ဓားပြများနှင့် ပက်ပင်းကြုံခြင်း
.......................................
အရှေ့နှင့်အနောက်တွင် မြင်းစီးအစောင့်လေးယောက်နှင့် သာမန်ရထားလုံးတစ်ခုက ဝါးတောထဲဖြတ်လာသည်။ လမ်းကရွှံ့ထူကာ ကောင်းကင်မှ မိုးဖွဲဖွဲရွာနေသည်။ မိုးက မသည်းသော်လည်း ချမ်းစေသည်။
အစောင့်လေးယောက်နှင့် မြင်းလှည်းမောင်းသူတို့အားလုံးက အုန်းဆံမျှင် မိုးကာများဝတ်ဆင်ထားကြပြီး ခေါင်းပေါ်တွင် ကြီးမားသော ဝါးဦးထုပ်များ ဆောင်းထားကြသည်။ ထိုသို့ဝတ်ဆင်ထားလျှင်ပင် ၎င်းတို့က မိုးစက်မိုးပေါက်များထံမှသာ အကာအကွယ်ပေးနိုင်ပြီး အအေးဒဏ်ကိုမကာကွယ်ပေးပေ။
အစောင့်တစ်ယောက်က ရထားလုံးထဲမှလူအား အော်ပြောလိုက်သည်။ "ဦးလေးလီ၊ ရာသီဥတုက အရမ်းဆိုးနေတယ်။ မိုးပိုသည်းလာမှာကို ကျွန်တော်စိုးရိမ်တယ်။ အရင်ဆုံး နာဖို့နေရာတစ်ခု ရှာကြမလား။"
လင်းမိသားစု၏ အိမ်တော်ထိန်းလီကျန်းက ရထားလုံးလိုက်ကာကို မတင်လိုက်သည်။ "ကောင်းပြီလေ။ နားဖို့နေရာတစ်ခုကို အရင်ရှာရအောင်။ လူငယ်လေး၊ ဒီအနီးတစ်ဝိုက်မှာ ငါတို့မိုးခိုလို့ရမဲ့နေရာတစ်ခုခုကို သိလား။"
"ဝါးတောနဲ့ နောက်တောင်တစ်တောင်ကို ကျော်ပြီးရင် ကျွန်တော်တို့ လျန်တန်မြို့ကို ရောက်ပြီ။"
"ဒါဆို၊ မင်းရဲ့အစီအစဉ်အတိုင်း သွားကြမယ်။" အိမ်တော်ထိန်းကပြောသည်။
အစောင့်ဝမ်က ခေါင်းညှိတ်ကာ ကျန်လူသုံးယောက်အား အော်ပြောလိုက်သည်။ "မရပ်မနားသွားကြမယ် ညီအစ်ကိုတို့။ နည်းနည်းထပ်သွားပြီးရင် ငါတို့နားလို့ရပြီ။" ထို့နောက် အိမ်တော်ထိန်းက လိုက်ကာကိုချကာ ရထားလုံးထဲပြန်ဝင်သွားသည်။
"အိမ်တော်ထိန်းကြီး၊ ကျွန်တော်တို့ ခရီးဆက်လာတာ ခြောက်ရက်လောက်ရှိပြီ။ မြို့တော်ကိုရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ။" ထန်းယန်မှထွက်လာကတည်းက ရထားလုံးထဲလိုက်လာသည့် အစေခံ စတုန်းက မေးသည်။
"မကြာခင်ပေါ့။ ငါတို့ မြို့တော်ကို နောက်လေးရက်လောက်နေရင်ရောက်မယ်။" အိမ်တော်ထိန်းက ဖြေသည်။
"ဟာ၊ လေးရက်တောင်လား။" စတုန်းက စိတ်ပျက်စွာပြောသည်။
