ပထမဆုံး လူကုံထန်အသိုင်းအဝိုင်း clubကနေ ပြန်လာတဲ့ ကုန်းကျွင်းတစ်ယောက် သူ့ဘဝကို လုံးဝပြောင်းလဲပစ်နိုင်မည့် အချိုးအကွေ့တစ်ခုကို စတွေ့တဲ့အချိန်သည် ညကြီး အချိန်မတော် မနက်၂နာရီခွဲခန့် ဖြစ်သည်။ အနည်းငယ်လည်း မူးနေတာပေါ့။ Clubကနေ ယိုင်တိုင်တိုင်နဲ့ ထွက်လာတော့ အမြင်တွေ နှစ်ထပ်ကွမ်း ဝေဝါးနေသည့်အပြင် ရင်ထဲကနေရော ဗိုက်ထဲကနေပါ ပျို့တက်လာ၍ Clubဘေးက အမှိုက်ပုံ ချောင်ထဲ ပြေးထိုး၍ အန်မိသည်။
"ဝေါ့....." ဘုရားရေ၊ အန်တာ မရပ်တော့ဘူးလား။ ကုန်းကျွင်း သူ့ဟာသူပါ လန့်လာပြီ။
ကုန်းကျွင်းဆိုသူသည် နှစ်ဆယ့်နှစ်နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်လေရဲ့။ လူချောတစ်ယောက်ဖြစ်ပြီး ကျောငိးမှာကတော့ King။ နေတာကတော့ လူချမ်းသာရပ်ကွက် Silicon Valleyမှာ။ အဖေက စာသောက်ကုန်လုပ်ငန်းကြီးတစ်ခုပိုင်ရှင်ဖြစ်ပြီး အမေကတော့ ဖက်ရှင်ဒီဇိုင်းBrandတစ်ခုရဲ့ CEOပေါ့။ သု့ဘဝမှာ ပြည့်စုံနေပေမယ့် အဖေအမေရဲ့ နွေးထွေးတဲ့ အချစ်နဲ့ အချိန်ကိုတော့ မရခဲ့။
ခုလည်း တက္ကသိုလ်က ဆုပေးပွဲပြီးတော့ ဘယ်သူ့မှ လာမတက်/လာမကြိုလို့ ဆုဖလားကြီး ကားနောက်ခန်းထဲ ပစ်ထည့်၊ Clubကို မောင်းချလာ၊ အသေသောက်စား မူးနေပြီး အန်နေတာ။
သူပါးစပ်ကို ပျော့ပျော့အိအိ ရှပ်အင်္ကျီအသားနှင့် သုတ်လိုက်ပြီး ယခုရောက်ရှိနေသော အမှိုက်ပုံ ချောင်ထဲမှနေ ဒယိမ်းဒယိုင် ကားစီသို့လှမ်းလိုက်သည်။ သူ ဒီလောက်မူးနေတာ ဘယ်လိုပုံစံနဲ့ အိမ်ပြန်မလဲ။ Hmmm... သေသေကွာ ဆိုပြီး ပြန်သွားရင် ကောင်းမလား။
"ငါ့လူး... @$&#%]*# ^"
မူးနေရတဲ့ ကြားထဲ သူတစ်ခုခုကို ခလုပ်တိုက်မိပြီး မြေကြီးနဲ့ မျက်နှာ အပ်မိသွားသည်။ စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်လိုက်တော့ ထိုးထွက်နေသော ခြေထောက်နှစ်ချောင်း။
"ခင်ဗျား...!"
