Please scroll down for Zawgyi
အပိုင်း ၆၉။ ကောင်းကင်ပြိုပျက်သားရဲ
စိတ်အားလျော့ဖွယ်လွင်ပြင်ကျယ်ဟာ အနားယူညမြို့တော်ရဲ့ မြောက်ဖက်မှာ တည်ရှိတယ်။
လွင်ပြင်ရဲ့ ဘယ်ဖက်မှာ စိုစွတ်ကုန်းမြေ ရှိပြီး ညာဖက်မှာက နာမည်ကြီး မိစ္ဆာသားရဲတော ရှိတယ်။ အဆင့်မြင့် မိစ္ဆာသားရဲတွေ ရှားလာမှုတို့ကြောင့် အလယ်အလတ်အဆင့်နဲ့ အနိမ့်စားအဆင့် မိစ္ဆာသားရဲတွေသာ ရှိကြပြီး အချို့သော တရားခံပြေး ရာဇဝတ်ကောင်တွေနဲ့ တသီးပုဂ္ဂလကျင့်ကြံသူတွေက မိစ္ဆာသားရဲတောထဲမှာ နေထိုင်ကြတယ်။
ဒါပေမဲ့ အဆင့်မြင့် မိစ္ဆာသားရဲတွေ ဖြစ်ကြတဲ့ အစိမ်းရောင် စပါးအုံးနွယ်လို ကြမ်းကြုတ်ရက်စက်တဲ့ မိစ္ဆာသားရဲအချို့က စိုစွတ်ကုန်းမြေမှာ နေထိုင်ကြတယ်။
အဆိပ်ငွေ့တွေ ပြည့်နေတဲ့ စိုစွတ်ကုန်းမြေဟာ ကြောက်မက်ဖွယ် မိစ္ဆာသားရဲတွေရဲ့ ကျက်စားရာနေရာဖြစ်တာကြောင့် အဲ့နေရာကို ချိုးဖောက်ဝင်ရောက်သွားတဲ့လူတွေမှာ အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်းလေးပဲ ရှိပါတယ်။ ဒါ့ကြောင့် လူတွေဟာ စိုစွတ်ကုန်းမြေကို သွားခဲကြတယ်၊ တော်ရုံနဲ့ မသွားကြ။
ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့် ကျင့်ကြံသူတွေဟာ အဆင့်မြင့် မိစ္ဆာသားရဲတွေကို တိုက်ခိုက်နိုင်စွမ်း မရှိတာကြောင့် အစိမ်းရောင် ငရဲသား အသင်းက တက်ရောက်လာသူတွေကို ပေးတဲ့ အလုပ်တာဝန်အများစုဟာ မိစ္ဆာသားရဲတောအုပ်ကိုပဲ အဓိက ရည်ရွယ်ပါတယ်။ ကျင့်ကြံသူတွေဟာ သူတို့ရဲ့ ကျင့်ကြံဆင့်နဲ့ကိုက်ညီတဲ့ အလုပ်တာဝန်ကိုပဲ တာဝန်ပေးအပ်ခံရမှာဖြစ်တယ်။
လုပ်ရမယ့်တာဝန်အကြောင်းအရာကတော့ တရားခံပြေး ရာဇဝတ်ကောင်တစ်ယောက်ကို ဖမ်းရမှာ ဒါမှမဟုတ်ရင် မိစ္ဆာသားရဲတစ်ကောင်ကို ဖမ်းရမှာဖြစ်တယ်။
တရားခံပြေး ရာဇဝတ်ကောင်တွေ အများကြီးမရှိတဲ့အတွက် ပေးအပ်တာဝန်အများစုဟာ မိစ္ဆာသားရဲကိုပဲ ပစ်မှတ်ထားတာဖြစ်တယ်။
ဒီနေ့က အသင်းရဲ့ အကဲဖြတ်မှုနောက်ဆုံးရက် ဖြစ်တယ်။ တက်ရောက်သူအားလုံးဟာ အသင်းကိုပြန်သွားပြီး လုပ်ခဲ့တဲ့အလုပ်တာဝန်ကို တင်ပြရမှာဖြစ်တယ်၊ အဲ့လိုမတင်နိုင်ရင် အဲ့တက်ရောက်သူဟာ စာမေးပွဲကျမှာ ဖြစ်တယ်။
ဒါပေမယ့် သေခြင်းတရားအနံအသက်တွေနဲ့ ထုံလွှမ်းနေတဲ့ စိုစွတ်ကုန်းမြေဟာ တည်ငြိမ်အေးချမ်းမှု ကျိုးပျက်သွားပြီဖြစ်တယ်။
ကောင်းကင် ဆုတ်ပြဲပွင့်ထွက်လာတာနဲ့အမျှ လေပွေရိုင်းတစ်ခုဟာ အက်ကွဲကြောင်းထဲကနေ ထွက်လာတယ်။ ပြင်းထန်တဲ့လေမုန်တိုင်းဟာ လတ်တလော ပြေးနေတဲ့ ပုံရိပ်သေးသေးလေးတစ်ခုဆီ ပြေးဝင်သွားတယ်။ လေမုန်တိုင်းရဲ့ အဖျက်စွမ်းအားဟာ အရမ်းအားကောင်းပြီး လေထုထဲမှာ လှိုင်းဂယက်ကိုတောင် ထသွားစေတယ်။
တဆက်တည်းမှာပဲ ကြောက်မက်ဖွယ် တလိပ်လိပ်တက်လာတဲ့ လေမုန်တိုင်းဟာ သေးငယ်တဲ့ပုံရိပ်နောက်မှာ ပေါ်လာပြီး စပြီး တိုက်ခိုက်ဖို့ လုပ်လိုက်တယ်။ ရုတ်တရက် စူးစူးရဲရဲ မြည်ဟိန်းသံနဲ့အတူ ကျောက်ရေပူလို ပူပြင်းတောက်လောက်နေတဲ့ လေပွေလှိုင်းလုံးကြီးတစ်ခုက ပြင်းထန်တဲ့အရှိန်နဲ့ ထွက်လာပြီး လေမုန်တိုင်းနဲ့ ရိုက်ခတ်သွားတယ်။ အင်အားစုနှစ်ခုက အချင်းချင်း တိုက်မိသွားပြီး အရပ်မျက်နှာအနှံ့ မီးတောက်တွေ လွင့်စင်သွားတယ်။ ပထမတော့ အင်အားစုနှစ်ခုက လက်ရည်တူနေပေမဲ့ တဖက်လူက ဘေးဖက်ကနေ ခိုးဝင်လိုက်တာကြောင့် တလိပ်လိပ်တက်လာတဲ့ လေမုန်တိုင်းဟာ နောက်ဆုံးတော့ ရှုံးနိမ့်သွားပြီး အဆုံးမတော့ အချိန်တိုအတွင်း ပျောက်ကွယ်သွားတယ်။
