Unicode
"မင်းငါ့ကိုပြောချင်တာရှိလားကုန်းကျွင်း..."
ဖုန်းထဲမှထွက်လာသောတစ်ဖက်လူ၏စကားသံကြောင့်ကုန်းကျွင်းချောက်ကပ်ကပ်ပြုံးလိုက်မိသည်...
"Parသိပြီးသားပဲမဟုတ်လား...ဘာလို့အပင်ပန်းခံပြီးမေးနေသေးတာလဲParရဲ့...."
"မင်း!!ကုန်းကျွင်း!!ငါလွှတ်ထားပေးတာကိုမင်းရောင့်တက်မလာစမ်းနဲ့!!"
Parထံ့မှဒေါသတကြီးအော်ဟစ်လာသံကိုကြားလိုက်ရတော့သူပိုပြီးအူမြူးလာသယောင်...
"ကျွန်တော်မလုပ်ရဲတာမရှိဘူးPar..."
သူ့အပြောကိုကြားတော့တဖက်လူကခတ္တမျှတိတ်ဆိတ်သွားလေသည်...ထို့နောက်သက်ပြင်းချသံနှင့်အတူစကားလုံးတချို့ကိုပြောလာလေသည်...
"ငါ့ကိုအရွဲ့တိုက်ချင်ရုံလောက်နဲ့တော့အပင်ပန်းခံမနေနဲ့ကုန်းကျွင်း...မင်းဖြစ်စေချင်နေတာတွေဖြစ်လာမှာမဟုတ်ဘူး..."
ထ်ို့နောက်တွင်တော့ပြတ်တောက်သွားသောဖုန်းလိုင်းလေးကြောင့်သူမျက်နှာပါအပြုံးခပ်ကြီးကြီးတစ်ခုပေါ်လာတော့သည်....
"မြောင်...."
ကျန်းကျယ်ဟန်တစ်ယောက်အလုပ်ပိတ်ရက်မို့နေမြင့်သည်အထိအိပ်ရာမထသေးဘဲအိပ်ရာထဲလူးလှိမ့်နေလေသည်...ထိုအချိန်ကုတင်အောက်တွင်ထိုင်ရင်းအော်လာသောရှောင်ဖေး၏အသံကိုကြားလိုက်ရတော့သည်...
"မြောင်....မြောင်.....မြောင်....."
"ကျွေးမယ်...ကျွေးမယ်...ဟုတ်ပြီလား...ကျွန်တော်မျိုးကိုခဏလေးစောင့်ပေးပါသခင်ကြီးရှောင်ဖေးခင်ဗျ..."
ကုတင်အောက်ကနေအဆက်မပြတ်အော်လာသောရှောင်ဖေးကြောင့်သူစူပုပ်ကာပွစိပွစိပြောရင်းအိပ်ရာထဲမှထွက်ကာကြောင်စာဘူးရှိရာဆီသို့ထွက်လာရတော့သည်...
သူ့နောက်ကနေတကောက်ကောက်ကပ်ကာလိုက်ပါလာသောရှောင်ဖေး၏လည်တိုင်စီမှဆွဲထားသောချူသီးလေးကတချွင်ချွင်မြည်လို့နေလေသည်....သူရှောင်ဖေး၏ရေခွက်နဲ့ကြောက်စာခွက်ကိုဖြည့်ပေးလိုက်ရင်းရှောင်ဖေးရဲ့ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးလိုက်တော့ရှောင်ဖေးကခေါင်းလေးကိုသူ့လက်တွေကြားအတင်းတိုးဝေ့တော့သည်....
"ငချွဲကောင်...."
သူ့တိုးဖွဖွရေရွတ်သံအဆုံးမှာမြည်လာသောဖုန်းသံလေးကြောင့်သူဖုန်းကိုကြည့်မိတော့unknown number တစ်ခုစီမှဖြစ်သည်....
"ဟယ်လို...."
"......"
တစ်ဖက်လူထံမှစကားသံမကြားရတာကြောင့်သူမျက်မှောင်ကုတ်လိုက်မိသည်....
"ဟယ်လို....ကြားရလား...."
"ကျွန်တော်ခင်ဗျားတို့လမ်းထိပ်ရောက်နေတယ်...ထွက်ခဲ့ပေးလို့ရတယ်မဟုတ်လား...."
ကြည်လင်စွာထွက်ပေါ်လာသောအသံကတောင်းဆိုနေသောလေသံမျိုးဟုတ်မနေခဲ့ပေ....သေချာပေါက်ထိုလူကကုန်းကျွင်းပင်ဖြစ်သည်....သူစိတ်ထဲတွင်သာသက်ပြင်းချလိုက်မိတော့သည်...
"ကိုယ်ထွက်လာခဲ့ပါ့မယ်...."
သူအပေါ်ထပ်တထည်ကိုယူဝတ်လိုက်ပြီးလမ်းထိပ်သို့ထွက်လာဖြစ်တော့သည်....လမ်းထောင့်ချိုးအကွယ်နားတွင်ရပ်ထားသောကုန်းကျွင်း၏ကားကိုသူလှမ်းတွေ့လိုက်သည်မို့ထိုကားနားသို့လျှောက်လာခဲ့တော့သည်...
"အထဲဝင်ခဲ့လို့ရတယ်...."
ပြတင်းပေါက်မှန်တွေကိုချထားသောကြောင့်သူကားနားကိုရောက်သွားသည်နှင်ထိုလူကသူ့အားမြင်နေရလေသည်....တစ်ဖက်ပြတင်းပေါက်ဘောင်ပေါ်တင်ထားသောထိုလူ၏လက်ထဲတွင်လည်းစီးကရက်တစ်လိပ်ကိုညပ်ကိုင်ထားလေသည်...
ကားထဲသို့ဝင်လိုက်သည်နှင့်စီးကရက်အနံ့တို့ကသူ့နှာခေါင်းထဲတိုးဝင်လာတော့သည်....သူချောင်းဟန့်ကာသူ့မျက်နှာနားကအငွေ့တွေကိုသူ့လက်လေးတွေနှင်ဖယ်ရှားလိုက်မိသည်.....သို့သော်လည်းသူ့ဘေးကလူကတော့ဖြင့်သူ့လုပ်ရပ်အားမသိကျိုးကျွံပြုရင်းဖြင့်သာသူ့အားကြည့်ရင်းစီးကရက်ငွေ့တွေကိုရှိုက်ထုတ်လာပြန်သည်မို့သူခေါင်းသာခါရမ်းမိတော့သည်...
