Part 6

334 33 0
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၆)

#တွယ်နှောင်ရစ်ငင်

10291201

"တကယ် အရူးလိုပဲ...သား တောင် ကြောက်တယ်..."

"အမလေး....ချမ်းချမ်း တို့ ကျောင်းက အကြောင်း မမေးလိုက်နဲ့ အဲ့ကောင်မလေး အကြောင်းချည်းပဲ..ဘာတဲ့ ငါတောင် နာမည် အလွတ်ရနေပြီ......နှင်းဘာဆိုလား..."

"မလေး ပဲ မေးပြီး..."

"ကျောင်းမှာ သူငယ်ချင်းတွေနဲ့ အဆင်ပြေလား မေးတာပါဟယ်....မဟုတ်မှ..."

"မလေး နော်...မစ နဲ့..."

"အာ့ဆို ဘာလို့ သူ့အကြောင်းချည်းပဲ ပြောနေတာလဲ....နင့်ဘေးက သူငယ်ချင်းတွေ အကြောင်းကျ တစ်ခါမှ မပြောဘူး...ရှေ့ဆုံးမှာ နေပြီး နောက်ဆုံးက လူအကြောင်း သိနေတယ် ဆိုတော့ မရိုးသားဘူး.."

"သူက သနားဖို့ ကောင်းလို့ပါ...သား ကျောင်းမှာ မိန်းကလေး တွေ အကုန်လုံးက စာကြိုးစားနေကြတာပဲ....သူကျတော့ စာလည်း မကြိုးစားဘူး....ဆင်းလည်း ဆင်းရဲတယ်...နေ့တိုင်း အရိုက်ခံရတာပဲ....ဟိုနေ့က ခြေသလုံးမှာ အညိုရောင်ကြီး ဖြစ်နေတာ ဆရာမ က တွေ့တယ်....ဒါပေမဲ့ ထပ်ရိုက်တာပဲ"

"အိုး..တော်တော် ဆိုးတဲ့ ကောင်မလေးပဲ..."

"ဟုတ်တယ်....အရိုက်ခံရလည်း မငိုဘူး..သားတောင် သူ့ကို ရိုက်ရင် ကြောက်နေပြီ..."

"သူ အရိုက်ခံနေရတာ သူ့အိမ်က မသိဘူးလား.."

"တစ်ခါမှလည်း မတွေ့ဘူး."

"အိုး...ချမ်းချမ်း နင်တော့ အဲလို မနေနဲ့နော်....ဆရာမ ရိုက်ရင် အိမ်မှာ ပြန်ပြော ကြားလား.."

"သားက ဘယ်လို အရိုက်ခံရမှာလဲ...ဆရာမတွေ အကုန်လုံးက စာတော်လို့ ငြိမ်းချမ်းသူလေး လို့တောင် ခေါ်နေတာ..."

"နင် ပြောသလိုဆို အဲ့ကောင်မလေးက သနားစရာလေးပဲနော်.."

"အင်း..အဲဒါကြောင့် သားက စာအတူတူကျက်ပေးချင်တယ်...ဒါပေမဲ့ သူက သူငယ်ချင်း မလုပ်ဘူးလေ....နေပေါ့...နောက်တစ်ခါ အရိုက်ခံရရင် မျက်လုံးမှိတ်ထားမယ်..."

"အယ်...ဘာလို့..."

"သူ အရိုက်ခံရရင် သား ကြက်သီးထ လို့..."

တွယ်နှောင်ရစ်ငင် Where stories live. Discover now