ကမ္ဘာကြီး သုံးစက္ကန့်လောက် တိတ်ဆိတ်သွားတယ်။
အဲ့နောက် ကောင်းကင်ယံအက်ကွဲကြောင်းကနေ ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ရဲ့ ဟောက်သံ ထွက်ပေါ်လာတယ်။ ကြောက်မက်ဖွယ်ရာအသံကြီးက သားရဲရဲ့ ဒေါသ ဘယ်လောက်တောင် ထွက်နေသလဲဆိုတာ ညွှန်ပြနေတယ်။
နောက်တစ်စက္ကန့်မှာတော့ သားရဲရဲ့ ကြီးမားတဲ့ပုံသဏ္ဍာန်ကြီးက ကောင်းကင်ထက် ပေါ်လာတယ်။ သူ့ရဲ့ ဦးခေါင်းထိပ်မှာ ချွန်ထက်တဲ့ ဦးချိုတစ်ချောင်းရှိပြီး ကျားသစ်လို ဖြတ်လတ်သန်မာတဲ့ ခြေထောက်လေးချောင်းရှိပြီး အားပြင်းတဲ့ ပေါက်ကွဲစွမ်းအား ပိုင်ဆိုင်ထားတယ်။ လေထဲလွင့်နေတဲ့ သူ့ရဲ့ ရွှေရောင်အမွှေးတွေက အနည်းငယ် ရှုပ်ပွနေပုံပေါ်တယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ အဲ့သားရဲကို အနီးကပ် သွားကြည့်ကြည့်မယ်ဆိုရင် သူ့အမွှေးတွေက မီးကျွမ်းထားသလို အနည်းငယ်မည်းနက်နေတာကို တွေ့ရလိမ့်မယ်။ အခုလောလောဆယ် ကြောက်မက်ဖွယ် သားရဲဟာ မောက်မာဟန် လုပ်နေပေမဲ့ အချီးအနှီးပင်။ သူ့ခေါင်းကို ငုံချလိုက်ပြီး အကောင်သေးသေးလေးကို ခပ်မာမာကြည့်လိုက်တယ်။
အဲ့တာက ခြင်္သေ့တစ်ကောင်ထက် လေးဆ ငါးဆလောက် ပိုကြီးတဲ့ ကောင်းကင်ဖြိုဖျက်သားရဲဖြစ်တယ်။ သူက အာကာသကို ဆွဲဖြဲနိုင်ပြီး သူ့ဖာသူ နေရာကူးပြောင်းသွားလာနိုင်တယ်။ ဒါပေမဲ့ သားရဲက ကြီးထွားဖွံ့ဖြိုးဆဲအဆင့်ပဲ ရှိနေသေးတာမို့ အကွာအဝေး အနည်းငယ်ကိုပဲ ကူးပြောင်းသွားလာနိုင်သေးတယ်။
ကောင်းကင်ဖြိုဖျက်သားရဲက အာကာသကို ဖြဲနိုင်ပေမဲ့ သူ့ရဲ့ တကယ့်ပိုင်ဆိုင်စွမ်းရည်က လေ ဖြစ်တယ်။
အခု တိုက်ခတ်လာတဲ့ စွမ်းအားကြီးတဲ့ လေမုန်တိုင်းက သူ့ရဲ့ အဖိုးတန်ရတနာတွေကို ခိုးယူသွားတဲ့ သူခိုးကို တိုက်ခတ်ဖို့ သားရဲက ဖန်တီးခဲ့လိုက်တာဖြစ်တယ်။
အဲ့ရတနာတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သူ့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီး အသတ်ခံလိုက်ကြရတဲ့ ကျင့်ကြံသူတွေဆီကဖြစ်တယ်။ ပစ္စည်းအများစုက သားရဲအတွက် အသုံးမဝင်ပေမဲ့လည်း သူက ရတနာ စုဆောင်းရတာ ဝါသနာမို့ သူ့ဂူထဲမှာ ဆက်လက်သိမ်းထားနေခဲ့တာဖြစ်တယ်။ သူသိမ်းထားတဲ့အရာတွေက ပုပ်သိုးသွားမယ်ဆိုရင်တောင် သူကတော့ ဘယ်သူ့မှ ပေးမှာမဟုတ်။
လူအများစုက ဒီကောင်းကင်ဖြိုဖျက်သားရဲရဲ့ အကျင့်ကို သိကြတယ်၊ ဒါပေမဲ့ သူရဲ့ သန်မာတဲ့စွမ်းအားကြောင့် ဘယ်သူကမှ သူ့ကို ရန်မစဝံ့ပေ။
ဒီကောင်းကင်ဖြိုဖျက်သားရဲ ဘာ့ကြောင့် ဒီလောက် ဒေါသထွက်ရတာလဲဆိုတော့ သူ့ရတနာတွေအားလုံး အခိုးခံရရုံပဲမဟုတ်၊ ဒီသေးနုပ်တဲ့လူသားတစ်ယောက်က သူ့မာနကို လာစိန်ခေါ်တယ်လို့ သူခံစားလိုက်ရလို့လည်း ဖြစ်တယ်။ ဒီအကောင်သေးက သူ့နယ်မြေထဲကို သူ့ရဲ့ခွင့်ပြုချက်မရဘဲ ဝင်ရောက်ပြီး သူ့ရတနာတွေကို ခိုးယူသွားခဲ့တယ်။ သူမွေးဖွားကတည်းကနေ ခုချိန်ထိ အတောအတွင်း ဒီသားရဲရဲ့ နယ်မြေထဲကို တစ်ယောက်ယောက်က အလွယ်တကူချိုးဖောက်ဝင်ရောက်နိုင်တာ ဒါ ပထမဆုံးအကြိမ်ပဲ၊ အဲ့တာကြောင့် ဒီကောင်းကင်ဖြိုဖျက်သားရဲက အရမ်းကို ဒေါသ ငယ်ထိပ်တက်သွားရတာဖြစ်တယ်။
အဲ့တာကြောင့် သားရဲက အခုချိန်ထိ ကောင်ငယ်လေးကို မိုင်ထောင်ချီ လိုက်ဖမ်းခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အဲ့လူ ဘယ်လိုလှည့်ကွက်မျိုး သုံးသလဲတော့ သူမသိ။ သူ အဲ့လူကို မဖမ်းနိုင်ဘဲ ကြိမ်ဖန်များစွာ ကျရှုံးရတဲ့အပြင် သူထောင်ထားတဲ့ ထောင်ချောက်ထဲပါ ကိုယ်တိုင် လျောက်လှမ်းမိသွားခဲ့တယ်။ အကျိုးဆက်အနေနဲ့ သားရဲက အတော်ရှုပ်ထွေးနေဟန်ပေါက်နေပေမဲ့ ကောင်ငယ်လေးကတော့ အနည်းငယ် မောနေတာကလွဲရင် အခြေအနေက ကောင်းနေတယ်။ လူသားက သူ့အဝတ်အစားပေါ်က ဖုန်တွေကို အေးဆေးသက်သာစွာ သပ်ချနေတာ မြင်တော့ သားရဲက သူ့ကိုယ်သူ ကြည့်လိုက်မိပြီး ဒေါသထွက်ရလွန်းလို့ သွေးအန်လုလု ဖြစ်သွားရတယ်။
