အပိုင်း ၅၃။ စာအုပ်နတ်ဘုရားရဲ့ ဆွပေးမှု
ကောင်းကင်နတ်ဘုရားတောင်တန်းက ကမ္ဘာ့သစ်ပင် ကို တကယ့်သစ်ပင်အစစ်လို့ မယူဆနိုင်ပေ။
နှစ်ပေါင်း ထရီလီယမ် ကြာပြီးနောက် ပညာရှင်တစ်ဦးက ကမ္ဘာ့သစ်ပင် အစစ်ရဲ့ သစ်ငုတ်ကို မမျှော်လင့်ဘဲ ကောက်ယူရရှိခဲ့တယ်။ အဲ့နောက် ဘဝရေတံခွန်မှာ အဲ့သစ်ငုတ်နဲ့ သူ ကျင့်ကြံခဲ့တယ်။ အဲ့ကစပြီး အဲ့ပညာရှင်ရဲ့ သားစဉ်မြေးဆက်က သစ်ပင်ကို စောင့်ရှောက်ခဲ့ကြတယ်။
အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာ့သစ်ပင် တည်ရှိမှူကို လူပိုပိုသိလာကြပြီး သစ်ပင်ရဲ့သစ်သီးကို လိုချင်လာကြတယ်။
အဲ့နောက်မှာတော့ အဲ့ဒီ့ကျွမ်းကျင်ပညာရှင်ရဲ့ သားစဉ်မြေးဆက်က ကြောက်ခမန်းလိလိအမြန်နှုန်းနဲ့ အဖယ်ရှား ခံခဲ့ရတယ်။ နောက်ဆုံးတော့ အဲ့ဒီ့ကျွမ်းကျင်ပညာရှင်ရဲ့ မိသားစုတစ်စုလုံး လျို့ဝှက်ဆန်းကျယ်တဲ့ မိသားစုအနည်းငယ်တို့ရဲ့ အဝိုင်းခံလိုက်ကြရပြီး အမြစ်ပြတ်လုနီးပါး သုတ်သင်ခြင်း ခံလိုက်ကြရတယ်။ အဲ့နောက်မှာတော့ ကမ္ဘာ့သစ်ပင်က အဲ့ဒီ့လျို့ဝှက်ဆန်းကျယ်တဲ့ မိသားစုတွေရဲ့ လက်ထက် ကျရောက်သွားခဲ့တယ်။ အဆိုပါ ကျွမ်းကျင်ပညာရှင်ရဲ့ မျိုးဆက်တစ်ဦးသာ အသက်ရှင် လွတ်မြောက်သွားပြီး အဲ့ကတည်းက အဲ့ဒီ့ လျို့ဝှက်ဆန်းကျယ်တဲ့ မိသားစုတွေရဲ့ လိုက်ရှာဖွေခြင်းကို ခံနေရတာ ဖြစ်တယ်။
ဒါပေမဲ့ အဲ့ဒီ့ မိသားစုတွေဟာ သူတို့ရဲ့ ပစ္စည်းဥစ္စာ ဝေခွဲတာနဲ့ပတ်သက်ပြီး အငြင်းပွါးမှုတွေ ဖြစ်သွားကြကာ သစ်သီးအလုံးငါးဆယ်အတွက် အချင်းချင်း တိုက်ခိုက်ခဲ့ကြတယ်။
နောက်ဆုံးမှာတော့ ကမ္ဘာ့သစ်ပင် တည်ရှိမှုကို နတ်ဘုရာနဲ့ မိစ္ဆာနိုင်ငံတော်တစ်ခုလုံး၊ ကောင်းကင်ဘုံနဲ့ မိစ္ဆာဘုံတို့ အားလုံး သိသွားကြတယ်။
အကျိုးဆက်အနေနဲ့ ပိုပိုများလာတဲ့ အင်အားစုတွေ ပါဝင်လာကြပြီး နှစ်တစ်ထောင်တိုင်း တစ်ကြိမ် ကမ္ဘာ့သစ်ပင်ရဲ့ သစ်သီးအတွက် တိုက်ခိုက်ကြတယ်။ တိုက်ပွဲမှာ အသတ်ဆုံးရှုံကြရသူတွေ ပိုပိုများလာခဲ့တယ်။ တစ်စုံတစ်ယောက်က ကမ္ဘာ့သစ်ပင်ရဲ့ အမှန်တရားကိုတောင် တွေ့ရှိသွားခဲ့တယ်။
အဲ့နောက်မှာတော့ ကောင်းကင်နတ်ဘုရား တောင်တန်းမှာ ရှိတဲ့ သစ်ပင်က ကမ္ဘာ့သစ်ပင်အစစ်နဲ့ နှိုင်းယှဉ်ရင် ဖြူရော်နေတဲ့ သစ်ငုတ်တစ်ခုသာပဲဆိုတာ လူတိုင်း သိသွားကြတယ်။ အဲ့တာတောင်မှ အဲ့ဒီ့သစ်သီးတွေအတွက် တိုက်ခိုက်မှုကတော့ ဘယ်တော့မှ မရပ်တန့်သွားခဲ့ဘူး၊ ဘာလို့လဲဆိုတော့ နှစ်တစ်ထောင်တစ်ကြိမ်သီးတဲ့ သစ်ငုတ်က သီးတဲ့ သစ်သီးက သစ်သားအဆီအနှစ် အပြည့် ပါနေဆဲပဲ မို့ ဖြစ်တယ်။
