Unicode...
မင်းထွဋ် အလုပ်သွားဖို့ အစောကြီးထပြီး ဦးချစ်တီးဆိုင်ကို မနက်စာလာစားတယ်။ မနေ့က ညို့ကို ချစ်ခွင့်ပန်မိတဲ့အကြောင်း တစ်ညလုံးထိုင်တွေးဖြစ်ခဲ့ပြီး အခုထိလည်း တွေးမိနေတုန်းပဲ။ ဖွင့်ပြောတာ စောသွားပြီလားဆိုတဲ့ သံသယကြောင့်ပါ။
ဦးချစ်တီးဆိုင်မှာ မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုက မင်းထွဋ်ကိုဆီးကြိုနေတယ်။ စားပွဲဝိုင်းတစ်ခုမှာ တစ်ဦးတည်းထိုင်ပြီး စီးကရက်သောက်နေတဲ့ သွေးသစ်ညို...။ ခါတိုင်းလို သပ်သပ်ရပ်ရပ်ဝတ်စားထားပြီး စားပွဲပေါ်မှာ သောက်လက်စ လက်ဖက်ရည်တစ်ခွက်...။ ဒါပေမဲ့ သူလေးကတော့ စီးကရက်ကိုပဲ ပိုပြီးမက်မက်မောမောသောက်နေလေတယ်။
မင်းထွဋ် နောက်တစ်ကြိမ် ညို့ကိုစိတ်ပူရပြန်တယ်။ စိတ်ညစ်စရာတွေက နေ့ကူးသွားတာတောင် မပျောက်သေးဘူးလားကွယ်။ မင်းထွဋ် သွားတားရင် ဆေးလိပ်လည်း သောက်ဖူးတယ်ဆိုပြီး ရန်ထောင်နေဦးမှာ အသေအချာပါပဲ။
ဆိုင်ထဲကလူအချို့ သူ့ကို လှမ်းလှမ်းကြည့်ကြတယ်။ မင်းထွဋ် အဲဒီအကြည့်တွေ ညို့ဆီမှာရှိနေတာကို တကယ်မကြိုက်ဘူး။ ဒါကြောင့် လွတ်နေတဲ့ဝိုင်းတွေကို ကျော်လာပြီး ညို့ဘေးမှာသွားထိုင်လိုက်တယ်။
"ဒီက အီကြာကွေးတစ်ပွဲနဲ့ ပေါ့ဆိမ့်တစ်ခွက်!"
မင်းထွဋ် စားပွဲထိုးလေးကို လှမ်းအော်လိုက်တော့ ညိုက မော့ကြည့်တယ်။ ပြီးတော့ချက်ချင်း မျက်လွှာချသွားပြီး လက်ဖက်ရည်ကိုမော့သောက်တယ်။
"မနက်စာကို ဆေးလိပ်တစ်လိပ်တည်းနဲ့ ပြီးသွားလို့ ဖြစ်မလား"
ညိုက မသိချင်ယောင်ဆောင်ပြီး စီးကရက်ကိုဆက်သောက်တယ်။ လက်ရှိမြင်နေရတဲ့ ညို့ပုံစံဟာ အရယ်အပြုံးမရှိ တင်းမာနေတယ်။ နှင်းဆီဖူးလို လှတဲ့နှုတ်ခမ်းနှစ်လွှာကို သူလေးနဲ့ မလိုက်မဖက် တင်းတင်းစေ့ပြီး မျက်ခုံးတွေကိုလည်း တွန့်ချိုးထားလေရဲ့။
ညိုရယ်... မင်းလေးက ငါနဲ့အပြိုင် ရပ်ကွက်ထဲမှာ ဆိုးသွမ်းဖို့များ ခြေလှမ်းပြင်နေလေသလား...။
"ဧကန္တ မနေ့ညက ကိစ္စကြောင့်များ ကိုယ့်ကို"
မင်းထွဋ် မဝံ့မရဲမေးလေတော့ စကားမဆုံးခင် ညိုကဖြတ်ပြောတယ်။
"ကျွန်တော် အကုန်လုံးကို မှတ်မိပေမဲ့ ရယ်စရာကောင်းတာမို့ မပြောခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ့မယ်"
မင်းထွဋ်ကြောင်နေတုန်းမှာပဲ ညိုက ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေ ထွက်သွားတော့တယ်။
ရယ်စရာကောင်းတယ်တဲ့လား ညိုရယ်... ငါ့အချစ်က ရယ်စရာကောင်းတယ်တဲ့လား။
မင်းထွဋ် မငိုမိအောင်ထိန်းထားပေမဲ့ မျက်ရည်တွေက သူ့အလိုလိုစီးကျလာတယ်။ ဘယ်သူမှသတိမထားမိခင် လက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းဖိသုတ်ပစ်ပြီး အကြိုအပို့ယာဉ်ပေါ်တက်သွားတဲ့ညို့ကို ဝေဝေဝါးဝါး ငေးကြည့်နေမိတယ်။
ဒီနေ့ မင်းထွဋ်အလုပ်လုပ်ရတာ စိတ်မပါတော့ဘူး။ အလုပ်ဝင်တာ နှစ်ရက်ပဲရှိသေးတာမို့ စိတ်မပါလည်း ကြိတ်မှိတ်ပြီး ဟန်ဆောင်ရတယ်။ မင်းထွဋ်အချစ်ဟာ ရယ်စရာကောင်းပေမဲ့ လွယ်လွယ်နဲ့တော့ လက်မလျှော့ချင်ပါဘူး။
ညို့နှလုံးသားကို ပိတ်ပင်နေတဲ့အတားအဆီးတွေကို ဖယ်ပစ်ချင်ပါရဲ့...။ ညို့ကို ရဲရဲကြီးချစ်ရဲအောင် လမ်းပြချင်ပါရဲ့...။
×××
ချစ်ချင်တဲ့သူကို ပေါ်ပေါ်ထင်ထင်ချစ်လို့မရတာ ညိုတို့လို သဘာဝနဲ့ဆန့်ကျင်နေတဲ့ ဖြစ်တည်မှုတွေဆိုပေမဲ့ အရဲစွန့်ပြီးမချစ်ရဲတာ ညို့ရဲ့သူရဲဘောကြောင်မှုသာဖြစ်တယ်။
ခိုင်ခိုင်တို့ကိုပဲ ကြည့်ပါလား။ နေချင်တဲ့ဘဝမှာ လွတ်လွတ်လပ်လပ်နေပြီး ချစ်ချင်တဲ့သူ ချစ်ပစ်လိုက်တယ်။ ပတ်ဝန်းကျင်က မေးငေါ့မှာတွေ၊ စကားနာထိုးမှာတွေ၊ အပြစ်တင်မှာတွေ ဂရုမစိုက်ဘူး။
ခိုင်ခိုင်ဆို အမြဲပြောတယ်။ အရေထူနေပြီတဲ့။ နားယဉ်သွားပြီတဲ့။ ဟုတ်တယ်။ အဲလိုအရေထူဖို့ နားယဉ်ဖို့ဆိုတာ အစပျိုးဖြတ်သန်းမှုကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရမှာပဲ။ ညို့မှာက အဲလိုရင်ဆိုင်ဖို့ကို သတ္တိမရှိတာ။
ဖေဖေ့ကြောင့် စိတ်ညစ်နေတာရော ညို့ဘဝကြီးကိုလည်း စိတ်ကုန်လာတာကြောင့် မနေ့က ကိုမင်းထွဋ်ကို ရင့်ရင့်သီးသီးတွေပြောခဲ့မိတယ်။ ပြန်တွေးကြည့်တော့မှ ညိုဟာ တော်တော့်ကိုစိတ်ပျက်ဖို့ကောင်းပါလားဆိုတာ သိလိုက်ရတယ်။