"ဘာတွေ စိတ်မရှည်ဖြစ်နေတာတုန်း ဆိုးပေရဲ့။ အစောင့်ဝမ်ဆို မြင်းစီးလာရပေမဲ့ ညည်းတောင်မညည်းဘူး။ မင်းကရထားလုံးထဲမှာ သက်တောင့်သက်သာထိုင်နေရတာကို အထွန့်တက်နေတာလား။" အိမ်တော်ထိန်းက မကျေမနပ်ပြောလိုက်သည်။
"အို၊ ကျွန်တော် အထွန့်မတက်ရဲပါဘူး။ ရထားလုံးက တအားလှုပ်နေတာလေးပါပဲ။ ကျွန်တော်က တစ်ချိန်လုံးထိုင်နေရတော့ တစ်ကိုယ်လုံးကိုက်ခဲနေပြီ။"
အိမ်တော်ထိန်းက စတုန်း၏ခေါင်းအား ရိုက်လိုက်သည်။ "ငါက မင်းထက်အသက်အများကြီး ကြီးတာတောင် မညည်းဘူး။ မင်းက ငယ်ငယ်လေးပဲရှိသေးတာကို ညည်းညူနေတယ်။"
စတုန်းက ထပ်အထွန့်မတက်ရဲဘဲ ခေါင်းကိုပွတ်နေသည်။ အိမ်တော်ထိန်းဒေါသမထွက်အောင် ချွေးသိပ်ပြီးနောက် သူက မျက်နှာချိုသွေး၍ပြုံးကာ လက်နှစ်ဖက်ကိုပွတ်ရင်း သက်ပြင်းချလိုက်သည်။
တဖြည်းဖြည်းဖြင့် ရထားလုံးက ဝါးတောထဲမှဖြတ်လာကာ တောင်လမ်းဘက်သို့ ဝင်လာသည်။
တောင်ကြောလမ်းသို့မဝင်ခင်တွင် စတုန်းက လိုက်ကာကိုမ၍ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူတွေ့လိုက်ရသည်ကြောင့် အံ့ဩကာ အော်လိုက်သည်။ "ကြည့်ပါဦး၊ အိမ်တော်ထိန်းကြီး၊ အဲ့မှာ တရားဝင်လမ်းမကြီး။"
အိမ်တော်ထိန်းက ပြတင်းပေါက်မှ ချက်ချင်းကဲကြည့်လိုက်သည်။ မျှော်လင့်ထားသလိုပင် အနောက်ဘက်သို့ ဦးတည်နေသောလမ်းကျယ်တစ်ခုကို သူသတိထားမိသည်။
အစောင့်ဝမ်က ပြောသည်။ "ဒီလမ်းက ရှန့်ကျိုးဆီဦးတည်နေတာလေ။ ရှန့်ကျိုးကနေ အနောက်ဘက်နည်းနည်းထပ်သွားလို့ မြို့ငယ်တစ်မြို့ကိုကျော်ပြီးရင် နယ်စပ်ကိုရောက်ပြီ။ ဒီတရားဝင်လမ်းမကြီးက ရှန့်ကျိုးကနေ မြို့တော်ဆီဆက်သွယ်ထားတဲ့တရားဝင်လမ်းမတွေထဲက တစ်လမ်းပဲ။ မိုးသာ မရွာနေရင် နယ်စပ်ကတစ်ယောက်ယောက်နဲ့ ကျွန်တော်တို့ဆုံလောက်တယ်။"
စတုန်းက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။ "ဒီတော့ ဒါနယ်စပ်ဆီ သွားတဲ့လမ်းပေါ့။ အစ်ကိုဝမ်၊ ကျွန်တော်တို့ ဒီလမ်းကနေသွားရင် စစ်သူကြီးယွီဝမ်နဲ့ တွေ့နိုင်လား။"
အစောင့်ဝမ်နှင့် အခြားအစောင့်သုံးယောက်က ရယ်မောနေကြသည်။ အစောင့်ဝမ်ကပြောသည်။ "စတုန်းရာ၊ မင်းကစစ်သူကြီးယွီဝမ်နဲ့ တွေ့ချင်နေသေးတာလား။"