သားရဲက အခု ဒေါသထွက်နေပေမဲ့ သူ အတော်များများ ဒုက္ခခံခဲ့ရပြီးတဲ့နောက် ဒီတစ်ကြိမ်တော့ သူ မဆင်မချင် မလုပ်ရဲတော့ဘူး။
သူက ဟောက်သံပေးလိုက်ပြီးနောက် အဲ့နေရာမှာပဲ ရပ်လိုက်ကာ ကောင်လေးကို အကြည့်စိုက်ထားလိုက်ပြီး သတိကြီးကြီးထားပြီး ပတ်ဝန်းကျင်ကို ရံဖန်ရံခါ တစ်ချက်တစ်ချက် ကြည့်လိုက်တယ်။
ဟုတ်ပါတယ်၊ ကောင်ငယ်လေးကတော့ သူ့တာဝန် ပြီးမြောက်ဖို့အတွက် စိုစွတ်ကုန်းမြေထဲကို ချိုးဖောက်ဝင်ရောက်ခဲ့တဲ့ ဖုန့်ရှီပဲ ဖြစ်ပါတယ်။
တကယ်တော့ သူက တကယ်ကို ကံမကောင်းဘူး။ ဦးလေးဖြူ သူ့အတွက် နှိုက်ပေးတဲ့ မဲလိပ်ထဲက ပြီးမြောက်ရမယ့်တာဝန်က မိစ္ဆာသားရဲကို ဖမ်းရတာတွေ တရာခံပြေးရာဇဝတ်ကောင်ကို ဖမ်းရတာတွေ မဟုတ်ဘူး၊ စိုစွတ်ကုန်းမြေမှာရှိတဲ့ ကောင်းကင်ဖြိုဖျက်သားရဲရဲ့ အနားဧရိယာမှာပဲ ပေါက်တဲ့ လေမြူခိုးမြက်ကို ခူးရမှာဖြစ်တယ်။
လေမြူခိုးမြက်ကို ခူးဖို့ ဖုန့်ရှီက ကောင်းကင်ဖြိုဖျက်သားရဲရဲ့ နေရာအနီးအနားမှာ သုံးရက်လုံးလုံး စောင့်နေခဲ့တာဖြစ်တယ်။
ဒါပေမဲ့ အဲ့သုံးရက်အတွင်း သားရဲက သူ့ဂူထဲကနေ တစ်စက္ကန့်တောင် အပြင်ထွက်မလာခဲ့ဘူး။ နောက်ဆုံးတော့ ဖုန့်ရှီက ဒေါသထွက်သွားတယ်။ သူက ဒီမှာ သုံးရက်တိတိ အချိန်ကုန်ခဲ့ရုံတင်မကဘူး အလဟဿ သုံးညလုံး ခြင်တွေကိုက်တာလဲ ခံခဲ့ရသေးတယ်! ဒါ လုံးဝ သည်းမခံနိုင်စရာပဲ!
သတ်မှတ်ရက်က အရမ်းနီးနေပြီမို့ ဖုန့်ရှီက အဲ့မှာ ဒီ့ထက်ပိုပြီး ထပ်မစောင့်တော့ဖို့ ဆုံးဖြတ်လိုက်ပြီး နတ်ဘုရားနှစ်ပါးနဲ့ အမွှေးမဲ့ကြက်တို့နဲ့ တိုင်ပင်အဖြေထုတ်ခဲ့လိုက်တယ်။
နောက်ဆုံး ဖုန့်ရှီက စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ကို အရင်ဆုံး သားရဲကို အဝေးခေါ်ထုတ်သွားဖို့ စေလွှတ်လိုက်တယ်။ အဲ့နောက် ရုပ်ဖျက်ထားတဲ့ သူနဲ့ အမွှေးမဲ့ကြက်က ကောင်းကင်ဖြိုဖျက်သားရဲ ပြန်မရောက်ခင်မှာ လေမြူခိုးမြက်ကို ခူးပြီး ဂူထဲကနေ ပြန်ထွက်မယ်။ အဲလိုနည်းနဲ့ ဖုန့်ရှီက မြက်ကို ခြေရာလက်ရာမကျန်အောင် မြက်ကို ရနိုင်လိမ့်မယ်။
ဒါပေမဲ့...
ဖုန့်ရှီက ဒီသုံးရက်လုံးလုံး သူသည်ခံခဲ့ရတာကို သတိရသွားတော့ ချက်ချင်းကြီး သူ မထွက်သွားချင်တော့ဘူး။ စာအုပ်နတ်ဘုရားက သူ့ကို ကောင်းကင်ဖြိုဖျက်သားရဲရဲ့ အဖိုးတတန်ရတနာတွေ စုတတ်တဲ့ အကျင့်ကို ပြောထားဖူးတာ သတိရသွားတော့ သူက အမွှေးမဲ့ကြက်နဲ့ ဂူထဲကို ဝင်သွားပြီး သားရဲ နှစ်ပေါင်းများစွာ စုထားခဲ့တဲ့ ရတနာတွေအားလုံးကို သူ့သစ်သားလက်စွပ်ထဲ ထည့်လိုက်တယ်။ ဒါပေမဲ့ ဖုန့်ှရီက ပြန်ထွက်တော့မယ့်အချိန်မှာပဲ ပါးနပ်တဲ့ ကောင်းကင်ဖြိုဖျက်သားရဲက နတ်ဘုရားနှစ်ပါးကို လိုက်ဖမ်းရာကနေ ရုတ်တရက် ပြန်လှည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့အချိန်မှာပဲ နတ်ဘုရားနှစ်ပါးက ဖုန့်ရှီ မြက်ကို ခူးပြီးလောက်ပြီလို့ ယူဆလိုက်တာကြောင့် သားရဲကို မတားလိုက်တော့ဘူး။ အကျိုးဆက်အနေနဲ့ ကောင်းကင်ဖြိုဖျက်သားရဲက သူ့ဂူထဲကနေ ပြေးထွက်လာတဲ့ ဖုန့်ရှီနဲ့ တည့်တည့်တိုးသွားတော့တယ်။
