သားဖွားခန်းက ရင်ခုန်သံ(သားဖြာ...

By SakuraRain2000

2.9M 207K 30.2K

👨🏻‍⚕️ Main Chapter 10 parts After Falling In Love 15 parts🌸 More

Chapter-1(Unicode)
Chapter-2(Unicode)
Chapter-3(Unicode)
Chapter-4(Unicode)
Chapter-5(Unicode)
Chapter-6(Unicode)
Chapter-7(Unicode)
Chapter-8(Unicode)
Chapter-9(Unicode)
Chapter-10 (Unicode)
After Falling In Love-2(Unicode)
After Falling In Love-3(Unicode)
After Falling In Love-4(Unicode)
After Falling In Love-5(Unicode)
After Falling In Love-6(Unicode)
After Falling In Love-7(Unicode)
After Falling In Love-8(Unicode)
After Falling In Love-9(Unicode)
After Falling In Love-10(Unicode)
After Falling In Love-11(Unicode)
After Falling In Love-12(Unicode)
After Falling In Love-12-2(Unicode)
After Falling In Love-13(Unicode)
After Falling In Love-14(Unicode)
After Falling In Love-15(Unicode)
Final(Unicode)
After Marriage(Unicode)
After Marriage 2(Unicode)
Chapter-1(Zawgyi)
Chapter-2(Zawgyi)
Chapter-3(Zawgyi)
Chapter-4(Zawgyi)
Chapter-5(Zawgyi)
Chapter-6(Zawgyi)
Chapter-7(Zawgyi)
Chapter-8(Zawgyi)
Chapter-9(Zawgyi)
Chapter-10(Zawgyi)
After Falling In Love-1(Zawgyi)
After Falling In Love-2(Zawgyi)
After Falling In Love-3(Zawgyi)
After Falling In Love-4(Zawgyi)
After Falling In Love-5(Zawgyi)
After Falling In Love-6(Zawgyi)
After Falling In love-7(Zawgyi)
After Falling In Love-8(Zawgyi)
After Falling In Love-9(Zawgyi)
After Falling In Love-10(Zawgyi)
After Falling In Love-11(Zawgyi)
After Falling In Love-12(Zawgyi)
After Falling In Love-12-2(Zawgyi)
After Falling In Love-13(Zawgyi)
After Falling In Love-14(Zawgyi)
After Falling In Love-15(Zawgyi)
Final(Zawgyi)
ကျေးဇူးတင်လွှာ&Book
About Physical Book
Book Cover
🌸Preorder Now🌸
After Marriage(Zawgyi)
Happy Birthday U Phyo
After Marriage 2(Zawgyi)

After Falling In Love-1(Unicode)

104K 7.3K 387
By SakuraRain2000


ဖုန်းမျက်နှာပြင်တစ်ဖက်မှ လှမ်းမြင်နေရသော ထိုလူကြီးက ရေချိုးပြီးခေါင်းပါလျှော်ထားဟန်ရှိသည်။ နှဖူးထက်အစင်းလိုက်ကျနေသော ဆံစများ၌ ရေစက်အချို့ ခိုသီးနေသည်။ ရှင်းသန့်သန့်မျက်နှာချောချောကလည်း ခါတိုင်းထက် ပို၍ ဝင်းဖန့်နေသလိုရှိသည်။

“ဆံပင်တွေခြောက်အောင်သုတ်ဦးလေ”

လင်းထက်ပြောလိုက်တော့ ခေါင်းညိတ်ပြကာ ပခုံးပေါ်တင်ထားသော တဘက်ငယ်ဖြင့် ဆံပင်များကို အနောက်မှနေ၍ ခပ်ဖွဖွသုတ်လေသည်။ ထို့နောက် စားပွဲ၌ဝင်ထိုင်ပြီး ဖုန်းကို အရှေ့၌ နှစ်ဦးနှစ်ဖက် မြင်သာအောင်ထောင်လိုက်သည်။

“ပြောပါဦး အသည်းအသန် ဗီဒီယိုကောလ် ခေါ်ခိုင်းရတဲ့အကြောင်းအရင်း”

လေသံက သိမ်မွေ့ဟန်ရှိသော်လည်း ထိုလူကြီး၏မူပိုင် မျက်မှောက်ကတော့ မသိမသာကုတ်ထားသေးသည်။ တကယ်ကြီး ထိုလူကြီးဟာ လင်းထက်၏ချစ်သူဆိုသောနေရာတွင် ရှိနေခဲ့ပြီဆိုသည်ကို မနေ့ညကရော တစ်နေ့ညကရော လင်းထက်အလူးလူးအလိမ့်လိမ့်ဖြင့် ရင်ခုန်လို့မဆုံးနိုင်ခဲ့။

“လွမ်းလို့ပေါ့ဗျာ”