"စတုန်းရေ၊ အိပ်မက်မက်တာ ရပ်လိုက်တော့။ မင်းမှာ စစ်သူကြီးယွီဝမ်နဲ့တွေ့ဖို့ ဘာအခွင့်လမ်းမှမရှိဘူး။ "အစောင့်ဝမ်က ကျန်အစောင့်များနှင့်အတူ ရယ်မောရင်း စနောက်လိုက်သည်။ "ကျွန်တော်က စစ်သူကြီးယွီဝမ်ရဲ့လက်အောက်က စစ်သားတစ်ယောက်ဖြစ်နိုင်ရင်တော့လား။ ကျွန်တော် ဆိုလိုချင်တာက ကျွန်တော် သူ့ကိုတစ်ကြိမ်လောက်ပဲဖြစ်ဖြစ်တွေ့ချင်တာပါ။" စတုန်းက တမ်းတ၍ပြောသည်။
"အိုး ဟိုး၊ တစ်စုံတစ်ယောက်မှာ ရည်မှန်းချက်ကြီးကြီးရှိနေတဲ့ပုံပဲ။" အစောင့်ဝမ်နှင့် အခြားအစောင့်သုံးယောက်က ထပ်ရယ်ကြပြန်သည်။
အရှက်ရသကဲ့သို့ ခံစားရကာ အိမ်တော်ထိန်းက စတုန်း၏ခေါင်းအားထပ်ခေါက်လိုက်သည်။
စတုန်းက တကယ်ကို လူအတစ်ယောက်ပင်။ ကံကောင်းသည်မှာ သူ၏ပန်းတိုင်က ယွီဝမ်မိသားစုဖြစ်ကြောင်းအား မည်သူ့ကိုမှမပြောခဲ့ပေ။
"တော်တော့၊ အဲ့မှာ ငြိမ်ငြိမ်လေးထိုင်နေ၊ အစောင့်ဝမ်နဲ့တခြားလူတွေကို ထပ်မနှောင့်ယှက်နဲ့တော့။"
စတုန်းတွင် တစ်ခုခုပြောစရာကျန်သေးပုံပေါ်သော်လည်း သူထုတ်မပြောနိုင်ခင်မှာပင် အစောင့်ဝမ်နှင့်အခြားလူများက စကားလမ်းကြောင်းလွှဲလိုက်သည်။ " ကျွန်တော်တို့ နောက်မိနစ်အနည်းငယ်ဆို တောင်ကြောလမ်းထဲရောက်တော့မယ်။ ဟေး၊ အာရုံပိုစိုက်ကြပါ၊ ညီအစ်ကိုတို့။ မိုးရွာတဲ့နေ့မျိုးမှာ ခရီးနှင်ရတာ ခက်တယ်။ လောင်လျှို၊ မင်းကရထားလုံးကို ထိန်းကျောင်းနေရတာဆိုတော့ အထူးဂရုစိုက်ရမယ်။"
"ဟုတ်ကဲ့ပါ။" မြင်းလှည်းမောင်းသူက ပြန်ဖြေသည်။ ထိုလူက စကားနည်းသူဆိုသည်မှာ ထင်ရှားသည်။
ရထားလုံးက တောင်ကြောလမ်းအတိုင်းမောင်းလာသည်။ အစောင့်ဝမ်ပြောသလိုပင် တောင်ကြောလမ်း၌ ခရီးနှင်ရန်ခက်ခဲသည်။ လမ်းကချိုင့်များသကဲ့သို့ ရွှံ့လည်းထူသည်။ ရေရှိနေသောကြောင့် ချိုင့်များ၏အနက်ကိုလည်းမှန်း၍မရပေ။ သူတို့၏ဘီးသာချိုင့်တစ်ခုထဲညပ်နေပါက ပြဿနာကြီးကြီးတက်လိမ့်မည်။ ထို့အပြင် ရွှံ့လမ်းမှအချို့နေရာများက အလွန်ပျော့နေရာ သူတို့ရထားလုံး၏ဘီးများတကယ် နစ်သွားနိုင်သည်။
