင်းကျန့် ပါးပါးဆီထွက်လာတာ စိတ်မပါလက်မပါနဲ့ပင်။ရိပေါ်က ရှောင်းကျန့်ကို စိတ်ဆိုးသွားသည်မလား။ပြီးတော့ ရှောင်းကျန့် ပါးပါးကိုလည်းစိတ်ပူသွားသည် ရိပေါ်က ပါးပါးသတ်ဖို့ နှစ်ခါတောင်လုပ်ဖူးသည်လေ ဒါပေမဲ့ နှစ်ခါလုံး ရှောင်းကျန့်အချိန်မှီရောက်နိုင်ခဲ့သည် နောက်တစ်ကြိမ်ကရော ရှိလာအုံးမှာလား။
ရှောင်းကျန့်ပေါက်ကရအတွေးတွေကို ခေါင်းထဲကထုတ်ပစ်လိုက်သည်။ရိပေါ်က ပါးပါးကိုတော့ ထပ်မလုပ်လောက်ပါဘူး ဟုတ်တယ် ရိပေါ်က ပါးပါးကို သတ်ဖို့ လုပ်ကြံတော့မှာမဟုတ်ဘူး။
ရိပေါ်နဲ့ရှောင်းကျန့်လက်ထပ်တုန်းက ရှောင်ကျန့်ပါးပါးဟာ သဘောမတူခဲ့ပေ။ဘာအတွက်ကြောင့် သဘောမတူတာလဲ မေးတော့ ပါးပါးဟာ 'အကြောင်းပြချက်မရှိဘူး'တဲ့...
အဲ့အချိန်တုန်းကနေ အခုချိန်ထိ ပါးပါးဟာ ရှောင်းကျန့်နဲ့ရိပေါ်ကို လိုက်ခွဲနေတုန်းပင်။ဒါကို ရိပေါ်က အငြိုးတွေထားကာ ပါးပါးကိုသတ်ဖို့အထိလုပ်သည်။ရှောင်းကျန့်ဟာ ရိပေါ်နဲ့ပါးပါးကြား ညှပ်နေမြဲပင် ဘယ်သူ့ကိုရွေးမှာလဲလို့မေးရင် ရှောင်းကျန့်မှာ တိကျတဲ့အဖြေမရှိသေးပေ။
"ရောက်ပါပြီ...sean...!"
"jane....ပါးပါးအနားလူတွေထပ်လွှတ်ထား....ရိပေါ်အနားရော...."
"ဟုတ်ကဲ့...sean..."
ကားပေါ်ကနေဆင်းလာသည့်ရှောင်းကျန့်ကို ပါးပါး၏ကိုယ်ရံတော်ကလာကြိုကာ ပါးပါးရှိရာအခန်းကို လမ်းညွှန်ပြီးသွားနေလေတယ်။ရှောင်းကျန့် ကိုယ်ရံတော်အနောက်က လိုက်လာပေမဲ့ စိတ်ထဲဒီနေရာက သိပ်မလုံခြုံသလို ခံစားနေရသည်။
"ရောက်လာပြီလား......ထိုင်...သား..."
ရှောင်းကျန့် ဆိုဖာပေါ်ဝင်ထိုင်လိုက်တော့ ပါးပါးက သူ့ကို အပြုံးမမည်တဲ့အပြုံးတစ်ခု ဖန်တီးကာ ပြုံးပြလာတယ်။ပြီးတော့ ရေနွေးချမ်းကို ယူသောက်ကာ သူ့ကို စကားစလာတယ်။
"ဝမ်ရိပေါ်နဲ့မကွာရှင်းသေးဘူးလား....!"
"ကျွန်တော် ဘယ်တော့မှ ကွာရှင်းမှာမဟုတ်ဘူး....!"
