{Unicode }(1.3)
ဟန်ကျွမ်းချွမ် က အိမ်ယာကနေ မြန်မြန်ထလိုက်တယ်။ အန်းမူက စိတ်တွေ ရှုပ်ထွေးကာ မသက်မသာ ဖြစ်နေတဲ့ အကြောင်း ကို စကားတစ်ခွန်း မှမဟပဲ ဗိုက်လေးကိုဖိထားရင်း အိပ်ယာပေါ်မှာ တိတ်တိတ် လေးကွေးကာ လဲလှောင်းနေ တာကိုသူတွေ့လိုက် ရတယ်။
အန်းမူရဲ့ မြင်နေရတဲ့ အပိုင်းက အတွင်းကြေ ဒဏ်ရာတွေကို ကြည့်ရုံနဲ့တင် စောင်အောက်က ဖုန်းကွယ်ထားတဲ့ နေရာမှာ ဘယ်လောက် တောင် ဆိဝါးနေမလဲဆိုတာကို မှန်းကြည့်လို့ရလေတယ်။
နူးညံ့တဲ့ အိုမီဂါ လေးဟာ အယ်ဖာ တစ်ယောက် ရဲ့ ကြမ်းတမ်း မှုတွေကို လုံးဝ မကိုင်တွယ်နိုင်ခဲ့ပါပေ။ အဲ့တာကို မပြောနဲ့အုံး ဟန်ကျွမ်းချွမ် က အဲ့အချိန်မှာ အရက်တွေလည်း သောက်ထားခဲ့သေးတာ။ ပြီးတော့ သူ့မှာ အန်းမူကို ကြိမ်းမောင်းဖို့ လည်းရည်ရွယ်ထားပြီးသားလေ။ ဒါပေမယ့် ဒီလိုအရှက်မဲ့တဲ့ ရည်ရွယ်ချက် တွေကို ဖုန်းကွယ်ထား နိုင်ဖို့ ရာ သူကအရက်သောက်တာကို ဟန်ပြလုပ်ခဲ့တာပဲ ဖြစ်တယ်။
ဟန်ကျွမ်းချွမ် က ခပ်ဖွဖွ လေး ချောင်းဆိုး ကာ စောင်ကို အသာလှပ်ပြီးတော့ အိပ်ယာပေါ်က နေထလိုက်တယ်။ အန်းမူရဲ့ အကြီးအကျယ် ထိခိုက်နေတဲ့ ဒဏ်ရာတွေနဲ့ ယှဥ်ကြည့်ပါက သူ့နောက်ကျောမှာ ကုတ်ရာတစ်ချိူ့ကိုသာတွေ့ ရလိမ့်မယ်။ ပထမတစ်ခါ ကြည့်ရုံနဲ့တင် ကုတ်ရာက မနာကျင်စေ ဘူးဆိုတာကို မြင်နိုင် လေတယ်။ ချွေးတွေရွဲနေတဲ့ အရည်ပြားက ပေါက်တောင် မပေါက်သွားခဲ့ပါဘူး။
ဟန်ကျွမ်းချွမ် က ရေချိုးခန်း ထဲကို အမြန်သွား ကာ သူ့ရဲ့မျက်နှာကို ရေအေးအေးနဲ့ ချက်ချင်း သစ်ပြစ်လိုက်တယ်။ ပြီးတော့ မှန်ရဲ့ရှေ့မှာ ကြောင်တောင်တောင် နဲ့ အသိလွတ်စွာကြည့်နေ မိတယ်။ သူ့ရဲ့ငယ်ရွယ်နေတဲ့ ပုံရိပ်ဟာဆိုရင်ဖြင့် ဒါကသူ့ရဲ့ ကိုယ်ပိုင် ပုံမှန်းအသိသာကြီးပါပဲ။ ဒါပေမယ့် သူက အတော်လေးကို မရင်းနှီးနေခဲ့ပါဘူး။
တံခါးခေါက်သံ ဖျော့ဖျော့လေး မကြားခင်ထိ တိုင်အောင် သူကြောင်အ နေဆဲပဲ။ တံခါးခေါက်သံ ကြားမှသူပြန်ပြီး အသိဝင်လာခဲ့တယ်။ အလွန်အကျွံတော့ အလုပ်ခံရပြီးတဲ့ နောက်မှာ တံခါးအနောက်က အသံလေးက အတော်လေးအက်ကွဲ ကြမ်းတမ်းနေလေတယ်။ ပြီးတော့ နည်းနည်းလေးလဲ မသက်မသာ ဖြစ်နေသလိုပဲ။
" ဗိုလ်ချူပ်ရေ ကျွန်တော် အစာအိမ် အရမ်းကိုက်နာ နေလို့ပါ။ ကျွန်တော် အရင်ဆုံး ရေချိုးခန်း ကိုသုံးလို့ ရနိုင်မလား?''
