ep ... (5)

3.3K 406 47
                                    

            [  အရသာရှိတယ် ဆွန်းဒယ် ]

               …  Crazy in luv  …

  " ဒေါ်လေးနေစေချင်တဲ့ အဲ့ဒီအမြင့်ကြီးမှာ စကားလုံးအရိုင်းအစိုင်းတွေကိုလည်း ဖောဖောသီသီသုံးပြီး . . မာနကြီးကြီးနဲ့ ကောင်းကောင်းမွန်မွန်ရှင်သန်နေပါတယ် "

  ဆေးရုံးကုတင်ပေါ်က ဆေးပိုက်တွေအပြည့်နဲ့ ပိန်လှီနေပြီဖြစ်တဲ့ဒေါ်လေးဟာ ကိုယ့်စကားတွေအဆုံးမှာတော့ တောက်တောက်ပပကိုပြုံးလာတယ် ။

  ကိုယ် တစ်ခုတွေးမိတယ် ။ 

  Lalisaဆိုတဲ့ ကိုယ် မရရှိခဲ့ဖူးတဲ့ မိဘမေတ္တာဟာ သိပ်ကို ချိုမြတာပဲလို့ ။ ကောင်းကောင်းမွန်မွန်ရှင်သန်နေပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းမှာ အသက်အာမခံချက်တောင်မရှိတော့တဲ့သူဟာ အဲ့လောက်ထိ လင်းလက်လာရလား ။

   " တစ်ခါလောက်တွေ့ချင်တယ်မလား ?  ခေါ်လာခဲ့မယ်လေ "

   " Young လေးက တွေ့ချင်မှာ မဟုတ်ဘူးလေ "

  လေသံခပ်ဖွဖွလေးနဲ့ ကိုယ့်ကိုကိုယ်နှစ်သိမ့်သယောင် စကားလုံးတွေ ။ မဟုတ်ဘူး ။ ကိုယ် သိနေတယ် ။ သူမလည်း သူမမေမေကို တွေ့ချင်တယ်ဆိုတာ . . ။


   " တွေ့ချင်နေမှာပါ  ဒေါ်လေးနဲ့အတူနေချင်လို့ အိမ်အထိတောင်လာရှာခဲ့တဲ့ ကလေးမဟုတ်လား "


  " ဟုတ်ပါရဲ့  အဲ့ဒီလိုကလေး လေးက  အရိုင်းအစိုင်းစကားလုံးတွေကို ဖောဖောသီသီသုံးပြီး ရှင်သန်နေတယ်ဆိုတော့ ဝမ်းနည်းစရာပဲ . . . လိမ္မာတဲ့ Young လေးအဖြစ်ပဲ ကြီးပြင်းလာစေချင်တာကို "

   " .  .  .  .  . "


   " ဒါပေမယ့်လည်း သူ့ကို သူ့ဖေဖေလက်ထဲ ထည့်လိုက်ကတည်းက တွေးမိပါတယ်  အတ္တတွေ ၊ မာနတွေ ၊ လောဘတွေနဲ့ ကြီးပြင်းလာပြီး အေးစက်စက်နဲ့ အရိုင်းအစိုင်းဆန်မယ်ဆိုတာ "

  ဒေါ်လေးစကားကိုကြားမှပဲ ကိုယ့်ကိုကိုယ်ပြန်လှောင်သလို ရယ်မိတယ် ။ ကိုယ်ကတော့ အဲ့တာကိုပဲ အဘယ်ကြောင့်များ သဘောကျနေမိပါလိမ့် ။

Crazy In Luv Where stories live. Discover now