"အဟင်းးးး"
ပါးပါးက ခပ်မျှင်းမျှင်းရယ်တယ်။ရှောင်းကျန့်မျက်နှာကို တည်တင်းနိုင်သလောက်တင်းထားမိသည်။
"ဒါဆို...ပါးက အဲ့ကလေးကို ဒုက္ခပေးမှာ....သားမစိုးရိမ်ဘူးလား...."
"ကျွန်တော် ရိပေါ်ကို အပြည့်အဝကာကွယ်ပေးနိုင်တယ်....!"
ရှောင်းကျန့် ပြောတဲ့အထဲဘာရယ်စရာပါသွားလည်းတော့မသိ ပါးပါးဟာ ရယ်တာကိုမရပ်တော့ပေ။ပြီးတော့ ရှောင်းကျန့်အနားဝိုင်းလာတဲ့ ပါးပါးရဲ့လူတွေ။
"ငါ့သားကခေါင်းသိပ်မာတော့ နည်းနည်းလောက်ဆုံးမပေးလိုက်ကြ....!"
"ဟုတ်ကဲ့ သခင်ကြီး...."
ရှောင်းကျန့် ပါးပါးကိုမယုံနိုင်တဲ့မျက်ဝန်းတွေနဲ့လှမ်းကြည့်တော့ ရေနွေးချမ်းကိုသာ အေးဆေးသောက်နေတာမို့ ရှောင်းကျန့်လက်သီးကို တင်းတင်းဆုပ်ကာ အကျီကြယ်သီးကို နှိပ်လိုက်သည်။ကြယ်သီးက ရိုးရိုးကြယ်သီးမဟုတ်ဘဲ အချက်ပေးခလုတ်ပင်။ရှောင်းကျန့်က ကြိုတင်မပြင်ဆင်ဘဲ ဒီကိုလာပါ့မလား။
"ဟက်...sean...ဆိုတဲ့နာမည်က အလကားမဟုတ်ဘူးဘဲ..."
"ပါးပါးလူတွေကို ကျွန်တော့်ဘေးနားက ဖယ်ခိုင်းလိုက်ပါ....မဟုတ်ရင် ပါးပါးနဲ့ကျွန်တော်ရန်ဖြစ်နေပါအုံးမယ်....."
ပါးပါးဟာ သူ့လူတွကို လက်နဲ့ထွက်သွားခိုင်းတာကြောင့် ရှောင်းကျန့်ဘေးနားကလူတွေအကုန် အခန်းပြင်ကိုထွက်သွားကြသည်။ရုတ်တရက် တံခါးကို တစ်စုံတစ်ယောက်က အားသုံးပြီးဖွင့်လိုက်တာကြောင့် ရှောင်းကျန့်ရော ပါးပါးပါ တံခါးဘက်ကိုလှည့်ကြည့်မိသွားသည်။
"ရှောင်းကျန့်....ဘာမှမဖြစ်ဘူးမလား....မင်းအချက်ပေးခလုတ်နှိပ်လိုက်တော့ငါအရမ်းစိတ်ပူသွားတာ...!"
ရိပေါ်ဟာ ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိ။ရှောင်းကျန့် တစ်ကိုယ်လုံးကို သေချာအောင်ပတ်ကြည့်ပြီး နောက်တော့ ရှောင်းကျန့်ရဲ့ပါးပါးကို ကြည့်ကာ သေနတ်ဖြင့်ချိန်လိုက်တာကြောင့် ရိပေါ်ကိုတားဖို့ ရှောင်းကျန့်ပြင်ရတော့သည်။
"ကိုယ်ဘာမှမဖြစ်ဘူးရိပေါ်....ပါးပါးက ကိုယ့်ကိုဘာမှမလုပ်ထားဘူး....စိတ်လျော့နော်...."