ကိုမင်းထွဋ်က ညို့အရှက်ကိုလည်း ကာကွယ်ပေးခဲ့တယ်။ ညို့လျှို့ဝှက်ချက်ကိုလည်း စောင့်ထိန်းပေးပြီး ညို့ကိုစိတ်ပူပေးခဲ့တယ်။ ဒီလူကြီး ညို့ကိုချစ်တယ်လို့ဖွင့်ပြောလိုက်တဲ့အချိန်တုန်းက ညို ရီဝေဝေဖြစ်နေပေမဲ့ နှလုံးသားကတော့ ဟန်မဆောင်ဘဲ တဒုတ်ဒုတ်ခုန်ပြီး တုံ့ပြန်ခဲ့ပါတယ်။
အစတုန်းက ကိုမင်းထွဋ်ရဲ့အချစ်တွေကို အနည်းနဲ့အများ သံသယဝင်ခဲ့ပါတယ်။ ရင်ခုန်နေတဲ့ကြားက ညို့ကို ဘာကြောင့်ချဉ်းကပ်လာသလဲလို့ တစ်ချက်တစ်ချက်တွေးမိတယ်။ သူ့သူငယ်ချင်းတွေကြား လှောင်ရယ်စရာတစ်ခုအဖြစ် ညို့ကို အသုံးချသွားမှာကို ညိုသိပ်ကြောက်တယ်လေ။
ဒါမျိုးတွေက မိန်းမလျာလောကမှာ အတွေ့ရဆုံး အဖြစ်အပျက်တွေပဲ။ ကောင်လေးတွေဟာ မိန်းမလျာတွေကို ပိုက်ဆံကြောင့်ဖြစ်စေ၊ တခြားရည်ရွယ်ချက်တွေနဲ့ဖြစ်စေ ချဉ်းကပ်တယ်။ သူတို့လိုချင်တာရသွားပြီဆို နင်လိုအခြောက်မကို ကြိုက်စရာလားဆိုပြီး လှောင်ပြောမှုတွေနဲ့ ထားရစ်ခဲ့ကြတယ်။
မိန်းမလျာတွေဆိုတာလည်း လူသားတွေပါ။ ခံစားချက်ရှိကြတာပါပဲ။ သူတို့လုပ်ရပ်တွေအပေါ် မခံစားနိုင်ကြလို့ ရှက်ရွံ့ကြလို့ လောကကြီးကအပြီးတိုင်ထွက်သွားကြတဲ့သူတွေ၊ အဝေးဆုံးကို ထွက်ပြေးသွားကြသူတွေ ဒုနဲ့ဒေး...။
အဲဒါတွေကို ညို မြင်နေ၊ ကြားနေရလို့ မချစ်ရဲတာ။ မမိုက်ရဲတာ။ မစွန့်စားရဲတာ။ ဒါပေမဲ့ ကိုမင်းထွဋ်က ညို့ကို တွေဝေအောင်လုပ်သွားတယ်။ သူတောင် ညို့လိုလူကို ချစ်ရဲသေးတာ။ ညိုကရော...။
ဘာပဲဖြစ်ဖြစ် ညို လက်ဖက်ရည်ဆိုင်မှာ ကိုမင်းထွဋ်ကို ပြောခဲ့မိတာတွေအတွက် ပြန်တောင်းပန်သင့်တယ်လို့ထင်တယ်။ တောင်းပန်ရင်းနဲ့ အဲဒီလူကြီးကို စကားလေးဘာလေးပြောချင်တာလည်း ပါမှာပေါ့လေ။
ညို ရုံးကနေပြန်ရောက်တော့ အရှေ့ဘက်အိမ်ကို ချီတုံချတုံနဲ့ ရောက်သွားတယ်။ လက်ထဲမှာ ချည်ပုဆိုးတစ်ထည်ပိုက်လို့ပေါ့။ ဟိုလူကြီးရဲ့အမေ ဒေါ်မေအုန်းက တံခါးလာဖွင့်ပေးတယ်။
"ဟို ကိုမင်းထွဋ်ရှိလား အဒေါ်"
"မင်းထွဋ်တဲ့လား ဒီအချိန်အိမ်ကပ်မှာ... အဒေါ့်ကိုတော့ လက်ဖက်ရည်ဆိုင်လို့ပြောသွားတာပဲ"
"ဪ ဟုတ်ဟုတ်... ဒါဆို လက်ဖက်ရည်ဆိုင်မှာသွားကြည့်လိုက်ပါ့မယ်... ကျေးဇူးပါ အဒေါ်"
ဒေါ်မေအုန်းကိုနှုတ်ဆက်ပြီး လက်ဖက်ရည်ဆိုင်ကိုထွက်ခဲ့တော့ ကိုယ်ရောင်ကိုယ်ဝါတောက်ပလှပါတဲ့ ကိုမင်းထွဋ်ကို ရှာစရာမလိုဘဲ တွေ့လေတယ်။ သူ့သူငယ်ချင်းတွေနဲ့အတူတူရှိနေတာမို့ ညို ဆိုင်ထဲကိုလည်းဝင်မသွားချင်တာနဲ့ ဆိုင်ရှေ့မှာယောင်တောင်တောင်လေးရပ်နေမိတာ။
"ဘာမှာမလဲ အစ်ကို"
"ကိုမင်းထွဋ်"
ညို ကိုမင်းထွဋ်တို့ဝိုင်းဆီအာရုံရောက်နေတုန်း ဆိုင်ရှေ့က စားပွဲထိုးလေးက ရုတ်တရက်လာမေးလေတော့ စိတ်ထဲရှိရာဖြေလိုက်တာ နည်းနည်းလွဲသွားတယ်ပေါ့လေ။
"အဲ... ဟို ကိုမင်းထွဋ်ကို သွားခေါ်ပေးပါလားလို့"
ညိုကတော့ ကိုယ့်အလွဲကြောင့် ရယ်လိုက်ပေမဲ့ စားပွဲထိုးလေးကတော့ ဘာမှမသိရှာဘူး။ ကိုမင်းထွဋ်ကိုပဲ သွားခေါ်ပေးတယ်။ မကြာပါဘူး။ အထာသိတဲ့ဆရာသမားက ညို့ကိုလှမ်းကြည့်လာပြီး ချက်ချင်းဆိုသလို ညို့ဆီကိုထွက်လာခဲ့တယ်။
"ဘာကိစ္စရှိလို့လဲ သွေးသစ်ညို"
ကိုမင်းထွဋ်အသံက မာနေတာမျိုးမဟုတ်ပေမဲ့ သာသာယာယာလည်းမရှိလှဘူး။ အမြဲလိုလို ညိုလို့ ခေါ်နေကျလူကြီးက ခုလိုနာမည်အပြည့်အစုံကြီးခေါ်လိုက်တော့ ညို့စိတ်ထဲ ဘဝင်မကျသလို။ အင်းပေါ့လေ။ သူ့ချည်းအပြစ် ဘယ်ရှိလိမ့်မလဲ။ မဆင်မခြင်ပြောဆိုမိတဲ့ ညို့အပြစ်သာပေါ့။
"ဟို... စကားခဏပြောလို့ရမလား"
ဆိုင်ရှေ့မှာလူတွေရှုပ်နေတာမို့ ကိုမင်းထွဋ်က ညို့လက်ကိုဆွဲပြီး လူနည်းနည်းရှင်းတဲ့ ဆိုင်ထောင့်နားကိုခေါ်လာခဲ့တယ်။
"အင်း...ပြော"
ကိုမင်းထွဋ်ကို ညို စေ့စေ့မကြည့်ရဲပါဘူး။ မျက်လွှာလေးအသာချပြီး လက်ထဲက ပုဆိုးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်နေမိတော့တယ်။ ကြိုစီထားတဲ့စကားလုံးတွေကလည်း တော်တော်နဲ့ထွက်မလာဘူး။
"ဟိုလေ... မနေ့ကလေ... အဲဒါ တောင်းပန်ချင်လို့"
"မနေ့က?"
