Chapter - 25(part - 2)

12.1K 2.1K 79
                                    

Unicode

နှစ်ရက်အကြာမှာတော့ဂျင်းနီယန်ကရှန်ယွီရဲ့တစ်နေ့တာအချိန်စာရင်းကိုအကြီးအကဲရှန်ကနေတစ်ဆင့်သိလာခဲ့ရသည်။နူးညံ့သိမ်မွေ့ပုံပေါ်တဲ့မိတ်ကပ်ပြင်ဆင်ပြီးဈေးကြီးပေးဝယ်ထားတဲ့အသစ်စက်စက်ကုတ်အင်္ကျီကိုထုတ်ဝတ်ကာရှစ်စင်တီမီတာမြင့်တဲ့ဒေါက်မြင့်ဖိနပ်ကိုထုတ်စီးတာတွေလုပ်နေတာကပဲအချိန်နှစ်နာရီလောက်ကြာသွားသည်။အကုန်လုံးပြင်ဆင်ပြီးနောက်မှာတော့သူမကသူမရဲ့ဒရိုင်ဘာကိုရှန်ယွီရဲ့အိမ်ကိုမောင်းပို့ပေးဖို့ပြောလိုက်သည်။

ဂျင်းနီယန်ကရှန်ယွီပြန်ပို့ပေးလိုက်တဲ့ပန်းချီကားကိုယူလာခဲ့ဖို့ကိုလည်းမမေ့ခဲ့ဘူး။ပန်းချီကားကိုသူမကိုယ်တိုင်သွားပြီးလက်ဆောင်ပေးဖို့ရည်ရွယ်ထားတာလေ။တစ်နာရီကြာပြီးနောက်မှာတော့ဂျင်းနီယန်က
ရှန်ယွီရဲ့ဗီလာကိုရောက်သွားသည်။

သူမကဒီကိုပထမဆုံးအကြိမ်ရောက်လာတာဖြစ်လို့တိုက်ရိုက်ပဲဝင်သွားလို့ရမယ်လို့ထင်ထားခဲ့သည်။ဒါပေမဲ့သူမရဲ့ကားကကားပါကင်ထဲကိုမဝင်ရသေးခင်မှာပဲဂိတ်ကလုံခြုံရေးတွေကလာတားတော့သည်။
ဂျင်းနီယန်ကကားမှန်ကိုဖြည်းဖြည်းချင်းချလိုက်ကာသူမရဲ့လှပတဲ့မျက်နှာလေးပေါ်မှာနူးညံ့သိမ်မွေ့တဲ့အပြုံးလေးတစ်ခုကိုချိတ်ဆွဲပြီးပြောလိုက်သည်။

"ဟယ်လို ကျွန်မကရှန်မိသားစုကမစ္စတာရှန်ယွီဆီလာတာပါ။"

လုံခြုံ‌ရေးအစောင့်ကဂျင်းနီယန်လိုမျိုးမဖိတ်ခေါ်ပဲလာတတ်တဲ့လူတွေကိုတွေ့ရတာကျင့်သားရနေပြီဖြစ်သည်။သူကကားပြတင်းပေါက်နားအထိအမူအရာမဲ့စွာလျှောက်လာပြီးမေးလိုက်သည်။

"ခင်ဗျားလာမယ်ဆိုတာသူ့ကိုကြိုပြောထားလား။"

ဂျင်းနီယန်ကနည်းနည်းစိတ်ရှုပ်သွားသည်။

"ရှင်ဘာပြောလိုက်တာလဲ။"

"သူကခင်ဗျားလာမယ်ဆိုတာကြိုသိထားလားလို့။"

လုံခြုံရေးအစောင့်ကဂျင်းနီယန်ရဲ့အမူအရာကိုကြည့်ပြီးသူ့ခန့်မှန်းချက်ကမှန်နေပြီဆိုတာသိလိုက်သည်။သူကဒီအမျိုးသမီးအတွက်ကြောင့်နဲ့အချိန်ဖြုန်းမနေချင်တော့တာကြောင့်ခပ်မြန်မြန်ပဲပြောလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now