"ကျွန်တော်ခင်ဗျားဆီကအကူအညီတစ်ခုလိုချင်တယ်..."
ကုန်ခါနီးဆေးလိပ်တိုလေးကိုပြာခွက်ထဲသို့ထည့်ကာဖိချေလိုက်ရင်းထိုလူကဆိုလာလေသည်....
"ကိုယ်ကူညီပေးဖို့တတ်နိုင်တာမျိုးဆိုရင်တော့မင်းရမှာပါ..."
ကျယ်ဟန်မျက်ခုံးတွေကိုပင့်လိုက်ရင်းထိုသို့သာပြန်ဖြေလိုက်မိသည်....ထိုကောင်လေးသူ့ဆီကမတောင်းဘဲယူသွားတဲ့အကူအညီတွေလဲရှိခဲ့ဖူးတာပဲမဟုတ်လား...
"ကျွန်တော့်ရဲ့ဟန်ဆောင်ရည်းစားဖြစ်ပေးဖို့ဆိုရင်ရော...ခင်ဗျားအတွက်အဆင်ပြေလား..."
ကုန်းကျွင်းရဲ့အေးစက်စက်အပြောကြောင့်ကျန်းကျယ်ဟန်မျက်လုံးလေးတွေဝိုင်းသွားရတော့သည်...ကုန်းကျွင်းသူ့ကိုနောက်နေတာမဟုတ်လား...ဒါမှမဟုတ်ထိုလူကရူးနေတာများလား....ကျန်းကျယ်ဟန်စိတ်ထဲတွင်တော့အတွေးပေါင်းစုံဖြင့်ဂရက်ထနေပေမဲ့လို့သူ့မျက်နှာအနေအထားကိုတော့ထိန်းထားနိုင်ဆဲဖြစ်လေသည်...
"မင်းအတည်ပြောနေတာလား...မှားပြောမိတာမဟုတ်ဘူးလား...."
သူ့အမေးကိုမျက်လုံးလေးတွေဝိုင်းရင်းမယုံကြည်နိုင်စွာပြန်မေးလာတဲ့လူရဲ့မျက်ဝန်းတွေကိုသူသေချာစိုက်ကြည့်လိုက်ရင်းပြောလိုက်သည်...
"ကျွန်တော့်ပုံစံကမှားပြောမိတဲ့ပုံစံမျိုးဖြစ်နေလို့လား..."
သူသူ့ကိုအတည်ကြီးပြောလာတဲ့လူကြောင့်အနည်းငယ်စိတ်ရှုပ်သွားရတော့သည်...ဒီလူကသူ့ကိုဘာတွေလာရှုပ်နေတာလဲ...သူ့အရှုပ်ထုပ်ကိစ္စတွေထဲခုန်ဝင်ရလောက်အောင်အထိကျန်းကျယ်ဟန်ကရူးမနေသေးတာကြောင့်သူထိုလူမျက်နှာကိုတည့်တည့်ကြည့်ရင်းပြန်ဖြေလိုက်သည်...
"စိတ်မကောင်းပါဘူးကုန်းလောင်ရှိီး...ကိုယ်မကူညီနိုင်ပါဘူး..."
"ခင်ဗျားအတွက်ကျွန်တော်လုပ်အားခပေးမှာပါ..."
သူ့ကိုကြည့်ရင်းပင်ပြောလာသောထိုကောင်လေး၏စကားကြောင့်ကျယ်ဟန်ဒေါသထွက်လာရသည်မို့မျက်ဝန်းထောင့်စွန်းလေးတင်ပင်ရဲတက်လာတော့သည်...
"မင်းဘာလို့အမြဲတမ်းပိုက်ဆံစကားပဲပြောနေရတာလဲ..."
သူ့ကိုအသံခပ်မာမာလေးနှင့်ပြန်ပြောလာသောလူကဒေါသထွက်နေပုံရလေသည်...
"ပိုက်ဆံအသံကြားလိုက်တာနဲ့လူတိုင်းကစိတ်ပျော့သွားကြတာပဲမဟုတ်လား..."
"မင်းမှာဘာလို့အဲ့လိုအပြုအမူဆိုးတွေပဲရှိနေရတာလဲ..."
သူ့အပြောကိုကြားတော့ထိုကောင်လေးကခပ်ဟဟရယ်လေသည်...
"နောက်တစ်ခုထပ်ရှိသေးတယ်....ခင်ဗျားပြောတဲ့အရာဟုတ်မဟုတ်မသိပေမဲ့ကျွန်တော်ကလိုချင်တာကိုလဲရအောင်ယူတတ်သေးတယ်...."
ထိုကောင်လေး၏စကားတွေကိုနားထောင်နေရင်းနှင့်ပင်ကျယ်ဟန်သည်းခံစိတ်တို့ကတဖြည်းဖြည်းလျော့နည်းလာတော့သည်...
"ကိုယ်သွားတော့မယ်...."
ကားတံခါးဆွဲဖွင့်တော့မဲ့လက်တွေကိုထိုကောင်လေးကဆွဲကာတားလိုက်သည်မို့သူထိုကောင်လေးအားမော့ကြည့်လိုက်မိသည်...
"ကိုယ့်ကိုလွှတ်..."
"ခင်ဗျားကျွန်တော်ပြောတာကိုသဘောတူမှရမယ်...မဟုတ်ရင်မနက်ဖြန်ကစပြီးခင်ဗျားCompanyကိုလာစရာမလိုတော့ဘူး..."
သူ့လက်တွေကိုလွှတ်ပေးရင်းပြောလာသည့်စကားကြောင့်ကျန်းကျယ်ဟန်ပြန်ချေပနိုင်စွမ်းပင်မရှိတော့ချေ...သူ့အလုပ်နဲ့ခြိမ်းခြောက်လာတဲ့အပေါ်ကျန်းကျယ်ဟန်ပြောစရာစကားရှာမတွေ့ဖြစ်နေရတော့သည်...ဘယ်လိုတောင်မျက်နှာပြောင်တိုက်ပြီးနေနိုင်ရတာလဲကုန်းကျွင်း...