ရှောင်းကျန့်လေသံအေးအေးနဲ့ဖြောင်းဖြပေမယ့် ရိပေါ်ဟာ ဒီတစ်ကြောင့်ရှောင်းကျန့်စကားကိုမကြားသလိုပင် ပါးပါးကိုသေနတ်ဖြင့် ဆက်ချိန်ထားဆဲ။ပြီးတော့ ပါးပါးကို ကြည့်နေသည့်အကြည့်က အခုပဲသတ်တော့မလိုလိုပင်။
"နောက်တစ်ခါ ဒါမျိုးထပ်မလုပ်မိစေနဲ့ အဖိုးကြီး.....!!"
ရိပေါ် သေနတ်ကိုပြန်သိမ်းပြီးအခန်းပြင်ထွက်သွားမှပဲ ရှောင်းကျန့်ရော ပါးပါးရော အသက်ရှုဝတော့သည်။ရှောင်းကျန့် ပါးပါးကို မနှုတ်ဆက်တော့ဘဲ ရိပေါအနောက်ကိုပြေးလိုက်လာမိတော့သည်။ရိပေါ်ဘယ်လိုလိုက်လာလဲဆိုတာကို သူအရမ်းသိချင်နေပြီလေ။
________________________
TBC......
MHIMလေးကိုအဆုံးသတ်တဲ့ထိပြီးအောင်ရေးချင်ပါရဲ့🥺
61022
1219words
#khinthandartun
#thankyouforreading
___________________________________________________
[Zawgyi]
"ေရွာင္းက်န္႔....မသြားပါနဲ႔....!"
အခန္းျပင္ကိုထြက္ဖို႔ျပင္ေနတဲ့ေရွာင္းက်န္႔ကို ရိေပၚအေနာက္ကေနေျပးဖက္လိုက္သည္။ေရွာင္းက်န္႔ရဲ့ပါးပါးက ရိေပၚနဲ႔ေရွာင္းက်န္႔ကိုခြဲခ်င္ေနတာ ရိေပၚသိသည္။
"ခဏေလးပဲ သြားမွာပါကြာ...."
"ဟအင္း...!"
ရိေပၚရဲ့ျငင္းဆန္သံက ခပ္က်ယ္က်ယ္။ေရွာင္းက်န္႔မွာ ဖခင္နဲ႔ခ်စ္ရသူၾကား ၫွပ္လို႔ရယ္။ရိေပၚဟာ တစ္ခါတစ္ေလဆို ဂ်စ္တိုက္တက္သည္ ဒီလိုအခ်ိန္မ်ိဳး ပါးပါးကေရွာင္းက်န္႔ကို အေခၚလႊတ္လိုက္တဲ့အခ်ိန္ေတြ။
"ရိေပၚ....ပါးပါးက ကိုယ့္ကိုေတြ့ခ်င္ေနတာေလ...."
ေရွာင္းက်န္႔ ရိေပၚဘက္မ်က္ႏွာခ်င္းဆိုင္လွည့္ကာ ရိေပၚနဲ႔မ်က္လံုးခ်င္းဆံုလိုက္ရင္း ေခ်ာ့ေမာ့ကာေျပာလိုက္တယ္။ဒါေပမယ့္ ရိေပၚစကားကိုဥေပကၡာျပဳေလတယ္။
"မေတြ့ရဘူး....မေတြ့ရဘူး....!!"
"ဝမ္ရိေပၚ....!!"
ေရွာင္းက်န္႔ေခ်ာ့ေျပာတာေတာင္မွ ဂ်စ္တိုက္ေနတဲ့ရိေပၚေၾကာင့္ နာမည္အျပည့္အစံုကိုေခၚၿပီး ေအာ္လိုက္သလိုျဖစ္သြားတာေၾကာင့္ ရိေပၚဟာ သူ႔ကိုမယံုႏိုင္သလိုေလးၾကည့္လာတယ္။ဟုတ္တယ္ ေရွာင္းက်န္႔က ရိေပၚကိုဆို အၿမဲအေလ်ာ့ေပးၿပီး ခ်ိဳခ်ိဳသာသာ သာဆက္ဆံသည္ေလ။
"ကိုယ္..."
