တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိ...

By Tay_Thar123

169K 19.2K 1K

Original Author - Sha Xiao Wan Eng translator - Reika Complete chapter - 131 This is my first translation. More

Note
အပိုင်း ၁
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅ (Vol.II)
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉(part 1)
အပိုင်း ၃၉ (part 2)
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃

အပိုင်း ၂

6.1K 547 2
By Tay_Thar123

Unicode

ထိုမျက်ဝန်းတွေ၏ပိုင်ရှင်က ၁၀နှစ်ဝန်းကျင်ကောင်လေးတစ်ယောက်ဖြစ်သည်။ ထိုကလေး၏ဖြောင့်စင်းနေသည့် ငွေရောင်ဆံပင်တွေက ပခုံးတွေပေါ်သို့ဝဲကျနေ၏။ သူက ကျောက်စိမ်းကဲ့သို့ဖြူဝင်းသည့် အသားအရေကိုပိုင်ဆိုင်ထားပြီး သူ၏ရွှေရောင်မျက်ဝန်းတွေကလည်း နှစ်လိုဖွယ်ကောင်းလှချေ၏။

သူတို့ကြားကအကွာအဝေးကနေပြီး ထိုကလေး၏ မျက်တောင်ထူထူရှည်ရှည်လေးတွေကို မြင်နေရသည်။ သေးငယ်သည့်မျက်နှာလေးပေါ်က ပါးဖောင်းဖောင်းလေးတွေကိုမျှမထောက် သူ့​ပုံကအရွယ်နှင့်မလိုက်အောင် တည်တင်းနေ၏။ အကယ်၍ ချန်းနိုသာ ထိုအေးစက်နေသည့် ဓားမြောင်နဲ့ချိန်ခံထားရတာမဟုတ်ခဲ့လျှင် ယခုလိုလှပသည့် ကောင်ချောလေးနဲ့တွေ့ဆုံရခြင်းကြောင့် သူအရမ်းပျော်မိမှာဖြစ်၏။

"မင်း ဘယ်သူလဲ?...."

ထိုကလေးရဲ့ရွှေရောင်မျက်ဝန်းတွေက ကျဥ်းမြောင်းသွားပြီး ဓားမြောင်ကို ချန်းနို၏လည်ပင်းထံ ပို၍နီးကပ်စေလိုက်သည်။ ထိုငွေရောင်ဆံပင်နဲ့ကောင်လေး၏အသံက ကလေးတစ်ယောက်ကဲ့သို့ဖြတ်လတ်မနေ။ မည်သို့ပင်ထိုအသံလေးက နားဝင်ပီယံရှိနေပါစေလေ AIကထွက်လာသည့်အသံသေကဲ့သို့ ပျင်းစရာကောင်း၏။

အကယ်၍ ချန်းနိုသာရိုးရိုးသားသားမဖြေဘူးဆိုလျှင် ဒီဓားမြောင်ကသူ့လည်ပင်းဆီ တုံဆိုင်းမှုမရှိစွာ ထိုးဖောက်လာမည်ကို သူသိသည်။ထို့ကြောင့် သူလက်ကိုအမြန်မြှောက်၍ ပြောလိုက်သည်။

"ငါမင်းအိမ်ထဲကို ခိုးဝင်ဖို့မရည်ရွယ်ခဲ့ပါဘူး။ ငါ့ကိုလူတစ်ယောက်ကလိုက်ဖမ်းနေလို့..။ပြီးတော့ ခဏနေကျရင် ငါပြန်ထွက်သွားတော့မလို့ပါပဲ..."

ထိုစကားကိုကြားရတော့ ငွေရောင်ဆံပင်နဲ့ကောင်လေးက သူ့လည်ပင်းကဓားမြောင်ကို ဖယ်ပေးကာပြောသည်။

"အခုချက်ချင်းထွက်သွား!..."

ထိုကောင်လေးရဲ့အကြည့်တွေက အကယ်၍များချန်းနိုကိုသတ်လိုက်လျှင် သူ့အခန်းကိုချန်းနို၏သွေးတွေဖြင့် ညစ်ပေစွန်းထင်းသွားမည်ကိုစိုးရိမ်၍ မသတ်ချင်ဘူး ဟုပြောနေ၏။

ချန်းနိုနှုတ်ခမ်းတွေအကြိမ်အနည်းငယ်ခန့် လှုပ်ရှားသွားသည်။

သေချာတယ်! ဒီကမ္ဘာကြီးမှာ ပုံမှန်ကလေးတွေ လုံးဝမရှိဘူး။

ဒီတစ်ယောက်ထက်နောက်တစ်ယောက်က ပို၍ဆိုးပြီး လူသတ်ခြင်းဆိုသည့်အရာက ဤနေရာတွင်​တော့ ထူးဆန်းသည့်အရာမဟုတ်။

ချန်းနို တစ်ဖက်လူကိုထပ်ပြီး ခိုးကြည့်လိုက်မိသည်။

အိုက်ယိုး! ဒီကလေးရဲ့ရွှေရောင်မျက်လုံးတွေက တကယ့်ကိုလှတာပဲ..။

အိမ်ထဲတွင် အခြားထွက်ပေါက်မရှိလေရာ အပြင်ထွက်မည်ဆိုပါက သေချာပေါက်ရှေ့တံခါးနေသာ ထွက်ရမည်​​​ဖြစ်သည်။ ချန်းနိုအပေါက်ငယ်လေးတစ်ပေါက်ကနေ အပြင်ကိုချောင်းကြည့်လိုက်သည်။ ထိုအခါ လျှိုကွမ်းကဒီတဲနှင့် သိပ်မဝေးလှသည့် အိမ်တစ်အိမ်၏ခေါင်းမိုးပေါ်တွင် မတ်တပ်ရပ်နေ​သည်ကို မြင်လိုက်ရ၏။ သူသုံးစက္ကန့်လောက် တွေ​ဝေနေပြီးတဲ့နောက်မှာတော့ အ​နောက်ကိုလှည့်၍ တောင်းဆိုလိုက်သည်။

"ဟိုလေ ဒီမှာနောက်ထပ် ခဏလောက်​လေးပဲဆက်နေလို့ မရဘူးလားဟင်?..."

ချန်းနို လေတိုးသံတစ်ချက်ကြားလိုက်ရပြီးနောက် သူ့ကိုချိန်ရွယ်ခဲ့သည့်ဓားမြောင်က သူနှင့်​နည်းနည်းလေးသာဝေးသည့် သစ်သား​ဘောင်ပေါ်တွင်စိုက်သွားပြီး ဓားရိုးကလှုပ်ယမ်းနေ၏။ ထို့နောက် ငွေရောင်ဆံပင်နဲ့ကောင်လေးက သူ့ကိုမျက်နှာသေဖြင့် တဖန်ထပ်၍စိုက်ကြည့်လာ၏။

ဖာ့ခ်! ဒီကလေးကလျှိုကွမ်းထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်..။

သူတောင့်တောင့်ကြီးဖြင့်သာ တံခါးကိုဖွင့်ပြီးအပြင်ကိုထွက်လိုက်သည်။ ထို့နောက် သဘာဝတကျဖြင့် ခေါင်းကိုငုံ့၍ လျှိုကွမ်းရှိသည့်ဘက်သို့ လျှောက်သွားလိုက်သည်။

"ဟေ့! ရပ်လိုက်!..။"

လျှိုကွမ်းကအော်ပြီးတော့ တားလိုက်သည်။ သူဒီဘက်ကိုလှည့်လိုက်သည့်အခါ ချန်းနိုကိုတွေ့လိုက်ရသည်။ ထိုသူကဘယ်လောက်ပင် အဝတ်အစားတွေလဲထားစေကာမူ သူကောက်လာသည့်အမ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ဆံပင်အရောင်ကိုသူမှတ်မိသည်။

သေချာတာပေါ့! ချန်းနိုဘယ်ရပ်ပါ့မလဲ.။ မရပ်တဲ့အပြင် မကြားသလိုတောင် ဆက်လျှောက်နေသေးသည်။ လျှိုကွမ်းကသူ့ရဲ့သွားဖြူဖြူလေးတွေကို ဒေါသတကြီးစေ့လိုက်ပြီး ခေါင်မိုးပေါ်ကခုန်ချ၍ ချန်းနိုနောက်ကိုပြေးလိုက်သည်။ တခဏလေးအတွင်းမှာပင် ချန်းနိုကိုလိုက်မှီသွားပြီး ထိုအမကိုကောက်မ,၍ ခြေလှမ်းကျဲကြီးတွေ​ဖြင့် သူ့အိမ်ဘက်သို့ဥ်ီးတည်လိုက်သည်။ သူ့ပခုံးတွေကပိန်ပါးနေပေမဲ့ အမှန်တကယ်ကိုအားသန်သည်။

ထိုက​လေး၏ သယ်ဆောင်မှုကြောင့် ချန်းနိုမူးဝေသွားပြီး၊ ဗိုက်တွေပါအောင့်လာသည်။ ထို့ကြောင့် သူစိတ်ဆင်းရဲစွာ​ဖြင့် ပြောလိုက်သည်။

"ငါ့ကိုအောက်ချပေး..။ ငါ့ဘာငါလျှောက်မယ်..။.."

