ရှားဖုန်း၏အကြောက်တရား
..................................
အလောင်းနှစ်လောင်း သယ်ထုတ်ခံရသောဖြစ်စဉ်ကို လူအရေအတွက် အတော်များများမှ မြင်ခဲ့ကြသည်။ မကြာခင်တွင် ထိုသတင်းက လင်းရှင်းကျုံနှင့် လင်းကျိုးဝမ်တို့၏ နားသို့ရောက်သွားသည်။
"အဲ့လူတွေ မြက်တောထဲ အပစ်ခံလိုက်ရတာလား။" လင်းရှင်းကျုံက အိမ်တော်ထိန်းအား စူးရှသောမျက်လုံးများဖြင့် ကြည့်နေသည်။
အိမ်တော်ထိန်းက သတိဖြင့်ပြန်ဖြေကြားသည်။ "ဟုတ်ပါတယ်။ သူတို့ကို အဝေးပို့လိုက်ပါပြီ။"
လင်းရှင်းကျုံ၏ မျက်နှာကတည်နေသည်။ ခေတ္တမျှကြာပြီးနောက် သူက အိမ်တော်ထိန်းအား ပြောလိုက်သည်။ "အစေခံတွေကို ကိုယ့်ပါးစပ်ကိုယ် ထိန်းခိုင်းလိုက်။ ပြဿနာကို အိမ်အပြင်ဆီ မထွက်စေနဲ့။"
"ဟုတ်ကဲ့ပါ။ ကျွန်တော် သေချာကြီးကြပ်လိုက်ပါ့မယ်။" အိမ်တော်ထိန်းက ပြန်ဖြေသည်။
အဖြူရောင်အဝတ်စဖြင့် အဖုံးခံရသည့် အလောင်းနှစ်လောင်းအကြောင်း ပြန်တွေးမိတိုင်း အိမ်တော်ထိန်း နှလုံးခုန်မြန်လာဆဲပင်။ ယခင်ကဆိုလျှင် သခင်လေးက အခြားလူများအပေါ် ကြင်နာစွာ၊ ရိုးရိုးကုပ်ကုပ်ဆက်ဆံလေ့ရှိသည်။ သခင်လေး ထင်ရာစိုင်းလာသောအခါ ဤမျှရက်စက်မည်ဟု မည်သူထင်ထားမည်နည်း။
"ခဏနေဦး။" အိမ်တော်ထိန်းမထွက်သွားခင် လင်းရှင်းကျုံထပ်ပြောလိုက်သည်။ "ငါတို့ စံအိမ်က အစေခံတွေကို သေချာစောင့်ကြည့်နေ၊ တစ်ခုခုသံသယဝင်စရာ တွေ့တာနဲ့ ငါ့ကိုချက်ချင်းလာပြော။"
လင်းရှင်းကျုံ အယုံရဆုံး ညာလက်ရုံးဖြစ်သည့် အိမ်တော်ထိန်းက အမိန့်အားကြားသည်နှင့် လင်းရှင်းကျုံ၏စိတ်ထဲ၌ ဘာရှိနေသည်ကို သိလိုက်သည်။ အိမ်တော်ထိန်း၏ ရင်ထဲ၌ အကြောက်တရားကြောင့် စူးခနဲနာသွားသည်။ "ဟုတ်ကဲ့ပါ၊ သခင်ကြီး။ အမိန့်နာခံရန်အသင့်ပါပဲ။"
အိမ်တော်ထိန်းထွက်သွားပြီးနောက် လင်းရှင်းကျုံက လင်းကျိုးဝမ်အားကြည့်ကာ ပြောလိုက်သည်။ "အဲ့နှစ်ယောက်က ဒီနေ့ ကျန်အာ ကျားစံအိမ်ဆီသွားတော့ လိုက်သွားတဲ့လူတွေ မဟုတ်လား။"
