မြန်မာပြည်ရဲ့ လမ်းတွေကိုသိပ်မမှတ်မိတော့တာကြောင့် google map ရဲ့အကူအညီနဲ့ bar တစ်ခုကို မဒီရောက်လာခဲ့တယ်
အပြင်မှာမိုးတွေရွာနေပြီး ကားပါကင်မှာလည်းအမိုးမပါတာကြောင့် ကားစီကနေ bar အပေါက်ဝအထိ မိုးရေထဲကကူးလာတော့ ဆံပင်တွေ ဆိုကုန်သည်
တစ်ကိုယ်လုံးမရွှဲပေမဲ့ မိုးမိထားမှန်တော့ မြင်တဲ့သူတိုင်းသိနိုင်သည်
Bar ထဲရောက်တော့ bar ကောင်တာမှာထိုင်လိုက်ပြီး အရက်မှာလိုက်စဥ်
"အပြင်းစား ၁ ခွက်ပေးပါ..."
"အပြင်းစား ၁ခွက်ပေးပါ..."
မဒီနှင့်ဘေးချင်းကပ်လျက်ခုံမှာထိုင်နေတဲ့ အမျိုးသားနဲ့ အမှာစာထပ်နေတော့ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်မိသည်
"ကိုစစ်မင်းဟန်..."
"သြော် နွေမဒီလား..."
တိုက်တိုက်ဆိုင်ဆိုင် ဒီလိုနေရာမှာသူနဲ့လာဆုံရတယ်လို့ကွယ်
"ဟုတ်တယ် မဒီပါ...ကိုစစ်မင်းဟန် ကဒီမှာဘာလုပ်နေတာလည်း..."
"မင်းလိုပဲပေါ့ အရက်လာသောက်တာ..."
"ဟင်...မဒီ့အမလွှတ်လိုက်တာတော့မဟုတ်ဘူးမလား..."
"ဟင်...ဘာလို့ မပန်းချီကကျွန်တော့်ကိုလွှတ်ရမှာလည်း...ကျွန်တော့်ဘာသာအရက်သောက်ချင်လို့လာတာပါ...ဘာဖြစ်လို့လဲ"
"သြော်...ဘာမှမဖြစ်ပါဘူး ဒီမှာအမှတ်တမဲ့လာတွေ့တော့ ထူးဆန်းနေလို့ပါ..."
"သြော်..."
ထိုအချိန် အရက်ဖျော်သူက အရက်နှစ်ခွက်ကို တစ်ပြိုင်တည်းချပေးတော့ နှစ်ယောက်လုံး တစ်ပြိုင်တည်း သောက်ချလိုက်သည်
"ဒီလိုအရက်ပြင်းကို မင်းသောက်နိုင်တယ်ပေါ့..."
"အင်းး...မဒီ ဟိုမှာနေတုန်းကစိတ်ကျတဲ့အခါတွေဆိုသောက်ဖြစ်တော့ အခုသောက်နိုင်နေပြီ..."
"ဒါဆို အခုလည်း မင်းကစိတ်ကျနေလို့လား"
"မဟုတ်ပါဘူး...ဒီတိုင်း ကိစ္စလေးတွေရှိတော့မူးချင်လာလို့..."
"မင်းလိုမိန်းကလေးက အရက်မူးချင်တယ်ဆိုတော့ တော်တော်ထူးဆန်းတာပဲ..."
"ဒီလိုပါပဲ...အရက်မူးနေရင် စိတ်ညစ်စရာတွေမေ့သွားတယ်လေ...."
မဒီ့ အဖြေကိုနှစ်သက်သွားတာကြောင့် စစ်မင်းဟန် လည်းအလိုလိုပြုံးမိပြီး ထောက်ခံလိုက်သည်
"အဲ့ဒါတော့ဟုတ်တယ်..."
"ကိုစစ်မင်းဟန်ကကော ဘာလို့သောက်တာလည်း..."
"ကျွန်တော်လည်းမင်းလိုပဲ မူးချင်လာလို့လေ..."
"သြော်...ဒါနဲ့လေ မဒီ ဒီမှာအရက်လာသောက်တာကို မမတို့ကို ပြန်မပြောနဲ့နော်..."
"မပြောပါဘူး...ဒါပေမဲ့သူတို့သိသွားလည်း စိတ်ပူစရာတော့မဟုတ်ပါဘူး မင်းလည်းအရွယ်ရောက်နေပြီပဲ..."
