Unicode
သူဘာဖြစ်လို့ဒီလောက်တောင်ဝမ်းနည်းနေလဲဆိုတာရှန်ယွီမသိတော့ဘူး။သူတကယ်ပဲစိတ်ငြိမ်ငြိမ်ထားချင်ပေမဲ့အချိန်နည်းနည်းကြာသွားတာတောင်သူ့စိတ်တွေကမတည်ငြိမ်နိုင်သေးဘူး။
ဆိုးရွားလွန်းတဲ့လေထုကဧရာမလက်ကြီးအဖြစ်မသိမသာပြောင်းလဲသွားပြီးရှန်ယွီရဲ့လည်ပင်းကိုရက်ရက်စက်စက်ညှစ်ထားသည်။အဲ့ဒါကြောင့်ဖြစ်လာတဲ့မွန်းကျပ်မှုကြီးကသူ့ကိုအောက်စီဂျင်နည်းနည်းလေးမှရှူလို့မရအောင်တားဆီးထားခဲ့သည်။
သေခါနီးငါးတစ်ကောင်ကနာနာကျင်ကျင်အသက်ရှူနေရသလိုမျိုးသူကလည်းပါးစပ်ကိုဟပြီးအသက်ရှုနိုင်ဖို့ကြိုးစားနေမိသည်။
ထန်လီကယောကျ်ားလေးတွေကိုသဘောကျတာကိုသူသိလိုက်ရတဲ့အချိန်တုန်းကတောင်အဲ့ဒါကိုလက်ခံပေးဖို့သူ့အတွက်သိပ်မခက်ခဲခဲ့ဘူး။
သူပင်ပင်ပန်းပန်းပျိုးထောင်ထားခဲ့တဲ့ဂေါ် ဖီထုပ်လေးကိုတောဝက်တစ်ကောင်ဆွဲသွားပြီလို့ခံစားမိခဲ့တဲ့အချိန်တုန်းကပေါ့။
ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ဂေါ် ဖီထုပ်လေးကအရင်ထွက်သွားဖို့ကြိုးစားခဲ့သည်။
အမှန်ပဲ။
ထန်လီကထွက်သွားဖို့ရွေးချယ်ခဲ့သည်။
တကယ်တော့ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်ဆိုတာကိုရှန်ယွီသိထားပြီးသားပါပဲ။ပြီးတော့ဒီလိုနေ့မျိုးအတွက်လည်းသူကောင်းကောင်းပြင်ဆင်ထားခဲ့ပါသည်။
ဒါပေမဲ့ဒီအခိုက်အတန့်ကတကယ်ကြီးရောက်လာတဲ့အချိန်မှာတော့အမှန်တရားကအရမ်းကိုရက်စက်ပြီးလက်ခံဖို့ခက်ခဲလွန်းတယ်လို့သူခံစားလိုက်ရသည်။
ထန်လီကသူ့မေးခွန်းကိုပြန်မဖြေလောက်တော့ဘူးလို့တွေးနေမိတဲ့အချိန်မှာပဲတဖက်လူရဲ့နှေးကွေးလွန်းတဲ့စကားသံကိုသူကြားလိုက်ရသည်။
"လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းကထန်မိသားစုရဲ့ထန်မင်းကကျွန်တော့်ဆီရောက်လာခဲ့ပြီးကျွန်တော့်ရဲ့အဖိုးရဲ့အခြေအနေကအရမ်းစိုးရိမ်ရတယ်လို့ပြောတယ်။သူကအဖိုးမသေခင်ကျွန်တော့်ကိုသွားတွေ့စေချင်ခဲ့တယ်။"
နောက်ဆုံးတော့သူကထပ်ပြောလိုက်သည်။
"လွန်ခဲ့တဲ့နှစ်ရက်တုန်းကလည်းကျွန်တော့်ကိုအဖိုးရှန်ဆီကနေထန်မင်းကခေါ်ထုတ်လာပေးခဲ့တာပါ။"
အဲ့ဒါကိုကြားလိုက်ရတဲ့အချိန်မှာရှန်ယွီကအံ့ဩသွားခဲ့သည်။
လောကဓံကိုအများကြီးကြုံတွေ့ခဲ့ရတဲ့ပုံပေါ်နေတဲ့ဖြူလျော်နေတဲ့မျက်နှာကသူ့ရဲ့ဗလာဖြစ်နေတဲ့စိတ်အာရုံထဲမှာတဖြည်းဖြည်းပေါ်လာခဲ့သည်။ရှန်ယွီရဲ့အမြင်အရဆိုရင်တော့ထန်လီရဲ့အဖိုးကအမြဲတမ်းနေမကောင်းဖြစ်နေပြီးသူ့ရဲ့သာမာန်ရုပ်ရည်ကိုတောင်မမြင်ရနိုင်လောက်တဲ့အထိပိန်ချုံးနေခဲ့တာဖြစ်သည်။
ရှန်မိသားစုအိမ်တော်ကိုထန်လီမရောက်လာခင်တုန်းကအုပ်ထိန်းခွင့်နဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်ထန်လီရဲ့အဖိုးနဲ့အကြိမ်ပေါင်းများစွာတွေ့ခဲ့ဖူးသည်။နောက်ပိုင်းမှာတော့သူကဦးလေးကျန်းကိုထန်လီရဲ့အဖိုးအတွက်နာတာရှည်ကျန်းမာရေးဌာနတစ်ခုရှာခိုင်းလိုက်ပြီးထန်လီရဲ့ဆွေမျိုးတွေကိုတော့ပိုက်ဆံတွေပေးခဲ့သည်။အဲ့ဒါတွေအားလုံးပြီးသွားတဲ့အချိန်မှာတော့သူကအဲ့ဒီကိစ္စတွေကိုထပ်ပြီးအာရုံမစိုက်မိတော့ပါဘူး။
တကယ်လို့ထန်လီကသာအဲ့ဒီအကြောင်းကိုရုတ်တရက်ကြီးထုတ်မပြောခဲ့ဘူးဆိုရင်သင်္ချိုင်းကိုခြေတစ်ဖက်လှမ်းနေတဲ့လူအိုကြီးကိုရှန်ယွီလုံးဝမေ့နေလောက်သည်။
ပြီးတော့ထန်မင်း...
အရမ်းရင်းနှီးနေတဲ့နာမည်တစ်ခုပဲ။
လွန်ခဲ့တဲ့ငါးနှစ်ထန်လီကျင်းချန်မှာအင်္ဂလိပ်စာပြိုင်ပွဲသွားပြိုင်ရတုန်းကသူလိုက်သွားခဲ့တာကိုသတိရသွားသည်။စာကြည့်တိုက်ရဲ့အပြင်ဘက်မှာသူ့ရဲ့ဝမ်းကွဲညီလေးဖြစ်တဲ့ထန်ဝမ်ကျင်းကိုစောင့်နေခဲ့တဲ့ထန်မင်းဆိုတဲ့ကောင်လေးကသူ့အာရုံထဲမှာရုတ်တရက်ပေါ်လာခဲ့သည်။
သူ့တွက်ချက်မှုတွေအရတကယ်လို့သူသာမူလဇာတ်ကြောင်းအတိုင်းသွားခဲ့မယ်ဆိုရင်အခုအချိန်ကထန်မိသားစုဆီကိုထန်လီပြန်သွားရတော့မယ့်အရမ်းကိုအရေးကြီးတဲ့အချိန်ဖြစ်သည်။
ရှန်ယွီကဘယ်လိုမှမတတ်နိုင်ပဲနက်ရှိုင်းလွန်းတဲ့အတွေးတွေထဲမှာခဏလောက်နစ်မြုပ်သွားခဲ့သည်။
အချိန်ခဏကြာတော့မှရှန်ယွီကဆံပင်အခြောက်ခံစက်ကိုပြန်ယူလိုက်ပြီးထန်လီရဲ့အခုထိစိုနေသေးတဲ့ဆံပင်တွေကိုဆက်ပြီးအခြောက်ခံပေးနေလိုက်သည်။
အဲ့ဒီလိုနဲ့တစ်နာရီလောက်ကြာတဲ့အထိဆက်တိုက်အခြောက်ခံပေးနေခဲ့သည်။
အဲ့ဒီနောက်မှာတော့ရှန်ယွီကအိပ်ရာပေါ်ကထလိုက်ပြီးရေချိုးခန်းထဲကိုဒယိမ်းဒယိုင်လျှောက်သွားကာဆံပင်အခြောက်ခံစက်ကိုအံဆွဲထဲပြန်ထည့်ထားလိုက်သည်။
သူကမှန်ကိုမျက်နှာမူလိုက်ပြီးဘေစင်ပေါ်မှာလက်ထောက်ထားလိုက်ကာခံစားချက်မဲ့စွာနဲ့မှန်ထဲကိုကြည့်လိုက်မိသည်။သူ့မျက်နှာပေါ်မှာဘာအရောင်မှမရှိနေတော့ဘဲဖြူဖတ်ဖြူလျော်ဖြစ်နေခဲ့သည်။အပြုံးတုတစ်ခုကိုတောင်ညှစ်ထုတ်လို့မရလောက်တဲ့အထိသူ့မျက်နှာအမူအရာကဆိုးရွားနေခဲ့သည်။
ထန်လီကထွက်သွားချင်တယ်ဆိုမှတော့သူကလွှတ်ပေးလိုက်ရတော့မှာပေါ့။
ကလေးတွေကတဖြည်းဖြည်းနဲ့ကြီးပြင်းလာကြပြီးကိုယ်ပိုင်အတွေးတွေရှိလာကြတယ်ဆိုတာကိုနားလည်ပေးနိုင်ပါသည်။
ဒါ့အပြင်အစကတည်းကထန်လီကိုခေါ်ထားခဲ့ရတဲ့ရည်ရွယ်ချက်ကသူနဲ့ဘဝတစ်လျှောက်လုံးအတူရှိသွားဖို့မှမဟုတ်တာပဲ။ထန်လီကသူ့ကိုမမုန်းတော့ဘဲမူလဇာတ်ကြောင်းထဲကလိုလုပ်ရပ်မျိုးတွေမလုပ်တော့ဘူးဆိုတာနဲ့တင်သူ့အစီအစဥ်ကအောင်မြင်သွားပါပြီ။