မြင်းလှည်းမောင်းသူ လောင်လျှိုကလမ်းကိုသာကြည့်နေကာ ရထားလုံးကိုဂရုတစိုက်မောင်းနှင်နေသည်။ အစောင့်နှစ်ယောက်က အရှေ့ကြိုသွား၍ စူးစမ်းကာ တွင်း၊ချိုင့်များအား တွေ့တိုင်းတွင် အနောက်မှလူများကို သတိပေးနေသည်။
"ရှေ့လမ်းပိုင်းက တောင်တက်ကြီး။ လောင်လျှို၊ ပြီးရင်မင်းဆင်းပြီးလမ်းလျှောက်လိုက်။" အစောင့်ဝမ်ကပြောသည်။
မြင်းလှည်းမောင်းသူ လောင်လျှိုက ခေါင်းညှိတ်ပြသည်။
မကြာမီတွင် သူတို့ကုန်းတက်ပိုင်းသို့ ရောက်လာကြသည်။ ကံကောင်းသည်မှာ ထိုနေရာတွက် တွင်း၊ ချိုင့်နှင့် ရွှံ့များမရှိပေ။ လောင်လျှိုက ရထားလုံးပေါ်မှခုန်ဆင်းကာ မြင်းကိုလက်ထဲမှကြာပွတ်ဖြင့် နှင်ပြီးပြေးလိုက်သည်။
တောင်ထိပ်သို့ရထားလုံးရောက်ချိန်တွင် အရှေ့မှအစောင့်ဝမ်က တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ သူက ပတ်ပတ်လည်မှ မျက်စိလျှမ်းသွားရန်လွယ်သော သံသယဖြစ်ဖွယ်အရိပ်လက္ခဏာများအား မျကိစိလျင်လျင်ဖြင့်ရှာဖွေနေသည်။ သူချက်ချင်း လက်မြှောက်ကာ အော်လိုက်သည်။ "သတိထား၊ ဒီနေရာမှ တစ်ခုခုမှားယွင်းနေတယ်။"
"ဘာဖြစ်နေတာလဲ။" စကားလုံးများထဲမှလေးနက်မှုကြောင့် အိမ်တော်ထိန်း နှလုံးခုန်မြန်လာပြီး မေးမြန်းရန် ချက်ချင်း ခေါင်းထွက်လာသည်။
"ဦးလေးလီ၊ ရထားလုံးထဲမှာပဲနေ၊ မထွက်လာနဲ့။" အစောင့်ဝမ်က မျက်နှာထားခပ်တင်းတင်းဖြင့်ပြောသည်။
"ဟား ဟား မင်းတို့က နည်းနည်းတော့ ပါးနပ်တာပဲ။ မင်းတို့က ဝှက်ထားတဲ့ အတားအဆီးထောင်ချောက်ကိုတောင် ရှာနိုင်တယ်။" ကြမ်းကြုတ်ရက်စက်သော ရယ်မောသံထွက်လာသည်။ တောင်ရှိတောအုပ်တစ်ဖက်တစ်ချက်မှ ဓားကိုင်စွဲထားသော ဓားပြဆယ်ချီခန့်ထွက်လာကြသည်။
ဓားပြများထွက်ထွက်လာချင်းပင် အခြေအနေပြောင်းလဲသွားသည်။ အစောင့်လေးယောက်က လက်နက်များကိုချက်ချင်းထုတ်လိုက်ပြီး တိုက်ပွဲအတွက် အသင့်ပြင်သည်။
"အိုး၊ ထန်းယန်ကနေ ဒီလောက်ဝေးနေတာတောင် ဓားပြတွေနဲ့ထိပ်တိုက်တွေ့ရဦးမယ်လို့ ငါမထင်ထားဘူး။" ရထားလုံးထဲမှ အိမ်တော်ထိန်းမှာ ဖြူဖျော့သွားသည်။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ဓားျပမ်ားႏွင့္ ပက္ပင္းႀကဳံျခင္း
.......................................