"မင်းသဘောအတိုင်းပဲလေ...."
သူထိုသို့သာပြောရင်းကားပေါ်ကာဆင်းလာခဲ့တော့သည်....သူထိုသူနဲ့စကားဆက်ပြောချင်စိတ်ရှိမနေတော့ဘူး....ထိုသူကလူကောင်းတစ်ယောက်မဟုတ်တာသေချာနေသည်....
အိမ်ပြန်ရောက်သည်နှင့်ကျန်းကျယ်ဟန်ကုတင်ပေါ်ပစ်လှဲလိုက်ရင်းဘာမှမရှိသည့်လေဟာနယ်ကြီးကိုသာလက်သီးတွေနှင့်ထိုးခြေထောက်တွေနှင့်ကန်နေမိတော့သည်...ဖြစ်နိုင်ရင်သူကုန်းကျွင်းဆိုသောလူ၏မျက်နှာတည့်တည့်အားထိုးပစ်လိုက်ချင်တော့သည်...ထိုနောက်တွင်တော့သူအလုပ်သစ်ရှာဖို့အတွက်Laptopရှေ့တိုင်ထိုင်လိုက်ရတော့သည်....
ကျန်းကျယ်ဟန်ညနေစာစားနေချိန်တွင်မြည်လာသောဖုန်းသံကြောင့်သူဘုရားတလိုက်မိသည်...ဖုန်းscreenဆီကြည့်မိတော့ဦးလေးလီထံမှဖြစ်သည်မို့သူသက်ပြင်းချလိုက်မိသည်...
"ဟယ်လို...အားဟန်..."
"ဦးလေးလီ..."
"အားဟန်...မင်းဒေါ်လေးဆေးရုံတင်ရမယ်တဲ့..."
တုန်ရီစွာထွက်ပေါ်လာသောစကားသံကြောင့်ကျယ်ဟန်စိတ်ပူသွားရတော့သည်....
"ဆေးရုံတင်ရမယ်ဆိုတင်မှဖြစ်မှာပေါ့ဦးလေးလီရဲ့...ဒေါ်လေးကအရမ်းစိုးရိမ်ရလားဟင်...."
သူ့အပြောကိုကြားတော့တစ်ဖက်ကလူကသက်ပြင်းသာအကြိမ်ကြိမ်ချရင်းပြောလာလေသည်...
"ဦးလေးတို့မှာဆေးရုံစရိတ်လုံလုံလောက်မရှိဘူးလေအားဟန်...မင်းဒေါ်လေးကဆေးရုံမှာစက်ပစ္စည်းအစုံအလင်နဲ့မှအဆင်ပြေမှာတဲ့...မင်းဒေါ်လေးကိုလက်လျော့လိုက်ရတော့မယ်ထင်ပါတယ်ကွာ...."
အဖျားခတ်တုန်ရီနေသောအသံတို့ကြောင့်ကျယ်ဟန်ပို၍စိတ်မကောင်းဖြစ်လာရတော့သည်...မိဘတွေဆုံးပါးသွားပြီးကတည်းကသူ့ကိုပြုစုပျိုးထောင်လာပေတဲ့အဒေါ်မို့အမေလိုပင်ဖြစ်နေခဲ့သည်လေ...
"ဦးလေးလီ...ပိုက်ဆံကိုကျွန်တော်ပေးမှာမို့ဒေါ်လေးကိုသာဆေးရုံပို့ဖို့စီစဉ်လိုက်ပါ..."
သူဒေါ်လေးကိုတော့ထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူး...သူရှန်ဟိုင်းကိုပြောင်းလာပြီးနောက်ပိုင်းဒေါ်လေးကကျန်းရှီးမှာကျန်ခဲ့တဲ့သူ့ရဲ့တစ်ဦးတည်းသောဆွေမျိုးရင်းချာဖြစ်လေသည်...
ဦးလေးလီနှင့်ဖုန်းပြောအပြီးမှာတော့ကျန်းကျယ်ဟန်မျက်လုံးစိတ်မှိတ်ကာအသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်တော့သည်....ခက်ခက်ခဲခဲဆုံးဖြတ်ပြီးသွားတဲ့နောက်မှာတော့ကျယ်ဟန်unknown number လေးတစ်ခုဆီသို့ဖုန်းခေါ်လိုက်တော့သည်...
ကုန်းကျွင်းဖုန်းသံကြောင့်အိပ်နေရာမှနိုးလာခဲ့တော့သည်...နာရီကိုကြည့်မိတော့မနက်နှစ်နာရီထိုးပင်ရှိသေးလေသည်...
"ဟယ်လို...."
"ငါသဘောတူတယ်...."
သူ့နားထဲသို့ဝင်ရောက်လာသောအသံချိုချိုလေးကြောင့်သူ့မျက်လုံးတွေအိပ်ချင်ပြေသွားရတော့သည်...
"မင်းပြောတဲ့ဟန်ဆောင်ရည်းစားကိစ္စငါလက်ခံတယ်လို့ပြောတာ..."
"ခင်ဗျားနောက်မှစိတ်ပြောင်းသွားလို့ရမှာမဟုတ်ဘူးနော်..."
သူ့အားမယုံကြည်သဖွယ်ပြောလာသောထိုလူ၏စကားသံကြောင့်ထိုလူမမြင်နိုင်မှန်းသိပါရဲ့နှင့်ပင်သူ့မျက်နှာတစ်ခုလုံးကိုရှုံတွလိုက်မိတော့သည်....
"အလုပ်ကိစ္စကိုသာပြောပါ...အခုကိုယ်ကဘာဆက်လုပ်ရမှာလဲ..."
"ခင်ဗျားဘာမှလုပ်စရာမလိုဘူး...Company အသွားအပြန်ကိုကျွန်တော်နဲ့တူတူသွားရုံပဲ..."