ရှန်ယွီကသူ့ကိုယ်သူထပ်ကာထပ်ကာနှစ်သိမ့်နေမိပေမဲ့သူ့ခံစားချက်တွေကနည်းနည်းလေးမှပြန်မကောင်းလာခဲ့ပါဘူး။
နောက်ဆုံးမှာတော့သူကလက်လျှော့လိုက်တော့သည်။
သူကရေချိုးခန်းထဲကနေမှုန်မှိုင်းနေတဲ့အမူအရာနဲ့ပြန်ထွက်လာခဲ့သည်။
ထန်လီကတစ်စက်မှမလှုပ်ဘဲအိပ်ရာဘေးမှာပဲထိုင်နေခဲ့သည်။သူကအမှားလုပ်ထားတဲ့ကလေးတစ်ယောက်လိုမျိုးပူပန်စွာနဲ့ရှန်ယွီရဲ့အမူအရာတွေကိုလေ့လာနေခဲ့သည်။
အဲ့ဒါကိုမြင်လိုက်ရတော့ရှန်ယွီကဘယ်လိုမှမတတ်နိုင်ဘဲရယ်ချင်မိသွားသည်။သူတကယ်လည်းရယ်လိုက်မိပါသည်။ခဏအကြာမှာတော့သူကအနောက်ကိုမှီပြီးဆိုဖာပေါ်မှာထိုင်ချလိုက်သည်။
သူကထန်လီကိုလက်ယပ်ခေါ်လိုက်ပြီးပြောလိုက်သည်။
"ဒီကိုလာခဲ့။"
အဲ့ဒါကိုကြားလိုက်တာနဲ့ထန်လီကချက်ချင်းထလာပြီးရှန်ယွီရဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သည်။
ရှန်ယွီကမျက်တောင်တစ်ချက်မခတ်ဘဲထန်လီကိုစိုက်ကြည့်နေခဲ့သည်။ထန်လီရဲ့အသွင်အပြင်တွေကအမြဲတမ်းသူ့မှတ်ဉာဏ်တွေထဲကအတိုင်းပဲဆိုတာကိုတွေ့လိုက်ရသည်။သူ့ရဲ့မျက်ခုံး၊မျက်လုံးတွေနဲ့တည်ငြိမ်နေတဲ့အမူအရာတွေကလွန်ခဲ့တဲ့ငါးနှစ်ကထန်လီနဲ့တစ်ပုံစံတည်းပဲဖြစ်သည်။
ဒါပေမဲ့လည်းအခြေအနေတွေကတော့ပြောင်းလဲသွားခဲ့သည်။သူတို့ကလည်းရွေးချယ်စရာမရှိပဲပြောင်းလဲကြရတော့မှာပါပဲ။
"စိတ်ဆုံးဖြတ်ပြီးသွားပြီလား?"
"ဆုံးဖြတ်ပြီးသွားပါပြီ။"
ရှန်ယွီဘာကိုမေးချင်တာလဲဆိုတာကိုထန်လီကသိနေပုံပေါ်သည်။သူကနည်းနည်းလေးမှတုံ့ဆိုင်းမှုမရှိပဲပြန်ဖြေလိုက်သည်။
"နောက်နှစ်ရက်လောက်နေရင်ပစ္စည်းတွေသိမ်းဖို့ပြန်လာမှာပါ။တကယ်လို့အဲ့ဒါကခင်ဗျားအတွက်အဆင်မပြေဘူးဆိုရင်ကျွန်တော်ဘာသာသပ်သပ်ပဲထပ်ဝယ်လိုက်ပါ့မယ်။"
ရှန်ယွီကပြုံးရင်းနဲ့သက်ပြင်းချလိုက်သည်။
"ရှန်မိသားစုအိမ်တော်ကမင်းရဲ့ဒုတိယအိမ်ပါပဲ။ဘယ်အချိန်ပဲဖြစ်ဖြစ်ပြန်လာလို့ရပါတယ်။"
ထန်လီကဘာမှပြန်မပြောဘဲတိတ်တိတ်လေးနေရင်းရှန်ယွီကိုစူးစူးစိုက်စိုက်ကြည့်နေသည်။
ရှန်ယွီရဲ့မျက်နှာပေါ်မှာတော့မပြုံးချင်ပြုံးချင်နဲ့ပြုံးထားရတဲ့အပြုံးတစ်ခုရှိနေခဲ့သည်။ထန်လီရဲ့စူးရှတဲ့အကြည့်တွေကသူ့ကိုနေရခက်စေတာကြောင့်တစ်ဖက်လူရဲ့အကြည့်တွေကိုရှောင်ဖို့သူကတခြားဖက်ကိုလှည့်လိုက်သည်။
ပြုံးထား...ပြုံးထားစမ်းပါ။
သူလုံးဝကိုမပြုံးနိုင်ဘူးပဲ။
သူ့မျက်လုံးတွေနဲ့နှာခေါင်းထဲမှာစူးရှမှုကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရသည်။အဲ့ဒီနောက်မှာတော့သူ့လည်ပင်းထဲကိုအချိန်မရွေးရောက်လာနိုင်တဲ့သက်ပြင်းအရှည်ကြီးကိုစိတ်ပါလက်ပါမှုတ်ထုတ်လိုက်သည်။
သူအရမ်းတည်ငြိမ်နေပြီးလေးနက်နေတဲ့ပုံစံပေါ်နေဖို့အတွက်ဘယ်လောက်တောင်ခက်ခက်ခဲခဲကြိုးစားထားရလဲဆိုတာကိုဘုရားသခင်ပဲသိလိမ့်မည်။
အခုတစ်ခေါက်မှာတော့ထန်လီကရုတ်တရက်ကြီးသူ့အနားကိုရောက်လာခဲ့သည်။အဲ့ဒီနောက်မှာသန်မာတဲ့လက်တစ်စုံကရှန်ယွီကိုညင်သာစွာပွေ့ဖက်ထားလိုက်သည်။
"ကျွန်တော်အာမခံပါတယ်..."
ထန်လီရဲ့အသံတိုးတိုးလေးကငြင်းဆန်လို့မရနိုင်တဲ့မျက်လှည့်တစ်ခုလိုမျိုးသူ့နားထဲရောက်လာခဲ့သည်။
"ဒါကအဆုံးသတ်မဟုတ်ပါဘူး။အခုမှအစပဲရှိပါသေးတယ်။"
ရှန်ယွီကမျက်တောင်ခတ်လိုက်သည်။ထန်လီပြောတဲ့စကားတွေရဲ့အဓိပ္ပာယ်ကိုသူနားမလည်ခဲ့ပါဘူး။
သေချာတာကတော့ထန်လီကလည်းသူနားလည်တာကိုမလိုအပ်ဘူး။သူကရှန်ယွီရဲ့ခေါင်းကိုပွတ်ပေးနေရင်းသူ့ဆံပင်တွေကိုနူးနူးညံ့ညံ့လေးထိလိုက်သည်။
"ကျွန်တော်ခင်ဗျားဆီကိုပြန်လာမှာပါ။ကျွန်တော်ဘယ်တုန်းကမှထွက်သွားဖို့စိတ်ကူးမရှိခဲ့ပါဘူး။"
နောက်ဆုံးတော့ရှန်ယွီကသူ့ကိုနားလည်သွားခဲ့သည်။သူကရယ်လိုက်ပြီးသက်ပြင်းချလိုက်သည်။
"မင်းကိုငါ့ဘေးနားမှာပဲချည်နှောင်ထားဖို့တစ်ခါမှမစဥ်းစားဖူးပါဘူး။"
သူအရမ်းဝမ်းနည်းနေပေမဲ့စောင့်ဆိုင်းရင်းနဲ့အဖြေရှာသွားတာကလည်းသူ့အတွက်ကောင်းပါသည်။
သူကသူ့ကိုယ်သူဖျောင်းဖျရင်းလက်တွေ့ကိုလက်ခံလိုက်တာကလွဲပြီးဘာမှမလုပ်နိုင်ခဲ့ပါဘူး။သူကထန်လီကိုအတင်းအကျပ်နေခိုင်းမှာမဟုတ်ဘူး။
ထန်လီကဘာစကားမှမပြောဘဲမျက်လွှာချကာရှန်ယွီရဲ့လက်ကိုကိုင်လိုက်သည်။ရှန်ယွီရဲ့လက်ကိုကိုင်ထားတဲ့သူ့လက်တွေကတဖြည်းဖြည်းတင်းကျပ်လာခဲ့သည်။
ရှန်ယွီကမရုန်းပဲနဲ့ထန်လီကိုဖက်ခွင့်ပေးထားလိုက်သည်။ဆယ်မိနစ်လောက်ကြာသွားတော့မှသူကထန်လီရဲ့ရင်ဘတ်ပေါ်ကိုသူ့လက်တွေတင်လိုက်ပြီးညင်သာစွာတွန်းထုတ်လိုက်သည်။
"ကျိုးချဲကတကယ်ပဲဘယ်သူလဲ။"
ရှန်ယွီကမေးလိုက်သည်။
"သူပြောတာတော့သူကမင်းရဲ့လုပ်ဖော်ကိုင်ဖက်တဲ့။"
ထန်လီကတုံ့ဆိုင်းသွားသည်။
"ကျွန်တော်ကကုမ္ပဏီမှာသူ့ကိုကူညီပေးနေတာပါ။လုပ်ဖော်ကိုင်ဖက်လိုပါပဲ။"
ရှန်ယွီကခဏလောက်အံ့သြသွားပြီးမေးလိုက်သည်။
"ဘယ်တုန်းကတည်းကလဲ။"
ရှန်ယွီစိတ်မပျော်တော့ဘူးဆိုတာကိုထန်လီခံစားမိလိုက်သည်။သူကသူ့နှာခေါင်းကိုပဲထပ်ခါထပ်ခါထိနေခဲ့သည်။သူတအားစိုးရိမ်နေမိပေမဲ့ရှန်ယွီကိုတော့အမှန်အတိုင်းပြောပြခဲ့သည်။
"အလယ်တန်းတတိယနှစ်ဘွဲ့ယူပြီးကတည်းကပါ။"
ရှန်ယွီ : "..."