အေရွ႕ႏွင့္အေနာက္တြင္ ျမင္းစီးအေစာင့္ေလးေယာက္ႏွင့္ သာမန္ရထားလုံးတစ္ခုက ဝါးေတာထဲျဖတ္လာသည္။ လမ္းက႐ႊံ႕ထူကာ ေကာင္းကင္မွ မိုးဖြဲဖြဲ႐ြာေနသည္။ မိုးက မသည္းေသာ္လည္း ခ်မ္းေစသည္။
အေစာင့္ေလးေယာက္ႏွင့္ ျမင္းလွည္းေမာင္းသူတို႔အားလုံးက အုန္းဆံမွ်င္ မိုးကာမ်ားဝတ္ဆင္ထားၾကၿပီး ေခါင္းေပၚတြင္ ႀကီးမားေသာ ဝါးဦးထုပ္မ်ား ေဆာင္းထားၾကသည္။ ထိုသို႔ဝတ္ဆင္ထားလွ်င္ပင္ ၎တို႔က မိုးစက္မိုးေပါက္မ်ားထံမွသာ အကာအကြယ္ေပးနိုင္ၿပီး အေအးဒဏ္ကိုမကာကြယ္ေပးေပ။
အေစာင့္တစ္ေယာက္က ရထားလုံးထဲမွလူအား ေအာ္ေျပာလိုက္သည္။ "ဦးေလးလီ၊ ရာသီဥတုက အရမ္းဆိုးေနတယ္။ မိုးပိုသည္းလာမွာကို ကြၽန္ေတာ္စိုးရိမ္တယ္။ အရင္ဆုံး နာဖို႔ေနရာတစ္ခု ရွာၾကမလား။"
လင္းမိသားစု၏ အိမ္ေတာ္ထိန္းလီက်န္းက ရထားလုံးလိုက္ကာကို မတင္လိုက္သည္။ "ေကာင္းၿပီေလ။ နားဖို႔ေနရာတစ္ခုကို အရင္ရွာရေအာင္။ လူငယ္ေလး၊ ဒီအနီးတစ္ဝိုက္မွာ ငါတို႔မိုးခိုလို႔ရမဲ့ေနရာတစ္ခုခုကို သိလား။"
"ဝါးေတာနဲ႕ ေနာက္ေတာင္တစ္ေတာင္ကို ေက်ာ္ၿပီးရင္ ကြၽန္ေတာ္တို႔ လ်န္တန္ၿမိဳ႕ကို ေရာက္ၿပီ။"
"ဒါဆို၊ မင္းရဲ႕အစီအစဥ္အတိုင္း သြားၾကမယ္။" အိမ္ေတာ္ထိန္းကေျပာသည္။
အေစာင့္ဝမ္က ေခါင္းညွိတ္ကာ က်န္လူသုံးေယာက္အား ေအာ္ေျပာလိုက္သည္။ "မရပ္မနားသြားၾကမယ္ ညီအစ္ကိုတို႔။ နည္းနည္းထပ္သြားၿပီးရင္ ငါတို႔နားလို႔ရၿပီ။" ထို႔ေနာက္ အိမ္ေတာ္ထိန္းက လိုက္ကာကိုခ်ကာ ရထားလုံးထဲျပန္ဝင္သြားသည္။
"အိမ္ေတာ္ထိန္းႀကီး၊ ကြၽန္ေတာ္တို႔ ခရီးဆက္လာတာ ေျခာက္ရက္ေလာက္ရွိၿပီ။ ၿမိဳ႕ေတာ္ကိုေရာက္ဖို႔ ဘယ္ေလာက္ၾကာဦးမွာလဲ။" ထန္းယန္မွထြက္လာကတည္းက ရထားလုံးထဲလိုက္လာသည့္ အေစခံ စတုန္းက ေမးသည္။
"မၾကာခင္ေပါ့။ ငါတို႔ ၿမိဳ႕ေတာ္ကို ေနာက္ေလးရက္ေလာက္ေနရင္ေရာက္မယ္။" အိမ္ေတာ္ထိန္းက ေျဖသည္။
"ဟာ၊ ေလးရက္ေတာင္လား။" စတုန္းက စိတ္ပ်က္စြာေျပာသည္။