"အင်း... မနေ့က"
ညို ခဏလေးမော့ကြည့်မိတော့ ညို့ကိုတစ်ချက်မှအကြည့်မလွှဲဘဲ စူးစူးစိုက်စိုက်ကိုကြည့်နေတဲ့ ကိုမင်းထွဋ်နဲ့ အကြည့်ချင်းဆုံသွားတယ်။ ချက်ချင်း မျက်လွှာကိုချပစ်ရပါတယ်။ အပြစ်လုပ်ထားတဲ့ ကလေးတွေ လိပ်ပြာမလုံသလိုပေါ့ကွယ်။
"ဆက်ပြောလေ"
"အာ မနေ့က ဒီဆိုင်မှာလေ"
"အင်း"
ကိုမင်းထွဋ်က မေးငေါ့ပြပြန်တယ်။ ငတုံးကြီးရဲ့ ဒီလောက်ပြောရင် သိရတော့မှာပေါ့လို့ ညို စိတ်ထဲကနေ မသိမသာလေး ကျိန်ဆဲလိုက်သေးတယ်။ အဲဒီလူကြီး တကယ်တုံးသလား တုံးချင်ယောင်ဆောင်သလားဆိုတာတော့ သူအသိဆုံးဖြစ်မှာပေါ့။
"မနေ့က ဒီဆိုင်မှာ ကိုမင်းထွဋ် ကျွန်တော်နဲ့ဆုံတုန်း..."
"ညို... ညိုလို့ပဲ သုံး... ဒီနားမှာ ဘယ်သူမှမကြားနိုင်ဘူး... ကိုယ်နဲ့နှစ်ယောက်တည်းပြောတဲ့အချိန် အဲလိုပဲသုံး"
ကိုမင်းထွဋ်ရဲ့မျက်ဝန်းတွေဟာ တဖြည်းဖြည်း နူးညံ့လာပြီး လေးနက်တဲ့အသွင်ကိုဆောင်တယ်။ ညို့ကို တမင်များညှို့ယူနေသလား အောက်မေ့ရပါတယ် လူကြီးရယ်။
"ဟုတ်... အဲဒါ ကိုမင်းထွဋ်ကို ညိုပြောလိုက်တာတွေအတွက် တောင်း"
ညို့စကားမဆုံးခင် ကိုမင်းထွဋ်ဆီက ရယ်သံထွက်လာတယ်။ လှောင်ရယ်တာမျိုးမဟုတ်ဘဲ သဘောတကျရယ်နေတဲ့အသံ...။
"ဒီတော့ ကိုယ့်အချစ်က ရယ်စရာမကောင်းဘူးမလား"
"ဟင့်အင်း ဟင့်အင်း... ညို အဲလိုမျိုး လုံးဝမရည်ရွယ်ပါဘူး... တကယ်ပါ... ကိုမင်းထွဋ်ရဲ့အချစ်ကို လှောင်တာမျိုး လုံးဝမဟုတ်ပါဘူး... ညိုလေ စိတ်ညစ်စရာတွေရှိနေတာနဲ့ ပြောမိပြောရာ ပြောထွက်သွားတာပါ... အဲလိုမျိုး လုံးဝမဟုတ်"
"ရပါပြီဗျာ... အဲလောက်ဆို ရပါပြီ... ကိုယ် ယုံပါတယ်... စိတ်ညစ်စရာတွေရှိနေရင် ကိုယ့်ကိုပြောပြလို့ရတယ်... ညို ကိုယ့်ကိုယုံတယ်မလား"
"ဟုတ် ကိုမင်းထွဋ်ကို ညိုယုံပါတယ်... အခုတော့ အဆင်ပြေသွားပါပြီ... အရက်တွေရော ဆေးလိပ်တွေရော သောက်လိုက်တယ်လေ"
"ဟက် ဟုတ်ပါရဲ့နော်... နောက်တစ်ခါ အဲဒါတွေမသောက်ဘဲ ကိုယ့်ဆီကိုပဲ လာပေးမယ်မလား ညို"
"ဟုတ်... နောက်တစ်ခါကျရင် ကိုမင်းထွဋ်ကို လာနှိပ်စက်ပါ့မယ်"
"ဟောဒီကညို အလိုရှိသလိုပေါ့ဗျာ"
"ဒါဆို ဒါလေး"
ညိုတစ်ချိန်လုံး ပိုက်ထားတဲ့ ပုဆိုးလေးကို မရဲတရဲလှမ်းပေးလေတော့ ကိုမင်းထွဋ်က ညို့ကိုနားမလည်သလိုကြည့်တယ်။
"တောင်းပန်တဲ့အနေနဲ့ ပေးတဲ့လက်ဆောင်ပါ"
"မနက်ဖြန်ကျရင် နောက်ထပ်လက်ဆောင်ပေးရဦးမှာ မမေ့ဘူးမလား"
အဲဒီအဖြေကိုတော့ဖြင့် မခို့တရို့နဲ့ မျက်စောင်းလေးတစ်ချက် ထိုးပြီးပြန်ဖြေလိုက်ပါတယ်။
"ကိုမင်းထွဋ်ဟာလေ အဲဒီအကြောင်းကို ခဏခဏပြောရမှ နေသာထိုင်သာရှိပုံပဲနော်"
"ကိုယ့်ချစ်သူကလေး ကတာမြင်ချင်တာ အပြစ်လားလို့"
"ဘယ်က ချစ်သူလဲ... ဘယ်သူက အဖြေပေးရသေးလို့လဲနော်"
"ဒါဆို အဖြေပေးဖို့စဉ်းစားနေတယ်ဆိုတဲ့ သဘောပေါ့ ဟုတ်သလား ညို"
ဒီလူကြီးဟာ ငတုံးကြီးလုံးဝမဟုတ်ဘူး။ တုံးချင်ယောင်ဆောင်နေတာပဲရှိတာ။ အခုကြည့်ပါလား။ ညို့ကို အကြပ်ရိုက်အောင် လုပ်လိုက်ပြန်ပြီလေ။
"ဟွန်း... သိပ်ကိုတတ်နေတဲ့ ကိုတတ်ပကြီးပါနော်... ဆက်နေရင် ညိုအနုကြမ်းစီးခံရတော့မယ်လို့ ခံစားရလို့ ပြန်တော့မယ်... မနက်ဖြန် အလုပ်သွားရင် ဒီပုဆိုးကိုဝတ်... ဒါပဲ"
ညို ထွက်သွားမယ်အလုပ် ကိုမင်းထွဋ်က ညို့လက်မောင်းကို အသာဆွဲပြီးတားပြန်တယ်။
"ကိုယ်အလုပ်လုပ်နေတာ ညို ဘယ်လိုလုပ်သိတာလဲ"
"မနေ့က ဆိုင်ထိုင်တုန်း ခင်ဗျားကြီးအတင်းတွေချည်းကြားရလို့ သိတာ"
"ဟုတ်လား... ဒီတော့ ကိုယ်က အားကိုးချင်စရာကောင်းတယ်မလား"
"ဟင့်အင်း... အမြင်ကပ်ချင်စရာပဲကောင်းတာ"
အဲဒီလူကြီးကို အနိုင်ပိုင်းပြီး ထွက်လာခဲ့တယ်။ ဒါနဲ့ဆို သုံးကြိမ်မြောက် အဲလူကြီးကို အနိုင်ယူခြင်းပေါ့။ သူကလည်း ပြုံးပြုံးကြီးနဲ့ အနိုင်ယူခံတယ်လေ။ ညို့ကို အပီအပြင်ခြွေနေတဲ့ ယောက်ျားမာယာတွေဖြစ်မှာပေါ့။ ခင်ဗျားကြီးအကြောင်း မသိရင် ခက်မယ် ကိုမင်းထွဋ်ရဲ့။
တစ်လှမ်းချင်းစီ ဝေးကွာသွားတဲ့ပုံရိပ်လေးကို ကြည့်ပြီး ကျန်ခဲ့သူကတော့ မင်းထွဋ်ပေါ့။ မနေ့ကနဲ့မတူတာက ဒီနေ့မှာတော့ ကျေနပ်မှုတွေအပြည့်၊ ပျော်ရွှင်မှုတွေအပြည့်၊ စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ ကျန်ရစ်ခဲ့တာ။