မဟုတ်သေးပါဘူး။ ကြည့်လိုက်တော့ ပါးလျလျ ဖြူလျော့လျော့နှင့် အမှိုက်ပုံနံရံကို မျက်လုံးလေးတွေက မှိတ်လျှက် အရုပ်ကြိုးပြတ် မှီထိုင်နေသော လူတစ်ယောက်။ သူ့ထက်ဆိုးတဲ့ ငမူးတစ်ယောက်ကို တွေ့ပြီ။
လရောင်အောက်မှာပင် ဒီလူသားလေးက လှလိုက်တာ။ ဖြူဥနေသော အသားအရည်နှင့် နီရဲရဲနှုတ်ခမ်းပါးလေး။ ကလေးလိုလို ကတုံးပေါက်စ ဆံပင်တိုစိစိလေးနဲ့။ ဒီလူသား ဖြူစင်တဲ့ ပုံလေး။
ကုန်းကျွင်း ငေးကြည့်နေပြီးနောက် ထိုလူ့အနား ကပ်သွားလိုက်သည်။ ဘေးနားကို စောင့်ကြောင့်ထိုင်ကာ ပါးကို အသာပုတ်လိုက်တော့လည်း မျက်လုံးပွင့်မလာ။ နေပါဦး။ တစ်မျိုးတော့ ထူးဆန်းနေသလိုပဲ။
"ဟေ့လူ၊ ထ, ထ။"
".........."
ခေါင်းငိုက်စိုက်နှင့် ဘာမှပြန်မပြောတာမို့ ကုန်းကျွင်းစိတ်အိုက်သွားသည်။ အနည်းငယ် စိုက်ကြည့်မိလိုက်သည့် အချိန်မှာတော့ အရမ်းကို လှနေလွန်း၍ အမှိုက်ပုံနှင့် မတန်ဟု ယူဆ ဆုံးဖြတ်လိုက်ကာ လက်လျှိုပြီး ဆွဲ,မလိုက်သည်။
ထိုသူသည် အကြောအခြင်တွေ တောင့်တင်းနေသည့်အလား အရိုးဆက်တွေ တစ်ကျွတ်ကျွတ်ဖြစ်နေသလို ခံစားလိုက်ရလေ၏။
ထင်မထားမိအောင် လေးနေသောကြောင့် ကုန်းကျွင်းလည်း ကျောပိုးဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ကျောပေါ်တင်ကာ တဖြည်းဖြည်း ထရပ်လိုက်သည်။
လေးတယ်ဟ။ ဒီလူ့ ဗိုက်ထဲမှာ သံချောင်းတွေ ရှိနေတာလား။
"ခင်ဗျားဂလေ... ရုပ်ခေး... ခေး... လှသလောက် လေးလိုက်ဒါ။ ဆိုး... ဆိုး ဟယ်ဗီးဘဲ။ ဒါ- ဒါပေမယ့် ဒီမှာ မူးနေရင် စိတ်မဂျရဘူး တိလား။ ကျွန်ဒေါ်... ဒေါ်... နဲ့... နဲ့.. တွေ့.. တွေ့တာ... ကန်ကောင်းဒယ် တိလား!"
တအိအိနဲ့ သွားနေရင်း သူ့ပြိုင်ကားအနီလေးနား အရောက်တော့ နှစ်ယောက်သား လဲကျသွားလေ၏။ အားပါး အီဆိမ့်သွားတာပဲ။ လေးလိုက်တာ။ သု့အပေါ်ပိနေသော လူကိုလည်း စိတ်ဆိုးဆိုးနဲ့ လှိမ့်ချလိုက်သည်။ နှစ်ယောက်သား အလှုပ်အရှားတွင် အောက်က ကျောက်ခဲတစ်ခုခုနှင့် ထိမိပြီး ထိုသူ ထူးထူးဆန်းဆန်းအသံ ထွက်လာသည်။
ရုတ်တရုက် မျက်လုံးပွင့်လာပြီး ကုန်းရုံးထလာတော့ မူးနေသော ကုန်းကျွင်းပင် လန့်သွားသည်။ ထိုသုကတော့ စကားပင် မပြောပဲ ကုန်းကျွင်းကို တိတ်တဆိတ် အကဲခတ် ကြည့်နေလေ၏။
"ခင်ဗျား.. ချွန်ဒေါ့်- ဒေါ့်ကို... ပြန်.... ပြန်..... ချီ.... ဟို... ဟိုကား...."