"နိုးနိုးနိုး...မဒီသာ အရက်သောက်တတ်တာသိသွားရင် မဒီ့ကို ဟိုပြန်လွတ်တော့မှာမဟုတ်ဘူး.."
"သြော်...မင်းကအမေရိကကိုပြန်တော့မှာလား..."
"အင်း...အလုပ်ပြန်ရှာရမယ်လေ..."
"သြော်...ဒါနဲ့ဘာမေဂျာနဲ့ပြီးထားတာလည်း..."
"Civil engineering ပါ"
"ဟုတ်လား ကျွန်တော်လည်းအတူတူပဲ ကျွန်တော်ကတော့ပြီးတာ ၄ နှစ်လောက်ရှိပြီ"
"ဟုတ်လား ဘယ်ကျောင်းကလည်း..."
"NUS က ပါ...မင်းကကော..."
"Universiry of Columbia"
"Wow...Ivy League ပဲ"
"IVY LEAGUE မလိူ့ပဲ အရမ်းပင်ပန်းတာ အိမ်ကထောက်ပံ့ပေးရင် ဖေဖေတို့ပင်ပန်းမှာစိုးလို့ Scholar နဲ့သွားတော့ အရမ်းပင်ပန်းတာ...အဲ့ဒါတောင်မကလို့ Hons အတန်းပါတက်လိုက်တော့ ၅ နှစ်တောင်ကြာသွားတယ်လေ...အဲ့ ၅ နှစ်ကြောင့်လည်း အခု အရက်ပါသောက်တက်သွားတယ်... stress ပိရင် ခိုးခိုးသောက်တာ"
ပြန်တွေ့တာမကြာသေးသော်လည်း ပွင့်ပွင့်လင်းလင်းရှိပြီး သူမအကြောင်းတွေကိုပြောပြနေသည့် နွေမဒီ ရဲ့လွတ်လပ်တဲ့အကျင့်စရိုက်ကို စစ်မင်းဟန် သတိထားမိလာသည်
"အဲ့လိုပင်ပန်းထားမှတော့ အလုပ်ကတော့ကောင်းကောင်းရမှာပါ...အမေရိကမှာက လစာလည်းကောင်းတယ်"
"အဲ့အလုပ်ကိစ္စတွေကြောင့်ပဲ အခုလည်း အမနဲ့စကားများလာတာ...."
"သြော်"
"..."
"..."
သောက်ရင်းသောက်ရင်း မူးလာကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပြသာနာတွေအကြောင်း အပြန်အလှန် ရင်ဖွင့်မိပြီး စကားတွေအများကြီးပြောဖြစ်ကြသည်။ မဒီ လည်းသူမရဲ့အပူ မဖုံးမကွယ်ပဲကိုပြောပြလာတော့ စစ်မင်းဟန်လည်း သူ့ပြသာနာတွေကို ဖွင့်ချမိတော့တာပေါ့
"ကျွန်တော်သူ့ကိုတစ်ကယ်ချစ်တာဗျာ...အဆင့်အတန်းဆိုတဲ့တစ်ခုထဲနဲ့ အဖေတို့ကသဘောမတူဘူးတဲ့..."
"..."
မဒီ ဘာစကားမျှမပြောဘဲ စစ်မင်းဟန်ရဲ့ရင်ဖွင့်သံကိုသာနားထောင်နေမိသည်
"မင်းဆိုရင်ကော...မိသားစုနဲ့ ချစ်သူဘယ်သူ့ကိုရွေးမလည်း..."
"ကိုစစ်မင်းဟန်က စားတယ်နော်...မဒီ လည်းအဲ့အဖြေတောင်အဖြေမရှိလို့ ဗျာများနေတာလေ..."
"ဟား...ဟား...ဟုတ်သား..."
"ဒါပေမဲ့...ကျွန်မသာ ကိုစစ်မင်းဟန်ဆိုရင် ကောင်မလေးကို အဖေတို့လက်ခံတဲ့အထိ ကြိုးစားကြည့်မှာပေါ့..."
"အကယ်၍...ကောင်မလေးကိုယ်တိုင်က အဲ့လိုမလုပ်ချင်လို့ လမ်းခွဲလိုက်တယ်ဆိုရင်ရော..."
"ရှင်..."
"သူက ကျွန်တော့ကိုကျေးဇူးကမ်းတဲ့သားဖြစ်မှာစိုးလို့တဲ့...သူလည်းသူ့အိမ်ကပေးစားတဲ့သူနဲ့ယူတော့မယ်တဲ့..."