သစ်သားရဲ့ အဆီအနှစ်က သူတို့ရဲ့ ကျင့်ကြံမှုကို အဆင့်ချိုးဖျက်ချင်တဲ့သူတွေအတွက် အလွန် အသုံးဝင်တယ်။
ကျင့်ကြံသူတစ်ယောက်အတွက် အဆင့်ချိုးဖျက်ဖို့ရာမှာ သန်မာတဲ့ စွမ်းအားကို ဖန်တီးပေးရုံသာမက ကျင့်ကြံသူရဲ့ ကိုယ်ခန္ဓာကိုလည်း ပြန်လည် တည်ဆောက်ပေးတယ်၊ တနည်းပြောရမယ်ဆိုရင်တော့ ကိုယ်ခန္ဓာကို တွင်းပြင်အကုန် ပြန်လည် ဖွဲ့စည်းနိုင်တယ်လို့ ဆိုကြတယ်။
အရေးအကြီးဆုံးအရာကတော့ ကျင့်ကြံသူတစ်ယောက်အတွက် နောက်တဆင့် တက်လှမ်းခွင့်ဟာ သစ်သီးရဲ့ အကူအညီနဲ့ဆို ၂၀၀ ရာခိုင်နှုန်း ရှိတယ်။
အဲ့တာဟာလည်း ဘာ့ကြောင့် နတ်ဘုရားနဲ့ မိစ္ဆာနိုင်ငံတော်က လူတိုင်း သစ်သီးကို ရူးသွပ်ကြသလဲဆိုတာပါပဲ။ တစ်သီးပုဂ္ဂလ ကျင့်ကြံသူအချို့က အဲ့အတွက် သူတို့အသက်တောင် စွန့်စားရဲကြတယ်။
ဒါပေမဲ့ စာအုပ်နတ်ဘုရားကို အမှန်တကယ် အံ့အားသင့်စေတာကတော့ ဖုန့်ရှီရဲ့ လက်ထဲက သစ်သီးပဲ ဖြစ်တယ်။
သစ်သီးရဲ့ အတွင်းက သစ်သားအဆီအနှစ်က အလွန့်အလွန်ကို ပေါကြွယ်နေတယ်။ ဒါမှမဟုတ် စာအုပ်နတ်ဘုရားကို ငရဲမင်းကြီး ဖန်တီးလိုက်ကတည်းကစပြီး ဒါဟာ စာအုပ်နတ်ဘုရား မြင်ဖူးတဲ့ အသန့်စင်ဆုံးသော သစ်သီးပဲ ဖြစ်တယ်။
ဒီသစ်သီးမှာ သစ်သားအဆီအနှစ်တွေ ပါဝင်နေရုံသာမကဘူး၊ သန့်စင်တဲ့ စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားတယ်။
စာအုပ်နတ်ဘုရားက ဖုန့်ရှီကို ဒီသစ်သီး ဘယ်သူလက်ဆောင်ပေးလိုက်တာလဲဆိုတာ သိပြီး အဲ့တာကတော့ ကမ္ဘာ့သစ်ပင်အစစ်ကလွဲလို့ အခြားသူ မဟုတ်။
ဒါပေမဲ့ ငရဲမင်းကြီးကလည်း ဒီအပေါ် ကြီးကြီးမားမား အားစိုက်ထုတ်မှု လုပ်ခဲ့မှာပဲဆိုတာလည်း စာအုပ်နတ်ဘုရား သိတယ်။
"သခင်၊ ဒီသစ်သီးတစ်လုံးတည်း ယူခဲ့တာလား?" စာအုပ်နတ်ဘုရားက ခဏတုန့်ဆိုင်းသွားပြီး မဝံ့မရဲ မေးလိုက်တယ်။ သူ့ခေါင်းထဲမှာ အစီအစဉ်တစ်ခု ထပ်ရှိနေတာ ရှင်းနေတယ်။
"ဘယ်ဟုတ်ပါ့မလဲ" ဖုန့်ရှီက စာအုပ်နတ်ဘုရားရဲ့ မျက်နှာပေါ်က အမူအယာကို မမြင်ဟန်ဆောင်ပြီး သူ့လက်ထဲက သစ်သီးကို တမြတ်နိုးကြည့်နေလိုက်တယ်။
စာအုပ်နတ်ဘုရားက ပါးစပ်က သွားရည်တမြားမြားနဲ့ ပြောလိုက်တယ်၊ "လက်စွပ်ထဲမှာ သစ်သီး ဘယ်နှစ်လုံးလောက် ရှိနေသလဲ? မင်း ပြောနိုင်..."