လင်းထက် ရုပ်တည်ဖြင့် ရှုတည်တည်ပြောလိုက်တော့ ပြုံးမယောင်ဖြစ်သွားသောနှုတ်ခမ်းများ။ သို့သော် ထိုယောင်တောင်တောင်အဆင့်မှာပင် ရပ်တန့်ကာ အပြုံးတစ်ခုအဖြစ်တော့ ပီပီပြင်ပြင်ဖြစ်မလာ။ သည်လူကြီးဟာလေ...။ ကိုယ့်ချစ်သူကို အပြုံးလေးတစ်ခု စွန့်ကြဲဖို့တောင် ကပ်စေးနဲလွန်းလှသူဖြစ်သည်။ ဖွင့်ပြောသည့်ညကပဲ နူးညံ့ညင်သာခဲ့သော လူကြီးဟာ နောက်နေ့ရောက်တော့ ခပ်တည်တည်နဲ့ သူမဟုတ်သလိုပါပဲ။

မတွေ့ရတာနှစ်ရက်သာရှိသေးသော်လည်း ထိုလူကြီးကို လင်းထက် တကယ်လွမ်းပါသည်။ လောလောလတ်လတ်ရည်းစားရထားသည့် လူငယ်တစ်ယောက်အနေဖြင့် ထိုလူကြီးက လင်းထက်၏အတွေးတို့ကို နေ့နေ့ညညစိုးမိုးနေတော့တာ။ ထို့ပြင် နောက်ဆို ဌာနတစ်ခုထဲ အတူတူမရှိနိုင်တော့ဘူးဆိုသည့်အသိကြောင့်လည်း ပို၍လွမ်းရသည်။
လင်းထက်က အငယ်ဖြစ်ပြီး သတိတရ လွမ်းသလောက် ထိုလူကြီးကတော့ မထုံတက်တေးသာ...။

“မနက်ဖြန်အတွက် အသင့်ဖြစ်ပြီလား”

“ဟင် ဘာကိုလဲ”

ရုတ်တရတ်မေးလာသည်မို့ ဘာကိုဆိုလိုမှန်း နားမလည်။

“မနက်ဖြန် ဖျားနာဆောင်(၁) ကို ဆင်းရမှာမဟုတ်လား၊ လေ့လာစရာရှိတာတွေ လေ့လာပြီးပြီလားလို့မေးတာ”

“အာ...ဖျားနာဆောင်မှာက ကေ့စ်တွေက အများကြီးကို၊ ကျွန်တော်က ဘာကိုသွားလေ့လာရမှာလဲဗျ”

“လင်းထက်နောင်”

“ဗျာ...”

ထုံးစံအတိုင်း အလိုမကျစွာ မျက်မှောက်ကုတ်၍ ခေါ်လာပြန်သည်။

“ကေ့စ်များတိုင်း တစ်ခုမှ လေ့လာမသွားတော့ဘူးတဲ့လား၊ အနည်းဆုံးတစ်ခုရရနှစ်ခုရရ လေ့လာသွားတော့ မင်းအရမ်းတတ်သွားမှာစိုးလို့လား”

“ဟာဗျာ...”

လင်းထက် မျက်နှာမဲ့တော့ ထိုလူကြီးက ခေါင်းတခါခါနှင့် သူ့စာအုပ်ပုံထဲမှ တစ်ခုခုကို ချက်ချင်းထရှာလေသည်။ ပါးစပ်ကလည်းပြောသေးသည်။

“မင်းက ငါလွှတ်ထားလိုက်လို့ရမှာမဟုတ်ဘူးပဲ”တဲ့။ ထို့နောက် စာအုပ်ပုံထဲမှ သူ့၏မှတ်စုစာအုပ်ဖြစ်ဟန်တူသော စာအုပ်အထူကြီးအားဆွဲယူကာဖွင့်လိုက်သည်။
ယခုမှချစ်သူဖြစ်စမှာ ပထမဆုံး ဗီဒီယိုကောလ်ပြောခြင်းကို စာအကြောင်းသာပြောရန်တာဆူနေသော ထိုလူပျိုကြီးကြောင့် လင်းထက် အော်ငိုပစ်ချင်သွားသည်။

“စာအုပ်နဲ့ဘောပင်ယူလိုက် လင်းထက်နောင်၊ ဖျားနာဆောင်(၁)ကို အလာများတဲ့ ကေ့စ်တွေ ငါပြောပြမယ်၊ လိုက်မှတ်...ပြီးရင် သည်ညအဲ့ခေါင်းစဥ်တွေကို အဓိကလေ့လာသွား”

“ဟုတ်”

မလုပ်လျှင်လည်းမရသည်မို့ နေရာမှထကာ မှတ်စုစာအုပ်နှင့် ဘောပင်ကို ယူလိုက်ရသည်။ ပြီးမှ စာနှင့်ပို့လည်း ရပါရက်နှင့် ထိုလူကြီးဟာ တမင်သက်သက် နှစ်ယောက်လွတ်လွတ်လပ်လပ်စကားပြောရမည့်အချိန်ထဲမှ ဖဲ့ယူသည်။ ဒါမှမဟုတ် ထိုလူကြီးက လင်းထက်နှင့်သူ့အကြား စာမှလွဲ၍ အခြားပြောစရာအကြောင်းမရှိဟုများ ယူဆထားလေသလားမသိ။

“ဖျားနာဆောင်မှာ အများစုက Lung Disease တွေများတယ်၊ နောက်ပြီး Liver Disease တွေလည်းအလာများတယ်၊ အင်း နောက်ပြီးတော့...”