မင်းထွဋ်လက်ထဲမှာ မထိရက်မကိုင်ရက် တန်ဖိုးထားစရာ သူလေးပေးတဲ့ လက်ဆောင် ချည်ပုဆိုးလေး...။ မင်းထွဋ် ကိုယ့်ဘာသာဆို ဗီရိုထဲမှာသော့ခတ်သိမ်းထားမှာ။ ဒါပေမဲ့ သူလေးကတော့ မနက်ဖြန်အလုပ်သွားရင် ဝတ်ဆိုပြီး အမိန့်ပေးသွားလေတယ်။
မင်းအမိန့်တွေကို ဟောဒီကောင်က လွန်ဆန်နိုင်ရောလားကွယ်...။
မင်းထွဋ် ရင်ထဲမှာ အပျော်တွေနဲ့ပြည့်နေပြီမို့ ဆိုင်ထဲပြန်မဝင်တော့ဘဲ အိမ်ကိုပြန်ခဲ့တယ်။ အိမ်မှာ သူပေးတဲ့လက်ဆောင်လေးကိုထားရစ်ပြီး ဓမ္မာရုံမှာ ယာယီမဏ္ဍပ်သွားဆောက်ရဦးမယ်လေ။ မင်းထွဋ် သူ့အစီအစဉ်နဲ့သူ ပြုံးတုံးတုံးနဲ့ ရပ်ကွက်ထဲကိုပြန်ဝင်သွားတယ်။
ဆိုင်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ဘိုသစ်၊ အောင်နိုင်ဆန်းနဲ့ အရှည်ကြီးတို့က သူတို့ကိုမေ့သွားရှာတဲ့မင်းထွဋ်ကို တအံ့တဩလိုက်ကြည့်နေတယ်။
"ဟိုကောင် ငထွဋ် ခုတလော ထူးဆန်းနေသလိုပဲ... ဒီကောင် ဟိုဘက်အိမ်ကကောင်လေးနဲ့ တကယ်တည့်အောင်ပေါင်းနေတာပဲ"
အရှည်ကြီးက စကားစတော့ အောင်နိုင်ဆန်းက အလောသုံးဆယ်နဲ့ ထောက်ခံတယ်။
"ဟုတ်တယ် ဟုတ်တယ်... ကိုကြီးထွဋ် ထူးဆန်းနေတာတော့အမှန်ပဲ... ဟိုတစ်နေ့ကလည်း အဲကောင်လေး ဘုံဆိုင်မှာလို့ပြောလိုက်တာ ချက်ချင်းပြေးလိုက်သွားသဗျ"
"အင်း... တစ်ခါတည်းတွေ့ဖူးတဲ့ ကောင်မလေးကို တော်တော်ဖြစ်နေပုံရတယ်... အလုပ်တွေဘာတွေတောင် လုပ်နေပြီဆိုတော့... ဒီကောင်တော့ အတည်ချစ်နေပြီထင်ပါတယ်"
အရှည်ကြီးနဲ့ အောင်နိုင်ဆန်း စကားကောင်းနေတုန်း ဘိုသစ်ကတော့ နားသာထောင်နေပြီး လမ်းဘက်ကိုငေးကြည့်နေတယ်။
ကိုထွဋ် မူမမှန်တာ သတိထားမိတာကြာပေါ့။ ဘိုသစ်တို့ ရန်ဖြစ်တုန်းကလည်း အဲဒီကောင်လေးကို ဂရုတစိုက်မေးတယ်။ အခုလည်း အောင်နိုင်ဆန်းတို့ပြောနေသလို အဲကောင်လေးနဲ့ တရင်းတနှီးနေတယ်။
အောင်နိုင်ဆန်းတို့မမြင်မိတဲ့ သူတို့နှစ်ယောက်ကြားက အဖြစ်အပျက်တစ်ခုကို ဘိုသစ်မျက်ဝါးထင်ထင်တွေ့ဖူးပါရဲ့။ ကိုထွဋ်က တစ်ဖက်အိမ်ကကောင်လေးကို သီချင်းဆိုပြနေခဲ့တာ။
စတွေ့တုန်းက မဟုတ်လောက်ပါဘူးလေလို့တွေးခဲ့ပေမဲ့ အခုတော့ ဘိုသစ်စိတ်ထဲ သံသယတွေ တိုးပွားလာတယ်။
ကိုထွဋ်က သူထင်သလို မဟုတ်လောက်ပါဘူးလေ။ သွေးသစ်ညိုရဲ့ဝမ်းကွဲနှမလေးကို သဘောကျတာပဲဖြစ်မှာပါလေ။ ကိုထွဋ်က ယောက်ျားစစ်စစ်ဆိုတာ ညီလိုသူငယ်ချင်းလို အကြာကြီးပေါင်းလာခဲ့တဲ့ ဒီကောင်ဘိုသစ် အသိဆုံးပါ။
လေးစားရတဲ့ အစ်ကိုကြီးရဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ဘိုသစ်စိတ်ထဲ ယောင်ချာချာ...။
.
.
Note : Skinshipတွေ သိပ်မပါဘဲ ရေးရတာ ကလိကလိနဲ့ အားမရတော့ဘူး 🥴🤭
.
.
.
Zawgyi...
မင္းထြဋ္ အလုပ္သြားဖို႔ အေစာႀကီးထၿပီး ဦးခ်စ္တီးဆိုင္ကို မနက္စာလာစားတယ္။ မေန႕က ညို႔ကို ခ်စ္ခြင့္ပန္မိတဲ့အေၾကာင္း တစ္ညလုံးထိုင္ေတြးျဖစ္ခဲ့ၿပီး အခုထိလည္း ေတြးမိေနတုန္းပဲ။ ဖြင့္ေျပာတာ ေစာသြားၿပီလားဆိုတဲ့ သံသယေၾကာင့္ပါ။
ဦးခ်စ္တီးဆိုင္မွာ မထင္မွတ္ထားတဲ့ျမင္ကြင္းတစ္ခုက မင္းထြဋ္ကိုဆီးႀကိဳေနတယ္။ စားပြဲဝိုင္းတစ္ခုမွာ တစ္ဦးတည္းထိုင္ၿပီး စီးကရက္ေသာက္ေနတဲ့ ေသြးသစ္ညို...။ ခါတိုင္းလို သပ္သပ္ရပ္ရပ္ဝတ္စားထားၿပီး စားပြဲေပၚမွာ ေသာက္လက္စ လက္ဖက္ရည္တစ္ခြက္...။ ဒါေပမဲ့ သူေလးကေတာ့ စီးကရက္ကိုပဲ ပိုၿပီးမက္မက္ေမာေမာေသာက္ေနေလတယ္။
မင္းထြဋ္ ေနာက္တစ္ႀကိမ္ ညို႔ကိုစိတ္ပူရျပန္တယ္။ စိတ္ညစ္စရာေတြက ေန႕ကူးသြားတာေတာင္ မေပ်ာက္ေသးဘူးလားကြယ္။ မင္းထြဋ္ သြားတားရင္ ေဆးလိပ္လည္း ေသာက္ဖူးတယ္ဆိုၿပီး ရန္ေထာင္ေနဦးမွာ အေသအခ်ာပါပဲ။
ဆိုင္ထဲကလူအခ်ိဳ႕ သူ႕ကို လွမ္းလွမ္းၾကည့္ၾကတယ္။ မင္းထြဋ္ အဲဒီအၾကည့္ေတြ ညို႔ဆီမွာရွိေနတာကို တကယ္မႀကိဳက္ဘူး။ ဒါေၾကာင့္ လြတ္ေနတဲ့ဝိုင္းေတြကို ေက်ာ္လာၿပီး ညို႔ေဘးမွာသြားထိုင္လိုက္တယ္။
"ဒီက အီၾကာေကြးတစ္ပြဲနဲ႕ ေပါ့ဆိမ့္တစ္ခြက္!"