ထန်မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေရော၊ထန်လီနဲ့ကျိုးချဲရဲ့ရင်းနှီးမှုကိုရောအဲ့လိုကိစ္စမျိုးတွေမှာသူလုံးဝမပါဝင်နေခဲ့ဘူးဆိုတာကိုသူသိလိုက်ရသည်။ဒီလိုအတွင်းကျကျအကြောင်းအရာတွေကိုသူနည်းနည်းလေးတောင်မသိခဲ့ရဘူးပဲ။
ထန်လီရဲ့ကမ္ဘာမှာတော့သူကသူစိမ်းတစ်ယောက်သာသာပါပဲ။သူ့မှာဝင်စွက်ဖက်ဖို့အရည်အချင်းတောင်မရှိဘူး။
ထန်လီနဲ့ပတ်သက်ပြီးသူသိတဲ့အရာဆိုလို့ထန်လီကယောက်ျားလေးတွေကိုသဘောကျတယ်ဆိုတာပဲဖြစ်လောက်သည်။
အချိန်တော်တော်ကြာတဲ့အထိသူနက်နက်ရှိုင်းရှိုင်းနာကျင်နေရတော့မှာပဲလို့ရှန်ယွီတွေးလိုက်မိသည်။ဒါပေမဲ့အခုအချိန်မှာတော့ဘာမှမခံစားရဘူး။သူကအရမ်းထုံကျင်နေပေမဲ့သူ့နှလုံးသားထဲကလာတဲ့အပြုံးလေးနဲ့တော့ထန်လီကိုပြုံးပြလိုက်နိုင်သေးသည်။
"နောက်ကျနေပြီ။သွားအိပ်တော့။"
ရှန်ယွီကထရပ်လိုက်သည်။ခဏနေတော့မှသူကပြန်တွေးကြည့်မိပြီးပြောလိုက်သည်။
"ဒီအခန်းထဲမှာအိပ်ရာတစ်ခုပဲရှိတယ်။ငါတခြားအခန်းသွားရှာလိုက်မယ်။"
ထန်လီကမြန်မြန်ထလာပြီးသူ့နောက်ကိုလိုက်လာခဲ့သည်။
"ဒီမှာပဲနေပါ။ကျွန်တော်တခြားအခန်းကိုသွားလိုက်ပါ့မယ်။"
ရှန်ယွီကခေါင်းမော့ကြည့်လိုက်ပြီးပခုံးတွန့်လိုက်သည်။
"ကောင်းပြီလေ။"
"အဲ့ဒါဆိုကျွန်တော်သွားတော့မယ်နော်။ကိစ္စတစ်ခုခုရှိရင်ကျွန်တော့်ကိုခေါ်လိုက်။"
ထန်လီကပြောလိုက်သည်။
ရှန်ယွီကခေါင်းညိတ်လိုက်သည်။ရုတ်တရက်ကြီးသူလုံးဝစကားပြောချင်စိတ်မရှိတော့ဘူး။
ထန်လီခြေတစ်လှမ်းချင်းစီလှမ်းရင်းအခန်းထဲကထွက်သွားတာကိုသူကအကူအညီမဲ့စွာကြည့်နေခဲ့သည်။တံခါးမပိတ်ရသေးခင်မှာပဲဆိုဖာပေါ်မှာကျကျန်နေတဲ့ပန်းရောင်ပစ္စည်းလေးနှစ်ခုကိုသူ့မျက်လုံးထောင့်ကနေရုတ်တရက်လှမ်းမြင်လိုက်သည်။
အဲ့ဒါကထန်လီထိုင်ခဲ့တဲ့နေရာပဲ။
"သစ်အယ်သီးလေး"
ရှန်ယွီကမြန်မြန်လှမ်းခေါ်လိုက်သည်။
ထန်လီကခုနကအထိကောင်းကောင်းသရုပ်ဆောင်နေခဲ့တာဖြစ်သည်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့ရှန်ယွီကသူ့ကိုလှမ်းခေါ်လိုက်သည်။ရှန်ယွီရဲ့ခေါ်သံကိုကြားလိုက်တာနဲ့သူ့မျက်လုံးနှစ်လုံးကတောက်ပသွားပြီးသူ့ရဲ့စိတ်ဓာတ်ကျနေတဲ့အမူအရာကလည်းချက်ချင်းပဲအပျော်တွေပြည့်နေတဲ့အမူအရာနဲ့အစားထိုးခံလိုက်ရသည်။
ကျန်တဲ့စကားတွေကိုရှန်ယွီဆက်မပြောရသေးခင်မှာပဲထန်လီကသူ့ခြေလှမ်းတွေကိုချက်ချင်းရပ်ပစ်လိုက်ပြီးအခန်းထဲပြန်ဝင်လာကာတံခါးကိုပြန်ပိတ်လိုက်သည်။
"ကျွန်တော်ဆိုဖာပေါ်မှာပဲအိပ်လိုက်ပါ့မယ်"
သူ့မျက်လုံးနှစ်လုံးစလုံးကတလက်လက်တောက်ပနေပြီးသူကပဲအရင်စပြောလိုက်သည်။
"ဝန်ထမ်းတစ်ယောက်ကိုနောက်တော့မှအိပ်ယာအပိုနဲ့ခေါင်းအုံးယူလာခိုင်းလိုက်မယ်။"
ရှန်ယွီကအံ့ဩသွားသည်။
"ဟမ်?"
ထန်လီကတစ်ခုခုမှားနေတယ်ဆိုတာကိုသတိထားမိသွားသည်။ခဏအကြာမှာတော့သူကဇဝေဇဝါနဲ့မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။"
"မင်းတခြားအခန်းမှာသွားအိပ်မလို့မဟုတ်ဘူးလား။"
ရှန်ယွီကမေးလိုက်သည်။
ထန်လီကခဏလောက်တိတ်ဆိတ်သွားခဲ့ပြီးအားလျော့စွာပြောလိုက်သည်။
"ဒါပေမဲ့ခင်ဗျားကျွန်တော့်ကိုပြန်ခေါ်လိုက်တယ်လေ..."
"အဲ့ဒါကမင်းတစ်ခုခုကျကျန်ခဲ့လို့လေ။"
ရှန်ယွီကလက်မြှောက်လိုက်တော့သူ့ရဲ့လက်ညှိုးနဲ့လက်ခလယ်ကြားထဲမှာညှပ်ထားတဲ့လေးထောင့်ပုံစံပန်းရောင်ပစ္စည်းလေးနှစ်ခုကအလင်းထဲမှာတလက်လက်တောက်ပနေသည်။တကယ်လို့သေချာကြည့်ကြည့်မယ်ဆိုရင်အဲ့ဒီအိတ်လေးတွေပေါ်မှာရွှေရောင်အမှုန်လေးတွေရှိနေတာကိုတွေ့ရမှာဖြစ်သည်။
ထန်လီကနားမလည်နိုင်ခဲ့ဘူး။သူကရှေ့ကိုလျှောက်လာပြီးအဲ့ဒါကိုရှန်ယွီလက်ထဲကနေလှမ်းယူလိုက်သည်။
နောက်တစ်စက္ကန့်လောက်အကြာမှာတော့အဲ့ဒါကကျိုးချဲမထွက်သွားခင်သူ့အိတ်ကပ်ထဲကိုအတင်းထည့်ပေးသွားတဲ့ဟာဆိုတာကိုရုတ်တရက်သတိရသွားသည်။
သူခုနဆိုဖာပေါ်မှာထိုင်နေတဲ့အချိန်တုန်းကထွက်ကျသွားတာဖြစ်မည်။
ထန်လီကသူ့လက်ထဲမှာရှိနေတဲ့ဟာကိုကြည့်နေပြီးရှန်ယွီကိုမေးဖို့ခေါင်းမော့လိုက်သည်။
"ဒါကဘာလဲ။"
"..."