ကုန်းကျွင်း၏အပြောကြောင့်ကျယ်ဟန်မျက်ခုံးပင့်လိုက်မိသည်....သူနဲ့အတူတူCompanyသွားရုံနဲ့ပင်ထိုလူကငွေတွေအများသူ့အတွက်သုံးသည်ပေါ့လေ...ကျန်းကျန်ဟန်ထိုလူအားကလေးဆန်လွန်းသည်ဟုပင်တွေးလာမိတော့သည်...
"မနက်ကြရင်ကျွန်တော်လမ်းထိပ်မှာစောင့်နေမယ်..."
တစ်ဖက်လူကထိုသို့ပြောပြီးဖုန်းချသွားတာကြောင့်ကျန်းကျယ်ဟန်ဖုန်းscreenပေါ်ကကိုယ့်မျက်နှာကိုသာကိုယ်ကြည့်ရင်းရေရွတ်လိုက်မိသည်...
"မင်းတော့ပြသာနာတွင်းထဲခုန်ဆင်းမိပြန်ပြီကျန်းကျယ်ဟန်.."
ကုန်းကျွင်းရုတ်တရက်ကြီးစိတ်ပြောင်းသွားတဲ့ကျန်းကျယ်ဟန်ကြောင့်အံ့ဩသွားရတာတော့အမှန်ပင်ဖြစ်သည်...မည်သည့်အကြောင်းကြောင့်စိတ်ပြောင်းသွားရလဲဆိုတာကိုတော့ကုန်းကျွင်းမမေးမိဘူး...သူနဲ့မဆိုင်သလိုသူစိတ်လဲမဝင်စားဘူး...သူစိတ်ဝင်စားသည်ကသူ့ကြောင့်ဒေါသထွက်နေမည့်Parကိုပင်ဖြစ်သည်...
ကျန်းကျယ်ဟန်လမ်းထိပ်ကိုရောက်တော့ကုန်းကျွင်း၏ကားကရောက်မလာသေးတာကြောင့်လမ်းထောင့်လေးမှာရပ်ကာသာစောင့်နေရတော့သည်....မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ကုန်းကျွင်း၏ကားလေးကသူမတ်ရပ်နေတဲ့နေရာနားလေးကိုထိုးရပ်လာတော့သည်...
"ဘာရပ်စောင့်နေသေးတာလဲ...ကျွန်တော်တံခါးဆင်းဖွင့်ပေးမှာကိုလား...."
ကားပေါ်မတက်သေးဘဲအူတိအူကြောင်လေးရပ်နေတဲ့ထိုလူကြောင့်သူထိုသို့ပြောမိတော့ထိုလူကသူ့ကိုမျက်စောင်းခပ်ကြီးကြီးတွေနဲ့ကြည့်ရင်းဝင်ထိုင်လာလေသည်...
Companyကိုရောက်တဲ့အထိသူတို့တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြဘူး...တစ်လမ်းလုံးငြိမ်လိုက်လာတဲ့သူ့ဘေးကလူကိုကုန်းကျွင်းလှည့်ကြည့်လိုက်ရင်းပြောမိသည်...
"ကျွန်တော်တို့ကိစ္စကိုခင်ဗျားဘယ်သူ့ကိုမှပြန်ပြောလို့မရဘူး...Companyကလူတွေမေးလာရင်လည်းခင်ဗျားငြိမ်ငြိမ်လေးနေလိုက်ပြန်ဖြေရှင်းမနေနဲ့...ကျန်တာကျွန်တော့်ဘာသာစီစဉ်လိုက်မယ်...."
သူ့ကိုအမိန့်ပေးဟန်ဖြင့်ပြောလာသောကုန်းကျွင်း၏အသံကြောင့်သူထိုကိစ္စကိုလက်ခံလိုက်မ်ိတာကိုပင်နောင်တရချင်သွားတော့သည်...ပြီးတော့Companyမှာကုန်းကျွင်းနဲ့ကြိုက်နေသလိုမျိုးနေနေရမှာကိုတွေးလိုက်မိရုံနဲ့တင်သူရူးချင်ချင်ဖြစ်လာရတော့သည်....ဒေါ်လေးရဲ့ဆေးရုံစရိတ်အတွက်ကလည်းတစ်ခြားနည်းလမ်းမရှိတော့တာကြောင့်သူထိုလူဆိုးကောင်၏ကြံရာပါဖြစ်လာရတော့သည်...
သူရုံးခန်းထဲသို့ဝင်လာချိန်တွင်တော့အခန်းထဲရှိလူများ၏အကြည့်တို့ကသူ့ပေါ်တွင်သာကျရောက်နေတော့သည်ကိုသူသတိထားလိုက်မိသည်....
'ဘုရားရေ....သူတကယ်အမှားအကြီးကြီးလုပ်လိုက်မိပြီထင်တယ်....'
Zawgyi
"မင္းငါ့ကိုေျပာခ်င္တာရွိလားကုန္းကြၽင္း..."
ဖုန္းထဲမွထြက္လာေသာတစ္ဖက္လူ၏စကားသံေၾကာင့္ကုန္းကြၽင္းေခ်ာက္ကပ္ကပ္ၿပဳံးလိုက္မိသည္...
"Parသိၿပီးသားပဲမဟုတ္လား...ဘာလို႔အပင္ပန္းခံၿပီးေမးေနေသးတာလဲParရဲ႕...."
"မင္း!!ကုန္းကြၽင္း!!ငါလႊတ္ထားေပးတာကိုမင္းေရာင့္တက္မလာစမ္းနဲ႔!!"
Parထံ့မွေဒါသတႀကီးေအာ္ဟစ္လာသံကိုၾကားလိုက္ရေတာ့သူပိုၿပီးအူျမဴးလာသေယာင္...
"ကြၽန္ေတာ္မလုပ္ရဲတာမရွိဘူးPar..."
သူ႔အေျပာကိုၾကားေတာ့တဖက္လူကခတၱမွ်တိတ္ဆိတ္သြားေလသည္...ထို႔ေနာက္သက္ျပင္းခ်သံႏွင့္အတူစကားလုံးတခ်ိဳ႕ကိုေျပာလာေလသည္...