"ဘာေတြ စိတ္မရွည္ျဖစ္ေနတာတုန္း ဆိုးေပရဲ႕။ အေစာင့္ဝမ္ဆို ျမင္းစီးလာရေပမဲ့ ညည္းေတာင္မညည္းဘူး။ မင္းကရထားလုံးထဲမွာ သက္ေတာင့္သက္သာထိုင္ေနရတာကို အထြန့္တက္ေနတာလား။" အိမ္ေတာ္ထိန္းက မေက်မနပ္ေျပာလိုက္သည္။
"အို၊ ကြၽန္ေတာ္ အထြန့္မတက္ရဲပါဘူး။ ရထားလုံးက တအားလႈပ္ေနတာေလးပါပဲ။ ကြၽန္ေတာ္က တစ္ခ်ိန္လုံးထိုင္ေနရေတာ့ တစ္ကိုယ္လုံးကိုက္ခဲေနၿပီ။"
အိမ္ေတာ္ထိန္းက စတုန္း၏ေခါင္းအား ရိုက္လိုက္သည္။ "ငါက မင္းထက္အသက္အမ်ားႀကီး ႀကီးတာေတာင္ မညည္းဘူး။ မင္းက ငယ္ငယ္ေလးပဲရွိေသးတာကို ညည္းၫူေနတယ္။"
စတုန္းက ထပ္အထြန့္မတက္ရဲဘဲ ေခါင္းကိုပြတ္ေနသည္။ အိမ္ေတာ္ထိန္းေဒါသမထြက္ေအာင္ ေခြၽးသိပ္ၿပီးေနာက္ သူက မ်က္ႏွာခ်ိဳေသြး၍ၿပဳံးကာ လက္ႏွစ္ဖက္ကိုပြတ္ရင္း သက္ျပင္းခ်လိဳက္သည္။
တျဖည္းျဖည္းျဖင့္ ရထားလုံးက ဝါးေတာထဲမွျဖတ္လာကာ ေတာင္လမ္းဘက္သို႔ ဝင္လာသည္။
ေတာင္ေၾကာလမ္းသို႔မဝင္ခင္တြင္ စတုန္းက လိုက္ကာကိုမ၍ ျပတင္းေပါက္အျပင္ဘက္သို႔ ၾကည့္လိုက္သည္။ သူေတြ႕လိုက္ရသည္ေၾကာင့္ အံ့ဩကာ ေအာ္လိုက္သည္။ "ၾကည့္ပါဦး၊ အိမ္ေတာ္ထိန္းႀကီး၊ အဲ့မွာ တရားဝင္လမ္းမႀကီး။"
အိမ္ေတာ္ထိန္းက ျပတင္းေပါက္မွ ခ်က္ခ်င္းကဲၾကည့္လိုက္သည္။ ေမွ်ာ္လင့္ထားသလိုပင္ အေနာက္ဘက္သို႔ ဦးတည္ေနေသာလမ္းက်ယ္တစ္ခုကို သူသတိထားမိသည္။
အေစာင့္ဝမ္က ေျပာသည္။ "ဒီလမ္းက ရွန့္က်ိဳးဆီဦးတည္ေနတာေလ။ ရွန့္က်ိဳးကေန အေနာက္ဘက္နည္းနည္းထပ္သြားလို႔ ၿမိဳ႕ငယ္တစ္ၿမိဳ႕ကိုေက်ာ္ၿပီးရင္ နယ္စပ္ကိုေရာက္ၿပီ။ ဒီတရားဝင္လမ္းမႀကီးက ရွန့္က်ိဳးကေန ၿမိဳ႕ေတာ္ဆီဆက္သြယ္ထားတဲ့တရားဝင္လမ္းမေတြထဲက တစ္လမ္းပဲ။ မိုးသာ မ႐ြာေနရင္ နယ္စပ္ကတစ္ေယာက္ေယာက္နဲ႕ ကြၽန္ေတာ္တို႔ဆုံေလာက္တယ္။"
စတုန္းက စိတ္လႈပ္ရွားစြာျဖင့္ ေအာ္လိုက္သည္။ "ဒီေတာ့ ဒါနယ္စပ္ဆီ သြားတဲ့လမ္းေပါ့။ အစ္ကိုဝမ္၊ ကြၽန္ေတာ္တို႔ ဒီလမ္းကေနသြားရင္ စစ္သူႀကီးယြီဝမ္နဲ႕ ေတြ႕နိုင္လား။"
အေစာင့္ဝမ္ႏွင့္ အျခားအေစာင့္သုံးေယာက္က ရယ္ေမာေနၾကသည္။ အေစာင့္ဝမ္ကေျပာသည္။ "စတုန္းရာ၊ မင္းကစစ္သူႀကီးယြီဝမ္နဲ႕ ေတြ႕ခ်င္ေနေသးတာလား။"