မူးနေတဲ့ စစ်မင်းဟန် ဆီက မထင်မှတ်ထားတဲ့ စကားကိုကြားလိုက်တော့ မဒီ အနည်းငယ်လန့်သွားသည်။ သို့သော် မဒီ့ ကိုဒီထက်ပိုလန့်အောင်လုပ်လိုက်တာက
စစ်မင်းဟန်ရဲ့ စကားတွေက နာကျင်မှုတွေအများကြီးပါနေပြီး...မျက်နှာပြင်ပေါ်မှာမျက်ရည် တွေကိုတွေ့ရတော့...ယောကျာ်းအရင့်အမာကြီး တစ်ယောက်သူ့ရှေ့မှာ ရှုံးရှုံးကွဲငိုတာမမြင်ဖူးတဲ့ မဒီ့ အဖို့ လန့်စရာဖြစ်နေတော့သည်
"ဟယ်...ကိုစစ်မင်းဟန် ငိုနေတာလား..."
သူမရှေ့မှာငိုနေတဲ့သူတစ်ယောက်ကိုဘယ်လိုနှစ်သိမ့်ရမလည်းဆိုတာမဒီမသိပေ။ သူမကိုယ်တိုင်လည်းမူနေပြီဖြစ်ပြီး လူတွေအများကြီးရှိတဲ့ bar ထဲမှာ ငိုနေတဲ့သူကြောင့် လူတွေဝိုင်းကြည့်မှာကိုစိုး၍ မဒီလည်း စစ်မင်းဟန်ရဲ့ ခေါင်းကိုသူမရင်ခွင်ထဲဖတ်ထား၍ အသံတိတ်ငိုစေသည်
မဒီ သူ့ကိုဖက်ထားတာကြောင့်သူ့ မျက်နှာကိုမမြင်ရပေမဲ့ သူ့ရဲ့ရှိုက်ငိုသံတွေက မဒီ့ ကိုဘာလို့နာကျင်စေတာလည်းဆိုတာ မဒီ ကိုယ်တိုင်ပင်မသိပေ။ ငယ်ငယ်က အဖေရိုက်ရင် ချောင်မှာတစ်ယောက်ထဲ ကျိတ်ငိုခဲ့ရတဲ့အချိန်တွေမှာ ကိုယ့်ကိုကိုယ် နှစ်သိမ့် ခဲ့သလို သူ့ရဲ့ ကျောလေးကိုဖြေးဖြေးချင်းပွတ်ပေးပြီး
"အားရပါးရသာငိုချပစ်လိုက်ပါ...နောက်ကျရင် အားလုံးအဆင်ပြေသွားမှာပါ..."
မဒီ့ရဲ့ နှစ်သိမ့်စကားက စစ်မင်းဟန် အဖို့ ပို၍ဝမ်းနည်းစေသည်။ မူးနေတဲ့အရှိန်ကြောင့် အသိစိတ်မရှိပဲ မဒီ့ရင်ခွင်ထဲမှာ အားရပါးရငို၍ပြီးသွားသောအခါ
"ကျွန်တော်နဲ့ဒီညအတူနေပေးလို့ရမလား..."
"ရှင်..."
နောက်ထပ်မထင်ထားတဲ့စကားကြောင့် နောက်ထပ် အာမေဋိတ်အသံကိုထွက်မိပြန်သည်
"ဒီလိုဖတ်ထားရင် ကျွန်တော့စိတ်ခံစားရတာတွေသက်သာလာတယ်"
"မသင့်တော်ဘူးထင်တယ်...ကျွန်မတို့နှစ်ယောက်လုံးမူးနေကြတာလေ..."
"ဒီတစ်ညတည်းပါ..."
"မသင့်တော်ပါဘူးအကိုရယ်...အိမ်ကိုပဲပြန်လိုက်ပါနော်...မဒီကားငှား..."
မဒီ့စကားပင်အဆုံးသေး စစ်မင်းဟန်သည်သူမ၏ရင်ခွင်ထဲကရုန်း၍ သူမလက်နှစ်ဖက်ကိုကိုင်ကာ မျက်ရည်ပြည့်နေတဲ့မျက်ဝန်းတွေနဲ့သူမကိုကြည့်နေသည်
သူမမသိလိုက်ခင်ပင် သူ့မျက်ဝန်းတွေဟာအရမ်းညို့အားကြီးတယ်ဆိုတာ ကိုဝန်ခံနေမိသည်...တရားလွန်သောက်ထားတဲ့ အရက်ပြင်းတွေကြောင့်ကော သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတွေကြောင့်ပဲ မဒီ့အသိတွေပျောက်ကုန်သည်
"ကျွန်တော် ဒီည မင်းကိုလိုအပ်တယ်..."