ရှန်ယွီရဲ့နှုတ်ခမ်းကနည်းနည်းတွန့်သွားသည်။သူကထန်လီရဲ့မေးခွန်းကိုပြန်မဖြေခဲ့ဘူး။
"မင်းအဲ့ဒါကိုဘယ်ကရတာလဲ။"
"ကျိုးချဲပေးတာ"
ထန်လီကပြောလိုက်သည်။
ရှန်ယွီကထန်လီရဲ့အမူအရာကိုသံသယအပြည့်နဲ့ကြည့်လိုက်တော့သူ့လက်ထဲမှာရှိနေတာကဘာလဲဆိုတာထန်လီတကယ်မသိတာကိုတွေ့လိုက်ရသည်။သူကရုတ်တရက်ကြီးဘာပြောရမှန်းမသိတော့ဘူး။
တစ်ချိန်တည်းမှာပဲသူနဲ့ထန်လီရဲ့ဆရာတွေကထန်လီကိုကိစ္စတွေအများကြီးသင်ပေးခဲ့ပေမဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်တာတွေကိုတော့တစ်ခါမှမသင်ပေးခဲ့ကြဘူးဆိုတာကိုနားလည်လိုက်ရသည်။
အဲ့ဒီအကြောင်းကိုစဥ်းစားမိပြီးသူကသက်ပြင်းချလိုက်သည်။
"မင်း အဲ့ဒါကိုဖွင့်ပြီးကြည့်ကြည့်လိုက်။"
ထန်လီကသူ့အပေါ်မှာလုံးဝသံသယမရှိခဲ့ဘူး။သူကလေးထောင့်ပုံစံပန်းရောင်အိတ်လေးကိုဖြဲပြီးဖွင့်လိုက်သည်။သူလှုပ်တော့မယ့်အချိန်မှာပဲတစ်ခုခုကိုချက်ချင်းသတိထားမိသွားပြီးသူ့ခန္ဓာကိုယ်ကတောင့်တင်းသွားသည်။
ရှန်ယွီကယောက်ယက်ခတ်နေတဲ့မြင်ကွင်းကိုကြည့်ရှုခံစားနေပြီးလက်ပိုက်လိုက်သည်။အဲ့ဒီနောက်မှာတော့သူကဆိုဖာပေါ်မှာထိုင်ဖို့နောက်လှည့်လိုက်သည်။သူကအရမ်းကိုအေးအေးဆေးဆေးဖြစ်နေပြီးချက်ချင်းနီရဲတက်လာတဲ့ထန်လီရဲ့မျက်နှာကိုကြည့်နေခဲ့သည်။
သူကထန်လီကိုစနောက်ပြီးမေးလိုက်သည်။
"အဲ့ဒါကဘာလဲဆိုတာအခုသိသွားပြီလား။"
ထန်လီရဲ့ဉာဏ်နီဉာဏ်နက်တွေနဲ့မျက်နှာအမူအရာတွေကိုတွေ့ရဖို့ဆိုတာကသိပ်မလွယ်ဘူး။လေးထောင့်ပုံစံပန်းရောင်အိတ်လေးနှစ်ခုကအခုထိသူ့လက်ထဲမှာရှိနေသေးသည်။သူခဏလောက်စဥ်းစားလိုက်ပြီးနောက်မှာတော့အဲ့ဒါတွေကိုကိုင်ထားရတာလည်းသိပ်မကောင်းသလိုပစ်ချလိုက်ရမှာလည်းသိပ်မကောင်းဘူးလို့ထင်တာကြောင့်အဲ့ဒီအတိုင်းရပ်နေရုံပဲလုပ်နိုင်တော့သည်။
"ကျွန်တော်_ကျွန်တော်ကဒီအတိုင်း..."
ထန်လီရဲ့မျက်နှာကမျောက်ဖင်နီလိုမျိုးနီရဲနေခဲ့သည်။သူကရုတ်တရက်ကြီးထစ်ထစ်ငေါ့ငေါ့ပြောလာသည်။
"ကျွန်တော်ခုနတုန်းကအဲ့ဒါဘာလဲဆိုတာတကယ်မသိခဲ့တာပါ။အထုပ်ပုံစံကအရမ်းထူးဆန်းလို့ထင်တယ်။ဒီလိုတောက်တောက်ပပပုံစံမျိုးကိုတစ်ခါမှမမြင်ဖူးဘူး။"
ရှန်ယွီကရယ်ရမလားငိုရမလားတောင်မသိတော့ဘူး။
"မင်းမမြင်ဖူးလို့နေမှာပါ။တကယ်တော့ဒီထက်ပိုပြီးထူးဆန်းတဲ့ပုံစံမျိုးတွေရှိသေးတယ်။"
ထန်လီကသက်ပြင်းချလိုက်ပြီးအဲ့ဒါတွေကိုအမှိုက်ပုံးထဲလွှင့်ပစ်လိုက်သည်။
"အဲ့ဒါဆိုရင်အခုကျွန်တော်သွားတော့မယ်နော်။"
"အင်း"
ရှန်ယွီကတစ်စက်မှမလှုပ်ဘဲဆိုဖာပေါ်မှာထိုင်နေခဲ့သည်။တံခါးဆီကိုထန်လီလျှောက်သွားတာကိုသူကမျက်တောင်မခတ်ဘဲငေးကြည့်နေခဲ့သည်။
အဲ့ဒီအချိန်ခဏလေးအတွင်းမှာသူ့ဦးနှောက်ကဘယ်လိုဖြစ်သွားလဲဆိုတာသူကိုယ်တိုင်တောင်မသိနိုင်တော့ဘဲမေးလိုက်မိသည်။
"ဒါနဲ့အဲ့ဒါကိုကျိုးချဲကမင်းကိုပေးခဲ့တာလို့ပြောလိုက်တယ်မလား။မင်းအဲ့ဒါကိုဘယ်သူနဲ့သုံးမလို့လဲ။"
အဲ့ဒါကိုကြားလိုက်ရတဲ့အချိန်မှာထန်လီကကြက်သေသေသွားခဲ့သည်။
ရှန်ယွီကဆက်မေးလိုက်သည်။
"မင်းသဘောကျနေတဲ့သူနဲ့လား။"
---------------------------------------
ကိုယ်ပြန်လာပါပြီ။အလုပ်တွေရှုပ်နေလို့ဒီဘက်မလှည့်ဖြစ်တာပါ။စိတ်ပူပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။ဒီတစ်ပတ်ကစပြီးပုံမှန်အတိုင်းတစ်ပတ်နှစ်ပိုင်းပြန်တင်ပေးပါတော့မယ်။ပြီးတော့ဗီလိန်လေးကိုကိုယ်အဆုံးထိတင်ပေးသွားမှာမို့လို့စိတ်မပူကြပါနဲ့နော်။
Zawgyi
သူဘာျဖစ္လို႔ဒီေလာက္ေတာင္ဝမ္းနည္းေနလဲဆိုတာရွန္ယြီမသိေတာ့ဘူး။သူတကယ္ပဲစိတ္ၿငိမ္ၿငိမ္ထားခ်င္ေပမဲ့အခ်ိန္နည္းနည္းၾကာသြားတာေတာင္သူ႕စိတ္ေတြကမတည္ၿငိမ္နိုင္ေသးဘူး။
ဆိုး႐ြားလြန္းတဲ့ေလထုကဧရာမလက္ႀကီးအျဖစ္မသိမသာေျပာင္းလဲသြားၿပီးရွန္ယြီရဲ႕လည္ပင္းကိုရက္ရက္စက္စက္ညွစ္ထားသည္။အဲ့ဒါေၾကာင့္ျဖစ္လာတဲ့မြန္းက်ပ္မႈႀကီးကသူ႕ကိုေအာက္စီဂ်င္နည္းနည္းေလးမွရႉလို႔မရေအာင္တားဆီးထားခဲ့သည္။