"ငါ မရည်တွက်ခဲ့ဘူး။ အဲ့အချိန်တုန်းက ငါ တတ်နိုင်သလောက် သစ်သီးခပ်များများ လိုက်ခူးနေခဲ့တာ။ ဒါပေမဲ့ သစ်သီး တစ်ထောင်ထက် ပိုလိမ့်မယ်ဆိုတာ အလွန်သေချာတယ်။" ဖုန့်ရှီက သေသေချာချာ တွေးလိုက်တယ်။ အဲ့အချိန်တုန်းက သူ့မြင်ကွင်းထဲက သစ်သီးတွေအကုန်လုံးကို လက်စွပ်ထဲ ခူးထည့်ခဲ့တာ ဖြစ်တယ်။
"သခင်၊ ကျွန်တော်နဲ့ ကံဆိုးမှုနတ်ဘုရားကို သစ်သီး နှစ်လုံးလောက် ပေးနိုင်မလား? အဲ့တာတွေက တကယ်တော့ ကျွန်တော်တို့အတွက်လည်း အလွန် အသုံးဝင်တယ်။" စာအုပ်နတ်ဘုရားက ဖုန့်ရှီလက်ထဲက သစ်သီးကို စိုက်ကြည့်ပြီး သူ့အဲ့အပေါ် တက်ခုန်ချင်စိတ်နဲ့ အားတက်သရော ပြောလိုက်တယ်။
"မင်းတို့က ကိုယ့်ဖာသာကိုယ် မကျင့်ကြံကြဘူးလေ၊ ဒီသစ်သီးတွေ ဘာအတွက် လိုတာလဲ? ငါက ငွေရဖို့အတွက် ဒါတွေ ရောင်းမယ်စီစဉ်နေတာ!" စာအုပ်နတ်ဘုရား ဖုန့်ရှီကို သူ့ကိုယ်သူ မိတ်ဆက်တုန်းက သူက မတိုက်ခိုက်နိုင်၊ မလုပ်ကြံနိုင်ပေမဲ့ သူ့ခေါင်းထဲမှာ အသိပညာ ဗဟုသုတတွေ အားလုံးရှိတဲ့ ရွေ့လျားစာကြည့်တိုက်တစ်ခုအနေနဲ့ မိတ်ဆက်ခဲ့တာဖြစ်တယ်။
"သခင်၊ ဒါကို သခင်နားမလည်မှာကို စိုးရိမ်မိပါတယ်။ ကျွန်တော်က အရာအားလုံးကို သိတဲ့သူအနေနဲ့ ကျော်ကြားပေမဲ့ တကယ်တော့ ကျွန်တော့မှာလည်း ကန့်သတ်ချက် ရှိပါတယ်။ ဥပမာ၊ လျို့ဝှက်မှတ်တမ်းတွေဟာလည်း စာအုပ်အမျိုးအစား တစ်မျိုးဖြစ်တယ်၊ ဒါပေမဲ့ အဲ့ဒီ့မှတ်တမ်းတွေထဲကို ကျွန်တော် မဝင်ရောက်၊ မကျူးကျော်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်က စွမ်းအား လုံလုံလောက်လောက် မရှိသေးလို့ ဖြစ်တယ်။ အနက်ရောင်သလင်းလို့ ခေါ်တဲ့ သလင်းတစ်မျိုး ရှိတယ်၊ အဲ့တာကို သတင်းအချက်အလက်တွေ ဖမ်းယူဖို့ အသုံးပြုတာ ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်တော့မှာ ဝိညာဉ်စွမ်းအား လုံလုံလောက်လောက် မရှိတဲ့အတွက် အဲ့တာပေါ်က ဝှက်စာကို ကျွန်တော် ဖြည်ဖို့ အလွန်ခက်တယ်။ တစ်လုံးတည်းနဲ့ပြောရမယ်ဆိုရင် ကျွန်တော့ကိုယ် ကျွန်တော် တိုးတက်ဖို့ လိုတယ်!"
စာအုပ်နတ်ဘုရားက ဖုန့်ရှီ ဒီကမ္ဘာအကြောင်း ဘာမှ မသိဘူးဆိုတာ စဉ်းစားမိခဲ့တော့ သူ့မာနရဲ့ ရှေ့ဆောင်မှုကြောင့် သူ အရာအားလုံးကို သိတယ်ဆိုပြီး လေကြွားခဲ့တာဖြစ်တယ်။ တကယ်တော့ စာအုပ်နတ်ဘုရားက တင်းတင်းကြပ်ကြပ် ကန့်သတ်ခံထားရပြီး အခု စာအုပ်ထဲက စာရွက်တွေနဲ့သာ ချိတ်ဆက်နိုင်တာ ဖြစ်တယ်။