"သြား..!ထြက္သြား...!!"
ေရွာင္းက်န္႔ေတာင္းပန္ဖို႔ျပင္လိုက္ေပမဲ့ ရိေပၚဟာ သူ႔ကိုေမာင္းထုတ္ေလၿပီ။ရိေပၚ၏မ်က္ဝန္းေတြဟာ စြန္ရဲတစ္ေကာင္လို စူးရွေနၿပီး ေတာ္ေတာ္ေဒါသထြက္သြားပံုပင္။ေရွာင္းက်န္႔ဟာ ရိေပၚမ်က္ဝန္းေတြကိုရင္ဆိုင္ကာ ၾကည့္မေနေတာ့ဘဲ အခန္းျပင္ကိုသာထြက္သြားေတာ့သည္။
ေရွာင္းက်န္႔ထြက္သြားတာနဲ႔ ရိေပၚဟာ လ်ိႈဝွက္ခန္းထဲဝင္သြားၿပီး ေသနတ္အေျမာက္အမ်ားရိွသည့္ၾကားထဲက တန္ဖိုးအႀကီးဆံုးနဲ႔အေကာင္းဆံုး ေသနတ္တစ္လတ္ကိုယူကာ ႏႈတ္ခမ္းမွလည္း မဲ့ၿပံဳးကိုဆင္ရင္း စကားတစ္ခြန္းကို ရြတ္ဆိုလိုက္သည္။
'ခဗ်ားေသဖို႔ ရက္သိပ္မေဝးေတာ့ပါဘူး...အဖိုးႀကီး'ဟူ၍ပင္။
__________________
ေရွာင္းက်န္႔ ပါးပါးဆီထြက္လာတာ စိတ္မပါလက္မပါနဲ႔ပင္။ရိေပၚက ေရွာင္းက်န္႔ကို စိတ္ဆိုးသြားသည္မလား။ၿပီးေတာ့ ေရွာင္းက်န္႔ ပါးပါးကိုလည္းစိတ္ပူသြားသည္ ရိေပၚက ပါးပါးသတ္ဖို႔ ႏွစ္ခါေတာင္လုပ္ဖူးသည္ေလ ဒါေပမဲ့ ႏွစ္ခါလံုး ေရွာင္းက်န္႔အခ်ိန္မွီေရာက္ႏိုင္ခဲ့သည္ ေနာက္တစ္ႀကိမ္ကေရာ ရိွလာအံုးမွာလား။
ေရွာင္းက်န္႔ေပါက္ကရအေတြးေတြကို ေခါင္းထဲကထုတ္ပစ္လိုက္သည္။ရိေပၚက ပါးပါးကိုေတာ့ ထပ္မလုပ္ေလာက္ပါဘူး ဟုတ္တယ္ ရိေပၚက ပါးပါးကို သတ္ဖို႔ လုပ္ႀကံေတာ့မွာမဟုတ္ဘူး။
ရိေပၚနဲ႔ေရွာင္းက်န္႔လက္ထပ္တုန္းက ေရွာင္က်န္႔ပါးပါးဟာ သေဘာမတူခဲ့ေပ။ဘာအတြက္ေၾကာင့္ သေဘာမတူတာလဲ ေမးေတာ့ ပါးပါးဟာ 'အေၾကာင္းျပခ်က္မရိွဘူး'တဲ့...
အဲ့အခ်ိန္တုန္းကေန အခုခ်ိန္ထိ ပါးပါးဟာ ေရွာင္းက်န္႔နဲ႔ရိေပၚကို လိုက္ခြဲေနတုန္းပင္။ဒါကို ရိေပၚက အၿငိဳးေတြထားကာ ပါးပါးကိုသတ္ဖို႔အထိလုပ္သည္။ေရွာင္းက်န္႔ဟာ ရိေပၚနဲ႔ပါးပါးၾကား ၫွပ္ေနၿမဲပင္ ဘယ္သူ႔ကိုေရြးမွာလဲလို႔ေမးရင္ ေရွာင္းက်န္႔မွာ တိက်တဲ့အေျဖမရိွေသးေပ။
"ေရာက္ပါၿပီ...sean...!"
