Chapter - 26

11.7K 2.2K 100
                                    

Unicode

ထန်လီရဲ့အိမ်ပြန်ခရီးကအရမ်းကိုစိတ်လှုပ်ရှားစရာကောင်းနေခဲ့သည်။သူရှန်မိသားစုအိမ်ကိုပြန်ရောက်လို့ဧည့်ခန်းထဲဝင်လိုက်တာနဲ့အရင်ဆုံးမြင်လိုက်ရတာကတော့ပြတင်းပေါက်နားကအရောင်တောက်တောက်ပူဖောင်းတွေပဲဖြစ်သည်။ပူဖောင်းတွေပေါ်မှာတော့ Happy birthday ဆိုတဲ့စာလုံးလေးတွေရှိနေသည်။

ဧည့်ခန်းကိုတကယ်ကလေးဆန်စွာပြင်ဆင်ထားပြီးဆိုဖာပေါ်မှာလည်းထန်လီအရပ်လောက်ရှိတဲ့ဝက်ဝံရုပ်ကြီးတွေတင်ထားသေးသည်။အပြာရောင်သုံးလွှာကိတ်ကိုလည်းစားပွဲပေါ်မှာသေချာတင်ထားသည်။ကိတ်မုန့်အပေါ်ဆုံးမှာတော့အပြာရောင်ပင်လယ်ထဲကခုန်ထွက်လာတဲ့ချစ်စရာဝေလငါးရုပ်လေးရှိနေသည်။

ထန်လီတဖြည်းဖြည်းနဲ့အနားကပ်သွားတော့ကိတ်မုန့်အောက်နားမှာရေးထားတဲ့စာတန်းလေးကိုသူတွေ့လိုက်ရသည်။

[---ကိုယ့်ရဲ့သစ်အယ်သီးလေး ကိုကိုကမင်းကိုအမြဲတမ်းချစ်နေမှာပါ။]

ထန်လီကခဏလောက်အံ့ဩသွားခဲ့ပြီးသူ့မျက်လုံးတွေကအပျော်တွေနဲ့ပြည့်နေခဲ့သည်။သူ့နှာခေါင်းထဲမှာနည်းနည်းစူးရှရှခံစားချက်လေးခံစားလိုက်ရပြီးသူ့မျက်လုံးထဲမှာလည်းအရည်ပူပူလေးတွေဝေ့သီလာသည်။

ဒါကသူရခဲ့ဖူးတဲ့မွေးနေ့လက်ဆောင်တွေထဲကအကောင်းဆုံးမွေးနေ့လက်ဆောင်ဆိုတာသံသယဖြစ်စရာမလိုဘူး။ထန်လီကသူ့ရှေ့နားမှာသူ့ကိုကျောခိုင်းထားရင်းဝှီးချဲပေါ်မှာထိုင်နေတဲ့ရှန်ယွီကိုမော့ကြည့်လိုက်ပြီးနူးညံ့စွာခေါ်လိုက်သည်။

"ကိုကိုရှန်ယွီ"

သူကပဲစိတ်ထင်နေတာလားတော့မသိဘူး။ဒါပေမဲ့ဧည့်ခန်းရဲ့ပတ်ဝန်းကျင်လေထုကအရမ်းကိုတိတ်ဆိတ်အေးစက်နေတယ်လို့ထင်နေမိသည်။အစေခံတွေရော၊ဦးလေးကျန်းနဲ့အန်တီချန်းရောအကုန်လုံးကဧည့်ခန်းထောင့်မှာရပ်နေကြပြီးသူတို့နှစ်ယောက်ကိုမကြည့်ရဲကြဘူး။

ရှန်ယွီကလည်းသူခေါ်တာကြားလိုက်ပေမဲ့နောက်
လှည့်ပြီးသူ့ကိုမကြည့်ခဲ့ဘူး။

"ကိုကိုရှန်ယွီ ဘာဖြစ်နေတာလဲ။"

ထန်လီကကလေးဆန်ဆန်အသံလေးနဲ့မေးလိုက်ရင်းအရှေ့ကိုနှစ်လှမ်းလောက်တိုးသွားလိုက်သည်။သူပြောပြီးပြီးချင်းပဲရှန်ယွီကပြန်ပြောလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now