အစက မသိသာပေမယ့် အခုလို တစ်ယောက် နဲ့တစ်ယောက် မျက်နှာ ချင်းဆိုင် တဲ့အချိန်မှာတော့ အရပ်ကွာခြား မှုကြီးက ချက်ချင်း ပေါ်လွင်လာတယ်။
အန်းမူ က ဟန်ကျွမ်းချွမ် ထက် ခေါင်းတစ်လုံးစာ ပိုနိမ့်ပြီးတော့ ကိုယ်ချင်းယှဥ်ကြည့်ရင်လည်း ပိုပိန်ပြီးတော့ ပိုလို့တောင် သေးကွေးပါသေးတယ်။
သူက သူ့ကိုယ်လေးကို သေးငယ်တဲ့စောင်လေး တစ်ထည် နဲ့ ဖုံးကွယ်ထား ပြီးတော့ သူ့ရဲ့မျက်နှာလေး ကလည်းဖြူဖျော့ကာ သွေးတောင်မရှိတော့ပေ။ သူ့ရဲ့ နှုတ်ခမ်း တွေက အစာအိမ်နာကျင်မှုကြောင့် တုန်လှုပ်နေပြီးတော့ သူ့မျက်လုံး တွေကို လည်း အောက်ချထားကာ သူရှေ့က လူကို မကြည့် ရဲလေဘူး။
အတိတ်ဘဝ မှာ ဟန်ကျွမ်းချွမ် က အိမ်ကို အချိန်အတော်ကြာ မပြန်တဲ့အပြင် သူက အန်းမူနဲ့တွေ့တဲ့ အကြိမ်အရေအတွက် က လက်တစ်ဖက်စာလောက်ပဲ ရှိလေတယ်။သူ နဲ့ အန်းမူဟာ စစ်တပ်ပိုင်းဆိုင်ရာက လုပ်တဲ့ပါတီပွဲ တစ်ခုမှာ အရေးကြီးတဲ့ အကြောင်းပြချက်တွေကြောင့် ပွဲတက်ကြရင်း တွေ့ခဲ့ကြတာပဲ ဖြစ်တယ်။ အန်းမူအတွက်ကတော့ သူ့ကို မြင်မြင်ချင်း ချစ်မိသွားလေတယ်။
အဲ့အချိန်တုံးက သူ့ဘေးမှာ ရပ်နေခဲ့တဲ့ အိုမီဂါလေးက အရမ်းကိုသေးပြီးတော့ ကျိူးပဲ့လွယ်တယ်လို့ ဘယ်တော့မှ မခံစားခဲ့ရဘူး။ ဒါမှမဟုတ်ရင် အဲ့အချိန် တုံးက ပါတီပွဲကို တက်ရောက်ဖို့ မလိုအပ်ခဲ့ရင် သူ့ရဲ့ မင်္ဂလာ ဦးညမှာပဲ သူ့ဆီကနေ စျေးပေါပေါနဲ့ အမှတ်အသားပေးခံ ရတဲ့ ထိုလူသားကို သူဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ် လေဘူး။ အဲ့အချိန်တုံး ကပဲ သူတို့ ၂ ဦးသားကို ပထမဆုံးအကြိမ် ဆုံတွေ့စေခဲ့တာပဲ ဖြစ်တယ်။
အဲ့အချိန်တုံးက ဟန်ကျွမ်းချွမ် က စစ်တက္ကသိုလ် ကနေဘွဲ့ရကာစ ဖြစ်ပြီးတော့ တပ်ရေးဗိုလ်ကလေး အဖြစ်နဲ့ စစ်တပ်ထဲကို သူ့ရဲ့ပြောင်မြောက်လှတဲ့ ရမှတ်တွေနဲ့အတူ ဝင်ရောက် ခဲ့တယ်။ ပြီးတော့ ဗိုလ်မှုးကြီး မားကပ်စ်ရဲ့အနောက်ကို လိုက်ကာ ကီရှန်ဂြိုလ်ဆီကို သူတို့ရဲ့ ရင်းနှီးနွေးထွေးစွာ ဆွေးနွေး ညှိနှိုင်းခြင်းများ လုပ်ဖို့ လိုက်ပါသွားခဲ့တယ်။ အဲ့အချိန် က သူတို့စတွေ့ကြတာပေါ့။
သူတို့ကြားထဲက အကွာအဝေး က အများကြီး ရှိနေတာတော့ သနားဖို့ကောင်းတယ်။ ထိုအချိန်က ဟန်ကျွမ်းချွမ်လေးက ငယ်ရွယ် ပြီး အားအင်တွေ ပြည့်ဝနေပြီးတော့ သူ့ကိစ္စနဲ့မဆိုင်တဲ့သူဆိုရင် အဲ့လူက မင်းသားတစ်ပါး ဖြစိနေရင်တောင်မှပဲ သူက အကြည့်တစ်ချက် ပိုမပေးချင်လေဘူး။