ေသခါနီးငါးတစ္ေကာင္ကနာနာက်င္က်င္အသက္ရႉေနရသလိုမ်ိဳးသူကလည္းပါးစပ္ကိုဟၿပီးအသက္ရႈနိုင္ဖို႔ႀကိဳးစားေနမိသည္။
ထန္လီကေယာက်္ားေလးေတြကိုသေဘာက်တာကိုသူသိလိုက္ရတဲ့အခ်ိန္တုန္းကေတာင္အဲ့ဒါကိုလက္ခံေပးဖို႔သူ႕အတြက္သိပ္မခက္ခဲခဲ့ဘူး။
သူပင္ပင္ပန္းပန္းပ်ိဳးေထာင္ထားခဲ့တဲ့ေဂၚ ဖီထုပ္ေလးကိုေတာဝက္တစ္ေကာင္ဆြဲသြားၿပီလို႔ခံစားမိခဲ့တဲ့အခ်ိန္တုန္းကေပါ့။
ဒါေပမဲ့ဒီတစ္ေခါက္မွာေတာ့ေဂၚ ဖီထုပ္ေလးကအရင္ထြက္သြားဖို႔ႀကိဳးစားခဲ့သည္။
အမွန္ပဲ။
ထန္လီကထြက္သြားဖို႔ေ႐ြးခ်ယ္ခဲ့သည္။
တကယ္ေတာ့ဒီလိုေန႕မ်ိဳးေရာက္လာလိမ့္မယ္ဆိုတာကိုရွန္ယြီသိထားၿပီးသားပါပဲ။ၿပီးေတာ့ဒီလိုေန႕မ်ိဳးအတြက္လည္းသူေကာင္းေကာင္းျပင္ဆင္ထားခဲ့ပါသည္။
ဒါေပမဲ့ဒီအခိုက္အတန႔္ကတကယ္ႀကီးေရာက္လာတဲ့အခ်ိန္မွာေတာ့အမွန္တရားကအရမ္းကိုရက္စက္ၿပီးလက္ခံဖို႔ခက္ခဲလြန္းတယ္လို႔သူခံစားလိုက္ရသည္။
ထန္လီကသူ႕ေမးခြန္းကိုျပန္မေျဖေလာက္ေတာ့ဘူးလို႔ေတြးေနမိတဲ့အခ်ိန္မွာပဲတဖက္လူရဲ႕ေႏွးေကြးလြန္းတဲ့စကားသံကိုသူၾကားလိုက္ရသည္။
"လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္တုန္းကထန္မိသားစုရဲ႕ထန္မင္းကကြၽန္ေတာ့္ဆီေရာက္လာခဲ့ၿပီးကြၽန္ေတာ့္ရဲ႕အဖိုးရဲ႕အေျခအေနကအရမ္းစိုးရိမ္ရတယ္လို႔ေျပာတယ္။သူကအဖိုးမေသခင္ကြၽန္ေတာ့္ကိုသြားေတြ႕ေစခ်င္ခဲ့တယ္။"
ေနာက္ဆုံးေတာ့သူကထပ္ေျပာလိုက္သည္။
"လြန္ခဲ့တဲ့ႏွစ္ရက္တုန္းကလည္းကြၽန္ေတာ့္ကိုအဖိုးရွန္ဆီကေနထန္မင္းကေခၚထုတ္လာေပးခဲ့တာပါ။"
အဲ့ဒါကိုၾကားလိုက္ရတဲ့အခ်ိန္မွာရွန္ယြီကအံ့ဩသြားခဲ့သည္။
ေလာကဓံကိုအမ်ားႀကီးႀကဳံေတြ႕ခဲ့ရတဲ့ပုံေပၚေနတဲ့ျဖဴေလ်ာ္ေနတဲ့မ်က္ႏွာကသူ႕ရဲ႕ဗလာျဖစ္ေနတဲ့စိတ္အာ႐ုံထဲမွာတျဖည္းျဖည္းေပၚလာခဲ့သည္။ရွန္ယြီရဲ႕အျမင္အရဆိုရင္ေတာ့ထန္လီရဲ႕အဖိုးကအၿမဲတမ္းေနမေကာင္းျဖစ္ေနၿပီးသူ႕ရဲ႕သာမာန္႐ုပ္ရည္ကိုေတာင္မျမင္ရနိုင္ေလာက္တဲ့အထိပိန္ခ်ဳံးေနခဲ့တာျဖစ္သည္။
ရွန္မိသားစုအိမ္ေတာ္ကိုထန္လီမေရာက္လာခင္တုန္းကအုပ္ထိန္းခြင့္နဲ႕ပတ္သက္တဲ့ကိစၥေတြေၾကာင့္ထန္လီရဲ႕အဖိုးနဲ႕အႀကိမ္ေပါင္းမ်ားစြာေတြ႕ခဲ့ဖူးသည္။ေနာက္ပိုင္းမွာေတာ့သူကဦးေလးက်န္းကိုထန္လီရဲ႕အဖိုးအတြက္နာတာရွည္က်န္းမာေရးဌာနတစ္ခုရွာခိုင္းလိုက္ၿပီးထန္လီရဲ႕ေဆြမ်ိဳးေတြကိုေတာ့ပိုက္ဆံေတြေပးခဲ့သည္။အဲ့ဒါေတြအားလုံးၿပီးသြားတဲ့အခ်ိန္မွာေတာ့သူကအဲ့ဒီကိစၥေတြကိုထပ္ၿပီးအာ႐ုံမစိုက္မိေတာ့ပါဘူး။
တကယ္လို႔ထန္လီကသာအဲ့ဒီအေၾကာင္းကို႐ုတ္တရက္ႀကီးထုတ္မေျပာခဲ့ဘူးဆိုရင္သခၤ်ိဳင္းကိုေျခတစ္ဖက္လွမ္းေနတဲ့လူအိုႀကီးကိုရွန္ယြီလုံးဝေမ့ေနေလာက္သည္။
ၿပီးေတာ့ထန္မင္း...
အရမ္းရင္းႏွီးေနတဲ့နာမည္တစ္ခုပဲ။
လြန္ခဲ့တဲ့ငါးႏွစ္ထန္လီက်င္းခ်န္မွာအဂၤလိပ္စာၿပိဳင္ပြဲသြားၿပိဳင္ရတုန္းကသူလိုက္သြားခဲ့တာကိုသတိရသြားသည္။စာၾကည့္တိုက္ရဲ႕အျပင္ဘက္မွာသူ႕ရဲ႕ဝမ္းကြဲညီေလးျဖစ္တဲ့ထန္ဝမ္က်င္းကိုေစာင့္ေနခဲ့တဲ့ထန္မင္းဆိုတဲ့ေကာင္ေလးကသူ႕အာ႐ုံထဲမွာ႐ုတ္တရက္ေပၚလာခဲ့သည္။
သူ႕တြက္ခ်က္မႈေတြအရတကယ္လို႔သူသာမူလဇာတ္ေၾကာင္းအတိုင္းသြားခဲ့မယ္ဆိုရင္အခုအခ်ိန္ကထန္မိသားစုဆီကိုထန္လီျပန္သြားရေတာ့မယ့္အရမ္းကိုအေရးႀကီးတဲ့အခ်ိန္ျဖစ္သည္။
ရွန္ယြီကဘယ္လိုမွမတတ္နိုင္ပဲနက္ရွိုင္းလြန္းတဲ့အေတြးေတြထဲမွာခဏေလာက္နစ္ျမဳပ္သြားခဲ့သည္။
အခ်ိန္ခဏၾကာေတာ့မွရွန္ယြီကဆံပင္အေျခာက္ခံစက္ကိုျပန္ယူလိုက္ၿပီးထန္လီရဲ႕အခုထိစိုေနေသးတဲ့ဆံပင္ေတြကိုဆက္ၿပီးအေျခာက္ခံေပးေနလိုက္သည္။
အဲ့ဒီလိုနဲ႕တစ္နာရီေလာက္ၾကာတဲ့အထိဆက္တိုက္အေျခာက္ခံေပးေနခဲ့သည္။
အဲ့ဒီေနာက္မွာေတာ့ရွန္ယြီကအိပ္ရာေပၚကထလိုက္ၿပီးေရခ်ိဳးခန္းထဲကိုဒယိမ္းဒယိုင္ေလွ်ာက္သြားကာဆံပင္အေျခာက္ခံစက္ကိုအံဆြဲထဲျပန္ထည့္ထားလိုက္သည္။