စာအုပ်နတ်ဘုရားက ဖုန့်ရှီ သဘောမတူမှာကို စိုးရိမ်သွားတယ်။ အဲ့နောက် သူ ဆက်ပြောလိုက်တယ်၊ "သခင်၊ ဒါကို တွေးကြည့်လိုက်ပါ။ ကျွန်တော်သာ ပိုပြီး စွမ်းအားကြီးလာမယ်ဆိုရင် အရေးပေါ်အခြေအနေ ကြုံလာခဲ့ရင် သခင့်ကို ကျွန်တော် လွတ်အောင် ကူညီနိုင်မှာ ဖြစ်တယ်။ အခုလောလောဆယ် အနက်ရောင်သလင်းက ဘုံသုံးဘုံမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။ ကျွန်တော် အနက်ရောင် သလင်းကို ကျူးကျော်ဝင်ရောက်နိုင်နေသ၍ သခင့်အတွက် ကျွန်တော် သတင်းအချက်အလက်တွေ ပိုရလာနိုင်မယ်။ အဲ့တာက သခင့်အတွက် အရမ်း ကောင်းလိမ့်မယ်။"
"ကြားရတာတော့ မင်းမှာလည်း မင်းရဲ့ အသုံးဝင်မှု ရှိနေတာပဲ။ ကောင်းပြီလေ၊ ငါ မင်းကို တစ်လုံးပေးမယ်၊ ဒါပေမဲ့ ငါက ကံဆိုးမှုနတ်ဘုရားကိုရော ဘာလို့ သစ်သီးတစ်လုံး ပေးသင့်တာလဲ?" ဖုန့်ရှီက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်။ တကယ်တော့ သူတို့ကို သစ်သီး တစ်ယောက်တစ်လုံးစီ သူ ပေးချင်ခဲ့တာ ဖြစ်ပြီး၊ အခု သူက ဟန်ဆောင်နေတာသာ ဖြစ်တယ်။
ဖုန့်ရှီက အကြောင်းပြချက်ကို လိုချင်တယ်ဆိုတာ ကြားလိုက်ရတော့ ကံဆိုးမှုနတ်ဘုရားက ချက်ချင်းပဲ စိတ်လှုပ်ရှားသွားတယ်။ အဲ့နောက် သူက မတတ်နိုင်တော့ဘဲ စူးစူးရဲရဲ အော်လိုက်တယ်။
စာအုပ်နတ်ဘုရားက ချက်ချင်း ပြောလိုက်တယ်၊ "သခင်၊ ကံဆိုးမှုနတ်ဘုရားက သခင်ကလွဲရင် အခြားသူတွေအပေါ် ကံဆိုးမှုတွေ ဆောင်ကျဉ်းပေးနိုင်တယ်ဆိုတာ သခင် မမှတ်မိဘူးလား? သူ့ရဲ့ နှစ်ပေါင်း သောင်းချီ ကျင့်ကြံမှုတွေကို သူ ဆုံးရှုံးသွားပြီးတဲ့နောက် အခြားသူအပေါ် သူ ဆောင်ကျဉ်းပေးနိုင်တဲ့ ကံဆိုးမှုက ထိရောက်မှု လျော့သွားတယ်။ ဒါကို တွေးကြည့်ပါ၊ သခင် အနာဂတ်မှာ တစ်စုံတစ်ယောက်ကို ကလဲ့စားချေချင်တယ်ဆိုပါစို့၊ ကံဆိုးမှုနတ်ဘုရားက အသုံးဝင်လာလိမ့်မယ်။ ပြီးတော့ သူ့ကျင့်ကြံမှုအဆင့်က အခု အရမ်းကို နိမ့်နေတဲ့အတွက် သူ စကားမပြောနိုင်သေးဘူး။"
ကံဆိုးမှုနတ်ဘုရားက သဘောတူတဲ့အနေနဲ့ အော်လိုက်ပြန်တယ်။
ဖုန့်ရှီက စာအုပ်နတ်ဘုရားရဲ့ ဆွယ်ခြင်းကို ချက်ချင်းပဲ လက်ခံလိုက်တယ်။ သူထိပ်တိုက်တိုးခဲ့ရတဲ့ စိတ်တိုစရာ မတော်တဆမှုနှစ်ခုကို တွေးမိတော့ နတ်ဘုရားနှစ်ပါးရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ အရမ်းကို လိုအပ်တယ်ဆိုတာ ခံစားလိုက်ရတယ်။ စာအုပ်နတ်ဘုရားပြောသလိုပဲ အနာဂတ်မှာ သူ နတ်ဘုရားနှစ်ပါးကို တကယ် လိုအပ်တာမျိုး ဖြစ်ချင် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့...
"ငါ မင်းတို့ကို ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ငါ့ခေါင်းဆောင်ကိုတော့ ဒီအကြောင်းကို မင်းတို့တွေ ပေးသိလို့ မဖြစ်ဘူးနော်၊ မဟုတ်ရင်..."
"ရှီ..."
"အာ..."