ဟန်ကျွမ်းချွမ် ရဲ့အမြင်ထဲမှာတော့ ထိုသူနဲ့သူက လမ်းမှာတွေ့ရင်တောင် ဘေးကနေဖြတ်လျောက်သွားမယ့် သူစိမ်းတွေလိုပဲပေါ့။ ပြီးတော့ သူတို့က လက်ထပ်ဖို့အကြောင်းလဲ မပြောဘူးခဲ့ သလို လက်ထပ်ကြလိမ့်မယ်လို့လဲ မမျှော်လင့်ခဲ့မိ ပါဘူး။ ဒါကို ကြည့်ခြင်းဖြင့် လက်ထက် ဖို့တွန်းအားပေး အာရုံစိုက် ခဲ့တဲ့သူက အန်းမူ မှန်းသိသာနေလေတယ်။
တစ်ကမ္ဘာလုံး မှာ သနားစရာ အကောင်း ဆုံးလူသားရဲ့ အကြံဉာဏ် နဲ့အတူ ထိုမင်္ဂလာပွဲက ဖြစ်ခဲ့တာပေါ့။ လက်ထပ်ပွဲညမှာပဲ ဟန်ကျွမ်းချွမ် ကသူ့စီနီယာတွေ၊ သူငယ်ချင်း တွေနဲ့ သဘောတူညီ မှုလုပ်ခဲ့ကြပြီးတော့ အန်းမူနဲ့ ညှိနှိုင်းမှုလုပ် ဖို့လာခဲ့တယ်။
အိုမီဂါ တစ်ယောက် က တစ်ခြား ဂြိုလ် တစ်ခု က လူကို အကြောင်းတစ်စုံတစ်ခု ကြောင့်လက်ထပ်လိုက်ရတဲ့ အတွက်ကြောက်နေလိမ့်မယ် လို့သူထင်ခဲ့တယ်။ ဒါကြောင့် သူက နူးညံ့တဲ့ အိုမီဂါလေး ကြောက်ရွံနေလို့ရှိရင် တားဆီးပေးလိုတဲ့အချိန်မှာ ပြသမယ့် သူ့ စိတ်ခံစားချက် တွေကို ဟန်ကျွမ်းချွမ် တစ်ယောက် သေချာလေ့ကျင့်ခဲ့တယ်။
ဒါပေမယ့် တံခါးကို ဖွင့်လိုက် တဲ့အချိန်မှာတော့ သေးငယ်တဲ့ပုံရိပ်လေးက သူတွေးထားတာနဲ့ ကွဲလွဲစွာ သူ့လက်မောင်း ထဲကို ပြေးဝင် လာခဲ့တယ်။ ထိုဗီလိန်လေးက သူ့ကို အရှက်သည်းစွာကြည့်နေတာကို တွေ့လိုက်ရပြီးတော့ မျက်လုံး တွေထဲမှာလည်း အားရကျေနပ်မှုတွေကိုပဲ တွေ့ရကာ ရွံရှာ ခြင်းအလျင်းတောင် ရှိမနေတာကို တွေ့လိုက်ရ တယ်။
ဟန်ကျွမ်းချွမ် ရဲ့ ခေါင်းထဲမှာ အတွေး တွေက မီးပန်းတွေလို ပေါက်ကွဲသွားခဲ့လေတယ်။
ဆွေးနွေးပွဲ ပြီးသွားတဲ့အခါမှာတော့ ထိုနေရာ ရဲ့မင်းသား အန်းမူက သူ့ကို လက်ထပ်ချင်ပါတယ်လို့ တောင်းဆိုခဲ့တာတဲ့လေ။ ထိုကိစ္စ ရဲ့အမှန်တရားကို ဟန်ကျွမ်းချွမ် တစ်ယောက် သိသွား တဲ့အခါမှာတော့ သူက တစ်ခြားလူတွေလို ခွင့်လွှတ် ပေးခဲ့ခြင်းမရှိပါဘူး။
သူ့ရဲ့ မျက်လုံး ထဲက သနားစရာ အန်းမူကနေ ရွံစရာ တစ်ယောက် အဖြစ်ပြောင်းလဲ သွားခဲ့တယ်။ သူက သူ့အင်္ကျီ လက်တွေကို ခါကာ မျက်ရည် အပြည့်နဲ့ အန်းမူက်ို အခန်းလွတ်ကြီး ထဲမှာပစ်ထားခဲ့ပြီးတော့ ထိုနေရာမှာပဲ စောင့်ဆိုင်းနေစေခဲ့တယ်။