ကောင်းကင်ဖြိုဖျက်သားရဲက ကောက်ကျစ်တဲ့လူသားတစ်ယောက် သူ့ဂူထဲမှာ တွေ့လိုက်ရတဲ့အချိန်မှာ ဘာဖြစ်သွားပြီလဲဆိုတာ ချက်ချင်းပဲ သဘောပေါက်သွားတော့တယ်။ အဲ့နောက် သူက ချက်ချင်း ဒေါသထွက်သွားရတော့တယ်။
ကံကောင်းတာက ကာရံကိုးချက်လက်သီး သင်ယူထားတဲ့ ဖုန့်ရှီက နတ်ဘုရားဘုရင် နယ်ပယ် ပထမအဆင့်ကို ရောက်ပြီးသွားပြီဖြစ်တယ်။ ပိုသာတာက သူ့မှာ တိုက်ပိတ်ကျင့်ကြံပြီးနောက် ကျင့်ကြံမှုအဆင့် တက်သွားခဲ့တဲ့ အမွှေးမဲ့ကြက်ကလည်း အကူအနေနဲ့ ရှိနေတယ်။ အဲ့နောက် သူနဲ့ အမွှေးမဲ့ကြက်တို့က လက်ချင်းချိတ်လိုက်ပြီး နောက်ဆုံး ကောင်းကင်ဖြိုဖျက်သားရဲလက်ကနေ လွတ်သွားတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဖုန့်ရှီနဲ့ သူ့အပေါင်းအဖော်တွေက ကောင်းကင်ဖြိုဖျက်သားရဲရဲ့ တမူထူးခြားတဲ့ စွမ်းရည်ဖြစ်တဲ့ အာကာသ ဆွဲဖြဲနိုင်မှုကို မေ့သွားခဲ့ကြတယ်။ သူတို့ဘယ်လောက်ဝေးဝေးသွားသွား ကောင်းကင်ဖြိုဖျက်သားရဲက သူတို့အနား အချိန်မဆိုင်းပဲ ပေါ်လာခဲ့တယ်။ အမွှေးမဲ့ကြက်က သူတော်စင်နယ်ပယ်အဆင့်ကို ရောက်နေတဲ့ မိစ္ဆာသားရဲတစ်ကောင် ဖြစ်ပေမဲ့ ကောင်းကင်ဖြိုဖျက်သားရဲက အာကာသအက်ကွဲကြောင်းကြား ပုန်းနေသ၍ သူ မတိုက်ခိုက်နိုင်ဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ အဆင့်မြင့်သားရဲတွေထဲမှာ စွမ်းအားအကြီးဆုံး ဖြစ်တဲ့ ကောင်းကင်ဖြိုဖျက်သားရဲက အာကာသဆွဲဖြဲတာလိုမျိုး အဆင့်မြင့်ပညာရပ်ကို အသုံးပြုနိုင်နေတယ်။
အကျိုးဆက်အနေနဲ့ ဖုန့်ရှိက အခု အကျပ်ရိုက်နေတယ်။
သူတို့ သုံးရက်သုံးညတိုင်အောင် ကောင်းကင်ဖြိုဖျက်သားရဲရဲ့ လိုက်ဖမ်းတာကို ခံခဲ့ကြရတယ် အခုတော့ နှစ်ဖက်လုံး ခြေကုန်လက်ပန်းကျနေပြီဖြစ်တယ်။
"သောက်ကောင်သားရဲ၊ မင်းဘာလိုချင်တာလဲ?" သည်းမခံနိုင်တော့တဲ့ ဖုန့်ရှီက အော်လိုက်တော့တယ်။
"သောက်လူသား၊ မင်းကိုသတ်ရမှ ငါ့ဒေါသ ပြေနိုင်မယ်။" ကောင်းကင်ဖြိုဖျက်သားရဲက ထပ်ပြီး ဟိန်းဟောက်လိုက်တယ်။
"ကောင်းပြီလေ သားရဲငတုံးကောင်၊ မင်းရဲ့ဥခွံထဲသာ ပြန်ဝင်လိုက်တော့ပါလား?"
ဖုန့်ရှီက သူ့တင်ပါးပေါ် လက်ထောက်ပြီး သားရဲလိုပဲ ကြောက်မက်ဖွယ် ဟိတ်ဟန်အပြည့်နဲ့ သားရဲကို စူးစူးရဲရဲကြည့်လိုက်တယ်။ ဒါ နတ်ဘုရားဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူ့အပြုအမူကို ပထမဆုံး ထုတ်ဖော်ပြလိုက်ခြင်းပဲဖြစ်တယ်။ ကောင်လေးရဲ့ စိတ်ခံစားမှုမြင့်တက်နေတာကြောင့် ကောင်လေးရဲ့ ကိုယ်ပေါ်မှာ ရွှေရောင်အလင်းတန်းက လင်းထိန်နေပြီး အခြားသူတွေကို အေးစိမ့်စိမ့်ဓါတ်တို့ ထုတ်လွှတ်နေတယ်။ သူ့ဘေးနားရပ်နေတဲ့ အမွှေးမဲကြက်တောင် အနောက် ခြေတစ်လှမ်းမဆုတ်ဘဲ မနေနိုင် ဖြစ်သွားရတယ်။
ကောင်းကင်ဖြိုဖျက်သားရဲမျက်လုံးထဲ အကြောက်တရားတို့ ပေါ်လာတယ်။
ကောင်လေးရဲ့ အန္တရာယ်အငွေ့အသက်ပါတဲ့ အကြည့်က အရမ်း ကြောက်စရာကောင်းတာကြောင့် သားရဲက သူ့ရဲ့ နှိပ်ကွပ်လိုဟန် အမူအယာက လုံးဝ ပျောက်သွားတယ်။ အဲ့နောက် သူက အက်ကွဲကြောင်းထဲကို ကိုယ်တစ်ပိုင်း ပြန်ဝင်ပြီး ညီးတွားလိုက်တယ်။
သားရဲက ရုတ်တရက် ဆုတ်ခွါသွားတာကို မြင်ရတော့ ဖုန့်ရှီက သူ့မျက်နှာမှာ အံ့အားတသင့်အမူအယာ ဖြစ်သွားတယ်။
သူက အဲ့လိုဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့သူဆိုတာ သူ မသိဘူး၊ အမွှေးမဲ့ကြက်ကို ဘာဖြစ်သွားခဲ့တာလဲဆိုတာ သူမေးချင်သွားတယ်။ အဲ့အချိန်မှာပဲ စာအုပ်နတ်ဘုရားရဲ့ စိတ်လှုပ်ရှားနေတဲ့အသံက သူ့နားထဲ ဝင်လာတယ်၊
"သခင်၊ အခုအတိုင်းပဲ ဟိတ်ဟန်အပြည့်နဲ့နေ၊ မလှုပ်နဲ့!"