"..."
"နော်..."
နူးညံ့တဲ့စကားလုံးတွေနဲ့ သူမမျက်လုံးတွေကိုစိုက်ကြည့်ပြီးတောင်းလိုလာတဲ့ ဒီယောကျ်ားရဲ့ အပြုအမူတွေဟာ မဒီ့ကို စိတ်ပျော့လာစေသည်။ မဒီ ကိုယ်တိုင်လည်း ဒီယောကျ်ားအပေါ် ရင်ခုန်မိသွားတယ်ဆိုတာကို သူမ မရှက်ပဲဝန်ခံရလိမ့်မည်။
မူးနေတဲ့ အရှိန်ကြောင့်သော်လည်းကောင်း...သူ့ရဲ့စကားလုံးတွေကြောင့် မဒီပင်သတိမထားမိလိုက်ပဲလက်ခံခဲ့မိလေသည်
************************************
ပြတင်းပေါက်ကနေလာတဲ့ မနက်ခင်းနေမင်းကြီးရဲ့အလင်းရောင်က မျက်ခုံလွှာကို လာရောက်ထိခတ်နေတာကြောင့် မဒီ အိပ်ရာကနိုးလာတော့ မရောက်ဖူးတဲ့အခန်းထဲရောက်နေတာသတိထားမိသွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်းနာကျင်နေပြီး သူ့ဘေးနားကအဝတ်မရှိတဲ့ ခန္ဓာကိုယ်ကြီးကိုတွေ့တော့ မဒီ အသည်းခိုက်ရုံလန့်မိသွားပြီး မနေ့ကအဖြစ်အပျက်တွေကိုမျက်လုံးထဲပြန်မြင်ယောင်မိတော့
"ငါဘာတွေလုပ်မိလိုက်ပြီလဲ..."
ကိုယ့်ခေါင်းကိုပြန်ထုရင်း ချက်ခြင်းအဝတ်အစားကောက်ဝတ်ပြီး အိပ်နေတဲ့ ထိုလူမသိအောင် အခန်းထဲကနေတိုးတိုးလေး ထွက်လာခဲ့သည်။
သူမ ညက ထိုသူနဲ့လိုက်ခဲ့တာကြောင့် ဘယ်နေရာကိုရောက်နေမှန်းလည်းမသိ သူမရဲ့ကားလည်း bar မှာကျန်နေခဲ့တယ်ဆိုတာသေချာနေတာကြောင့်
"ငါတကယ်ပဲအသိစိတ်လွှတ်ခဲ့တာပဲ ကိုယ့်ကားကိုတောင်ထားခဲ့ပြီး မူးနေတဲ့ယောကျ်ားတစ်ယောက်မောင်းတဲ့ကားကိုစီးပြီး တစ်သက်လုံးထိန်းသိမ်းလာတဲ့အရှက်တွေကို တစ်ညထဲနဲ့ ခွဲ ပစ်လိုက်ရတယ်လို့ မိမဒီ ရယ်...အခုအိမ်ကိုဘယ်မျက်နှာနဲ့ပြန်ရမလဲ..."
စိတ်ထဲတွင်မိမိကိုယ်ကိုကြိမ်းဝါးပြီးနေတော့သည်
________________________
ျမန္မာျပည္ရဲ႕ လမ္းေတြကိုသိပ္မမွတ္မိေတာ့တာေၾကာင့္ google map ရဲ႕အကူအညီနဲ႔ bar တစ္ခုကို မဒီေရာက္လာခဲ့တယ္
အျပင္မွာမိုးေတြ႐ြာေနၿပီး ကားပါကင္မွာလည္းအမိုးမပါတာေၾကာင့္ ကားစီကေန bar အေပါက္ဝအထိ မိုးေရထဲကကူးလာေတာ့ ဆံပင္ေတြ ဆိုကုန္သည္
တစ္ကိုယ္လုံးမ႐ႊဲေပမဲ့ မိုးမိထားမွန္ေတာ့ ျမင္တဲ့သူတိုင္းသိႏိုင္သည္
Bar ထဲေရာက္ေတာ့ bar ေကာင္တာမွာထိုင္လိုက္ၿပီး အရက္မွာလိုက္စဥ္
"အျပင္းစား ၁ ခြက္ေပးပါ..."