မင္းထြဋ္ စားပြဲထိုးေလးကို လွမ္းေအာ္လိုက္ေတာ့ ညိုက ေမာ့ၾကည့္တယ္။ ၿပီးေတာ့ခ်က္ခ်င္း မ်က္လႊာခ်သြားၿပီး လက္ဖက္ရည္ကိုေမာ့ေသာက္တယ္။
"မနက္စာကို ေဆးလိပ္တစ္လိပ္တည္းနဲ႕ ၿပီးသြားလို႔ ျဖစ္မလား"
ညိုက မသိခ်င္ေယာင္ေဆာင္ၿပီး စီးကရက္ကိုဆက္ေသာက္တယ္။ လက္ရွိျမင္ေနရတဲ့ ညို႔ပုံစံဟာ အရယ္အၿပဳံးမရွိ တင္းမာေနတယ္။ ႏွင္းဆီဖူးလို လွတဲ့ႏႈတ္ခမ္းႏွစ္လႊာကို သူေလးနဲ႕ မလိုက္မဖက္ တင္းတင္းေစ့ၿပီး မ်က္ခုံးေတြကိုလည္း တြန့္ခ်ိဳးထားေလရဲ႕။
ညိုရယ္... မင္းေလးက ငါနဲ႕အၿပိဳင္ ရပ္ကြက္ထဲမွာ ဆိုးသြမ္းဖို႔မ်ား ေျခလွမ္းျပင္ေနေလသလား...။
"ဧကႏၲ မေန႕ညက ကိစၥေၾကာင့္မ်ား ကိုယ့္ကို"
မင္းထြဋ္ မဝံ့မရဲေမးေလေတာ့ စကားမဆုံးခင္ ညိုကျဖတ္ေျပာတယ္။
"ကြၽန္ေတာ္ အကုန္လုံးကို မွတ္မိေပမဲ့ ရယ္စရာေကာင္းတာမို႔ မေျပာခဲ့ဘူးလို႔ပဲ သတ္မွတ္လိုက္ပါ့မယ္"
မင္းထြဋ္ေၾကာင္ေနတုန္းမွာပဲ ညိုက ပိုက္ဆံရွင္းၿပီး ဆိုင္ထဲကေန ထြက္သြားေတာ့တယ္။
ရယ္စရာေကာင္းတယ္တဲ့လား ညိုရယ္... ငါ့အခ်စ္က ရယ္စရာေကာင္းတယ္တဲ့လား။
မင္းထြဋ္ မငိုမိေအာင္ထိန္းထားေပမဲ့ မ်က္ရည္ေတြက သူ႕အလိုလိုစီးက်လာတယ္။ ဘယ္သူမွသတိမထားမိခင္ လက္ဖမိုးနဲ႕ခပ္ၾကမ္းၾကမ္းဖိသုတ္ပစ္ၿပီး အႀကိဳအပို႔ယာဥ္ေပၚတက္သြားတဲ့ညို႔ကို ေဝေဝဝါးဝါး ေငးၾကည့္ေနမိတယ္။
ဒီေန႕ မင္းထြဋ္အလုပ္လုပ္ရတာ စိတ္မပါေတာ့ဘူး။ အလုပ္ဝင္တာ ႏွစ္ရက္ပဲရွိေသးတာမို႔ စိတ္မပါလည္း ႀကိတ္မွိတ္ၿပီး ဟန္ေဆာင္ရတယ္။ မင္းထြဋ္အခ်စ္ဟာ ရယ္စရာေကာင္းေပမဲ့ လြယ္လြယ္နဲ႕ေတာ့ လက္မေလွ်ာ့ခ်င္ပါဘူး။
ညို႔ႏွလုံးသားကို ပိတ္ပင္ေနတဲ့အတားအဆီးေတြကို ဖယ္ပစ္ခ်င္ပါရဲ႕...။ ညို႔ကို ရဲရဲႀကီးခ်စ္ရဲေအာင္ လမ္းျပခ်င္ပါရဲ႕...။
×××
ခ်စ္ခ်င္တဲ့သူကို ေပၚေပၚထင္ထင္ခ်စ္လို႔မရတာ ညိုတို႔လို သဘာဝနဲ႕ဆန့္က်င္ေနတဲ့ ျဖစ္တည္မႈေတြဆိုေပမဲ့ အရဲစြန့္ၿပီးမခ်စ္ရဲတာ ညို႔ရဲ႕သူရဲေဘာေၾကာင္မႈသာျဖစ္တယ္။
ခိုင္ခိုင္တို႔ကိုပဲ ၾကည့္ပါလား။ ေနခ်င္တဲ့ဘဝမွာ လြတ္လြတ္လပ္လပ္ေနၿပီး ခ်စ္ခ်င္တဲ့သူ ခ်စ္ပစ္လိုက္တယ္။ ပတ္ဝန္းက်င္က ေမးေငါ့မွာေတြ၊ စကားနာထိုးမွာေတြ၊ အျပစ္တင္မွာေတြ ဂ႐ုမစိုက္ဘူး။
ခိုင္ခိုင္ဆို အၿမဲေျပာတယ္။ အေရထူေနၿပီတဲ့။ နားယဥ္သြားၿပီတဲ့။ ဟုတ္တယ္။ အဲလိုအေရထူဖို႔ နားယဥ္ဖို႔ဆိုတာ အစပ်ိဳးျဖတ္သန္းမႈကို ခက္ခက္ခဲခဲရင္ဆိုင္ခဲ့ရမွာပဲ။ ညို႔မွာက အဲလိုရင္ဆိုင္ဖို႔ကို သတၱိမရွိတာ။
ေဖေဖ့ေၾကာင့္ စိတ္ညစ္ေနတာေရာ ညို႔ဘဝႀကီးကိုလည္း စိတ္ကုန္လာတာေၾကာင့္ မေန႕က ကိုမင္းထြဋ္ကို ရင့္ရင့္သီးသီးေတြေျပာခဲ့မိတယ္။ ျပန္ေတြးၾကည့္ေတာ့မွ ညိုဟာ ေတာ္ေတာ့္ကိုစိတ္ပ်က္ဖို႔ေကာင္းပါလားဆိုတာ သိလိုက္ရတယ္။
ကိုမင္းထြဋ္က ညို႔အရွက္ကိုလည္း ကာကြယ္ေပးခဲ့တယ္။ ညို႔လွ်ို႔ဝွက္ခ်က္ကိုလည္း ေစာင့္ထိန္းေပးၿပီး ညို႔ကိုစိတ္ပူေပးခဲ့တယ္။ ဒီလူႀကီး ညို႔ကိုခ်စ္တယ္လို႔ဖြင့္ေျပာလိုက္တဲ့အခ်ိန္တုန္းက ညို ရီေဝေဝျဖစ္ေနေပမဲ့ ႏွလုံးသားကေတာ့ ဟန္မေဆာင္ဘဲ တဒုတ္ဒုတ္ခုန္ၿပီး တုံ႕ျပန္ခဲ့ပါတယ္။
အစတုန္းက ကိုမင္းထြဋ္ရဲ႕အခ်စ္ေတြကို အနည္းနဲ႕အမ်ား သံသယဝင္ခဲ့ပါတယ္။ ရင္ခုန္ေနတဲ့ၾကားက ညို႔ကို ဘာေၾကာင့္ခ်ဥ္းကပ္လာသလဲလို႔ တစ္ခ်က္တစ္ခ်က္ေတြးမိတယ္။ သူ႕သူငယ္ခ်င္းေတြၾကား ေလွာင္ရယ္စရာတစ္ခုအျဖစ္ ညို႔ကို အသုံးခ်သြားမွာကို ညိုသိပ္ေၾကာက္တယ္ေလ။