20211031; 2133
တုပ်ကွေးမိသွားပြီ ခေါင်းမထောင်နိုင် ဖြစ်နေတာကြောင့် ကြာသွားတာ တောင်းပန်ပါတယ်။ အခု နည်းနည်းသက်သာတာနဲ့ ချက်ချင်း ညလုံးပေါက် ၂ ခန်း ထိုင်ပြန်ပြီး တင်ပေးလိုက်ပါတယ်ရှင်။
—————————— Zawgyi —————————
အပိုင္း ၆၉။ ေကာင္းကင္ၿပိဳပ်က္သားရဲ
စိတ္အားေလ်ာ့ဖြယ္လြင္ျပင္က်ယ္ဟာ အနားယူညၿမိဳ႕ေတာ္ရဲ့ ေျမာက္ဖက္မွာ တည္ရွိတယ္။
လြင္ျပင္ရဲ့ ဘယ္ဖက္မွာ စိုစြတ္ကုန္းေၿမ ရွိၿပီး ညာဖက္မွာက နာမည္ႀကီး မိစၧာသားရဲေတာ ရွိတယ္။ အဆင့္ျမင့္ မိစၧာသားရဲေတြ ရွားလာမွုတို႔ေၾကာင့္ အလယ္အလတ္အဆင့္နဲ႔ အနိမ့္စားအဆင့္ မိစၧာသားရဲေတြသာ ရွိၾကၿပီး အခ်ိဳ႕ေသာ တရားခံေျပး ရာဇဝတ္ေကာင္ေတြနဲ႔ တသီးပုဂၢလက်င့္ႀကံသူေတြက မိစၧာသားရဲေတာထဲမွာ ေနထိုင္ၾကတယ္။
ဒါေပမဲ့ အဆင့္ျမင့္ မိစၧာသားရဲေတြ ျဖစ္ၾကတဲ့ အစိမ္းေရာင္ စပါးအုံးႏြယ္လို ၾကမ္းၾကဳတ္ရက္စက္တဲ့ မိစၧာသားရဲအခ်ိဳ႕က စိုစြတ္ကုန္းေျမမွာ ေနထိုင္ၾကတယ္။
အဆိပ္ေငြ႕ေတြ ျပည့္ေနတဲ့ စိုစြတ္ကုန္းေျမဟာ ေၾကာက္မက္ဖြယ္ မိစၧာသားရဲေတြရဲ့ က်က္စားရာေနရာျဖစ္တာေၾကာင့္ အဲ့ေနရာကို ခ်ိဳးေဖာက္ဝင္ေရာက္သြားတဲ့လူေတြမွာ အသက္ရွင္ဖို႔ အခြင့္အေရး နည္းနည္းေလးပဲ ရွိပါတယ္။ ဒါ့ေၾကာင့္ လူေတြဟာ စိုစြတ္ကုန္းေျမကို သြားခဲၾကတယ္၊ ေတာ္႐ုံနဲ႔ မသြားၾက။
ေကာင္းကင္နတ္ဘုရားနယ္ပယ္အဆင့္ က်င့္ႀကံသူေတြဟာ အဆင့္ျမင့္ မိစၧာသားရဲေတြကို တိုက္ခိုက္နိုင္စြမ္း မရွိတာေၾကာင့္ အစိမ္းေရာင္ ငရဲသား အသင္းက တက္ေရာက္လာသူေတြကို ေပးတဲ့ အလုပ္တာဝန္အမ်ားစုဟာ မိစၧာသားရဲေတာအုပ္ကိုပဲ အဓိက ရည္ရြယ္ပါတယ္။ က်င့္ႀကံသူေတြဟာ သူတို႔ရဲ့ က်င့္ႀကံဆင့္နဲ႔ကိုက္ညီတဲ့ အလုပ္တာဝန္ကိုပဲ တာဝန္ေပးအပ္ခံရမွာျဖစ္တယ္။
လုပ္ရမယ့္တာဝန္အေၾကာင္းအရာကေတာ့ တရားခံေျပး ရာဇဝတ္ေကာင္တစ္ေယာက္ကို ဖမ္းရမွာ ဒါမွမဟုတ္ရင္ မိစၧာသားရဲတစ္ေကာင္ကို ဖမ္းရမွာျဖစ္တယ္။
တရားခံေျပး ရာဇဝတ္ေကာင္ေတြ အမ်ားႀကီးမရွိတဲ့အတြက္ ေပးအပ္တာဝန္အမ်ားစုဟာ မိစၧာသားရဲကိုပဲ ပစ္မွတ္ထားတာျဖစ္တယ္။
ဒီေန႔က အသင္းရဲ့ အကဲျဖတ္မွုေနာက္ဆုံးရက္ ျဖစ္တယ္။ တက္ေရာက္သူအားလုံးဟာ အသင္းကိုျပန္သြားၿပီး လုပ္ခဲ့တဲ့အလုပ္တာဝန္ကို တင္ျပရမွာျဖစ္တယ္၊ အဲ့လိုမတင္နိုင္ရင္ အဲ့တက္ေရာက္သူဟာ စာေမးပြဲက်မွာ ျဖစ္တယ္။
ဒါေပမယ့္ ေသျခင္းတရားအနံအသက္ေတြနဲ႔ ထုံလႊမ္းေနတဲ့ စိုစြတ္ကုန္းေျမဟာ တည္ၿငိမ္ေအးခ်မ္းမွု က်ိဳးပ်က္သြားၿပီျဖစ္တယ္။
ေကာင္းကင္ ဆုတ္ျပဲပြင့္ထြက္လာတာနဲ႔အမၽွ ေလေပြရိုင္းတစ္ခုဟာ အက္ကြဲေၾကာင္းထဲကေန ထြက္လာတယ္။ ျပင္းထန္တဲ့ေလမုန္တိုင္းဟာ လတ္တေလာ ေျပးေနတဲ့ ပုံရိပ္ေသးေသးေလးတစ္ခုဆီ ေျပးဝင္သြားတယ္။ ေလမုန္တိုင္းရဲ့ အဖ်က္စြမ္းအားဟာ အရမ္းအားေကာင္းၿပီး ေလထုထဲမွာ လွိုင္းဂယက္ကိုေတာင္ ထသြားေစတယ္။
တဆက္တည္းမွာပဲ ေၾကာက္မက္ဖြယ္ တလိပ္လိပ္တက္လာတဲ့ ေလမုန္တိုင္းဟာ ေသးငယ္တဲ့ပုံရိပ္ေနာက္မွာ ေပၚလာၿပီး စၿပီး တိုက္ခိုက္ဖို႔ လုပ္လိုက္တယ္။ ႐ုတ္တရက္ စူးစူးရဲရဲ ျမည္ဟိန္းသံနဲ႔အတူ ေက်ာက္ေရပူလို ပူျပင္းေတာက္ေလာက္ေနတဲ့ ေလေပြလွိုင္းလုံးႀကီးတစ္ခုက ျပင္းထန္တဲ့အရွိန္နဲ႔ ထြက္လာၿပီး ေလမုန္တိုင္းနဲ႔ ရိုက္ခတ္သြားတယ္။ အင္အားစုႏွစ္ခုက အခ်င္းခ်င္း တိုက္မိသြားၿပီး အရပ္မ်က္ႏွာအႏွံ့ မီးေတာက္ေတြ လြင့္စင္သြားတယ္။ ပထမေတာ့ အင္အားစုႏွစ္ခုက လက္ရည္တူေနေပမဲ့ တဖက္လူက ေဘးဖက္ကေန ခိုးဝင္လိုက္တာေၾကာင့္ တလိပ္လိပ္တက္လာတဲ့ ေလမုန္တိုင္းဟာ ေနာက္ဆုံးေတာ့ ရွုံးနိမ့္သြားၿပီး အဆုံးမေတာ့ အခ်ိန္တိုအတြင္း ေပ်ာက္ကြယ္သြားတယ္။