20211010; 2138
—————————— Zawgyi —————————
အပိုင္း ၅၃။ စာအုပ္နတ္ဘုရားရဲ့ ဆြေပးမွု
ေကာင္းကင္နတ္ဘုရားေတာင္တန္းက ကမၻာ့သစ္ပင္ ကို တကယ့္သစ္ပင္အစစ္လို႔ မယူဆနိုင္ေပ။
ႏွစ္ေပါင္း ထရီလီယမ္ ၾကာၿပီးေနာက္ ပညာရွင္တစ္ဦးက ကမၻာ့သစ္ပင္ အစစ္ရဲ့ သစ္ငုတ္ကို မေမၽွာ္လင့္ဘဲ ေကာက္ယူရရွိခဲ့တယ္။ အဲ့ေနာက္ ဘဝေရတံခြန္မွာ အဲ့သစ္ငုတ္နဲ႔ သူ က်င့္ႀကံခဲ့တယ္။ အဲ့ကစၿပီး အဲ့ပညာရွင္ရဲ့ သားစဥ္ေျမးဆက္က သစ္ပင္ကို ေစာင့္ေရွာက္ခဲ့ၾကတယ္။
အခ်ိန္ၾကာလာတာနဲ႔အမၽွ ကမၻာ့သစ္ပင္ တည္ရွိမွူကို လူပိုပိုသိလာၾကၿပီး သစ္ပင္ရဲ့သစ္သီးကို လိုခ်င္လာၾကတယ္။
အဲ့ေနာက္မွာေတာ့ အဲ့ဒီ့ကၽြမ္းက်င္ပညာရွင္ရဲ့ သားစဥ္ေျမးဆက္က ေၾကာက္ခမန္းလိလိအျမန္ႏွုန္းနဲ႔ အဖယ္ရွား ခံခဲ့ရတယ္။ ေနာက္ဆုံးေတာ့ အဲ့ဒီ့ကၽြမ္းက်င္ပညာရွင္ရဲ့ မိသားစုတစ္စုလုံး လ်ိဳ႕ဝွက္ဆန္းက်ယ္တဲ့ မိသားစုအနည္းငယ္တို႔ရဲ့ အဝိုင္းခံလိုက္ၾကရၿပီး အျမစ္ျပတ္လုနီးပါး သုတ္သင္ျခင္း ခံလိုက္ၾကရတယ္။ အဲ့ေနာက္မွာေတာ့ ကမၻာ့သစ္ပင္က အဲ့ဒီ့လ်ိဳ႕ဝွက္ဆန္းက်ယ္တဲ့ မိသားစုေတြရဲ့ လက္ထက္ က်ေရာက္သြားခဲ့တယ္။ အဆိုပါ ကၽြမ္းက်င္ပညာရွင္ရဲ့ မ်ိဳးဆက္တစ္ဦးသာ အသက္ရွင္ လြတ္ေျမာက္သြားၿပီး အဲ့ကတည္းက အဲ့ဒီ့ လ်ိဳ႕ဝွက္ဆန္းက်ယ္တဲ့ မိသားစုေတြရဲ့ လိုက္ရွာေဖြျခင္းကို ခံေနရတာ ျဖစ္တယ္။
ဒါေပမဲ့ အဲ့ဒီ့ မိသားစုေတြဟာ သူတို႔ရဲ့ ပစၥည္းဥစၥာ ေဝခြဲတာနဲ႔ပတ္သက္ၿပီး အျငင္းပြါးမွုေတြ ျဖစ္သြားၾကကာ သစ္သီးအလုံးငါးဆယ္အတြက္ အခ်င္းခ်င္း တိုက္ခိုက္ခဲ့ၾကတယ္။
ေနာက္ဆုံးမွာေတာ့ ကမၻာ့သစ္ပင္ တည္ရွိမွုကို နတ္ဘုရာနဲ႔ မိစၧာနိုင္ငံေတာ္တစ္ခုလုံး၊ ေကာင္းကင္ဘုံနဲ႔ မိစၧာဘုံတို႔ အားလုံး သိသြားၾကတယ္။
အက်ိဳးဆက္အေနနဲ႔ ပိုပိုမ်ားလာတဲ့ အင္အားစုေတြ ပါဝင္လာၾကၿပီး ႏွစ္တစ္ေထာင္တိုင္း တစ္ႀကိမ္ ကမၻာ့သစ္ပင္ရဲ့ သစ္သီးအတြက္ တိုက္ခိုက္ၾကတယ္။ တိုက္ပြဲမွာ အသတ္ဆုံးရွုံၾကရသူေတြ ပိုပိုမ်ားလာခဲ့တယ္။ တစ္စုံတစ္ေယာက္က ကမၻာ့သစ္ပင္ရဲ့ အမွန္တရားကိုေတာင္ ေတြ႕ရွိသြားခဲ့တယ္။
အဲ့ေနာက္မွာေတာ့ ေကာင္းကင္နတ္ဘုရား ေတာင္တန္းမွာ ရွိတဲ့ သစ္ပင္က ကမၻာ့သစ္ပင္အစစ္နဲ႔ ႏွိုင္းယွဥ္ရင္ ျဖဴေရာ္ေနတဲ့ သစ္ငုတ္တစ္ခုသာပဲဆိုတာ လူတိုင္း သိသြားၾကတယ္။ အဲ့တာေတာင္မွ အဲ့ဒီ့သစ္သီးေတြအတြက္ တိုက္ခိုက္မွုကေတာ့ ဘယ္ေတာ့မွ မရပ္တန္႔သြားခဲ့ဘူး၊ ဘာလို႔လဲဆိုေတာ့ ႏွစ္တစ္ေထာင္တစ္ႀကိမ္သီးတဲ့ သစ္ငုတ္က သီးတဲ့ သစ္သီးက သစ္သားအဆီအႏွစ္ အျပည့္ ပါေနဆဲပဲ မို႔ ျဖစ္တယ္။