ထို့နောက် ထိုနောက်ပြီးတော့မှအစပြုကာ နောက်နာရီဝက်လောက်ထိ မညောင်းမညာ စာအကြောင်းထိုင်၍ လက်ချာပေးလေသော ဦးဖြိုးစည်လင်းသူ။ အစက ခေါင်းစဥ်တွေပဲပြောပြမည်ဟုဆိုပြီး တကယ်တမ်းကျတော့ ခေါင်းစဥ်တစ်ခုချင်းစီနှင့်ပတ်သတ်သမျှ သူ့၏လက်တွေ့အတွေ့အကြုံများကအစ အသေးစိတ်ပြောလေတော့သည်။ တကယ်ကို သမီးရည်းစား ဗီဒီယိုကောလ်ပြောသည်မဟုတ်တော့ဘဲ ဆရာနှင့်တပည့် စာသင်နေသလို။

နာရီဝက်ကျော်လာတော့ လင်းထက် သည်းမခံနိုင်တော့ပါ။ အရှေ့မှ စာအုပ်တွင်လည်း ဘာတွေလိုက်ရေးထားမိမှန်း မသိတော့။

“ဦးဖြိုးစည်လင်းသူ”

အသည်းယားစွာ ခပ်ကြိတ်ကြိတ်ခေါ်မိတော့ စာရွက်တွေအား တဖျတ်ဖျတ်လှန်နေရင်းမှ ဘာလဲဟူသောသဘောဖြင့် မျက်ခုံးပင့်ပြီး မော့ကြည့်လာသည်။

“သည်စာတွေ ပြီးမှ ကျွန်တော် စာအုပ်ထဲကရှာကြည့်လိုက်တော့မယ်၊ အခု အစ်ကိုပြောလည်း ကျွန်တော့်ခေါင်းထဲမဝင်ဘူး”

“ဘာ...၊ ဘာလို့မဝင်ရတာလဲ”

ထုံးစံအတိုင်း ထအော်သော ထိုလူကြီးကြောင့် လန့်ချင်သွားသော်လည်း ဟန်ကိုယ်ဖို့ကာ အရဲစွန့်ပြန်ပြောလိုက်ရသည်။

“ကျွန်တော်က စာအုပ်နဲ့အေးအေးဆေးဆေးဖတ်မှရတာ၊ အခုလို ပလစ်ပလစ်ပြောသွားရင်မရဘူး”

သူမုသားသုံးလိုက်ပါသည်။ တကယ်က ထိုလူကြီး၏ ပါးစပ်အဖွင့်အပိတ်၊ မျက်တောင်တစ်ဖျပ်အခတ်တို့ဆီ စိတ်ရောက် ရောက်သွားတတ်ခြင်းကြောင့် စာထဲမည်သို့မျှ စိတ်ထည့်မရတာ။

“နေပါဦး၊ ဘယ်သူက ပလစ် ပလစ်ပြောနေလို့လဲ၊ ငါ မင်းကို တစ်လုံးချင်း သေချာပြောနေတာပါ၊ မင်းဘာမင်းသေချာလိုက်မကြည့်ဘဲနဲ့”

လင်းထက် မျက်နှာကိုသိသိသာသာဆူပုပ်ကာ ငြိမ်နေလိုက်တော့ ဦးဖြိုးစည်လင်းသူတစ်ယောက်လည်း ခေတ္တအသံတိတ်သွားသည်။

ထို့နောက် အတန်ကြာမှ ဘာစိတ်ကူးပေါက်သည်မသိ။ ခေါင်းတဆတ်ဆတ်ညိတ်ရင်း လက်ထဲမှ ဘောပင်ကို အသာအယာချလိုက်လေသည်။

“ကဲ့ ဟုတ်ပြီ၊ မလုပ်ချင်တော့ဘူးဆိုလည်း ထားတော့၊ ခုနကပြောတဲ့ ခေါင်းစဥ်တွေကိုမှတ်ထား၊ ပြီးရင် မအိပ်ခင်တော့ နည်းနည်းချင်းစီပြန်ဖတ်လိုက် ဟုတ်ပြီလား”