ထိုသည်မှာ ချန်းနိုကလျှိုကွမ်းကို ပထမဆုံးအကြိမ်ပြောလာသည့် စကားဖြစ်ပြီး၊ သူ့အသံလေးကနားထောင်လို့ ကောင်းလှသည်။ လျှိုကွမ်းက ထိုအမကိုအသာအယာ ချပေးလိုက်ပြီး၊ စိုက်ကြည့်သည်။

တစ်ဖက်တွင်တော့ သူ့စကားကိုလွယ်လွယ်ကူကူပဲ နားထောင်လိုက်သည့်လျှိုကွမ်းကြောင့် ချန်းနိုအံ့အားသင့်သွားသည်။ထို့နောက် သူလျှိုကွမ်းကိုအကဲခတ်လိုက်သည်။ ထိုကောင်လေးက1.4မီတာတောင်မရှိသေးပေ။ တစ်ဖက်တွင်တော့ချန်းနိုက 1.6မီတာခန့်ပင် အရပ်ရှည်သည်။ သူယခုကဲ့သို့ လူလိမ်ကောင်စုတ်လေး၏ အနိုင်ကျင့်ခံနေရတာကိုတွေးမိတော့ ချမ်းနိုရှက်ရွံ့သွားသည်။

ချန်းနိုကလမ်းကို ခပ်ဖြေးဖြေးသာလျှောက်နေသောကြောင့် လျှိုကွမ်းကပါသူ့အရှိန်ကို လျှော့ချ၍အတူတူလျှောက်သည်။

ကြည့်ရတာတော့ ဤကဲ့သို့အပြုအမှုမျိုးကသူ့ရဲ့ အစာတစ်ယောက်အပေါ် ဆက်ဆံတဲ့ပုံတော့ မဟုတ်နိုင်ဘူးပဲ။

လျှိုကွမ်း၏တဲအိမ်သို့မရောက်မီအထိ တစ်ယောက်မျှ စကားမစ,ဖြစ်ကြပေ။ ထို့နောက် ချန်းနိုစိတ်မပါစွာနှင့် ခုတင်ရှိရာကိုလျှောက်သွားပြီး ထိုင်ချလိုက်သည်။ချန်းနို သူ့ရှေ့ကဆံပင်အနီ၊မျက်လုံးအပြာနဲ့ကောင်လေးကို ကြည့်၍ချောင်းဟန့်လိုက်ပြီးနောက် မေးခွန်းထုတ်တော့သည်..။

"မင်းငါနဲ့ဘာလုပ်ချင်တာလဲ?...."

ချန်းနိုဒီနေရာကိုရောက်တာ နာရီအနည်းငယ်လောက်ရှိပြီးဖြစ်သည်။ အဖြစ်အပျက်များစွာကြောင့် သူမောပန်းကာပင်ပန်းနေလေပြီ။ ထို့ကြောင့် စားပွဲပေါ်တွင်ရှိနေသည့်  ရေပန်းကန်ကိုမော့သောက်လိုက်သည်..။ ကြွေပန်းကန်ပေါ်တွင် အက်ရာအနည်းငယ်ရှိနေပေမဲ့ ထိုထဲကရေကတော့ အေးမြလတ်ဆတ်၏။ 

တစ်ဖက်လူကသူခပ်ထားသည့် ရေကိုသောက်လိုက်တာကြောင့် လျှိုကွမ်းကျေနပ်သွားသည်။ သို့သော် ထိုအမသူ့ဆီကနေ ထွက်ပြေးသွားသည်ကို သတိရမိသွား၍ တဖန်စိတ်တိုလာပြန်၏။ ထို့ကြောင့် သူချန်းနိုကိုစိုက်ကြည့်၍ ပြောလိုက်သည်။

"မင်းကိုငါ့ဇနီးလုပ်ခိုင်းဖို့ ခေါ်လာတာ..။ တကယ်လို့ နောက်​နောင်မှာ ငါ့စကားနားမထောင်ရင် ကြိုးနဲ့တုပ်ထားပစ်မယ်..။ "

ဖူးးးးး

ချန်းနိုသောက်လက်စရေတွေကို မှုတ်ထုတ်လိုက်မိသည်။နှုတ်ခမ်းတွေကလည်း တဆတ်ဆတ်တုန်ရင်နေ၏.။

တောင်ပေါ်ကသနားစရာကောင်လေးတစ်ယောက်က သူ့အနာဂတ်ဇနီးလုပ်ခိုင်းဖို့ ကလေးတွေကိုလိုက်ရှာသတဲ့.။ ဒါပေမဲ့ သူဒီတကြိမ်တော့လွဲနေပြီ မဟုတ်ဘူးလား? ဒီကလေးရဲ့မျက်လုံးတွေက ပြဿနာရှိနေတာပဲဖြစ်ရမယ်! ဇနီးလုပ်ခိုင်းရအောင် သူ့ရဲ့ဘယ်နေရာကများ မိန်းကလေးနဲ့တူနေလို့လဲ?!!..

ငါကဘယ်လိုပဲချစ်စရာကောင်းတဲ့ သွားစွယ်လေးတွေနဲ့ ကလေးဘဝကိုပြန်ရောက်နေပါစေ ငါ့ပုံစံကအရမ်းကိုတက်ကြွနေတဲ့ လူငယ်လေးပုံတော့ပေါက်မနေပါဘူးကွာ!

တကယ်ဆို ဒီကလေးကလည်းသူ့ခန္ဓာကိုယ်ကို သေသေချာချာကြီးမြင်ပြီးပြီပဲ။ သူကယောကျ်ား၊မိန်းမ မခွဲတတ်တာများလား?။ ပြီးတော့ ဒီလူသားစားတဲ့ကမ္ဘာကြီးမှာ မိန်းမတွေရှားပါးနေတာလည်းဖြစ်နိုင်၏။ ဒါကြောင့် ဒီ​​ကောင်လေးက ​ ဇနီးတစ်ယောက်ကို ကစားစရာတစ်ခုလိုမျိုး ကောက်လာတာပဲဖြစ်ရမည်။

တကယ်လို့သာ ချန်းနိုကမိန်းကလေးမဟုတ်ဘူးဆို၍ ငြင်းလိုက်မည်ဆိုပါက ဟင်းအိုးထဲကိုရောက်သွားလောက်ချေမည်။

ခေါင်းထဲကိုအတွေးပေါင်းစုံ ဖြတ်သန်းသွားတာသဖြင့် ချန်းနို၏ပုံက ရှော့ခ်ရနေပုံပေါက်နေသော်လည်း လျှိုကွမ်းကတော့ သူ့ဇနီးလုပ်ဖို့ သဘောမတူချင်နေခြင်းဟု ထင်မြင်သွာလေသည်။ ထို့​ကြောင့် လျှိုကွမ်း၏နှလုံးသားလေးနာကျင်သွား၏။ သူ့မျက်လုံးတွေကျဥ်းမြောင်းသွားကာ ချန်းနိုကိုစိုက်ကြည့်ပြီးပြောသည်။

"တကယ်လို့ မင်းငါ့​စကားနားထောင်မယ်ဆိုရင် ငါမင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးမယ်..။ အေး.. တကယ်လို့ နားမထောင်ရင်တော့.. ဟွန်း သဘောပေါက်လိုက်!..."