"ငါ့ကိုအ႐ြဲ႕တိုက္ခ်င္႐ုံေလာက္နဲ႔ေတာ့အပင္ပန္းခံမေနနဲ႔ကုန္းကြၽင္း...မင္းျဖစ္ေစခ်င္ေနတာေတြျဖစ္လာမွာမဟုတ္ဘူး..."
ထ္ို႔ေနာက္တြင္ေတာ့ျပတ္ေတာက္သြားေသာဖုန္းလိုင္းေလးေၾကာင့္သူမ်က္ႏွာပါအၿပဳံးခပ္ႀကီးႀကီးတစ္ခုေပၚလာေတာ့သည္....
"ေျမာင္...."
က်န္းက်ယ္ဟန္တစ္ေယာက္အလုပ္ပိတ္ရက္မို႔ေနျမင့္သည္အထိအိပ္ရာမထေသးဘဲအိပ္ရာထဲလူးလွိမ့္ေနေလသည္...ထိုအခ်ိန္ကုတင္ေအာက္တြင္ထိုင္ရင္းေအာ္လာေသာေရွာင္ေဖး၏အသံကိုၾကားလိုက္ရေတာ့သည္...
"ေျမာင္....ေျမာင္.....ေျမာင္....."
"ေကြၽးမယ္...ေကြၽးမယ္...ဟုတ္ၿပီလား...ကြၽန္ေတာ္မ်ိဳးကိုခဏေလးေစာင့္ေပးပါသခင္ႀကီးေရွာင္ေဖးခင္ဗ်..."
ကုတင္ေအာက္ကေနအဆက္မျပတ္ေအာ္လာေသာေရွာင္ေဖးေၾကာင့္သူစူပုပ္ကာပြစိပြစိေျပာရင္းအိပ္ရာထဲမွထြက္ကာေၾကာင္စာဘူးရွိရာဆီသို႔ထြက္လာရေတာ့သည္...
သူ႔ေနာက္ကေနတေကာက္ေကာက္ကပ္ကာလိုက္ပါလာေသာေရွာင္ေဖး၏လည္တိုင္စီမွဆြဲထားေသာခ်ဴသီးေလးကတခြၽင္ခြၽင္ျမည္လို႔ေနေလသည္....သူေရွာင္ေဖး၏ေရခြက္နဲ႔ေၾကာက္စာခြက္ကိုျဖည့္ေပးလိုက္ရင္းေရွာင္ေဖးရဲ႕ေခါင္းေလးကိုခပ္ဖြဖြပြတ္ေပးလိုက္ေတာ့ေရွာင္ေဖးကေခါင္းေလးကိုသူ႔လက္ေတြၾကားအတင္းတိုးေဝ့ေတာ့သည္....
"ငခြၽဲေကာင္...."
သူ႔တိုးဖြဖြေရ႐ြတ္သံအဆုံးမွာျမည္လာေသာဖုန္းသံေလးေၾကာင့္သူဖုန္းကိုၾကည့္မိေတာ့unknown number တစ္ခုစီမွျဖစ္သည္....
"ဟယ္လို...."
"......"
တစ္ဖက္လူထံမွစကားသံမၾကားရတာေၾကာင့္သူမ်က္ေမွာင္ကုတ္လိုက္မိသည္....
"ဟယ္လို....ၾကားရလား...."
"ကြၽန္ေတာ္ခင္ဗ်ားတို႔လမ္းထိပ္ေရာက္ေနတယ္...ထြက္ခဲ့ေပးလို႔ရတယ္မဟုတ္လား...."
ၾကည္လင္စြာထြက္ေပၚလာေသာအသံကေတာင္းဆိုေနေသာေလသံမ်ိဳးဟုတ္မေနခဲ့ေပ....ေသခ်ာေပါက္ထိုလူကကုန္းကြၽင္းပင္ျဖစ္သည္....သူစိတ္ထဲတြင္သာသက္ျပင္းခ်လိုက္မိေတာ့သည္...
"ကိုယ္ထြက္လာခဲ့ပါ့မယ္...."
သူအေပၚထပ္တထည္ကိုယူဝတ္လိုက္ၿပီးလမ္းထိပ္သို႔ထြက္လာျဖစ္ေတာ့သည္....လမ္းေထာင့္ခ်ိဳးအကြယ္နားတြင္ရပ္ထားေသာကုန္းကြၽင္း၏ကားကိုသူလွမ္းေတြ႕လိုက္သည္မို႔ထိုကားနားသို႔ေလွ်ာက္လာခဲ့ေတာ့သည္...
"အထဲဝင္ခဲ့လို႔ရတယ္...."
ျပတင္းေပါက္မွန္ေတြကိုခ်ထားေသာေၾကာင့္သူကားနားကိုေရာက္သြားသည္ႏွင္ထိုလူကသူ႔အားျမင္ေနရေလသည္....တစ္ဖက္ျပတင္းေပါက္ေဘာင္ေပၚတင္ထားေသာထိုလူ၏လက္ထဲတြင္လည္းစီးကရက္တစ္လိပ္ကိုညပ္ကိုင္ထားေလသည္...
ကားထဲသို႔ဝင္လိုက္သည္ႏွင့္စီးကရက္အနံ႔တို႔ကသူ႔ႏွာေခါင္းထဲတိုးဝင္လာေတာ့သည္....သူေခ်ာင္းဟန္႔ကာသူ႔မ်က္ႏွာနားကအေငြ႕ေတြကိုသူ႔လက္ေလးေတြႏွင္ဖယ္ရွားလိုက္မိသည္.....သို႔ေသာ္လည္းသူ႔ေဘးကလူကေတာ့ျဖင့္သူ႔လုပ္ရပ္အားမသိက်ိဳးကြၽံျပဳရင္းျဖင့္သာသူ႔အားၾကည့္ရင္းစီးကရက္ေငြ႕ေတြကိုရႈိက္ထုတ္လာျပန္သည္မို႔သူေခါင္းသာခါရမ္းမိေတာ့သည္...
"ကြၽန္ေတာ္ခင္ဗ်ားဆီကအကူအညီတစ္ခုလိုခ်င္တယ္..."