"အျပင္းစား ၁ခြက္ေပးပါ..."
မဒီႏွင့္ေဘးခ်င္းကပ္လ်က္ခုံမွာထိုင္ေနတဲ့ အမ်ိဳးသားနဲ႔ အမွာစာထပ္ေနေတာ့ တစ္ေယာက္ကိုတစ္ေယာက္ လွည့္ၾကည့္မိသည္
"ကိုစစ္မင္းဟန္..."
"ေၾသာ္ ေႏြမဒီလား..."
တိုက္တိုက္ဆိုင္ဆိုင္ ဒီလိုေနရာမွာသူနဲ႔လာဆုံရတယ္လို႔ကြယ္
"ဟုတ္တယ္ မဒီပါ...ကိုစစ္မင္းဟန္ ကဒီမွာဘာလုပ္ေနတာလည္း..."
"မင္းလိုပဲေပါ့ အရက္လာေသာက္တာ..."
"ဟင္...မဒီ့အမလႊတ္လိုက္တာေတာ့မဟုတ္ဘူးမလား..."
"ဟင္...ဘာလို႔ မပန္းခ်ီကကြၽန္ေတာ့္ကိုလႊတ္ရမွာလည္း...ကြၽန္ေတာ့္ဘာသာအရက္ေသာက္ခ်င္လို႔လာတာပါ...ဘာျဖစ္လို႔လဲ"
"ေၾသာ္...ဘာမွမျဖစ္ပါဘူး ဒီမွာအမွတ္တမဲ့လာေတြ႕ေတာ့ ထူးဆန္းေနလို႔ပါ..."
"ေၾသာ္..."
ထိုအခ်ိန္ အရက္ေဖ်ာ္သူက အရက္ႏွစ္ခြက္ကို တစ္ၿပိဳင္တည္းခ်ေပးေတာ့ ႏွစ္ေယာက္လုံး တစ္ၿပိဳင္တည္း ေသာက္ခ်လိုက္သည္
"ဒီလိုအရက္ျပင္းကို မင္းေသာက္ႏိုင္တယ္ေပါ့..."
"အင္းး...မဒီ ဟိုမွာေနတုန္းကစိတ္က်တဲ့အခါေတြဆိုေသာက္ျဖစ္ေတာ့ အခုေသာက္ႏိုင္ေနၿပီ..."
"ဒါဆို အခုလည္း မင္းကစိတ္က်ေနလို႔လား"
"မဟုတ္ပါဘူး...ဒီတိုင္း ကိစၥေလးေတြရွိေတာ့မူးခ်င္လာလို႔..."
"မင္းလိုမိန္းကေလးက အရက္မူးခ်င္တယ္ဆိုေတာ့ ေတာ္ေတာ္ထူးဆန္းတာပဲ..."
"ဒီလိုပါပဲ...အရက္မူးေနရင္ စိတ္ညစ္စရာေတြေမ့သြားတယ္ေလ...."
မဒီ့ အေျဖကိုႏွစ္သက္သြားတာေၾကာင့္ စစ္မင္းဟန္ လည္းအလိုလိုၿပဳံးမိၿပီး ေထာက္ခံလိုက္သည္
"အဲ့ဒါေတာ့ဟုတ္တယ္..."
"ကိုစစ္မင္းဟန္ကေကာ ဘာလို႔ေသာက္တာလည္း..."
"ကြၽန္ေတာ္လည္းမင္းလိုပဲ မူးခ်င္လာလို႔ေလ..."
"ေၾသာ္...ဒါနဲ႔ေလ မဒီ ဒီမွာအရက္လာေသာက္တာကို မမတို႔ကို ျပန္မေျပာနဲ႔ေနာ္..."
"မေျပာပါဘူး...ဒါေပမဲ့သူတို႔သိသြားလည္း စိတ္ပူစရာေတာ့မဟုတ္ပါဘူး မင္းလည္းအ႐ြယ္ေရာက္ေနၿပီပဲ..."
"ႏိုးႏိုးႏိုး...မဒီသာ အရက္ေသာက္တတ္တာသိသြားရင္ မဒီ့ကို ဟိုျပန္လြတ္ေတာ့မွာမဟုတ္ဘူး.."
"ေၾသာ္...မင္းကအေမရိကကိုျပန္ေတာ့မွာလား..."
"အင္း...အလုပ္ျပန္ရွာရမယ္ေလ..."