ဒါမ်ိဳးေတြက မိန္းမလ်ာေလာကမွာ အေတြ႕ရဆုံး အျဖစ္အပ်က္ေတြပဲ။ ေကာင္ေလးေတြဟာ မိန္းမလ်ာေတြကို ပိုက္ဆံေၾကာင့္ျဖစ္ေစ၊ တျခားရည္႐ြယ္ခ်က္ေတြနဲ႕ျဖစ္ေစ ခ်ဥ္းကပ္တယ္။ သူတို႔လိုခ်င္တာရသြားၿပီဆို နင္လိုအေျခာက္မကို ႀကိဳက္စရာလားဆိုၿပီး ေလွာင္ေျပာမႈေတြနဲ႕ ထားရစ္ခဲ့ၾကတယ္။
မိန္းမလ်ာေတြဆိုတာလည္း လူသားေတြပါ။ ခံစားခ်က္ရွိၾကတာပါပဲ။ သူတို႔လုပ္ရပ္ေတြအေပၚ မခံစားနိုင္ၾကလို႔ ရွက္႐ြံ႕ၾကလို႔ ေလာကႀကီးကအၿပီးတိုင္ထြက္သြားၾကတဲ့သူေတြ၊ အေဝးဆုံးကို ထြက္ေျပးသြားၾကသူေတြ ဒုနဲ႕ေဒး...။
အဲဒါေတြကို ညို ျမင္ေန၊ ၾကားေနရလို႔ မခ်စ္ရဲတာ။ မမိုက္ရဲတာ။ မစြန့္စားရဲတာ။ ဒါေပမဲ့ ကိုမင္းထြဋ္က ညို႔ကို ေတြေဝေအာင္လုပ္သြားတယ္။ သူေတာင္ ညို႔လိုလူကို ခ်စ္ရဲေသးတာ။ ညိုကေရာ...။
ဘာပဲျဖစ္ျဖစ္ ညို လက္ဖက္ရည္ဆိုင္မွာ ကိုမင္းထြဋ္ကို ေျပာခဲ့မိတာေတြအတြက္ ျပန္ေတာင္းပန္သင့္တယ္လို႔ထင္တယ္။ ေတာင္းပန္ရင္းနဲ႕ အဲဒီလူႀကီးကို စကားေလးဘာေလးေျပာခ်င္တာလည္း ပါမွာေပါ့ေလ။
ညို ႐ုံးကေနျပန္ေရာက္ေတာ့ အေရွ႕ဘက္အိမ္ကို ခ်ီတုံခ်တဳံနဲ႕ ေရာက္သြားတယ္။ လက္ထဲမွာ ခ်ည္ပုဆိုးတစ္ထည္ပိုက္လို႔ေပါ့။ ဟိုလူႀကီးရဲ႕အေမ ေဒၚေမအုန္းက တံခါးလာဖြင့္ေပးတယ္။
"ဟို ကိုမင္းထြဋ္ရွိလား အေဒၚ"
"မင္းထြဋ္တဲ့လား ဒီအခ်ိန္အိမ္ကပ္မွာ... အေဒၚ့ကိုေတာ့ လက္ဖက္ရည္ဆိုင္လို႔ေျပာသြားတာပဲ"
"ဪ ဟုတ္ဟုတ္... ဒါဆို လက္ဖက္ရည္ဆိုင္မွာသြားၾကည့္လိုက္ပါ့မယ္... ေက်းဇူးပါ အေဒၚ"
ေဒၚေမအုန္းကိုႏႈတ္ဆက္ၿပီး လက္ဖက္ရည္ဆိုင္ကိုထြက္ခဲ့ေတာ့ ကိုယ္ေရာင္ကိုယ္ဝါေတာက္ပလွပါတဲ့ ကိုမင္းထြဋ္ကို ရွာစရာမလိုဘဲ ေတြ႕ေလတယ္။ သူ႕သူငယ္ခ်င္းေတြနဲ႕အတူတူရွိေနတာမို႔ ညို ဆိုင္ထဲကိုလည္းဝင္မသြားခ်င္တာနဲ႕ ဆိုင္ေရွ႕မွာေယာင္ေတာင္ေတာင္ေလးရပ္ေနမိတာ။
"ဘာမွာမလဲ အစ္ကို"
"ကိုမင္းထြဋ္"
ညို ကိုမင္းထြဋ္တို႔ဝိုင္းဆီအာ႐ုံေရာက္ေနတုန္း ဆိုင္ေရွ႕က စားပြဲထိုးေလးက ႐ုတ္တရက္လာေမးေလေတာ့ စိတ္ထဲရွိရာေျဖလိုက္တာ နည္းနည္းလြဲသြားတယ္ေပါ့ေလ။
"အဲ... ဟို ကိုမင္းထြဋ္ကို သြားေခၚေပးပါလားလို႔"
ညိုကေတာ့ ကိုယ့္အလြဲေၾကာင့္ ရယ္လိုက္ေပမဲ့ စားပြဲထိုးေလးကေတာ့ ဘာမွမသိရွာဘူး။ ကိုမင္းထြဋ္ကိုပဲ သြားေခၚေပးတယ္။ မၾကာပါဘူး။ အထာသိတဲ့ဆရာသမားက ညို႔ကိုလွမ္းၾကည့္လာၿပီး ခ်က္ခ်င္းဆိုသလို ညို႔ဆီကိုထြက္လာခဲ့တယ္။
"ဘာကိစၥရွိလို႔လဲ ေသြးသစ္ညို"
ကိုမင္းထြဋ္အသံက မာေနတာမ်ိဳးမဟုတ္ေပမဲ့ သာသာယာယာလည္းမရွိလွဘူး။ အၿမဲလိုလို ညိုလို႔ ေခၚေနက်လဴႀကီးက ခုလိုနာမည္အျပည့္အစုံႀကီးေခၚလိုက္ေတာ့ ညို႔စိတ္ထဲ ဘဝင္မက်သလို။ အင္းေပါ့ေလ။ သူ႕ခ်ည္းအျပစ္ ဘယ္ရွိလိမ့္မလဲ။ မဆင္မျခင္ေျပာဆိုမိတဲ့ ညို႔အျပစ္သာေပါ့။
"ဟို... စကားခဏေျပာလို႔ရမလား"
ဆိုင္ေရွ႕မွာလူေတြရႈပ္ေနတာမို႔ ကိုမင္းထြဋ္က ညို႔လက္ကိုဆြဲၿပီး လူနည္းနည္းရွင္းတဲ့ ဆိုင္ေထာင့္နားကိုေခၚလာခဲ့တယ္။
"အင္း...ေျပာ"
ကိုမင္းထြဋ္ကို ညို ေစ့ေစ့မၾကည့္ရဲပါဘူး။ မ်က္လႊာေလးအသာခ်ၿပီး လက္ထဲက ပုဆိုးကိုသာ က်စ္က်စ္ပါေအာင္ ဆုပ္ေနမိေတာ့တယ္။ ႀကိဳစီထားတဲ့စကားလုံးေတြကလည္း ေတာ္ေတာ္နဲ႕ထြက္မလာဘူး။
"ဟိုေလ... မေန႕ကေလ... အဲဒါ ေတာင္းပန္ခ်င္လို႔"
"မေန႕က?"