လင်းကျိုးဝမ်က ခေါင်းညှိတ်ပြသည်။ "ဟုတ်ပါတယ်။ သူတို့ကို အပြစ်ပေးဖို့အတွက် ပြီးရင် ကျွန်တော်ကျန်အာကို သွားသတိပေးမလို့။ ဒါပေမဲ့ ကျန်အာက သူတို့ကိုမြန်မြန်ရှင်းလိုက်မယ်လို့ ကျွန်တော်မထင်ထားမိဘူး။"
လင်းရှင်းကျုံက အချို့သောခံစားချက်များဖြင့် လွှမ်းမိုးခံရပြီး သက်ပြင်းချမိသည်။ သူ့မြေး၏ ဆုံးဖြတ်ချက်ပြတ်သားကာ ကိစ္စများကို မြန်မြန်ဆန်ဆန် ကိုင်တွယ်တတ်ပုံက အကျိုးရှိသည်ဟု သူဝန်ခံရလိမ့်မည်။ အနည်းဆုံးတော့ လင်းကျန်က အခြားလူများထံမှ လွယ်လွယ်အနိုင်ကျင့်ခံရမည်မဟုတ်ပေ။ သို့သော် လွန်လွန်ကျွံကျွံရန်စခံရသည်နှင့် သူ့မြေး၏တည်ငြိမ်မှု ပျက်စီးသွားမည်ကို လင်းရှင်းကျုံ စိုးရိမ်နေသည်။ "ကျန်အာ ငယ်ငယ်တုန်းကအကြောင်းကို မင်းမှတ်မိသေးလား။ သူ အဲ့တုန်းက တအားရှက်တတ်ကြောက်တတ်တာ။ သူတစ်ခါက မီးဖိုချောင်ထဲဝင်သွားတာလေ၊ စားဖိုမှူးက ကြက်သတ်ဖို့လုပ်နေတာကို သူတွေ့ပြီးကြောက်သွားသေးတယ်။"
"အဖေ စိတ်ပူနေတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ကျန်အာအတွက် အဖေစိုးရိမ်စရာမလိုပါဘူး။ သူ အခုအရွယ်ရောက်နေပါပြီ။ သူ ဒီကိစ္စကိုင်တွယ်ခဲ့ပုံကိုကြည့်ရင် သူကအမှီအခိုကင်းပြီး အရေးယူလိုစိတ်ရှိတာကို တွေ့မှာပါ။ သူက လူ့အသက်ကို အလေးမထားတဲ့ နှလုံးသားမဲ့သူမျိုးလို့ ကျွန်တော်မယုံဘူး။ အဲ့အစေခံနှစ်ယောက်က သံသယဝင်စရာကောင်းပါတယ်။ သူတို့က ခွင့်မလွှတ်သင့်တဲ့ တစ်စုံတစ်ခုကို လုပ်ထားတာဖြစ်ရမယ်။ ပြီးတော့ အဲ့ဒါက ကျန်အာကို ကျားယွမ်လင်း ထောင်ချောက်ဆင်တာနဲ့ ဆက်စပ်နေမယ်ဆိုတာ သေချာတယ်။ ဒီအစေခံနှစ်ယောက်က သစ္စာမရှိဘူး။ သူတို့က သူတို့ရဲ့သခင်ကို သစ္စာဖောက်ခဲ့တယ်။ သူတို့ကို ခွင့်လွှတ်ပေးခဲ့ရင် အနာဂတ်မှာ ပြဿနာပိုတက်လိမ့်မယ်။ ဒီ့အပြင် တခြားအစေခံတွေမှာ ကျန်အာအပေါ် မကောင်းတဲ့ရည်ရွယ်ချက်တွေရှိရင်လည်း ဒီအဖြစ်က သူတို့ကိုသတိပေးဖို့ ပြီးပြည့်စုံတဲ့အခွင့်အရေးပဲ။" လင်းကျိုးဝမ်ကပြောသည်။
လင်းရှင်းကျုံနှင့် ယှဉ်လျှင် လင်းကျိုးဝမ်က လင်းကျန်၏အကြောင်းကို ပိုသိသည်။ အထူးသဖြင့် သူက လင်းကျန်၏နိမိတ်မကောင်းသောအိပ်မက်အကြောင်းကို သိထားသည်။ ထို့ကြောင့် သူကလင်းကျန်၏ လုပ်ဆောင်ချက်များကို ပိုနားလည်နိုင်သည်။