သစ္သားရဲ့ အဆီအႏွစ္က သူတို႔ရဲ့ က်င့္ႀကံမွုကို အဆင့္ခ်ိဳးဖ်က္ခ်င္တဲ့သူေတြအတြက္ အလြန္ အသုံးဝင္တယ္။
က်င့္ႀကံသူတစ္ေယာက္အတြက္ အဆင့္ခ်ိဳးဖ်က္ဖို႔ရာမွာ သန္မာတဲ့ စြမ္းအားကို ဖန္တီးေပး႐ုံသာမက က်င့္ႀကံသူရဲ့ ကိုယ္ခႏၶာကိုလည္း ျပန္လည္ တည္ေဆာက္ေပးတယ္၊ တနည္းေျပာရမယ္ဆိုရင္ေတာ့ ကိုယ္ခႏၶာကို တြင္းျပင္အကုန္ ျပန္လည္ ဖြဲ႕စည္းနိုင္တယ္လို႔ ဆိုၾကတယ္။
အေရးအႀကီးဆုံးအရာကေတာ့ က်င့္ႀကံသူတစ္ေယာက္အတြက္ ေနာက္တဆင့္ တက္လွမ္းခြင့္ဟာ သစ္သီးရဲ့ အကူအညီနဲ႔ဆို ၂၀၀ ရာခိုင္ႏွုန္း ရွိတယ္။
အဲ့တာဟာလည္း ဘာ့ေၾကာင့္ နတ္ဘုရားနဲ႔ မိစၧာနိုင္ငံေတာ္က လူတိုင္း သစ္သီးကို ႐ူးသြပ္ၾကသလဲဆိုတာပါပဲ။ တစ္သီးပုဂၢလ က်င့္ႀကံသူအခ်ိဳ႕က အဲ့အတြက္ သူတို႔အသက္ေတာင္ စြန္႔စားရဲၾကတယ္။
ဒါေပမဲ့ စာအုပ္နတ္ဘုရားကို အမွန္တကယ္ အံ့အားသင့္ေစတာကေတာ့ ဖုန္႔ရွီရဲ့ လက္ထဲက သစ္သီးပဲ ျဖစ္တယ္။
သစ္သီးရဲ့ အတြင္းက သစ္သားအဆီအႏွစ္က အလြန္႔အလြန္ကို ေပါႂကြယ္ေနတယ္။ ဒါမွမဟုတ္ စာအုပ္နတ္ဘုရားကို ငရဲမင္းႀကီး ဖန္တီးလိုက္ကတည္းကစၿပီး ဒါဟာ စာအုပ္နတ္ဘုရား ျမင္ဖူးတဲ့ အသန္႔စင္ဆုံးေသာ သစ္သီးပဲ ျဖစ္တယ္။
ဒီသစ္သီးမွာ သစ္သားအဆီအႏွစ္ေတြ ပါဝင္ေန႐ုံသာမကဘူး၊ သန္႔စင္တဲ့ စြမ္းအင္ကိုလည္း ပိုင္ဆိုင္ထားတယ္။
စာအုပ္နတ္ဘုရားက ဖုန္႔ရွီကို ဒီသစ္သီး ဘယ္သူလက္ေဆာင္ေပးလိုက္တာလဲဆိုတာ သိၿပီး အဲ့တာကေတာ့ ကမၻာ့သစ္ပင္အစစ္ကလြဲလို႔ အျခားသူ မဟုတ္။
ဒါေပမဲ့ ငရဲမင္းႀကီးကလည္း ဒီအေပၚ ႀကီးႀကီးမားမား အားစိုက္ထုတ္မွု လုပ္ခဲ့မွာပဲဆိုတာလည္း စာအုပ္နတ္ဘုရား သိတယ္။
"သခင္၊ ဒီသစ္သီးတစ္လုံးတည္း ယူခဲ့တာလား?" စာအုပ္နတ္ဘုရားက ခဏတုန္႔ဆိုင္းသြားၿပီး မဝံ့မရဲ ေမးလိုက္တယ္။ သူ႔ေခါင္းထဲမွာ အစီအစဥ္တစ္ခု ထပ္ရွိေနတာ ရွင္းေနတယ္။
"ဘယ္ဟုတ္ပါ့မလဲ" ဖုန္႔ရွီက စာအုပ္နတ္ဘုရားရဲ့ မ်က္ႏွာေပၚက အမူအယာကို မျမင္ဟန္ေဆာင္ၿပီး သူ႔လက္ထဲက သစ္သီးကို တျမတ္နိုးၾကည့္ေနလိုက္တယ္။
စာအုပ္နတ္ဘုရားက ပါးစပ္က သြားရည္တျမားျမားနဲ႔ ေျပာလိုက္တယ္၊ "လက္စြပ္ထဲမွာ သစ္သီး ဘယ္ႏွစ္လုံးေလာက္ ရွိေနသလဲ? မင္း ေျပာနိုင္..."