ဇနီးတွေကဘာလုပ်လဲသူမသိပေမဲ့ မိမိရှေ့မှာအဆင်သင့်ရှိနေသည့် ဇနီးတစ်ယောက်ကိုတော့ မည်သူကမျှလစ်လျူရှုနိုင်မှာ မဟုတ်ချေ။

မြို့အရှင်တွေနဲ့အထက်တန်းလွှာတွေကလွဲရင် သာမန်လူ၁၀ယောက်မှာ၅ယောက်က ကိုယ်ပိုင်ဇနီးတွေကိုမယူနိုင်ကြပေ။ အထူးသဖြင့်ဒီရွာကလူတွေဖြစ်၏။ အများစုကဇနီးတစ်ယောက်ကို မျှဝေပေါင်းသင်းကြသော်လည်း လျှိုကွမ်းကတော့ထိုကဲ့သို့လုပ်ရန် ရည်ရွယ်ချက်မရှိပေ။

ဒီနေရာတွင် လူချမ်းသာတွေနဲ့အထက်တန်းလွှာတွေ၏ နေရာတွေမှာကဲ့သို့  ခမ်းခမ်းနားနားနှင့် လက်ထပ်ပွဲတွေကိုကျင်းပလေ့မရှိကြ။ ငယ်ရွယ်တုန်းလက်ထပ်ထားသည်က အကောင်းဆုံးဖြစ်သည်ဟု သူကြားဖူးသည်။ မဟုတ်လျှင်သူ့ဇနီးကို တခြားသူတွေက စနှိုက်ကျော်ကြလိမ့်မည်။ ဒီအ​မ၏နောက်ခံက ဘာပဲဖြစ်နေဖြစ်နေ လက်ထပ်ရသေးမှာတော့မဟုတ်လောက်။ မည်သို့ဖြင့်ဆိုစေကာမူ သူကထိုသူကိုကောက်လာခြင်းဖြစ်လေရာ ယခုချိန်မှာ ထိုသူက သူ၊လျှိုကွမ်း၏အပိုင်သာဖြစ်၏။

ချန်းနို၏တောက်ပသည့် မျက်လုံးနက်နက်လေးတွေက သူ့ကိုစိုက်ကြည့်နေခြင်းကြောင့် သူအရမ်းကြမ်းသွားမိပြီး တစ်ဖက်လူထိတ်လန့်သွားမည်ကို စိုးရိမ်မိသွားသည်။ ထို့ကြောင့် သူလေသံကိုလျှော့လိုက်သည်.။

"မကြောက်ပါနဲ့..။ မင်းထွက်မပြေးသရွေ့ ငါမင်းကိုအစားကောင်းကောင်းကျွေးပြီး နွေးထွေးတဲ့အဝတ်တွေကိုလည်း ဆင်ပေးမှာပါ.."

လျှိုကွမ်းကနူးနူးညံ့ညံ့လေးပြောသည်။ ထို့သို့ပြောပြီးသည်နှင့် တပြိုင်နက် သူရုတ်တရက်ပူလောင်လာ၏။ သူ့ရဲ့အရှက်သည်းနေမှုများကို တစ်ဖက်လူမမြင်နိုင်လောက်အောင် ညစ်ပတ်နေသည့် သူ့မျက်နှာကိုသာ လျှိုကွမ်း ကျေးဇူးတင်လိုက်မိ၏။

ချန်းနိုစွံ့အသွားသည်။ သူ့ဘဝရဲ့၁၉နှစ်တာအချိန်တွေမှာ တစ်နေ့ကျလျှင် ခပ်ချောချောမိန်းကလေးတစ်ယောက်အား ပိုင်စိုးပိုင်နင်ဖြင့် "မင်းငါ့ဇနီးဖြစ်လာရမယ်.."ဟူ၍​ပြောသည်ကို ခဏခဏစိတ်ကူးယဥ်ခဲ့ဖူး၏။ ယခုတွင်တော့ ထိုစကားများကိုအရပ်1.4မီတာတောင်မရှိသေးသော ကောင်စုတ်တစ်ယောက်က သူ့ကိုပြောနေချေပြီ။ ကံတရားကြီးက သောက်ရမ်းကို ဆန်းကြယ်လှ၏။

သူ့ကိုဖျာတွေရောင်းနေသည့်ကောင်လေးအား ရိုက်လိုက်ချင်ပေမဲ့ ယခုချိန်မှာသဘောတူလိုက်သည်က ပို၍ကောင်းသည်ဆိုတာကို ချန်းနိုသိသည်။ ထိုကြောင့် သူလျှိုကွမ်းကိုကြည့်၍ပြောလိုက်သည်။

"အင်း...။ ငါအခုဗိုက်ဆာတယ်.."

"အမ်...."

လွယ်လွယ်နှင့်သဘောတူလိမ့်မည်ဟု မထင်ထားသည် လျှိုကွမ်းက ခဏလောက်ကြက်သေသေသွားသည်။ သို့သော် ဇနီးကိုဆာလောင်စေသည့် ခင်ပွန်းတစ်ယောက်က ယောကျာ်းကောင်းမဟုတ်။ ထို့ကြောင့်သူရှာလာသည့် စားစရာတွေကိုစားပွဲပေါ်တင်ပေးလိုက်၏။ 

ထိုစားစရာတွေကပေါက်စီခြောက်တွေဖြစ်သည်။ ချန်းနိုထိုပေါက်စီတွေကိုကြည့်ပြီး မျက်မှောင်ကြုံ့လိုက်သည်။ သို့သော် ဤနေရာ၌ အစားအစာရှားပါသည်ကို သူသိသည်။ထို့ကြောင့် ပေါက်စီတစ်လုံးကိုကောက်၍ တစ်ကိုက်,ကိုက်လိုက်သည်။ ထို့နောက် နောက်ထပ်ပေါက်စီတစ်လုံးကိုယူ၍ လျှိုကွမ်းဘက်ကိုပစ်ပေးလိုက်သည်။

လျှိုကွမ်းကမှင်တက်သွားပြီး၊ ထိုပေါက်စီကိုလှမ်းဖမ်းလိုက်သည်။ အမြဲတမ်းဗိုက်ပြည့်အောင် မစားနိုင်ခဲ့တဲ့သူ့လိုလူအဖို့တော့ ထိုပေါက်စီကိုကောင်း၏ဆိုး၏ဟူ၍ အထွန့်မတက်ပဲစားသည်။ သူက ပေါက်စီတစ်လုံးလုံးကို ပါးတွေဖောင်းနေတဲ့အထိ ပါးစပ်ထဲထိုးကြိတ်ထည့်လိုက်ပြီး မျိုချလိုက်တော့သည်။

သို့သော် ဤပေါက်စီ​ခြောက်တွေက အရမ်းကိုမာလွန်းသည်။ ချန်းနိုတစ်ကိုက်၊နှစ်ကိုက်လောက်ကိုက်လိုက်ပြီးနောက် ကျန်တာကိုစားပွဲပေါ်ပြန်တင်လိုက်သည်။

လျှိုကွမ်းကရေသောက်ရင်းနှင့် ထိုမြင်ကွင်းကိုမကျေမနပ်ကြည့်သည်။ ဒီအမကသိပ်ကိုအစားနည်းလွန်းတယ်။

လျှိုကွမ်း ယခုထိဗိုက်မဝ,သေးသည်ကို ချန်းနိုသိသဖြင့် သူ့ရှေ့ကပန်းကန်းကို လျှိုကွမ်းနားကိုတိုးပေးလိုက်သည်။

"ငါစားပြီးပြီ..။ ကျန်တာကိုမင်းပဲစားလိုက်တော့..။"

လျှိုကွမ်းကခဏလောက် တွေဝေနေပြီး၊ နောက်ဆုံးတော့ထိုအစားအသောက်တွေကို အငမ်းမရစားလိုက်တော့သည်။

သူဝတ်ထားသည့်အဝတ်တွေက အရမ်းနံနေသောကြောင့် ချန်းနိုမျက်မှောင်ကြုံ့လိုက်မိသည်။ သို့သော် သူ့အဝတ်အစားတွေကလည်း သူနှင့်အရမ်းကြီးနေသည်။ ထို့ကြောင့် သူလျှိုကွမ်းကိုမေးလိုက်သည်။

"အပ်နဲ့အပ်ချည် ရှိလား?..."