ထိုလူကြီးဘက်မှ အလျှော့ပေးသလိုလေသံမျိုးဖြစ်၍ လင်းထက် စိတ်ထဲကျေနပ်သလိုဖြစ်သွားသည်။

“ဟုတ်”

ထို့နောက် ထိုလူကြီးအား အသေအချာကြည့်ကာ အလွမ်းသယ်ရန် လင်းထက် ခုံပေါ်အကျအနပြင်ထိုင်လိုက်သည်။ ယခုမှ သမီးရည်းစားသဘာဝ ထွေရာလေးပါး  သေချာပြောရတော့မည်မဟုတ်ပါလား။
သို့သော် ဦးဖြိုးစည်လင်းသူဆိုသော ထိုလူကြီးကတော့ လင်းထက်၏ရည်ရွယ်ချက်ကို ရိပ်မိဟန်မတူ။


“အင်း ဒါဆို ငါဖုန်းချလိုက်တော့မယ်နော်၊ မင်း စာလုပ်ချိန်ပိုရအောင်”

“ဘာ!!!”

တကယ်ပဲ သည်လူကြီး စာအကြောင်းမပြောတော့ဘူးဆိုတာနဲ့ ဖုန်းချတော့မယ်ပေါ့။ လင်းထက် သိသိသာသာ ဆူပုပ်သွားတော့သည်။ ထိုလူကြီးကတော့ သူဘာမှမလုပ်ထားဟန်ဖြင့် မျက်ခုံးတစ်ဖက် ပင့်တင်ကာ ကြည့်လာပြန်သည်။

“အစ်ကိုဟာလေ...ကျွန်တော်နဲ့စာအကြောင်းကလွဲရင် ဘာမှမပြောချင်တော့ဘူးလား”

သည်လိုဆိုတော့လည်း ချက်ချင်း ပျာပျာသလဲဖြေရှင်းလာ၏။


“မဟုတ်ပါဘူး၊ မင်းစာကြည့်ချိန်ပိုရအောင်ပါ၊ မနက်ဖြန် တကယ်လို့ ဖျားနာဆောင်ကအကြီးတစ်ယောက်ယောက်က စာမေးလို့မင်းမရရင် အဆူခံရမှာစိုးလို့လေ၊ မင်းက အလွဲတွေလည်း သိပ်လုပ်တတ်တာမဟုတ်လား၊ အဲ့မှာ အရင်လို မင်းကို ငါလည်းမျက်စိဒေါက်ထောက်ကြည့်နေလို့မရတော့ ငါကာကွယ်ပေးလို့လည်းမရတော့ဘူးလေ”

“အာ့ဆို သားဖွားဆောင်မှာတုန်းက ကျွန်တော့်ကို အမြဲမျက်စိဒေါက်ထောက်ကြည့်ခဲ့တယ်ပေါ့"

ထိုလူကြီးက ချက်ချင်းအသံတိတ်သွား၏။ ခပ်ရဲရဲဖြစ်သွားသောမျက်နှာကြောင့် ထိုလူကြီးရှက်သွားမှန်း လင်းထက်နားလည်လိုက်သည်။ တဆက်တည်း မကျေနပ်စိတ်သေးသေးလေးပင် လေထဲလွင့်သွားရသည်။ ထိုလူကြီးကို လင်းထက်ချစ်လိုက်ရတာ။ ဘာကြောင့် သည်လိုအပေါက်ဆိုးဆိုးယောက်ျားတစ်ယောက်ကို လင်းထက်ချစ်မိသွားခဲ့လဲပင် နားမလည်နိုင်။

“သားဖွားဆောင်မှာ ကျွန်တော်မရှိတော့တဲ့အတွက် ကျွန်တော့်ကို လွမ်းနေမှာလား”

“အင်း အားရင်တော့ သတိရမှာပေါ့”

ကြည်နူးစရာအဖြေမဟုတ်သော်လည်း ဒါနှင့်ပင် ကျေနပ်ရသည်။

“အစ်ကို”

“အင်း...”

လင်းထက် မချစေချင်မှန်းသိ၍ ဖုန်းကိုတော့ချကြောင်းမပြောတော့။

“ဖျားနာဆောင်က သရဲခြောက်တယ်ဆို”

“အမ် ဘယ်သူပြော”

“မနေ့ညက လိုင်းပေါ်ကနေ အစ်မမေသဇင်ပြောတာ”

“အာ...သည်ကောင်မလေးကို ယုံပြန်ပြီ၊ မင်း ခံထားရတာတောင် မမှတ်သေးဘူးလား”

“မသိဘူးလေဗျာ၊ တကယ်ခြောက်လားမခြောက်လားပဲပြောပါ”

“မခြောက်ပါဘူး၊ ငါတော့မကြားဖူးဘူး”

“အစ်ကိုက သရဲကြောက်တတ်လား”