"jane....ပါးပါးအနားလူေတြထပ္လႊတ္ထား....ရိေပၚအနားေရာ...."
"ဟုတ္ကဲ့...sean..."
ကားေပၚကေနဆင္းလာသည့္ေရွာင္းက်န္႔ကို ပါးပါး၏ကိုယ္ရံေတာ္ကလာႀကိဳကာ ပါးပါးရိွရာအခန္းကို လမ္းၫႊန္ၿပီးသြားေနေလတယ္။ေရွာင္းက်န္႔ ကိုယ္ရံေတာ္အေနာက္က လိုက္လာေပမဲ့ စိတ္ထဲဒီေနရာက သိပ္မလံုၿခံဳသလို ခံစားေနရသည္။
"ေရာက္လာၿပီလား......ထိုင္...သား..."
ေရွာင္းက်န္႔ ဆိုဖာေပၚဝင္ထိုင္လိုက္ေတာ့ ပါးပါးက သူ႔ကို အၿပံဳးမမည္တဲ့အၿပံဳးတစ္ခု ဖန္တီးကာ ၿပံဳးျပလာတယ္။ၿပီးေတာ့ ေရႏြေးခ်မ္းကို ယူေသာက္ကာ သူ႔ကို စကားစလာတယ္။
"ဝမ္ရိေပၚနဲ႔မကြာရွင္းေသးဘူးလား....!"
"ကြၽန္ေတာ္ ဘယ္ေတာ့မွ ကြာရွင္းမွာမဟုတ္ဘူး....!"
"အဟင္းးးး"
ပါးပါးက ခပ္မ်ွင္းမ်ွင္းရယ္တယ္။ေရွာင္းက်န္႔မ်က္ႏွာကို တည္တင္းႏိုင္သေလာက္တင္းထားမိသည္။
"ဒါဆို...ပါးက အဲ့ကေလးကို ဒုကၡေပးမွာ....သားမစိုးရိမ္ဘူးလား...."
"ကြၽန္ေတာ္ ရိေပၚကို အျပည့္အဝကာကြယ္ေပးႏိုင္တယ္....!"
ေရွာင္းက်န္႔ ေျပာတဲ့အထဲဘာရယ္စရာပါသြားလည္းေတာ့မသိ ပါးပါးဟာ ရယ္တာကိုမရပ္ေတာ့ေပ။ၿပီးေတာ့ ေရွာင္းက်န္႔အနားဝိုင္းလာတဲ့ ပါးပါးရဲ့လူေတြ။
"ငါ့သားကေခါင္းသိပ္မာေတာ့ နည္းနည္းေလာက္ဆံုးမေပးလိုက္ၾက....!"
"ဟုတ္ကဲ့ သခင္ႀကီး...."
ေရွာင္းက်န္႔ ပါးပါးကိုမယံုႏိုင္တဲ့မ်က္ဝန္းေတြနဲ႔လွမ္းၾကည့္ေတာ့ ေရႏြေးခ်မ္းကိုသာ ေအးေဆးေသာက္ေနတာမို႔ ေရွာင္းက်န္႔လက္သီးကို တင္းတင္းဆုပ္ကာ အက်ီၾကယ္သီးကို ႏိွပ္လိုက္သည္။ၾကယ္သီးက ရိုးရိုးၾကယ္သီးမဟုတ္ဘဲ အခ်က္ေပးခလုတ္ပင္။ေရွာင္းက်န္႔က ႀကိဳတင္မျပင္ဆင္ဘဲ ဒီကိုလာပါ့မလား။
"ဟက္...sean...ဆိုတဲ့နာမည္က အလကားမဟုတ္ဘူးဘဲ..."