လျှိုကွမ်းကသူ့ကို သတိပေးသလိုကြည့်လိုက်ပြီး၊ ကပ်ကြေးနဲ့အပ်ချုပ်ပစ္စည်းတွေကို သွားငှားရန်ဘေးအိမ်ကို ထွက်သွားသည်။ သူပြန်ရောက်တော့ ချန်းနိုကသူ့ဘောင်းဘီ၏ ခါးနှစ်ဖက်ကိုသီသည်။ တကယ်တော့ချန်းနိုက အောက်သက်ကျေသည့်လူတစ်ယောက်ဖြစ်ပြီး၊ လူဘော်ကျော့တစ်ယောက်မဟုတ်။ ထို့ကြောင့် ယခုကဲ့သို့အချုပ်အလုပ်က သူ့အတွက်မခက်ခဲလှ။

သူဒီနံစော်နေသည့်အဝတ်စုတ်တွေကို ချွတ်ဖို့မစောင့်နိုင်တော့။ ထို့​ကြောင့် ထိုအဝတ်တွေကိုအမြန်ချွတ်၍ သီထားသောသူ့ဘောင်းဘီကို လဲဝတ်လိုက်သည်။ ကံကောင်းစွာနှင့်ပင် ဘောင်းဘီကသူနှင့်ချောင်မနေတော့ပေ။

ထိုမြင်ကွင်းကိုကြည့်နေသည့် လျှိုကွမ်းကအံ့အားသင့်သွားကာ ဒေါသကြောင့် လျှာကိုက်မိတော့မလိုတောင်ဖြစ်သွားရ၏။

"မင်း! အရှက်မရှိတဲ့ အမ! နောက်တစ်ခါ သူများတွေရှေ့မှာ အဝတ်မချွတ်ဖို့မင်းကို သတိပေးထားလိုက်မယ်..။ ပြီးတော့ မင်းက အမ တစ်ယောက်ဆိုတာကိုလည်း ဘယ်သူ့ကိုမှမပြောရဘူး!.."

ချန်းနို အမဆိုသည့်စကားလုံးကို နှစ်ခါတိတိကြားလိုက်ရသည်။ ဒီကမ္ဘာကြီး၏ယောကျ်ား၊မိန်းမ ခွဲခြားပုံကအရမ်းကိုကြောက်စရာကောင်းလှချေသည်။ သို့သော်လည်း ခုနကလျှိုကွမ်း၏လန့်သွားသည့်ပုံလေးက သာမန်ကလေးတွေကဲ့သို့ ချစ်စရာကောင်းတာကြောင့် သူရယ်လိုက်သည်။

ထို့နောက် သူ့T-shirtကိုလဲဝတ်လိုက်ပြီး၊ ခုတင်ပေါ်မှာထိုင်လိုက်သည်။ သူက လျှိုကွမ်းကိုကြည့်၍ပြောသည်။

"ငါ့နာမည်ကချန်းနို..။ ဒီနေရာကဘယ်လိုနေရာလဲ?..."

လျှိုကွမ်းခဏလောက်ကြောင်အ,နေပြီးတော့မှ သူ့အနာဂတ်ဇနီးလောင်း၏နာမည်ကို သေချာမှတ်ထားလိုက်သည်။ ချန်းနိုကိုသူ့ဇနီးအဖြစ်လက်ထပ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ဒီနေရာကအကြောင်းတွေပြောပြလိုက်သည်။ လျှိုကွမ်းကဘယ်လောက်ပဲ လူကြီးလေးကဲ့သို့ပြုမှုနေကာမူ တကယ်တော့သူက ကလေးတစ်ယောက်ပင်ဖြစ်လေရာ အတွေးတွေအားထိန်းချုပ်နိုင်စွမ်းက အကန့်အသတ်ရှိသည်။

ချန်းနိုဒီနေရာကအကြောင်းတွေကို ပိုသိလာလေလေ အံ့သြမိလာလေလေဖြစ်သည်။ ဒီကမ္ဘာတွင်နိုင်ငံတွေမရှိပဲ များပြားလှသည့်​မြို့တွေသာရှိသည်။ မြို့တစ်​မြို့၏အရှင်တစ်ပါးက တိုင်းပြည်တစ်ပြည်၏ ဧကရာဇ်တစ်ပါးနှင့် အဆင့်ချင်းတူသည်။ နေရာအနှံ့အပြားတွင်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုတွေကမတူပေ။ သို့သော် သူတို့ရှိနေသည့်​နေရာကတော့ အရင်းအမြစ်တွေအရှားအပါးဆုံး နေရာတွေထဲကတစ်ခုဖြစ်ကြောင်းကိုတော့ သံသယရှိစရာမလို။ သူတို့နေသည့်နေရာက မြို့နှစ်မြို့ကြားမှာဖြစ်ပြီး ကုန်သွယ်ရေးလမ်းမကြီးနှင့်နီး၏။

လျှိုကွမ်းကချန်းနိုကို အထင်သေးသလိုကြည့်၍ မေးသည်။

"မင်းဒီလိုမျိုး အခြေခံကျတဲ့အချက်လေးတွေကိုတောင် မသိဘူးလား? အထက်တန်းလွှာစံအိမ်က ထွက်ပြေးလာခဲ့တာလား?.."

အထက်တန်းလွှာတွေက သူတို့နှင့်ကစားရန် ကြည့်ကောင်းသည့်အမတွေအား ဥယျဥ်ထဲ၌မွေးထားတတ်သည့် အကြောင်းကို ရွာထဲကလူကြီးတွေကအတင်းတုပ်နေကျဖြစ်၏။ ချန်းနိုကငယ်ရွယ်ပြီးတော့ မည်သည်ကိုမျှလည်းမသိ။ သူကထိုကဲ့သို့သော အထက်တန်းလွှာစံအိမ်က ထွက်ပြေးလာတာပဲဖြစ်ရမည်။

သို့သော် ဤနေရာတွင် နဂါး​တွေနဲ့ငါးတွေက ရောထွေးနေကြတာဖြစ်သည်။ ထို့ပြင် သူတို့ပတ်ဝန်းကျင်ကတောင်တွေက ကျက်တီးမြေဖြစ်ပြီး၊ မြေမျက်နှာသွင်ပြင်ကလည်း ကြမ်းတမ်း၏။ထို့ကြောင့် ထိုအမကိုသူများတွေရှာတွေ့သွားမည်အား သူမကြောက်။

TN// (နဂါးနဲ့ငါးရောထွေးနေသည်။ = အကောင်းနဲ့အဆိုးရောထွေးနေတာ။)

ချန်းနိုက လျှိုကွမ်း၏အမေးတွေကို နားမလည်ပေ။ ထို့ကြောင့် မတုံ့ပြန်ပဲငြိမ်နေဖို့ကိုသာ အမျှော်အမြင်ရှိရှိရွေးချယ်လိုက်သည်။ သို့သော် လျှိုကွမ်းကတော့ သူ့စကားတွေကြောင့် ချန်းနိုကိုမကောင်းသည့် အမှတ်တရတွေကို ပြန်သတိရစေမိပြီဟုထင်သွားသည်။ထို့ကြောင့် သူအချိန်အကြာကြီးငြိမ်နေလိုက်ပြီးနောက်တွင်တော့ ကို့ရို့ကားယား​ဖြင့်၊ ချန်းနိုပခုံးလေးကို အသာအယာလေးပုပ်၍ ကတိပေးလိုက်သည်..။

"စိတ်မပူပါနဲ့..။ အနာဂတ်မှာငါမင်းအပေါ် ကောင်းပေးမှာပါ..."

__________

Zawgyi

ထိုမ်က္ဝန္းေတြ၏ပိုင္ရွင္က ၁၀ႏွစ္ဝန္းက်င္ေကာင္ေလးတစ္ေယာက္ျဖစ္သည္။ ထိုကေလး၏ေျဖာင့္စင္းေနသည့္ ေငြေရာင္ဆံပင္ေတြက ပခုံးေတြေပၚသို႔ဝဲက်ေန၏။ သူက ေက်ာက္စိမ္းကဲ့သို႔ျဖဴဝင္းသည့္ အသားအေရကိုပိုင္ဆိုင္ထားၿပီး သူ၏ေ႐ႊေရာင္မ်က္ဝန္းေတြကလည္း ႏွစ္လိုဖြယ္ေကာင္းလွေခ်၏။

သူတို႔ၾကားကအကြာအေဝးကေနၿပီး ထိုကေလး၏ မ်က္ေတာင္ထူထူရွည္ရွည္ေလးေတြကို ျမင္ေနရသည္။ ေသးငယ္သည့္မ်က္ႏွာေလးေပၚက ပါးေဖာင္းေဖာင္းေလးေတြကိုမွ်မေထာက္ သူ႕​ပုံကအ႐ြယ္ႏွင့္မလိုက္ေအာင္ တည္တင္းေန၏။ အကယ္၍ ခ်န္းနိုသာ ထိုေအးစက္ေနသည့္ ဓားေျမာင္နဲ႕ခ်ိန္ခံထားရတာမဟုတ္ခဲ့လွ်င္ ယခုလိုလွပသည့္ ေကာင္ေခ်ာေလးနဲ႕ေတြ႕ဆုံရျခင္းေၾကာင့္ သူအရမ္းေပ်ာ္မိမွာျဖစ္၏။

"မင္း ဘယ္သူလဲ?...."