ချက်ချင်းတော့ တုံ့ပြန်မလာ။ အတော်ကြာမှ


“အရမ်းမကြောက်ပါဘူး”

“ကြောက်တော့ကြောက်တယ်ပေါ့”

စူးခနဲအကြည့်တစ်ချက်ကိုရလိုက်သည်မို့ လင်းထက် ခပ်ဟဟရယ်မောလိုက်မိသည်။

“ကဲ့ တော်ပြီ လင်းထက်နောင်၊ မင်း စာကြည့်သင့်ပြီ၊ ကြည့်နေရင်း တစ်ခုခုနားမလည်တာရှိရင် ဘယ်အချိန်ဖြစ်ဖြစ် ဖုန်းဆက်မေး၊ Ward ထဲရောက်ရင်လည်း တစ်ခုခုသိချင်တာရှိလို့ အဲ့ကလူတွေမမေးရဲရင် ငါ့ကိုဖုန်းဆက်၊ ဖျားနာဆောင်မှာရှိတဲ့ ငါ့သူငယ်ချင်းထိုက်စံကိုတော့ မင်းလာမဲ့အကြောင်းနဲ့ မင်းကို နည်းနည်းဂရုစိုက်ပေးဖို့ ငါပြောထားတယ်”

“ကျွန်တော်တို့နှစ်ယောက်အကြောင်းရောလား”

လင်းထက် တိုးဖွဖွမေးမိတော့ ထိုလူကြီးက ခေတ္တတိတ်သွား၏။ ထို့နောက် လင်းထက်ကို စိုက်ကြည့်ကာ ခေါင်းညိတ်လာလေသည်။

“အင်း”

ရင်ထဲကြည်နူးမှုတစ်ခုက တသိမ့်သိမ့်ဖြတ်ပြေးသွားသည်။ မိမိနှင့်အကြောင်းကို ဖုံးကွယ်မထားဘူးဆိုသည့်အသိစိတ်ကြောင့် ထိုလူကြီးကို ပို၍မြတ်နိုးရလေသည်။
တကယ်ပဲ ဦးဖြိုးစည်လင်းသူဟာ လင်းထက်နောင်ကို အများကြီးချစ်ပါတယ်လေ။

***********

လမ်းလျှောက်လာရင်း လင်းထက် ကျောထဲ၌ စိမ့်ခနဲ ဖြစ်သွား၏။ တစ်လမ်းလုံးတွင် လင်းထက်မှအပ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိ။ သစ်ပင်အိုကြီးအနားရောက်တော့ လူက ရှေ့ဆက်မလှမ်းရဲတော့။ အုပ်ဆိုင်းနေသည့် သစ်ပင်ကြီးက သူတစ်ကိုယ်တည်းရပ်တည်နေသည်မဟုတ်။ ဘေးရှိ ခြုံပင်နွယ်ပင်များကိုလည်း သူ့ပတ်ပတ်လည်သို့ ရစ်သိုင်းခွင့်ပေးထားသဖြင့် အမှောင်ပျိုးစအချိန်တွင် နာနာဘာဝကြီး တစ်ကောင်ကဲ့သို့ပင်။

လင်းထက်နောင် ဖြိုးစည်လင်းသူဆိုသော မိမိ၏ချစ်သူ လူကြီးအား စိတ်ထဲမှ ကျိန်ဆဲနေမိတော့သည်။ သူလာကြိုမည်ဆို၍ စောင့်နေသောကြောင့် ယခုကဲ့သို့ မိုးချုပ်ရခြင်းပင်။ ဖျားနာဆောင်ရှိရာ အဆောက်အအုံသည် သားဖွားဆောင်နှင့် အတော်လေးဝေးလေသည်။ ဆေးရုံဝင်းတစ်ခုတည်းတွင်ဆိုသော်လည်း တော်ရုံ ဆိုက်ကား၊ ဆိုင်ကယ်၊ ကားများဖြင့်ပင် သွားလာရသည်။ ကြားတွင် ကန်စွန်းခင်းတစ်ခင်းရှိပြီး ပုံမှန်အားဖြင့် လူပြတ်လေသည်။ ထို့ပြင် ရေခဲတိုက်အနီးမှလည်း ဖြတ်သန်းသွားရသေးသည်။