"အင္း... မေန႕က"
ညို ခဏေလးေမာ့ၾကည့္မိေတာ့ ညို႔ကိုတစ္ခ်က္မွအၾကည့္မလႊဲဘဲ စူးစူးစိုက္စိုက္ကိုၾကည့္ေနတဲ့ ကိုမင္းထြဋ္နဲ႕ အၾကည့္ခ်င္းဆုံသြားတယ္။ ခ်က္ခ်င္း မ်က္လႊာကိုခ်ပစ္ရပါတယ္။ အျပစ္လုပ္ထားတဲ့ ကေလးေတြ လိပ္ျပာမလုံသလိုေပါ့ကြယ္။
"ဆက္ေျပာေလ"
"အာ မေန႕က ဒီဆိုင္မွာေလ"
"အင္း"
ကိုမင္းထြဋ္က ေမးေငါ့ျပျပန္တယ္။ ငတုံးႀကီးရဲ႕ ဒီေလာက္ေျပာရင္ သိရေတာ့မွာေပါ့လို႔ ညို စိတ္ထဲကေန မသိမသာေလး က်ိန္ဆဲလိုက္ေသးတယ္။ အဲဒီလူႀကီး တကယ္တုံးသလား တုံးခ်င္ေယာင္ေဆာင္သလားဆိုတာေတာ့ သူအသိဆုံးျဖစ္မွာေပါ့။
"မေန႕က ဒီဆိုင္မွာ ကိုမင္းထြဋ္ ကြၽန္ေတာ္နဲ႕ဆုံတုန္း..."
"ညို... ညိုလို႔ပဲ သုံး... ဒီနားမွာ ဘယ္သူမွမၾကားနိုင္ဘူး... ကိုယ္နဲ႕ႏွစ္ေယာက္တည္းေျပာတဲ့အခ်ိန္ အဲလိုပဲသုံး"
ကိုမင္းထြဋ္ရဲ႕မ်က္ဝန္းေတြဟာ တျဖည္းျဖည္း ႏူးညံ့လာၿပီး ေလးနက္တဲ့အသြင္ကိုေဆာင္တယ္။ ညို႔ကို တမင္မ်ားညွို႔ယူေနသလား ေအာက္ေမ့ရပါတယ္ လူႀကီးရယ္။
"ဟုတ္... အဲဒါ ကိုမင္းထြဋ္ကို ညိုေျပာလိုက္တာေတြအတြက္ ေတာင္း"
ညို႔စကားမဆုံးခင္ ကိုမင္းထြဋ္ဆီက ရယ္သံထြက္လာတယ္။ ေလွာင္ရယ္တာမ်ိဳးမဟုတ္ဘဲ သေဘာတက်ရယ္ေနတဲ့အသံ...။
"ဒီေတာ့ ကိုယ့္အခ်စ္က ရယ္စရာမေကာင္းဘူးမလား"
"ဟင့္အင္း ဟင့္အင္း... ညို အဲလိုမ်ိဳး လုံးဝမရည္႐ြယ္ပါဘူး... တကယ္ပါ... ကိုမင္းထြဋ္ရဲ႕အခ်စ္ကို ေလွာင္တာမ်ိဳး လုံးဝမဟုတ္ပါဘူး... ညိုေလ စိတ္ညစ္စရာေတြရွိေနတာနဲ႕ ေျပာမိေျပာရာ ေျပာထြက္သြားတာပါ... အဲလိုမ်ိဳး လုံးဝမဟုတ္"
"ရပါၿပီဗ်ာ... အဲေလာက္ဆို ရပါၿပီ... ကိုယ္ ယုံပါတယ္... စိတ္ညစ္စရာေတြရွိေနရင္ ကိုယ့္ကိုေျပာျပလို႔ရတယ္... ညို ကိုယ့္ကိုယုံတယ္မလား"
"ဟုတ္ ကိုမင္းထြဋ္ကို ညိုယုံပါတယ္... အခုေတာ့ အဆင္ေျပသြားပါၿပီ... အရက္ေတြေရာ ေဆးလိပ္ေတြေရာ ေသာက္လိုက္တယ္ေလ"
"ဟက္ ဟုတ္ပါရဲ႕ေနာ္... ေနာက္တစ္ခါ အဲဒါေတြမေသာက္ဘဲ ကိုယ့္ဆီကိုပဲ လာေပးမယ္မလား ညို"
"ဟုတ္... ေနာက္တစ္ခါက်ရင္ ကိုမင္းထြဋ္ကို လာႏွိပ္စက္ပါ့မယ္"
"ေဟာဒီကညို အလိုရွိသလိုေပါ့ဗ်ာ"
"ဒါဆို ဒါေလး"
ညိုတစ္ခ်ိန္လုံး ပိုက္ထားတဲ့ ပုဆိုးေလးကို မရဲတရဲလွမ္းေပးေလေတာ့ ကိုမင္းထြဋ္က ညို႔ကိုနားမလည္သလိုၾကည့္တယ္။
"ေတာင္းပန္တဲ့အေနနဲ႕ ေပးတဲ့လက္ေဆာင္ပါ"
"မနက္ျဖန္က်ရင္ ေနာက္ထပ္လက္ေဆာင္ေပးရဦးမွာ မေမ့ဘူးမလား"
အဲဒီအေျဖကိုေတာ့ျဖင့္ မခို႔တရို႔နဲ႕ မ်က္ေစာင္းေလးတစ္ခ်က္ ထိုးၿပီးျပန္ေျဖလိုက္ပါတယ္။
"ကိုမင္းထြဋ္ဟာေလ အဲဒီအေၾကာင္းကို ခဏခဏေျပာရမွ ေနသာထိုင္သာရွိပုံပဲေနာ္"
"ကိုယ့္ခ်စ္သူကေလး ကတာျမင္ခ်င္တာ အျပစ္လားလို႔"
"ဘယ္က ခ်စ္သူလဲ... ဘယ္သူက အေျဖေပးရေသးလို႔လဲေနာ္"
"ဒါဆို အေျဖေပးဖို႔စဥ္းစားေနတယ္ဆိုတဲ့ သေဘာေပါ့ ဟုတ္သလား ညို"
ဒီလူႀကီးဟာ ငတုံးႀကီးလုံးဝမဟုတ္ဘူး။ တုံးခ်င္ေယာင္ေဆာင္ေနတာပဲရွိတာ။ အခုၾကည့္ပါလား။ ညို႔ကို အၾကပ္ရိုက္ေအာင္ လုပ္လိုက္ျပန္ၿပီေလ။
"ဟြန္း... သိပ္ကိုတတ္ေနတဲ့ ကိုတတ္ပႀကီးပါေနာ္... ဆက္ေနရင္ ညိုအႏုၾကမ္းစီးခံရေတာ့မယ္လို႔ ခံစားရလို႔ ျပန္ေတာ့မယ္... မနက္ျဖန္ အလုပ္သြားရင္ ဒီပုဆိုးကိုဝတ္... ဒါပဲ"
ညို ထြက္သြားမယ္အလုပ္ ကိုမင္းထြဋ္က ညို႔လက္ေမာင္းကို အသာဆြဲၿပီးတားျပန္တယ္။
"ကိုယ္အလုပ္လုပ္ေနတာ ညို ဘယ္လိုလုပ္သိတာလဲ"