ထိုကေလးရဲ႕ေ႐ႊေရာင္မ်က္ဝန္းေတြက က်ဥ္းေျမာင္းသြားၿပီး ဓားေျမာင္ကို ခ်န္းနို၏လည္ပင္းထံ ပို၍နီးကပ္ေစလိုက္သည္။ ထိုေငြေရာင္ဆံပင္နဲ႕ေကာင္ေလး၏အသံက ကေလးတစ္ေယာက္ကဲ့သို႔ျဖတ္လတ္မေန။ မည္သို႔ပင္ထိုအသံေလးက နားဝင္ပီယံရွိေနပါေစေလ AIကထြက္လာသည့္အသံေသကဲ့သို႔ ပ်င္းစရာေကာင္း၏။

အကယ္၍ ခ်န္းနိုသာရိုးရိုးသားသားမေျဖဘူးဆိုလွ်င္ ဒီဓားေျမာင္ကသူ႕လည္ပင္းဆီ တုံဆိုင္းမႈမရွိစြာ ထိုးေဖာက္လာမည္ကို သူသိသည္။ထို႔ေၾကာင့္ သူလက္ကိုအျမန္ျမႇောက္၍ ေျပာလိုက္သည္။

"ငါမင္းအိမ္ထဲကို ခိုးဝင္ဖို႔မရည္႐ြယ္ခဲ့ပါဘူး။ ငါ့ကိုလူတစ္ေယာက္ကလိုက္ဖမ္းေနလို႔..။ၿပီးေတာ့ ခဏေနက်ရင္ ငါျပန္ထြက္သြားေတာ့မလို႔ပါပဲ..."

ထိုစကားကိုၾကားရေတာ့ ေငြေရာင္ဆံပင္နဲ႕ေကာင္ေလးက သူ႕လည္ပင္းကဓားေျမာင္ကို ဖယ္ေပးကာေျပာသည္။

"အခုခ်က္ခ်င္းထြက္သြား!..."

ထိုေကာင္ေလးရဲ႕အၾကည့္ေတြက အကယ္၍မ်ားခ်န္းနိုကိုသတ္လိုက္လွ်င္ သူ႕အခန္းကိုခ်န္းနို၏ေသြးေတြျဖင့္ ညစ္ေပစြန္းထင္းသြားမည္ကိုစိုးရိမ္၍ မသတ္ခ်င္ဘူး ဟုေျပာေန၏။

ခ်န္းနိုႏႈတ္ခမ္းေတြအႀကိမ္အနည္းငယ္ခန့္ လႈပ္ရွားသြားသည္။

ေသခ်ာတယ္! ဒီကမာၻႀကီးမွာ ပုံမွန္ကေလးေတြ လုံးဝမရွိဘူး။

ဒီတစ္ေယာက္ထက္ေနာက္တစ္ေယာက္က ပို၍ဆိုးၿပီး လူသတ္ျခင္းဆိုသည့္အရာက ဤေနရာတြင္​ေတာ့ ထူးဆန္းသည့္အရာမဟုတ္။

ခ်န္းနို တစ္ဖက္လူကိုထပ္ၿပီး ခိုးၾကည့္လိုက္မိသည္။

အိုက္ယိုး! ဒီကေလးရဲ႕ေ႐ႊေရာင္မ်က္လုံးေတြက တကယ့္ကိုလွတာပဲ..။

အိမ္ထဲတြင္ အျခားထြက္ေပါက္မရွိေလရာ အျပင္ထြက္မည္ဆိုပါက ေသခ်ာေပါက္ေရွ႕တံခါးေနသာ ထြက္ရမည္​​​ျဖစ္သည္။ ခ်န္းနိုအေပါက္ငယ္ေလးတစ္ေပါက္ကေန အျပင္ကိုေခ်ာင္းၾကည့္လိုက္သည္။ ထိုအခါ လွ်ိုကြမ္းကဒီတဲႏွင့္ သိပ္မေဝးလွသည့္ အိမ္တစ္အိမ္၏ေခါင္းမိုးေပၚတြင္ မတ္တပ္ရပ္ေန​သည္ကို ျမင္လိုက္ရ၏။ သူသုံးစကၠန့္ေလာက္ ေတြ​ေဝေနၿပီးတဲ့ေနာက္မွာေတာ့ အ​ေနာက္ကိုလွည့္၍ ေတာင္းဆိုလိုက္သည္။

"ဟိုေလ ဒီမွာေနာက္ထပ္ ခဏေလာက္​ေလးပဲဆက္ေနလို႔ မရဘူးလားဟင္?..."

ခ်န္းနို ေလတိုးသံတစ္ခ်က္ၾကားလိုက္ရၿပီးေနာက္ သူ႕ကိုခ်ိန္႐ြယ္ခဲ့သည့္ဓားေျမာင္က သူႏွင့္​နည္းနည္းေလးသာေဝးသည့္ သစ္သား​ေဘာင္ေပၚတြင္စိုက္သြားၿပီး ဓားရိုးကလႈပ္ယမ္းေန၏။ ထို႔ေနာက္ ေငြေရာင္ဆံပင္နဲ႕ေကာင္ေလးက သူ႕ကိုမ်က္ႏွာေသျဖင့္ တဖန္ထပ္၍စိုက္ၾကည့္လာ၏။

ဖာ့ခ္! ဒီကေလးကလွ်ိုကြမ္းထက္ေတာင္ ပိုေၾကာက္ဖို႔ေကာင္းေသးတယ္..။

သူေတာင့္ေတာင့္ႀကီးျဖင့္သာ တံခါးကိုဖြင့္ၿပီးအျပင္ကိုထြက္လိုက္သည္။ ထို႔ေနာက္ သဘာဝတက်ျဖင့္ ေခါင္းကိုငုံ႕၍ လွ်ိုကြမ္းရွိသည့္ဘက္သို႔ ေလွ်ာက္သြားလိုက္သည္။

"ေဟ့! ရပ္လိုက္!..။"

လွ်ိုကြမ္းကေအာ္ၿပီးေတာ့ တားလိုက္သည္။ သူဒီဘက္ကိုလွည့္လိုက္သည့္အခါ ခ်န္းနိုကိုေတြ႕လိုက္ရသည္။ ထိုသူကဘယ္ေလာက္ပင္ အဝတ္အစားေတြလဲထားေစကာမူ သူေကာက္လာသည့္အမ၏ ခႏၶာကိုယ္အခ်ိဳးအစားႏွင့္ ဆံပင္အေရာင္ကိုသူမွတ္မိသည္။

ေသခ်ာတာေပါ့! ခ်န္းနိုဘယ္ရပ္ပါ့မလဲ.။ မရပ္တဲ့အျပင္ မၾကားသလိုေတာင္ ဆက္ေလွ်ာက္ေနေသးသည္။ လွ်ိုကြမ္းကသူ႕ရဲ႕သြားျဖဴျဖဴေလးေတြကို ေဒါသတႀကီးေစ့လိုက္ၿပီး ေခါင္မိုးေပၚကခုန္ခ်၍ ခ်န္းနိုေနာက္ကိုေျပးလိုက္သည္။ တခဏေလးအတြင္းမွာပင္ ခ်န္းနိုကိုလိုက္မွီသြားၿပီး ထိုအမကိုေကာက္မ,၍ ေျခလွမ္းက်ဲႀကီးေတြ​ျဖင့္ သူ႕အိမ္ဘက္သို႔ဥ္ီးတည္လိုက္သည္။ သူ႕ပခုံးေတြကပိန္ပါးေနေပမဲ့ အမွန္တကယ္ကိုအားသန္သည္။

ထိုက​ေလး၏ သယ္ေဆာင္မႈေၾကာင့္ ခ်န္းနိုမူးေဝသြားၿပီး၊ ဗိုက္ေတြပါေအာင့္လာသည္။ ထို႔ေၾကာင့္ သူစိတ္ဆင္းရဲစြာ​ျဖင့္ ေျပာလိုက္သည္။

"ငါ့ကိုေအာက္ခ်ေပး..။ ငါ့ဘာငါေလွ်ာက္မယ္..။.."

