တစ်နေ့ကုန် ဖုန်းတစ်လုံးဖြင့်သာ ဈေးရောင်းရင်း အချိန်ကုန်အောင် ကြိုးစားရတော့သည်။
ညနေ သား ပြန်လာတော့ သား အသံကြားတော့မှ စိတ်ထဲ ပျော်သွားသည်။
"ပြန်လာပြီလား..သား.."
"ခြေနေ ဘယ်လိုလဲ...အိုကေသွားပြီလား.."
"အောက်မှာ ကိုချမ်းရှိလား..."
"အင်း..စာဖတ်နေတယ်..."
"သြော်...ဒါဆို...အောက်သွားဦးမယ်"
"နေပါဦး...မောင်က ခုမှ ပြန်လာတာ...ပြောပြဦးလေ..."
"ဖယ်ပါ...ထွက်ကျကုန်တော့မယ်...သားရဲ့..."
"ဘာတွေတုန်း.."
"ရှူးပေါက်ချင်လို့...ဖယ်..."
"ဟမ်...မဟုတ်မှ မေ့ တစ်နေ့ကုန် အောက်မသွားဘူးလား."
"အင်း...သားပဲ မဆင်းရဘူးဆို..."
"ဟာ....များသွားပြီ...."
သားက သူ့ကို အကြောင်းပြလိုက်တာကို မကျေမနပ်ဖြင့် ငြင်းနေချိန် အလုံးလှေကားတွေကို ခပ်သွက်သွက်ဆင်းရင်း ပြုံးလိုက်မိသည်။
တကယ်တော့ ကိုယ့်ဟာကို ကြောက်လို့ အပေါ်က အခန်းထဲမှာပဲ ပုန်းနေမိတာပါ.။
"အင်..."
အလုံး ထွက်လာတော့မှ တိုက်ဆိုင်စွာဖြင့် ကိုချမ်းက ရေခွက် ယူနေသည်။
"ကျစ်.."
အလုံးကိုတွေ့တာနဲ့ ရေခွက်ကို ဆောင့်ချပြီး ထွက်သွားတော့ စိတ်မကောင်းဖြစ်ရပါသည်။
အို...ဘာမှ မဖြစ်ပါဘူး...မျက်နှာလေးကို မြင်ချင်လို့ ဘယ်လောက်တောင် တောင့်တခဲ့ရလဲ..။
ခုလည်း အထင်လွဲပြီး စိတ်ဆိုးနေလို့ပါ..။
ကိုချမ်းက အလုံး ကို မမုန်းပါဘူး.။
"သူက နင့်ကို အမြဲတမ်း လိုက်ရှာခဲ့တာဟ....နင်ယောက်ျား ယူသွားကတည်းက သူ နင့်ကို စိတ်နာသွားတာ...သူလည်း နင့်ကို ချစ်ရှာပါတယ်...ဟင်း..သူဘက်က ကြည့်တော့လည်း နင် သစ္စာမရှိဘူးပေါ့ဟာ...ကလေး အဖေ နဲ့ကော ဘာလို့ ကွဲသွားတာလဲ..."
"သူ...သူ....သူထွက်သွားလို့..."
"သြော်...အေးပေါ့...ကလေး ငယ်ငယ်နဲ့ ကျန်ခဲ့တော့ ဒုက္ခလည်း ရောက်မှာပဲနော်...အဲလူကိုလည်း နင်မချစ်ဘူးမလား..နင်...နင်...စော်ကား ခံလိုက်ရတာမလားဟင်..."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...
Part 30
Start from the beginning