ယနေ့ လင်းထက်နောင်၏ ဂျူတီက ငါးနာရီတွင်ပြီးသော်လည်း ဟိုလူကြီးက အတူပြန်ရန် သူလာကြိုမည်ဟုဆိုသောကြောင့် ဝေဝေတို့ကို အရင်ပြန်ခိုင်းလိုက်ပြီး စောင့်နေခဲ့မိသည်။ သို့သော် တကယ်တွင်တော့ ခြောက်နာရီကျော်တော့မှ ထိုလူကြီးက သားဖွားခန်း၌ အရေးပေါ်မို့ ကူနေရသေးသည်ဟုဆိုကာ တစ်ယောက်တည်း သားဖွားဆောင်သို့ လာခဲ့ရန် ဖုန်းဆက်သည်။
လာရဲလားဟုတော့ မေးပါသေးသည်။ ယောက်ျားမာနဖြင့် လာရဲသည်ဟု ဖြေခဲ့ပြီးမှ ယခုတော့ ရှေ့မတိုးရဲ ဖြစ်နေသည်။ နေ့တာတို၍ ညတာရှည်နေသည်မို့ အမှောင်ထုက စောစီးစွာဝင်ရောက်လာတော့တာ။ ဖုန်းလှမ်းဆက်ရန်တွေးမိသော်လည်း စိတ်အနည်းငယ်ကောက်ချင်နေသည်မို့ မဆက်ဖြစ်။

မဖြစ်မနေသွားရမည်မို့ အားတင်းကာ ခြေလှမ်းတို့ကို ဆက်လှမ်းလိုက်ရသည်။ ဖုန်းမီး၏အလင်းရောင်အောက် ညောင်ပင်ကြီးကပို၍ ခြောက်ခြားဖွယ်ကောင်းနေလေသည်။ ည၏လေညင်းကလည်း ကြက်သီးထဖွယ် တိုက်ခတ်နေသေးသည်။ လင်းထက်လွယ်အိတ်ကြိုးကို တင်းနေအောင် ဆုပ်ကိုင်လိုက်သည်။

ထို့နောက် မရှိမဲ့ရှိမဲ့ သတ္တိတို့ဖြင့် အားတင်းကာ ညောင်ပင်အောက်မှအဖြတ်...

“ချွတ်...ချွတ်”

“အမေ့”

လင်းထက် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရ၏။

တချွတ်ချွတ်အသံဟာ ညောင်ပင်အောက် ချုံနွယ်ရိပ်တစ်ခုအတွင်းမှ ထွက်ပေါ်လာနေသည်။ 

လင်းထက်လှမ်းနေသည့်ခြေလှမ်းကိုရပ်ကာ အသံကို သေချာနားထောင်လိုက်သည်။ မှောင်မည်းတိတ်ဆိတ်နေသော ညောင်ပင်အောက်က နာနာဘာဝတစ်ကောင် ချက်ချင်းတိုးထွက်လာတော့မလို။ လင်းထက်တစ်ယောက် အသက်ရှူပင်အောင့်လိုက်မိသည်ထင်၏။

“ချွတ်...ချွတ်...ဝေါ”

“အား...အမေရေ...”

တချွတ်ချွတ်အသံ၏နောက် ထိုချုံပုတ်အတွင်းမှ ထိုးထွက်လာသော ခပ်မဲမဲအရာတစ်ခုကြောင့် လင်းထက် လက်ထဲမှဖုန်းကို ယောင်ယမ်းလွှင့်ပစ်မိကာ ဘာမှမစူးစမ်းမစဥ်းစားနိုင်တော့ဘဲ အားကုန်ပြေးခဲ့မိတော့သည်။ ဖုန်းကိုပစ်ခဲ့မိတာကြောင့် မှောင်မည်းနေသည့်လမ်းကိုပင် သတိမမူမိ။

“ဘုတ်...”

“အား...အမေရေ...ကယ်ပါဦး သရဲ သရဲ”

ထိုစဥ် နဖူးနှင့်ဝင်တိုက်မိလိုက်သည့် အရှေ့မှ ခပ်မာမာအရာတစ်ခုကြောင့် လင်းထက် ငုတ်တုတ်ထိုင်ချ ၍မျက်စိစုံမှိတ်ကာ ငယ်သံပါအောင် အော်လိုက်မိတော့သည်။

“လင်းထက်နောင် ...လင်းထက်နောင် ငါလေ...ငါ ဖြိုးစည်လင်းသူ၊ ငါ့ကို ကြည့်ဦး လင်းထက်နောင်”

ပခုံးကို ဆွဲပွေ့ကာခေါ်လာသူကြောင့် လင်းထက် ပြန်လည်အသိဝင်သွားရသည်။ ဦးဖြိုးစည်လင်းသူ...။

အားကိုးရာကိုတွေ့လိုက်ရသည်နှင့် ထိုလူကြီး၏ ခါးကို လင်းထက် တင်းတင်းကြပ်ကြပ်ဖက်လိုက်မိသည်။

“အစ်ကို သရဲ...သရဲ...ညောင်ပင်အောက်ကချုံပုတ်ထဲမှာ”

“အာ...မဟုတ်တာ၊ ဘယ်ကသရဲလဲ၊ ငါ့ကိုကြည့်ဦး၊ စိတ်အေးအေးထားစမ်း”