"အဖေ စိုးရိမ်နေသေးရင် သူ့ကိုဒီခေါ်ပြီး ဘာကြောင့်မမေးတာလဲ။"
လင်းရှင်းကျုံက ပြဿနာအကြောင်းကို အတော်ကြာမျှစဉ်းစားနေသည်။ နောက်ဆုံးတွင်တော့ သူယခုတစ်ကြိမ်တွင် လစ်လျူရှူထားရန် ဆုံးဖြတ်လိုက်သည်။ "မင်းပြောတာမှန်တယ်။ ကျန်အာက အရွယ်ရောက်လာပြီ။ သူက သူ့ဘာသာဆုံးဖြတ်နိုင်တယ်။ ငါတို့အရင်ကလိုမျိုး အရာအားလုံးမှာ ဝင်မစွက်ဖက်သင့်တော့ဘူး။ ဒါပေမဲ့...ငါထင်တာကတော့ ဒီနှစ်ယောက်က သူတို့ရဲ့သခင်ကို သစ္စာဖောက်ဖို့ တစ်ခုခုလုပ်ခဲ့လားဆိုတာ မင်းလျှို့ဝှက်စုံစမ်းကြည့်ရင် ပိုကောင်းမယ်။"
"ဟုတ်ကဲ့ပါ၊ အဖေ။" လင်းကျိုးဝမ်က ခေါင်းညှိတ်ပြသည်။ "ကျွန်တော် အဲ့အကြောင်းကို နှံ့နှံ့စပ်စပ် စစ်ဆေးလိုက်ပါ့မယ်။"
*****
သူ့အစေခံနှစ်ယောက်ကို သတ်လိုက်သည့်အတွက် အဖိုးနှင့်ဦးလေးတို့က မေးခွန်းထုတ်မည်ဟု လင်းကျန်မျှော်လင့်ထားသည်။ မည်သို့ပင်ဆိုစေ သူ့အား အံ့ဩစေသည်မှာ ထိုအကြီးနှစ်ယောက်က အချိန်အတော်ကြာမျှ ကြာသောအခါတွင်ပင် လာမခေါ်သေးပေ။ သူအကြီးနှစ်ယောက်အား အရူးလုပ်ရာတွင် အောင်မြင်သွားသည်လား။
လင်းမိသားစုခြံဝင်းအတွင်းမှ အစေခံများမှာ အကြောက်တရားကြောင့် ငြိမ်သက်နေကြသည်။ မည်သူကမှ လင်းကျန်နှင့်အကြည့်မဆုံရဲပေ။ ထိုအစား သူတို့အလုပ်လုပ်ရာ၌ သတိမမူမိသဖြင့် လင်းကျန်အားဒေါသထွက်စေမိမည်ကို စိုးရိမ်ရာ တာဝန်များအား ဂရုတစိုက်လုပ်ကြသည်။ အခြားတစ်နည်းဖြင့်ပြောရလျှင် သူတို့က တုန်ရှန်းနှင့်တုန်စုန့်ကဲ့သို့ မဖြစ်ချင်ကြပေ။
လင်းကျန်က သူ့အစေခံများကို မရှင်းပြသကဲ့သို့ သူ့လုပ်ရပ်အတွက်လည်း မခုခံနေပေ။ သူက ရှားဖုန်းကိုသာ ဤခြံဝန်းထဲမှ အစေခံများအား သေချာစောင့်ကြည့်ခိုင်းထားသည်။
"သခင်လေး၊ ကျွန်တော်တို့တွေထဲမှာ သစ္စာဖောက်ရှိနေသေးတယ်လို့ ထင်နေတာလားခင်ဗျ။" ရှားဖုန်းက မေးသည်။
လင်းကျန်က ကိုယ်လက်ဆေးကြောကာ သက်တောင့်သက်သာရှိသောအဝတ်များ လဲထားသည်။ သူက ခေါင်းကိုပင် သန့်သန့်ရှင်းရှင်းလျှော်ထားရာ ဆံပင်များ အခြောက်ခံပြီးသောအခါ သူ့ကျောကုန်းပေါ်၌ လျော့တိလျော့ရဲကျနေသည်။