"ေၾသာ္...ဒါနဲ႔ဘာေမဂ်ာနဲ႔ၿပီးထားတာလည္း..."
"Civil engineering ပါ"
"ဟုတ္လား ကြၽန္ေတာ္လည္းအတူတူပဲ ကြၽန္ေတာ္ကေတာ့ၿပီးတာ ၄ ႏွစ္ေလာက္ရွိၿပီ"
"ဟုတ္လား ဘယ္ေက်ာင္းကလည္း..."
"NUS က ပါ...မင္းကေကာ..."
"Universiry of Columbia"
"Wow...Ivy League ပဲ"
"IVY LEAGUE မလိူ႔ပဲ အရမ္းပင္ပန္းတာ အိမ္ကေထာက္ပံ့ေပးရင္ ေဖေဖတို႔ပင္ပန္းမွာစိုးလို႔ Scholar နဲ႔သြားေတာ့ အရမ္းပင္ပန္းတာ...အဲ့ဒါေတာင္မကလို႔ Hons အတန္းပါတက္လိုက္ေတာ့ ၅ ႏွစ္ေတာင္ၾကာသြားတယ္ေလ...အဲ့ ၅ ႏွစ္ေၾကာင့္လည္း အခု အရက္ပါေသာက္တက္သြားတယ္... stress ပိရင္ ခိုးခိုးေသာက္တာ"
ျပန္ေတြ႕တာမၾကာေသးေသာ္လည္း ပြင့္ပြင့္လင္းလင္းရွိၿပီး သူမအေၾကာင္းေတြကိုေျပာျပေနသည့္ ေႏြမဒီ ရဲ႕လြတ္လပ္တဲ့အက်င့္စ႐ိုက္ကို စစ္မင္းဟန္ သတိထားမိလာသည္
"အဲ့လိုပင္ပန္းထားမွေတာ့ အလုပ္ကေတာ့ေကာင္းေကာင္းရမွာပါ...အေမရိကမွာက လစာလည္းေကာင္းတယ္"
"အဲ့အလုပ္ကိစၥေတြေၾကာင့္ပဲ အခုလည္း အမနဲ႔စကားမ်ားလာတာ...."
"ေၾသာ္"
"..."
"..."
ေသာက္ရင္းေသာက္ရင္း မူးလာၾကတဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ ျပသာနာေတြအေၾကာင္း အျပန္အလွန္ ရင္ဖြင့္မိၿပီး စကားေတြအမ်ားႀကီးေျပာျဖစ္ၾကသည္။ မဒီ လည္းသူမရဲ႕အပူ မဖုံးမကြယ္ပဲကိုေျပာျပလာေတာ့ စစ္မင္းဟန္လည္း သူ႔ျပသာနာေတြကို ဖြင့္ခ်မိေတာ့တာေပါ့
"ကြၽန္ေတာ္သူ႔ကိုတစ္ကယ္ခ်စ္တာဗ်ာ...အဆင့္အတန္းဆိုတဲ့တစ္ခုထဲနဲ႔ အေဖတို႔ကသေဘာမတူဘူးတဲ့..."
"..."
မဒီ ဘာစကားမွ်မေျပာဘဲ စစ္မင္းဟန္ရဲ႕ရင္ဖြင့္သံကိုသာနားေထာင္ေနမိသည္
"မင္းဆိုရင္ေကာ...မိသားစုနဲ႔ ခ်စ္သူဘယ္သူ႔ကိုေ႐ြးမလည္း..."
"ကိုစစ္မင္းဟန္က စားတယ္ေနာ္...မဒီ လည္းအဲ့အေျဖေတာင္အေျဖမရွိလို႔ ဗ်ာမ်ားေနတာေလ..."
"ဟား...ဟား...ဟုတ္သား..."
"ဒါေပမဲ့...ကြၽန္မသာ ကိုစစ္မင္းဟန္ဆိုရင္ ေကာင္မေလးကို အေဖတို႔လက္ခံတဲ့အထိ ႀကိဳးစားၾကည့္မွာေပါ့..."
"အကယ္၍...ေကာင္မေလးကိုယ္တိုင္က အဲ့လိုမလုပ္ခ်င္လို႔ လမ္းခြဲလိုက္တယ္ဆိုရင္ေရာ..."
"ရွင္..."
"သူက ကြၽန္ေတာ့ကိုေက်းဇူးကမ္းတဲ့သားျဖစ္မွာစိုးလို႔တဲ့...သူလည္းသူ႔အိမ္ကေပးစားတဲ့သူနဲ႔ယူေတာ့မယ္တဲ့..."