ဘယ်လိုကျလာမှန်းမသိသောမျက်ရည်များကို ထိုလူကြီးက ခပ်ဖွဖွသုတ်ပေးလာသည်။

“ညောင်ပင်အောက်က ချုံပုတ်ထဲက သရဲ.. သရဲ ထွက်လာတာလို့၊ အခုလေးတင်”

ရှိုက်သံတစ်စွန်းတစ်စနှင့် ရင်ခွင်မှာမျက်နှာအပ်ကာဆိုတော့ ထိုလူကြီးက ပို၍ ချော့မော့လာသည်။

“ဟုတ်ပါပြီ၊ ဒါပေမဲ့ အခုမရှိတော့ဘူးလေ၊ မရှိတော့ဘူးနော်”

ထိုလူကြီးက လင်းထက်၏ပခုံးကို အချိန်တစ်ခုထိ ကလေးတစ်ယောက်လို ခပ်ဖွဖွပွတ်သပ်ပေးကာ စိတ်ငြိမ်စေသည်။ ရင်ခွင်အတွင်းမှ စန္ဒကူးရနံ့သင်းသင်းဟာလည်း လင်းထက်၏စိတ်ဝိညာည်ကို ပြန်လည်ချော့မြူပေးလာသည်။ ထို့နောက် လင်းထက် တဖြည်းဖြည်း ရှိုက်သံတွေစဲလာမှ ထိုလူကြီးက စကားသည်။

“ကြည့်စမ်း အမှောင်ထဲကို မီးမပါဘာမပါ တစ်ယောက်တည်းပြေးလာရလားကွာ”

“ဖုန်း...၊ ကျွန်တော့်မှာ ဖုန်းပါတယ်၊ ဒါပေမဲ့ ကျွန်တော် လွှင့်ပစ်ခဲ့တယ်”

“ဟမ်...ဘယ်နားမှာ လွှင့်ပစ်ခဲ့တာလဲ”

စိတ်ငြိမ်စပြုပြီမို့ ပတ်ဝန်းကျင်ကို လင်းထက်သတိထားမိလိုက်သည်။ သူတို့နှစ်ယောက် ရောက်နေရာက အဝတ်လျှော်ရုံ၏ဘေးလျှောက်လမ်းတွင်ဖြစ်သည်။ တစ်ဖက်တွင်မူ ရေခဲတိုက်။ လင်းထက်ကျောထဲ စိမ့်ခနဲ ဖြစ်သွားမိသည်။ ဒါကို ထိုလူကြီးက သတိထားမိဟန်ဖြင့် လင်းထက်ပခုံကို ပို၍တင်းကြပ်စွာပွေ့ဖက်ထားပေးသည်။

“ဟင်လို့ ဘယ်မှာပစ်ခဲ့လဲ ဖုန်းကို”

“ညောင်...ညောင်ပင်အောက်မှာ”

“ဟူး...လာ သွားကောက်ရအောင်”

“ဟင့်အင်း...မသွားရဲဘူး”

“ငါရှိတယ်လေ”

“ဟင့်အင်း ကျွန်တော်ကြောက်တယ်”

“မဟုတ်ဘူးလေ၊ ငါရှိနေတာပဲ၊ ဘာမှကြောက်စရာမရှိတော့ဘူး”

“ဟင့်အင်း...အဲ့သစ်ပင်အောက် ကျွန်တော် ပြန်မသွားရဲဘူး”

ထိုလူကြီး၏အင်္ကျီကိုဆုပ်ချေရင်း လင်းထက် အကြောက်အကန်ငြင်းဆိုတော့ ထိုလူကြီးက ပခုံးကို ဆုပ်ကိုင်ကာ လူချင်းခွာစေပြီး ငုံ့မိုးကြည့်လာသည်။

လင်းထက် ရင်ထဲသိမ့်ခနဲ ဖြစ်သွားရသည်။ အဝတ်လျှော်ဆောင်မှ မီးရောင်ဖျော့ဖျော့အောက် ထိုလူကြီး၏ မျက်ဝန်းမှတဆင့် လင်းထက်အတွက် လုံခြုံမှုတွေကို ခံစားလိုက်ရသည်။ တစ်ခါမှမမြင်ဖူးသေးသည့် နူးညံ့မှုတို့ကိုပါ ခံစားရသည်။

သို့ပေမဲ့ ကြောက်ရွံ့မှုကတော့ လုံးလုံးမပြယ်သေး။ မျက်ရည်စများစိုစွတ်နေသော မျက်တောက်များကို တဖျတ်ဖျတ်ခတ်ရင်း အောက်ဆီဂျင်ကို နှုတ်ခမ်းနှစ်လွှာဖွင့်၍ လုယူနေရတုန်း။

ထိုစဥ် ရုတ်တရတ် ငုံ့ကျလာသောထိုလူကြီး၏မျက်နှာနှင့်အတူ လင်းထက်၏နှုတ်ခမ်းပါးထက် ဖြတ်တိုက်သွားသော နူးညံ့ပူနွေးမှုတစ်ခု။