ထိုသည္မွာ ခ်န္းနိုကလွ်ိုကြမ္းကို ပထမဆုံးအႀကိမ္ေျပာလာသည့္ စကားျဖစ္ၿပီး၊ သူ႕အသံေလးကနားေထာင္လို႔ ေကာင္းလွသည္။ လွ်ိုကြမ္းက ထိုအမကိုအသာအယာ ခ်ေပးလိုက္ၿပီး၊ စိုက္ၾကည့္သည္။

တစ္ဖက္တြင္ေတာ့ သူ႕စကားကိုလြယ္လြယ္ကူကူပဲ နားေထာင္လိုက္သည့္လွ်ိုကြမ္းေၾကာင့္ ခ်န္းနိုအံ့အားသင့္သြားသည္။ထို႔ေနာက္ သူလွ်ိုကြမ္းကိုအကဲခတ္လိုက္သည္။ ထိုေကာင္ေလးက1.4မီတာေတာင္မရွိေသးေပ။ တစ္ဖက္တြင္ေတာ့ခ်န္းနိုက 1.6မီတာခန့္ပင္ အရပ္ရွည္သည္။ သူယခုကဲ့သို႔ လူလိမ္ေကာင္စုတ္ေလး၏ အနိုင္က်င့္ခံေနရတာကိုေတြးမိေတာ့ ခ်မ္းနိုရွက္႐ြံ႕သြားသည္။

ခ်န္းနိုကလမ္းကို ခပ္ေျဖးေျဖးသာေလွ်ာက္ေနေသာေၾကာင့္ လွ်ိုကြမ္းကပါသူ႕အရွိန္ကို ေလွ်ာ့ခ်၍အတူတူေလွ်ာက္သည္။

ၾကည့္ရတာေတာ့ ဤကဲ့သို႔အျပဳအမႈမ်ိဳးကသူ႕ရဲ႕ အစာတစ္ေယာက္အေပၚ ဆက္ဆံတဲ့ပုံေတာ့ မဟုတ္နိုင္ဘူးပဲ။

လွ်ိုကြမ္း၏တဲအိမ္သို႔မေရာက္မီအထိ တစ္ေယာက္မွ် စကားမစ,ျဖစ္ၾကေပ။ ထို႔ေနာက္ ခ်န္းနိုစိတ္မပါစြာႏွင့္ ခုတင္ရွိရာကိုေလွ်ာက္သြားၿပီး ထိုင္ခ်လိဳက္သည္။ခ်န္းနို သူ႕ေရွ႕ကဆံပင္အနီ၊မ်က္လုံးအျပာနဲ႕ေကာင္ေလးကို ၾကည့္၍ေခ်ာင္းဟန့္လိုက္ၿပီးေနာက္ ေမးခြန္းထုတ္ေတာ့သည္..။

"မင္းငါနဲ႕ဘာလုပ္ခ်င္တာလဲ?...."

ခ်န္းနိုဒီေနရာကိုေရာက္တာ နာရီအနည္းငယ္ေလာက္ရွိၿပီးျဖစ္သည္။ အျဖစ္အပ်က္မ်ားစြာေၾကာင့္ သူေမာပန္းကာပင္ပန္းေနေလၿပီ။ ထို႔ေၾကာင့္ စားပြဲေပၚတြင္ရွိေနသည့္  ေရပန္းကန္ကိုေမာ့ေသာက္လိုက္သည္..။ ေႂကြပန္းကန္ေပၚတြင္ အက္ရာအနည္းငယ္ရွိေနေပမဲ့ ထိုထဲကေရကေတာ့ ေအးျမလတ္ဆတ္၏။ 

တစ္ဖက္လူကသူခပ္ထားသည့္ ေရကိုေသာက္လိုက္တာေၾကာင့္ လွ်ိုကြမ္းေက်နပ္သြားသည္။ သို႔ေသာ္ ထိုအမသူ႕ဆီကေန ထြက္ေျပးသြားသည္ကို သတိရမိသြား၍ တဖန္စိတ္တိုလာျပန္၏။ ထို႔ေၾကာင့္ သူခ်န္းနိုကိုစိုက္ၾကည့္၍ ေျပာလိုက္သည္။

"မင္းကိုငါ့ဇနီးလုပ္ခိုင္းဖို႔ ေခၚလာတာ..။ တကယ္လို႔ ေနာက္​ေနာင္မွာ ငါ့စကားနားမေထာင္ရင္ ႀကိဳးနဲ႕တုပ္ထားပစ္မယ္..။ "

ဖူးးးးး

ခ်န္းနိုေသာက္လက္စေရေတြကို မႈတ္ထုတ္လိုက္မိသည္။ႏႈတ္ခမ္းေတြကလည္း တဆတ္ဆတ္တုန္ရင္ေန၏.။

ေတာင္ေပၚကသနားစရာေကာင္ေလးတစ္ေယာက္က သူ႕အနာဂတ္ဇနီးလုပ္ခိုင္းဖို႔ ကေလးေတြကိုလိုက္ရွာသတဲ့.။ ဒါေပမဲ့ သူဒီတႀကိမ္ေတာ့လြဲေနၿပီ မဟုတ္ဘူးလား? ဒီကေလးရဲ႕မ်က္လုံးေတြက ျပႆနာရွိေနတာပဲျဖစ္ရမယ္! ဇနီးလုပ္ခိုင္းရေအာင္ သူ႕ရဲ႕ဘယ္ေနရာကမ်ား မိန္းကေလးနဲ႕တူေနလို႔လဲ?!!..

ငါကဘယ္လိုပဲခ်စ္စရာေကာင္းတဲ့ သြားစြယ္ေလးေတြနဲ႕ ကေလးဘဝကိုျပန္ေရာက္ေနပါေစ ငါ့ပုံစံကအရမ္းကိုတက္ႂကြေနတဲ့ လူငယ္ေလးပုံေတာ့ေပါက္မေနပါဘူးကြာ!

တကယ္ဆို ဒီကေလးကလည္းသူ႕ခႏၶာကိုယ္ကို ေသေသခ်ာခ်ာႀကီးျမင္ၿပီးၿပီပဲ။ သူကေယာက်္ား၊မိန္းမ မခြဲတတ္တာမ်ားလား?။ ၿပီးေတာ့ ဒီလူသားစားတဲ့ကမာၻႀကီးမွာ မိန္းမေတြရွားပါးေနတာလည္းျဖစ္နိုင္၏။ ဒါေၾကာင့္ ဒီ​​ေကာင္ေလးက ​ ဇနီးတစ္ေယာက္ကို ကစားစရာတစ္ခုလိုမ်ိဳး ေကာက္လာတာပဲျဖစ္ရမည္။

တကယ္လို႔သာ ခ်န္းနိုကမိန္းကေလးမဟုတ္ဘူးဆို၍ ျငင္းလိုက္မည္ဆိုပါက ဟင္းအိုးထဲကိုေရာက္သြားေလာက္ေခ်မည္။

ေခါင္းထဲကိုအေတြးေပါင္းစုံ ျဖတ္သန္းသြားတာသျဖင့္ ခ်န္းနို၏ပုံက ေရွာ့ခ္ရေနပုံေပါက္ေနေသာ္လည္း လွ်ိုကြမ္းကေတာ့ သူ႕ဇနီးလုပ္ဖို႔ သေဘာမတူခ်င္ေနျခင္းဟု ထင္ျမင္သြာေလသည္။ ထို႔​ေၾကာင့္ လွ်ိုကြမ္း၏ႏွလုံးသားေလးနာက်င္သြား၏။ သူ႕မ်က္လုံးေတြက်ဥ္းေျမာင္းသြားကာ ခ်န္းနိုကိုစိုက္ၾကည့္ၿပီးေျပာသည္။

"တကယ္လို႔ မင္းငါ့​စကားနားေထာင္မယ္ဆိုရင္ ငါမင္းကိုေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးမယ္..။ ေအး.. တကယ္လို႔ နားမေထာင္ရင္ေတာ့.. ဟြန္း သေဘာေပါက္လိုက္!..."

