Zawgyi>>
အေးစက်စက်အစ်ကို့အသံကအမိန့်မဆန်သော်လည်း ကြားမိတိုင်းJiminရင်တုန်ရသည် ..။
သူသိတာပေါ့~အမတ်လီ၏အကြံအစည်ကို ဒါပေမဲ့လဲမိမိတို့ခမည်းတော်သည်လည်း ခေသူမဟုတ်တာမို့အထူးတလည်စိတ်ပူတာတော့မရှိ ဒါကြောင့်လဲ ဒီကိုညီမလေးကိုစောင့်ရှောက်ရမယ်ဆိုတဲ့အတွေးနဲ့ပဲ ရောက်နေခဲ့တာ ~! သေချာပေါက်တော့ ပြန်စရာမလိုဘူးဆိုပေမဲ့လဲ
" ကျစ်~!"
" ဂရုစိုက်ပါအစ်ကို _"
'အ့!_´
" ဘာလဲ ?!အ သွားတာလား??_"
" အိမ်~ အိမ်ရှေ့စံ~!_"
ရွှပ်!
အ့!!
...................................
"အား!!~~_"
#11032022
......................>>>>>..................>>>>>>...........
Unicode>>>
တဖြူးဖြူးတိုက်ခတ်နေတဲ့လေက ကောင်းကင်မှာအပြည့်ထွန်းတောက်နေသည့်လမင်းကြီးအားဖုန်းကွယ်စေရန် တိမ်တိုက်တို့ကိုခေါ်ဆောင်လာသည် ..။
သို့သော်လည်း ထိုတိမ်တိုက်တို့သည် လပြည့်ဝန်း၏အလှကိုကြာကြာဖုန်းကွယ်နိုင်ခြင်းမရှိဟုထင်ရ၏ လေနုအေး၏ဦးဆောင်ရာကိုပြန်လိုက်ရင်း လမင်း၏အလှကိုပြန်ပေါ်စေလိုက်သည် ..
ကောင်းကင်တစ်ဝိုက်လမင်းရဲ့အလင်းရောင်ကြောင့်ထိန်လင်းနေပါသော်လည်း အလင်းရောင်မရောက်နိုင်သည့်နေရာမှ ညပိုးကောင်တို့၏အသံကို Jiminနားစိုက်ထောင်နေမိသည်...။
သဘာဝ!Jiminသိပ်ကိုသဘောကျရသည့်သဘာဝတရား~!
Jiminငယ်ငယ်တည်းကမြတ်နိုးသည့်အရာဆိုလျှင်အနုစိတ်ပုံဖော်ခံစားတတ်၏...
ထို့ကြောင့်လဲဘေးတွင်မှောင်ရိပ်ကိုခိုကာ ရပ်နေသည့်အစ်ကို့ကိုသတိမထားမိ!
" ဘာကိစ္စခေါ်တာလဲ Jimin ?!_"
အေးစက်စက်အစ်က့ိုအသံကအမိန့်မဆန်သော်လည်း ကြားမိတိုင်းJiminရင်တုန်ရသည် ..။
Jungkook စရောက်တည်းကမျက်လုံးကိုမှေးစင်းလျက်သဘာဝတရားကိုခံစားနေသည့်ညီဖြစ်သူကိုစောင့်နေလိုက်၏..
မိသားစုနှင့်အတူရှိနေလျှင် ဝန် ရှိနေတတ်သည့်ညီဖြစ်သူက သဘာဝတရား ထို့နောက် ညီမလေးနှင့်အတူရှိနေလျှင် လွတ်လပ်နေတတ်သည် ။
ငယ်ငယ်တည်းကအေးစက်စက်သာဆိုတတ်သည့်မိမိကတော့ ညီမဖြစ်သူမှလွဲ၍ကျန်သည့်သူများအပေါ်တွင်ညင်သာသည့်လေသံကရှိမနေချေ...။
Jiminတစ်ချက်တုန်သွားသည်ကိုJungkookသေချာသိသည်
သို့သော်လည်း မသိချင်ယောင်ဆောင်၍သာ မေးခွန်းထုတ်လိုက်သည်...