ကုန္ခါနီးေဆးလိပ္တိုေလးကိုျပာခြက္ထဲသို႔ထည့္ကာဖိေခ်လိုက္ရင္းထိုလူကဆိုလာေလသည္....
"ကိုယ္ကူညီေပးဖို႔တတ္ႏိုင္တာမ်ိဳးဆိုရင္ေတာ့မင္းရမွာပါ..."
က်ယ္ဟန္မ်က္ခုံးေတြကိုပင့္လိုက္ရင္းထိုသို႔သာျပန္ေျဖလိုက္မိသည္....ထိုေကာင္ေလးသူ႔ဆီကမေတာင္းဘဲယူသြားတဲ့အကူအညီေတြလဲရွိခဲ့ဖူးတာပဲမဟုတ္လား...
"ကြၽန္ေတာ့္ရဲ႕ဟန္ေဆာင္ရည္းစားျဖစ္ေပးဖို႔ဆိုရင္ေရာ...ခင္ဗ်ားအတြက္အဆင္ေျပလား..."
ကုန္းကြၽင္းရဲ႕ေအးစက္စက္အေျပာေၾကာင့္က်န္းက်ယ္ဟန္မ်က္လုံးေလးေတြဝိုင္းသြားရေတာ့သည္...ကုန္းကြၽင္းသူ႔ကိုေနာက္ေနတာမဟုတ္လား...ဒါမွမဟုတ္ထိုလူက႐ူးေနတာမ်ားလား....က်န္းက်ယ္ဟန္စိတ္ထဲတြင္ေတာ့အေတြးေပါင္းစုံျဖင့္ဂရက္ထေနေပမဲ့လို႔သူ႔မ်က္ႏွာအေနအထားကိုေတာ့ထိန္းထားႏိုင္ဆဲျဖစ္ေလသည္...
"မင္းအတည္ေျပာေနတာလား...မွားေျပာမိတာမဟုတ္ဘူးလား...."
သူ႔အေမးကိုမ်က္လုံးေလးေတြဝိုင္းရင္းမယုံၾကည္ႏိုင္စြာျပန္ေမးလာတဲ့လူရဲ႕မ်က္ဝန္းေတြကိုသူေသခ်ာစိုက္ၾကည့္လိုက္ရင္းေျပာလိုက္သည္...
"ကြၽန္ေတာ့္ပုံစံကမွားေျပာမိတဲ့ပုံစံမ်ိဳးျဖစ္ေနလို႔လား..."
သူသူ႔ကိုအတည္ႀကီးေျပာလာတဲ့လူေၾကာင့္အနည္းငယ္စိတ္ရႈပ္သြားရေတာ့သည္...ဒီလူကသူ႔ကိုဘာေတြလာရႈပ္ေနတာလဲ...သူ႔အရႈပ္ထုပ္ကိစၥေတြထဲခုန္ဝင္ရေလာက္ေအာင္အထိက်န္းက်ယ္ဟန္က႐ူးမေနေသးတာေၾကာင့္သူထိုလူမ်က္ႏွာကိုတည့္တည့္ၾကည့္ရင္းျပန္ေျဖလိုက္သည္...
"စိတ္မေကာင္းပါဘူးကုန္းေလာင္ရွိီး...ကိုယ်မကူညီႏိုင္ပါဘူး..."
"ခင္ဗ်ားအတြက္ကြၽန္ေတာ္လုပ္အားခေပးမွာပါ..."
သူ႔ကိုၾကည့္ရင္းပင္ေျပာလာေသာထိုေကာင္ေလး၏စကားေၾကာင့္က်ယ္ဟန္ေဒါသထြက္လာရသည္မို႔မ်က္ဝန္းေထာင့္စြန္းေလးတင္ပင္ရဲတက္လာေတာ့သည္...
"မင္းဘာလို႔အၿမဲတမ္းပိုက္ဆံစကားပဲေျပာေနရတာလဲ..."
သူ႔ကိုအသံခပ္မာမာေလးႏွင့္ျပန္ေျပာလာေသာလူကေဒါသထြက္ေနပုံရေလသည္...
"ပိုက္ဆံအသံၾကားလိုက္တာနဲ႔လူတိုင္းကစိတ္ေပ်ာ့သြားၾကတာပဲမဟုတ္လား..."
"မင္းမွာဘာလို႔အဲ့လိုအျပဳအမူဆိုးေတြပဲရွိေနရတာလဲ..."
သူ႔အေျပာကိုၾကားေတာ့ထိုေကာင္ေလးကခပ္ဟဟရယ္ေလသည္...
"ေနာက္တစ္ခုထပ္ရွိေသးတယ္....ခင္ဗ်ားေျပာတဲ့အရာဟုတ္မဟုတ္မသိေပမဲ့ကြၽန္ေတာ္ကလိုခ်င္တာကိုလဲရေအာင္ယူတတ္ေသးတယ္...."
ထိုေကာင္ေလး၏စကားေတြကိုနားေထာင္ေနရင္းႏွင့္ပင္က်ယ္ဟန္သည္းခံစိတ္တို႔ကတျဖည္းျဖည္းေလ်ာ့နည္းလာေတာ့သည္...
"ကိုယ္သြားေတာ့မယ္...."
ကားတံခါးဆြဲဖြင့္ေတာ့မဲ့လက္ေတြကိုထိုေကာင္ေလးကဆြဲကာတားလိုက္သည္မို႔သူထိုေကာင္ေလးအားေမာ့ၾကည့္လိုက္မိသည္...
"ကိုယ့္ကိုလႊတ္..."
"ခင္ဗ်ားကြၽန္ေတာ္ေျပာတာကိုသေဘာတူမွရမယ္...မဟုတ္ရင္မနက္ျဖန္ကစၿပီးခင္ဗ်ားCompanyကိုလာစရာမလိုေတာ့ဘူး..."
သူ႔လက္ေတြကိုလႊတ္ေပးရင္းေျပာလာသည့္စကားေၾကာင့္က်န္းက်ယ္ဟန္ျပန္ေခ်ပႏိုင္စြမ္းပင္မရွိေတာ့ေခ်...သူ႔အလုပ္နဲ႔ၿခိမ္းေျခာက္လာတဲ့အေပၚက်န္းက်ယ္ဟန္ေျပာစရာစကားရွာမေတြ႕ျဖစ္ေနရေတာ့သည္...ဘယ္လိုေတာင္မ်က္ႏွာေျပာင္တိုက္ၿပီးေနႏိုင္ရတာလဲကုန္းကြၽင္း...