"စတုန္းေရ၊ အိပ္မက္မက္တာ ရပ္လိုက္ေတာ့။ မင္းမွာ စစ္သူႀကီးယြီဝမ္နဲ႕ေတြ႕ဖို႔ ဘာအခြင့္လမ္းမွမရွိဘူး။ "အေစာင့္ဝမ္က က်န္အေစာင့္မ်ားႏွင့္အတူ ရယ္ေမာရင္း စေနာက္လိုက္သည္။ "ကြၽန္ေတာ္က စစ္သူႀကီးယြီဝမ္ရဲ႕လက္ေအာက္က စစ္သားတစ္ေယာက္ျဖစ္နိုင္ရင္ေတာ့လား။ ကြၽန္ေတာ္ ဆိုလိုခ်င္တာက ကြၽန္ေတာ္ သူ႕ကိုတစ္ႀကိမ္ေလာက္ပဲျဖစ္ျဖစ္ေတြ႕ခ်င္တာပါ။" စတုန္းက တမ္းတ၍ေျပာသည္။
"အိုး ဟိုး၊ တစ္စုံတစ္ေယာက္မွာ ရည္မွန္းခ်က္ႀကီးႀကီးရွိေနတဲ့ပုံပဲ။" အေစာင့္ဝမ္ႏွင့္ အျခားအေစာင့္သုံးေယာက္က ထပ္ရယ္ၾကျပန္သည္။
အရွက္ရသကဲ့သို႔ ခံစားရကာ အိမ္ေတာ္ထိန္းက စတုန္း၏ေခါင္းအားထပ္ေခါက္လိုက္သည္။
စတုန္းက တကယ္ကို လူအတစ္ေယာက္ပင္။ ကံေကာင္းသည္မွာ သူ၏ပန္းတိုင္က ယြီဝမ္မိသားစုျဖစ္ေၾကာင္းအား မည္သူ႕ကိုမွမေျပာခဲ့ေပ။
"ေတာ္ေတာ့၊ အဲ့မွာ ၿငိမ္ၿငိမ္ေလးထိုင္ေန၊ အေစာင့္ဝမ္နဲ႕တျခားလူေတြကို ထပ္မႏွောင့္ယွက္နဲ႕ေတာ့။"
စတုန္းတြင္ တစ္ခုခုေျပာစရာက်န္ေသးပုံေပၚေသာ္လည္း သူထုတ္မေျပာနိုင္ခင္မွာပင္ အေစာင့္ဝမ္ႏွင့္အျခားလူမ်ားက စကားလမ္းေၾကာင္းလႊဲလိုက္သည္။ " ကြၽန္ေတာ္တို႔ ေနာက္မိနစ္အနည္းငယ္ဆို ေတာင္ေၾကာလမ္းထဲေရာက္ေတာ့မယ္။ ေဟး၊ အာ႐ုံပိုစိုက္ၾကပါ၊ ညီအစ္ကိုတို႔။ မိုး႐ြာတဲ့ေန႕မ်ိဳးမွာ ခရီးႏွင္ရတာ ခက္တယ္။ ေလာင္လွ်ို၊ မင္းကရထားလုံးကို ထိန္းေက်ာင္းေနရတာဆိုေတာ့ အထူးဂ႐ုစိုက္ရမယ္။"
"ဟုတ္ကဲ့ပါ။" ျမင္းလွည္းေမာင္းသူက ျပန္ေျဖသည္။ ထိုလူက စကားနည္းသူဆိုသည္မွာ ထင္ရွားသည္။
ရထားလုံးက ေတာင္ေၾကာလမ္းအတိုင္းေမာင္းလာသည္။ အေစာင့္ဝမ္ေျပာသလိုပင္ ေတာင္ေၾကာလမ္း၌ ခရီးႏွင္ရန္ခက္ခဲသည္။ လမ္းကခ်ိဳင့္မ်ားသကဲ့သို႔ ႐ႊံ႕လည္းထူသည္။ ေရရွိေနေသာေၾကာင့္ ခ်ိဳင့္မ်ား၏အနက္ကိုလည္းမွန္း၍မရေပ။ သူတို႔၏ဘီးသာခ်ိဳင့္တစ္ခုထဲညပ္ေနပါက ျပႆနာႀကီးႀကီးတက္လိမ့္မည္။ ထို႔အျပင္ ႐ႊံ႕လမ္းမွအခ်ိဳ႕ေနရာမ်ားက အလြန္ေပ်ာ့ေနရာ သူတို႔ရထားလုံး၏ဘီးမ်ားတကယ္ နစ္သြားနိုင္သည္။