"ငါ မရည္တြက္ခဲ့ဘူး။ အဲ့အခ်ိန္တုန္းက ငါ တတ္နိုင္သေလာက္ သစ္သီးခပ္မ်ားမ်ား လိုက္ခူးေနခဲ့တာ။ ဒါေပမဲ့ သစ္သီး တစ္ေထာင္ထက္ ပိုလိမ့္မယ္ဆိုတာ အလြန္ေသခ်ာတယ္။" ဖုန္႔ရွီက ေသေသခ်ာခ်ာ ေတြးလိုက္တယ္။ အဲ့အခ်ိန္တုန္းက သူ႔ျမင္ကြင္းထဲက သစ္သီးေတြအကုန္လုံးကို လက္စြပ္ထဲ ခူးထည့္ခဲ့တာ ျဖစ္တယ္။
"သခင္၊ ကၽြန္ေတာ္နဲ႔ ကံဆိုးမွုနတ္ဘုရားကို သစ္သီး ႏွစ္လုံးေလာက္ ေပးနိုင္မလား? အဲ့တာေတြက တကယ္ေတာ့ ကၽြန္ေတာ္တို႔အတြက္လည္း အလြန္ အသုံးဝင္တယ္။" စာအုပ္နတ္ဘုရားက ဖုန္႔ရွီလက္ထဲက သစ္သီးကို စိုက္ၾကည့္ၿပီး သူ႔အဲ့အေပၚ တက္ခုန္ခ်င္စိတ္နဲ႔ အားတက္သေရာ ေျပာလိုက္တယ္။
"မင္းတို႔က ကိုယ့္ဖာသာကိုယ္ မက်င့္ႀကံၾကဘူးေလ၊ ဒီသစ္သီးေတြ ဘာအတြက္ လိုတာလဲ? ငါက ေငြရဖို႔အတြက္ ဒါေတြ ေရာင္းမယ္စီစဥ္ေနတာ!" စာအုပ္နတ္ဘုရား ဖုန္႔ရွီကို သူ႔ကိုယ္သူ မိတ္ဆက္တုန္းက သူက မတိုက္ခိုက္နိုင္၊ မလုပ္ႀကံနိုင္ေပမဲ့ သူ႔ေခါင္းထဲမွာ အသိပညာ ဗဟုသုတေတြ အားလုံးရွိတဲ့ ေရြ႕လ်ားစာၾကည့္တိုက္တစ္ခုအေနနဲ႔ မိတ္ဆက္ခဲ့တာျဖစ္တယ္။
"သခင္၊ ဒါကို သခင္နားမလည္မွာကို စိုးရိမ္မိပါတယ္။ ကၽြန္ေတာ္က အရာအားလုံးကို သိတဲ့သူအေနနဲ႔ ေက်ာ္ၾကားေပမဲ့ တကယ္ေတာ့ ကၽြန္ေတာ့မွာလည္း ကန္႔သတ္ခ်က္ ရွိပါတယ္။ ဥပမာ၊ လ်ိဳ႕ဝွက္မွတ္တမ္းေတြဟာလည္း စာအုပ္အမ်ိဳးအစား တစ္မ်ိဳးျဖစ္တယ္၊ ဒါေပမဲ့ အဲ့ဒီ့မွတ္တမ္းေတြထဲကို ကၽြန္ေတာ္ မဝင္ေရာက္၊ မက်ဴးေက်ာ္နိုင္ဘူး၊ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္က စြမ္းအား လုံလုံေလာက္ေလာက္ မရွိေသးလို႔ ျဖစ္တယ္။ အနက္ေရာင္သလင္းလို႔ ေခၚတဲ့ သလင္းတစ္မ်ိဳး ရွိတယ္၊ အဲ့တာကို သတင္းအခ်က္အလက္ေတြ ဖမ္းယူဖို႔ အသုံးျပဳတာ ျဖစ္တယ္၊ ဒါေပမဲ့ ကၽြန္ေတာ့မွာ ဝိညာဥ္စြမ္းအား လုံလုံေလာက္ေလာက္ မရွိတဲ့အတြက္ အဲ့တာေပၚက ဝွက္စာကို ကၽြန္ေတာ္ ျဖည္ဖို႔ အလြန္ခက္တယ္။ တစ္လုံးတည္းနဲ႔ေျပာရမယ္ဆိုရင္ ကၽြန္ေတာ့ကိုယ္ ကၽြန္ေတာ္ တိုးတက္ဖို႔ လိုတယ္!"