ထိုစောင့်ဆိုင်းခြင်းက ၁၀ နှစ်တောင်ကြာသွားခဲ့တယ်။
အန်းမူက တံခါးဘေးနားမှာ ရပ်နေပြီးတော့ သူ့ရဲ့ ပုခုံးတွေနဲ့ တံခါးကို ထောက်ကန်ထားရတယ်။ သူ့ရဲ့အားနည်းနေတဲ့ ကိုယ်လေးကလည်း အချိန်မရွေး လဲပြိုကျသွားလောက်တယ် လို့ထင်နေရတယ်။
ဟန်ကျွမ်းချွမ် က သူ့ကို အထဲဝင်ခွင့်ပေး လိုက်တယ်။ ဟန်ကျွမ်းချွမ် က သူ့ခြေထောက် တွေကို မြှောက်ပြီးတော့ ထွက်သွား တော့မယ့် အချိန်မှာပဲ ရုတ်တရက် ပြောလိုက် တယ်။
" ငါကတော့ သိပ်ပြီး ကောင်းတယ်လို့ မထင်မိဘူး ။ မင်းဆေးရုံကို သွားလို့ရတယ်လေ''
အစက မျက်တောင်လေး ပုတ်ခက်ပုတ်ခက် ဖြစ်နေတဲ့ ဖျော့တော့နေတဲ့လူလေးဟာ သူ့မျက်လုံး အောက်မှာတင် ရှက်သွေးဖြာ လာတာကို မြင်နိုင်လေရဲ့။ ဟန်ကျွမ်းချွမ်ဘက်က ခြေတစ်လှမ်းစပြီးတော့ သူ့ကို စကားပြောခဲ့ပေမယ့် အန်းမူကတော့ စကားကို သေချာပြန်မပြောနိုင်ခဲ့ပါဘူး။
" ကျွန်တော်....ကျွန်တော် အဆင်ပြေပါတယ်။ အဲ့နေရာမှာ မနေ့ညက... အချိန်တွေ အများကြီး.... နေမိသွားလို့ပါ။ ဒါကြောင့်မို့.... အစာ အိမ်က .....နာ.... နာလာတာ''
စကားပြောပြီးတဲ့နောက် သူ့ရဲ့အသံလေးက ပိုပြီးတိုးကာ တိတ်ဆိတ် သွားတော့တယ်။ အဲ့တာကို ကြည့်ရတာ မနေ့ညက ဟန်ကျွမ်းချွမ် ရဲ့ အနိုင်ကျင့် မှုကို လုံးဝဂရုမထား ပုံပေါ်လေတယ်။ ဒါမှမဟုတ် ဟန်ကျွမ်းချွမ် အရက်သောက် ပြီးတဲ့နောက်မှာ သူ့အပေါ် ဘာလို့ အလေးအနက် မထားသလဲ ဆိုတဲ့ အကြောင်းကို အန်းမူ မတွေးမိတာလဲ ဖြစ်လောက်မယ် ။ ဘာလို့လဲ ဆိုတော့ အဲ့လူက ရည်ရွယ်ချက် ရှိရှိလုပ်နေတာ ဖြစ်လို့ပဲပေါ့။
ထိုစကားကို ကြားပြီးတဲ့ နောက်မှာ ဟန်ကျွမ်းချွမ် က ရေချိူးခန်း ထဲကနေ ဘာမှမပြောတော့ ပဲ အမြန်ထွက်လာ ခဲ့တယ်။ ဒါပေါ့ သူကရေချိုးခန်းတံခါး ပိတ်ဖို့လည်း မမေ့ခဲ့ပါဘူး။
ဟန်ကျွမ်းချွမ် တစ်ယောက် ခြေလှမ်းတောင်အများကြီး မလျောက်ရသေးခင်မှာပဲ လော့ခ်ချသံကို ကြားလိုက်ရတယ်။ သူက အနောက်ကိုလှည့်ကာ သစ်သားတံခါးဆီကို အံ့သြတဲ့အကြည့် တစ်ခုနဲ့ ကြည့်နေမိတယ်။ ထိုတစ်ခဏ မှာပဲ ဒီအခြေအနေ အတွက်ဘယ်လို မျက်နှာအမူအရာလုပ်ရမလဲဆိုတာ ကို ဟန်ကျွမ်းချွမ် တစ်ယောက် မသိတော့ ပါပေ။
[ ငါတို့ MCက မျက်နှာကြောသေနေတာလား????]
.............................................................