ဇနီးေတြကဘာလုပ္လဲသူမသိေပမဲ့ မိမိေရွ႕မွာအဆင္သင့္ရွိေနသည့္ ဇနီးတစ္ေယာက္ကိုေတာ့ မည္သူကမွ်လစ္လ်ဴရႈနိုင္မွာ မဟုတ္ေခ်။

ၿမိဳ႕အရွင္ေတြနဲ႕အထက္တန္းလႊာေတြကလြဲရင္ သာမန္လူ၁၀ေယာက္မွာ၅ေယာက္က ကိုယ္ပိုင္ဇနီးေတြကိုမယူနိုင္ၾကေပ။ အထူးသျဖင့္ဒီ႐ြာကလူေတြျဖစ္၏။ အမ်ားစုကဇနီးတစ္ေယာက္ကို မွ်ေဝေပါင္းသင္းၾကေသာ္လည္း လွ်ိုကြမ္းကေတာ့ထိုကဲ့သို႔လုပ္ရန္ ရည္႐ြယ္ခ်က္မရွိေပ။

ဒီေနရာတြင္ လူခ်မ္းသာေတြနဲ႕အထက္တန္းလႊာေတြ၏ ေနရာေတြမွာကဲ့သို႔  ခမ္းခမ္းနားနားႏွင့္ လက္ထပ္ပြဲေတြကိုက်င္းပေလ့မရွိၾက။ ငယ္႐ြယ္တုန္းလက္ထပ္ထားသည္က အေကာင္းဆုံးျဖစ္သည္ဟု သူၾကားဖူးသည္။ မဟုတ္လွ်င္သူ႕ဇနီးကို တျခားသူေတြက စႏွိုက္ေက်ာ္ၾကလိမ့္မည္။ ဒီအ​မ၏ေနာက္ခံက ဘာပဲျဖစ္ေနျဖစ္ေန လက္ထပ္ရေသးမွာေတာ့မဟုတ္ေလာက္။ မည္သို႔ျဖင့္ဆိုေစကာမူ သူကထိုသူကိုေကာက္လာျခင္းျဖစ္ေလရာ ယခုခ်ိန္မွာ ထိုသူက သူ၊လွ်ိုကြမ္း၏အပိုင္သာျဖစ္၏။

ခ်န္းနို၏ေတာက္ပသည့္ မ်က္လုံးနက္နက္ေလးေတြက သူ႕ကိုစိုက္ၾကည့္ေနျခင္းေၾကာင့္ သူအရမ္းၾကမ္းသြားမိၿပီး တစ္ဖက္လူထိတ္လန့္သြားမည္ကို စိုးရိမ္မိသြားသည္။ ထို႔ေၾကာင့္ သူေလသံကိုေလွ်ာ့လိုက္သည္.။

"မေၾကာက္ပါနဲ႕..။ မင္းထြက္မေျပးသေ႐ြ႕ ငါမင္းကိုအစားေကာင္းေကာင္းေကြၽးၿပီး ေႏြးေထြးတဲ့အဝတ္ေတြကိုလည္း ဆင္ေပးမွာပါ.."

လွ်ိုကြမ္းကႏူးႏူးညံ့ညံ့ေလးေျပာသည္။ ထို႔သို႔ေျပာၿပီးသည္ႏွင့္ တၿပိဳင္နက္ သူ႐ုတ္တရက္ပူေလာင္လာ၏။ သူ႕ရဲ႕အရွက္သည္းေနမႈမ်ားကို တစ္ဖက္လူမျမင္နိုင္ေလာက္ေအာင္ ညစ္ပတ္ေနသည့္ သူ႕မ်က္ႏွာကိုသာ လွ်ိုကြမ္း ေက်းဇူးတင္လိုက္မိ၏။

ခ်န္းနိုစြံ႕အသြားသည္။ သူ႕ဘဝရဲ႕၁၉ႏွစ္တာအခ်ိန္ေတြမွာ တစ္ေန႕က်လွ်င္ ခပ္ေခ်ာေခ်ာမိန္းကေလးတစ္ေယာက္အား ပိုင္စိုးပိုင္နင္ျဖင့္ "မင္းငါ့ဇနီးျဖစ္လာရမယ္.."ဟူ၍​ေျပာသည္ကို ခဏခဏစိတ္ကူးယဥ္ခဲ့ဖူး၏။ ယခုတြင္ေတာ့ ထိုစကားမ်ားကိုအရပ္1.4မီတာေတာင္မရွိေသးေသာ ေကာင္စုတ္တစ္ေယာက္က သူ႕ကိုေျပာေနေခ်ၿပီ။ ကံတရားႀကီးက ေသာက္ရမ္းကို ဆန္းၾကယ္လွ၏။

သူ႕ကိုဖ်ာေတြေရာင္းေနသည့္ေကာင္ေလးအား ရိုက္လိုက္ခ်င္ေပမဲ့ ယခုခ်ိန္မွာသေဘာတူလိုက္သည္က ပို၍ေကာင္းသည္ဆိုတာကို ခ်န္းနိုသိသည္။ ထိုေၾကာင့္ သူလွ်ိုကြမ္းကိုၾကည့္၍ေျပာလိုက္သည္။

"အင္း...။ ငါအခုဗိုက္ဆာတယ္.."

"အမ္...."

လြယ္လြယ္ႏွင့္သေဘာတူလိမ့္မည္ဟု မထင္ထားသည္ လွ်ိုကြမ္းက ခဏေလာက္ၾကက္ေသေသသြားသည္။ သို႔ေသာ္ ဇနီးကိုဆာေလာင္ေစသည့္ ခင္ပြန္းတစ္ေယာက္က ေယာက်ာ္းေကာင္းမဟုတ္။ ထို႔ေၾကာင့္သူရွာလာသည့္ စားစရာေတြကိုစားပြဲေပၚတင္ေပးလိုက္၏။ 

ထိုစားစရာေတြကေပါက္စီေျခာက္ေတြျဖစ္သည္။ ခ်န္းနိုထိုေပါက္စီေတြကိုၾကည့္ၿပီး မ်က္ေမွာင္ႀကဳံ႕လိုက္သည္။ သို႔ေသာ္ ဤေနရာ၌ အစားအစာရွားပါသည္ကို သူသိသည္။ထို႔ေၾကာင့္ ေပါက္စီတစ္လုံးကိုေကာက္၍ တစ္ကိုက္,ကိုက္လိုက္သည္။ ထို႔ေနာက္ ေနာက္ထပ္ေပါက္စီတစ္လုံးကိုယူ၍ လွ်ိုကြမ္းဘက္ကိုပစ္ေပးလိုက္သည္။

လွ်ိုကြမ္းကမွင္တက္သြားၿပီး၊ ထိုေပါက္စီကိုလွမ္းဖမ္းလိုက္သည္။ အၿမဲတမ္းဗိုက္ျပည့္ေအာင္ မစားနိုင္ခဲ့တဲ့သူ႕လိုလူအဖို႔ေတာ့ ထိုေပါက္စီကိုေကာင္း၏ဆိုး၏ဟူ၍ အထြန့္မတက္ပဲစားသည္။ သူက ေပါက္စီတစ္လုံးလုံးကို ပါးေတြေဖာင္းေနတဲ့အထိ ပါးစပ္ထဲထိုးႀကိတ္ထည့္လိုက္ၿပီး မ်ိဳခ်လိဳက္ေတာ့သည္။

သို႔ေသာ္ ဤေပါက္စီ​ေျခာက္ေတြက အရမ္းကိုမာလြန္းသည္။ ခ်န္းနိုတစ္ကိုက္၊ႏွစ္ကိုက္ေလာက္ကိုက္လိုက္ၿပီးေနာက္ က်န္တာကိုစားပြဲေပၚျပန္တင္လိုက္သည္။

လွ်ိုကြမ္းကေရေသာက္ရင္းႏွင့္ ထိုျမင္ကြင္းကိုမေက်မနပ္ၾကည့္သည္။ ဒီအမကသိပ္ကိုအစားနည္းလြန္းတယ္။

လွ်ိုကြမ္း ယခုထိဗိုက္မဝ,ေသးသည္ကို ခ်န္းနိုသိသျဖင့္ သူ႕ေရွ႕ကပန္းကန္းကို လွ်ိုကြမ္းနားကိုတိုးေပးလိုက္သည္။

"ငါစားၿပီးၿပီ..။ က်န္တာကိုမင္းပဲစားလိုက္ေတာ့..။"

လွ်ိုကြမ္းကခဏေလာက္ ေတြေဝေနၿပီး၊ ေနာက္ဆုံးေတာ့ထိုအစားအေသာက္ေတြကို အငမ္းမရစားလိုက္ေတာ့သည္။

သူဝတ္ထားသည့္အဝတ္ေတြက အရမ္းနံေနေသာေၾကာင့္ ခ်န္းနိုမ်က္ေမွာင္ႀကဳံ႕လိုက္မိသည္။ သို႔ေသာ္ သူ႕အဝတ္အစားေတြကလည္း သူႏွင့္အရမ္းႀကီးေနသည္။ ထို႔ေၾကာင့္ သူလွ်ိုကြမ္းကိုေမးလိုက္သည္။

"အပ္နဲ႕အပ္ခ်ည္ ရွိလား?..."