သူကမွန္ကိုမ်က္ႏွာမူလိုက္ၿပီးေဘစင္ေပၚမွာလက္ေထာက္ထားလိုက္ကာခံစားခ်က္မဲ့စြာနဲ႕မွန္ထဲကိုၾကည့္လိုက္မိသည္။သူ႕မ်က္ႏွာေပၚမွာဘာအေရာင္မွမရွိေနေတာ့ဘဲျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနခဲ့သည္။အၿပဳံးတုတစ္ခုကိုေတာင္ညွစ္ထုတ္လို႔မရေလာက္တဲ့အထိသူ႕မ်က္ႏွာအမူအရာကဆိုး႐ြားေနခဲ့သည္။
ထန္လီကထြက္သြားခ်င္တယ္ဆိုမွေတာ့သူကလႊတ္ေပးလိုက္ရေတာ့မွာေပါ့။
ကေလးေတြကတျဖည္းျဖည္းနဲ႕ႀကီးျပင္းလာၾကၿပီးကိုယ္ပိုင္အေတြးေတြရွိလာၾကတယ္ဆိုတာကိုနားလည္ေပးနိုင္ပါသည္။
ဒါ့အျပင္အစကတည္းကထန္လီကိုေခၚထားခဲ့ရတဲ့ရည္႐ြယ္ခ်က္ကသူနဲ႕ဘဝတစ္ေလွ်ာက္လုံးအတူရွိသြားဖို႔မွမဟုတ္တာပဲ။ထန္လီကသူ႕ကိုမမုန္းေတာ့ဘဲမူလဇာတ္ေၾကာင္းထဲကလိုလုပ္ရပ္မ်ိဳးေတြမလုပ္ေတာ့ဘူးဆိုတာနဲ႕တင္သူ႕အစီအစဥ္ကေအာင္ျမင္သြားပါၿပီ။
ရွန္ယြီကသူ႕ကိုယ္သူထပ္ကာထပ္ကာႏွစ္သိမ့္ေနမိေပမဲ့သူ႕ခံစားခ်က္ေတြကနည္းနည္းေလးမွျပန္မေကာင္းလာခဲ့ပါဘူး။
ေနာက္ဆုံးမွာေတာ့သူကလက္ေလွ်ာ့လိုက္ေတာ့သည္။
သူကေရခ်ိဳးခန္းထဲကေနမႈန္မွိုင္းေနတဲ့အမူအရာနဲ႕ျပန္ထြက္လာခဲ့သည္။
ထန္လီကတစ္စက္မွမလႈပ္ဘဲအိပ္ရာေဘးမွာပဲထိုင္ေနခဲ့သည္။သူကအမွားလုပ္ထားတဲ့ကေလးတစ္ေယာက္လိုမ်ိဳးပူပန္စြာနဲ႕ရွန္ယြီရဲ႕အမူအရာေတြကိုေလ့လာေနခဲ့သည္။
အဲ့ဒါကိုျမင္လိုက္ရေတာ့ရွန္ယြီကဘယ္လိုမွမတတ္နိုင္ဘဲရယ္ခ်င္မိသြားသည္။သူတကယ္လည္းရယ္လိုက္မိပါသည္။ခဏအၾကာမွာေတာ့သူကအေနာက္ကိုမွီၿပီးဆိုဖာေပၚမွာထိုင္ခ်လိဳက္သည္။
သူကထန္လီကိုလက္ယပ္ေခၚလိုက္ၿပီးေျပာလိုက္သည္။
"ဒီကိုလာခဲ့။"
အဲ့ဒါကိုၾကားလိုက္တာနဲ႕ထန္လီကခ်က္ခ်င္းထလာၿပီးရွန္ယြီရဲ႕မ်က္ႏွာခ်င္းဆိုင္ခုံမွာဝင္ထိုင္လိုက္သည္။
ရွန္ယြီကမ်က္ေတာင္တစ္ခ်က္မခတ္ဘဲထန္လီကိုစိုက္ၾကည့္ေနခဲ့သည္။ထန္လီရဲ႕အသြင္အျပင္ေတြကအၿမဲတမ္းသူ႕မွတ္ဉာဏ္ေတြထဲကအတိုင္းပဲဆိုတာကိုေတြ႕လိုက္ရသည္။သူ႕ရဲ႕မ်က္ခုံး၊မ်က္လုံးေတြနဲ႕တည္ၿငိမ္ေနတဲ့အမူအရာေတြကလြန္ခဲ့တဲ့ငါးႏွစ္ကထန္လီနဲ႕တစ္ပုံစံတည္းပဲျဖစ္သည္။
ဒါေပမဲ့လည္းအေျခအေနေတြကေတာ့ေျပာင္းလဲသြားခဲ့သည္။သူတို႔ကလည္းေ႐ြးခ်ယ္စရာမရွိပဲေျပာင္းလဲၾကရေတာ့မွာပါပဲ။
"စိတ္ဆုံးျဖတ္ၿပီးသြားၿပီလား?"
"ဆုံးျဖတ္ၿပီးသြားပါၿပီ။"
ရွန္ယြီဘာကိုေမးခ်င္တာလဲဆိုတာကိုထန္လီကသိေနပုံေပၚသည္။သူကနည္းနည္းေလးမွတုံ႕ဆိုင္းမႈမရွိပဲျပန္ေျဖလိုက္သည္။
"ေနာက္ႏွစ္ရက္ေလာက္ေနရင္ပစၥည္းေတြသိမ္းဖို႔ျပန္လာမွာပါ။တကယ္လို႔အဲ့ဒါကခင္ဗ်ားအတြက္အဆင္မေျပဘူးဆိုရင္ကြၽန္ေတာ္ဘာသာသပ္သပ္ပဲထပ္ဝယ္လိုက္ပါ့မယ္။"
ရွန္ယြီကၿပဳံးရင္းနဲ႕သက္ျပင္းခ်လိဳက္သည္။
"ရွန္မိသားစုအိမ္ေတာ္ကမင္းရဲ႕ဒုတိယအိမ္ပါပဲ။ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ျပန္လာလို႔ရပါတယ္။"
ထန္လီကဘာမွျပန္မေျပာဘဲတိတ္တိတ္ေလးေနရင္းရွန္ယြီကိုစူးစူးစိုက္စိုက္ၾကည့္ေနသည္။
ရွန္ယြီရဲ႕မ်က္ႏွာေပၚမွာေတာ့မၿပဳံးခ်င္ၿပဳံးခ်င္နဲ႕ၿပဳံးထားရတဲ့အၿပဳံးတစ္ခုရွိေနခဲ့သည္။ထန္လီရဲ႕စူးရွတဲ့အၾကည့္ေတြကသူ႕ကိုေနရခက္ေစတာေၾကာင့္တစ္ဖက္လူရဲ႕အၾကည့္ေတြကိုေရွာင္ဖို႔သူကတျခားဖက္ကိုလွည့္လိုက္သည္။
ၿပဳံးထား...ၿပဳံးထားစမ္းပါ။
သူလုံးဝကိုမၿပဳံးနိုင္ဘူးပဲ။
သူ႕မ်က္လုံးေတြနဲ႕ႏွာေခါင္းထဲမွာစူးရွမႈကိုျပင္းျပင္းထန္ထန္ခံစားလိုက္ရသည္။အဲ့ဒီေနာက္မွာေတာ့သူ႕လည္ပင္းထဲကိုအခ်ိန္မေ႐ြးေရာက္လာနိုင္တဲ့သက္ျပင္းအရွည္ႀကီးကိုစိတ္ပါလက္ပါမႈတ္ထုတ္လိုက္သည္။
သူအရမ္းတည္ၿငိမ္ေနၿပီးေလးနက္ေနတဲ့ပုံစံေပၚေနဖို႔အတြက္ဘယ္ေလာက္ေတာင္ခက္ခက္ခဲခဲႀကိဳးစားထားရလဲဆိုတာကိုဘုရားသခင္ပဲသိလိမ့္မည္။
အခုတစ္ေခါက္မွာေတာ့ထန္လီက႐ုတ္တရက္ႀကီးသူ႕အနားကိုေရာက္လာခဲ့သည္။အဲ့ဒီေနာက္မွာသန္မာတဲ့လက္တစ္စုံကရွန္ယြီကိုညင္သာစြာေပြ႕ဖက္ထားလိုက္သည္။
"ကြၽန္ေတာ္အာမခံပါတယ္..."