ကမၻာႀကီး သုံးစကၠန္႔ေလာက္ တိတ္ဆိတ္သြားတယ္။
အဲ့ေနာက္ ေကာင္းကင္ယံအက္ကြဲေၾကာင္းကေန ၾကမ္းၾကဳတ္တဲ့သားရဲတစ္ေကာင္ရဲ့ ေဟာက္သံ ထြက္ေပၚလာတယ္။ ေၾကာက္မက္ဖြယ္ရာအသံႀကီးက သားရဲရဲ့ ေဒါသ ဘယ္ေလာက္ေတာင္ ထြက္ေနသလဲဆိုတာ ညႊန္ျပေနတယ္။
ေနာက္တစ္စကၠန္႔မွာေတာ့ သားရဲရဲ့ ႀကီးမားတဲ့ပုံသ႑ာန္ႀကီးက ေကာင္းကင္ထက္ ေပၚလာတယ္။ သူ႔ရဲ့ ဦးေခါင္းထိပ္မွာ ခၽြန္ထက္တဲ့ ဦးခ်ိဳတစ္ေခ်ာင္းရွိၿပီး က်ားသစ္လို ျဖတ္လတ္သန္မာတဲ့ ေျခေထာက္ေလးေခ်ာင္းရွိၿပီး အားျပင္းတဲ့ ေပါက္ကြဲစြမ္းအား ပိုင္ဆိုင္ထားတယ္။ ေလထဲလြင့္ေနတဲ့ သူ႔ရဲ့ ေရႊေရာင္အေမႊးေတြက အနည္းငယ္ ရွုပ္ပြေနပုံေပၚတယ္။ တကယ္လို႔ တစ္ေယာက္ေယာက္ကသာ အဲ့သားရဲကို အနီးကပ္ သြားၾကည့္ၾကည့္မယ္ဆိုရင္ သူ႔အေမႊးေတြက မီးကၽြမ္းထားသလို အနည္းငယ္မည္းနက္ေနတာကို ေတြ႕ရလိမ့္မယ္။ အခုေလာေလာဆယ္ ေၾကာက္မက္ဖြယ္ သားရဲဟာ ေမာက္မာဟန္ လုပ္ေနေပမဲ့ အခ်ီးအႏွီးပင္။ သူ႔ေခါင္းကို ငုံခ်လိုက္ၿပီး အေကာင္ေသးေသးေလးကို ခပ္မာမာၾကည့္လိုက္တယ္။
အဲ့တာက ျခေသၤ့တစ္ေကာင္ထက္ ေလးဆ ငါးဆေလာက္ ပိုႀကီးတဲ့ ေကာင္းကင္ၿဖိဳဖ်က္သားရဲျဖစ္တယ္။ သူက အာကာသကို ဆြဲျဖဲနိုင္ၿပီး သူ႔ဖာသူ ေနရာကူးေျပာင္းသြားလာနိုင္တယ္။ ဒါေပမဲ့ သားရဲက ႀကီးထြားဖြံ့ၿဖိဳးဆဲအဆင့္ပဲ ရွိေနေသးတာမို႔ အကြာအေဝး အနည္းငယ္ကိုပဲ ကူးေျပာင္းသြားလာနိုင္ေသးတယ္။
ေကာင္းကင္ၿဖိဳဖ်က္သားရဲက အာကာသကို ျဖဲနိုင္ေပမဲ့ သူ႔ရဲ့ တကယ့္ပိုင္ဆိုင္စြမ္းရည္က ေလ ျဖစ္တယ္။
အခု တိုက္ခတ္လာတဲ့ စြမ္းအားႀကီးတဲ့ ေလမုန္တိုင္းက သူ႔ရဲ့ အဖိုးတန္ရတနာေတြကို ခိုးယူသြားတဲ့ သူခိုးကို တိုက္ခတ္ဖို႔ သားရဲက ဖန္တီးခဲ့လိုက္တာျဖစ္တယ္။
အဲ့ရတနာေတြက လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက သူ႔နယ္ေျမထဲကို က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ၿပီး အသတ္ခံလိုက္ၾကရတဲ့ က်င့္ႀကံသူေတြဆီကျဖစ္တယ္။ ပစၥည္းအမ်ားစုက သားရဲအတြက္ အသုံးမဝင္ေပမဲ့လည္း သူက ရတနာ စုေဆာင္းရတာ ဝါသနာမို႔ သူ႔ဂူထဲမွာ ဆက္လက္သိမ္းထားေနခဲ့တာျဖစ္တယ္။ သူသိမ္းထားတဲ့အရာေတြက ပုပ္သိုးသြားမယ္ဆိုရင္ေတာင္ သူကေတာ့ ဘယ္သူ႔မွ ေပးမွာမဟုတ္။
လူအမ်ားစုက ဒီေကာင္းကင္ၿဖိဳဖ်က္သားရဲရဲ့ အက်င့္ကို သိၾကတယ္၊ ဒါေပမဲ့ သူရဲ့ သန္မာတဲ့စြမ္းအားေၾကာင့္ ဘယ္သူကမွ သူ႔ကို ရန္မစဝံ့ေပ။
ဒီေကာင္းကင္ၿဖိဳဖ်က္သားရဲ ဘာ့ေၾကာင့္ ဒီေလာက္ ေဒါသထြက္ရတာလဲဆိုေတာ့ သူ႔ရတနာေတြအားလုံး အခိုးခံရ႐ုံပဲမဟုတ္၊ ဒီေသးႏုပ္တဲ့လူသားတစ္ေယာက္က သူ႔မာနကို လာစိန္ေခၚတယ္လို႔ သူခံစားလိုက္ရလို႔လည္း ျဖစ္တယ္။ ဒီအေကာင္ေသးက သူ႔နယ္ေျမထဲကို သူ႔ရဲ့ခြင့္ျပဳခ်က္မရဘဲ ဝင္ေရာက္ၿပီး သူ႔ရတနာေတြကို ခိုးယူသြားခဲ့တယ္။ သူေမြးဖြားကတည္းကေန ခုခ်ိန္ထိ အေတာအတြင္း ဒီသားရဲရဲ့ နယ္ေျမထဲကို တစ္ေယာက္ေယာက္က အလြယ္တကူခ်ိဳးေဖာက္ဝင္ေရာက္နိုင္တာ ဒါ ပထမဆုံးအႀကိမ္ပဲ၊ အဲ့တာေၾကာင့္ ဒီေကာင္းကင္ၿဖိဳဖ်က္သားရဲက အရမ္းကို ေဒါသ ငယ္ထိပ္တက္သြားရတာျဖစ္တယ္။
အဲ့တာေၾကာင့္ သားရဲက အခုခ်ိန္ထိ ေကာင္ငယ္ေလးကို မိုင္ေထာင္ခ်ီ လိုက္ဖမ္းခဲ့တာျဖစ္တယ္။ ဒါေပမဲ့ အဲ့လူ ဘယ္လိုလွည့္ကြက္မ်ိဳး သုံးသလဲေတာ့ သူမသိ။ သူ အဲ့လူကို မဖမ္းနိုင္ဘဲ ႀကိမ္ဖန္မ်ားစြာ က်ရွုံးရတဲ့အျပင္ သူေထာင္ထားတဲ့ ေထာင္ေခ်ာက္ထဲပါ ကိုယ္တိုင္ ေလ်ာက္လွမ္းမိသြားခဲ့တယ္။ အက်ိဳးဆက္အေနနဲ႔ သားရဲက အေတာ္ရွုပ္ေထြးေနဟန္ေပါက္ေနေပမဲ့ ေကာင္ငယ္ေလးကေတာ့ အနည္းငယ္ ေမာေနတာကလြဲရင္ အေျခအေနက ေကာင္းေနတယ္။ လူသားက သူ႔အဝတ္အစားေပၚက ဖုန္ေတြကို ေအးေဆးသက္သာစြာ သပ္ခ်ေနတာ ျမင္ေတာ့ သားရဲက သူ႔ကိုယ္သူ ၾကည့္လိုက္မိၿပီး ေဒါသထြက္ရလြန္းလို႔ ေသြးအန္လုလု ျဖစ္သြားရတယ္။