" ဒီမှာ HaeEun လဲအဆင်ပြေတယ် အစ်ကိုတော်လောက်သိုင်းပညာမကျွမ်းပေမဲ့လဲ ကျွန့်တော့မှာကာကွယ်နိုင်စွမ်းရှိသေးတာကိုသိမယ်ထင်ပါတယ် ပြီးတော့ကျွန်တော်တို့ကိုစောင့်ရှောက်ဖို့ကိုယ်ရံတော်တစ်ချို့လဲရှိတယ် ဒါပေမဲ့ ခမည်းတော်မှာ ဘယ်သူမှမရှိဘူး ဟိုနေ့က အထောက်တော်ဆီကသတင်းရခဲ့တယ် အမတ်လီက ခမည်းတော်ကိုပုန်ကန်ဖို့ကြံစည်နေတယ် အစ်ကိုတော်ရှိမှရမယ် ပြန်သွားလိုက်ပါ _"
မိမိဆီကိုတစ်ချက်လှည့်ကြည့်ပြီးခနတွင်းပင်တစ်ခြားကိုအာရုံလွှဲသွားသည့်Jiminသည် တစ်နေရာကိုစူးစိုက်ကြည့်ရင်ဆို၏..။
သူသိတာပေါ့~အမတ်လီ၏အကြံအစည်ကို ဒါပေမဲ့လဲမိမိတို့ခမည်းတော်သည်လည်း ခေသူမဟုတ်တာမို့အထူးတလည်စိတ်ပူတာတော့မရှိ ဒါကြောင့်လဲ ဒီကိုညီမလေးကိုစောင့်ရှောက်ရမယ်ဆိုတဲ့အတွေးနဲ့ပဲ ရောက်နေခဲ့တာ ~! သေချာပေါက်တော့ ပြန်စရာမလိုဘူးဆိူပေမဲ့လဲ
ခမည်းတော်ကိုအနည်းနဲ့အများကာကွယ်ဖို့တော့မိမိတွင်တာဝန်ရှိသည် !မိမိတို့အလစ်ကိုချောင်းနေသည့် အမတ်လီဆိုသူကိုလဲမိမိရှင်းပစ်ချင်သည် ~အခွင့်ကြုံတုန်းတော့ ထိုသူမင်းမျိုးနွယ်အားပြန်၍မော့မကြည့်ရဲတော့သည်အထိ Jungkookဖြစ်အောင်ဖန်တီးမည်..။
အကြည့်ကJiminဦးတည်နေသည့်လမင်းဆီရောက်ပြန်တော့ မဆီမဆိုင်Jungkookထိုလူအားသတိရမိသည် ..ထူထဲလွန်းသည့်နှုတ်ခမ်းဖူးကမျက်ဝန်းထဲဝင်လာ၏...
" ကျစ်~!"
စိတ်မရှည်ပဲ စုတ်သတ်မိတော့ ညီဖြစ်သူကတစ်ဖန်ပြန်ကြည့်လာသည်..
Junkook ကိုယ်ဖော့သိုင်းကိုသုံး၍ ထိုနေရာမှထွက်လာရန်ပြင်သည် မနက်ဖြန်ပြန်ဖို့အတွက်ဆို ပြင်ဆင်စရာတွေကရှိလာပြီလား??
ဂရုစိုက်ပါJimin~!ဒါJungkookနှုတ်ကထွက်မလာသည့်ညီဖြစ်သူကိုပြောသည့်နှုတ်ဆက်စကား!ပြန်လာအုံးမှာပါ ကိုယ်ချစ်တဲ့သူတွေကိုပြန်တွေ့ဖို့_။
" ဂရုစိုက်ပါအစ်ကို _"
Jiminစကားကိုမကြားနိုင်သည့်သူကတော့အဝေးကိုပင်ရောက်နေလေပြီ။
မိမိနှုတ်ဆက်စကားကိုတောင်မစောင့်ပဲထွက်သွားသည့်အစ်ကိုကတကယ်ကိုအေးစက်လွန်းပါသည်...
Jiminသူ့အတွက်နေသားကျနေပြီဆိုပေမဲ့လဲ တကယ်တော့ HaeEunကိုစောင့်ရှောက်သလိုမျိုး မိမိကိုအစ်ကိုစောင့်ရှောက်တာလိုချင်သည်..
ထို့နေ့ အစ်ကို့၏မယ်တော်ဆုံးပြီး မိမိနန်းတော်သို့စရောက်သည့်နေ့ ခမည်စတော်သည်ကိုယ်လုပ်တော်အဆင့်သာရှိသည့်မယ်တော်ကိုနေရာပေးခဲ့သည် HaeEunလေးမွေးပြီးပြီးချင်း မိဖုရားကြီးဆုံးတာမို့
စိတ်မကြည်သည့်အစ်ကိုက သူ၏မိခင်နေရာကိုလာယူသည့်မိမိ၏မိခင်ဖြစ်သူနှင့်မိမိကိုအမြင်မကြည့်ခဲ့ ထို့နေ့ကအေးစက်စက်အစ်ကို့ရဲ့မျက်ဝန်းကိုမှတ်မိသေးသည်
ငါးနှစ်လောက်သာရှိသေးသည့်Jimin မိမိစိတ်ထဲတွင်စွဲထင်းနေသည်မှာထိုမျက်ဝန်း ဒါကြောင့်အစ်ကိုကိုJiminကြောက်သည်မှာမထူးဆန်း?
ဆယ်ကျော်သက်အရွယ်အစ်ကိုက သိပ်မကြာခင်မှာပဲ စစ်ပွဲကိုဦးဆောင်သည် ကံကြမ္မာကမိမိကိုအသိအမှတ်ပြုလေသလားတော့မသိ ???