"မင္းသေဘာအတိုင္းပဲေလ...."
သူထိုသို႔သာေျပာရင္းကားေပၚကာဆင္းလာခဲ့ေတာ့သည္....သူထိုသူနဲ႔စကားဆက္ေျပာခ်င္စိတ္ရွိမေနေတာ့ဘူး....ထိုသူကလူေကာင္းတစ္ေယာက္မဟုတ္တာေသခ်ာေနသည္....
အိမ္ျပန္ေရာက္သည္ႏွင့္က်န္းက်ယ္ဟန္ကုတင္ေပၚပစ္လွဲလိုက္ရင္းဘာမွမရွိသည့္ေလဟာနယ္ႀကီးကိုသာလက္သီးေတြႏွင့္ထိုးေျခေထာက္ေတြႏွင့္ကန္ေနမိေတာ့သည္...ျဖစ္ႏိုင္ရင္သူကုန္းကြၽင္းဆိုေသာလူ၏မ်က္ႏွာတည့္တည့္အားထိုးပစ္လိုက္ခ်င္ေတာ့သည္...ထိုေနာက္တြင္ေတာ့သူအလုပ္သစ္ရွာဖို႔အတြက္Laptopေရွ႕တိုင္ထိုင္လိုက္ရေတာ့သည္....
က်န္းက်ယ္ဟန္ညေနစာစားေနခ်ိန္တြင္ျမည္လာေသာဖုန္းသံေၾကာင့္သူဘုရားတလိုက္မိသည္...ဖုန္းscreenဆီၾကည့္မိေတာ့ဦးေလးလီထံမွျဖစ္သည္မို႔သူသက္ျပင္းခ်လိုက္မိသည္...
"ဟယ္လို...အားဟန္..."
"ဦးေလးလီ..."
"အားဟန္...မင္းေဒၚေလးေဆး႐ုံတင္ရမယ္တဲ့..."
တုန္ရီစြာထြက္ေပၚလာေသာစကားသံေၾကာင့္က်ယ္ဟန္စိတ္ပူသြားရေတာ့သည္....
"ေဆး႐ုံတင္ရမယ္ဆိုတင္မွျဖစ္မွာေပါ့ဦးေလးလီရဲ႕...ေဒၚေလးကအရမ္းစိုးရိမ္ရလားဟင္...."
သူ႔အေျပာကိုၾကားေတာ့တစ္ဖက္ကလူကသက္ျပင္းသာအႀကိမ္ႀကိမ္ခ်ရင္းေျပာလာေလသည္...
"ဦးေလးတို႔မွာေဆး႐ုံစရိတ္လုံလုံေလာက္မရွိဘူးေလအားဟန္...မင္းေဒၚေလးကေဆး႐ုံမွာစက္ပစၥည္းအစုံအလင္နဲ႔မွအဆင္ေျပမွာတဲ့...မင္းေဒၚေလးကိုလက္ေလ်ာ့လိုက္ရေတာ့မယ္ထင္ပါတယ္ကြာ...."
အဖ်ားခတ္တုန္ရီေနေသာအသံတို႔ေၾကာင့္က်ယ္ဟန္ပို၍စိတ္မေကာင္းျဖစ္လာရေတာ့သည္...မိဘေတြဆုံးပါးသြားၿပီးကတည္းကသူ႔ကိုျပဳစုပ်ိဳးေထာင္လာေပတဲ့အေဒၚမို႔အေမလိုပင္ျဖစ္ေနခဲ့သည္ေလ...
"ဦးေလးလီ...ပိုက္ဆံကိုကြၽန္ေတာ္ေပးမွာမို႔ေဒၚေလးကိုသာေဆး႐ုံပို႔ဖို႔စီစဥ္လိုက္ပါ..."
သူေဒၚေလးကိုေတာ့ထပ္ၿပီးအဆုံးရႈံးမခံႏိုင္ဘူး...သူရွန္ဟိုင္းကိုေျပာင္းလာၿပီးေနာက္ပိုင္းေဒၚေလးကက်န္းရွီးမွာက်န္ခဲ့တဲ့သူ႔ရဲ႕တစ္ဦးတည္းေသာေဆြမ်ိဳးရင္းခ်ာျဖစ္ေလသည္...
ဦးေလးလီႏွင့္ဖုန္းေျပာအၿပီးမွာေတာ့က်န္းက်ယ္ဟန္မ်က္လုံးစိတ္မွိတ္ကာအသက္ကိုခပ္ျပင္းျပင္းရွဴထုတ္လိုက္ေတာ့သည္....ခက္ခက္ခဲခဲဆုံးျဖတ္ၿပီးသြားတဲ့ေနာက္မွာေတာ့က်ယ္ဟန္unknown number ေလးတစ္ခုဆီသို႔ဖုန္းေခၚလိုက္ေတာ့သည္...
ကုန္းကြၽင္းဖုန္းသံေၾကာင့္အိပ္ေနရာမွႏိုးလာခဲ့ေတာ့သည္...နာရီကိုၾကည့္မိေတာ့မနက္ႏွစ္နာရီထိုးပင္ရွိေသးေလသည္...
"ဟယ္လို...."
"ငါသေဘာတူတယ္...."
သူ႔နားထဲသို႔ဝင္ေရာက္လာေသာအသံခ်ိဳခ်ိဳေလးေၾကာင့္သူ႔မ်က္လုံးေတြအိပ္ခ်င္ေျပသြားရေတာ့သည္...
"မင္းေျပာတဲ့ဟန္ေဆာင္ရည္းစားကိစၥငါလက္ခံတယ္လို႔ေျပာတာ..."
"ခင္ဗ်ားေနာက္မွစိတ္ေျပာင္းသြားလို႔ရမွာမဟုတ္ဘူးေနာ္..."