စာအုပ္နတ္ဘုရားက ဖုန္႔ရွီ ဒီကမၻာအေၾကာင္း ဘာမွ မသိဘူးဆိုတာ စဥ္းစားမိခဲ့ေတာ့ သူ႔မာနရဲ့ ေရွ႕ေဆာင္မွုေၾကာင့္ သူ အရာအားလုံးကို သိတယ္ဆိုၿပီး ေလႂကြားခဲ့တာျဖစ္တယ္။ တကယ္ေတာ့ စာအုပ္နတ္ဘုရားက တင္းတင္းၾကပ္ၾကပ္ ကန္႔သတ္ခံထားရၿပီး အခု စာအုပ္ထဲက စာရြက္ေတြနဲ႔သာ ခ်ိတ္ဆက္နိုင္တာ ျဖစ္တယ္။
စာအုပ္နတ္ဘုရားက ဖုန္႔ရွီ သေဘာမတူမွာကို စိုးရိမ္သြားတယ္။ အဲ့ေနာက္ သူ ဆက္ေျပာလိုက္တယ္၊ "သခင္၊ ဒါကို ေတြးၾကည့္လိုက္ပါ။ ကၽြန္ေတာ္သာ ပိုၿပီး စြမ္းအားႀကီးလာမယ္ဆိုရင္ အေရးေပၚအေျခအေန ၾကဳံလာခဲ့ရင္ သခင့္ကို ကၽြန္ေတာ္ လြတ္ေအာင္ ကူညီနိုင္မွာ ျဖစ္တယ္။ အခုေလာေလာဆယ္ အနက္ေရာင္သလင္းက ဘုံသုံးဘုံမွာ တြင္တြင္က်ယ္က်ယ္ သုံးလာၾကတယ္။ ကၽြန္ေတာ္ အနက္ေရာင္ သလင္းကို က်ဴးေက်ာ္ဝင္ေရာက္နိုင္ေနသ၍ သခင့္အတြက္ ကၽြန္ေတာ္ သတင္းအခ်က္အလက္ေတြ ပိုရလာနိုင္မယ္။ အဲ့တာက သခင့္အတြက္ အရမ္း ေကာင္းလိမ့္မယ္။"
"ၾကားရတာေတာ့ မင္းမွာလည္း မင္းရဲ့ အသုံးဝင္မွု ရွိေနတာပဲ။ ေကာင္းၿပီေလ၊ ငါ မင္းကို တစ္လုံးေပးမယ္၊ ဒါေပမဲ့ ငါက ကံဆိုးမွုနတ္ဘုရားကိုေရာ ဘာလို႔ သစ္သီးတစ္လုံး ေပးသင့္တာလဲ?" ဖုန္႔ရွီက သူ႔လက္ကို ေဝွ႕ယမ္းလိုက္တယ္။ တကယ္ေတာ့ သူတို႔ကို သစ္သီး တစ္ေယာက္တစ္လုံးစီ သူ ေပးခ်င္ခဲ့တာ ျဖစ္ၿပီး၊ အခု သူက ဟန္ေဆာင္ေနတာသာ ျဖစ္တယ္။
ဖုန္႔ရွီက အေၾကာင္းျပခ်က္ကို လိုခ်င္တယ္ဆိုတာ ၾကားလိုက္ရေတာ့ ကံဆိုးမွုနတ္ဘုရားက ခ်က္ခ်င္းပဲ စိတ္လွုပ္ရွားသြားတယ္။ အဲ့ေနာက္ သူက မတတ္နိုင္ေတာ့ဘဲ စူးစူးရဲရဲ ေအာ္လိုက္တယ္။
စာအုပ္နတ္ဘုရားက ခ်က္ခ်င္း ေျပာလိုက္တယ္၊ "သခင္၊ ကံဆိုးမွုနတ္ဘုရားက သခင္ကလြဲရင္ အျခားသူေတြအေပၚ ကံဆိုးမွုေတြ ေဆာင္က်ဥ္းေပးနိုင္တယ္ဆိုတာ သခင္ မမွတ္မိဘူးလား? သူ႔ရဲ့ ႏွစ္ေပါင္း ေသာင္းခ်ီ က်င့္ႀကံမွုေတြကို သူ ဆုံးရွုံးသြားၿပီးတဲ့ေနာက္ အျခားသူအေပၚ သူ ေဆာင္က်ဥ္းေပးနိုင္တဲ့ ကံဆိုးမွုက ထိေရာက္မွု ေလ်ာ့သြားတယ္။ ဒါကို ေတြးၾကည့္ပါ၊ သခင္ အနာဂတ္မွာ တစ္စုံတစ္ေယာက္ကို ကလဲ့စားေခ်ခ်င္တယ္ဆိုပါစို႔၊ ကံဆိုးမွုနတ္ဘုရားက အသုံးဝင္လာလိမ့္မယ္။ ၿပီးေတာ့ သူ႔က်င့္ႀကံမွုအဆင့္က အခု အရမ္းကို နိမ့္ေနတဲ့အတြက္ သူ စကားမေျပာနိုင္ေသးဘူး။"
ကံဆိုးမွုနတ္ဘုရားက သေဘာတူတဲ့အေနနဲ႔ ေအာ္လိုက္ျပန္တယ္။
ဖုန္႔ရွီက စာအုပ္နတ္ဘုရားရဲ့ ဆြယ္ျခင္းကို ခ်က္ခ်င္းပဲ လက္ခံလိုက္တယ္။ သူထိပ္တိုက္တိုးခဲ့ရတဲ့ စိတ္တိုစရာ မေတာ္တဆမွုႏွစ္ခုကို ေတြးမိေတာ့ နတ္ဘုရားႏွစ္ပါးရဲ့ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ဖို႔ အရမ္းကို လိုအပ္တယ္ဆိုတာ ခံစားလိုက္ရတယ္။ စာအုပ္နတ္ဘုရားေျပာသလိုပဲ အနာဂတ္မွာ သူ နတ္ဘုရားႏွစ္ပါးကို တကယ္ လိုအပ္တာမ်ိဳး ျဖစ္ခ်င္ ျဖစ္လာနိုင္တယ္။ ဒါေပမဲ့...
"ငါ မင္းတို႔ကို ေပးနိုင္ပါတယ္၊ ဒါေပမဲ့ ငါ့ေခါင္းေဆာင္ကိုေတာ့ ဒီအေၾကာင္းကို မင္းတို႔ေတြ ေပးသိလို႔ မျဖစ္ဘူးေနာ္၊ မဟုတ္ရင္..."
"ရွီ..."
"အာ..."
20211010; 2138