ထိုခဏသောနူးညံ့မှုမှတဆင့် လင်းထက်တစ်ကိုယ်လုံးရှိသွေးကြောများသို့ ပူနွေးရှိုန်းမြသော ခံစားချက်တစ်ခု ရုတ်ချည်း လှပ်၍စီးဆင်းသွားသည်။ လင်းထက်တစ်ယောက် ထပ်မံ၍ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရပြန်လေသည်။

“ကိုယ်ရှိတယ်လေ လင်းထက်နောင်၊ ကိုယ်နဲ့အတူရှိရင် မင်းဘာကိုမှကြောက်စရာမလိုဘူးလေ”

နူးညံ့နွေးထွေးသော နာမ်စားပြုမှုအောက် လင်းထက်ခေါင်းတွေ အလိုလိုညိတ်လိုက်မိသည်ထင်၏။ အမြဲငါဟု ကြမ်းကြမ်းတမ်းတမ်းဆိုတတ်သောထိုလူကြီးက ကိုယ်ဟု သုံးနှုန်းလိုက်သည်လေ။

နောက်...နောက်ပြီး ဒါ ဒါ သူတို့ရဲ့ ပထမဆုံးအနမ်း။

“လာ...ဖုန်းသွားကောက်ရအောင်၊ ကိုယ့်လက်ကို ကိုင်ထား”

ကျစ်ကျစ်ပါသောဆုပ်ကိုင်မှုနောက် ချစ်ရသူနှင့်ဆို ဘယ်ကိုမဆိုသွားရဲသည့် သတ္တိတွေရှိတတ်ကြသည်ဆိုသည်ကို လင်းထက်ကောင်းကောင်း နားလည်လိုက်တော့သည်။
ညောင်ပင်ဆီရောက်တော့ မီးဖွင့်ထားဆဲဖုန်းလေးဟာ မြေတွင်လဲလျောင်းလျက်။ အနားတွင်မူ အနက်ရောင်ခွေးတစ်ကောင်ဟာ လင်းထက်တို့ကို ပြူးပြဲ၍ ကြည့်နေသည်။ ထိုခွေးကိုမြင်တော့ လင်းထက် ဟာခနဲတမိသည်။

“မဟုတ်မလွဲရော ခုနတွေ့တာ သည်ခွေးများလား”

လူကြီး၏ ယောင်ဝါးဝါးရေရွတ်သံကို လင်းထက် သွားဖြီးပြလိုက်မိသည်။ ဖြစ်နိုင်ချေများ၏။ ဘာမှန်းညာမှန်း တစ်ချက်ပင်မကြည့်ဘဲ လင်းထက် အားကုန်ပြေးခဲ့မိတာလေ။

“ဟူး...”

ထိုလူကြီးဆီမှ လေပူမှုတ်ထုတ်သံနှင့်အတူ ဝေ့ခနဲရောက်လာသော အကြည့်တစ်ချက်ကို လင်းထက် မသိချင်ယောင်ဆောင် ခေါင်းငုံ့ကာ ဆုပ်ကိုင်ထားသည့် လက်တစ်ဖက်ကိုပဲ ကြည့်နေလိုက်တော့သည်။

ထို့နောက် ဆူလိမ့်မည်ဟုထင်ထားသောလည်း ထိုလူကြီးက ဘာမှမပြောဘဲ လင်းထက်၏လက်ကိုဆွဲကာ ထိုသစ်ပင်အောက်မှသာ လှမ်းထွက်ခဲ့လေသည်။ ယှက်သွယ်ထားသော  လက်ချောင်းများဆီမှတဆင့် နွေးထွေးမှုတစ်ခုက လင်းထက်ရင်ထဲ ရှိုန်းမြမြစီးဝင်နေဆဲ။

ထို့ပြင် လှပ်လွင့်သော နလုံးခုန်သံတိုးဖျဖျကလည်း ဘယ်ဘက်ရင်ခွင်ထဲ လှုပ်ရှားခုန်ပေါက်မြစ်ဖျားပြုလျက်။

*****************

အားလုံးကိုကျေးဇူတင်လျက်
ဆာကူရာရိန်း🌸

Continue Reading

You'll Also Like

3.9M 280K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
1M 68.6K 49
စဝ်နောင့်ခွန်း :: ကောင်လေး~~~ ဒီချယ်ရီပန်းခက်လေးနဲ့အတူ ကိုယ့်အချစ်တွေပါ မင်းအတွက်ထည့်ပေးလိုက်တယ် ခွန်းစေကိုး :: ဘဲကြီး ~~~ ခင်ဗျားက ချယ်ရီပန်းခက်နဲ...
81.1K 11.9K 100
ဘာသာပြန်သူ - စွဲညို့အသင်း