ရှားဖုန်း၏စကားအားကြားသောအခါ လင်းကျန်က သူ့အဖိုးနှင့်ဦးလေး၏ ရည်ရွယ်ချက်များအကြောင်းကို စဉ်းစားနေသည်။ "ငါတို့ကြားထဲမှာ သစ္စာဖောက်ရှိနေတယ်လို့ ကံသေကံမ မပြောချင်ဘူး။ ပြဿနာက ဒီအစေခံထဲမှာ ဘယ်သူကတကယ်သစ္စာရှိတယ်လို့ သေချာမစစ်ဆေးရသေးဘူး။ အဲ့ဒါကြောင့် သစ္စာမရှိတဲ့လူတွေကို တခြားလူတွေ ကြိုးကိုင်ဖို့ လွယ်သွားလိမ့်မယ်။ ဒီတော့ ငါအချိန်တစ်ခုပေးပြီး ဘယ်သူ့ကိုဆက်ထားသင့်လဲဆိုတာ စစ်ဆေးချင်တယ်။ ရက်အနည်းငယ်အတွင်းမှာ စာရင်းတစ်ခုနဲ့ လာတင်ပြချည်။"
သခင်လေးက အစေခံများအတွင်းမှ သစ္စာမရှိသူများကို ဖယ်ရှားရန် စီစဉ်နေသည်။
ရှားဖုန်းမှာ မြားအား ရှောင်လိုက်မိသကဲ့သို့ ခံစားနေရသည်။ သူသာ သခင်လေး၏အမိန့်ကို မနာခံဘဲ အကြီးများအား အရာအားလုံးသွားတင်ပြပါက ဘာဖြစ်ပျက်သွားလောက်သနည်း။ သူသည်လည်း သခင်လေးရှင်းထုတ်မည့် လူများထဲမှတစ်ယောက် ဖြစ်သွားမည်လား။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ရွားဖုန္း၏အေၾကာက္တရား
..................................
အေလာင္းႏွစ္ေလာင္း သယ္ထုတ္ခံရေသာျဖစ္စဥ္ကို လူအေရအတြက္ အေတာ္မ်ားမ်ားမွ ျမင္ခဲ့ၾကသည္။ မၾကာခင္တြင္ ထိုသတင္းက လင္းရွင္းက်ဳံႏွင့္ လင္းက်ိဳးဝမ္တို႔၏ နားသို႔ေရာက္သြားသည္။
"အဲ့လူေတြ ျမက္ေတာထဲ အပစ္ခံလိုက္ရတာလား။" လင္းရွင္းက်ဳံက အိမ္ေတာ္ထိန္းအား စူးရွေသာမ်က္လုံးမ်ားျဖင့္ ၾကည့္ေနသည္။
အိမ္ေတာ္ထိန္းက သတိျဖင့္ျပန္ေျဖၾကားသည္။ "ဟုတ္ပါတယ္။ သူတို႔ကို အေဝးပို႔လိုက္ပါၿပီ။"
လင္းရွင္းက်ဳံ၏ မ်က္ႏွာကတည္ေနသည္။ ေခတၱမွ်ၾကာၿပီးေနာက္ သူက အိမ္ေတာ္ထိန္းအား ေျပာလိုက္သည္။ "အေစခံေတြကို ကိုယ့္ပါးစပ္ကိုယ္ ထိန္းခိုင္းလိုက္။ ျပႆနာကို အိမ္အျပင္ဆီ မထြက္ေစနဲ႕။"
"ဟုတ္ကဲ့ပါ။ ကြၽန္ေတာ္ ေသခ်ာႀကီးၾကပ္လိုက္ပါ့မယ္။" အိမ္ေတာ္ထိန္းက ျပန္ေျဖသည္။