မျက်လုံးမပွင့်တပွင့်နှင့် သူ့ကားနီနီလေးကို လက်ညိုးထိုး ညွှန်ပြလိုက်သည်။ ထိုသူက နားလည်သလို ခေါင်းငြိမ့်သည်။
"လိပ်စာရော?" သူ့အသံလေးက ချိုလွင် တိုးလျှသော်လည်း နားထဲမှာ တောင့်တောင့်တင်းတင်း ထူးဆန်းနေသည်။
"xxxxxလမ်း (အိမ်နံပတ်) xxxx"
ပြောရင်းဆိုရင်း ကုန်းကျွင်း ခေါင်းငိုက်စိုက်ကျကာ မြေကြီးပေါ်တွင် အိပ်ပျော်သွားလေ၏။ သူ သူစိမ်းယောကျ်ားတစ်ယောက်ကို ယုံမိလိုက်တာလား?
***
ထူးထူးဆန်းဆန်းတွေ ရေးချင်လာလို့ ရေးလိုက်ပါပြီ။ Updateကတော့ ကြာနိုင်ပါတယ်။ ဒါပေမယ့် တိုတိုလေးရယ် - ၃-၅shotလောက်ပဲ ရှိမလား မသိဘူး။ အခြေအနေကြည့်ကြတာပေါ့။
ဖတ်ကြမယ် မဟုတ်လားဟင်? 🥺
Zaw Gyi
ပထမဆုံး လူကုံထန္အသိုင္းအဝိုင္း clubကေန ျပန္လာတဲ့ ကုန္းကၽြင္းတစ္ေယာက္ သူ႔ဘဝကို လုံးဝေျပာင္းလဲပစ္နိုင္မည့္ အခ်ိဳးအေကြ႕တစ္ခုကို စေတြ႕တဲ့အခ်ိန္သည္ ညႀကီး အခ်ိန္မေတာ္ မနက္၂နာရီခြဲခန႔္ ျဖစ္သည္။ အနည္းငယ္လည္း မူးေနတာေပါ့။ Clubကေန ယိုင္တိုင္တိုင္နဲ႔ ထြက္လာေတာ့ အျမင္ေတြ ႏွစ္ထပ္ကြမ္း ေဝဝါးေနသည့္အျပင္ ရင္ထဲကေနေရာ ဗိုက္ထဲကေနပါ ပ်ိဳ႕တက္လာ၍ Clubေဘးက အမွိုက္ပုံ ေခ်ာင္ထဲ ေျပးထိုး၍ အန္မိသည္။
"ေဝါ့....." ဘုရားေရ၊ အန္တာ မရပ္ေတာ့ဘူးလား။ ကုန္းကၽြင္း သူ႔ဟာသူပါ လန႔္လာၿပီ။
ကုန္းကၽြင္းဆိုသူသည္ ႏွစ္ဆယ့္ႏွစ္ႏွစ္အရြယ္ တကၠသိုလ္ေက်ာင္းသားတစ္ဦးျဖစ္ေလရဲ့။ လူေခ်ာတစ္ေယာက္ျဖစ္ၿပီး ေက်ာငိးမွာကေတာ့ King။ ေနတာကေတာ့ လူခ်မ္းသာရပ္ကြက္ Silicon Valleyမွာ။ အေဖက စာေသာက္ကုန္လုပ္ငန္းႀကီးတစ္ခုပိုင္ရွင္ျဖစ္ၿပီး အေမကေတာ့ ဖက္ရွင္ဒီဇိုင္းBrandတစ္ခုရဲ့ CEOေပါ့။ သု႔ဘဝမွာ ျပည့္စုံေနေပမယ့္ အေဖအေမရဲ့ ေႏြးေထြးတဲ့ အခ်စ္နဲ႔ အခ်ိန္ကိုေတာ့ မရခဲ့။