သားရဲက အခု ေဒါသထြက္ေနေပမဲ့ သူ အေတာ္မ်ားမ်ား ဒုကၡခံခဲ့ရၿပီးတဲ့ေနာက္ ဒီတစ္ႀကိမ္ေတာ့ သူ မဆင္မခ်င္ မလုပ္ရဲေတာ့ဘူး။
သူက ေဟာက္သံေပးလိုက္ၿပီးေနာက္ အဲ့ေနရာမွာပဲ ရပ္လိုက္ကာ ေကာင္ေလးကို အၾကည့္စိုက္ထားလိုက္ၿပီး သတိႀကီးႀကီးထားၿပီး ပတ္ဝန္းက်င္ကို ရံဖန္ရံခါ တစ္ခ်က္တစ္ခ်က္ ၾကည့္လိုက္တယ္။
ဟုတ္ပါတယ္၊ ေကာင္ငယ္ေလးကေတာ့ သူ႔တာဝန္ ၿပီးေျမာက္ဖို႔အတြက္ စိုစြတ္ကုန္းေျမထဲကို ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့တဲ့ ဖုန္႔ရွီပဲ ျဖစ္ပါတယ္။
တကယ္ေတာ့ သူက တကယ္ကို ကံမေကာင္းဘူး။ ဦးေလးျဖဴ သူ႔အတြက္ ႏွိုက္ေပးတဲ့ မဲလိပ္ထဲက ၿပီးေျမာက္ရမယ့္တာဝန္က မိစၧာသားရဲကို ဖမ္းရတာေတြ တရာခံေျပးရာဇဝတ္ေကာင္ကို ဖမ္းရတာေတြ မဟုတ္ဘူး၊ စိုစြတ္ကုန္းေျမမွာရွိတဲ့ ေကာင္းကင္ၿဖိဳဖ်က္သားရဲရဲ့ အနားဧရိယာမွာပဲ ေပါက္တဲ့ ေလျမဴခိုးျမက္ကို ခူးရမွာျဖစ္တယ္။
ေလျမဴခိုးျမက္ကို ခူးဖို႔ ဖုန္႔ရွီက ေကာင္းကင္ၿဖိဳဖ်က္သားရဲရဲ့ ေနရာအနီးအနားမွာ သုံးရက္လုံးလုံး ေစာင့္ေနခဲ့တာျဖစ္တယ္။
ဒါေပမဲ့ အဲ့သုံးရက္အတြင္း သားရဲက သူ႔ဂူထဲကေန တစ္စကၠန္႔ေတာင္ အျပင္ထြက္မလာခဲ့ဘူး။ ေနာက္ဆုံးေတာ့ ဖုန္႔ရွီက ေဒါသထြက္သြားတယ္။ သူက ဒီမွာ သုံးရက္တိတိ အခ်ိန္ကုန္ခဲ့႐ုံတင္မကဘူး အလဟႆ သုံးညလုံး ျခင္ေတြကိုက္တာလဲ ခံခဲ့ရေသးတယ္! ဒါ လုံးဝ သည္းမခံနိုင္စရာပဲ!
သတ္မွတ္ရက္က အရမ္းနီးေနၿပီမို႔ ဖုန္႔ရွီက အဲ့မွာ ဒီ့ထက္ပိုၿပီး ထပ္မေစာင့္ေတာ့ဖို႔ ဆုံးျဖတ္လိုက္ၿပီး နတ္ဘုရားႏွစ္ပါးနဲ႔ အေမႊးမဲ့ၾကက္တို႔နဲ႔ တိုင္ပင္အေျဖထုတ္ခဲ့လိုက္တယ္။
ေနာက္ဆုံး ဖုန႔္ရွီက စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ကို အရင္ဆုံး သားရဲကို အေဝးေခၚထုတ္သြားဖို႔ ေစလႊတ္လိုက္တယ္။ အဲ့ေနာက္ ႐ုပ္ဖ်က္ထားတဲ့ သူနဲ႔ အေမႊးမဲ့ၾကက္က ေကာင္းကင္ၿဖိဳဖ်က္သားရဲ ျပန္မေရာက္ခင္မွာ ေလျမဴခိုးျမက္ကို ခူးၿပီး ဂူထဲကေန ျပန္ထြက္မယ္။ အဲလိုနည္းနဲ႔ ဖုန႔္ရွီက ျမက္ကို ေျခရာလက္ရာမက်န္ေအာင္ ျမက္ကို ရနိုင္လိမ့္မယ္။
ဒါေပမဲ့...
ဖုန္႔ရွီက ဒီသုံးရက္လုံးလုံး သူသည္ခံခဲ့ရတာကို သတိရသြားေတာ့ ခ်က္ခ်င္းႀကီး သူ မထြက္သြားခ်င္ေတာ့ဘူး။ စာအုပ္နတ္ဘုရားက သူ႔ကို ေကာင္းကင္ၿဖိဳဖ်က္သားရဲရဲ့ အဖိုးတတန္ရတနာေတြ စုတတ္တဲ့ အက်င့္ကို ေျပာထားဖူးတာ သတိရသြားေတာ့ သူက အေမႊးမဲ့ၾကက္နဲ႔ ဂူထဲကို ဝင္သြားၿပီး သားရဲ ႏွစ္ေပါင္းမ်ားစြာ စုထားခဲ့တဲ့ ရတနာေတြအားလုံးကို သူ႔သစ္သားလက္စြပ္ထဲ ထည့္လိုက္တယ္။ ဒါေပမဲ့ ဖုန္႔ွရီက ျပန္ထြက္ေတာ့မယ့္အခ်ိန္မွာပဲ ပါးနပ္တဲ့ ေကာင္းကင္ၿဖိဳဖ်က္သားရဲက နတ္ဘုရားႏွစ္ပါးကို လိုက္ဖမ္းရာကေန ႐ုတ္တရက္ ျပန္လွည့္ဖို႔ ဆုံးျဖတ္လိုက္တယ္။ အဲ့အခ်ိန္မွာပဲ နတ္ဘုရားႏွစ္ပါးက ဖုန္႔ရွီ ျမက္ကို ခူးၿပီးေလာက္ၿပီလို႔ ယူဆလိုက္တာေၾကာင့္ သားရဲကို မတားလိုက္ေတာ့ဘူး။ အက်ိဳးဆက္အေနနဲ႔ ေကာင္းကင္ၿဖိဳဖ်က္သားရဲက သူ႔ဂူထဲကေန ေျပးထြက္လာတဲ့ ဖုန္႔ရွီနဲ႔ တည့္တည့္တိုးသြားေတာ့တယ္။
ေကာင္းကင္ၿဖိဳဖ်က္သားရဲက ေကာက္က်စ္တဲ့လူသားတစ္ေယာက္ သူ႔ဂူထဲမွာ ေတြ႕လိုက္ရတဲ့အခ်ိန္မွာ ဘာျဖစ္သြားၿပီလဲဆိုတာ ခ်က္ခ်င္းပဲ သေဘာေပါက္သြားေတာ့တယ္။ အဲ့ေနာက္ သူက ခ်က္ခ်င္း ေဒါသထြက္သြားရေတာ့တယ္။
