"ရှန်မိသားစုကအစေခံတွေဆီဖုန်းဆက်ပြီးကျွန်တော့်ဆီကိုဖုန်းပြန်ဆက်ခိုင်းလိုက်ပါ။အဲဒါမှကျွန်တော်ခင်ဗျားကိုပေးဝင်နိုင်မယ်။"
အဲ့ဒါကိုကြားလိုက်တော့ဂျင်းနီယန်ကတော်တော်လေးရှက်သွားသည်။တကယ်လို့သူမ ရှန်ယွီကိုဖုန်းဆက်လိုက်ရင်သူမကိုဝင်ခွင့်မပေးလိုက်ဖို့လုံခြုံရေးတွေကိုပြတ်ပြတ်သားသားပြောလိုက်နိုင်သည်။ပြီးတော့ပိုပြီးအရေးကြီးတာကရှန်ယွီကသူမရဲ့ဖုန်းနံပါတ်ကိုဘလော့ထားတယ်လေ။ဘယ်လိုနည်းနဲ့ဖုန်းခေါ်ရမှာလဲ။
လုံခြုံရေးအစောင့်ကအကြာကြီးစောင့်နေပြီးဂျင်းနီယန်ပြန်ပြောတာကိုသူကစောင့်မနေတော့ဘူး။သူကလှောင်ပြုံးပြုံးလိုက်ကာလက်ကိုခါပြီးပြောလိုက်သည်။
"ကောင်းပြီ။ခင်ဗျားထွက်သွားလိုက်တော့။လမ်းလယ်မှာပိတ်ရပ်မနေနဲ့။"
"ခဏနေပါဦး။"
ဂျင်းနီယန်ကအံကြိတ်ပြီးပြောလိုက်သည်။
"ဒီမှာဗီဒီယိုနဲ့ဖုန်းခေါ်လို့ရတဲ့ဟာရှိလား။"
တစ်မိနစ်အကြာမှာတော့ဂျင်းနီယန်ကဒရိုင်ဘာကိုကားဖယ်ခိုင်းလိုက်ပြီးကားပေါ်ကဆင်းကာလုံခြုံရေး
အစောင့်နောက်ကလိုက်ပြီးလုံခြုံရေးရုံးခန်းထဲကိုဝင်သွားတော့သည်။ဂျင်းနီယန်ကရှန်အိမ်တော်ရဲ့ဗီဒီယိုဖုန်းကိုခေါ်နေရင်းအရမ်းစိတ်လှုပ်ရှားကာသူမရဲ့လက်ဖဝါးမှာချွေးတွေတောင်ထွက်နေသည်။သူမကအသက်ကိုပြင်းပြင်းရှူလိုက်ပြီးအခုထိဖုန်းမကိုင်သေးတာကြောင့်ဘာမှပေါ်မလာသေးတဲ့မည်းနက်နေတဲ့ဖုန်းမျက်နှာပြင်ကိုပဲငေးကြည့်နေသည်။ခဏနေရင်ရှန်ယွီကိုဘာပြောရမလဲ။အကြီးအကဲရှန်နဲ့စကားပြောပြီးသွားပြီဆိုတော့အကြီးအကဲရှန်ရဲ့မျက်နှာကိုထောက်ပြီးသူမကိုနည်းနည်းပါးပါးသက်ညှာပေးမယ်လို့တော့မျှော်လင့်ရတာပဲ။
ဂျင်းနီယန်အတွေးတွေရှုပ်ထွေးနေတုန်းမှာပဲခုနကမည်းနက်နေခဲ့တဲ့ဖုန်းမျက်နှာပြင်ပေါ်မှာနူးညံ့ချောမောတဲ့မျက်နှာလေးပေါ်လာတာကိုသူမ သတိထားမိလိုက်သည်။အဲ့ဒါကထန်မိသားစုကကလေးလေးပဲ။သူ့နာမည်ကထန်လီထင်တယ်။
YOU ARE READING
ဗီလိန်လေးအားမွေးစားခြင်း
RomanceOriginal author - Sweet And Greasy Millet Porridge English title - After Being Transported into a Book,I Adopted the Villain Original publisher - jjwxc Type - Web Novel This story is not mine...
Chapter - 25(part - 2)
Start from the beginning