Chapter - 25(part-1)

12.9K 2.2K 81
                                    

Unicode

အဲ့ဒီလိုတွေးလိုက်ပြီးတဲ့နောက်မှာရှန်ယွီရဲ့သံသယတွေလည်းလုံးဝပျောက်ကွယ်သွားခဲ့သည်။သေချာစဥ်းစားလိုက်ပြီးနောက်ဆုံးမှာတော့သူကလိန်ယွီမန်အကြောင်းကိုထန်လီကိုမပြောပြလိုက်တော့ဘူး။

အခုတစ်လောမှာမုန့်ဆိုင်နှစ်ဆိုင်ဖွင့်ဖို့ပြင်ဆင်နေရပြီးကုမ္ပဏီကိုလည်းသွားနေရတာကြောင့်ရှန်ယွီကအရမ်းကိုအလုပ်တွေရှုပ်နေခဲ့သည်။အဲ့ဒါကြောင့်ပဲလိန်ယွီမန်အကြောင်းကိုချက်ချင်းပဲမေ့သွားခဲ့သည်။

အဲ့ဒီအချိန်အတောအတွင်းမှာပဲအကြီးအကဲရှန်ကသူနဲ့ဂျင်းနီယန်တို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးသူ့ကိုမေးလာခဲ့သည်။ရှန်ယွီကအကြီးအကဲရှန်ကိုမလိမ်ညာချင်တာကြောင့်သူနဲ့ဂျင်းနီယန်တို့ကမလိုက်ဖက်ဘူးလို့အမှန်အတိုင်းပဲပြန်ဖြေလိုက်သည်။

ထန်လီကိုသူကတိပေးထားတာကြောင့်တင်မဟုတ်ပဲအခုလိုအခြေအနေမျိုးမှာသူတစ်ယောက်ယောက်နဲ့ချစ်ကြိုက်တာကသူ့ကလေးရဲ့ပညာရေးအတွက်အနှောင့်အယှက်ဖြစ်သွားစေနိုင်တယ်လေ။ထန်လီအတွက်စိတ်မလုံမခြုံဖြစ်စေမယ့်အကြောင်းပြချက်လေးတစ်ခုတောင်မှရှိမနေစေချင်ဘူး။

အဲဒါကိုကြားလိုက်တော့မမျှော်လင့်စွာပဲအကြီးအကဲရှန်ကအချိန်အကြာကြီးတိတ်ဆိတ်သွားပြီးလက်လျှော့လိုက်တဲ့ပုံစံနဲ့သက်ပြင်းချလိုက်သည်။

"မင်းမှာငြင်းဖို့သေချာတဲ့အကြောင်းပြချက်တစ်ခုရှိနေတာပဲ။"

အကြီးအကဲရှန်ကပြောလိုက်သည်။

"ဒါပေမဲ့မင်းရဲ့ဘဝကိုတော့ကလေးတစ်ယောက်အတွက်နဲ့နှောင့်နှေးစေလို့မဖြစ်ဘူးလေ။ဟုတ်တယ်မလား။"

ရှန်ယွီကပြုံးရင်းပြန်ပြောလိုက်သည်။

"ကျွန်တော်ဂရုမစိုက်ဘူး။မစ္စယန်ကလည်းကျွန်တော်နဲ့ဖူးစာမပါတာဖြစ်မှာပါ။ပြီးတော့ကျွန်တော်ကငယ်သေးတယ်လေ။ကျွန်တော်နဲ့လိုက်ဖက်တဲ့တစ်ယောက်ယောက်ကိုရှာဖို့စိတ်ပူနေစရာမလိုသေးပါဘူး။"

"ကောင်းပြီလေ။"

အကြီးအကဲရှန်ကခဏလောက်ရပ်သွားပြီးမှဆက်ပြောလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now