ခုလည္း တကၠသိုလ္က ဆုေပးပြဲၿပီးေတာ့ ဘယ္သူ႔မွ လာမတက္/လာမႀကိဳလို႔ ဆုဖလားႀကီး ကားေနာက္ခန္းထဲ ပစ္ထည့္၊ Clubကို ေမာင္းခ်လာ၊ အေသေသာက္စား မူးေနၿပီး အန္ေနတာ။
သူပါးစပ္ကို ေပ်ာ့ေပ်ာ့အိအိ ရွပ္အကၤ်ီအသားႏွင့္ သုတ္လိုက္ၿပီး ယခုေရာက္ရွိေနေသာ အမွိုက္ပုံ ေခ်ာင္ထဲမွေန ဒယိမ္းဒယိုင္ ကားစီသို႔လွမ္းလိုက္သည္။ သူ ဒီေလာက္မူးေနတာ ဘယ္လိုပုံစံနဲ႔ အိမ္ျပန္မလဲ။ Hmmm... ေသေသကြာ ဆိုၿပီး ျပန္သြားရင္ ေကာင္းမလား။
"ငါ့လူး... @$&#%]*# ^"
မူးေနရတဲ့ ၾကားထဲ သူတစ္ခုခုကို ခလုပ္တိုက္မိၿပီး ေျမႀကီးနဲ႔ မ်က္ႏွာ အပ္မိသြားသည္။ စိတ္ဆိုးမာန္ဆိုးႏွင့္ ၾကည့္လိုက္ေတာ့ ထိုးထြက္ေနေသာ ေျခေထာက္ႏွစ္ေခ်ာင္း။
"ခင္ဗ်ား...!"
မဟုတ္ေသးပါဘူး။ ၾကည့္လိုက္ေတာ့ ပါးလ်လ် ျဖဴေလ်ာ့ေလ်ာ့ႏွင့္ အမွိုက္ပုံနံရံကို မ်က္လုံးေလးေတြက မွိတ္လၽွက္ အ႐ုပ္ႀကိဳးျပတ္ မွီထိုင္ေနေသာ လူတစ္ေယာက္။ သူ႔ထက္ဆိုးတဲ့ ငမူးတစ္ေယာက္ကို ေတြ႕ၿပီ။
လေရာင္ေအာက္မွာပင္ ဒီလူသားေလးက လွလိုက္တာ။ ျဖဴဥေနေသာ အသားအရည္ႏွင့္ နီရဲရဲႏႈတ္ခမ္းပါးေလး။ ကေလးလိုလို ကတုံးေပါက္စ ဆံပင္တိုစိစိေလးနဲ႔။ ဒီလူသား ျဖဴစင္တဲ့ ပုံေလး။
ကုန္းကၽြင္း ေငးၾကည့္ေနၿပီးေနာက္ ထိုလူ႔အနား ကပ္သြားလိုက္သည္။ ေဘးနားကို ေစာင့္ေၾကာင့္ထိုင္ကာ ပါးကို အသာပုတ္လိုက္ေတာ့လည္း မ်က္လုံးပြင့္မလာ။ ေနပါဦး။ တစ္မ်ိဳးေတာ့ ထူးဆန္းေနသလိုပဲ။
"ေဟ့လူ၊ ထ, ထ။"
".........."