အျဖဴေရာင္အဝတ္စျဖင့္ အဖုံးခံရသည့္ အေလာင္းႏွစ္ေလာင္းအေၾကာင္း ျပန္ေတြးမိတိုင္း အိမ္ေတာ္ထိန္း ႏွလုံးခုန္ျမန္လာဆဲပင္။ ယခင္ကဆိုလွ်င္ သခင္ေလးက အျခားလူမ်ားအေပၚ ၾကင္နာစြာ၊ ရိုးရိုးကုပ္ကုပ္ဆက္ဆံေလ့ရွိသည္။ သခင္ေလး ထင္ရာစိုင္းလာေသာအခါ ဤမွ်ရက္စက္မည္ဟု မည္သူထင္ထားမည္နည္း။
"ခဏေနဦး။" အိမ္ေတာ္ထိန္းမထြက္သြားခင္ လင္းရွင္းက်ဳံထပ္ေျပာလိုက္သည္။ "ငါတို႔ စံအိမ္က အေစခံေတြကို ေသခ်ာေစာင့္ၾကည့္ေန၊ တစ္ခုခုသံသယဝင္စရာ ေတြ႕တာနဲ႕ ငါ့ကိုခ်က္ခ်င္းလာေျပာ။"
လင္းရွင္းက်ဳံ အယုံရဆုံး ညာလက္႐ုံးျဖစ္သည့္ အိမ္ေတာ္ထိန္းက အမိန့္အားၾကားသည္ႏွင့္ လင္းရွင္းက်ဳံ၏စိတ္ထဲ၌ ဘာရွိေနသည္ကို သိလိုက္သည္။ အိမ္ေတာ္ထိန္း၏ ရင္ထဲ၌ အေၾကာက္တရားေၾကာင့္ စူးခနဲနာသြားသည္။ "ဟုတ္ကဲ့ပါ၊ သခင္ႀကီး။ အမိန့္နာခံရန္အသင့္ပါပဲ။"
အိမ္ေတာ္ထိန္းထြက္သြားၿပီးေနာက္ လင္းရွင္းက်ဳံက လင္းက်ိဳးဝမ္အားၾကည့္ကာ ေျပာလိုက္သည္။ "အဲ့ႏွစ္ေယာက္က ဒီေန႕ က်န္အာ က်ားစံအိမ္ဆီသြားေတာ့ လိုက္သြားတဲ့လူေတြ မဟုတ္လား။"
လင္းက်ိဳးဝမ္က ေခါင္းညွိတ္ျပသည္။ "ဟုတ္ပါတယ္။ သူတို႔ကို အျပစ္ေပးဖို႔အတြက္ ၿပီးရင္ ကြၽန္ေတာ္က်န္အာကို သြားသတိေပးမလို႔။ ဒါေပမဲ့ က်န္အာက သူတို႔ကိုျမန္ျမန္ရွင္းလိုက္မယ္လို႔ ကြၽန္ေတာ္မထင္ထားမိဘူး။"
လင္းရွင္းက်ဳံက အခ်ိဳ႕ေသာခံစားခ်က္မ်ားျဖင့္ လႊမ္းမိုးခံရၿပီး သက္ျပင္းခ်မိသည္။ သူ႕ေျမး၏ ဆုံးျဖတ္ခ်က္ျပတ္သားကာ ကိစၥမ်ားကို ျမန္ျမန္ဆန္ဆန္ ကိုင္တြယ္တတ္ပုံက အက်ိဳးရွိသည္ဟု သူဝန္ခံရလိမ့္မည္။ အနည္းဆုံးေတာ့ လင္းက်န္က အျခားလူမ်ားထံမွ လြယ္လြယ္အနိုင္က်င့္ခံရမည္မဟုတ္ေပ။ သို႔ေသာ္ လြန္လြန္ကြၽံကြၽံရန္စခံရသည္ႏွင့္ သူ႕ေျမး၏တည္ၿငိမ္မႈ ပ်က္စီးသြားမည္ကို လင္းရွင္းက်ဳံ စိုးရိမ္ေနသည္။ "က်န္အာ ငယ္ငယ္တုန္းကအေၾကာင္းကို မင္းမွတ္မိေသးလား။ သူ အဲ့တုန္းက တအားရွက္တတ္ေၾကာက္တတ္တာ။ သူတစ္ခါက မီးဖိုေခ်ာင္ထဲဝင္သြားတာေလ၊ စားဖိုမႉးက ၾကက္သတ္ဖို႔လုပ္ေနတာကို သူေတြ႕ၿပီးေၾကာက္သြားေသးတယ္။"