ထန္လီရဲ႕အသံတိုးတိုးေလးကျငင္းဆန္လို႔မရနိုင္တဲ့မ်က္လွည့္တစ္ခုလိုမ်ိဳးသူ႕နားထဲေရာက္လာခဲ့သည္။
"ဒါကအဆုံးသတ္မဟုတ္ပါဘူး။အခုမွအစပဲရွိပါေသးတယ္။"
ရွန္ယြီကမ်က္ေတာင္ခတ္လိုက္သည္။ထန္လီေျပာတဲ့စကားေတြရဲ႕အဓိပၸာယ္ကိုသူနားမလည္ခဲ့ပါဘူး။
ေသခ်ာတာကေတာ့ထန္လီကလည္းသူနားလည္တာကိုမလိုအပ္ဘူး။သူကရွန္ယြီရဲ႕ေခါင္းကိုပြတ္ေပးေနရင္းသူ႕ဆံပင္ေတြကိုႏူးႏူးညံ့ညံ့ေလးထိလိုက္သည္။
"ကြၽန္ေတာ္ခင္ဗ်ားဆီကိုျပန္လာမွာပါ။ကြၽန္ေတာ္ဘယ္တုန္းကမွထြက္သြားဖို႔စိတ္ကူးမရွိခဲ့ပါဘူး။"
ေနာက္ဆုံးေတာ့ရွန္ယြီကသူ႕ကိုနားလည္သြားခဲ့သည္။သူကရယ္လိုက္ၿပီးသက္ျပင္းခ်လိဳက္သည္။
"မင္းကိုငါ့ေဘးနားမွာပဲခ်ည္ေႏွာင္ထားဖို႔တစ္ခါမွမစဥ္းစားဖူးပါဘူး။"
သူအရမ္းဝမ္းနည္းေနေပမဲ့ေစာင့္ဆိုင္းရင္းနဲ႕အေျဖရွာသြားတာကလည္းသူ႕အတြက္ေကာင္းပါသည္။
သူကသူ႕ကိုယ္သူေဖ်ာင္းဖ်ရင္းလက္ေတြ႕ကိုလက္ခံလိုက္တာကလြဲၿပီးဘာမွမလုပ္နိုင္ခဲ့ပါဘူး။သူကထန္လီကိုအတင္းအက်ပ္ေနခိုင္းမွာမဟုတ္ဘူး။
ထန္လီကဘာစကားမွမေျပာဘဲမ်က္လႊာခ်ကာရွန္ယြီရဲ႕လက္ကိုကိုင္လိုက္သည္။ရွန္ယြီရဲ႕လက္ကိုကိုင္ထားတဲ့သူ႕လက္ေတြကတျဖည္းျဖည္းတင္းက်ပ္လာခဲ့သည္။
ရွန္ယြီကမ႐ုန္းပဲနဲ႕ထန္လီကိုဖက္ခြင့္ေပးထားလိုက္သည္။ဆယ္မိနစ္ေလာက္ၾကာသြားေတာ့မွသူကထန္လီရဲ႕ရင္ဘတ္ေပၚကိုသူ႕လက္ေတြတင္လိုက္ၿပီးညင္သာစြာတြန္းထုတ္လိုက္သည္။
"က်ိဳးခ်ဲကတကယ္ပဲဘယ္သူလဲ။"
ရွန္ယြီကေမးလိုက္သည္။
"သူေျပာတာေတာ့သူကမင္းရဲ႕လုပ္ေဖာ္ကိုင္ဖက္တဲ့။"
ထန္လီကတုံ႕ဆိုင္းသြားသည္။
"ကြၽန္ေတာ္ကကုမၸဏီမွာသူ႕ကိုကူညီေပးေနတာပါ။လုပ္ေဖာ္ကိုင္ဖက္လိုပါပဲ။"
ရွန္ယြီကခဏေလာက္အံ့ၾသသြားၿပီးေမးလိုက္သည္။
"ဘယ္တုန္းကတည္းကလဲ။"
ရွန္ယြီစိတ္မေပ်ာ္ေတာ့ဘူးဆိုတာကိုထန္လီခံစားမိလိုက္သည္။သူကသူ႕ႏွာေခါင္းကိုပဲထပ္ခါထပ္ခါထိေနခဲ့သည္။သူတအားစိုးရိမ္ေနမိေပမဲ့ရွန္ယြီကိုေတာ့အမွန္အတိုင္းေျပာျပခဲ့သည္။
"အလယ္တန္းတတိယႏွစ္ဘြဲ႕ယူၿပီးကတည္းကပါ။"
ရွန္ယြီ : "..."
ထန္မိသားစုနဲ႕ပတ္သက္တဲ့ကိစၥေတြေရာ၊ထန္လီနဲ႕က်ိဳးခ်ဲရဲ႕ရင္းႏွီးမႈကိုေရာအဲ့လိုကိစၥမ်ိဳးေတြမွာသူလုံးဝမပါဝင္ေနခဲ့ဘူးဆိုတာကိုသူသိလိုက္ရသည္။ဒီလိုအတြင္းက်က်အေၾကာင္းအရာေတြကိုသူနည္းနည္းေလးေတာင္မသိခဲ့ရဘူးပဲ။
ထန္လီရဲ႕ကမာၻမွာေတာ့သူကသူစိမ္းတစ္ေယာက္သာသာပါပဲ။သူ႕မွာဝင္စြက္ဖက္ဖို႔အရည္အခ်င္းေတာင္မရွိဘူး။
ထန္လီနဲ႕ပတ္သက္ၿပီးသူသိတဲ့အရာဆိုလို႔ထန္လီကေယာက္်ားေလးေတြကိုသေဘာက်တယ္ဆိုတာပဲျဖစ္ေလာက္သည္။
အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိသူနက္နက္ရွိုင္းရွိုင္းနာက်င္ေနရေတာ့မွာပဲလို႔ရွန္ယြီေတြးလိုက္မိသည္။ဒါေပမဲ့အခုအခ်ိန္မွာေတာ့ဘာမွမခံစားရဘူး။သူကအရမ္းထုံက်င္ေနေပမဲ့သူ႕ႏွလုံးသားထဲကလာတဲ့အၿပဳံးေလးနဲ႕ေတာ့ထန္လီကိုၿပဳံးျပလိုက္နိုင္ေသးသည္။
"ေနာက္က်ေနၿပီ။သြားအိပ္ေတာ့။"
ရွန္ယြီကထရပ္လိုက္သည္။ခဏေနေတာ့မွသူကျပန္ေတြးၾကည့္မိၿပီးေျပာလိုက္သည္။
"ဒီအခန္းထဲမွာအိပ္ရာတစ္ခုပဲရွိတယ္။ငါတျခားအခန္းသြားရွာလိုက္မယ္။"
ထန္လီကျမန္ျမန္ထလာၿပီးသူ႕ေနာက္ကိုလိုက္လာခဲ့သည္။
"ဒီမွာပဲေနပါ။ကြၽန္ေတာ္တျခားအခန္းကိုသြားလိုက္ပါ့မယ္။"
ရွန္ယြီကေခါင္းေမာ့ၾကည့္လိုက္ၿပီးပခုံးတြန႔္လိုက္သည္။
"ေကာင္းၿပီေလ။"
"အဲ့ဒါဆိုကြၽန္ေတာ္သြားေတာ့မယ္ေနာ္။ကိစၥတစ္ခုခုရွိရင္ကြၽန္ေတာ့္ကိုေခၚလိုက္။"
ထန္လီကေျပာလိုက္သည္။
ရွန္ယြီကေခါင္းညိတ္လိုက္သည္။႐ုတ္တရက္ႀကီးသူလုံးဝစကားေျပာခ်င္စိတ္မရွိေတာ့ဘူး။
ထန္လီေျခတစ္လွမ္းခ်င္းစီလွမ္းရင္းအခန္းထဲကထြက္သြားတာကိုသူကအကူအညီမဲ့စြာၾကည့္ေနခဲ့သည္။တံခါးမပိတ္ရေသးခင္မွာပဲဆိုဖာေပၚမွာက်က်န္ေနတဲ့ပန္းေရာင္ပစၥည္းေလးႏွစ္ခုကိုသူ႕မ်က္လုံးေထာင့္ကေန႐ုတ္တရက္လွမ္းျမင္လိုက္သည္။
အဲ့ဒါကထန္လီထိုင္ခဲ့တဲ့ေနရာပဲ။
"သစ္အယ္သီးေလး"
ရွန္ယြီကျမန္ျမန္လွမ္းေခၚလိုက္သည္။
ထန္လီကခုနကအထိေကာင္းေကာင္းသ႐ုပ္ေဆာင္ေနခဲ့တာျဖစ္သည္။ဒါေပမဲ့အဲ့ဒီေနာက္မွာေတာ့ရွန္ယြီကသူ႕ကိုလွမ္းေခၚလိုက္သည္။ရွန္ယြီရဲ႕ေခၚသံကိုၾကားလိုက္တာနဲ႕သူ႕မ်က္လုံးႏွစ္လုံးကေတာက္ပသြားၿပီးသူ႕ရဲ႕စိတ္ဓာတ္က်ေနတဲ့အမူအရာကလည္းခ်က္ခ်င္းပဲအေပ်ာ္ေတြျပည့္ေနတဲ့အမူအရာနဲ႕အစားထိုးခံလိုက္ရသည္။
က်န္တဲ့စကားေတြကိုရွန္ယြီဆက္မေျပာရေသးခင္မွာပဲထန္လီကသူ႕ေျခလွမ္းေတြကိုခ်က္ခ်င္းရပ္ပစ္လိုက္ၿပီးအခန္းထဲျပန္ဝင္လာကာတံခါးကိုျပန္ပိတ္လိုက္သည္။
"ကြၽန္ေတာ္ဆိုဖာေပၚမွာပဲအိပ္လိုက္ပါ့မယ္"
သူ႕မ်က္လုံးႏွစ္လုံးစလုံးကတလက္လက္ေတာက္ပေနၿပီးသူကပဲအရင္စေျပာလိုက္သည္။
"ဝန္ထမ္းတစ္ေယာက္ကိုေနာက္ေတာ့မွအိပ္ယာအပိုနဲ႕ေခါင္းအုံးယူလာခိုင္းလိုက္မယ္။"
ရွန္ယြီကအံ့ဩသြားသည္။
"ဟမ္?"
ထန္လီကတစ္ခုခုမွားေနတယ္ဆိုတာကိုသတိထားမိသြားသည္။ခဏအၾကာမွာေတာ့သူကဇေဝဇဝါနဲ႕ေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ။"
"မင္းတျခားအခန္းမွာသြားအိပ္မလို႔မဟုတ္ဘူးလား။"
ရွန္ယြီကေမးလိုက္သည္။
ထန္လီကခဏေလာက္တိတ္ဆိတ္သြားခဲ့ၿပီးအားေလ်ာ့စြာေျပာလိုက္သည္။
"ဒါေပမဲ့ခင္ဗ်ားကြၽန္ေတာ့္ကိုျပန္ေခၚလိုက္တယ္ေလ..."