"မေန႕က ဆိုင္ထိုင္တုန္း ခင္ဗ်ားႀကီးအတင္းေတြခ်ည္းၾကားရလို႔ သိတာ"
"ဟုတ္လား... ဒီေတာ့ ကိုယ္က အားကိုးခ်င္စရာေကာင္းတယ္မလား"
"ဟင့္အင္း... အျမင္ကပ္ခ်င္စရာပဲေကာင္းတာ"
အဲဒီလူႀကီးကို အနိုင္ပိုင္းၿပီး ထြက္လာခဲ့တယ္။ ဒါနဲ႕ဆို သုံးႀကိမ္ေျမာက္ အဲလူႀကီးကို အနိုင္ယူျခင္းေပါ့။ သူကလည္း ၿပဳံးၿပဳံးႀကီးနဲ႕ အနိုင္ယူခံတယ္ေလ။ ညို႔ကို အပီအျပင္ေႁခြေနတဲ့ ေယာက္်ားမာယာေတြျဖစ္မွာေပါ့။ ခင္ဗ်ားႀကီးအေၾကာင္း မသိရင္ ခက္မယ္ ကိုမင္းထြဋ္ရဲ႕။
တစ္လွမ္းခ်င္းစီ ေဝးကြာသြားတဲ့ပုံရိပ္ေလးကို ၾကည့္ၿပီး က်န္ခဲ့သူကေတာ့ မင္းထြဋ္ေပါ့။ မေန႕ကနဲ႕မတူတာက ဒီေန႕မွာေတာ့ ေက်နပ္မႈေတြအျပည့္၊ ေပ်ာ္႐ႊင္မႈေတြအျပည့္၊ စိတ္လႈပ္ရွားမႈေတြအျပည့္နဲ႕ က်န္ရစ္ခဲ့တာ။
မင္းထြဋ္လက္ထဲမွာ မထိရက္မကိုင္ရက္ တန္ဖိုးထားစရာ သူေလးေပးတဲ့ လက္ေဆာင္ ခ်ည္ပုဆိုးေလး...။ မင္းထြဋ္ ကိုယ့္ဘာသာဆို ဗီရိုထဲမွာေသာ့ခတ္သိမ္းထားမွာ။ ဒါေပမဲ့ သူေလးကေတာ့ မနက္ျဖန္အလုပ္သြားရင္ ဝတ္ဆိုၿပီး အမိန့္ေပးသြားေလတယ္။
မင္းအမိန့္ေတြကို ေဟာဒီေကာင္က လြန္ဆန္နိုင္ေရာလားကြယ္...။
မင္းထြဋ္ ရင္ထဲမွာ အေပ်ာ္ေတြနဲ႕ျပည့္ေနၿပီမို႔ ဆိုင္ထဲျပန္မဝင္ေတာ့ဘဲ အိမ္ကိုျပန္ခဲ့တယ္။ အိမ္မွာ သူေပးတဲ့လက္ေဆာင္ေလးကိုထားရစ္ၿပီး ဓမၼာ႐ုံမွာ ယာယီမ႑ပ္သြားေဆာက္ရဦးမယ္ေလ။ မင္းထြဋ္ သူ႕အစီအစဥ္နဲ႕သူ ၿပဳံးတုံးတုံးနဲ႕ ရပ္ကြက္ထဲကိုျပန္ဝင္သြားတယ္။
ဆိုင္ထဲမွာ က်န္ရစ္ခဲ့တဲ့ ဘိုသစ္၊ ေအာင္နိုင္ဆန္းနဲ႕ အရွည္ႀကီးတို႔က သူတို႔ကိုေမ့သြားရွာတဲ့မင္းထြဋ္ကို တအံ့တဩလိုက္ၾကည့္ေနတယ္။
"ဟိုေကာင္ ငထြဋ္ ခုတေလာ ထူးဆန္းေနသလိုပဲ... ဒီေကာင္ ဟိုဘက္အိမ္ကေကာင္ေလးနဲ႕ တကယ္တည့္ေအာင္ေပါင္းေနတာပဲ"
အရွည္ႀကီးက စကားစေတာ့ ေအာင္နိုင္ဆန္းက အေလာသုံးဆယ္နဲ႕ ေထာက္ခံတယ္။
"ဟုတ္တယ္ ဟုတ္တယ္... ကိုႀကီးထြဋ္ ထူးဆန္းေနတာေတာ့အမွန္ပဲ... ဟိုတစ္ေန႕ကလည္း အဲေကာင္ေလး ဘုံဆိုင္မွာလို႔ေျပာလိုက္တာ ခ်က္ခ်င္းေျပးလိုက္သြားသဗ်"
"အင္း... တစ္ခါတည္းေတြ႕ဖူးတဲ့ ေကာင္မေလးကို ေတာ္ေတာ္ျဖစ္ေနပုံရတယ္... အလုပ္ေတြဘာေတြေတာင္ လုပ္ေနၿပီဆိုေတာ့... ဒီေကာင္ေတာ့ အတည္ခ်စ္ေနၿပီထင္ပါတယ္"
အရွည္ႀကီးနဲ႕ ေအာင္နိုင္ဆန္း စကားေကာင္းေနတုန္း ဘိုသစ္ကေတာ့ နားသာေထာင္ေနၿပီး လမ္းဘက္ကိုေငးၾကည့္ေနတယ္။
ကိုထြဋ္ မူမမွန္တာ သတိထားမိတာၾကာေပါ့။ ဘိုသစ္တို႔ ရန္ျဖစ္တုန္းကလည္း အဲဒီေကာင္ေလးကို ဂ႐ုတစိုက္ေမးတယ္။ အခုလည္း ေအာင္နိုင္ဆန္းတို႔ေျပာေနသလို အဲေကာင္ေလးနဲ႕ တရင္းတႏွီးေနတယ္။
ေအာင္နိုင္ဆန္းတို႔မျမင္မိတဲ့ သူတို႔ႏွစ္ေယာက္ၾကားက အျဖစ္အပ်က္တစ္ခုကို ဘိုသစ္မ်က္ဝါးထင္ထင္ေတြ႕ဖူးပါရဲ႕။ ကိုထြဋ္က တစ္ဖက္အိမ္ကေကာင္ေလးကို သီခ်င္းဆိုျပေနခဲ့တာ။
စေတြ႕တုန္းက မဟုတ္ေလာက္ပါဘူးေလလို႔ေတြးခဲ့ေပမဲ့ အခုေတာ့ ဘိုသစ္စိတ္ထဲ သံသယေတြ တိုးပြားလာတယ္။
ကိုထြဋ္က သူထင္သလို မဟုတ္ေလာက္ပါဘူးေလ။ ေသြးသစ္ညိုရဲ႕ဝမ္းကြဲႏွမေလးကို သေဘာက်တာပဲျဖစ္မွာပါေလ။ ကိုထြဋ္က ေယာက္်ားစစ္စစ္ဆိုတာ ညီလိုသူငယ္ခ်င္းလို အၾကာႀကီးေပါင္းလာခဲ့တဲ့ ဒီေကာင္ဘိုသစ္ အသိဆုံးပါ။
ေလးစားရတဲ့ အစ္ကိုႀကီးရဲ႕ ထူးဆန္းတဲ့အျပဳအမူေတြဟာ ဘိုသစ္စိတ္ထဲ ေယာင္ခ်ာခ်ာ...။
.
.
Note : Skinshipေတြ သိပ္မပါဘဲ ေရးရတာ ကလိကလိနဲ႕ အားမရေတာ့ဘူး 🥴🤭
.
.
.