ျမင္းလွည္းေမာင္းသူ ေလာင္လွ်ိုကလမ္းကိုသာၾကည့္ေနကာ ရထားလုံးကိုဂ႐ုတစိုက္ေမာင္းႏွင္ေနသည္။ အေစာင့္ႏွစ္ေယာက္က အေရွ႕ႀကိဳသြား၍ စူးစမ္းကာ တြင္း၊ခ်ိဳင့္မ်ားအား ေတြ႕တိုင္းတြင္ အေနာက္မွလူမ်ားကို သတိေပးေနသည္။
"ေရွ႕လမ္းပိုင္းက ေတာင္တက္ႀကီး။ ေလာင္လွ်ို၊ ၿပီးရင္မင္းဆင္းၿပီးလမ္းေလွ်ာက္လိုက္။" အေစာင့္ဝမ္ကေျပာသည္။
ျမင္းလွည္းေမာင္းသူ ေလာင္လွ်ိုက ေခါင္းညွိတ္ျပသည္။
မၾကာမီတြင္ သူတို႔ကုန္းတက္ပိုင္းသို႔ ေရာက္လာၾကသည္။ ကံေကာင္းသည္မွာ ထိုေနရာတြက္ တြင္း၊ ခ်ိဳင့္ႏွင့္ ႐ႊံ႕မ်ားမရွိေပ။ ေလာင္လွ်ိုက ရထားလုံးေပၚမွခုန္ဆင္းကာ ျမင္းကိုလက္ထဲမွၾကာပြတ္ျဖင့္ ႏွင္ၿပီးေျပးလိုက္သည္။
ေတာင္ထိပ္သို႔ရထားလုံးေရာက္ခ်ိန္တြင္ အေရွ႕မွအေစာင့္ဝမ္က တစ္စုံတစ္ခုမွားယြင္းေနသည္ဟု ခံစားလိုက္ရသည္။ သူက ပတ္ပတ္လည္မွ မ်က္စိလွ်မ္းသြားရန္လြယ္ေသာ သံသယျဖစ္ဖြယ္အရိပ္လကၡဏာမ်ားအား မ်ကိစိလ်င္လ်င္ျဖင့္ရွာေဖြေနသည္။ သူခ်က္ခ်င္း လက္ျမႇောက္ကာ ေအာ္လိုက္သည္။ "သတိထား၊ ဒီေနရာမွ တစ္ခုခုမွားယြင္းေနတယ္။"
"ဘာျဖစ္ေနတာလဲ။" စကားလုံးမ်ားထဲမွေလးနက္မႈေၾကာင့္ အိမ္ေတာ္ထိန္း ႏွလုံးခုန္ျမန္လာၿပီး ေမးျမန္းရန္ ခ်က္ခ်င္း ေခါင္းထြက္လာသည္။
"ဦးေလးလီ၊ ရထားလုံးထဲမွာပဲေန၊ မထြက္လာနဲ႕။" အေစာင့္ဝမ္က မ်က္ႏွာထားခပ္တင္းတင္းျဖင့္ေျပာသည္။
"ဟား ဟား မင္းတို႔က နည္းနည္းေတာ့ ပါးနပ္တာပဲ။ မင္းတို႔က ဝွက္ထားတဲ့ အတားအဆီးေထာင္ေခ်ာက္ကိုေတာင္ ရွာနိုင္တယ္။" ၾကမ္းၾကဳတ္ရက္စက္ေသာ ရယ္ေမာသံထြက္လာသည္။ ေတာင္ရွိေတာအုပ္တစ္ဖက္တစ္ခ်က္မွ ဓားကိုင္စြဲထားေသာ ဓားျပဆယ္ခ်ီခန့္ထြက္လာၾကသည္။
ဓားျပမ်ားထြက္ထြက္လာခ်င္းပင္ အေျခအေနေျပာင္းလဲသြားသည္။ အေစာင့္ေလးေယာက္က လက္နက္မ်ားကိုခ်က္ခ်င္းထုတ္လိုက္ၿပီး တိုက္ပြဲအတြက္ အသင့္ျပင္သည္။
"အိုး၊ ထန္းယန္ကေန ဒီေလာက္ေဝးေနတာေတာင္ ဓားျပေတြနဲ႕ထိပ္တိုက္ေတြ႕ရဦးမယ္လို႔ ငါမထင္ထားဘူး။" ရထားလုံးထဲမွ အိမ္ေတာ္ထိန္းမွာ ျဖဴေဖ်ာ့သြားသည္။