မူးေနတဲ့ စစ္မင္းဟန္ ဆီက မထင္မွတ္ထားတဲ့ စကားကိုၾကားလိုက္ေတာ့ မဒီ အနည္းငယ္လန္႔သြားသည္။ သို႔ေသာ္ မဒီ့ ကိုဒီထက္ပိုလန္႔ေအာင္လုပ္လိုက္တာက
စစ္မင္းဟန္ရဲ႕ စကားေတြက နာက်င္မႈေတြအမ်ားႀကီးပါေနၿပီး...မ်က္ႏွာျပင္ေပၚမွာမ်က္ရည္ ေတြကိုေတြ႕ရေတာ့...ေယာက်ာ္းအရင့္အမာႀကီး တစ္ေယာက္သူ႔ေရွ႕မွာ ရႈံးရႈံးကြဲငိုတာမျမင္ဖူးတဲ့ မဒီ့ အဖို႔ လန္႔စရာျဖစ္ေနေတာ့သည္
"ဟယ္...ကိုစစ္မင္းဟန္ ငိုေနတာလား..."
သူမေရွ႕မွာငိုေနတဲ့သူတစ္ေယာက္ကိုဘယ္လိုႏွစ္သိမ့္ရမလည္းဆိုတာမဒီမသိေပ။ သူမကိုယ္တိုင္လည္းမူေနၿပီျဖစ္ၿပီး လူေတြအမ်ားႀကီးရွိတဲ့ bar ထဲမွာ ငိုေနတဲ့သူေၾကာင့္ လူေတြဝိုင္းၾကည့္မွာကိုစိုး၍ မဒီလည္း စစ္မင္းဟန္ရဲ႕ ေခါင္းကိုသူမရင္ခြင္ထဲဖတ္ထား၍ အသံတိတ္ငိုေစသည္
မဒီ သူ႔ကိုဖက္ထားတာေၾကာင့္သူ႔ မ်က္ႏွာကိုမျမင္ရေပမဲ့ သူ႔ရဲ႕ရႈိက္ငိုသံေတြက မဒီ့ ကိုဘာလို႔နာက်င္ေစတာလည္းဆိုတာ မဒီ ကိုယ္တိုင္ပင္မသိေပ။ ငယ္ငယ္က အေဖ႐ိုက္ရင္ ေခ်ာင္မွာတစ္ေယာက္ထဲ က်ိတ္ငိုခဲ့ရတဲ့အခ်ိန္ေတြမွာ ကိုယ့္ကိုကိုယ္ ႏွစ္သိမ့္ ခဲ့သလို သူ႔ရဲ႕ ေက်ာေလးကိုေျဖးေျဖးခ်င္းပြတ္ေပးၿပီး
"အားရပါးရသာငိုခ်ပစ္လိုက္ပါ...ေနာက္က်ရင္ အားလုံးအဆင္ေျပသြားမွာပါ..."
မဒီ့ရဲ႕ ႏွစ္သိမ့္စကားက စစ္မင္းဟန္ အဖို႔ ပို၍ဝမ္းနည္းေစသည္။ မူးေနတဲ့အရွိန္ေၾကာင့္ အသိစိတ္မရွိပဲ မဒီ့ရင္ခြင္ထဲမွာ အားရပါးရငို၍ၿပီးသြားေသာအခါ
"ကြၽန္ေတာ္နဲ႔ဒီညအတူေနေပးလို႔ရမလား..."
"ရွင္..."
ေနာက္ထပ္မထင္ထားတဲ့စကားေၾကာင့္ ေနာက္ထပ္ အာေမဋိတ္အသံကိုထြက္မိျပန္သည္
"ဒီလိုဖတ္ထားရင္ ကြၽန္ေတာ့စိတ္ခံစားရတာေတြသက္သာလာတယ္"
"မသင့္ေတာ္ဘူးထင္တယ္...ကြၽန္မတို႔ႏွစ္ေယာက္လုံးမူးေနၾကတာေလ..."
"ဒီတစ္ညတည္းပါ..."
"မသင့္ေတာ္ပါဘူးအကိုရယ္...အိမ္ကိုပဲျပန္လိုက္ပါေနာ္...မဒီကားငွား..."