ေခါင္းငိုက္စိုက္ႏွင့္ ဘာမွျပန္မေျပာတာမို႔ ကုန္းကၽြင္းစိတ္အိုက္သြားသည္။ အနည္းငယ္ စိုက္ၾကည့္မိလိုက္သည့္ အခ်ိန္မွာေတာ့ အရမ္းကို လွေနလြန္း၍ အမွိုက္ပုံႏွင့္ မတန္ဟု ယူဆ ဆုံးျဖတ္လိုက္ကာ လက္လၽွိုၿပီး ဆြဲ,မလိုက္သည္။
ထိုသူသည္ အေၾကာအျခင္ေတြ ေတာင့္တင္းေနသည့္အလား အရိုးဆက္ေတြ တစ္ကၽြတ္ကၽြတ္ျဖစ္ေနသလို ခံစားလိုက္ရေလ၏။
ထင္မထားမိေအာင္ ေလးေနေသာေၾကာင့္ ကုန္းကၽြင္းလည္း ေက်ာပိုးဖို႔ ဆုံးျဖတ္လိုက္ၿပီး သူ႔ေက်ာေပၚတင္ကာ တျဖည္းျဖည္း ထရပ္လိုက္သည္။
ေလးတယ္ဟ။ ဒီလူ႔ ဗိုက္ထဲမွာ သံေခ်ာင္းေတြ ရွိေနတာလား။
"ခင္ဗ်ားဂေလ... ႐ုပ္ေခး... ေခး... လွသေလာက္ ေလးလိုက္ဒါ။ ဆိုး... ဆိုး ဟယ္ဗီးဘဲ။ ဒါ- ဒါေပမယ့္ ဒီမွာ မူးေနရင္ စိတ္မဂ်ရဘူး တိလား။ ကၽြန္ေဒၚ... ေဒၚ... နဲ႔... နဲ႔.. ေတြ႕.. ေတြ႕တာ... ကန္ေကာင္းဒယ္ တိလား!"
တအိအိနဲ႔ သြားေနရင္း သူ႔ၿပိဳင္ကားအနီေလးနား အေရာက္ေတာ့ ႏွစ္ေယာက္သား လဲက်သြားေလ၏။ အားပါး အီဆိမ့္သြားတာပဲ။ ေလးလိုက္တာ။ သု႔အေပၚပိေနေသာ လူကိုလည္း စိတ္ဆိုးဆိုးနဲ႔ လွိမ့္ခ်လိုက္သည္။ ႏွစ္ေယာက္သား အလႈပ္အရွားတြင္ ေအာက္က ေက်ာက္ခဲတစ္ခုခုႏွင့္ ထိမိၿပီး ထိုသူ ထူးထူးဆန္းဆန္းအသံ ထြက္လာသည္။
႐ုတ္တ႐ုက္ မ်က္လုံးပြင့္လာၿပီး ကုန္း႐ုံးထလာေတာ့ မူးေနေသာ ကုန္းကၽြင္းပင္ လန႔္သြားသည္။ ထိုသုကေတာ့ စကားပင္ မေျပာပဲ ကုန္းကၽြင္းကို တိတ္တဆိတ္ အကဲခတ္ ၾကည့္ေနေလ၏။
"ခင္ဗ်ား.. ခၽြန္ေဒါ့္- ေဒါ့္ကို... ျပန္.... ျပန္..... ခ်ီ.... ဟို... ဟိုကား...."
မ်က္လုံးမပြင့္တပြင့္ႏွင့္ သူ႔ကားနီနီေလးကို လက္ညိဳးထိုး ညႊန္ျပလိုက္သည္။ ထိုသူက နားလည္သလို ေခါင္းၿငိမ့္သည္။
"လိပ္စာေရာ?" သူ႔အသံေလးက ခ်ိဳလြင္ တိုးလၽွေသာ္လည္း နားထဲမွာ ေတာင့္ေတာင့္တင္းတင္း ထူးဆန္းေနသည္။
"xxxxxလမ္း (အိမ္နံပတ္) xxxx"
ေျပာရင္းဆိုရင္း ကုန္းကၽြင္း ေခါင္းငိုက္စိုက္က်ကာ ေျမႀကီးေပၚတြင္ အိပ္ေပ်ာ္သြားေလ၏။ သူ သူစိမ္းေယာက်္ားတစ္ေယာက္ကို ယုံမိလိုက္တာလား?
***
ထူးထူးဆန္းဆန္းေတြ ေရးခ်င္လာလို႔ ေရးလိုက္ပါၿပီ။ Updateကေတာ့ ၾကာနိုင္ပါတယ္။ ဒါေပမယ့္ တိုတိုေလးရယ္ - ၃-၅shotေလာက္ပဲ ရွိမလား မသိဘူး။ အေျခအေနၾကည့္ၾကတာေပါ့။
ဖတ္ၾကမယ္ မဟုတ္လားဟင္? 🥺