"ပါးပါးလူေတြကို ကြၽန္ေတာ့္ေဘးနားက ဖယ္ခိုင္းလိုက္ပါ....မဟုတ္ရင္ ပါးပါးနဲ႔ကြၽန္ေတာ္ရန္ျဖစ္ေနပါအံုးမယ္....."
ပါးပါးဟာ သူ႔လူတြကို လက္နဲ႔ထြက္သြားခိုင္းတာေၾကာင့္ ေရွာင္းက်န္႔ေဘးနားကလူေတြအကုန္ အခန္းျပင္ကိုထြက္သြားၾကသည္။ရုတ္တရက္ တံခါးကို တစ္စံုတစ္ေယာက္က အားသံုးၿပီးဖြင့္လိုက္တာေၾကာင့္ ေရွာင္းက်န္႔ေရာ ပါးပါးပါ တံခါးဘက္ကိုလွည့္ၾကည့္မိသြားသည္။
"ေရွာင္းက်န္႔....ဘာမွမျဖစ္ဘူးမလား....မင္းအခ်က္ေပးခလုတ္ႏိွပ္လိုက္ေတာ့ငါအရမ္းစိတ္ပူသြားတာ...!"
ရိေပၚဟာ ဘယ္ကေနဘယ္လိုေရာက္လာမွန္းမသိ။ေရွာင္းက်န္႔ တစ္ကိုယ္လံုးကို ေသခ်ာေအာင္ပတ္ၾကည့္ၿပီး ေနာက္ေတာ့ ေရွာင္းက်န္႔ရဲ့ပါးပါးကို ၾကည့္ကာ ေသနတ္ျဖင့္ခ်ိန္လိုက္တာေၾကာင့္ ရိေပၚကိုတားဖို႔ ေရွာင္းက်န္႔ျပင္ရေတာ့သည္။
"ကိုယ္ဘာမွမျဖစ္ဘူးရိေပၚ....ပါးပါးက ကိုယ့္ကိုဘာမွမလုပ္ထားဘူး....စိတ္ေလ်ာ့ေနာ္...."
ေရွာင္းက်န္႔ေလသံေအးေအးနဲ႔ေျဖာင္းျဖေပမယ့္ ရိေပၚဟာ ဒီတစ္ေၾကာင့္ေရွာင္းက်န္႔စကားကိုမၾကားသလိုပင္ ပါးပါးကိုေသနတ္ျဖင့္ ဆက္ခ်ိန္ထားဆဲ။ၿပီးေတာ့ ပါးပါးကို ၾကည့္ေနသည့္အၾကည့္က အခုပဲသတ္ေတာ့မလိုလိုပင္။
"ေနာက္တစ္ခါ ဒါမ်ိဳးထပ္မလုပ္မိေစနဲ႔ အဖိုးႀကီး.....!!"
ရိေပၚ ေသနတ္ကိုျပန္သိမ္းၿပီးအခန္းျပင္ထြက္သြားမွပဲ ေရွာင္းက်န္႔ေရာ ပါးပါးေရာ အသက္ရႈဝေတာ့သည္။ေရွာင္းက်န္႔ ပါးပါးကို မႏႈတ္ဆက္ေတာ့ဘဲ ရိေပါအေနာက္ကိုေျပးလိုက္လာမိေတာ့သည္။ရိေပၚဘယ္လိုလိုက္လာလဲဆိုတာကို သူအရမ္းသိခ်င္ေနၿပီေလ။
________________________
TBC......
MHIMေလးကိုအဆံုးသတ္တဲ့ထိၿပီးေအာင္ေရးခ်င္ပါရဲ့🥺
61022
1219words
#khinthandartun
#thankyouforreading
___________________________________________________