မဒီ့စကားပင္အဆုံးေသး စစ္မင္းဟန္သည္သူမ၏ရင္ခြင္ထဲက႐ုန္း၍ သူမလက္ႏွစ္ဖက္ကိုကိုင္ကာ မ်က္ရည္ျပည့္ေနတဲ့မ်က္ဝန္းေတြနဲ႔သူမကိုၾကည့္ေနသည္
သူမမသိလိုက္ခင္ပင္ သူ႔မ်က္ဝန္းေတြဟာအရမ္းညိဳ႕အားႀကီးတယ္ဆိုတာ ကိုဝန္ခံေနမိသည္...တရားလြန္ေသာက္ထားတဲ့ အရက္ျပင္းေတြေၾကာင့္ေကာ သူ႔ရဲ႕ဆြဲေဆာင္မႈရွိတဲ့မ်က္ဝန္းေတြေၾကာင့္ပဲ မဒီ့အသိေတြေပ်ာက္ကုန္သည္
"ကြၽန္ေတာ္ ဒီည မင္းကိုလိုအပ္တယ္..."
"..."
"ေနာ္..."
ႏူးညံ့တဲ့စကားလုံးေတြနဲ႔ သူမမ်က္လုံးေတြကိုစိုက္ၾကည့္ၿပီးေတာင္းလိုလာတဲ့ ဒီေယာက်္ားရဲ႕ အျပဳအမူေတြဟာ မဒီ့ကို စိတ္ေပ်ာ့လာေစသည္။ မဒီ ကိုယ္တိုင္လည္း ဒီေယာက်္ားအေပၚ ရင္ခုန္မိသြားတယ္ဆိုတာကို သူမ မရွက္ပဲဝန္ခံရလိမ့္မည္။
မူးေနတဲ့ အရွိန္ေၾကာင့္ေသာ္လည္းေကာင္း...သူ႔ရဲ႕စကားလုံးေတြေၾကာင့္ မဒီပင္သတိမထားမိလိုက္ပဲလက္ခံခဲ့မိေလသည္
************************************
ျပတင္းေပါက္ကေနလာတဲ့ မနက္ခင္းေနမင္းႀကီးရဲ႕အလင္းေရာင္က မ်က္ခုံလႊာကို လာေရာက္ထိခတ္ေနတာေၾကာင့္ မဒီ အိပ္ရာကႏိုးလာေတာ့ မေရာက္ဖူးတဲ့အခန္းထဲေရာက္ေနတာသတိထားမိသြားသည္။ ခႏၶာကိုယ္တစ္ခုလုံးလည္းနာက်င္ေနၿပီး သူ႔ေဘးနားကအဝတ္မရွိတဲ့ ခႏၶာကိုယ္ႀကီးကိုေတြ႕ေတာ့ မဒီ အသည္းခိုက္႐ုံလန္႔မိသြားၿပီး မေန႔ကအျဖစ္အပ်က္ေတြကိုမ်က္လုံးထဲျပန္ျမင္ေယာင္မိေတာ့
"ငါဘာေတြလုပ္မိလိုက္ၿပီလဲ..."
ကိုယ့္ေခါင္းကိုျပန္ထုရင္း ခ်က္ျခင္းအဝတ္အစားေကာက္ဝတ္ၿပီး အိပ္ေနတဲ့ ထိုလူမသိေအာင္ အခန္းထဲကေနတိုးတိုးေလး ထြက္လာခဲ့သည္။
သူမ ညက ထိုသူနဲ႔လိုက္ခဲ့တာေၾကာင့္ ဘယ္ေနရာကိုေရာက္ေနမွန္းလည္းမသိ သူမရဲ႕ကားလည္း bar မွာက်န္ေနခဲ့တယ္ဆိုတာေသခ်ာေနတာေၾကာင့္
"ငါတကယ္ပဲအသိစိတ္လႊတ္ခဲ့တာပဲ ကိုယ့္ကားကိုေတာင္ထားခဲ့ၿပီး မူးေနတဲ့ေယာက်္ားတစ္ေယာက္ေမာင္းတဲ့ကားကိုစီးၿပီး တစ္သက္လုံးထိန္းသိမ္းလာတဲ့အရွက္ေတြကို တစ္ညထဲနဲ႔ ခြဲ ပစ္လိုက္ရတယ္လို႔ မိမဒီ ရယ္...အခုအိမ္ကိုဘယ္မ်က္ႏွာနဲ႔ျပန္ရမလဲ..."
စိတ္ထဲတြင္မိမိကိုယ္ကိုႀကိမ္းဝါးၿပီးေနေတာ့သည္