"အေဖ စိတ္ပူေနတာကို ကြၽန္ေတာ္နားလည္ပါတယ္။ ဒါေပမဲ့ က်န္အာအတြက္ အေဖစိုးရိမ္စရာမလိုပါဘူး။ သူ အခုအ႐ြယ္ေရာက္ေနပါၿပီ။ သူ ဒီကိစၥကိုင္တြယ္ခဲ့ပုံကိုၾကည့္ရင္ သူကအမွီအခိုကင္းၿပီး အေရးယူလိုစိတ္ရွိတာကို ေတြ႕မွာပါ။ သူက လူ႕အသက္ကို အေလးမထားတဲ့ ႏွလုံးသားမဲ့သူမ်ိဳးလို႔ ကြၽန္ေတာ္မယုံဘူး။ အဲ့အေစခံႏွစ္ေယာက္က သံသယဝင္စရာေကာင္းပါတယ္။ သူတို႔က ခြင့္မလႊတ္သင့္တဲ့ တစ္စုံတစ္ခုကို လုပ္ထားတာျဖစ္ရမယ္။ ၿပီးေတာ့ အဲ့ဒါက က်န္အာကို က်ားယြမ္လင္း ေထာင္ေခ်ာက္ဆင္တာနဲ႕ ဆက္စပ္ေနမယ္ဆိုတာ ေသခ်ာတယ္။ ဒီအေစခံႏွစ္ေယာက္က သစၥာမရွိဘူး။ သူတို႔က သူတို႔ရဲ႕သခင္ကို သစၥာေဖာက္ခဲ့တယ္။ သူတို႔ကို ခြင့္လႊတ္ေပးခဲ့ရင္ အနာဂတ္မွာ ျပႆနာပိုတက္လိမ့္မယ္။ ဒီ့အျပင္ တျခားအေစခံေတြမွာ က်န္အာအေပၚ မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြရွိရင္လည္း ဒီအျဖစ္က သူတို႔ကိုသတိေပးဖို႔ ၿပီးျပည့္စုံတဲ့အခြင့္အေရးပဲ။" လင္းက်ိဳးဝမ္ကေျပာသည္။
လင္းရွင္းက်ဳံႏွင့္ ယွဥ္လွ်င္ လင္းက်ိဳးဝမ္က လင္းက်န္၏အေၾကာင္းကို ပိုသိသည္။ အထူးသျဖင့္ သူက လင္းက်န္၏နိမိတ္မေကာင္းေသာအိပ္မက္အေၾကာင္းကို သိထားသည္။ ထို႔ေၾကာင့္ သူကလင္းက်န္၏ လုပ္ေဆာင္ခ်က္မ်ားကို ပိုနားလည္နိုင္သည္။
"အေဖ စိုးရိမ္ေနေသးရင္ သူ႕ကိုဒီေခၚၿပီး ဘာေၾကာင့္မေမးတာလဲ။"
လင္းရွင္းက်ဳံက ျပႆနာအေၾကာင္းကို အေတာ္ၾကာမွ်စဥ္းစားေနသည္။ ေနာက္ဆုံးတြင္ေတာ့ သူယခုတစ္ႀကိမ္တြင္ လစ္လ်ဴရႉထားရန္ ဆုံးျဖတ္လိုက္သည္။ "မင္းေျပာတာမွန္တယ္။ က်န္အာက အ႐ြယ္ေရာက္လာၿပီ။ သူက သူ႕ဘာသာဆုံးျဖတ္နိုင္တယ္။ ငါတို႔အရင္ကလိုမ်ိဳး အရာအားလုံးမွာ ဝင္မစြက္ဖက္သင့္ေတာ့ဘူး။ ဒါေပမဲ့...ငါထင္တာကေတာ့ ဒီႏွစ္ေယာက္က သူတို႔ရဲ႕သခင္ကို သစၥာေဖာက္ဖို႔ တစ္ခုခုလုပ္ခဲ့လားဆိုတာ မင္းလွ်ို႔ဝွက္စုံစမ္းၾကည့္ရင္ ပိုေကာင္းမယ္။"
"ဟုတ္ကဲ့ပါ၊ အေဖ။" လင္းက်ိဳးဝမ္က ေခါင္းညွိတ္ျပသည္။ "ကြၽန္ေတာ္ အဲ့အေၾကာင္းကို ႏွံ႕ႏွံ႕စပ္စပ္ စစ္ေဆးလိုက္ပါ့မယ္။"
*****
သူ႕အေစခံႏွစ္ေယာက္ကို သတ္လိုက္သည့္အတြက္ အဖိုးႏွင့္ဦးေလးတို႔က ေမးခြန္းထုတ္မည္ဟု လင္းက်န္ေမွ်ာ္လင့္ထားသည္။ မည္သို႔ပင္ဆိုေစ သူ႕အား အံ့ဩေစသည္မွာ ထိုအႀကီးႏွစ္ေယာက္က အခ်ိန္အေတာ္ၾကာမွ် ၾကာေသာအခါတြင္ပင္ လာမေခၚေသးေပ။ သူအႀကီးႏွစ္ေယာက္အား အ႐ူးလုပ္ရာတြင္ ေအာင္ျမင္သြားသည္လား။