ကံေကာင္းတာက ကာရံကိုးခ်က္လက္သီး သင္ယူထားတဲ့ ဖုန္႔ရွီက နတ္ဘုရားဘုရင္ နယ္ပယ္ ပထမအဆင့္ကို ေရာက္ၿပီးသြားၿပီျဖစ္တယ္။ ပိုသာတာက သူ႔မွာ တိုက္ပိတ္က်င့္ႀကံၿပီးေနာက္ က်င့္ႀကံမွုအဆင့္ တက္သြားခဲ့တဲ့ အေမႊးမဲ့ၾကက္ကလည္း အကူအေနနဲ႔ ရွိေနတယ္။ အဲ့ေနာက္ သူနဲ႔ အေမႊးမဲ့ၾကက္တို႔က လက္ခ်င္းခ်ိတ္လိုက္ၿပီး ေနာက္ဆုံး ေကာင္းကင္ၿဖိဳဖ်က္သားရဲလက္ကေန လြတ္သြားေတာ့တယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ဖုန္႔ရွီနဲ႔ သူ႔အေပါင္းအေဖာ္ေတြက ေကာင္းကင္ၿဖိဳဖ်က္သားရဲရဲ့ တမူထူးျခားတဲ့ စြမ္းရည္ျဖစ္တဲ့ အာကာသ ဆြဲျဖဲနိုင္မွုကို ေမ့သြားခဲ့ၾကတယ္။ သူတို႔ဘယ္ေလာက္ေဝးေဝးသြားသြား ေကာင္းကင္ၿဖိဳဖ်က္သားရဲက သူတို႔အနား အခ်ိန္မဆိုင္းပဲ ေပၚလာခဲ့တယ္။ အေမႊးမဲ့ၾကက္က သူေတာ္စင္နယ္ပယ္အဆင့္ကို ေရာက္ေနတဲ့ မိစၧာသားရဲတစ္ေကာင္ ျဖစ္ေပမဲ့ ေကာင္းကင္ၿဖိဳဖ်က္သားရဲက အာကာသအက္ကြဲေၾကာင္းၾကား ပုန္းေနသ၍ သူ မတိုက္ခိုက္နိုင္ဘူးျဖစ္ေနတယ္။ ေနာက္ဆုံးေတာ့ အဆင့္ျမင့္သားရဲေတြထဲမွာ စြမ္းအားအႀကီးဆုံး ျဖစ္တဲ့ ေကာင္းကင္ၿဖိဳဖ်က္သားရဲက အာကာသဆြဲျဖဲတာလိုမ်ိဳး အဆင့္ျမင့္ပညာရပ္ကို အသုံးျပဳနိုင္ေနတယ္။
အက်ိဳးဆက္အေနနဲ႔ ဖုန္႔ရွိက အခု အက်ပ္ရိုက္ေနတယ္။
သူတို႔ သုံးရက္သုံးညတိုင္ေအာင္ ေကာင္းကင္ၿဖိဳဖ်က္သားရဲရဲ့ လိုက္ဖမ္းတာကို ခံခဲ့ၾကရတယ္ အခုေတာ့ ႏွစ္ဖက္လုံး ေျခကုန္လက္ပန္းက်ေနၿပီျဖစ္တယ္။
"ေသာက္ေကာင္သားရဲ၊ မင္းဘာလိုခ်င္တာလဲ?" သည္းမခံနိုင္ေတာ့တဲ့ ဖုန္႔ရွီက ေအာ္လိုက္ေတာ့တယ္။
"ေသာက္လူသား၊ မင္းကိုသတ္ရမွ ငါ့ေဒါသ ေျပနိုင္မယ္။" ေကာင္းကင္ၿဖိဳဖ်က္သားရဲက ထပ္ၿပီး ဟိန္းေဟာက္လိုက္တယ္။
"ေကာင္းၿပီေလ သားရဲငတုံးေကာင္၊ မင္းရဲ့ဥခြံထဲသာ ျပန္ဝင္လိုက္ေတာ့ပါလား?"
ဖုန္႔ရွီက သူ႔တင္ပါးေပၚ လက္ေထာက္ၿပီး သားရဲလိုပဲ ေၾကာက္မက္ဖြယ္ ဟိတ္ဟန္အျပည့္နဲ႔ သားရဲကို စူးစူးရဲရဲၾကည့္လိုက္တယ္။ ဒါ နတ္ဘုရားဘုရင္နယ္ပယ္အဆင့္ က်င့္ႀကံသူတစ္ေယာက္အေနနဲ႔ သူ႔အျပဳအမူကို ပထမဆုံး ထုတ္ေဖာ္ျပလိုက္ျခင္းပဲျဖစ္တယ္။ ေကာင္ေလးရဲ့ စိတ္ခံစားမွုျမင့္တက္ေနတာေၾကာင့္ ေကာင္ေလးရဲ့ ကိုယ္ေပၚမွာ ေရႊေရာင္အလင္းတန္းက လင္းထိန္ေနၿပီး အျခားသူေတြကို ေအးစိမ့္စိမ့္ဓါတ္တို႔ ထုတ္လႊတ္ေနတယ္။ သူ႔ေဘးနားရပ္ေနတဲ့ အေမႊးမဲၾကက္ေတာင္ အေနာက္ ေျခတစ္လွမ္းမဆုတ္ဘဲ မေနနိုင္ ျဖစ္သြားရတယ္။
ေကာင္းကင္ၿဖိဳဖ်က္သားရဲမ်က္လုံးထဲ အေၾကာက္တရားတို႔ ေပၚလာတယ္။
ေကာင္ေလးရဲ့ အႏၲရာယ္အေငြ႕အသက္ပါတဲ့ အၾကည့္က အရမ္း ေၾကာက္စရာေကာင္းတာေၾကာင့္ သားရဲက သူ႔ရဲ့ ႏွိပ္ကြပ္လိုဟန္ အမူအယာက လုံးဝ ေပ်ာက္သြားတယ္။ အဲ့ေနာက္ သူက အက္ကြဲေၾကာင္းထဲကို ကိုယ္တစ္ပိုင္း ျပန္ဝင္ၿပီး ညီးတြားလိုက္တယ္။
သားရဲက ႐ုတ္တရက္ ဆုတ္ခြါသြားတာကို ျမင္ရေတာ့ ဖုန္႔ရွီက သူ႔မ်က္ႏွာမွာ အံ့အားတသင့္အမူအယာ ျဖစ္သြားတယ္။
သူက အဲ့လိုျဖစ္ေအာင္ လုပ္ေဆာင္ခဲ့တဲ့သူဆိုတာ သူ မသိဘူး၊ အေမႊးမဲ့ၾကက္ကို ဘာျဖစ္သြားခဲ့တာလဲဆိုတာ သူေမးခ်င္သြားတယ္။ အဲ့အခ်ိန္မွာပဲ စာအုပ္နတ္ဘုရားရဲ့ စိတ္လွုပ္ရွားေနတဲ့အသံက သူ႔နားထဲ ဝင္လာတယ္၊
"သခင္၊ အခုအတိုင္းပဲ ဟိတ္ဟန္အျပည့္နဲ႔ေန၊ မလွုပ္နဲ႔!"
20211031; 2133
တုပ္ေကြးမိသြားၿပီ ေခါင္းမေထာင္နိုင္ ျဖစ္ေနတာေၾကာင့္ ၾကာသြားတာ ေတာင္းပန္ပါတယ္။ အခု နည္းနည္းသက္သာတာနဲ႔ ခ်က္ခ်င္း ညလုံးေပါက္ ၂ ခန္း ထိုင္ျပန္ၿပီး တင္ေပးလိုက္ပါတယ္ရွင္။