"အဲ့ဒါကမင္းတစ္ခုခုက်က်န္ခဲ့လို႔ေလ။"
ရွန္ယြီကလက္ျမႇောက္လိုက္ေတာ့သူ႕ရဲ႕လက္ညွိုးနဲ႕လက္ခလယ္ၾကားထဲမွာညွပ္ထားတဲ့ေလးေထာင့္ပုံစံပန္းေရာင္ပစၥည္းေလးႏွစ္ခုကအလင္းထဲမွာတလက္လက္ေတာက္ပေနသည္။တကယ္လို႔ေသခ်ာၾကည့္ၾကည့္မယ္ဆိုရင္အဲ့ဒီအိတ္ေလးေတြေပၚမွာေ႐ႊေရာင္အမႈန္ေလးေတြရွိေနတာကိုေတြ႕ရမွာျဖစ္သည္။
ထန္လီကနားမလည္နိုင္ခဲ့ဘူး။သူကေရွ႕ကိုေလွ်ာက္လာၿပီးအဲ့ဒါကိုရွန္ယြီလက္ထဲကေနလွမ္းယူလိုက္သည္။
ေနာက္တစ္စကၠန႔္ေလာက္အၾကာမွာေတာ့အဲ့ဒါကက်ိဳးခ်ဲမထြက္သြားခင္သူ႕အိတ္ကပ္ထဲကိုအတင္းထည့္ေပးသြားတဲ့ဟာဆိုတာကို႐ုတ္တရက္သတိရသြားသည္။
သူခုနဆိုဖာေပၚမွာထိုင္ေနတဲ့အခ်ိန္တုန္းကထြက္က်သြားတာျဖစ္မည္။
ထန္လီကသူ႕လက္ထဲမွာရွိေနတဲ့ဟာကိုၾကည့္ေနၿပီးရွန္ယြီကိုေမးဖို႔ေခါင္းေမာ့လိုက္သည္။
"ဒါကဘာလဲ။"
"..."
ရွန္ယြီရဲ႕ႏႈတ္ခမ္းကနည္းနည္းတြန႔္သြားသည္။သူကထန္လီရဲ႕ေမးခြန္းကိုျပန္မေျဖခဲ့ဘူး။
"မင္းအဲ့ဒါကိုဘယ္ကရတာလဲ။"
"က်ိဳးခ်ဲေပးတာ"
ထန္လီကေျပာလိုက္သည္။
ရွန္ယြီကထန္လီရဲ႕အမူအရာကိုသံသယအျပည့္နဲ႕ၾကည့္လိုက္ေတာ့သူ႕လက္ထဲမွာရွိေနတာကဘာလဲဆိုတာထန္လီတကယ္မသိတာကိုေတြ႕လိုက္ရသည္။သူက႐ုတ္တရက္ႀကီးဘာေျပာရမွန္းမသိေတာ့ဘူး။
တစ္ခ်ိန္တည္းမွာပဲသူနဲ႕ထန္လီရဲ႕ဆရာေတြကထန္လီကိုကိစၥေတြအမ်ားႀကီးသင္ေပးခဲ့ေပမဲ့အဲ့ဒီကိစၥနဲ႕ပတ္သက္တာေတြကိုေတာ့တစ္ခါမွမသင္ေပးခဲ့ၾကဘူးဆိုတာကိုနားလည္လိုက္ရသည္။
အဲ့ဒီအေၾကာင္းကိုစဥ္းစားမိၿပီးသူကသက္ျပင္းခ်လိဳက္သည္။
"မင္း အဲ့ဒါကိုဖြင့္ၿပီးၾကည့္ၾကည့္လိုက္။"
ထန္လီကသူ႕အေပၚမွာလုံးဝသံသယမရွိခဲ့ဘူး။သူကေလးေထာင့္ပုံစံပန္းေရာင္အိတ္ေလးကိုၿဖဲၿပီးဖြင့္လိုက္သည္။သူလႈပ္ေတာ့မယ့္အခ်ိန္မွာပဲတစ္ခုခုကိုခ်က္ခ်င္းသတိထားမိသြားၿပီးသူ႕ခႏၶာကိုယ္ကေတာင့္တင္းသြားသည္။
ရွန္ယြီကေယာက္ယက္ခတ္ေနတဲ့ျမင္ကြင္းကိုၾကည့္ရႈခံစားေနၿပီးလက္ပိုက္လိုက္သည္။အဲ့ဒီေနာက္မွာေတာ့သူကဆိုဖာေပၚမွာထိုင္ဖို႔ေနာက္လွည့္လိုက္သည္။သူကအရမ္းကိုေအးေအးေဆးေဆးျဖစ္ေနၿပီးခ်က္ခ်င္းနီရဲတက္လာတဲ့ထန္လီရဲ႕မ်က္ႏွာကိုၾကည့္ေနခဲ့သည္။
သူကထန္လီကိုစေနာက္ၿပီးေမးလိုက္သည္။
"အဲ့ဒါကဘာလဲဆိုတာအခုသိသြားၿပီလား။"
ထန္လီရဲ႕ဉာဏ္နီဉာဏ္နက္ေတြနဲ႕မ်က္ႏွာအမူအရာေတြကိုေတြ႕ရဖို႔ဆိုတာကသိပ္မလြယ္ဘူး။ေလးေထာင့္ပုံစံပန္းေရာင္အိတ္ေလးႏွစ္ခုကအခုထိသူ႕လက္ထဲမွာရွိေနေသးသည္။သူခဏေလာက္စဥ္းစားလိုက္ၿပီးေနာက္မွာေတာ့အဲ့ဒါေတြကိုကိုင္ထားရတာလည္းသိပ္မေကာင္းသလိုပစ္ခ်လိဳက္ရမွာလည္းသိပ္မေကာင္းဘူးလို႔ထင္တာေၾကာင့္အဲ့ဒီအတိုင္းရပ္ေန႐ုံပဲလုပ္နိုင္ေတာ့သည္။
"ကြၽန္ေတာ္_ကြၽန္ေတာ္ကဒီအတိုင္း..."
ထန္လီရဲ႕မ်က္ႏွာကေမ်ာက္ဖင္နီလိုမ်ိဳးနီရဲေနခဲ့သည္။သူက႐ုတ္တရက္ႀကီးထစ္ထစ္ေငါ့ေငါ့ေျပာလာသည္။
"ကြၽန္ေတာ္ခုနတုန္းကအဲ့ဒါဘာလဲဆိုတာတကယ္မသိခဲ့တာပါ။အထုပ္ပုံစံကအရမ္းထူးဆန္းလို႔ထင္တယ္။ဒီလိုေတာက္ေတာက္ပပပုံစံမ်ိဳးကိုတစ္ခါမွမျမင္ဖူးဘူး။"
ရွန္ယြီကရယ္ရမလားငိုရမလားေတာင္မသိေတာ့ဘူး။
"မင္းမျမင္ဖူးလို႔ေနမွာပါ။တကယ္ေတာ့ဒီထက္ပိုၿပီးထူးဆန္းတဲ့ပုံစံမ်ိဳးေတြရွိေသးတယ္။"
ထန္လီကသက္ျပင္းခ်လိဳက္ၿပီးအဲ့ဒါေတြကိုအမွိုက္ပုံးထဲလႊင့္ပစ္လိုက္သည္။
"အဲ့ဒါဆိုရင္အခုကြၽန္ေတာ္သြားေတာ့မယ္ေနာ္။"
"အင္း"
ရွန္ယြီကတစ္စက္မွမလႈပ္ဘဲဆိုဖာေပၚမွာထိုင္ေနခဲ့သည္။တံခါးဆီကိုထန္လီေလွ်ာက္သြားတာကိုသူကမ်က္ေတာင္မခတ္ဘဲေငးၾကည့္ေနခဲ့သည္။
အဲ့ဒီအခ်ိန္ခဏေလးအတြင္းမွာသူ႕ဦးေႏွာက္ကဘယ္လိုျဖစ္သြားလဲဆိုတာသူကိုယ္တိုင္ေတာင္မသိနိုင္ေတာ့ဘဲေမးလိုက္မိသည္။
"ဒါနဲ႕အဲ့ဒါကိုက်ိဳးခ်ဲကမင္းကိုေပးခဲ့တာလို႔ေျပာလိုက္တယ္မလား။မင္းအဲ့ဒါကိုဘယ္သူနဲ႕သုံးမလို႔လဲ။"
အဲ့ဒါကိုၾကားလိုက္ရတဲ့အခ်ိန္မွာထန္လီကၾကက္ေသေသသြားခဲ့သည္။
ရွန္ယြီကဆက္ေမးလိုက္သည္။
"မင္းသေဘာက်ေနတဲ့သူနဲ႕လား။"
---------------------------------------
ကိုယ္ျပန္လာပါၿပီ။အလုပ္ေတြရႈပ္ေနလို႔ဒီဘက္မလွည့္ျဖစ္တာပါ။စိတ္ပူေပးၾကတဲ့သူေတြအားလုံးကိုေက်းဇူးတင္ပါတယ္ရွင့္။ဒီတစ္ပတ္ကစၿပီးပုံမွန္အတိုင္းတစ္ပတ္ႏွစ္ပိုင္းျပန္တင္ေပးပါေတာ့မယ္။ၿပီးေတာ့ဗီလိန္ေလးကိုကိုယ္အဆုံးထိတင္ေပးသြားမွာမို႔လို႔စိတ္မပူၾကပါနဲ႕ေနာ္။