လွ်ိုကြမ္းကသူ႕ကို သတိေပးသလိုၾကည့္လိုက္ၿပီး၊ ကပ္ေၾကးနဲ႕အပ္ခ်ဳပ္ပစၥည္းေတြကို သြားငွားရန္ေဘးအိမ္ကို ထြက္သြားသည္။ သူျပန္ေရာက္ေတာ့ ခ်န္းနိုကသူ႕ေဘာင္းဘီ၏ ခါးႏွစ္ဖက္ကိုသီသည္။ တကယ္ေတာ့ခ်န္းနိုက ေအာက္သက္ေက်သည့္လူတစ္ေယာက္ျဖစ္ၿပီး၊ လူေဘာ္ေက်ာ့တစ္ေယာက္မဟုတ္။ ထို႔ေၾကာင့္ ယခုကဲ့သို႔အခ်ဳပ္အလုပ္က သူ႕အတြက္မခက္ခဲလွ။

သူဒီနံေစာ္ေနသည့္အဝတ္စုတ္ေတြကို ခြၽတ္ဖို႔မေစာင့္နိုင္ေတာ့။ ထို႔​ေၾကာင့္ ထိုအဝတ္ေတြကိုအျမန္ခြၽတ္၍ သီထားေသာသူ႕ေဘာင္းဘီကို လဲဝတ္လိုက္သည္။ ကံေကာင္းစြာႏွင့္ပင္ ေဘာင္းဘီကသူႏွင့္ေခ်ာင္မေနေတာ့ေပ။

ထိုျမင္ကြင္းကိုၾကည့္ေနသည့္ လွ်ိုကြမ္းကအံ့အားသင့္သြားကာ ေဒါသေၾကာင့္ လွ်ာကိုက္မိေတာ့မလိုေတာင္ျဖစ္သြားရ၏။

"မင္း! အရွက္မရွိတဲ့ အမ! ေနာက္တစ္ခါ သူမ်ားေတြေရွ႕မွာ အဝတ္မခြၽတ္ဖို႔မင္းကို သတိေပးထားလိုက္မယ္..။ ၿပီးေတာ့ မင္းက အမ တစ္ေယာက္ဆိုတာကိုလည္း ဘယ္သူ႕ကိုမွမေျပာရဘူး!.."

ခ်န္းနို အမဆိုသည့္စကားလုံးကို ႏွစ္ခါတိတိၾကားလိုက္ရသည္။ ဒီကမာၻႀကီး၏ေယာက်္ား၊မိန္းမ ခြဲျခားပုံကအရမ္းကိုေၾကာက္စရာေကာင္းလွေခ်သည္။ သို႔ေသာ္လည္း ခုနကလွ်ိုကြမ္း၏လန့္သြားသည့္ပုံေလးက သာမန္ကေလးေတြကဲ့သို႔ ခ်စ္စရာေကာင္းတာေၾကာင့္ သူရယ္လိုက္သည္။

ထို႔ေနာက္ သူ႕T-shirtကိုလဲဝတ္လိုက္ၿပီး၊ ခုတင္ေပၚမွာထိုင္လိုက္သည္။ သူက လွ်ိုကြမ္းကိုၾကည့္၍ေျပာသည္။

"ငါ့နာမည္ကခ်န္းနို..။ ဒီေနရာကဘယ္လိုေနရာလဲ?..."

လွ်ိုကြမ္းခဏေလာက္ေၾကာင္အ,ေနၿပီးေတာ့မွ သူ႕အနာဂတ္ဇနီးေလာင္း၏နာမည္ကို ေသခ်ာမွတ္ထားလိုက္သည္။ ခ်န္းနိုကိုသူ႕ဇနီးအျဖစ္လက္ထပ္ဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ဒီေနရာကအေၾကာင္းေတြေျပာျပလိုက္သည္။ လွ်ိုကြမ္းကဘယ္ေလာက္ပဲ လူႀကီးေလးကဲ့သို႔ျပဳမႈေနကာမူ တကယ္ေတာ့သူက ကေလးတစ္ေယာက္ပင္ျဖစ္ေလရာ အေတြးေတြအားထိန္းခ်ဳပ္နိုင္စြမ္းက အကန့္အသတ္ရွိသည္။

ခ်န္းနိုဒီေနရာကအေၾကာင္းေတြကို ပိုသိလာေလေလ အံ့ၾသမိလာေလေလျဖစ္သည္။ ဒီကမာၻတြင္နိုင္ငံေတြမရွိပဲ မ်ားျပားလွသည့္​ၿမိဳ႕ေတြသာရွိသည္။ ၿမိဳ႕တစ္​ၿမိဳ႕၏အရွင္တစ္ပါးက တိုင္းျပည္တစ္ျပည္၏ ဧကရာဇ္တစ္ပါးႏွင့္ အဆင့္ခ်င္းတူသည္။ ေနရာအႏွံ႕အျပားတြင္ရွိသည့္ ဖြံ႕ၿဖိဳးတိုးတက္မႈေတြကမတူေပ။ သို႔ေသာ္ သူတို႔ရွိေနသည့္​ေနရာကေတာ့ အရင္းအျမစ္ေတြအရွားအပါးဆုံး ေနရာေတြထဲကတစ္ခုျဖစ္ေၾကာင္းကိုေတာ့ သံသယရွိစရာမလို။ သူတို႔ေနသည့္ေနရာက ၿမိဳ႕ႏွစ္ၿမိဳ႕ၾကားမွာျဖစ္ၿပီး ကုန္သြယ္ေရးလမ္းမႀကီးႏွင့္နီး၏။

လွ်ိုကြမ္းကခ်န္းနိုကို အထင္ေသးသလိုၾကည့္၍ ေမးသည္။

"မင္းဒီလိုမ်ိဳး အေျခခံက်တဲ့အခ်က္ေလးေတြကိုေတာင္ မသိဘူးလား? အထက္တန္းလႊာစံအိမ္က ထြက္ေျပးလာခဲ့တာလား?.."

အထက္တန္းလႊာေတြက သူတို႔ႏွင့္ကစားရန္ ၾကည့္ေကာင္းသည့္အမေတြအား ဥယ်ဥ္ထဲ၌ေမြးထားတတ္သည့္ အေၾကာင္းကို ႐ြာထဲကလူႀကီးေတြကအတင္းတုပ္ေနက်ျဖစ္၏။ ခ်န္းနိုကငယ္႐ြယ္ၿပီးေတာ့ မည္သည္ကိုမွ်လည္းမသိ။ သူကထိုကဲ့သို႔ေသာ အထက္တန္းလႊာစံအိမ္က ထြက္ေျပးလာတာပဲျဖစ္ရမည္။

သို႔ေသာ္ ဤေနရာတြင္ နဂါး​ေတြနဲ႕ငါးေတြက ေရာေထြးေနၾကတာျဖစ္သည္။ ထို႔ျပင္ သူတို႔ပတ္ဝန္းက်င္ကေတာင္ေတြက က်က္တီးေျမျဖစ္ၿပီး၊ ေျမမ်က္ႏွာသြင္ျပင္ကလည္း ၾကမ္းတမ္း၏။ထို႔ေၾကာင့္ ထိုအမကိုသူမ်ားေတြရွာေတြ႕သြားမည္အား သူမေၾကာက္။

TN// (နဂါးနဲ႕ငါးေရာေထြးေနသည္။ = အေကာင္းနဲ႕အဆိုးေရာေထြးေနတာ။)

ခ်န္းနိုက လွ်ိုကြမ္း၏အေမးေတြကို နားမလည္ေပ။ ထို႔ေၾကာင့္ မတုံ႕ျပန္ပဲၿငိမ္ေနဖို႔ကိုသာ အေမွ်ာ္အျမင္ရွိရွိေ႐ြးခ်ယ္လိုက္သည္။ သို႔ေသာ္ လွ်ိုကြမ္းကေတာ့ သူ႕စကားေတြေၾကာင့္ ခ်န္းနိုကိုမေကာင္းသည့္ အမွတ္တရေတြကို ျပန္သတိရေစမိၿပီဟုထင္သြားသည္။ထို႔ေၾကာင့္ သူအခ်ိန္အၾကာႀကီးၿငိမ္ေနလိုက္ၿပီးေနာက္တြင္ေတာ့ ကို႔ရို႔ကားယား​ျဖင့္၊ ခ်န္းနိုပခုံးေလးကို အသာအယာေလးပုပ္၍ ကတိေပးလိုက္သည္..။

"စိတ္မပူပါနဲ႕..။ အနာဂတ္မွာငါမင္းအေပၚ ေကာင္းေပးမွာပါ..."

__________

Continue Reading

You'll Also Like

4M 281K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
119K 14.9K 39
Title - Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(Vol-2) Vol-2 (ေ႐ွးေဟာင္းနယ္ေျမဆီသို႔) author - Neko san
3.5M 253K 78
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...