မင်းသားဖြစ်သည့်မိမိကတစ်ခြားမိမိထက်အဆင့်နိမ့်သည့်ကလေးများထံတွင်အနှိပ်စက်ခံရသည် ရာထူးကြီးသူများသာတက်ရသည့် ကျောင်းတော်တွင်အမှန်အတိုင်းပြောလျှင်Jiminတက်စရာကိုမလိုပေ..မိမိသည်လည်းမင်းသားတစ်ဦးပဲဖြစ်တာမို့ နန်းတော်သို့ဆရာခေါ်သင်လျှင်ပဲဖြစ်သည် ..ကိုယ်လုပ်တော်ကရတဲ့သားမို့ ကိုယ့်ကိုကိုယ်လဲမခွင့်ထူးထံလူတန်းစားဟူ၍မသတ်မှတ်ထား!~
'အ့!_´
နည်းနည်းအသက်ကြီးပုံပေါ်သည့်သူက မိမိကိုတိုက်လိုက်သည်မို့Jiminမြေပြင်နှင့်မိတ်ဆက်ရသည်~
" မင်းသားတဲ့ ? ဟား ဟား ကိုယ်လုပ်တော်အဆင့်နဲ့ရတဲ့လူကများငါတို့လို အဆင့်မြင့်တဲ့သခင်လေးတွေတက်တဲ့ကျောင်းကိုလာတက်ရဲတယ် ?_"
ထိုစကားတို့အတွက်Jiminခွန်းတုန့်မပြန်မိ....
" ဘာလဲ ?!အ သွားတာလား??_"
" ဘယ်သူကများမင်းသားတစ်ပါးနဲ့လာပြိုင်ချင်ရတာလဲ?_"
အေးစက်စက်အသံ မိမိကြောက်ရွှံခဲ့ရသည့်ထိုအသံကထို့နေ့ကမိမိသွေးသားအဖြစ်မိမိဘေးတွင်ရပ်တည်ပေးခဲ့သည် ထို့နေ့ကစလို့ အစ်ကိုကမိမိအပေါ်သိပ်မစိမ်းသက်တော့ပေ HaeEunလောက်မဟုတ်ပေမဲ့လို့?~
Jungkook၏ကိုယ်ပေါ်ကိုကြည့်ရင်း တစ်ခြားသူများကတော့ဘယ်သူလဲတွေးနေစဉ် တစ်ချို့ကတော့ ဒူးတုန်နေသည် ..
" အိမ်~ အိမ်ရှေ့စံ~!_"
Jungkookခြေတစ်လှမ်းချင်းတိုးလေ ထိုကောင်ငယ်လေးသည် ကြောက်ရွံလေဖြစ်သည်..
လက်ပေါ်မှဓားကိုထိုတစ်ယောက်၏လည်ကိုထောက်လေတော့ ဒူးထောက်ကာကြောက်ကြောက်နှင့်တောင်းပန်လေသည်..
" နောက်တစ်ခါကိုယ့်ကိုကိုယ်မင်းသားတစ်ပါးရဲ့အဆင့်အတန်းနဲ့မတိုင်းမိစေနဲ့_"
ရွှပ်!
အ့!!
Jungkookထိုကောင်လေး၏လည်ပင်းမှဓားကိုပြန်ဆွဲရင်း နောင်တွင်မှတ်မိနေစရန် အထူးသဖြင့်မိမိအပိုင်တွေကိုလာမထိစေရန်
အမှတ်အသားပြုလိုက်သည်..
လူတိုင်းသည်မိမိအပြုအမူကြောင့်ကြောက်ရွံကြသော်လည်း?စာအုပ်တစ်အုပ်ကိုကိုင်ထားကာ မိမိတို့ကိုကြည့်နေသည့်ကောင်လေးကတော့ မျက်တောင်ပင်တစ်ချက်ခတ်မသွား?~
ထို့နောက်သတိထားမိသည်မှာ ဆေးဆိုးကူစရာမလိုပဲပန်းရောင်သန်းနေသည့်ဖူးငုံနေသည့်နှုတ်ခမ်းတစ်စုံ~!
...................................
အရှေ့မှလူသည် မျက်ဝန်းတွင်ညှာတာမှူအလျင်းမရှိ ဒူးထောက်ကာတောင်းပန်နေသည့်သူအားရက်ရက်စက်စက်သတ်ပစ်လေသည်...
မလုပ်ပါနဲ့~! ထိုသူ၏လက်အစုံရပ်တန့်သွားစေရန်Seokjinတောင်းပန်ချင်ပါသော်လည်း နှုတ်ခမ်းတို့ကပွင့်ကျမလာ?
မိမိနှုတ်ခမ်းပွင့်လာချိန်တွင်တော့ အသက်မဲ့နေသည့်ကိုယ်က မိမိအားလှောင်ပြောင်နေသယောင်!
"အား!!~~_"
#11032022
(A/N-မနေ့တည်းကတင်ဖို့ရေးထားတာကို ပြန်ဖျက်တဲ့ဟာနှိပ်မိသွားလို့ အစကပြန်ရေးတင်ရတယ် )