လင္းမိသားစုၿခံဝင္းအတြင္းမွ အေစခံမ်ားမွာ အေၾကာက္တရားေၾကာင့္ ၿငိမ္သက္ေနၾကသည္။ မည္သူကမွ လင္းက်န္ႏွင့္အၾကည့္မဆုံရဲေပ။ ထိုအစား သူတို႔အလုပ္လုပ္ရာ၌ သတိမမူမိသျဖင့္ လင္းက်န္အားေဒါသထြက္ေစမိမည္ကို စိုးရိမ္ရာ တာဝန္မ်ားအား ဂ႐ုတစိုက္လုပ္ၾကသည္။ အျခားတစ္နည္းျဖင့္ေျပာရလွ်င္ သူတို႔က တုန္ရွန္းႏွင့္တုန္စုန့္ကဲ့သို႔ မျဖစ္ခ်င္ၾကေပ။
လင္းက်န္က သူ႕အေစခံမ်ားကို မရွင္းျပသကဲ့သို႔ သူ႕လုပ္ရပ္အတြက္လည္း မခုခံေနေပ။ သူက ရွားဖုန္းကိုသာ ဤၿခံဝန္းထဲမွ အေစခံမ်ားအား ေသခ်ာေစာင့္ၾကည့္ခိုင္းထားသည္။
"သခင္ေလး၊ ကြၽန္ေတာ္တို႔ေတြထဲမွာ သစၥာေဖာက္ရွိေနေသးတယ္လို႔ ထင္ေနတာလားခင္ဗ်။" ရွားဖုန္းက ေမးသည္။
လင္းက်န္က ကိုယ္လက္ေဆးေၾကာကာ သက္ေတာင့္သက္သာရွိေသာအဝတ္မ်ား လဲထားသည္။ သူက ေခါင္းကိုပင္ သန့္သန့္ရွင္းရွင္းေလွ်ာ္ထားရာ ဆံပင္မ်ား အေျခာက္ခံၿပီးေသာအခါ သူ႕ေက်ာကုန္းေပၚ၌ ေလ်ာ့တိေလ်ာ့ရဲက်ေနသည္။
ရွားဖုန္း၏စကားအားၾကားေသာအခါ လင္းက်န္က သူ႕အဖိုးႏွင့္ဦးေလး၏ ရည္႐ြယ္ခ်က္မ်ားအေၾကာင္းကို စဥ္းစားေနသည္။ "ငါတို႔ၾကားထဲမွာ သစၥာေဖာက္ရွိေနတယ္လို႔ ကံေသကံမ မေျပာခ်င္ဘူး။ ျပႆနာက ဒီအေစခံထဲမွာ ဘယ္သူကတကယ္သစၥာရွိတယ္လို႔ ေသခ်ာမစစ္ေဆးရေသးဘူး။ အဲ့ဒါေၾကာင့္ သစၥာမရွိတဲ့လူေတြကို တျခားလူေတြ ႀကိဳးကိုင္ဖို႔ လြယ္သြားလိမ့္မယ္။ ဒီေတာ့ ငါအခ်ိန္တစ္ခုေပးၿပီး ဘယ္သူ႕ကိုဆက္ထားသင့္လဲဆိုတာ စစ္ေဆးခ်င္တယ္။ ရက္အနည္းငယ္အတြင္းမွာ စာရင္းတစ္ခုနဲ႕ လာတင္ျပခ်ည္။"
သခင္ေလးက အေစခံမ်ားအတြင္းမွ သစၥာမရွိသူမ်ားကို ဖယ္ရွားရန္ စီစဥ္ေနသည္။
ရွားဖုန္းမွာ ျမားအား ေရွာင္လိုက္မိသကဲ့သို႔ ခံစားေနရသည္။ သူသာ သခင္ေလး၏အမိန့္ကို မနာခံဘဲ အႀကီးမ်ားအား အရာအားလုံးသြားတင္ျပပါက ဘာျဖစ္ပ်က္သြားေလာက္သနည္း။ သူသည္လည္း သခင္ေလးရွင္းထုတ္မည့္ လူမ်ားထဲမွတစ္ေယာက္ ျဖစ္သြားမည္လား။