သူ႔အားမယုံၾကည္သဖြယ္ေျပာလာေသာထိုလူ၏စကားသံေၾကာင့္ထိုလူမျမင္ႏိုင္မွန္းသိပါရဲ႕ႏွင့္ပင္သူ႔မ်က္ႏွာတစ္ခုလုံးကိုရႈံတြလိုက္မိေတာ့သည္....
"အလုပ္ကိစၥကိုသာေျပာပါ...အခုကိုယ္ကဘာဆက္လုပ္ရမွာလဲ..."
"ခင္ဗ်ားဘာမွလုပ္စရာမလိုဘူး...Company အသြားအျပန္ကိုကြၽန္ေတာ္နဲ႔တူတူသြား႐ုံပဲ..."
ကုန္းကြၽင္း၏အေျပာေၾကာင့္က်ယ္ဟန္မ်က္ခုံးပင့္လိုက္မိသည္....သူနဲ႔အတူတူCompanyသြား႐ုံနဲ႔ပင္ထိုလူကေငြေတြအမ်ားသူ႔အတြက္သုံးသည္ေပါ့ေလ...က်န္းက်န္ဟယ္ထိုလူအားကေလးဆန္လြန္းသည္ဟုပင္ေတြးလာမိေတာ့သည္...
"မနက္ၾကရင္ကြၽန္ေတာ္လမ္းထိပ္မွာေစာင့္ေနမယ္..."
တစ္ဖက္လူကထိုသို႔ေျပာၿပီးဖုန္းခ်သြားတာေၾကာင့္က်န္းက်ယ္ဟန္ဖုန္းscreenေပၚကကိုယ့္မ်က္ႏွာကိုသာကိုယ္ၾကည့္ရင္းေရ႐ြတ္လိုက္မိသည္...
"မင္းေတာ့ျပသာနာတြင္းထဲခုန္ဆင္းမိျပန္ၿပီက်န္းက်ယ္ဟန္.."
ကုန္းကြၽင္း႐ုတ္တရက္ႀကီးစိတ္ေျပာင္းသြားတဲ့က်န္းက်ယ္ဟန္ေၾကာင့္အံ့ဩသြားရတာေတာ့အမွန္ပင္ျဖစ္သည္...မည္သည့္အေၾကာင္းေၾကာင့္စိတ္ေျပာင္းသြားရလဲဆိုတာကိုေတာ့ကုန္းကြၽင္းမေမးမိဘူး...သူနဲ႔မဆိုင္သလိုသူစိတ္လဲမဝင္စားဘူး...သူစိတ္ဝင္စားသည္ကသူ႔ေၾကာင့္ေဒါသထြက္ေနမည့္Parကိုပင္ျဖစ္သည္...
က်န္းက်ယ္ဟန္လမ္းထိပ္ကိုေရာက္ေတာ့ကုန္းကြၽင္း၏ကားကေရာက္မလာေသးတာေၾကာင့္လမ္းေထာင့္ေလးမွာရပ္ကာသာေစာင့္ေနရေတာ့သည္....မိနစ္အနည္းငယ္ၾကာၿပီးတဲ့ေနာက္မွာေတာ့ကုန္းကြၽင္း၏ကားေလးကသူမတ္ရပ္ေနတဲ့ေနရာနားေလးကိုထိုးရပ္လာေတာ့သည္...
"ဘာရပ္ေစာင့္ေနေသးတာလဲ...ကြၽန္ေတာ္တံခါးဆင္းဖြင့္ေပးမွာကိုလား...."
ကားေပၚမတက္ေသးဘဲအူတိအူေၾကာင္ေလးရပ္ေနတဲ့ထိုလူေၾကာင့္သူထိုသို႔ေျပာမိေတာ့ထိုလူကသူ႔ကိုမ်က္ေစာင္းခပ္ႀကီးႀကီးေတြနဲ႔ၾကည့္ရင္းဝင္ထိုင္လာေလသည္...
Companyကိုေရာက္တဲ့အထိသူတို႔တစ္ေရာက္နဲ႔တစ္ေယာက္စကားမေျပာျဖစ္ၾကဘူး...တစ္လမ္းလုံးၿငိမ္လိုက္လာတဲ့သူ႔ေဘးကလူကိုကုန္းကြၽင္းလွည့္ၾကည့္လိုက္ရင္းေျပာမိသည္...
"ကြၽန္ေတာ္တို႔ကိစၥကိုခင္ဗ်ားဘယ္သူ႔ကိုမွျပန္ေျပာလို႔မရဘူး...Companyကလူေတြေမးလာရင္လည္းခင္ဗ်ားၿငိမ္ၿငိမ္ေလးေနလိုက္ျပန္ေျဖရွင္းမေနနဲ႔...က်န္တာကြၽန္ေတာ့္ဘာသာစီစဥ္လိုက္မယ္...."
သူ႔ကိုအမိန္႔ေပးဟန္ျဖင့္ေျပာလာေသာကုန္းကြၽင္း၏အသံေၾကာင့္သူထိုကိစၥကိုလက္ခံလိုက္အိတာကိုပင္ေနာင္တရခ်င္သြားေတာ့သည္...ၿပီးေတာ့Companyမွာကုန္းကြၽင္းနဲ႔ႀကိဳက္ေနသလိုမ်ိဳးေနေနရမွာကိုေတြးလိုက္မိ႐ုံနဲ႔တင္သူ႐ူးခ်င္ခ်င္ျဖစ္လာရေတာ့သည္....ေဒၚေလးရဲ႕ေဆး႐ုံစရိတ္အတြက္ကလည္းတစ္ျခားနည္းလမ္းမရွိေတာ့တာေၾကာင့္သူထိုလူဆိုးေကာင္၏ႀကံရာပါျဖစ္လာရေတာ့သည္...
သူ႐ုံးခန္းထဲသို႔ဝင္လာခ်ိန္တြင္ေတာ့အခန္းထဲရွိလူမ်ား၏အၾကည့္တို႔ကသူ႔ေပၚတြင္သာက်ေရာက္ေနေတာ့သည္ကိုသူသတိထားလိုက္မိသည္....
'ဘုရားေရ....သူတကယ္အမွားအႀကီးႀကီးလုပ္လိုက္မိၿပီထင္တယ္....'